အခန်း (၂၁)
Vol. 2 Ch. 21
[ သူမ ဒီဆုကို မရနိုင်တော့တာ တကယ်ပဲထင်တယ်။ သူမကြည့်ရတာ တော်တော် မပျော်ပုံပဲ။]
[သု့ရဲ့ စွမ်းဆောင်ရည်က ပိုပြီးမသာနိုင်ပါဘူး။ အဲ့တော့ လူတိုင်းကို အရမ်းမမျှော်လင့်ဖို့ ပြောတာပေါ့။]
[ကဲ၊ ရွှီယန်ယုက ပွင့်လင်းတဲ့သူလို့ လူတိုင်း ပြောကြတယ်မလား။ အခု သူ့ကို အဲ့အကြောင်းပြောလိုက်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ချလိုက်ရော။]
[ ဒါက ပုံမှန်ပဲမဟုတ်ဘူးလား။ မင်းအောင်မြင်နေတဲ့အချိန်မှာပဲ မင်းကို လူတွေက ပြုံးပြကြမှာ။]
ကျန်းချင်ယွင်သည် ထိုပွဲသို့လာရောက်ကြသော ဧည့်သည်များ၏ မှတ်တမ်းများကို ကြည့်ရှုနေခဲ့သည်။ ကျန်ရှိနေတဲ့ ဧည့်သည်သုံးဖွဲ့ကလည်း အတွဲကိုယ်စီနှင့် ပါဝင်ကြမည်ကို သူမ တွေးနေတော့သည်။ ထို့ပြင် ရွှီယန်ယုတစ်ယောက်ထဲ ကျန်ခဲ့သည်မှာ ရယ်စရာအတိဖြစ်နေသည်။
ပြောရရင် ဧည့်သည်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သပ်သပ်စီခွဲကြည့်မယ်ဆိုရင် သိပ်ပြီးမသိသာလှပေ။ သို့သော် “လက်ထပ်တာအရင် အချစ်ကနောက်မှ” ရသစုံစီးရီးသည် အဖွဲ့လိုက်ဆောင်ရွက်မှုရှိပေသည်။ ထို့ပြင် မှတ်တမ်းအဆုံးထိပင် ပါဝင်သူများသည် တစ်ပိုင်းစီတွင် ခင်ပွန်းနှင့်ဇနီးကြားမှာရှိတဲ့ ဆက်ဆံရေးကို မီးမောင်းထိုးပြနိုင်ပါ့မလား။ သူတို့ကြားမှာ တစ်ဦးနှင့်တစ်ဦး ထုတ်မပြောပေမယ့် နားလည်မှုတွေရှိနိုင်မလား နှင့် ရသစုံရှိုးပွဲကိုကြည့်ခြင်းဖြင့် တစ်ခြားသော အကြောင်းအရာများကို လေ့လာနိုင်မှာဖြစ်နိုင်လား။
သို့သော်လည်း ရွှီယန်ယုသည် အခုထိပင် တစ်ယောက်ထဲဖြစ်နေပေးသည်။ ဒီလိုပွဲမျိုး သူမ ပါဝင်ရန်မှာ တစ်ယောက်ထဲဖြစ်နေသည်မှာ ရယ်စရာမဟုတ်ပေလော။
ကျင်းချင်ယွင်သည် ထိုအရာကို တွေးမိလိုက်သောအခါ အရမ်းကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမ၏ ဘေးပတ်ဝန်းကျင်သည် အလွန်ပင် အေးချမ်းလှပေသည်။ FDA သတင်းအကြောင်းအား သူမ၏ ဖုန်းထဲတွင်တွေ့လိုက်ရသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရွှီယန်ယုဒေါသထွက်နေသည့်အရာမှာ Weibo တွင် ရေပန်းစားနေခဲ့သည်။
ထိုအရာမှာ သူမကို ချိန်အတန်ကြာ ရယ်မော၍ မထိန်းနိုင်ခဲ့ပေ။ တစ်ဖက်လူ၏ တကယ့်ရှက်စရာအခြေနေကို ယခုရောက်နေပြီဟု သူမထင်သည်မှာ အမှန်ပင်ဖြစ်သည်။
ရှန်ဖန့်ပြန်လာသည့်အခါတွင် ကျန်းချင်ယွင်က ဖုန်းကိုကြည့်ကာ အလွန် ရယ်နေသည်ကို တွေ့သဖြင့် ညှင်သာစွာ မေးလိုက်သည်။“မင်းဘာတွေကြည့်ပြီး အဲ့လောက်ပျော်ပြီး ပြုံးနေတာလဲ။”
“ရွှီယန်ယုကို ကြည့်နေတာ။ သူအဲ့ဒီ FDA ဆုကိုရမယ်ထင်လား။ မုချင်းယွင်နဲ့ ဆက်ဆံရေးကောင်းမယ်ဆိုရင်တော့ အခွင့်အရေး ရနိုင်တယ်။”
ကျန်းချင်ယွင်ရဲ့သွယ်ဝိုက်ပြောတာက မုချောင်ယွင်တို့၏ အတွင်းရေး ကိစ္စများကို ထုတ်ဖော်မည်ဟု ဆိုလိုခြင်းဖြစ်သည်။
ရှန်ဖန့်က ခေါင်းခါပြကာ “ဒီဇိုင်းနာနယ်ပယ်မှာ ဒီခိုင်မာတဲ့ဆုတစ်ခုက တစ်ခြား အော်စကာဆုတစ်ခုကို ယှဥ်ပြောနိုင်တယ်လေ။ ဒီတိုင်းဆုံးဖြတ်လိုက်ရင် ရွှီယန်ယုအလှည့်ရောက်မှာ မဟုတ်တော့ဘူး။ အခြား ဆန်ကာတင် စာရင်းပါတဲ့ သူတွေရဲ့လက်ရာတွေကလည်း အရမ်းမိုက်တယ်။ သူမမှာ နိုင်ဖို့မျှော်လင့်ချက်က သိပ်မရှိတော့ဘူး။”
ကျန်းချင်ယွင် ထိုစကားကိုကြားလိုက်ရချိန် စိတ်သက်သာရာ ရသွားသည်။ ပြီးနောက် ရွှီယန်ယုကငယ်သေးပြီး ဆုအတုကို ရဖို့က ဖြစ်နိုင်သေးသည်။ ထို့အပြင် သူမသည် ထိုကဲ့သို့ကြီးမားသောဆုမျိုးကိုပင် မဝယ်နိုင်ခဲ့ပေ။ ပိုက်ဆံဆိုတာ အသုံးမဝင်ဘဲ ဒုတိယဆုပဲ ရနေဦးမှာပဲ။
မကြာမီပင် အင်တာနက်ပေါ်တွင် FDA ဆုများအကြောင်း သေချာရှင်းပြတော့မည်ဖြစ်သည်။ ဒီဇိုင်နာလောကရှိ FDA ဖက်ရှင်ဆုမှာ ရုပ်ရှင်လောကရှိ အော်စကာဆုကဲ့သို့ပင် အရေးပါလှပေသည်။ ထို့ပြင် အဲ့ဒါက ခေတ်ရေစီးကြောင်းနှင့် ဖက်ရှင် မော်ဒယ်လောကကို ဦးဆောင်တဲ့သူအဖြစ်လည်း သတ်မှတ်ခံရမှာဖြစ်သည်။ ဒါ့အပြင် ဖက်ရှင်လောကရဲ့ အတုယူစရာ လေ့လာသင်ယူစရာအဖြစ်လည်း သတ်မှတ်ခံရဦးမည်။
တစ်ချိန်တည်းမှာပင် အောင်မြင်ကျော်ကြားသူများ၊ ဒီဇိုင်နာများ၊ နာမည်ကြီးများ၊ ဝတ်စုံများနှင့် ပုံမှန်အဝတ်စားများဖြစ်သော FDA ပွဲမှ လက်ခံပေးကာ ဆုရနိုင်မည့် လက်ရာများသည် ဖက်ရှင်လောကတွင် ရေပန်းစားသော ခေါင်းစဥ်တစ်ခု ဖြစ်လာပေသည်။
ထိုအရာသည် FDA ဆုကိုရရှိပါက ဖက်ရှင်လောကတွင် ခေတ်မှီသော အရာတစ်ခုအသွင် အသိမှတ်ပြုခံရမည်ဖြစ်သည်။ ဒါက တစ်ကယ့်ကို ဂုဏ်ယူစရာကောင်းသည့် အရာတစ်ခုပင်ဖြစ်သည်။ ထုတ်လုပ်သည့် ဒီဇိုင်နာအတွက်လည်း ထိုလုပ်ငန်းခွင်အတွင်း၌ အသိမှတ်ပြုဖွယ်ရာပင်ဖြစ်သည်။
ထိုဆုသည် ဒီဇိုင်နာတွေအတွက်ပင် အလွန် အရေးကြီးသည့် အာမခံချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ ဒါအပြင် နောက်နှစ်တွင် ထိုအရာသည် ခေတ်ရေစီးကြောင်းတစ်ခု အဖြစ် သတ်မှတ်နိုင်သည်။
အလုံးပြီးသည့်နောက်တွင် ထိုဆုကိုရရှိခဲ့သူသည် ထိုကာလအတွင်းတွင် နိုင်ငံတကာ ခေတ်မှီစာစောင်များနှင့် စာအုပ်များတွင် ပါလာသော ဆရာတစ်ဆူ ဖြစ်လာတော့ပေသည်။ ထိုအရာအား မလိုချင်တဲ့သူ မရှိမည်ကို စိုးရွံ့မိနေတော့သည်။
သို့ပေမယ့်၊ အင်တာနက်သုံးစွဲသူများသိလေလေ ထိုဆုသည် ရွှီယန်ယုနှင့် မသက်ဆိုင်လေ ခံစားရလေ ဖြစ်သည်။ သူမသည် ဒုတယဆု အတွက်ပဲဟု တွေးလာကာ ပုံမှန် လုပ်ရိုးလုပ်စဥ်ကဲ့သို့ တစ်ခြားသူများနှင့် လက်တွဲကာ တိုးတက်အောင်လုပ်ဆောင်ပါက သူမသည် ဆန်ကာတင်စာရင်းမှာ ထိပ်ဆုံးနေရာသို့ ရောက်စေရန် ဖြစ်နိုင်ချေရှိပေသည်။
တစ်ဖက်ကကြည့်လျှင်လည်း ရွှီယန်ယုသည် “လက်ထပ်တာကအရင် အချစ်ကနောက်မှ” ဟူသည့် အဖွဲ့သားများနှင့်အတူ အသံသွင်းရမည့် အစီအစဥ်ကိုလည်း လက်ခံရရှိခဲ့ရသည်။ ထိုပွဲသို့ လူ ခုနစ်ယောက် ရှစ်ယောက်ခန့်သာ တက်လို့ရဟန်တူသည်။ ထို့ပြင် မုချောင်ယွင်သည် နိုင်ငံရပ်ခြားမှာ အသံသွင်းရန် ပါဝင်မရနိုင်ပေ။
ကျန်းမင်ဟွေ့သည် ရွှီယန်ယုသည် မရင်းနှီးသော မေးခွန်းများနှင့် ကြုံလာရသည့်အခါ ပြဿနာတစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်နေရသည်။ ထို့ကြောင့်သူသည် သူမအားအရင်ဦးစွာ “မစ္စရွှီ၊ ဒီလို အဖွဲ့လိုက်အသံသွင်းတာကို မပါချင်ရင် ရှောင်လို့ရပါတယ်။” ဟုပြောခဲ့သည်။
ရွှီယန်ယုလည်း ခေါင်းခါယမ်ကာ “ ဘာလို့ ဒီလိုပွဲကို မပါဝင်ရမှာလဲ။ ဒီပွဲစီစဥ်ထားပုံက အဆင်မပြေလို့လား။”
“….”
ကောင်းတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အတွဲတွေပါ။
ကျန်းမင်ဟွေ့သည် လုပ်ရမည့် စာရင်းများကို ကြည့်လိုက်သည်။ ပထမဦးစွာ ဧည့်သည်များသည် El Dingqing ကျွန်းသို့ သွားကြပေသည်။ ဧည့်သည်များထိုနေရာသို့ သူတို့ဘာသာသူတို့သွားကြကာ ထိုနေရာသည် စီစဥ်သူအဖွဲ့မှာ လုံခြုံဘေးကင်းစွာ စီစဥ်ပေးထားသော လမ်းကြောင်းဖြစ်သည်။ ကျွန်းသို့သွားသော ခရီးတစ်လျှောက်တွင် ဧည့်သည်များသည် ပုံမှန်မဟုတ်သော ဂိမ်းများ ဆော့နေသည့်အလား ဖြစ်နေသည်။
ထိုကျွန်းသို့ ပထမဆုံး ရောက်လာသူသည် အကောင်းဆုံး အစားအသောက်၊ အဝတ်အထည်၊ နေရာထိုင်ခင်း နှင့် သယ်ယူပို့ဆောင်ရေးတို့ ရရှိမည်ဖြစ်၍ နောက်မှရောက်လာသော ဧည့်သည်များအတွက် ABCD အစရှိသော ဝန်ဆောင်မှုအဆင့်များကို သူတို့နှစ်သက်ရာအလိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။ အခြားသော လုပ်ဆောင်မှုအဆင့်ဆင့်တို့သည်လည်း သက်ဆိုင်ရာ အဆင့်အလိုက်ပါဝင်သည်။
ကျွန်းပေါ်ရှိ ဧည့်သည်များသည် ကြိုက်နှစ်သက်ရာ ဖျော်ဖြေပွဲများကို ပါဝင်ဆင်နွှဲနိုင်သလို များစွာသော လှုပ်ရှားမှုများကိုလည်း ထပ်မံပါဝင်နိုင်ကြပေသည်။ ထို့ကြောင့် ထိုကျွန်းသို့ ဧည့်သည်များ သွားရောက်ဖို့ရန်သာ အဓိကအချက်ပင် ဖြစ်ပေသည်။
“အားလုံးပါဝင်ချင်ကြရဲ့လား။”
“ဟုတ်ပြီ။ ဒီEl ကျွန်း မှာ ရှုခင်းကောင်းကောင်းတွေရှိတယ်။”
ရွှီယန်ယုသည် ထိုသက်ဆိုင်ရာ ရှုခင်းများကို ကြည့်ရှုပြီးသည့်နောက်တွင် ထိုနေရာသည် အပန်းဖြေခရီးအတွက် တကယ်ရွေးချယ်လို့ကောင်းသည့် နေရာတစ်ခုဖြစ်သည်ကို တွေ့ရှိခဲ့၍ လမ်းမှာတင်ပဲ သူမသည် သူမ၏ အလုပ်နေရာကို ပြောင်းလိုက်သည်။
ကျန်းမင်ဟွေ့သည် ရွှီယန်ယုက မည့်သည့်အရာကိုမှ ဂရုမစိုက်သည်ကို သိလိုက်ရပြီး သူမ၏ ပွင့်လင်းသောစိတ်အား လေးစားမိခဲ့သည်။ အားလုံးပြီးလို့ ရွှီယန်ယုက ထိုပွဲမျိုးအား ပါဝင်ခဲ့လျှင် သူမသည် ဝေဖန်ခံရမည်ဖြစ်ပြီး မပါဝင်ပြန်လျှင်လည်း အပြစ်တင်ခံရဦးမည် ဖြစ်သည်။ အဲ့တော့ အေးဆေးရင်ဆိုင် ဖြေရှင်းဖို့ ရွေးချယ်တာက ပိုကောင်းသည်။
ထို့ကြောင့် ရွှီယန်ယုသည် ပွင့်ပွင့်လင်းလင်းနှင့် ကျန်းမင်ဟွေ့သတိပေးသော အရာများကိုပင် သတိမပြုချေ။ အကြောင်းမှာ ထိုအရာများသည် သူမ၏ မျက်လုံးထဲတွင် ပြဿနာများ မဟုတ်ပေ။ ထို့ကြောင့် သူမသည် El ကျွန်းတွင်သာ ပျော်ဖို့ အာရုံရှိနေတော့သည်။
အသံသွင်းမည့်နေ့ ရောက်လာသောအခါ “လက်ထပ်တာကအရင် အချစ်ကနောက်မှ”၏ ဧည့်သည်များသည် ထိုအသံသွင်းသည့်ပွဲကို အလွန်အပင် သဘောကျကြကာ အာရုံစိုက်ခံခဲ့ရသည်။
ထိုပွဲလယ်တွင် အဓိကအာရုံစိုက်ရသူမှာ ရွှီယန်ယုကိုယ်တိုင်ပင် ဖြစ်သည်။ အကြောင်းမှာ စုံတွဲများတက်ရောက်သော ပွဲမျိုးတွင် ရွှီယန်ယုသည် တစ်ယောက်တည်း ဖြစ်နေသည်။
[အမလေး…၊ အရင်ကလို ရှက်စရာကောင်းတာမျိုး ထပ်ဖြစ်ပြန်ပြီ။ ရွှီယန်ယုက ကောင်းကောင်းမပါလာပြန်ဘူး။]
[ သူများတွေက ကိုယ်စီ အချစ်တွေကို ထုတ်ပြနေချိန် တစ်ယောက်ဖြစ်နေတာကို ကြည့်နေရတာ ပျင်းပြီး စိတ်မသက်မသာဖြစ်မှာပဲနော်။]
[ ရွှီယန်ယုလို အေးဆေးတဲ့လူကတောင် ဒီလိုအခြေနေကို အေးအေးဆေးဆေး နေဖို့ကတောင် ခက်တယ်လေ။ သူကအတင်းပြုံးဖို့ကြိုးစားရင် ပိုပြီးကြည့်ရဆိုးလာလိမ့်မယ်။]
[ တစ်ခြားသူတွေကအတွဲတွေကိုယ်စီနဲ့ ညီမရွှီက တစ်ယောက်ထဲ ဘယ်လိုလုပ်ကြမလဲ။ အစက ဒုတိယဆု တစ်ခုပဲ ရနိုင်တာက အဆင်ပြေပေမယ့် တစ်ခြားသူတွေက ချစ်နေကြချိန် သူမ တစ်ယောက်ထဲဖြစ်နေတာကို ကြည့်နေရတာ ငါစိတ်မကောင်းလိုက်တာ။ သူမအပေါ် လွန်လွန်းလိုက်တာ။]
[ အဓိကအကြောင်းကတော့ ဧည့်သည်တွေက ချစ်ခင်နေမှုပါပဲ။ သူတို့အချင်းချင်း ချစ်ကြည်နူးတဲ့အခန်းက စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ။ ရွှီယန်ယု ဘာမှလုပ်မရတာကိုတော့ စိတ်ပူမိတယ်။ သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကတော့ ပျင်းစရာကောင်းနေပြီ။]
[ ငါက ကျန်းချင်ယွင်တို့ ရှန်ဖန့်တို့ ကျီခိုင်တင်းတို့ စုန်းရှီတို့ တိုက်ရိုက်ဟာကို မျှော်နေတာ။ အဲ့အတွဲတွေရဲ့ ချစ်နေကြတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကမှ တစ်ကယ်ကိုကောင်းတာ။]
[ ဒီမှာ အရေးကြီးတာ နောက်တစ်ခု။ သူတို့ El ကျွန်းကို လာနေကြပြီ။ ရှန်ဖန့်က အရင်က ပြိုင်ကားမောင်းတဲ့သူဆိုတော့ ကျန်းချင်ယွင်တို့အတွဲက အရင်ဆုံးရောက်မှာ သေချာတယ်။]
[ရွှီယန်ယုကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမှာတုန်းက တစ်ခုခုဝယ်ဖို့သွားရင်း ကားကို မောင်းလာနေတာ။ သူမရဲ့ ကားမောင်းတဲ့စကေးကလည်း တစ်ကယ် ကောင်းတယ်နော်။ ဒါပေမယ့် သူမက ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမားလောက်တော့ ဘယ်ကောင်းမှာလဲ။]
အဲ့နေ့က မှတ်တမ်းကိုကြည့်လိုက်တဲ့အခါမှာ တိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်လိုက်တော့ ရွှီယန်ယုက သူမရဲ့ လက်ထောက်ရဲ့ စကားပြောနေတာကို အင်တာနက်သုံးစွဲသူများက ထပ်မံတွေ့ရှိခဲ့သည်။
El ကျွန်းကို မောင်းလာတာက ရွှီယန်ယု ကိုယ်တိုင်မဟုတ်တာကို အင်တာနက်သုံးစွဲသူများက မြင်လိုက်ရသောအခါ အံ့သြရပြန်သည်။
ရွှီယန်ယုက အနောက်ခုံမှာ ခါးပတ်ပက်ကာ ထိုင်နေသည်။ သူမ၏ လက်ထောက်မှာ ဘေးခုံတွင်ထိုင်နေသည်။ သေချာတာတော့ ယာဥ်မောင်းခုံမှာထိုင်နေတာ ဘယ်သူလဲတော့မသိပေမယ့် ဒီခရီးစဥ်အတွက် ကိုယ်တိုင်မောင်းဖို့ရန် စီစဥ်ထားခဲ့သည်မဟုတ်သည်ကို သိရသဖြင့် မှင်သက်ရပြန်သည်။ ထိုကားအား မည်သူမောင်းသည်ကို အလွန်ပင် သိချင်လှပေသည်။
လျိုယွိလည်း ကင်မရာအား မောင်းသူဘက်သို့ချိန်ကာ “ မစ္စတာ ဘက်စတီယန်ကို ဒီခရီးစဥ်မှာပါဖို့ဖိတ်ခေါ်ပါတယ်။ မစ္စတာ ဘက်စတီယန် ကအရင်က ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမားဖြစ်ပြီး WRC ပွဲတွေရဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။ တစ်ချိန်တုန်းက သူက ၂၀၀၈ ခုနှစ်ရဲ့ ဘုရင်တစ်ပါးဖြစ်ပြီး ချန်ပီယံဆုကို ငါးကြိမ်တိုင် ဆက်တိုက်ရခဲ့တာ။ သူက ပြိုင်ကားမောင်းသူတွေရဲ့ သမိုင်းမှာလည်း သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူပါ။ သမိုင်းတစ်လျှောက်မှာလည်း ပြိုင်ကားမောင်းတာကို ရူးသွပ်လွန်းတဲ့ ပထမဆုံးလူလည်း ဖြစ်တယ်။ ဒါ့ကြောင့် ဂုဏ်ယူစွာဖြင့် မစ္စတာဘက်စတီယန်ကို ဖိတ်ခေါ်လိုက်ရပါတယ်။ ကျွန်တောတို့ရဲ့ဖိတ်ကြားမှုကို လက်ခံပေးတဲ့အတွက်လည်း အလွန်ဝမ်းမြောက်ရပါတယ်။ ကျေးဇူးလည်းတင်ရှိပါတယ်။”
မစ္စတာ ဘက်စတီယန်က ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် တိုက်ရိုက်မှုရှိ ကြည့်ရှုသူများကို တွေ့ကာ လန့်ဖြန့်သွားပြီး စခရင်ကို အလန့်တကြားနှင့် ဆွဲချလိုက်တော့သည်။
[ ဘုရားရေ၊ ကမ္ဘာအဆင့်ပြိုင်ပွဲတွေက လူကို မြင်လိုက်ရတယ်။]
[ မစ္စတာ ဘက်စတီယန် က သမိုင်းကို လေးခါပြန် ရေးထိုးနိုင်တဲ့သူလေ။ ဒီလိုလူကို ဖိတ်ခေါ်နိုင်တဲ့ ရွှီယန်ယုက တစ်ကယ်ကို တော်လွန်းတာပဲ။]
[ဒီဟာနဲ့ပတ်သတ်တာကို မြန်မြန်ရှာကြည့်စမ်း။ အဲ့ဒါကိုကြည့်လိုက်ရင် မင်းလည်းငါ့လို အံ့ဩသွားလိမ့်မယ်။ မစ္စတာဘက်စတီယန်က ကမ္ဘာ့ချန်ပီယံ ၇ ခါ၊ ဟောပြောပွဲပေါင်း ၁၅၅ ခါ စင်ပေါ်တက်ခဲ့ရတဲ့သူပဲ။ ပြိုင်ကားလောကမှာတော့ သူကတစ်ကယ်ကို သူမတူတဲ့သူပဲ။ တကယ့်ကို အံ့ဩစရာပဲဟေ့။]
[ အံ့ဩလွန်းလို့ ပါးစပ်တောင်ပိတ်မရတော့ဘူး။ ဒီတစ်ခါပဲ မစ္စတာဘက်စတီယန်ကို မြင်ဖူးတာ။ သူနားသွားပြီးထဲက သူပြိုင်တာတွေ မမြင်ရတော့တာ။ ရွှီယန်ယုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါလာမယ်လို့ မထင်ထားဘူး။ တကယ့်ကိုပဲ ဝိုးး ဝိုးး ဝိုးး။ မထင်မှတ်စရာတွေ ထပ်ဖြစ်ဦးမယ်ထင်တယ်။]
[ဒီတစ်ခါရော ရွှီယန်ယုရဲ့ live က အားလုံးကို အံံဩစေပြန်ပြီမလား။ ဒီနှစ်ထဲတင် အံ့သြရတာတွေက မနည်းတော့ဘူး။ ဒိတစ်ကြိမ်တော့ မှင်သက်နေရုံကလွဲပြီး အံ့ဩလွန်းလို့ ဘာပြောရမှန်းကိုမသိတော့ဘူး။]
[ ငါ့အထင်တော့ ကားနဲ့နှစ်နာရီလောက်ပဲသွားရတဲ့ El ကျွန်းကို ကမ္ဘာ့အဆင့်ပြိုင်ကားသမားကို ယာဥ်မောင်းအဖြစ်က တကယ်ကို စိန်ခေါ်မှုကြီးပဲ။]
[ပြိုင်ကားမောင်းသူတွေရဲ့ ဘုရင်နေရာက လူကတော့ ဒီလိုဟာက ပိုက်ဆံအတွက်တော့ မဖြစ်နိုင်ဘူး။ အဲ့လိုလူက ဒီလိုအရာမျိုး ဘယ်လိုလုပ် လုပ်မှာလဲ။ လုပ်တယ်ဆိုရင်တောင် သူတို့ကြား ဆက်ဆံရေးတစ်ခုခုတော့ ရှိမှာပေါ့။]
[ရွှီယန်ယုကို ဒူးထောက်ပြ။ သူ့ရဲ့ဘဝမှာ “မဖြစ်နိုင်ဘူး” ဆိုတာမျိုးက မရှိခဲ့ဘူးလေ။ ဒါပေမယ့် သူမသာဆို ဘာမဆို ဖြစ်နိုင်တယ်။]
[ ပြိုင်ကားလောကရဲ့ဘုရင်က သူဖန်တီးထားတဲ့အရာတွေကို တစ်ခြားသူကို ဖျက်ဆီးခွင့်ပြုမှာမဟုတ်ဘူး။ ဒီနေ့လို မြင်ကွင်းမျိုး မြင်ရဖို့ မထင်ထားဘူး။ မစ္စတာ ဘက်စတီယန်က ငါ့ကို အသက်ရှုရပ်အောင်လုပ်နေတာပဲ။ မင်းကိုတစ်ကယ်ကို သေမတက် သဘောကျနေပြီ။ မစ္စရွှီရေ အားလုံးတွက်ကျေးဇူးပါ။]
ဖုန်းထဲရှိ အချက်ပေးစာများမှာ မရပ်တန့်ပဲ မြည်နေကာ ရေပန်းစားနေသော ခေါင်းစဥ်ကို ညွှန်ပြနေခြင်း ဖြစ်သည်။ ဒါပေမယ့် ဒီတစ်ခေါက်မှာက အားလုံးရဲ့မျက်လုံးများသည် မစ္စတာ ဘက်စတီယန် အပေါ်တွင်သာဖြစ်သည်။ ပြိုင်ကားမောင်းသည့် နေရာသို့ ပြန်ရောက်သွားကာ နိုင်ငံတဝှမ်းရှိသူများသည် သူ့ကိုအရူးအမူး အားပေးနေကြသည်။
[ ငါတစ်ကယ် ငိုမိတော့မယ်။ ငါ့ရင်ထဲတကယ်ကိုထိသွားပြီ။ ငါဘာလို့ငိုနေလဲ မမေးနဲ့။ ဘာလို့ဆို မစ္စတာ ဘက်စတီယန် ရဲ့ကားမောင်းစကားက အရမ်းပြည့်စုံလွန်းတယ်။ အဲ့ဒါကပဲ ငါ့စိတ်ကို တုန်လှုပ်စေတာ]
တိုက်ရိုက်ထုတ်လွှင့်မှုသည် ဒရုန်းဖြင့် ရိုက်သည့်ဘက်သို့ပြောင်းလဲသွားကာ ယခုအခါတွင် ထိပ်တန်း ပြိုင်ကားမောင်းသူများကို ကိုယ်တိုင် အားပေးနိုင်ပေသည်။ ထိုကားမောင်းကျွမ်းကျင်သော စကေးများကို ဖန်သားပေါ်တွင် တွေ့မြင်နိုင်ပေသည်။ သူ၏ ကားမောင်းစကေးမှာ ထက်မြတ်လှသည့်အပြင် အရမ်းပင် အနုပညာဆန်လွန်းသည်။
ထိုပြိုင်ကားသည် Ferrari မှထုတ်ထားသော LaFerrari ကားပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၄၉၉ စီးသာရှိသည်။ ထိုးကားသည် ထူးခြားသော စွမ်းဆောင်ရည်များရှိသည်သာမက လေထဲရှိအရာများကို ထိန်းချုပ်နိုင်သောစွမ်းရည်လည်းရှိသည်။ ထိုပြိုင်ကားမှာ ပြိုင်ကားကားလောကအတွက် စံပြပင် ဖြစ်သည်။
LaFerrari ကားသည် တစ်နာရီကို ကီလိုမီတာ တစ်ရာ အရှိန်ရှိကာ ၃ စက္ကန့်သာကြာသည်။ မီတာ နှစ်ရာအတွင်း ၇ စက္ကန့်နှင့် မီတာ၃၀၀ အတွက် ၁၅ စက္ကန့်သာကြာသည်။ မစ္စတာ ဘက်စတီယန်သည် ထိုပြိုင်ကားကို မောင်းနှင်ခဲ့သည့် ထိပ်တန်းပြိုင်ကားသမားဖြစ်ပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာကျော်အထိ မောင်းနှင်နိုင်သည်။
ပရိတ်သက်များက ကမ္ဘာအဆင့်ရှိ ကားပြိုင်ပွဲကို မြင်လိုက်ရပြီးနောက် ထိုအရာက တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုသာဖြစ်သည်ကို မေ့လျှော့နေခဲ့ကြသည်။ ထိုအချိန်တွင် ထိပ်တန်းပြိုင်ကားသမားတွေမှ ယူဆောင်လာသော အံ့ဩမှုသည်သာမက ရွှီယန်ယု၏ အလွန်အေးစက်ပြီး စာနာစိတ်မရှိသော မြင်ကွင်းကိုလည်းမြင်ခဲ့ရပေသည်။