အခန်း (၂၂)
Vol. 2 Ch. 22
ကားထဲမှာထိုင်ရခြင်းက ပိုပျော်စရာကောင်းတယ်ဟု ခံစားရပေသည်။ ထိုထိုင်နေရ၍ ပျော်ရွှင်ရသော သူမ၏ စိတ်ဝိဉာဥ်ကိုပင် မြင်တွေ့နေရသည်။ အစ်မရွှီပျော်ရွှင်နေသည့်အရာကို မည်သူမျှ နားမလည်နိုင်ခဲ့ပေ။
[ကားထဲမှာ ထိုင်နေတဲ့ ရွှီယန်ယုကို ငါတစ်ကယ် မနာလိုဖြစ်မိတယ်။ သူ့နေရာမှာ ငါဖြစ်ချင်လိုက်တာ။ ဒီချိန်မှာ သူက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ ဖြစ်နေလိမ့်မယ်။]
ရွှီယန်ယု၏ live တွင် အလွန်မြန်ဆန်နေသဖြင့် ကမ္ဘာ့အဆင့်ရှိ အမြန်နှုန်းဟုပင် ဆိုကြသည်။ ထိုနေရာတွင် အကွေ့များ ကုန်းဆင်းများစွာရှိသဖြင့် ထိုအရာများက ပရိတ်သတ်များအားအော်ဟစ်နေသည်။
တစ်ခြား live ရှိ ဧည့်သည်များကလည်း မပျော်ရွှင်ကြပေ။ အရင်က ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့၏ live မှာ အမျှော်လင့်ခဲ့ကြဆုံးဖြစ်သည်။ ရှန်ဖန့်လည်း ကားမောင်းစကေးမှာလည်း အရမ်းကောင်းလှသည်။ သို့သော် မစ္စတာဘက်စတီယန်နှင့် ယှဥ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။ ရွှီယန်ယု၏ live တွင် ပြိုင်ကားကြီးကိုမောင်းနှင်နေသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ဖြစ်နေပေသည်။ ထိုကဲ့သို့သော ကြည်နူးမှုအား မည်သည်နှင့်မျှ မယှဥ်နိုင်ပေ။
ထို့ပြင် ကားမောင်းစွမ်းရည်မှာလည်း ဩချဖွယ်ကောင်းလှသည်သာမက မြန်လွန်းလှသည်။ Isle of Eyre သိူ့ရောက်ရန် နှစ်နာရီကြာမြင့်သော်လည်း တစ်နာရီခန့်ဖြင့်သာရောက်လာပေသည်။ ထိုအရှိန်မှာ အလွန်မြန်လှသည့်အတွက် ပရိတ်သတ်များကပင် သူတို့ကိုယ်တိုင်မောင်နေသလို ခံစားကြရပေသည်။ ထိုသို့သွားရန် ဘယ်လောက်ကြာသည်ကို သိနိုင်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ ထိုခရီးကိုအမြန်ဆုံး ဖြစ်ဖို့ရန်မှာ ပိုလို့မဖြစ်နိုင်ပေ။
ထို့ကြောင့် El ကျွန်းကို အန္တရာယ်ကင်းကင်းဖြင့် မြန်မြန်သွားနိုင်သူမှာ ပြိုင်ကားတို့ရဲ့ဘုရင် မစ္စတာ ဘက်စတီယန် သာဖြစ်ပေသည်။
ရွှီယန်ယုသည် Isle of El သို့ရောက်ဖူးသည်မှာ ပထမဆုံးကြိမ်သာဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိပေ။ လမ်းတစ်လျှောက်တွင် သူမကို မြင်လိုက်ရသည်မှာ လျှပ်တပြတ်ပင်ဖြစ်သည်။ အင်တာနက်သုံးစွဲသူများက သူမကားပေါ်က ဆင်းလာသည်မှာလည်း ကားကောင်းကောင်းပင်ဖြစ်သည်။ အကြောင်းမှာ သူမက A အဆင့်ရှိ ဧည့်သည်အဖြစ် ဆက်ဆံခံမည်ဟု ခံယူထားကာ ပျော်ရွှင်နေသည်။
ထိုပွဲကိုစီစဥ်သူများသည် ရွှီယန်ယုအား အဆင့်မြင့် ထိပ်တန်းနေရာတွင် စီစဥ်ပေးခဲ့သည်။ ထိုနေရာမှာ ဥရောပစတိုင် အဆင့်မြင့် ဇိမ်ခံနေရာပင်ဖြစ်သည်။ ထိုပတ်ဝန်းကျင်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်စျေးကြီးကာ ကျက်သရေရှိလှသည်။
အင်တာနက်သုံးစွဲသူများသည် ရွှီယန်ယု၏ live ကိုကြည့်ကာ သူမကတစ်ကယ့်ကို စျေးကြီးတဲ့နေရာမှာ နေနေရသည်ကို ခံစားမိနေသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် အကျိုးကြောင်းဆီလျော်လှသည်။
ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့သည် ဒုတိယမြောက်ရောက်လာကြပြီး နာရီဝက်ခန့်ကြာမြင့်သည်။ ထိုသို့ရောက်ရှိရန်မှာ နှစ်နာရီထက်မပိုရပေ။ တကယ်တော့ ထိုအရှိန်မှာ အရမ်းမြန်လှသည်။ ဒါ့အပြင် သူတို့၏ Ferrari ကားမှာ ကောင်းလှသော်လည်း ရွှီယန်ယုရဲ့ Ferrari လောက်တော့မဟုတ်ပေ။ သူ၏ စျေးနှုန်းမှာ ယွမ် သန်း ၂၀ ကျော်လောက် အနည်းငယ် ပိုစျေးကြီးပေသည်။
ရွှီယန်ယုက ယခုကဲ့သို့ ကလိမ်ကကျစ်ကျကာ ပြိုင်ကားမောင်းသမားကို ငှားရမ်းခဲ့သည့်အတွက် သူမတို့ဒုတိယနေရာ ရခဲ့ခြင်းဖြစ်သည်။
ကျန်းချင်ယွင်၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေခဲ့သည်။ ရွှီယန်ယု ဒီလိုလုပ်မည်ကို သူမ မမျှော်လင့်ထားပေ။ ဒါ့အပြင် ပွဲအတွင်းတွင် စည်းကမ်းတင်းကြပ်ထားခြင်းလည်းမရှိပေ။ ဒါကပုံမှန် မဟုတ်သော ပြိုင်ပွဲမှမဟုတ်ပေ။ လုပ်ရမည့်အရာကို ပြောထားသည့်ထဲတွင် ကိုယ့်ဘာသာသွားရမည်ဟု ပါသော်လည်း ရှင်းလင်းသောအချက်များ မပါပေ။ နာမည်ကြီး ပြိုင်ကားသမားက ကိုယ်ရံတောင်အဖြစ် သူ့ကိုဖိတ်ကြားဖို့ရန် မေးမြန်းခဲ့ရာ ရောက်လာခြင်းဖြစ်သည်။
သို့ရာတွင် သူများ၏ live ကို ဘယ်လိုပဲ ယူခဲ့ပါစေ သူတစ်ယောက်ထဲ၏ ရှိုးမှာ ဖမ်းယူမိစဲ ဖြစ်သည်။
ကျန်းချင်ယွင်တို့သည် အလွန်အဆင့်မြင့်သော ဇိမ်ခံပစ္စည်းများပါသည့် Isle of El Hotel မှာ စီစဥ်ခံထားရကာ ထိုအခန်းသည် သမ္မတ္တအိမ်တော်နှင့် ယှဥ်လျှင် အနည်းငယ်သေးဟန်တူသည်။
နောက်ထပ်ရောက်ကျလာသော ဧည့်သည်များသည်လည်း အခြားအဆင့်မြင့်သော ဟိုတယ်များတွင် နေထိုင်ရကာ ထိုနေရာများသည် အနည်းငယ် သေးလာကြပေသည်။ အခြေနေတွေမှာ မကွာသော်လည်း အဆင့်အတန်းမှာတော့အနည်းငယ် ကွဲပြားလှပေသည်။
ရွှီယန်ယုသည် ဟိုတယ်ကို ရောက်ကတည်းက သူမအခန်းထဲ၌ နားနေခဲ့သည်။ တကယ်တော့ သူမအလုပ်လုပ်နေသည်။ သူမသည် အိပ်ရာပေါ်သို့ သူမ၏ ပုံကြမ်းစာအုပ်ကို ရုတ်တရက် ပစ်ချလိုက်သောအခါ စာရွက်တစ်ရွက်က မထင်မှတ်ပဲ ပေါ်လာခဲ့သည်။ ထိုစာမျက်နှာတွင် လွန်စွာ စိတ်ကူးဆန်သော ပုံစံမျိုးကို တွေ့ခဲ့ရသည်။ ထိုအရာမှာ အနည်းငယ် စိတ်ပျက်စရာကောင်းသည်။ ထိုအရာသည် ပိန်ပိန်ပါးပါး အမြှီးရှိကာ ဘာမှန်းမသိရပေ။
ထိုပုံစံမှာ စိတ်ကူးယဥ်ဆန်ကာ အနည်းငယ် ထူးဆန်းနေသည်။ ထို့အရာသည် အတွေးထဲခနသာ ပေါ်လာကာ ရွှီယန်ယုလည်း စာအုပ်ကို မြန်မြန်ဖယ်လိုက်သည်။
[ ဘုရားရေ၊ မင်းမှတ်မိလိုက်လား။ ဒါကသူမရဲ့ အတုယူပြီးလုပ်ထားတဲ့ ဒီဇိုင်းအသစ်လား။ အဲ့ဒါက အရမ်းထူးခြားတယ်။]
[ငါ့မျက်မြင်ကိုယ်တွေ့အရတော့ အရမ်းအားရတယ်။ အဲ့ပုံသေးသေးလေးကတောင် တုန်လှုပ်စေတာလေ။ ဒီပုံက ဘာ အကြောင်းလဲဆိုတာငါအရမ်းသိချင်နေပြီ။]
[ တတိယမြောက်ပိုစတာက ဘာလဲဆိုတာ ငါအရမ်းသိချင်နေပြီ။ ရှေ့နှစ်ခုနဲ့ကွဲထွက်နေတဲ့ တတိယတစ်ခုက ငါ့ကိုတုန်လှုပ်စေတာပဲ။]
[ရွှီယန်ယုရဲ့ ဒီတစ်ခေါက် ဒီဇိုင်းတွေက မတူညီတဲ့ပုံစံဖြစ်မယ်လို့ ငါခံစားမိနေပြီ။ ဒီလိုတစ်ခါမှ မသိချင်ခဲ့ဖူးဘူး သူမ ဒီဇိုင်းထုတ်မယ့်ရက်ကို ရောက်ချင်နေပြီ။ ဘယ်လို ဒီဇိုင်းမျိုးထုတ်မလဲဆိုတာ ငါသိချင်နေပြီ။]
တစ်နာရီကြာပြီးနောက် ရွှီယန်ယုလည်း ဟိုတယ်အခန်းထဲမှ ထွက်လာသည်။ ထိုအချိန်မှာ ညစာစားချိန်ဖြစ်နေပေသည်။ ဤသည်မှာ ထိုပွဲ၏အစီအစဥ် တစ်စိတ်တစ်ပိုင်းသာဖြစ်ပေသည်။ A အဆင့်ရှိသောဧည့်သည်သည် ညစာအတွက် သူမ စားလိုသောအရာကို ရွေးချယ်နိုင်သည်။ ဟိုတယ်၏ စာရင်းထဲတွင် မရှိသည့်တိုင် ထိုအရာမှာ စားပွဲဝိုင်းပေါ်သို့ ရောက်ကိုရောက်လာမည်ဖြစ်ပေသည်။ စီစဥ်သည့်အဖွဲ့မှသူများသည် ဧည့်သည်ကို စိတ်ကျေနပ်စေရန် အကောင်းဆုံး ကြိုးစားသွားရမည်ဖြစ်သည်။
ရွှီယန်ယု၏ လက်ထောက် လျိုယွိသည် မီနူးကိစ္စအတွက် ထိုနေ့ ပွဲမတိုင်မီ အလျင်အမြန် ပြင်ဆင်ခဲ့သည်။ စီစဥ်သူအဖွဲ့က သူတို့လိုအပ်သည်ကို မဖြည့်ဆည်းပေးနိုင်ကြပေ။ ထိုအရာမျိုးအား မပြုလုပ်ပေးနိုင်သည့်တိုင် ပြဿနာမဟုတ်ပေ။ အကြောင်းမှာ သူတို့လိုအပ်သည်မှာ တစ်ခြားသူအား အကြပ်ရိုက်စေသောကြောင့်ဖြစ်သည်။
သို့ရာတွင် စာရင်းကို အပြီးသတ်ပြီးနောက်တွင် စီစဥ်သာအဖွဲ့မှာ တကယ်ကို အံ့သြရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ပရိတ်သတ်များသည် ရွှီယန်ယု၏ ညစာအားစောင့်ကြည့်နေရင်း ဇိမ်ခံဟင်းလျာများကို ဖွင့်လိုက်သောအခါ ကြည့်ရှုသူများအဖို့ ထိတ်လန့်သွားခဲ့ရသည်။
ပထမဦးစွာ ထိုအပေါ်တွင် အလင်းဖောက်နိုင်သောကျောက်ဖြင့် ပြုလုပ်ထားသော ရေဗူးတစ်ဗူးရှိနေသည်။ ထိုဗူး၏ အဖုံးထိပ်တွင် ကြီးမားသော စိန်တုံးကြီးရှိသည်။ မီနူးအရဆိုလျှင် ထိုရေမှာ ကမ္ဘာ့စျေးအကြီးဆုံးဖြစ်သည့် Hawai ရှိKona Nigali ရေဖြစ်ကာ ထိုရေသည် ၇၅၀လီတာလျှင် ဒေါ်လာ လေးရာအထက်ရှိပေသည်။
ထို့အပြင် အခြားသော အလွန်တန်ဖိုးကြီးလှသည့် ပန်းကန်ပြားများသည် ငွေရောင်များဖြင့် ဒီဇိုင်းဆင်ထားသည်ကို ခမ်းနားစွာတွေ့ရသည်။ တစ်ချို့ပန်းကန်များသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။ အထဲတွင်ပါရှိသည့်အရာကိုတော့ မသိရချေ။
အင်တာနက်အသုံးပြုသူများသည် သူတို့၏ အရင်ကမီနူးထဲရှိ အရာများကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း မေးပြုတ်ကျမတက် အံ့သြနေရသည်။ ပထမဦးစွာ အီတလီရှိ အဖြူရောင် မြေအောင်မှိုမှာ တစ်ကီလိုဂရမ်လျှင် ယွမ် နှစ်သောင်းခန့် တန့်ဖိုးရှိသည်။
ထို့နောက်အလွန်ရှားပါးလှသည့် moose cheese မှာ တစ်ရာဂရမ်ကို ယွမ် သုံးထောင်မှ လေးထောင်အထိ တန်ဖိုးရှိသည်။ Aya ကြက်မဲဖြင့်ပြုလုပ်ထားသော ဟင်းပွဲများ၊ Hokkaido မှထွက်သော ဖရဲသီးမှာ ဒေါ်လာ ၂၇၀၀၀ ဖြင့် လေလံအောင်ကာရ ရှိခဲ့ခြင်းဖြစ်သည်။
Kobe အမဲသားဖြင့်လုပ်ထားသော Grand Veas taco၊ Almas ငါးဥဆားနယ်၊ အမဲရောင် ဒိန်ခဲပျော့၊ Louis XIIIရဲ့ ပီဇာ၊ နော်ဝေးပုစွန်ထုပ်၊ ခရင်၊ အဖြူရောင် မြေအောင်းမှို၊ စိမ်းပြာရောင် ဒိန်ခဲဘာဂါ ၂၄ခု၊ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းများက ရွှေဖြူ ငါးဥဆားနယ် ရွှေ၂၄ကာရက်ရှိသော ရွှေအရွက်နဲ့ ခရမ်းရောင်မြေအောင်းမှို တို့လည်း ပါဝင်သည်။
အချိုပွဲစားအနေနဲ့က ရွှေရွက်တွေ အစေ့တွေ နဲ့အပေါ်မှာဖြူးထားသော Tahitian vanilla ရေခဲမုန့် ဖြစ်သည်။ရေခဲမုန့်မှာ Tuscany က လာသောအဆင့်မြင့် ချောကလက်၊ Madagascar က လာသော vanilla စေ့များဖြင့် ပြုလုပ်ထားသည်။
ရေခဲမုန့်သက်သက်လုပ်ဖို့ကို အဆင်မြှင့်ပစ္စည်းများကို အသုံးပြုထားသည်။ ဒီလိုအရာမျိုးအား ပြင်ဆင်ရန် အချိန်များစွာ လိုအပ်သည်။
အဆင့်မြင့်သောစားပွဲများကို ရွှီယန်ယု စိတ်ကျေနပ်စွာ သုံးဆောင်ဖို့အတွက် ရှေ့တွင် ချပေးထားသည်။ ဒီဟင်းပွဲများသည် သူမကိုယ်တိုင် စားလိုသောကြောင့် သေသေချာချာနှင့် အတည်ပြုကာ ရွေးချယ်ထားသည်။ သူမသည် အကောင်းဆုံးသောအရာတွေကိုပဲ ရွေးစားမည်ဖြစ်သည်။ မဟုတ်ရင်တော့ သူမ စားမည်မဟုတ်ပေ။
ထို့နောက် El ကျွန်းကို လာရသည်မှာ ထူးခြားကာ စိတ်ခံစားချက်များမှာ ကွဲပြားလှပေသည်။
အခုဟာက El ကျွန်းကို ရောက်ပြီး ပထမဦးဆုံးစားရသော အစားအစာဖြစ်သည်။ အခုလိုမျိုး သူမစားနေပုံအရဆိုရင် သူမ ဒီမှာအချိန်တော်တော်ကြာကြာ နေဦးမည်ဟု ဆိုလိုနေသည်။
[အမလေး ဒီဥစ္စာက အရမ်းစျေးကြီးလွန်းတယ်။ ဒီစားပွဲက ငါ့အတွက် ပါးစပ်ဟောင်းသားဖြစ်စေတယ်။ သူဌေးတွေက ဒီလိုမျိုးစျေးကြီးတဲ့အစားအသောက်တွေကိုပဲစားတယ်ဆိုတာ ငါသိပေမဲ့ ဒီလိုမျိုးပါဝင်တဲ့ ပစ္စည်းတွေကလည်း ဒီလိုမျိုးစျေးကြီးပြီးတော့ ရှားပါးလိမ့်မယ်လို့လုံးဝမထင်ထားမိဘူး။ ငါတော့ မျက်စိပြူးသွားပြီ။]
[ငါကတော့ အရသာကို အရမ်း သိချင်တယ်။ ငါထင်တာ အစ်မရွှီက အစာစားတဲ့အချိန်မှာ စိတ်ခံစားချက်တွေကောင်းနေလောက်တယ် ဒီလိုမျိုးစျေးကြီးတဲ့အစားအသောက်တွေက တော်တော်အရသာရှိမှာဘဲ။]
[ငါကြားဖူးတာကတော့ ကြယ်ငါးပွင့်ရှိတဲ့ စားဖိုမှူးချက်တဲ့ စားစရာတွေက ဘယ်လိုအရသာဆိုးနိုင်မှာလဲ။ ကမ္ဘာပေါ်မှာ အရသာအရှိဆုံးပဲလို့ ပြောကြတယ်။ စျေးကြီးတာကြောင့်လည်း အရသာရှိတာဖြစ်မှာပါ။]
[ အစ်မရွှီကြည့်ရတာ စိတ်ဖိစီးမှုတွေမရှိပဲ ပျော်နေတဲ့ပုံပဲ။ သူ့ဧည့်သည်တွေနဲ့ဆို သူမသက်တော့သက်သာရှိသလိုပဲ။]
[ ဟုတ်ပါ့။ သူများတွေ ပြောတုန်းကတော့ ရှက်နေမယ်ဆို။ ဒါပေမယ့်အခုတော့ ရွှီယန်ယုက သက်တောင့်သက်သာ အဖြစ်ဆုံးပဲ။ အားလုံးထဲမှာ ဘယ်သူက ရှက်နေမလဲတော့ မသေချာဘူးနော်။]
[ ဒီလောက် ပျော်စရာကောင်းတဲ့ ခရီးပဲ။ ငါတောင် ပျော်လွန်းလို့ ပီတိတွေဖြာနေတာ။ ဘယ်သူက ရှက်နေမှာလဲ။ ရွှီယန်ယုကို မနာလိုလိုက်တာ။ အိပ်မက်မက်နေသလိုပဲ။ သွားအိပ်တော့မယ်။ အိပ်မက်ထဲမှာက အကုန်လုံးရှိတယ်။]
ရွှီယန်ယုသည် ဖြည်းဖြည်းနှင့် ကျက်သရေရှိစွာ သူမ၏ ညစာကို စားနေသည်။ သူမသည် တစ်ယောက်ထဲ ဖြစ်နေသော်လည်း တစ်ခြားသော သူများထက်ပင် ပိုပျော်ရွှင်နေသည်။ ထိုအရာကို သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ခံစားမိနိုင်သည်။
တစ်ဖက်တွင် ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့သည် တစ်ယောက်ကို တစ်ယောက်ခွံ့ကာ ရိုမက်တစ်ဆန်သော ညစာစားပွဲလေးကို ပြုလုပ်နေကြသည်။ သို့ရာတွင် အစတွင်တော့ စိတ်မသက်မသာ ဖြစ်နေကြသည်။
အစားအသောက်မှာ အရမ်း မကောင်းလွန်းသော်လည်း သူတို့သည် ရိုမက်တစ် ဆန်နေကြဆဲဖြစ်သည်။ ရှန်ဖန့်က ကျန်းချင်းယွင်အတွက် ဟင်းတွေထည့်ပေးပြီး သူမအတွက် ပြင်ဆင်ထားတဲ့ ပန်းကန်ကို ကမ်းပေးလိုက်သည်။
ကျန်းချင်ယွင်သည် မုန့်ကိုယူကာ တစ်ဖက်လူကို ခွံ့ကာကျွေးလိုက်သည်။ သူတို့သည် တိတ်တိတ်ဆိတ်ဆိတ် ဖြင့် ညစာကို အတူပြီးအောင် စားလိုက်ကြသည်။
သို့ရာတွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူတစ်ယောက်သည် ရွှီယန်ယုအား အားကျစရာကောင်းလှသည်ဟု ပြောလိုက်သောအခါ သူတို့၏ စိတ်ခံစားမှုများလည်း ပျက်သွားခဲ့သည်။
ရွှီယန်ယုက သူမရဲ့ အစားအသောက်စာရင်းထက် များစွာ ပို၍ ဈေးကြီးရုံတင်သာမက ပိုပြီး အဆင့်အတန်းမြင့်သည်ကို သူမ သိလိုက်ရသောအခါ သူမ၏မျက်နှာမှာ ကြောက်မက်ဖွယ်ပုံစံ ပြောင်းသွားသည်။
B အဆင့်နဲ့ ဘာလို့အဲ့လောက်တောင်များ ကွာခြားရပါသလဲ။
အတော်ပင် စိတ်မသက်မသာဖြစ်ရပေသည်။
ဧည့်သည်တော် လေးယောက်မှာ ကျီခိုင်တင်း၊ စုန့်ရှီ၊ ရှန်လန်ချန်း၊ နှင့် ကုရှီဝမ်တို့ဖြစ်သည်။ သူတို့၏ အဆင့်မှာ ကျန်းချင်ယွင်နှင့် ရှန်ဖန့် တို့လောက်မမြင့်ပေ။ ဒါပေမယ့် သူတို့၏ ဟင်းပွဲများမှာ ခြောက်ပွဲနှင့်အထက် ရှိပေသည်။ ဒါပေမယ့် ထိုအရာများသည် ပုံမှန်ဟင်းပွဲများသာဖြစ်ပေသည်။ သို့သော် အရသာမှာ စားကောင်းလှပေသည်။
မမျှော်လင့်စွာဖြင့် ကျီခိုင်တင်းနှင့် စုန်ရှီတို့မှာ တိတ်ဆိတ်နေကြသည်။ စားနေရင်းပင် စကားများမပြောကြပေ။ သူတို့ ပြောခဲ့ကြသည့် တစ်ခုတည်းသော စကားမှာ ကျီခိုင်တင်းသည် စုန်ရှီအတွက် ထိုင်စရာ သေချာလေး ပြုလုပ်ပေးရန်နှင့် သို့မှသာ သက်တောင့်သက်သာ ထိုင်ရမှာ ဖြစ်သည်။ ထိုအပြုအမူဟာ ပရိတ်သတ်များအား ရင်ထဲထိစေခဲ့သည်။ ထို့နောက် ပုံများစွာ ရိုက်ကူးခဲ့ကာ ထိုပုံများအား ကြိမ်ဖန်များစွာ ရိုက်ကူးခဲ့သည်။
ပိုပြီး အံ့သြစရာကောင်းလှသည်မှာ ရှန်လန်ချန်းနှင့် ကုရှီဝမ်တို့မှာ စားနေတုန်းမှာပင် စကားကို ရေတိုးမဝင်ပင် ပြောနေကြပေသည်။ နောက်ဆုံး ထုတ်လွှင့်မှုတုန်းကပင် သူတို့ ရန်ထဖြစ်ခဲ့ကြသေးသည်။ ဒီတစ်ကြိမ်တွင် ကုရှီဝမ် အခြေအနေ ပြန်ကောင်းသည်အထိ သူတို့မထုတ်လွှင့်ခဲ့ကြပေ။
အားလုံးဟာ သူတို့ဆက်ဆံရေးမှာ ဆိုးရွာသည်ဟုထင်သော်လည်း သူတို့သည် စားရင်း စကားများပြောကာ ရယ်မောနေကြသည်။
ကုရှီဝမ်က ရှန်လန်ချင်းရဲ့ခေါင်းကိုပုတ်လိုက် စလိုက် လုပ်နေတော့သည်။ သူတို့ကြားက ဆက်ဆံရေးမှာ တစ်ယောက်နှင့် တစ်ယောက် ကျီစယ်နေပုံရှိသည်။ တွေးစရာ နည်းနည်းပင်ဖြစ်နေသည်။
[ဘုရားရေ၊ သူတို့ရဲ့ ဆက်ဆံရေးက ကောင်းတာလား မကောင်းတာလား ဘာတွေဖြစ်နေမှန်း နားတောင် မလည်တော့ဘူး။]
စားပြီးသောက်ပြီးသည့်နောက်တွက် အားလုံးလည်း ဖျော်ဖြေရေးအစီစဥ်ကို ကြည့်ကြသည်။ ထိုကျွန်းပေါ်တွင် လာရောက်ဖျောက်ဖြေရန် သရုပ်ဆောင်အသီးသီး ရှိနေသည်။ ထို့ပြင် ဧည့်သည်လေးဖွဲ့သာလျှင် သူတို့ကြည့်ချင်သော ဖျော်ဖြေမှုများကို ရွေးချယ်နိုင်ပေသည်။
သူမ အကြံပေးထားသော အဖွဲ့၏ဖျော်ဖြေမှုကို ကြည့်ပြီးသည့်နောက်တွင် သူမ၏ မျက်ဝန်းလေးများမှာ ရုတ်တရက်ဆိုသလိုပင် တောက်ပလာကာ တည်တည်ငြိမ်ငြိမ်ဖြင့် “ လျိုယွိ ငါ hunk ရှိုးပွဲကို ငါကြည့်ချင်တယ်။” ဟုပြောလိုက်သည်။
“…….”
“……”