← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

ကျန်းချင်ယွင်သည် live ထဲရှိ သူမ၏ နှင်းဆီခင်းကြီးကို ကြည့်ကာ လူအများကလည်း သူမကို မနာလိုဖြစ်လျက် ရှိကြသည်။ ရေပန်းစားရသည်မှာ သူမဘာသာ ဝယ်ခဲ့သည်ဟူ၍ ဖြစ်သည်။ တကယ်တော့ အရမ်းအောင်မြင်နေခဲ့ခြင်းလည်း မဟုတ်ပေ။ ပရိတ်သတ် အနည်းငယ်နှင့် စီးပွားရေးအတွက် အကောင့်အချို့ကို ပြန်တင်လိုက်ပြီးနောက် ထိုအရာမှာ အတော်လေး ထူးခြားနေခဲ့သည်။

ကုန်ကုန်ပြောရရင် ထိုအရာမှာ လူများကို စိတ်မသက်မသာ ခံစားရစေသည်။

ဤသည်ကို တွေးပြီးသည့်နောက်တွင် သူမ ရှန်ဖန့်ကို လက်ဆောင်ပေးဖို့ သူမ အားစိုက်ထုတ်ရမည်ဟု ခံစားလိုက်ရသည်။ သို့မှသာ ပြန်လည် အောင်မြင်လာမည် ဖြစ်သည်။

ကျန်းချင်ယွင်သည် ရှန်ဖန့်ကို သူတို့အရင်က ကြုံခဲ့ရသည့် အရာများကို မှတ်တမ်းတင်ထားသည့် အရာတစ်ခုကို လက်ဆောင်ပေးဖို့ စီစဥ်ခဲ့သည်။ သူမသည် ဒီမတိုင်ခင်က ရုပ်ရှင်၊ မဂ္ဂဇင်းနှင့် ဗီဒီယိုများစွာ ရိုက်ဖူးခဲ့သည်။ သို့သော် ရှန်ဖန့်နှင့် ရိုက်ကူးဖူးသည်မှာ အနည်းငယ်သာ ဒီတစ်ကြိမ်တွင် သူနှင့်အတူ ရိုက်ချင်မိခဲ့သည်။ အထက်တန်းကျောင်းတုန်းက အရာတွေမှနေ၍ အခုလက်ရှိအရာများထိတိုင် အဖြစ်အပျက်အားလုံးကို ထပ်မံကာ ရိုက်ကူးချင်ခြင်း ဖြစ်သည်။

ရှန်ဖန့်သည် ထိုအရာကို ကြားလိုက်ရသည်နှင့် အနည်းငယ် လှုပ်ရှားသွားသည်။ ထိုအရာမှာ သူ့အတွက် အဓိပ္ပါယ်အရှိဆုံးနှင့် အကောင်းဆုံး လက်ဆောင်ဟု ပြောလို့ရသည်။ အတိတ်က ရှိခဲ့ဖူးသော အမှတ်တရကောင်းများထက် အဖိုးတန်သော လက်ဆောင်ဟူ၍ မရှိပေ။

[ ကျန်းချင်ယွင်က ဒီလိုတွေလုပ်တော့ ညီမရွှီတွက်တောင် ငါနည်းနည်း စိတ်ပူသွားတယ်။ အဲ့ဒါကို သူမ ရိုက်ကူးနိုင်တယ်ဆို သူမကဆရာကြီးပဲ။ ဒီရုပ်ရှင်ကနေ အဲ့အတွဲအတွက် အဲ့အချိန်တုန်းက အမှတ်တရတွေက ပြန်ရိုက်ကူးမိပြီး သက်ရောက်မှုတွေ အများကြီး ရှိလာလိမ့်မယ်။ အဲ့ဒါက အရမ်းကြည်နူးပြီး တန်ဖိုးမဖြတ်နိုင်လောက်အောင်ပါပဲကွာ။]

[ ညီမရွှီနဲ့ ဥက္ကဌမုက အတိတ်မှ ဘာအမှတ်တရမှမရှိဘူးလေ။ ဒါမှမဟုတ်လည်း ဆိုးရွားတဲ့ အတိတ်တွေပဲ ရှိမှာပေါ့။]

[ဟုတ်တယ် အဲ့အချိန်တုန်းက သူတို့ဆက်ဆံရေးက တော်တော်လေး အဆင်မှမပြေတာ။ အစပြန်ဖော်ရတာ ဆိုးလိုက်တာ။ အဲ့အတိတ်တွေကို ပြန်အစမဖော်သင့်ဘူးလေ။ ဒီလောက် ရက်စက်တာကို။]

[ဒါပေမယ့် အတိတ်ကို ပြန်မဖော်ရင်လည်း သူတို့မှာက အတူတူရှိတဲ့ အချိန်တွေက နည်းနည်းပဲ ရှိတာလေ။ ရိုးရိုးလက်ဆောင်တွေ ပေးတာကလည်း ငါတို့အားလုံးက မြင်ပြီးနေပြီပဲ။ အဲ့ဒါက ကျန်းချင်ယွင်နဲ့ သူ့သူငယ်ချင်းတွေ အတူတူရိုက်ကူးထားတဲ့ စုံတွဲမှတ်တမ်းတွေလောက်တော့ မကောင်းလောက်ဘူးနော်။]

[ဒါကြီးကြောင့် ညီမရွှီအတွက် ငါစိတ်ပူလိုက်တာ။]

ကျန်းချင်ယွင်နှင့် ရွှီယန်ယုတို့လက်ဆောင်# နှိုင်းယှဥ်မှုတွေက ရေပန်းစားတဲ့ ခေါင်းစဥ် ဖြစ်လာခဲ့သည်။ ထို့အပြင် ရေပန်းစားသော မေးခွန်းတွေလည်း ရှိနေခဲ့သည်။ နှင်းဆီခင်းနဲ့ စိန်းနန်းတော်ကြီးမှာ ဘယ်ဟာကပိုပြီး ကြည်နူးဖို့ကောင်းလဲ။

စိန်နန်းတော်ကြီးကို ရွေးချယ်မှု များခဲ့သည်။ အကြောင်းမှာ နှင်းဆီခင်းကြီးသည် စိန်နန်းတော်ကြီးလောက် အံ့ဩစရာ မကောင်းခြင်းကြောင့် ဖြစ်သည်။ အဲ့ဒါက ကြည်နူးစရာကောင်းပြီး အရမ်းလှပသည်။ ဒါပေမယ့် ထိုအရာသည် လူအများ၏ နှလုံးသားထဲမှ မအံ့ဩခဲ့ရပေ။ ထိုအရာကို ပထမဆုံးအကြိမ် မြင်လိုက်ရသူအနေနှင့် ပြောရမည်ဆိုလျှင် ထိုအံ့ဩစရာနှစ်ခု၏ ပုံစံများမှာ သိသိသာသာ ကွာခြားလှသည်။

သို့ရာတွင် ရွှီယန်ယု မုချောင်ယွင်ကို မေးမည့် လက်ဆောင်ကို ကျန်းချင်ယွင်၏ လက်ဆောင်နှင့် နှိုင်းယှဥ်ရဦးမည် ဖြစ်သည်။ သူမ ဘာပေးမလဲဆိုသည်ကို အင်တာနက်သုံးစွဲသူများမှ အလွန် သိချင်နေကြသည်။

နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မှု အသစ်ကို ထပ်မံ ပြုလုပ်ပြီးနောက်တွင် မုချောင်ယွင်၊ ရွှီယန်ယုနှင့် ပွဲစီစဥ်သည့် လက်ထောက်ဒါရိုက်တာတို့က အခြားသူများ၏ လက်ဆောင်များကို ပြသရန် ပြင်ဆင်နေခဲ့သည်။

ရွှီယန်ယုသည် ပြင်ဆင်လာသော လက်ရာမြောက်လှသည့် လက်ဆောင်အား ထုတ်ကာ မုချောင်ယွင်၏ အရှေ့တွင်ထားရန် သူမ၏ လက်ထောက်လျိုအား ပြောလိုက်သည်။ ထိုလက်ဆောင်မှာ အရမ်းမကြီးမားသော်လည်း အလွန် အနုစိတ်လှသည်။ အပြင်ဘက်တွင် ငွေအတိနှင့် ပြုလုပ်ထားသော လက်ဆောင် ပစ္စည်းလေးမှာ အင်မတန် လေးလှပေသည်။

ထိုအရာမှာ လက်စွပ်ဗူး ဖြစ်သည်။

အင်တာနက်သုံးစွဲသူများသည် အသက်ရှုတိုင်း အတွေးများစွာဖြင့် ရှိနေကာ ရွှီယန်ယုက ဥက္ကဌမုကို လက်စွပ်လက်ဆောင် ပေးမလို့လားဟု သိချင်နေတော့သည်။

ရွှီယန်ယုသည် မုချောင်ယွင်အား ခေါင်းငြိမ့်ပြကာ “ အဲ့ထဲမှာ လက်စွပ်တစ်စုံရှိတယ်။ ရှင် အဲ့ဒါကို ဝတ်ရဲလား။”

မုချောင်ယွင်သည် သူ၏ မျက်ခုံးများကို ပင့်၍ အနည်းငယ် အထင်သေးပြီး စိတ်ကြီးဝင်ကာ သူပြောလိုက်သည်မှာ သူကြောက်တာ ဘာမှမရှိဘူး။ အဲ့တော့ အဲ့ထဲကဟာကလည်း ဘာမှမဟုတ်ဘူး။

ရွှီယန်ယုသည် ပြုံးကာ တိုက်ရိုက်ထုတ်လွှင့်မှုရှိ အင်တာနက် သုံးစွဲသူများကို သက်သေထားကာ တဖြည်းဖြည်း လက်စွပ်ဗူးလေးကို ဖွင့်လိုက်သည်။ ဗူးထဲတွင် တကယ်ကို အဆင့်မြင့်လှသည့် လက်စွပ်နှစ်ကွင်းရှိကာ ထိုအပေါ်တွင် ဆဌဂံပုံစံ အရာတစ်ခု ရှိသည်။ ထိုဆဌဂံ၏ အပေါ်လေးတွင် တစ်ကာရက်ခန့်ရှိသော အနက်ရောင် ကျောက်မျက်ရတနာလေး ရှိသည်။

ထိုထူးခြားလှသော ဒီဇိုင်းလေးသည် သူမ၏ လက်ရာဆိုတာကို ထင်ရှားလှသည်။ ထိုလက်စွပ် နှစ်ကွင်းတွင် တစ်ကွင်းက အမဲရောင် တစ်ကွင်းက အဖြူရောင် အသီးသီး ရှိနေသည်။

သို့သော် ထိုလက်စွပ်သည် သပ်ရပ်ကြော့ရှင်းကာ အလိုအလျောက် ဝတ်ဆင်သော လက်စွပ်လေးဖြစ်သည်။ ထိုလက်စွပ်တွင် သေးငယ်သော အပ်ကလေး ထောင်ပေါင်းများစွာဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ ထိတ်လန့်ဖွယ်ရာ လက်စွပ်လေး တစ်ကွင်းအလား ဖြစ်သည်။

ရွှီယန်ယုပြောလိုက်သည်မှာ “အဲ့ထဲမှာ လျှပ်စစ်နဲ့ ပတ်သတ်ပြီး ပေါက်ကွဲတတ်တဲ့ အရာသေးသေးလေးတွေ ရှိတယ်။ အဲ့ဒါကို ဝတ်ပြီးရင် သေတဲ့အထိ ရှင် ချွတ်လို့မရတော့ဘူး။ ရှင်အဲ့ဒါကို အားနဲ့ဆွဲချွတ်လိုက်ရင် သေးလွန်းတဲ့အစတွေ ၄၀၀၀ ၅၀၀၀ လောက်ထိ ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားပြီး အဲ့အစတွေကနေ ရှင့်အဆိပ်မိပြီး သေသွားလိမ့်မယ်။ အဲ့ဒါကို ချွတ်တာနဲ့ ချက်ချင်းသေသွားလိမ့်မယ်။ အခု ကျွန်မလည်း ဝတ်လိုက်မယ်။ ဒီလက်စွပ်နဲ့အတူ ရှင့်ရဲ့အသက်ကို တပေါင်းတစည်းတည်း ထားဖို့ ရှင် ဆန္ဒရှိလား။ ဒါဆို ကျွန်မတို့တစ်သက်လုံး တူတူနေပြီး ထာဝရ ရှိနေတော့မှာ။”

သူမအဲ့လိုပြောပြီးသည်နှင့် အားလုံးက ထိတ်လန့်သွားခဲ့ရသည်။

[ သေစမ်း။ ဒါကြီးက တကယ်ရူးနေတာပဲ။ ဘုရားဘုရား။ အဲ့လက်စွပ်ကို ဝတ်လိုက်တာနဲ့ ကွာရှင်းဖို့က တော်တော် ခက်သွားပြီပဲ။ ဥက္ကဌမုရေ သေချာတွေးဖို့လိုတယ်နော်။ အဲ့ဒါကို ဝတ်ပြီးတာနဲ့ မင်းသေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် အတူရှိနေရတော့မှာ။ မင်းဘဝတစ်လျှောက်လုံးမှာ ရွှီယန်ယုဆိုတဲ့ သင်္ကေတတစ်ခုပဲရှိရတော့မှာနော်။ တစ်ယောက်ကိုတစ်ယောက် ထုဆစ်ထားရတော့မှာနော်။ မင်း မသေမချင်း အဲ့လက်စွပ်က ချွတ်လို့ မရတော့ဘူး ]

မုချောင်ယွင်ရဲ့ လုပ်ရက်က စက္ကန့်ပိုင်းလောက် အင်တာနက် အသုံးပြုသူတွေကို အသက်ရှုရပ်မတက် ဖြစ်သွားခဲ့ရသည်။ သူ့တို့စိတ်တွေကလည်း မှင်သက်နေခဲ့သည်။ ဘာလို့ဆို ထိုရူးသွပ်စရာကောင်းတဲ့ အခြေအနေကြီးက လူတိုင်းကို အဲ့အခိုက်အတန့်လေးမှာတင်ပဲ ရပ်နေစေဖို့ ဆုတောင်းစေခဲ့တော့သည်။

မုချောင်ယွင်သည် လက်စွပ်ကိုယူကာ မတုံ့မဆိုင်းဘဲ သူ့လက်တွင် ဝတ်ချလိုက်သည်။ သူ့မျက်နှာတွင် ရန်စနေသည့် အရိပ်အကဲလေး အနည်းငယ်ရှိနေသည်။

သူ၏လက်သူကြွယ်တွင် ထိုလက်စွပ်ကို ဝတ်ဆင်ကာ သူ့လက်ကို ပြသရန် လက်ကိုမြှောက်လိုက်ပြီးနောက် ကင်မရာဘက်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြလိုက်သည်။

အားလုံးကလည်း ရင်ထဲတွင် ဟောခနဲ ဖြစ်သွားကြသည်။

' လက်စွပ်နှင့်ပတ်သတ်လို့ ဘာမှ မထူးခြားပေမယ့် သူ လက်စွပ်ကို ဝတ်လိုက်ချိန်မှာ လက်စွပ်က နည်းနည်း ကျုံ့သွားတာကို သူ သေချာခံစားလိုက်ရတယ်။ တစ်ခုခုက သူ့ လက်ပေါ်မှာ လာပတ်လိုက်သလိုပဲ။ အဲ့ခံစားချက်က သူ့အသွေးသားထဲကို တစ်ခုခုက ချိတ်ဆက်လိုက်ပုံပင်။'

'အဲ့ဒါက ဒီလက်စွပ်ရဲ့ သူ့ဘေးနားက အမျိုးသမီးလေးနဲ့ လုံးဝ ဆက်နွယ်လိုက်သလိုပဲ ဖြစ်ပုံရတယ်။'

'အဲ့ထဲမှာ ဘယ်လိုပဲ ပေါက်ကွဲကွဲ အဆိပ်ပဲရှိရှိ၊ အဲ့ဒါက တကယ်တော့ Schrodinger ရဲ့မေးခွန်းတွေလိုပါပဲ။ သူ့ရဲ့ ရှုထောင့်ကကြည့်ရင် အဲ့ဒါက တကယ့်ကို မသိရတဲ့အရာပဲ။'

'အဲ့တော့ မေးရမှာက သူက မသိရတဲ့ပြဿနာကို လန့်နေမှာလား။ ကြောက်နေမှာလား။ အဲ့ပြဿနာကို ရင်ဆိုင်ဖို့ အရည်အချင်းရှိလား ဆိုတာပဲ။'

'တစ်ခြားနည်းနဲ့ပြောရရင် မင်းက ဒီမက်လုံးပေးတာကို လက်ခံဖို့ ဆန္ဒရှိ မရှိဘဲ။ အဲ့ဒါက အန္တရာယ်ရှိတာ မင်းသိတယ်ဆိုရင်တောင် အဲ့ရွေးချယ်မှုကို မင်းလုပ်မှာလားဆိုတဲ့ မေးခွန်းမျိုးပဲ။'

'ဒါမှမဟုတ်လည်း ယောက်ျားတစ်ယောက်က သူ့ရဲ့အမည်ခံ လက်တွဲဖော်တစ်ယောက်နဲ့ အန္တရာယ်ကြုံရတဲ့အခါ ဒါမှမဟုတ် ကြီးမားလွန်းတဲ့ ကပ်ဘေးတစ်ခုခုကြုံတဲ့အခါမျိုးဆို အဲ့အခြေနေကို သူ ဖြေရှင်းနိုင်မှာလား။ သူ့မှာ အဲ့ဒါကို ပြောင်းလဲဖို့ အရည်းအချင်းရောရှိလား။ အဲ့လူက လုံလောက်အောင် သန်မာပြီး မင်းကရော သူ့ကို ယုံလို့ရလား။'

လူအများစုကတော့ ဘဝမှာ သေလောက်တဲ့အရာမျိုး ကြုံတဲ့အခါ အဲ့ဒါက လွယ်ကူတဲ့ ရွေးချယ်မှုလို့ပဲ ခံစားရလိမ့်မည်။ တကယ်က ဘယ်သူမှ သေခြင်းတရားကို ရွေးကြမှာ မဟုတ်ပေ။ အဲ့တော့ သူတို့က အစထဲက အဲ့လက်စွပ်ကို ဝတ်ဖို့ ရွေးကြမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့က အစထဲက ဝတ်လိုက်မယ်ဆိုရင်လည်း အဲ့ဒါက သူတို့အတွက် အန္တရာယ်ရှိတယ်ဆိုတာ မသိလို့ပင်။ ဒါပေမယ့် သူတို့က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ယုံကြည်ချက်ရှိတဲ့သူဆိုရင် အဲ့ကိစ္စကို အေးဆေးပဲ ရင်ဆိုင်နိုင်လိမ့်မယ် ဒါမှမဟုတ်လည်း အဲ့အန္တရာယ်ကို ပြေလည်သွားစေလိမ့်မည်။

ရွှီယန်ယု တကယ်လိုချင်တာက သူ့ရဲ့ အပြုအမူကိုပဲ။ ဒီလိုအရာတွေက လွယ်လွယ်လေးပဲ စမ်းသပ်လို့ရသည်။ တစ်ခါတစ်လေ လူတစ်ယောက်ကို ယုံမှာလား ငြင်းမှာလားဆိုတာ အဲ့ဒါ သူတို့ရဲ့ အတွေးသပ်သပ်ပင်။ အဲ့အခက်အခဲကို ကျော်လွှားနိုင်ရင် နောက်ကျရင် သူတို့နှစ်ယောက်ကြားမှာ ဘာပြဿနာမှ မရှိတော့ချေ။ အဲ့တော့ သူမတကယ် မြင်ချင်တာက မုချောင်ယွင်က ဘာကိုရွေးမလဲဆိုတာကိုပဲ။

ဒီ နည်းပညာမြင့် လက်စွပ်ကို ချွတ်ရင် သူသေမယ်လို့ ပြောခဲ့တယ်မလား။ Schrodinger ရဲ့ သေတ္တာကို မဖွင့်ခင်က ဘာဖြစ်မလဲဆိုတာကို ဘယ်သူမှ မသိခဲ့ပေ။ သူတို့အားလုံး ပြောနိုင်တာက ဖြစ်နိုင်ခြေက ၅၀ ရာခိုင်နှုန်းပင်။ ပြီးတော့ အဲ့ဒါကို ကြုံလိုက်ရတာက စွန့်စားလိုက်ခြင်းရဲ့ အကျိုးဆက်ပဲ။

ဒီရက်တွေမှာ ရွှီယန်ယုက မုချောင်ယွင်နှင့် အဆက်သွယ်အချို့ ရှိနေခဲ့သည်။ သူ့ရဲ့ စိတ်က ခန့်မှန်းဖို့ ခက်သော လူတစ်ယောက်ဟု သူမ ခံစားခဲ့ရသည်။ အပေါ်ယံမှာတော့ သူက ပိုက်ဆံတွေ အများကြီးသုံးပြီး တစ်ခုခုလုပ်ဖို့ ဆန္ဒရှိနေတယ်ဆိုပေမယ့် သူက သူ့ကိုယ့်သူပြန်ပြီး စမ်းသပ်နေခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ သူက အရမ်းခက်ခဲတဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူတောင် မခန့်မှန်းနိုင်ပေ။

အဲ့တော့ ဒါက တကယ်နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာလို့ သူမထင်ပေ။ အကြောင်းက သူကအဲ့နေရာမှာ အတွေ့အကြုံရှိတဲ့သူ မဟုတ်ဘူး။ ဒီကမ္ဘာမှာ အကြောင်းပြချက်မှမရှိဘဲ ကောင်းပေးတယ်ဆိုတာ မရှိဘူး။ အဲ့ဒါက အကျိုးအမြတ်တစ်ခုထဲပဲ။

မုချောင်ယွင်ရဲ့ အခြားလူတွေရဲ့ လုပ်ငန်းစုတွေကို လက်ဝါးကြီးအုပ်တဲ့ နည်းလမ်းကလည်း တော်တော်လေး ကြောက်စရာကောင်းသည်။ ငါတို့သူ့ကို လွယ်လွယ်လေး အနိုင်ယူလို့မရဘူး။ အကြောင်းမှာ သူကအပေါ်ယံမှာပဲ သိမ်မွေ့ပြီး ယဥ်ကျေးသလို ရှိပုံရတာ ဖြစ်သည်။

အကြောင်းမှာ သံသယရှိသည်မှာ အလွန်အကျဥ်တန်သော စိတ်ဓာတ်မျိုးဖြစ်သည်။ တကယ်လို့ သင်က လူတစ်ယောက်ကို ရာနှုန်းပြည့် မယုံဘူးဆိုရင် သင်က ရာနှုန်းပြည့် သံသယဖြစ်နေလိမ့်မည်။ အထူးသဖြင့် လူတစ်ယောက်ရဲ့ ဂုဏ်ပုဒ်က ပိုမြင့်လေ၊ သစ္စာဖောက်မှုတွေကို သူက ခံရလေပင်။ တကယ်လို့ သူက သစ္စာဖောက်မှုတွေကို လက်မခံဘူးဆိုရင် အပေါ်ကပြောခဲ့သလိုပဲ သူ့မှာ သံသယတွေနဲ့ ရာနှုန်းပြည့် ဖြစ်နေပုံရှိသည်။ လူတွေရဲ့ သဘောသဘာဝက ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးအရာ ဖြစ်သည်။

ဒါပေမယ့် ဒီလက်စွပ် ရှိနေသ၍ ထိုကဲ့သို့သော စိတ်ခံစားမှုမျိုးကို လုံးဝရှောင်ရှားနိုင်မည် ဖြစ်သည်။ ဒါ့အပြင် သေခြင်းတရားရဲ့ ခြောက်လှန့်မှုကိုတောင် မကြောက်လန့်တော့မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့ပြဿနာများသည်လည်း အကြာကြီးရှိနေမှာမဟုတ်ဘဲ အချို့သော ယုံကြည်မှုမျိုးကိုလည်း ယုံကြည်ဖို့ ရွေးချယ်နိုင်သည်။ ဒါ့အပြင် အချို့သော သစ္စာဖောက်မှုမျိုးကိုတောင် သစ္စာဖောက်ခံရတယ်လို့ အကြာကြီး မယူဆလို့ရသည်။

ရွှီယန်ယုသည် တကယ်ကို ရူးနေသော သူတစ်ယောက်ပင် ဖြစ်သည်။ သူမသည် ထိပ်ဆုံးသော လူ့အလွှာ ဂုဏ်ပုဒ်ဆီသို့ ရောက်ချင်သူ ဖြစ်သည်။ အနည်းဆုံးတော့ သူမသည် အနာဂတ်တွင် မုချောင်ယွင်၏ လက်အောက်ခံ မဟုတ်တော့ပေ။

ပြောရမယ်ဆိုရင် အဲ့အချိန်တုန်းက ရွှီယန်ယုသာ မုချောင်ယွင်နဲ့ မဆုံခဲ့ဘူးဆိုရင် သူမလည်း သူ့အကြောင်းကိုသိပြီး သူမလိုပဲ သူလည်း ရူးနေသည့် သူတစ်ယောက်လို့ ခံစားခဲ့ရမည် ဖြစ်သည်။ ဒါ့အပြင် သူ့အတွက် အသက်ငယ်ငယ်လေးနဲ့တင် ဒီလို ထိပ်တန်း အောင်မြင်နေတဲ့ သူတစ်ယောက်ဖြစ်လာဖို့ မဖြစ်နိုင်လောက်ပေ။

'သူက ကြမ်းတမ်းပြီး အကြောက်အလန့်မရှိဘဲ သူမလိုမျိုး အကြံကြီးကြီးတွေ ရှိတယ်။ ပြီးတော့ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ ခံစားချက်အချို့နဲ့ သူ့ရဲ့ ရူးမိုက်တဲ့ အတွေးတွေက သူမလို အရမ်း တစ်သမက်တည်းပဲ။'

သူမကိုယ်တိုင်ကလည်း အဲ့လိုလူမျိုးဖြစ်သည်။ ဒါ့ကြောင့် ထိုကဲ့သို့သော သူမျိုးသည် ဘယ်လောက် အန္တရာယ်များသည်ကို သူမ သိသည်။ ပြီးတော့ သူမတွင် ထိုကဲ့သို့သော သူများနှင့် အပေးအယူလုပ်ဖို့ နည်းလမ်းများလည်းရှိသည်။

တွေးထားသလိုပဲ ဒီတစ်ခါ မုချောင်ယွင်ရဲ့ ရွေးချယ်မှုဟာ သူမကို စိတ်မပျက်စေခဲ့ပါ။ သူသည် သေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ လက်စွပ်ကို ဘာတုံ့ဆိုင်းမှုမှမရှိဘဲ ဝတ်ဆင်ခဲ့သည်။

ထိုရွေးချယ်မှုသည် တကယ်တမ်းတွေ မျှခြေညီသော ဆက်ဆံရေးမျိုးဖြစ်ကာ ညီမျှတဲ့ ပြိုင်ဘက်တွေ၊ ညီမျှတဲ့ လင်မယားတွေဖြစ်ကာ ထိုကိစ္စမှ တူညီသော အရာများကို ရင်ဆိုင်ကြရမည် ဖြစ်သည်။

ညီတူညီမျှဖြစ်ဖို့သည် ကမ္ဘာပေါ်တွက် အခတ်ခဲဆုံး အရာတစ်ခု ဖြစ်သော်လည်း အချို့သောသူများသည် မညီမျှမှုများဖြင့် မွေးဖွားလာခဲ့ကြသည်။ ထိုအရာမှ မုချောင်ယွင်မှ ရွှီယန်ယု၏ အရည်အချင်းကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူလက်စွပ်ကို ဝတ်လိုက်သည့် အချိန်တွင် ရွှီယန်ယုကို ညီတူညီမျှထားကာ လေးစားသည်ကို လက်ခံခဲ့သည်။ ထို့ပြင် ခြိမ်းခြောက်မှုသည်လည်း ခြိမ်းခြောက်မှုမျိုး မဟုတ်ဘဲ ထိုအရာဟာ စမ်းသပ်မှုတစ်ခုဟု သူသိခဲ့သည်။

တကယ်လို့ မုချောင်ယွင်သည် မသိရသော ဘေးအန္တရာယ်အချို့ကို တကယ်မရင်ဆိုင်နိုင်ခဲ့လျှင် သူသည် အကြိမ်များစွာ သေဆုံးနေခဲ့ရပြီ ဖြစ်သည်။ ထိုအရာသည် ထုံးစံလိုဖြစ်ကာ သူလည်း အသက်ရှင်နေပြီး ကောင်းနေသေးသည်။ ထို့ကြောင့် သူသည် ပိုပြီး အင်အားကြီးလာကာ သန်မာလာခဲ့ခြင်း ဖြစ်သည်။

လက်စွပ်စွပ်ပြီးသည့်နောက်တွင် သူ့စိတ်ထဲသို့ အတွေးတစ်ခု ရောက်လာခဲ့သည်။ လွန်ခဲ့တဲ့လတုန်းက ရွှီယန်ယုဆီမှာ ဘယ်လို ပြောင်းလဲမှုမျိုး ဖြစ်ခဲ့ပါစေ ကိစ္စမရှိဘဲ ယခုလို တကယ်သန်မာတဲ့ မိန်းမမျိုးကို အရင်က မူလပုံစံနှင့် ဘယ်လိုမှ နှိုင်းယှဥ်လို့မရပေ။

အခုအခါ ရွှီယန်ယုသည်သာ မုချောင်ယွင်မှ သာတူညီမျှ ဆက်ဆံသော သူပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ဆက်ဆံရေးက ဘယ်လိုပဲ ဖြစ်ဖြစ်၊ သူတို့သည် အတူရှိဖို့ ကံတရားက သတ်မှတ်ပြီးသား ဖြစ်သည်။

[အခြားသူတွေ ချိန်းတွေဖို့က ပိုက်ဆံလိုပြီး ညီမရွှီနဲ့ ချိန်းတွေ့ဖို့က အသက်ပဲလိုတာ။ ဒါပေမယ့် ပိုက်ဆံရော အသက်ရောက အရေးကြီးတယ်လေ။ ရိုးရိုးသားသားပြောရရင် သူတို့က တကယ်လိုက်ဖက်ကြတဲ့ သူတွေပဲ ဘာလို့ဆို နှစ်ယောက်လုံးက ရူးနေကြလို့ပဲ။ သူတို့ထဲက တစ်ယောက်သာ ပြောင်းလဲသွားကြည့် သူတို့က သေချာပေါက် ခန့်ခွဲနိုင်ကြမှာ မဟုတ်တော့ဘူး။]

[ မုချောင်ယွင်နဲ့ ရွှီယန်ယုက တကယ် လိုက်ဖက်တဲ့သူတွေ။ ဘယ်ပြန်ပြောတာကိုမှ ငါလက်ခံမှာ မဟုတ်ဘူးနော်။ သူတို့ရဲ့ တူညီတဲ့ လက္ခဏာတွေ ထပ်တူကျတဲ့ စိတ်တွေကို ငါ မြင်ပြီးပြီ။ သူတို့က ရူးတယ်ဆိုပေမယ့် အဲ့လို ရူးနေတဲ့အတွဲကပဲ လိုက်ဖက်ပြီး တစ်ယောက်ကို တစ်ယောက် ချစ်နေကြတာလေ။]

[ဝိုး။ ငါပါ ရူးနေပြီလား။ သူတို့ရဲ့ ရူးရူးမိုက်မိုက် ချစ်နေကြတာက တကယ် ကြည်နူးဖို့ကောင်းတယ်လို့ ငါ ခံစားမိတယ်။ သူတိူ့ကြားက ပြင်းထန်လွန်းတဲ့ ဆွဲအားတွေကြောင့် ကျဥ်ကျပ်တဲ့ စိတ်ခံစားချက်တွေက အဓိကဖြစ်ပြီး သူတို့က အရမ်း လိုက်ဖက်လွန်းတယ်။ တကယ် လိုက်ဖက်တယ်။ ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်လောက် လွန်ဖက်လွန်းတဲ့သူ ဘယ်လိုရှိနိုင်မှာလဲ။]

[ သူဌေးမုရဲ့ ရူးသွပ်တဲ့ အကျင့်စရိုက်ကြောင့် အခုလေးတင် မျှခြေညီတဲ့ ငါ့စိတ်ကို ရှာတွေ့ခဲ့တယ်လို့ ခံစားရတယ်။ ဒါက အပြင်က ဂုဏ်တွေကြောင့်ပဲ မဟုတ်ဘူး။ ဒါပေမယ့် အဲ့တူညီတဲ့ သန်မာမှုမျိုးကို ငါ့စိတ်ထဲမှာလည်း ခံစားလို့ရတယ်။ သူတို့အတွဲက တကယ်ကို အခြားအတွဲတွေနဲ့ ကွဲပြားနေတာ ဖြစ်မယ်။]

[အပေါ်က တစ်ယောက် ပြောတာ မှန်တယ်နော်။ အဲ့အတွဲကို ငါတွေ့လိုက်တိုင်း အဲ့အကြောင်းကိုပြောတာ မရပ်တော့ဘူး။ ကံကောင်းလို့ ညီမရွှီက ဥက္ကဌမုကို ယူသွားလို့။ အကယ်၍ အဲ့လိုလူသာရှိသေးရင် သေချာပေါက် ပိုက်ဆံအတွက် သူတို့ကို သတ်သွားမှာ။ သူမလိုတော့ အောင့်အီးပြီးနေမှာမဟုတ်ဘူး။]

[တကယ်လို့ မစ္စတာမုက သူ့မိန်းမကို ပြောင်းလဲရင်တောင် သူက အရင်လိုပဲ ရှိနေဦးမှာပဲ။ သေချာပေါက် မညီမျှတဲ့ ဆက်ဆံမှုမျိုးပဲ။ ပြီးတော့ညီမရွှီက ကွာရှင်းဖို့ သတင်းတွေ ထွက်လာလိမ့်မယ်။ အဲ့တော့ တခြားသူတွေရဲ့ ကံကြမ္မာက ဝမ်းနည်းစရာတွေ ဖြစ်သွားနိုင်တယ်။ ဘယ်သူပဲ ပြောင်းလဲလဲ ကိစ္စမရှိဘူး။ သူတို့ကသာ ကမ္ဘာပေါ်မှာ တကယ်ကို အလိုက်ဖက်ဆုံး အတွဲပဲ။]

All Chapters