အခန်း (၂၅)
Vol. 3 Ch. 25
ထိုကိစ္စတစ်ခုလုံးကြောင့် Weibo ပေါ်တွင် အရှိန်မြင့်သော ဆွေးနွေးမှုတစ်ခု ဖြစ်လာခဲ့သည်။
[FDA က ဒီတစ်ခါတော့ တကယ်အရှက်မရှိတာပဲ။ ရွှီယန်ယုကို ဒုတိယအနေနဲ့ ထားထားရုံမကဘူး သူမရဲ့ အောင်မြင်မှုတွေကိုလည်း လာအသုံးချနေတယ်။ မသိတဲ့သူတွေကတော့ ရွှီယန်ယုက အဲ့ဆုကိုရမယ် ထင်နေကြတာပေါ့။]
[ စီမာကျောက်ရဲ့ရင်ထဲမှာတော့ ရွှီယန်ယုရဲ့ အောင်မြင်မှုက တစ်ကယ်ကို ကြီးမားတယ်လို့ ငါထင်တယ်။ သူမ ကြပ်တည်းမှုတွေနဲ့ ခေါင်းစဥ်တွေကို တကယ်ဆွဲဆောင်နိုင်တာပဲ။]
[ ဒီတစ်ခါတော့ ဒုတိယဆုရဖို့ ကံပါတယ်လို့ပဲ ငါတော့ထင်တယ်။ ဒီလိုမျိုး သိုးသားဆို ခွေးသားလိမ်ရောင်းနေတာမျိုးတွေက ခနခန မြင်ဖူးပြီးသွားပြီ။]
[အခြား ဒီဇိုင်နာတွေနဲ့ ယှဥ်ရင်တော့ သူမက မျှော်လင့်ချက်လေး နည်းနည်းတော့ ရှိပါတယ်။ ငါတို့ပြောလို့ရတာ တစ်ခုက သူမ ဒီပွဲတွေကို ပါဖို့က အရေးကြီးတယ်ဆိုတာပဲ။ သူမ အတွက်တော့ ဒီဆုကရဖို့ ခက်ခဲမယ်ထင်တယ်။]
[သူမလည်း မျှော်လင့်ချက် နည်းနေပြီ တကယ် သနားဖို့ကောင်းတယ်။]
ကျန်းချင်ယွင်က El ကျွန်းကနေ ပြန်လာခဲ့ပေသည်။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို မပြုလုပ်နိုင်သော်လည်း လူမှုကွန်ယက်ပေါ်တွင် တက်ကြွစွာဖြင့် သူမ၏ အကြိုက်ဆုံး ဆန်ကာတင် ဒီဇိုင်နာကို ဆုရဖို့ရန်အတွက် ကူညီပေးနေခဲ့သည်။ သူမ ဒီလိုလုပ်လေလေ၊ ရွှီယန်ယုကို ဆုမရစေချင်သည်မှာ သိသာလေလေဖြစ်ပေသည်။
[ကျန်းချင်ယွင်က အခုချိန်မှာ အရမ်းပျော်နေသလိုပဲ။ ကျွန်းပေါ်မှာရှိတုန်းက သူမက အဓိက အာရုံစိုက်ခံရတဲ့သူလေ။ ရွှီယန်ယုက အဲ့တုန်းက အရမ်းရေပန်းစားခဲ့တဲ့ တစ်ယောက်တည်းသောသူလေ။ အခြားသူတွေက ဘာစိတ်ဝင်စားမှုမှ မခံခဲ့ရတာ။]
[သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပွဲတိုးတဲ့ ဆက်ဆံရေးလေ။ အဲ့တော့ ဒီလောက်အံ့သြစရာမရှိဘူး။ ရွှီယန်ယုဆုရဖို့ မျှော်လင့်ချက် မရှိတဲ့သူတွေက အင်တာနက်လည်းမသုံး၊ သူ့ကိုလည်း အားမပေးကြတဲ့သူတွေပဲ။ အဲ့ထဲမှာ ကျန်းချင်ယွင် ကိုယ်တိုင်လည်းပါတယ်။]
[ဒီလိုအရဆိုရင်တော့ ရွှီယန်ယုဆုမရရင် ကျန်းချင်ယွင်တစ်ယောက်တော့ အောင်ပွဲခံနေတော့မယ်။]
[ ကြည့်ရတာ အဲ့ဂုဏ်ပြုပွဲက အခုထဲကစပြီး အာဃာသ အသစ်တွေရော အဟောင်းတွေရော ပေါင်းပြီး ကျင်းပနေပြီထင်တယ်။ သူ့ကိုမမုန်းတာက တော်တော်တော့ ခတ်ခဲတာပဲ။]
စီးပွားရေးအဓိကလုပ်တဲ့ အကောင့်တွေကလည်း ရွှီယန်ယုရဲ့ ဆုနိုင်ရနိုင်ခြေရှိတာကို တင်နေကြသည်။ ထို့အပြင် တစ်ချိန်တည်းမှာပဲ ဆုနှင့်ပတ်သတ်သည့်အရာကို အကျဥ်းချုပ်ကာ အစပျိုးခဲ့ကြပေသည်။ ကောမန့်များမှာ သဘောကျဟန်မရှိပေ။ အကြောင်းမှာ လူသိရှင်ကြားထိုးဖောက်သည့် အရှိန်မှာ ထူးဆန်းလှပေသည်။ ဒီ့အပြင် ထိုအရာသည် လူထုအပေါ် စိတ်မသက်မသာဖြစ်စေကာ ခန့်မှန်းမရသဖြင့် ခြုံကြည့်ရင် ထိုအရာများမှာ ဘယ်လိုမှန်းမသိဖြစ်နေပေသည်။
အင်တာနက်အသုံးပြုသူများသည် ထိုအရာကို ခန်းမှန်းခဲ့ကြပေသည်။
[ ရွှီယန်ယုရဲ့ ဆုရနိုင်ချေကတော့ သုညပဲ]
ဒါပေမယ့် အဲ့ဒါက ဆုသပ်သပ်သာဖြစ်သည်။ အင်တာနက်တစ်ခုလုံးရှိ သူများမှာ အကောင်းမမြင်ကြပဲ ဝေဖန်စရာ အတိဖြစ်နေသည်။ အပြန်မလှည်ပြောဆိုကြသည့် ထိုအရာတွေမှာ အဖွဲ့အစည်းတစ်ခုလုံးအား ရယ်စရာဖြစ်နေသည်အထိ ပြောစမက်ဖြစ်သည်။
FDA ကပို့လိုက်သော ရွှီယန်ယု၏ ပိုစတာအား မုချောင်ယွင် သဘောကျနေသည်ကို တစ်စုံတစ်ယောက်က ရှာတွေ့ခဲ့သည်။ ထို့အပြင် သူ၏ ပင်မမျက်နှာပြင်ပေါ်တွင် ရွှီယန်ယု၏ ပုံမှာ ရုတ်တရက်ပေါ်လာသည်။ အင်တာနက် သုံးစွဲသူတွေဟာ ထိုအရာကို အမှတ်မထင်တွေ့လိုက်ရကာ သူ့တို့၏ မျက်လုံးများကိုပင် ပွတ်နေကြတော့သည်။
[ ငါများမှားသွားတာလား။ သုံးနှစ်လောက် သူတို့စုံတွဲက တစ်ယောက်နဲ့တစ်ယောက် မပြောမဆိုဖြစ်နေတာလေ။ စစမြင်တုန်းက အဲ့ဒါကို အကောင့်တုကြီးထင်နေတာ။]
[တစ်ကယ်ကိုပဲ။ မစ္စတာမု မင်းဖုန်း ဟက်ခ် ခံရတာလား။ ပြန်ပေးပဲဆွဲခံလာရတာလား။]
[ဒါက မစ္စတာမု သူ့ဟာသူ အားပေးခဲ့တာလား။ တကယ်ကို ယုံဖို့ခက်ခဲတယ်။ သူတစ်ခုခုတော့ ဖြစ်နေပြီ။ ငါတစ်ကယ် တုန်လှုပ်သွားတာ။ သူဆေးများ မှားသောက်လာတာလား ငါသိချင်လိုက်တာ။]
[သူတို့က မပြောမဆိုဖြစ်တာ သုံးနှစ်လောက်ရှိနေပြီ။ လူမှုကွန်ယက်ပေါ်မှာဆို သူတို့တစ်ယောက်နာမည်တောင် သူတို့မတွေ့ကြဘူး။ သူတို့အဲ့လိုသာ တစ်ယောက်နဲ့တစ်ယောက် မပြောမဆိုကြရင် သူတို့လင်မယားတွေဆိုတာကိုပါ မေ့သွားတော့မယ်။]
[တစ်ကယ်ပဲ။ အရင်တုန်းကသူတို့ရဲ့အခြေအနေက မှားနေတယ်လို့ ငါခံစားမိတယ်။ သူတို့ Isle ကျွန်းကိုလက်ဆောင်ပေးတာတွေ ရှိပေမယ့် အပြင်ပန်းမှာတော့ သူတို့က ဘာစကားမှ မပြောကြဘူး။ အောင်မြင်နေတဲ့လောကကြီးမှာ သူတိူ့အတွဲက ငါမြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးပဲ။]
[ငါလည်း နည်းနည်းတောင်ရှုပ်သွားတယ်။ သူတို့ကအရင်က မဆက်သွယ်၊ စကားမပြောနဲ့ တစ်နှစ်မှာ ခနခနတောင် မတွေ့ဖြစ်ကြဘူးလေ။ သူတို့ရဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဘာတွေကိုများ မှီခိုထားလဲမသိ။ အဲ့ဒါက တစ်ကယ်ကောင်းပြီး အပြင်မှာ မမြင်ရဘူးဆိုရင်လည်း တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အများကြီးပေးနေလို့လည်း ကောင်းလာမှာမဟုတ်ဘူး။ ဒါက တကယ်ငြင်းမရတဲ့ဟာပဲ။]
[လက်တွေ့ကျကျ ပြောရမယ်ဆိုရင်လည်း သူတို့လင်မယားကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်နေပြီလဲ။ လူသားတွေမဖြေရှင်းနိုင်တဲ့ ထိပ်တန်း ထူးဆန်းတဲ့ ပြဿနာအဖြစ်ပဲ စူးစမ်းကြတာပေါ့။]
[ မရိုးမယွဖြစ်နေတယ်ခံစားရတာ ငါတစ်ယောက်ထဲလား။ အားလုံးက ရွီယန်ယုရဲ့ဆုကို မရနိုင်မှန်သိရက်နဲ့ ပါဝင်ခိုင်းထားတာပဲလား ဆိုပြီးတွေးနေကြတယ်။ ဒါပေမယ့် မစ္စတာမုတောင် သူ့ကိုအားပေးခဲ့တာပဲလေ။ ဆိုလိုတာက သူက သူမကို အများကြီးအားပေးထားတာပဲ။ ဘယ်သူမှ သူ့ကိုအားမပေးရင်တောင် သူကတော့ ဘေးနားကနေ ဘာမှမပြော နောင်တမရပဲ ရှိနေပေးလိမ့်မယ်။ ဒီပုံစံက အရမ်းချစ်ဖို့ကောင်းတာပဲ။]
[ ပြောရမယ်ဆိုရင်လည်း မုက တကယ်ကို ယောက်ျားကောင်းပဲ။ တစ်ခြားသူတွေ ဘယ်လိုပဲပြောပြော ကိုယ့်မိန်းမကိုယ် သူလိုအပ်ချိန်တိုင်း ဘေးနားမှာ ရပ်တည်ပြီးရှိပေးနေတာပဲ။]
[ဟုတ်တယ်မလား။ မင်းတစ်ခုခုကိုကြိုက်တယ်ဆိုရင် ဒါကတော့ ပုံမှန်အရာတစ်ခုပဲလေ။ အဲ့လိုပုံမှန်အရာတွေက အရေးကြီးတယ်လို့တော့ မထင်ပါဘူး။ ဒီလိုဆုပေးတဲ့အချိန်က အရေးကြီးဆုံးနဲ့ အဖိုးတန်ဆုံးပါပဲ။]
[ အဲ့ဒါတွေအကုန်လုံး မစ္စတာမုက လူကောင်းတစ်ယောက်ဆိုတာ ညွှန်ပြနေတာပဲလေ။ သူကတစ်ကယ် နှိမ့်ချတတ်ပြီး တစ်ကယ်ကောင်းတဲ့သူပဲ။ တစ်ခြားယောက်ျားတွေထက် အများကြီးသာတယ်။]
[ ဝိုးဝိုး၊ မစ္စတာမုရေ သူ့ကိုအရမ်းမချစ်မိစေနဲ့။ ဒီတစ်ခါ ရွှီယန်ယု ဆုမရခဲ့ရင် တစ်ကယ်သနားစရာကောင်းတာပဲ။]
[မုချောင်ယွင်က သူ့ကိုချီးကျုးနေတာ လုပ်လေ့မရှိတဲ့ ဆုံးဖြတ်ချက်လို့ မင်းတို့ မထင်ဘူးလား။ ဒါပုံ အာဏာရှိတဲ့အထက်တန်းမိသားစုတွေရဲ့ ဆုတစ်ခုရဖို့အတွက် လုပ်တဲ့ပုံစံမဟုတ်ဘူး။]
[ မင်း ဒါကိုနားမလည်ဘူးလား။ ရှန်ဖန့်ရဲ့ live မတိုင်ခင်တုန်းက လိကဲ့ပုက တစ်ခါပြောဖူးတယ်လေ။ ဒီဆုက အာဏာရှိပြီး ချိုးဖျက်ဖို့မဖြစ်နိုင်ဘူးတဲ့။ ဒီ Pheasant ဆုက တစ်ခါတစ်ရံမှ ပေးတာ၊ အဲ့တော့ FDA ဒီဇိုင်နာအဖွဲ့ချုပ်က တစ်ကယ် ထိုက်တန်တဲ့သူကိုပဲ ပေးလိမ့်မယ်။]
[ ပြီးတော့ မစ္စတာမုက ဒီဆုအတွက် ဘာလို့ အားအကုန်ခံနေမှန်း ငါတော့နားမလည်တော့ဘူး။ ဒါက တစ်ခြားသူတွေအတွက် ဖြစ်နှင့်ပြီးသားကို။]
[ဒါကအချစ်ကြောင့်လေ၊ ရီသေတော့မယ်။]
မုချောင်ယွင်ရဲ့ သဘောကျနေတဲ့ပုံက Weibo ပေါ်တွင် ရေပန်းစားသော အရာတစ်ခုဖြစ်လာသည်။ ထိုအရာမှာလည်း လူအများ၏ ထင်မြင်ချက်သပ်သပ် ထည့်ထားခြင်းပင်ဖြစ်ပေသည်။ ထိုအချိန်တွင် ရွှီယန်ယုပုံ ပါဝင်သော ဆုပေးစင်ပေါ်တွင် မုချောင်ယွင်နှင့် ဓာတ်ပုံရိုက်ရင်း ပြေးလွှားသွားကြသည်။
ထို့နောက် သူသည် နိုင်ငံခြားမှလေလံပွဲတစ်ခုအတွက် ဖိတ်ကြားခံထားရခြင်းဖြစ်သည်။ ဇိမ်ခံကားကြီးထဲမှ ထွက်လာပြီးနောက် တစ်ခြားတစ်ဖက်ကနေလည်း တစ်ချိန်တည်းမှာပဲ ကားမောင်းသမားမှ ကားတံခါးကိုဖွင့်လိုက်သော် ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ယောက် ဆင်းလာသည်။
တစ်ခြားသူများသည် နေကာမျက်မှန်အမဲကြီးများ၊ ဦးထုပ်အမဲများ၊ အမဲရောက် အမွှေးထူခြံထည်များ ဝတ်လာကြသော်လည်း သူမ ဝတ်လာသည်မှာ ဘာနှင့်တူမှန်းမသိဖြစ်ကာ တင်းတင်းမာမာရှိနေပေသည်။
သို့သော် အဓိကသေချာသည့် အရာတစ်ခုမှာ ဒီတစ်ကြိမ်တွင် လေလံပွဲသို့ မုချောင်ယွင်နှင့် အတူပါလာသော ခပ်ငယ်ငယ် အမျိုးသမီးလေးပင်ဖြစ်သည်။ ထိုအမျိုးသမီးသည် မြွေရေခွံကွက်ရှိသော လည်စည်းကိုဝတ်ဆင်ထားသည်။ ထိုအရာမှာ သူမ၏ မျက်နှာကို ဖုံးလုနီးပါးဖြစ်နေပေသည်။ ဤသည်မှာ ကြည်နူး၍ စွဲမက်စဖွယ်ကောင်းကာ မျက်စိကိုပင် ဖမ်းစားနိုင်ပေသည်။
[ ဘုရားရေ ဘယ်လိုမကောင်းတဲ့သူလဲ။ သူ့ကို လူကောင်းလို့ချီမွမ်းထားတာမှ မကြာသေးဘူး သူကနိုင်ငံခြားမှာ ချစ်သူအသစ်တွေ့နေပြီ။]
[ဟီးဟီး၊ အပင်ကောင်းရင် ငှက်တစ်သောင်းနားတဲ့။ နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲဖြစ်နေရတာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သူတစ်ယောက်ထဲတော့မနေနိုင်ဘူးလေ။]
[ဒီတစ်ခါတော့ ငါသေချာသိလိုက်ရပြီ။ သူတို့လင်မယားက ကွဲကွာနေကြတာ သုံးနှစ်လောက်ရှိနေပြီလေ။ ဒီသုံးနှစ်လုံးလုံး မစ္စတာမုက အလုပ်ရှုပ်နေတာလေ။ အိမ်မှာရှိတဲ့ အနီရောင်အလံကိုတော့ အပြင်ဘက်ကို လွှင့်လိုက်တော့မယ်။ ပြီးတော့ ရွှီယန်ယုကို ဆက်ပြီးအားပေးထား။ လူကောင်းတစ်ယောက်ရဲ့ ပုံစံကိုလည်း ထိန်းထား။ သူ့ကို အရာအားလုံးကနေ အကျိုးခံစားခွင့်ပေးလိုက်။]
[ အခုတော့ သူတို့လင်မယားကြားက မပြေလည်တဲ့ ဆက်ဆံရေးက ပေါ်ထွက်လာပြီ။ အခုတော့ သူတို့ကြားမှာရှိတဲ့ကိစ္စကို ထုတ်ပြလိုက်ကြပြီ။ လူချမ်းသာတွေက ပန်းကလေးတွေနဲ့ ကစားနေကြတာပဲ။]
ကျန်းချင်ယွင်သည် အိမ်မှနေ၍ နောက်ဆုံးရသတင်းများကို ကြည့်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်မှ စိတ်ညစ်စရာ စိတ်ခံစားချက်များသည် တိုးတက်လာသည်ဟု ခံစားရပေသည်။ အရင်ကဖြစ်ခဲ့တဲ့ဟာက သူတို့ဘယ်လိုပဲ ကြည့်ခဲ့ကြည့်ခဲ့ အဲ့အရာတွေက ဘာမှမဟုတ်တော့ဘူး ဟု သူမပြောခဲ့သည်။ အဲ့ဒါကြောင့် ရွှီယန်ယုကို မစ္စတာမုက ရုတ်တရက် ထူးထူးဆန်းဆန်းတွေ ဆက်ဆံဖို့ကမဖြစ်နိုင်တော့ပေ။
လုံးဝ နားမလည်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်လာဖို့ အချိန်တန်ပြီဖြစ်ပေသည်။
ထိုအရာကိုပြောရင်း၊ ရွှီယန်ယုသည် သနားဖွယ်ကောင်းလှပေသည်။ သူမ ယောက်ျားနှင့် ပြဿနာများရှိခဲ့လျှင် အမှောင်ထဲမှာပဲ နေခဲ့သင့်သည်။ အနာဂတ်တွင် ဘယ်လိုဖိအားမျိုးဖြင့် သူမပြုံးရတော့မည်ကို ကြည့်ကြပါစို့။
သူမတွင် ရွှေ၊ ငွေ ဂုဏ်ဒြပ်များရှိသော်လည်း သူမ အရာရာ ဆုံးရှုံးသလိုပင်ဖြစ်နေသည်။ အခုမှစ၍ အားလုံးသည် သူမနှင့် သူမအမျိုးသားကြားရှိ ကိစ္စကို သိရှိသွားကြပြီဖြစ်ပေသည်။ ဒါ့ကြောင့်ပင် သူမ အလွယ်တကူ မကွာရှင်းပေးနိုင်ပေ။ ထိုအရာသည် နားမလည်နိုင်ဘူးဆိုသော်လည်း ထိုအရာနှင့် သူမထိုက်တန်ပေသည်။
တစ်နေ့တုန်းက မုချောင်ယွင်သည် သူ၏ အမည်မသိ အမျိုးသမီးတစ်ယောက်နှင့် လေလံပွဲသို့ တက်လာသည့်ကိစ္စကြောင့် လိုင်းပေါ်ရော အပြင်ကလူတွေပါ သိကုန်ကာ လက်ညှိုးထိုးစရာဖြစ်နေပေသည်။ လူတဟ်ယောက်သည် ပိုမိုနာမည်ကြီးလာလေလေ တစ်ခုခုလုပ်လိုက်သည့်အခါ ထိုသတင်းများသည် ပိုမို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားမည်ဖြစ်သည်။
ထို့အပြင် လူတွေ၏ အတင်းအဖျင်းပြောနိုင်သည့်စွမ်းအားသည် လူတစ်ယောက်အား ခနအတွင်းပင် ဖျက်ဆီးပစ်နိုင်သည်။
မမျှော်လင့်စွာဖြင့် ရွှီယန်ယုရော မုချောင်ယွင်ပါ ထိုကိစ္စအားဖြေရှင်းရန် ထွက်မလာခဲ့ကြပေ။ ထိုနှစ်ယောက်ဆီမှ သတင်းများမှာ အလွန်ပင် တိတ်ဆိတ်နေသည်။ ထို့အပြင် အွန်လိုင်းပေါ်ရှိ သတင်းများအကြောင်းကိုပင် သူတို့မသိခဲ့ကြပေ။
သူတို့ပိုမိုတိတ်ဆိတ်ကြလေလေ၊ အင်တာနက်ပေါ်ရှိသူများက ပိုမိုသိချင်ကြလေဖြစ်သည်။ ဤအခြေနေသည် တစ်ခြားသူများနှင့်မဆိုင်သော ဆက်ဆံရေမျိုးဖြစ်သော်လည်း အခြေအမြစ်ရှိရှိ သိချင်သော အချက်တစ်ခုပင်ဖြစ်သည်။ ပုံမှန်အတွေ့အကြုံများအရ ဘာမှသေသေချာချာ ငြင်းဆိုခြင်းမျိုးမရှိလျှင် အဆိုးဆုံးအခြေနေသို့ ရောက်ရှိသွားမည်ဖြစ်ပေသည်။
ဆွေးနွေးစရာ အများကြီးပြီးသွားသည်နှင့် လျိုယွိသည် ပုံတစ်ပုံတင်ခဲ့သည်။ ထိုပန်းချီကားမှာ အရောင်မျိိုးစုံဖြင့်စီခြယ်ကာ အညိုရောင်မြွေအကွက်ကဲ့သို့ ရှိသောပုံစံကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ အသေချာမမြင်ရသော်ငြားလည်း မြွေခေါင်းပုံစံနားစွဲထည့်ထားသော ကတ္တီပါသားဖြင့် ပြုလုပ်ထားသော လက်ဝတ်ရတနာဗူးလည်းရှိနေသည်။ ထိုမြွေပုံစံပြုလုပ်ထားသည်မှာထူးဆန်း၍ အရိုင်းဆန်သော အလှရှိနေသည်။
အရေးကြီးသော အချက်တစ်ချက်မှာ ဝတ်စုံပေါ်ရှိ မြွေပုံစံအကွက်နှင့် ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးဝတ်ထားသည့် လည်စည်းမှ မြွေအကွက်သည် တူညီနေသည်။ ထိုပုံစံမှာ တစ်နေရာထဲမှာ ထွက်လာသော ပုံစံအလားပင်ဖြစ်နေသည်။
[ ငါလန့်သွားတာပဲ။ အဲ့အမျိုးသမီးငယ်လေး၊ အဲ့မိန်းမလေးက ညီမရွှီပဲ။]
[ဘုရားရေ ငါအခုမှသတိရတယ်။ အဲ့ဒါက သေခြင်းရဲ့ အမှတ်တရဆိုတာလေ။ အဲ့ဒါက ရွှီယန်ယုရဲ့ တတိယမြောက် လက်ရာလေ။ El ကျွန်းမှာ live လုပ်တုန်းကဟာကို ပြန်သွားကြည့်လိုက်။ သူမ ပစ်ချလိုက်တဲ့ အဲ့ပုံကဟာလေ။ အဲ့ဒါက မြွေမြှီးနဲ့တူနေတာလေ။ ငါတောင် အဲ့တုန်းက လန့်သွားသေးတယ်။]
[ခနနေပါဦး။ အကြောင်းရာတွေ များလွန်းလို့ နည်းနည်းတောင်ရှုပ်သွားတယ်။ ရွှီယန်ယုက အခု တရုတ်မှာမဟုတ်ဘူးလား။ ပါပါရာဇီတွေကလည်း မုချောင်ယွင် နိုင်ငံခြားမှာကို ရိုက်မိပြီးသားလေ။ ရွှီယန်ယုက တယ်လီပို့ လုပ်နိုင်နေလို့လား။ နိုင်ငံခြားကို ချက်ချင်း သူရောက်သွားဖို့က မဖြစ်နိုင်ဘူးလေ။]
[FDA ပွဲက မြို့ Y မှာ လုပ်တာလေ။ ရွှီယန်ယုက ဥက္ကဌမုကို အထူးတလည် သွားတွေ့ရဦးမယ်။ ပြီးတော့ လေလံပွဲကို သူမယောက်ျားနဲ့တက်မယ်။ ပြီးရင် သူမရဲ့ပုံစံကို ဖုံးကွယ်ထားပြီး ဘယ်သူမှ မှတ်မိအောင်လုပ်မယ် နားကိုမလည်နိုင်တော့ဘူး။]
[ ဒါကြီးက ရယ်စရာကောင်းလိုက်တာ။ ညီမရွှီက တကယ် ငယ်ပြီးလှသေးတာပဲ။ သူကဘာကိုပြောလိုက်လဲ။ သူက မစ္စတာမုကို အိမ်ထောင်မရှိတဲ့သူလို နေနေလို့ ဆူထားတာဖြစ်မှာပေါ့။]
[ ဒါပေမယ့်လည်း ဒီကိစ္စက လွန်ခဲ့တဲ့သုံးနှစ်လုံး မစ္စတာမုက ဘာအရှုပ်မှ မလုပ်ထားတာကို သက်သေပြတာပဲလေ။ သူတကယ် ရှုပ်နေရတာက သူ့တရားဝင်မိန်းမနဲ့ပဲလေ။ ရယ်ရလိုက်တာဟယ်။]
[ ဟ ဟ ဟ ဟ ဒီအဖြစ်အပျက်ကြီးက ရယ်စရာကောင်းလိုက်တာ။ ဒါပေမယ့် လူတွေအများကြီးက အတင်းပြောနေကြပြီ။ အဲ့သက်သေရှာချင်နေတဲ့ သူတွေကပဲ ပြီးရင် မေ့သွားလိမ့်မယ် ဘာလို့ဆို ရှာမှမတွေ့တာ။]
ထိုပွဲသို့ မစ္စတာမုနဲ့ အတူတက်ခဲ့သည့်အမျိုးသမီးမှာ ရွှီယန်ယုဖြစ်ကြောင်းကို မမျှော်လင့်ထားခဲ့ပေ။ ထိုကဲ့သို့ဖြစ်ဖို့ရန်အတွက် စလာထဲကကို မှားနေခဲ့တာ ဖြစ်နိုင်မလား။ ဒီအရာမှာ သူတို့မျှော်လင့်ခဲ့သည်နှင့် ကွာခြားလှပေသည်။ သူတို့က ဖောက်လည်း မဖောက်ပြန်ခဲ့သလို သူတို့နှစ်ယောက် တွေ့လည်းတွေ့ကြပြီး အပြောအဆိုလည်းရှိခဲ့သည်။ တစ်ကယ်ကို လွန်လွန်းလှသည်။
[ ငါပြောနိုင်တာကတော့ ညီမရွှီကတော့ ညီမရွှီပဲလေ။ မင်းပြောတော့ သူတို့ အရင်က မတွေ့ကြ မဆက်သွယ်ကြဘူးဆို။ အဲ့အတွဲကတော့ လူတိုင်းကို သူတို့ မမြင်ရတဲ့နေ့ရာကနေ ဆက်သွယ်နေကြတုန်းလို့ ပြောသွားတာပဲ။ ပြီးတော့ သူတို့ရဲ့ဆက်ဆံရေးက အမြဲကောင်းနေခဲ့တာပဲ။]
[မင်းဘာပဲလိုချင်ချင် ညီမရွှီနဲ့ ဥက္ကဌမုတို့ အတွဲက ယူလာပေးနေပြီ။]