← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

မုချောင်ယွင်နှင့်ရွှီယန်ယုတို့ကို နားလည်ပြီးနောက်တွင် သူတို့ လေလံပွဲကိုတက်ခဲ့တုန်းက သူတို့မြင်ချင်သည့်ရလဒ်ကို မမြင်ခဲ့ရပေ။ ထို့နောက် သူတိူ့ရဲ့စိတ်တွေသည် FDA ဆုပေးပွဲသို့ ပြန်ရောက်ခဲ့ကြသည်။

ရွှီယန်ယုကို ပါတီပွဲတွင်တွေ့ပြီးနောက်တွင် အင်တာနက်သုံးတဲ့သူတွေက သူ့လက်ထောက် တင်ထားသော အညိုရောင် မြွေအကွက်နဲ့ ဂါဝန်ကို ဝတ်ထားသည်ကိုတွေ့လိုက်ရသည်။ သူမသည် လူအများရဲ့အမြင်ထဲသို့ရောက်ရှိလာပြီးနောက် အားလုံးလည်း မှင်သက်သွားကြသည်။

ဘုရားရေ ဒီဝတ်စုံက အရမ်းဆွဲဆောင်မှုရှိတာပဲ။

ရွှီယန်ယုအရှေ့မှာ ထုတ်ခဲ့သမျှ ဝတ်စုံတွေထဲမှာ အခုဝတ်ထားတဲ့ဟာက ရဲရင့်ပြီး တစ်ကယ်အံ့သြစရာပဲ။

ရွှီယန်ယုရဲ့အခုစကပ်က သွယ်သွယ်လှလှဖြစ်ပေမယ့် သိပ်တော့ ပုံမှန်မဟုတ်ပေ။ တစ်ဖက်က နည်းနည်းပိုရှည်ပြီးတော့ တစ်ဖက်က အတွန့်လေးတွေနဲ့ တိုလှသည်။ ထိုဒီဇိုင်းမှာ အတိုအပြတ်ပုံစံဆိုသော်လည်း အထဲမှာ မြွေပုံစံခြေအိတ်ကို ဝတ်ထားပေသည်။

အကြောင်းမှာ ထိုဒီဇိုင်းမှာ ပုံမှန်မဟုတ်ပေ။ ထိုပုံစံသည် ရှင်းလင်းကာ လှပသည်။ တစ်ဖက်ကကြည့်လျှင် ထိုပုံစံမှာ ဖောက်မြင်နေရပေသည်။ ဖောက်မြင်ရသောအရောင်ကိုသုံးကာ သူ့ရဲ့ဖြေဖွေးနေတဲ့အသားကိုပင်မြင်နေရသည်။ ထိုအရာသည် မြွေပုံစံနှင့်လည်းတူပေသည်။ အဲ့ဒါကို မင်းကြည့်လိုက်တဲ့အခါ မြွေရဲ့အေးတိအေးစက်ပုံစံကိုပါ မြင်ရလိမ့်မယ်။ အဲ့ဒါကသာမန်လူတွေနဲ့ ကွာခြားပေသည်။ အဲ့ဒါကအရမ်းကို ဆွဲဆောင်မှုရှိပေသည်။ ထိုအရာက လူတွေကို သွေးများဆူပွက်လာကာ ထိုအရာက အနည်းငယ်တော့ ကြောက်စဖွယ်ကောင်းပေသည်။

ထို့အပြင် ရွှီယန်ယုသည် ပုံအကွက်ပါသော ဂျာကင်အင်္ကျီကို ကျောပြောင် အင်္ကျီဖြင့်ဝတ်ဆင်ထားသည်။ သူမ၏ ဖြူဖွေးသောကျောပြင်တွင် မြွေပုံစံတက်တူးထိုးထားသည်ကို တွေ့မြင်ရသည်။ ထို့အပြင် အသက်ပါလှသော မြွေပုံစံ စိန်စီလက်ကောက်ကိုလည်း သူမ၏ သွယ်လျသောလက်တွင် ဝတ်ဆင်ထားပေသည်။

သူမကို အဝေးကကြည့်နေလျှင်ပင် တစ်ကယ့်မြွေအစစ်သူမလက်တွင် ပတ်နေသည်ဟုပင် ထင်ရသည်။ သူမသည် ထိုအရာကို အနီးအကပ်ပဲ အဝေးကနေကြည့်ဖို့သာဝံ့ရဲနေတော့သည်။

မြွေပုံစံနားကပ်ကိုလည်း သူ့မ၏ နားတွင် လှပစွာဝတ်ဆင်ထားသည်။ ရွှီယန်ယု၏ မိတ်ကပ်သည်လည်း ကင်မရာရှေ့တွင် တူးခြားနေပေသည်။ ထို့ပြင် အနည်း ကြမ်းတမ်းဟန်ရှိပေသည်။

ထိုပုံစံမှာ တောင်ပံတစ်ဖက်ကျိုးနေသောနတ်သမီး ထဲကပုံနှင့် ကွဲထွက်နေသည်။ ထိုအရာမှာ ထူးဆန်း၍ နှလုံးများ မြန်မြန်ခုန်လာတော့သည်။ အားလုံးက စိတ်ရှုပ်ထွေးကာ သူမ၏ သားကောင်ပင် ဖြစ်ချင်ကြပေသည်။

သူမ၏ အလှမှာ ထူးဆန်း၍ အလွန်ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်းနေသည်မှာ အဆိပ်ရှိ ဘိန်းပန်းများကဲ့သို့ ဖြစ်နေသည်။ အရမ်း ဆွဲလမ်းဖွယ်ဖြစ်ကာ လှပပြီးအန္တာရယ်များလှသည်။

သေလောက်တဲ့ဖျားယောက်မှုမျိုးပင်။

ရွှီယန်ယုလည်း လမ်းကိုတဖြည်းဖြည်း လျှောက်လာကာ မျက်လုံးများအား သူမစီကပင် ခွာမရနိုင်ပေ။ လူအားလုံး ပြုစားခံရသည့်အလားပင်ဖြစ်နေသည်။ သူမသည် နတ်သမီးကမ္ဘာထဲကလိုပင် အားလုံးကို တသသဖြစ်နေတော့သည်။

အားလုံးထိုင်ပြီးသည့်နောက်တွင် ဆုပေးပွဲအခမ်းအနား အစီအစဥ်ဖြစ်သည်။ အကောင်းဆုံး မျက်နှာသစ်ဆု၊ အကောင်းဆုံး ဉာဏ်ကွန့်မြူးဆု၊ စသည်ဖြင့် အကောင်းဆုံးအနုပညာ တီထွင်နိုင်မှု၊ အမျိုးသမီး ဝတ်စုံဆု၊ အမျိုးသားဝတ်စုံဆု စသည်ဖြင့် အသီးသီးချီးမြှင့်ခဲ့သည်။

ထို့နောက် ပွဲ၏ အဓိကအခမ်းအနားစတင်ခဲ့သည်။

FDA ဒီဇိုင်နာ အဖွဲ့ချုပ်မှ ဒီနှစ်ရဲ့ အကောင်းဆုံး ဒီဇိုင်နာဆု။

ဆုကြေညာသူသည် ဒီဇိုင်နာများစွာတို့၏ နာမည်များကို ဣန္ဒြေရှိစွာ ဖတ်ပြီးလိုက်သည်။ ထိုလူများမှာ ခန့်မှန်းထားသည့်ကဒ်ထဲမှ နာမည်များဖြစ်သည်။ ယင်းထဲတွင် ရွှီယန်ယုလည်း ပါဝင်သည်။ သို့ရာတွင် သူမသည် စခရင်ကြီးပေါ်ရှိ VCR နည်းပြဆီသို့ လှမ်းကာပြုံးပြလိုက်သည်။

“ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့လူတွေ လုပ်ခဲ့တဲ့အရာတွေကို အားလုံးပဲ ပြန်လည်ကြည့်ရှုကြရအောင် ခဗျာ။”

စခရင်ကြီးသည် များစွာသော နိုင်ငံခြားသား ဒီဇိုင်နာများ ပြုလုပ်ခဲ့သည့် မာစတာ အဆင့်ရှိသည် ထူးချွန် ပြောင်မြောက်လှသော ရေးဆွဲမှုများကို ပြန်လည်ကာ မီးမောင်းထိုးပြတော့သည်။

လက်ရာတစ်ခုခြင်းစီကို ပြသပြီးသည့်နောက်တွင် လူတွေအားလုံး အံ့သြသွားကြသည်။ အထူးသဖြင့် မူလအရာများအတိုင်း ပြုလုပ်ထားသည့် အသင့်ဝတ်ဆင်လို့ရသည့်အဝတ်အစား နမူနာအားလုံးတို့မှာ အလွန်ပင် ပြည့်စုံလှသော ဂန္တဝင်လက်ရာများဖြစ်ပေသည်။

ရလဒ်အနေဖြင့် သဘောထားများ ပြောင်းသွားကာ ရွှီယန်ယု၏ လက်ရာများကို VCR မှပြသခဲ့သည်။ တောင်ပံတစ်ဖက်ကျိုးနေသော နတ်သမီးစီးရီး၏ ရွေးချယ်ခံထားရသော လက်ရာအား တွေ့လိုက်ရသောလူတိုင်းသည် သူတို့မျက်လုံးထဲတွင် အရောင်များတောက်လာကာ အလင်းတန်းများ ယှက်ပြေးနေတော့သည်။ အတောင်ပံကျိုးနေသော နတ်သမီးလေး ကို သူတို့ ဘယ်နှစ်ခါပဲ တွေ့လိုက်စေကာမူ အမြဲလှပကာ လက်ရာမြောက်သည်ဟုပင် ခံစားရစမြဲဖြစ်ပေသည်။

ထိုအရာမှာ အင်မတန်ပင် အံ့သြဖွယ်ကောင်းသည့် လက်ရာတစ်ခုပင်ဖြစ်ပေသည်။

အားလုံး၏ စိတ်များ ပြန်မလည်လာသည့်တိုင် တင်ဆက်သူမှာ စတင်၍ “ FDA ဒီဇိုင်နာ အဖွဲ့အစည်းကြီးကို အားလုံးပဲဂုဏ်ပြုကြရအောင်။ ဒီနှစ်ရဲ့ အကောင်းဆုံး ဒီဇိုင်နာဆုကို ရရှိသွားတဲ့သူကတော့ မစ္စရွှီ…မစ္စရွှီယန်ယု ပဲဖြစ်ပါတယ်။” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

အားလုံးပဲ ရုတ်တရက်ဖြစ်နေရာမှ လက်ခုပ်သံများ သောင်းသောင်းပြပြဖြင့် ချီးကျူးဂုဏ်ပြုကြလေတော့သည်။ စိတ်နှလုံးချမ်းမြေ့ဖွယ် တေးဂီတများနှင့် မရေမတွက်တွက်သော လူတို့၏ လက်ခုပ်သြဘာသံများဖြင့် သူမအား ဂုဏ်ပြုနေကြသည်။ ရွှီယန်ယုသည် ပြုံးနေသော်လည်း သူမ၏ အမူအရာများမှာ အလွန်ပင် အေးဆေးငြိမ်သက်လွန်းလှကာ ဂုဏ်ရှိန်ဝါအပြည့် ဖြစ်နေသည်။ ခက်ထန်သောအလှတရားနှင့် လူတစ်ယောက်သည် စင်ပေါ်သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်မှာ လူတိုင်း ငေးမောစရာပင်ဖြစ်သည်။

သူမ၏ ခြေလက်အမူအရာများမှာ လူတိုင်း ငေးစဖွယ်ဖြစ်သည်။ အသက်ရှူမှားလောက်သည့် အခြေအနေကြီးက လူတိုင်းသူ့တို့၏ အသက်ရှူသံများကို ထိန်းထားစေတော့သည်။ ကင်မရာရှေ့ရှိ သူမ၏ အလှမှာလည်း အလွန်ပင် အံ့သြဖွယ်ဖြစ်ပေသည်။

ယနေ့ညတွင် သူမ၏အလှမှာ မြွေတစ်ကောင်ကဲ့သို့ လှည့်ဖျားတတ်လှသည့် အလှတရားမျိုးဖြစ်သည်။ သူမအလှသည် လှည့်ဖျားကာ အန္တရာယ်အပြည့်ဖြစ်သော်လည်း စွဲမက်ဖွယ်ကောင်းကာ ဆွဲဆောင်မှုအပြည့်ဖြင့် လှပလွန်းလှပေသည်။ စင်မြင့်ပေါ်သို့ သူမလျှောက်လှမ်းလာသည်နှင့် လူများသည် ရန်စကာသတိပေးနေသော သူမ၏ မျက်ဝန်းတစ်စုံကြောင့် တုန်လှုပ်ခဲ့ရပေသည်။ သူမသည် ဘာမှမပြောသော်လည်း အရာအားလုံးပြောပြီးသားကဲ့သို့ဖြစ်နေသည်။ သူမအားမနှစ်သက်သူတို့အား တုံ့ပြန်နေခြင်း၊ သူမအား ဒီဆုနှင့် မထိုက်တန်ဘူးဟု ပြောသူများအား သတိပေးနေခြင်း၊ သူမအား အထင်သေးကာရှုပ်ချသည့်သူများအဖို့ သူမ၏ ဂုဏ်ရှိန်ဝါမှာ အလွန်ပင် သည်းမခံနိုင်ပေ။ ထိုအရာမှာ ပွဲတစ်ခုလုံးအား အလွန် ရှုပ်ချကာ ထိန်းချုပ် ကြီးစိုးထားပေသည်။

ထိုအခိုက်အတန့်တွင် ထိုအရာက လူများအား လေးလေးနက်နက် ခံစားမိစေသည်မှာ ဒီဆုဟာ သူမပိုင်သော အရာပင်ဖြစ်ကြောင်းနှင့် သူမမှတစ်ပါး ဒီဆုအား အခြားမည်သူမျှ မထိုက်တန်ကြောင်းပင် ဖြစ်သည်။

ထိုအချိန်တွင်ပဲ သူမသည် ဆုကို သိမ်းပိုက်နိုင်ခဲ့ပေသည်။

တစ်ချိန်တည်းမှာပဲ နိုင်ငံတကာ ဒီဇိုင်းလောကမှာလည်း မကြာမီ ပြောင်းလဲမှုများ ဖြစ်တော့မည်နှင့် ခေတ်ရေစီးကြောင်းကို ဖော်ပြကာ ဖက်ရှင်လောက၏ မော်ဒယ်အသစ်များ ပေါ်ထွက်လာတော့မည်ကို ညွှန်ပြနေခြင်းပင် ဖြစ်သည်။

နိုင်ငံတကာ ဖက်ရှင် ခေါင်းဆောင်က မွေးဖွားလာတော့မည် ဖြစ်သည်။

ထိုသူမှာ ရွှီယန်ယု ဖြစ်သည်။

FDA ဒီဇိုင်နာ အဖွဲ့ချုပ်မှ ချီးမြှင့်သော နှစ်တစ်နှစ်၏ ဒီဇိုင်နာဆုအား ရွှီယန်ယုတစ်ယောက် ရရှိခဲ့ပြီဖြစ်သည်။ ငွေရောင်ဆု၏ ပုံပန်းသွင်ပြင်သည် FDA ၏ ဂန္တဝင် အမှတ်တံဆိပ်ပင်ဖြစ်သည်။ ထိုဆုသည် ဒီလောကထဲတွင် သြဇာရှိကာ အသိမှတ်ပြုခံထားရသော ဆုတစ်ခုဖြစ်သည်။ ဒီညရရှိခဲ့သော ဂုဏ်ပုဒ်အရ အနာဂတ်ရှိ ကျော်ကြားမှုများ တောက်ပမှုများ အားလုံးတို့မှာ သူမအတွက်ပင် ဖြစ်တည်နေသည်။

တစ်ညလုံး ဆုပေးပွဲပြီးသည့်နောက်တွင် ရွှီယန်ယုသည် နိုင်ငံတကာ စင်မြင့်ထက်၌လည်း ရေပန်းစားလာခဲ့သည်။ ထိုကဲ့သို့ ဂုဏ်ရှိန်ရှိလာခြင်းမှာ ဒီတစ်ညတည်းတွက်ပင် မဟုတ်ချေ။ လာမည့်နှစ်တွင်လည်း သူမသည် နိုင်ငံတကာ ဖက်ရှင်လောက၌ ခေတ်ရေစီးကြောင်းအတွက် ဦးဆောင်ပေးမည့်သူ ဖြစ်လာလိမ့်မည်။

ဒီဆု၏ အရေးပါမှုသည် သူ၏အလေးချိန်ထက်ပင် ပိုမိုကြီးမားလှသည်။ ထို့ကြောင့် ခနလေးဆိုသလိုပင် ထိုအရာသည် ဂုဏ်ဒြပ်အားလုံးကို သယ်ဆောင်လာသည့် အနာဂတ်လည်း ဖြစ်သည်။

[ လန့်လိုက်တာ၊ ရွှီယန်ယုတွက် တုန်လှုပ်သွားခဲ့တာ။ သူဒီဆုရတယ်ဆိုတာ သေချာအောင် ငါခနခနမေးနေတာ။ ဒါကတစ်ကယ်ကို အိပ်မက်မဟုတ်ဘူးပဲ။]

[ လာပြီး ငါ့ကိုနှစ်ချက်လောက် ထိုးကြည့်စမ်း။ ဒါကြီးက တစ်ကယ်ကို မယုံနိုင်စရာပဲ။ ဒါက ထင်ယောက်ထင်မှားဖြစ်တာ မဟုတ်ဘူးပဲ။ ထင်ယောင်ထင်မှားတွေ မဟုတ်ဘူးပဲ။]

[ဒါတွေက အိပ်မက်ထဲမှာ ဖြစ်နေသလိုပဲ။ အစထဲက ရွှီယန်ယုကို ဒုတိယဆုအတွက်လို့ သတင်းတွေထွက်နေတာပဲ မဟုတ်ဘူးလား။ ဘာမှမပြင်ဆင်ပဲ ရုတ်တရက်ကျနေတာပဲ။]

[ဟုတ်တယ်။ ငါလည်း ကြောင်သွားတာ။ အသေချာကို သူမ မဟုတ်ဘူးလို့ ပိုမျှော်လင့်ထားတာ။ ဒါမတိုင်ခင်က အတင်းတွေ သတင်းတွေက တော်တော်လေး ပြင်းထန်နေတာ။ ပြီးတော့ ငါထင်တာက ဒီပွဲကို စီစဥ်သူက လှည့်စားတယ် ထင်နေတာ။ ဒါကြီးက ဒီလိုသပ်သပ်မဲ့ ဝါဒဖြန့်တာလို့ ထင်တောင် မထားထားခဲ့ဘူး။]

[ ဒီမြူထူထူဖြစ်နေတဲ့ ပြည်တွင်း ဖျော်ဖြေပွဲကြီးက အားလုံးကို စိတ်ရှုပ်အောင် လုပ်နိုင်သွားတာပဲ။ သူတို့တွေကိုတော့ ပွဲစီစဥ်တဲ့သူတွေက တစ်ကွက်ပြသွားပြီ။ ရိုးသားကြစမ်းပါ။ အဓိကကြေညာထားတဲ့သူကပဲ နိုင်ရမှာလေ။]

[တစ်ကယ် တည်တည်ငြိမ်ငြိမ်ပဲ။ ဒီညတော့ ရွှီယန်ယုက အောင်နိုင်သူကြီးပဲ။ သူ့ရဲ့ဘရန်းက ထုတ်တာတောင် အချိန်ခနလေးပဲ ရှိသေးတာတောင် သူမက ဒီလိုဆုမျိုးကိုတောင် ရသွားတယ်။ အဲ့ဒါကဘယ်သူဖြစ်နေပါစေ ကိစ္စမရှိဘူး။ ဒီအောင်မြင်မှုက သူရဲ့တစ်ဘဝလုံး ဂုဏ်ယူစရာဖြစ်နေမှာ။]

[နိုင်ငံတကာ ဖက်ရှင်အသိုင်းအဝိုင်းရဲ့ သြဇာအရတော့ ဒီနှစ်ရဲ့အကောင်းဆုံး ဒီဇိုင်နာဆုကို ရရှိသွားတဲ့ ညီမရွှီက ကမ္ဘာကြီးရဲ့ အလှအပဆိုင်ရာ နတ်ဘုရားဆိုတာနဲ့ တစ်ကယ် ထိုက်တန်တာပါပဲ။]

ရွှီယန်ယု FDA ဒီဇိုင်းဆုကို ရသွားတဲ့ကိစ္စမှာ ပြည်တွင်း ဒီဇိုင်နာလောကကြီးကို သောင်းသောင်းပြပြ ဖြစ်သွားစေခဲ့သည်။ ဒီကိစ္စမတိုင်ခင်တုန်းကလည်း အရှိန်ရနေတဲ့ ဆွေးနွေးမှုကြီးတွေ ရှိခဲ့ပြီး လူအများစုမှာ သူမဒီဆုကို ရနိုင်သည်ဟု မထင်ထားကြချေ။ ဒီအချက်တွေကပဲ အားလုံးရဲ့မျက်နှာကို ဖျက်ရိုက်နိုင်ခဲ့သည်။

ရွှီယန်ယုသည် စင်ပေါ်တွင်ရပ်ကာ ထိုအထူးဆုကြီးကို အောင်အောင်မြင်မြင် ဆွတ်ခူးနိုင်ခဲ့သည်သာမက ထိုဆုကြီးကို သူမဆုတ်ကိုင်ထားသည့် မြင်ကွင်းကို မြင်လိုက်ရသူတိုင်းအဖို့ စိတ်ထဲတွင် အမြဲစွဲထင် ကျန်ရစ်နေသော အမှတ်တရတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ အကြောင်းမှာ ထိုမြင်ကွင်းမှာ အလွန် ထူးခြားခြင်းကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် ကျန်းချင်ယွင်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ထိုဆုပေးပွဲအခမ်းအနား တက်လာခဲ့သည်။ သူမသည် စကင်ကဲများ ပြုလုပ်နေကာ စျေးကြီးသော မျက်နှာလိမ်းခရင်မ်များအား ကင်မရာရှေ့တွင် သေသေချာချာ လိမ်းပြနေသည်။ ထိုအချိန်တွင် သူမစိတ်ကောင်းဝင်နေသည်မှာ သူမ တိုက်ရိုက်ထုတ်လွှင့်မှုရှိ များစွာသော မှတ်ချက်များတွင် သူမ၏ အသားရည်သည် ကြည်လင်ကာ ကောင်းလှသည်ကို ချီးကျူးနေခြင်းကြောင့်ပင် ဖြစ်သည်။

ဒီအသားအရည်ကို သူမသဘောကျလှသည်မှာ ဘာ filers မှမရှိဘဲနှင့်တောင် အပြစ်အနာကင်းလှသည်။ ကင်မရာရှေ့တွင်ပင် ဘာလှည့်စားမှုတစ်ခုမှမရှိပဲ ဆဲလ်သေ အမဲစက် တစ်စုံတစ်ရာမှ မရှိပေ။ ဒီနှစ်များစွာ အသေအချာ ဂရုစိုက်ကာ ထိန်းသိမ်းထားသည်နှင့် ထိုက်တန်လှသည်။

ကျန်းချင်ယွင်သည် ထိုအရာကို တွေးတောနေရင်းနှင့် တရုတ်တရက်ဆိုသလို “ မြို့တော် Y မှာ ရွှီယန်ယုက ဆုရသွားပြီ။” ဟူသော စကားများကို သူမ၏ live ထဲတွင် ဖြတ်ခနဲ တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူမသည် အချိန်အတန်ကြာသည်အထိ မှင်သတ်နေကာ ပြန်လည်တုံ့ပြန်ဖို့ရန် အချိန်ခနယူခဲ့ရသည်။ သူမ၏ live သို့ ပြန်လည်ရောက်ရှိသည့်တိုင်အောင် သူ့လက်တွေ တုန်လှုပ်နေတာကို ထိန်းမရတော့ပေ။ ဖန်မျက်နှာလိမ်း ခရင်ဗူးမှာလည်း ချက်ချင်း မြေပေါ်သို့ ပြုတ်ကျကာ ကွဲသွားသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်နေသော စခရင်ကို ပြန်လည် ကြည့်လိုက်သည့်အခါတွင် “ ချင်းယွင်၊ ချင်းယွင်းဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

ကျန်းချင်ယွင်လည်း အနည်းငယ်တုန်လှုပ်ကာ ဘာပြောရမလဲမသိ ဖြစ်နေတော့သည်။ ထို့ကြောင့် သူမလည်း live အား သူမ၏ မသိစိတ်ဖြင့် ပိတ်ချလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ထိုကဲ့သို့ပြုလုပ်လိုက်ခြင်းသည် သူမအပေါ် အထင်လွဲမှုများ ဖြစ်စေတော့သည်။

[ မင်းမြင်လိုက်လား။ ကျန်းချင်ယွင်က သူမကိုယ်သူမ စကင်ကဲပြီး စိတ်အခြေအနေလည်း ကောင်းနေတာပဲ မဟုတ်ဘူးလား။ သူဘာလို့ ရုတ်တရက်ကြီး live ကို ကောက်ပိတ်ချလိုက်တာလဲ။]

[ ဘာလို့လည်း မင်းရောသိလား။ သူတို့ရှန်မိသားစုထဲ တစ်ခုခုဖြစ်နေလို့လား။]

[ ဟ ဟ မဟုတ်ဘူးဟေ့။ ရှန်မိသားစုထဲလည်း ဘာမှမဖြစ်ဘူး။ ရွှီယန်ယု ဆုရသွားလို့ဟေ့။ ကျန်းချင်ယွင်က ခန့်မှန်းတာ မှားသွားပုံရတယ်။ သူအားပေးတဲ့ တစ်ယောက်က ဆုမရသွားဘူးလေ။ ပြီးတော့ သူအမုန်းဆုံးလူကမှ ဆုရသွားတာဆိုတော့ သူမ ဒေါသထွက်သွားတာ မဆန်းပါဘူး။]

[ဒီနေ့ကတော့ ကျန်းချင်ယွင်အတွက် တစ်ကယ်ကို ကံမကောင်းတဲ့နေ့ပဲ။ နောက်ပြီး သူမက မပျော်ဖို့ ကံပါလာပုံပဲ။]

[ရွှီယန်ယုကတော့ သူမကို မုန်းတဲ့သူတွေအတွက်က အိပ်မက်ဆိုးပဲ။ ကြည့်ရတာတော့ သူမကိုမုန်းလေလေ သူကတော့ ပိုတော်လေလေပဲ ထင်ပါတယ်။ သူမကို မုန်းတဲ့ပရိတ်သတ်တွေရဲ့ အတွေးကတော့ မဖြစ်လာနိုင်တော့ပါဘူး။ တကယ်ကို ထူးချွန်တဲ့သူပဲ။]

ရွှီယန်ယုသည် FDA ဒီဇိုင်နာဆု ရရှိပြီးနောက်တွင် များစွာသော မီဒီယာများသည် သူမ၏လက်ထောက်ကို အလုအယက် ဆက်သွယ်လာကြကာ အင်တာဗျူးရန် တန်းစီနေခဲ့သည်။

အရင်က သူမကို ပါတီပွဲလို နေ့မျိုးတွင်သာ များစွာသော မီဒီယာများက ဝန်းရံလာကြသော်လည်း အခြေခံအားဖြင့် ရိုးရှင်းသော မေးခွန်းများကိုသာ တရားဝင် ဖြေကြားရခြင်း ဖြစ်သည်။ ထိုဆုကို ရလိုက်သော ခံစားချက်မှာ အားလုံး မျှော်လင့်ထားသည့်နှင့် တူညီနေပေသည်။

အင်တာဗျူးပြီးသွားသည့်နောက် များစွာသော မီဒီယာများသည် သူမကို ပိုမို အသေးစိတ် အင်တာဗျူးချင်လာကြသည်။ မဂ္ဂဇင်းများကလည်း အလားတူပင် ဖြစ်သည်။ လျိုယွိသည် များစွာသော ဖိတ်ခေါ်စာများကို ရရှိခဲ့သည်။ အကယ်၍ များစွာသော အင်တာဗျူးများကို လက်ခံခဲ့လျှင် နှစ်ကုန်သည်အထိ ဖြေလို့ပင် မပြီးတော့ပေ။

အဆုံးမှာတော့ ရွှီယန်ယုသည် ဆုံးဖြတ်ချက်ချခဲ့ကာ တရားဝင် ဖက်ရှင်မီဒီယာများကိုသာ အင်တာဗျူးအတွက် ရွေးချယ်ခဲ့သည်။

ရွှီယန်ယုအား နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦးသည် တိုက်ရိုက်ထုတ်လွှင့်မည့် အင်တာဗျူးတစ်ခုအား ဖိတ်ကြားခဲ့သည်။ ထို့အပြင် ထိုအရာဟာ သမာရိုးကျ အင်တာဗျူးတစ်ခု မဟုတ်ပေ။ ထိုပွဲတွင် ပရိုမိုးရှင်းပွဲများလည်း ရှိသည်။

ထိုခေါင်းစဥ်၏ အမည်မှာ “ အလှအပဆိုင်ရာ နတ်ဘုရား၊ ဖက်ရှင်လောက၏ စံပြ”ပင်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အစီအစဥ်တင်ဆက်သူမှာ ငယ်ရွယ်သော အမျိုးသမီးလေး ဖြစ်သည်။ သူမသည် ရွှီယန်ယု၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည်။ ရွှီယန်ယုသည် လက်တစ်ဖက်ပဲပါသော အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အပေါ်ရော အောက်ရော အမဲရောင်သန့်သန့် ဝတ်ဆင်ထားသဖြင့် သူမ၏ အသားဖြူဖြူလေးမှာ လှပကာ ချစ်စရာအတိ ဖြစ်နေသည်။

ရင်ဘက်တွင် မြွေဖြူပုံစံဖြင့် အလှဆင်ထားသည်။ ထိုအင်္ကျီမှာ နှစ်ထပ်ပုံစံဖြစ်သည်ကို မြင်နိုင်သည်။ ထိုအင်္ကျီသည် သူမ၏ခါးလေးကို ပြီးပြည့်စုံစွာ အသားပေးထားသည်။ သူမ၏ ကောက်ကြောင်းများမှာ ဂန္တဝင် နတ်ဘုရားအလားပင် ဖြစ်သည်။

အင်တာနက်အသုံးပြုသူများသည် သူမ၏လက်ညှိုးတွင် မြွေခေါင်းသဖွယ် စိန်လက်စွပ်ကို ဝတ်ဆင်ထားသည်။ မြွေအဆင် လက်သည်းကို ဆိုးထားကာ သူမတွင် ဆံပင်ကောက်ကောက်လေးလည်း ရှိနေသည်။

သူမ၏ မှင်သက်လောက်သော အလှတရားအောက်တွင် ပရော်ဖက်ရှင်နယ် သတင်းထောက်ကိုပင် စိတ်များ ရှုပ်ထွေးစေသည်။

All Chapters