အခန်း (၂၉)
Vol. 3 Ch. 29
ကင်မရာမှ မုချောင်ယွင်၏ အမူအရာကို ဖမ်းယူလိုက်သည်။ သို့သော် ထိုအရာမှာ ခုနစ်သန်းထဲပင် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူမှာ ဘာခံစားချက်မျှမပြပေ။ ထိုများပြားလှသော လှူဒါန်းမှုကြီးသည် သူ့အတွက် ဘာမှမဟုတ်သည့်အလားပင် ဖြစ်နေသည်။
[ အံ့သြစရာပဲ။ ဒါကခုနစ်သန်းနော်။ ဒီလောက်လှူတာတောင် ရဲရဲဝံ့ဝံ့နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတာ။ တကယ်ကို ယုံကြည်ချက် အပြည့်နဲ့ပဲ။]
[မစ္စတာမုရဲ့ ကြီးလွန်းတဲ့နောက်ခံတွေကို မြင်ဖူးပြီးပြီပဲ။ ဒီလောက်ပိုက်ဆံကတော့ သူ့အတွက် ဘာမှမဟုတ်ဘူး။]
[တစ်ကယ် ခန့်လွန်းတယ့် အခိုက်အတန့်ပဲ။ ဥက္ကဌမုက တစ်ကယ်ကို ခန့်ညားတာပဲ။ ဝိုး…ဝိုး…ဝိုး… တကယ်ပြည့်စုံတဲ့ စံပြပုံစံပဲ။]
“ဒုတိယလှူဒါန်းမယ့်ပွဲကတော့ မသန်စွမ်းကလေးတွေရဲ့ ရောဂါကို ကုသပေးမယ့် ရန်ပုံငွေအတွက်ပါ။ အဲ့ထဲမှာ အရမ်းရှားပါးတဲ့ ရောဂါတွေဖြစ်တဲ့ ဒေါင်းလက္ခဏာရှိတာတွေ၊ မွေးရာပါ ဆံပင်တွေပါဖြူနေတဲ့ အယ်လ်ဘိုင်နစ်ဆင် ရောဂါမျိုးတွေ၊ နားမကြားတဲ့ ကလေးတွေ၊ မွေးရာပါ အနေအထားမမှန်သည့် ရောဂါနှင့် ပိုလီယို ရောဂါကဲ့သို့ ပြင်းထန်သည့် ရောဂါများပါဝင်ပါတယ်”
စီစဥ်တင်ဆက်သူက ဒီတစ်ကြိမ်တွင် ငါးသန်းမှစတင်၍ အဖွင့်စျေးပြောလိုက်သည်။ ဒီတစ်ခါမှာ လေလံစျေးကို တစ်ကြိမ်လျှင် တစ်သန်းထက်မနည်း တိုးသွားမည် ဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ ဆယ်သန်း သန်းနှစ်ဆယ် စသည့်ဖြင့် အမြန်စျေးတင်နေကြသည်။
“သန်းငါးဆယ်”
သို့သော် မပြီးသေးပေ။ တစ်ခြား ချမ်းသာတဲ့ သူတွေကလည်း သန်းခြောက်ဆယ် သန်းခုနစ်ဆယ် စသည်ဖြင့် စျေးတင်နေကြသည်။
မုချောင်ယွင်မှ လက်ကို ရုတ်တရက်မြှောက်လိုက်ကာ “သန်းတစ်ရာ” ဟုပြောလိုက်သည်။
“ဝိုး….”
ဒီတစ်ကြိမ်မှာတော့ အံ့သြတွေက အရင်ကထက်ပင် ပိုမို ကျယ်လောင်လာခဲ့သည်။ တကယ်အံ့သြစရာပင်။ လူတွေရဲ့ပြယုဂ်အနေနဲ့ ငွေတွေအများကြီးကို လှူခဲ့သည်မှာ တစ်ကယ်ကို သြဇာရှိလွန်းသည်။
[ ဘုရားရေ၊ သန်းတစ်ရာလောက်လှူတာတောင် သူ့ပုံစံက ဘာမှမပြောင်းလဲသွားဘူး။]
[မစ္စတာမုကတော့ မစ္စတာမုပဲလေ။ သူက အရမ်းချမ်းသာတာ။ တစ်ချိန်ထဲမှာပဲ သူက နာမကျန်းတဲ့ ကလေးတွေအပေါ်မှာလည်း မေတ္တာရှိတာကို ပြဖို့ ဆန္ဒရှိနေတာပဲ။ ဒီလို စိတ်ထားမျိုးရှိတဲ့သူက တကယ်အဖိုးတန်လေးပဲ။]
”တတိယမြောက် အစီအစဉ်ကတော့ ပျက်စီးသွားတဲ့ နေရာတွေကို ပြန်လည် တည်ဆောက်ဖို့ပါ။ သိပ်မကြာခင်က ပြည်နယ်Dမှာ ဖြစ်သွားခဲ့တဲ့ ငလျင်ကြောင့် များစွာသောလူတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။ ထိုအခြေအနေဟာ အရမ်းခက်ခဲလှပြီး ပြဿနာကိုဖြေရှင်းဖို့က မြို့တစ်မြို့ကို ပြန်တည်ဆောက်ဖို့ ငွေကုန်ကြေးကျ အရမ်းများမှာပါ။
ဒီတစ်ခေါက် ပြိုင်ပေးရမယ့်စျေးက အရမ်းမြင့်မှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဆယ်ကဏန်းကပင် စမည်ဖြစ်ပါတယ်။ ”
မုချောင်ယွင်မှာ ပိုက်ဆံတွေ အများကြီး လှူဒါန်းပြီးပြီ ဖြစ်သည့်အတွက် ဒီတစ်ခါမှာတော့ ဘာမှထပြောမှာ မဟုတ်လောက်တော့ဘူးဟု လူအများက တွေးထင်နေကြသည်။
ဒါပေမယ့် ဆယ်သန်းလို့ စတင်စျေးခေါ်လိုက်တဲ့အခါ ရုတ်တရက်ဆိုသလို ရွှီယန်ယုက ထပြောလိုက်သည်။
“သန်းငါးဆယ်”
မုချောင်ယွင် - “ သန်းခြောက်ဆယ်”
[ ရယ်ရတာ သေမတက်ပဲ၊ မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ။ ဘာလို့ ဈေးတွေကို ပြိုင်ခေါ်နေကြတာလဲ။]
ရွှီယန်ယုသည် ခပ်တန်းတန်းနေကာ တစ်ဖက်လူကို လုံးဝ လှည့်တောင်မကြည့်ခဲ့ပေ။
“သန်းခုနစ်ဆယ်”
မုချောင်ယွင်လည်း တဖြည်းဖြည်း ပိုမို၍ ယှဥ်ပြိုင်လာဟန်ရှိသည်။
“သန်းရှစ်ဆယ်”
ထိုပွဲရှိ ချမ်းသာသော သူများမှာ ထိုအတွဲ၏ လေလံအပြိုင်ခေါ်နေကြသည့်ကို သေချာကြည့်ရင်း ဘာလို့သူတို့က ပြိုင်လုပြီးခေါ်နေကြတာလဲလို့ တွေးနေကြသည်။ ထိုပိုက်ဆံများ ဘယ်လောက်ပဲကုန်ကုန် ကိစ္စမရှိပေ။ အဲ့ဒါတွေအားလုံးက သူတို့တစ်မိသားစုထဲမှ လာကြခြင်း ဖြစ်သည်။
အတွဲတွေ ချစ်ပြနေတဲ့ ရှိုးတွေ အများကြီးကို ငါမြင်ဖူးခဲ့ပေမယ့် ဒီလို ချစ်ပြနေတဲ့ ပွဲမျိုးတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။
[ ဟ ဟ ဟ ချ ချ။]
ရွှီယန်ယုလည်း မာန်ပါပါဖြင့် ဆက်လက်၍ “ သန်းတစ်ရာ”ဟု ပြောလိုက်သည်။
[ မင်းတို့ညီမရွှီက ရူးနေပြီပဲ။ အဆ်ပြေရဲ့လား ညီမရွှီ။]
မုချောင်ယွင်သည် ဘာတုန့်ပြန့်မှုမှမရှိပဲ လက်ကို မြှောက်လိုက်သည်။
လင်အန်းသည် ပြောစရာစကားပင်မရှိတော့ကာ ချွေးစီးများ နဖူးပေါ်သို့ ကျလာကာ “ သန်းတစ်ရာ့ငါးဆယ်” ဟုပြောလိုက်သည်။
လျိုယွိကလည်း အင်တင်တင်ဖြင့် “သန်းနှစ်ရာ” ဟု စျေးခေါ်လိုက်သည်။
ပရိတ်သတ်များ - “….”
လင်အန်းလည်း မပြောချင်ပေမယ့် ရပ်မရသဖြင့် “ သန်းနှစ်ရာ့ငါးဆယ်”
လျိုယွိလည်း အသက်ကိုပြင်ပြင်းရှုလိုက်ကာ “ သန်းသုံးရာ” ဟုပြောသည်။
[ သေစမ်း၊ များလိုက်တဲ့ပိုက်ဆံတွေပဲ ဘုရားရေ။ ပြည်နယ် D အတွက်ကတော့ ကယ်တင်မှုကြီးပဲဟေ့။ ဒီစုံတွဲကတော့ တစ်ကယ့် နတ်ဖတ်တဲ့စုံတွဲပဲ။ သူတို့က ပျက်စီးသွားတဲ့ နေရာတွေက လူတွေအကျိုးအတွက်တောင် တိုက်ခိုက်နေကြတယ်။]
[ဒီလောက်နှစ်တွေကြာတာတောင် ဒီလိုတိုက်ခိုက်တတ်တဲ့ စုံတွဲမျိုးတစ်ခါမှ မမြင်ဖူးဘူး။ မင်းတို့ ဆက်ပြီး ချစ်ပြနေလို့ ရတယ်။ ဘာမှမဖြစ်ဘူး။ ဆက်ပြီးချနေကြ။ ငါတို့ဘဝတွေကို ဘာမှ စိတ်မပူနဲ့။]
လင်အန်းလည်း နောက်ဆုံးတွင် သူ့ရဲ့သူဌေးက လက်မြှောက်ဖို့ ပြောသည်ကို ထပ်မံရရှိခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ မစ္စတာမုက ပိုပြီးကြီးမားတဲ့ ကွာဟမှုကိုလုပ်ကာ နောက်စက္ကန့်အနည်းငယ်တွင် သူပြောလိုက်သည့် ထိုကဏန်းအရေအတွက်မှာ နှလုံးခုန်နှုန်းများကိုပင် ရပ်တန့်သွားသည့်အလားပင် ဖြစ်သွားရသည်။ “ သန်းငါးရာ”
“ မှီခိုလိုက်တော့…”
လူအုပ်ထဲမှ တစ်ယောက်ယောက်က မနှစ်မြို့သော်လည်း ထိုအရာသည် လူအများ၏ အံ့သြသည့် အသံများဖြင့် ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။
ထိုအသံမှာ အလွန်ပင် ရိုင်းလှသော်လည်း ထိုအခိုက်အတန့်တွင် အဲ့လူ၏ စိတ်ဓာတ်ကိုပင် အပြည့်အဝ ဖော်ပြနိုင်သည်။
အရမ်းချမ်းသာပြီး သြဇာရှိသောသူများ ရှိနေကြသော်လည်း ထိုမြို့ပြန်လည်ပြုပြင်ရေးအတွက် သန်းငါးရာကို အလွယ်တကူ ထုတ်ပေးသည်မှာ တစ်ယောက်သာရှိသည်။ ထိုကဲ့သို့သော စိတ်ဓာတ်မျိုးနှင့် ချမ်းသာသောသူမှာ မုချောင်ယွင် တစ်ယောက်သာ ဖြစ်သည်။
ထိုအရာကိုပြောပြီးသည့်နောက်တွင် ရွှီယန်ယုသည် လေလံကို ဆက်မဆွဲတော့ပေ။ ပရိတ်သတ်များ အားလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ သူမ၏ စိတ်အားထက်သန်မှုကို မည်သူကမှ မယှဥ်ပြိုင်နိုင်ခဲ့ပေ။
ရွှီယန်ယုသည် လေလံခေါ်တာကို ရပ်လိုက်သည့်အခါ မုချောင်ယွင်က သူမအား ထူးဆန်းသော အကြည့်များဖြင့် ရုတ်တရက် ကြည့်လိုက်သည်။
သို့ရာတွင် မည်သူမျှ သတိမထားမိကြပေ။
စီစဥ်သူမှာ စိတ်လှုပ်ရှားစွာဖြင့် “ သန်းငါးရာတစ်ကြိမ်၊ သန်းငါးရာနှစ်ကြိမ် သန်းငါးရာ အတည်ပြုလိုက်ပါပြီ။ မစ္စတာမုကို ဂုဏ်ပြုလိုက်ကြရအောင်။ ဆရာ့ရဲ့ လှူဒါန်းမှုအတွက်လည်း ကျေးဇူးအများကြီး တင်ရှိပါတယ်။ ပျက်စီးသွားတဲ့ ဒေသက လူတွေကလည်း ဆရာ့ကို ကျေးဇူးတင်နေကြတော့မှာ သေချာပါတယ်” ဟုပြောလိုက်သည်။
မုချောင်ယွင်မှာ ဘာခံစားချက်မျှမပြပေ။ သို့သော် ကင်မရာက သူ့အပေါ် ချိန်လိုက်သောအခါ စီစဥ်သူ၏ ကျေးဇူးတင်မှုကို ခေါင်းငြိမ့်ပြကာ တုန့်ပြန်လိုက်သည်။ အင်တာနက်သုံးစွဲသူများက သူ့ရဲ့တည်တည်ငြိမ်ငြိမ်နှင့် သူ၏ စိတ်အားထက်သန်မှုကို သိချင်လာကြသောအခါ သွယ်လျလှပသော လက်ကလေးတစ်စုံက သူ၏လက်ကို ရုတ်တရက် ဆွဲလိုက်သည်။ ထိုအခါ ကြီးမားလှသည့် ခိုဥသဏ္ဍာန် စိန်တုံးကြီးမှာ အားလုံး၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ထိုမြင်ကွင်းအား အင်တာနက်သုံးစွဲသူများက မြင်လိုက်ရသောအခါ ထို live တစ်ခုလုံးကို မယုံနိုင်ပင် ဖြစ်နေသည်။ ရွှီယန်ယုသည် သူ့ဘေးတွင်ထိုင်နေသော မစ္စတာမုအား လက်လှမ်းကာ သူ့ဝတ်စုံရှိ လည်ပင်းအား သေချာပြင်ပေးလိုက်သည်။
ထိုအရာမှာ တမင်လုပ်တာလား မရည်ရွယ်ပဲ လုပ်မိတာလားပင် မသိနိုင်ပေ။ သို့သော် ထိုအခိုက်အတန့်သည် မုချောင်ယွင်၏ မသိစိတ်က ရှောင်ထွက်သွားချင်ခဲ့သည်။ အကြောင်းမှာ ထိုအရာသည် သူ့အတွက် အရမ်းထူးဆန်းကာ တခုခုမှားနေသည်ဟု ခံစားရသည်။
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင် အေးစက်နေသော လက်ချောင်းများက သူ၏ လည်ပင်းကိုဖွဖွလေး ထိလိုက် ထိုလက်ချောင်းလေးများသည် သူ၏ လည်စိနားကို ရောက်သည်အထိ သူ၏ နူးညံ့သော အသားလေးတွေကို ထိတွေ့ခဲ့သည်။ ထိုအထိအတွေ့မှာ ခနလေးဟုဆိုသော်လည်း ထိုအေးစက်သည့် အထိအတွေ့မှာ ကြာရှည်စွာ ကျန်ရစ်ခဲ့သည်။ မုချောင်ယွင်၏ နှလုံးသားလေးမှာ အနည်းငယ် တုန်လှုပ်သွားသည်။
အကြောင်းမှာ သူခနတာ မှင်သက်သွားခဲ့သည်။ ယေဘူယျအား ဖြင့်ပြောရမယ်ဆိုရင် ရွှီယန်ယု ဘာလုပ်နေလဲဆိုတာကို သူ မသိပေ။
ဘာလို့ ဒါတွေက ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားခဲ့ရတာလဲ။
ထိုနားလည်ရခတ်သော အပြုအမူကြောင့် သူမိနစ်ဝက်လောက် မှင်သက်နေပေသည်။
သူသာမက တစ်ခြားသူများပင် မှင်သက်နေခဲ့သည်။ လင်အန်း၊ လျိုယွိနှင့် တစ်ခြား တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ သူများလည်း အပါအဝင် ဖြစ်သည်။
မုချောင်ယွင်သည် စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အသိပြန်ဝင်လာသောအခါ သူမစိတ်တွင်းက အတွေးများကို အကဲဖြတ်ရန် အစောတလျင် ငေးကာကြည့်နေခဲ့တော့သည်။
ရလဒ်အနေဖြင့် ရွှီယန်ယုလည်း သူမလက်ကို သိသိသာသာ ပြန်ရုတ်သိမ်းလိုက်သည်။ ဘာမှမဖြစ်ခဲ့သလိုနှင့် သူစလိုက်တာ မဟုတ်သလို နေနေသည်။
“….”
ဒီမိန်းမက တစ်ကယ် စိတ်ရှုပ်စရာကောင်းတာပဲ။
ချက်ချင်းပဲ ဘာမှမဖြစ်သလိုနေနေတယ်။
[ အားးးးးးး ဘာဖြစ်သွားတာလဲ။ ဘုရားရေ၊ ဒါကတကယ်ကြီးလား။ ဒါကရော နောက်ထပ် အိပ်မက်တစ်ခုပဲလား။ မယုံနိုင်စရာပဲ။]
[ ဒီအခြေနေက နည်းနည်းတော့များသွားပြီ။ ငါတော့ သတိပါလစ်ချင်သွားတယ်။]
[ ညီမရွှီ လုပ်ချလိုက်တာက အန္တရာယ်များလိုက်တာ။ ဥက္ကဌမုကတော့ အဲ့ဒါကို မထိန်းနိုင်ပဲ ကတိုက်တရိုက်တွေ ဖြစ်ကုန်တော့မှာပဲ။]
[ ဒါက ဆွဲဆောင်မှုရှိလိုက်တာ။ ဒါကိုဘယ်သူက သည်းခံနိုင်မှာလဲ။ ဒီလှပတဲ့ လက်ကလေးတွေက အားနည်းပြီး အရိုးမရှိသလိုပဲ။ အရမ်းနူးညံ့ပြီး ဖယောင်းသားလို အထိအတွေ့လေးတွေကို မြင်ယောင်ကြည့်လိုက်စမ်းပါ။ မစ္စတာမုကတော့ အပျော်လွန်နေပြီ။]
[ယွမ်ကို ငါးဘီလီယံ ခြောက်ဘီလီယံလောက် သုံးထားတဲ့ မစ္စတာမုကို ကြည့်လိုက်။ သူက ဂရုမစိုက်နေသလိုပဲ။ ရွှီယန်ယုက သူ့ကိုထိလိုက်တဲ့ချိန်တုန်းကတော့ ဒီလိုတည်ငြိမ်မနေဘူး။ သူဘယ်လောက်ပျော်နေလဲ စိတ်ကူးကြည့်လို့တောင်ရတယ်။ ]
[မြန်မြန် မစ္စတာမုကို အင်တာသွားဗျူးကြပါတော့။ မစ္စတာမုက အဲ့အထိအတွေ့က ဘယ်လောက် အေးစက်ကြောင်းတွေကို စကားလုံးပေါင်း နှစ်သိန်းလောက်နဲ့ ချဲ့ကားပြတော့မယ်။ သူဌေးမုနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်။ ပြီးရင် ညီမရွှီရဲ့ အထိအတွေ့လေးတွေကို ခံစားလိုက်မယ်။ တွေးရင်းနဲ့တောင် သရေယိုလာပြီ။]
မုချောင်ယွင်တစ်ယောက် ရွှီယန်ယုရဲ့ ကျီစယ်ခံလိုက်ရတာကို အင်တာနက်သုံးစွဲသူများက တွေ့ရှိခဲ့ကြသည်။ အခုလေးတင် သူ အမူအရာတွေကို လုံးဝ ထုတ်ပြောပြမတက် ဖြစ်သွားခဲ့သည်။ တိတိကျကျ သူ့ကိုဖော်ပြရမည်မှာ ရေခဲတုံးကြီး အရည်ပျော်သွားသလိုပင် ဖြစ်သည်။ ဂရုမစိုက်မှုများနှင့် သူစိမ်းဆန်မှုများမှာ မရှိတော့ပေ။ သူသည် ကြိမ်ဖန်များစွာ တစ်နေရာထဲကို ငေးကြည့်နေခဲ့သည်။
သူကြည့်နေတဲ့ တစ်ခုတည်းသော အရာက ရွှီယန်ယုထိုင်နေတဲ့ နေရာပင် ဖြစ်သည်။
ဒါပေမယ့် ရွှီယန်ယုက သူမ အမူအရာကို ခါတိုင်းလိုပဲ ထိန်းထားစမြဲဖြစ်သည်။ မုချောင်ယွင်ကို မကြည့်ဘဲ စင်ပေါ်သို့သာ ကြည့်နေသည်။
ထို့ကြောင့် မုချောင်ယွင်မှာ ရွှီယန်ယုကို တစ်ဖက်သက် ကြည့်နေရပေသည်။ ထို့ပြင် ခနခနနှင့် ကြိမ်ဖန်များစွာ ကြည့်နေသည်ကို တိုက်ရိုက်ထုတ်လွှတ်မှုရှိ သူများမှာပင် ထိုအရာကို မရှင်းပြနိုင်ကြပေ။
[မစ္စတာမုက သိပ်ကြာကြာလည်း အေးတိအေးစက် မနေနိုင်ပါဘူး။ ဘယ်လောက်တောင် အသုံးမကျလိုက်တဲ့သူလဲ။ အဲ့မိန်းမက ဘယ်လို မှော်အစွမ်းတွေများ ရှိနေလို့ သူက မြင့်မြတ်တဲ့ သူဌေးမုလိုလူကို တန်ဖိုးမဲ့အောင် လုပ်သွားရတာလဲ။]
[ ဒီမှာ မစ္စတာမုကို ဂရုစိုက်မယ့်သူ တစ်ယောက်မှ မရှိကြတော့ဘူးလား။ အလုပ်တွေ အလုပ်လွန်ပြီး တစ်ကိုယ်လုံး မလှုပ်နိုင် မကိုင်နိုင်တွေထိ ဖြစ်ကုန်ရင် ပိုဆိုးကုန်မယ်။]
[ငါလေ တစ်ချက်လောက် တွက်ကြည့်မိတာရှိတယ်။ လွန်ခဲ့တဲ့ နှစ်နာရီက live ကိုလေ မစ္စတာမုကြည့်နေတာ အဲ့လေလံဆွဲတဲ့အပိုင်းပါ အပါဆို သူမကိုကြည့်နေတာ ၁၂၂ ခေါက်ရှိနေပြီ။ သူ့ကြည့်ရတာ ရွှီယန်ယုကို စားမလို ဝါးမလိုပဲ။ ငါ မင်းအတွက် နှစ်ယောက်အိပ် ဇိမ်ခံအိပ်ရာကြီး ရွှေ့လာခဲ့ပေးပါ့မယ်။]
[ ဒီအတွဲက တကယ် ရယ်စရာပဲ။ ညီမရွှီနဲ့ ချိန်းတွေ့ရတာလည်း ရင်တုန်စရာကောင်းလိုက်တာ။]
ထိုပရဟိတ ရန်ပုံငွေပွဲကြီးလည်း မကြာခင် ပြီးတော့မည် ဖြစ်သည်။ မုရွှီတို့ အတွဲလည်း အကြာကြီးမနေပဲ ပွဲထဲက အမြန် ထွက်သွားကြသည်။
အဲ့နောက်မှာ ပါပါရာဇီများက သူတို့အတူ ထွက်သွားကြပြီး မြို့A မှာရှိတဲ့သူတို့အိမ်ကိုပဲ ပြန်သွားခဲ့ကြတယ် ဟု ပြောပြခဲ့ကြသည်။
မုချောင်ယွင်လည်း သူရွှီယန်ယုကို နားမလည်နိုင်တာကို သိလာခဲ့ပေသည်။
အဲ့အရာကို သူ တစ်ကယ် အဖြေထုတ်မရပါ။ သူအားလုံးကို စုံစမ်းပြီးသွားတာတောင် သူ့မှာ ကျန်နေသေးသည်။ သူ့ရှေ့ကအမျိုးသမီးက မကောင်းဆိုးဝါး ပိုင်တဲ့ အရာတစ်ခုနှင့် တူဟန်ရှိနေသည်။
ဘာတွေလုပ်နေကြတာလဲ။
သူတို့နှစ်ယောက်အတူ ဇိမ်ခံကားကြီးထဲ ထိုင်နေကြကာ ရင့်ကျက်ပြီး အသံအက်အက်မျိုးဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက ရုတ်တရက်ဆိုသလိုပဲ သူတို့သက်တမ်းသုံးနှစ်မှာ ပထမဆုံးအကြိမ် စကားစပြောခဲ့သည်။
ထိုပြောခဲ့သည့်စကားမှာ သုံးနှစ်အတွင်း တစ်စုံတစ်ယောက်မှ အရင် စကားစပြောခဲ့ခြင်း ဖြစ်သည်။
ထိုအရာမှာ မူလပိုင်ရှင်မှ အိပ်မက် စိတ်ကူးယဥ်မရနိုင်ခဲ့သော မြင်ကွင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
မုချောင်ယွင်သည် ရွှီယန်ယုကို စကားပြောဖို့ ပထမခြေလှမ်း စခဲ့သည်။ ထို့နောက် ကားမောင်းနေသော လင်အန်းမှာ သူ့အသက်ရှူသံများကိုပင် ထိန်းထားနေရသည်။
မုချောင်ယွင်မှ ရွှီယန်ယုအား ပထမဦးစွာ စကားစပြောခဲ့သည်။
“မင်း အခုဘာတွေလုပ်နေလဲ။”
အသံအနေအထားမှာ အေးတိအေးစက်ဖြစ်နေကာ မေးခွန်းထုတ်စရာများပင် ရှိလာသည်။ တစ်ကယ်က ထိုလိုအသံမျိုးဖြင့် ပြောဖို့ မရည်ရွယ်ပဲ ပြောလိုက်မိသည် ဖြစ်သည်။
ထိုအရာမှာ သူ့အကျင့်ပင်ဖြစ်သည်။ တစ်ကယ်တမ်းမှာ မုချောင်ယွင်သည် လူတိုင်းအပေါ် ထိုကဲ့သို့ပင် ဆက်ဆံသည်။ အတိတ်ရှိ အရာများကြောင့် နေရထိုင်ရခက်ကာ အခြေအနေမှာလည်း ပိုမို အေးစက်လာခဲ့သည်။
ထိုမေးခွန်းကို ရွှီယန်ယု ကြားလိုက်ရသောအခါ ဘာမှမပြောပဲ သူ့ကိုသာ ကြည့်လိုက်သည်။ ဘာမှပြန်မဖြေပဲ သူ့ကိုသာ အကြာကြီး ကြည့်နေခဲ့သည်။
“ရှင့်ပါးစပ်ကနေ ဘာလို့ ၃၇ ဒီဂရီလောက် အေးခဲနေတဲ့ စကားလုံးတွေကို လာပြောနေရတာလဲ။”
“…..”
“…...”
ကားထဲရှိ အေးစက်နေသည့် အခြေအနေကြီးမှာ ရပ်တန့်သွားသော်လည်း ထိုအေးစက်နေမှုကြီးသည် လုံးဝ ပျောက်ကွယ်သွားဖို့ရန် မဖြစ်နိုင်ပေ။
မုချောင်ယွင်မှာ ရွှီယန်ယုကို တစ်ချက်ကလေးတောင် ပြန်မကြည့်သော်လည်း သူမ၏ မျက်ဝန်းများမှာ တောက်ပကာ ဆွဲဆောင်နိုင်လွန်းသော ညှို့ယူအားများ ရှိသည်ကို သိနေခဲ့သည်။ ထိုမျက်ဝန်းများမှာ လှပလွန်း၍ ဆွဲမက်ဖွယ်ကောင်းသော မရေမတွက်နိုင်သည့် ခံစားချက်များဖြင့် ပြည့်နှက်လျက်ရှိသည်။
ထိုအရာများကပဲ သူ၏အာရုံစိုက်မှုကို အတော်လေး ဖမ်းစားနိုင်ခဲ့သည်။ သူသည် ထိုစွဲမက်စေသော မျက်ဝန်းများကို မကြည့်မိအောင် မထိန်းနိုင်ခဲ့ပေ။ ထို့အပြင် ထိုမျက်ဝန်းများသည် ညှာတာ သနားတတ်ပြီး မျက်ဝန်းတွင်လည်း မျက်ရည်မိုးလေးများ ရွာသွန်းတော့မည့်အလား ဖြစ်နေသည်။
သို့သော် မုချောင်ယွင်၏ အသံမှာ အေးစက်နေဆဲပင် ဖြစ်နေသည်။
အသံတိုတိုးလေးထွက်လာကာ ပိုပြီးလည်း နူးညံ့လာသည်။ သေချာနားထောင်ကြည့်လျှင် ဖြေရှင်းချက်အချို့ကိုပင် ကြားနေရသည်။
“မဟုတ်ပဲနဲ့.....”
ရွှီယန်ယုမှာ သူ့ကိုဆက်မကြည့်တော့ဘဲ သူ၏ တောက်လောင်နေသည့် အကြည့်များကို ခံစားမိသည်။
ထို့နောက် သူမသည် အသံတိုးရှရှလေးကို ရုတ်တရက် ကြားလိုက်ရသည်။
“ မင်းလက်ဆောင်က ဘယ်သူ့အတွက်လဲ။”
………
ညလယ် နှစ်နာရီအချိန်တွင်
မုချောင်ယွင်၏ လူမှုစာမျက်နှာပေါ်တွင် ရုတ်တရက် တင်ထားသော ပုံတစ်ပုံကို အင်တာနက်သုံးသူများက တွေ့လိုက်ရသည်။
ပုံထဲတွင် မြွေခေါင်းပုံစံ ခရမ်းရောင်မီးခြစ်ကို လေထဲတွင်ကိုင်ကာ ခရမ်းရောင်မီးတောက်လေးမှာ ၃၆၅ ဒီဂရီတွင် တောက်လောက်နေသည်မှာ ထူးခြားလျက်ရှိကာ အလွန် မိုက်သည်။
ထိုပုံလေးမှာ အမြင်အရပင် အလွန်သက်ရောက်မှုရှိကာ အင်တာနက်သုံးစွဲသူများသည် ထိုပုံကို မြင်ရလိုက်သောအခါ ရူးမလိုပင် ဖြစ်သွားကြသည်။
[ အားးး ဘုရားရေ ညီမရွှီက တကယ်ပေးလိုက်တာပဲ။]
[ ညီမရွှီက ဘာပေးလိုက်တာလဲ။ ငါတို့ကိုလည်း သေသေချာချာ ပြောပြကြပါဦး။ သူ့ကို ဘာပေးလိုက်တာလဲ။ ငါတော့ တကယ် ငိုနေရပြီ။]