← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ညအစောပိုင်းတွင် မုချောင်ယွင်တင်လိုက်သော ဘလော့မှာ အင်တာနက် အသုံးပြုသူများကြားတွင် ရေပန်းစားသော ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။ အင်တာနက် သုံးစွဲသူများသည် သူတို့ ဘဝတစ်လျှောက် ဒီလိုချစ်ပြတာမျိုး တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့နှစ်ယောက် အခုလောက်ကြီး ထင်သာမြင်သာအောင် နေနေတာ ရပ်သင့်နေပြီ ဟု ပြောခဲ့သည်။

[ Weibo ပေါ်မှာ ဥက္ကဌမု တင်လိုက်တာတဲ့ဟာကြောင့် ငါတို့မှာ ဒီပြဿနာတွေနဲ့ ကြုံနေရပြီ။ ရွှီယန်ယုကိုယ်တိုင် မြွေခေါင်းပုံ ဒီဇိုင်းထုတ်ထားတဲ့ ခရမ်းရောင် ရတနာမီးခြစ်က အစကတည်းက သူ့ကိုပေးဖို့ ရည်ရွယ်ထားတာလေ။ သူတို့ရဲ့ အတူတူ လုပ်ကိုင်နေတဲ့ အရင်ကနဲ့ အခုနောက်ပိုင်း ဖြစ်နေတာတွေကို သိဖို့က နိုင်ဖို့ခက်ခဲတဲ့ ဂိမ်းကြီးဆော့နေရသလိုပဲ။]

[ ခုတော့ ဘာတွေဖြစ်နေလဲဆိုတာ သေချာ နားလည်သွားပါပြီ။ ညီမရွှီက လူကို ကျီစယ်တဲ့နေရာမှာ သိပ်တော်တာပဲ။ သူမက အရင်မပေးပစ်ပဲ တဖက်က မေးလာတဲ့ထိကို စောင့်နေတာ။ ဒါက တစ်ဖက်လူရဲ့ အာရုံစိုက်မှုကို အပြည့်ရအောင် ဆွဲယူတာပဲ။ မစ္စတာမုရဲ့ နှလုံးသားထဲမှာတော့ မရိုးမယွဖြစ်နေမှာပဲ။ သူလည်း မခံချင်စိတ်တွေ ချက်ချင်း ဖြစ်နေတော့တာပဲ။]

[ဟာသပဲ။ ရွှီယန်ယုလို ဒိတ်တဲ့နေရာမှာတော်ပြီး အောင်မြင်နေတဲ့ အမျိုးသမီးရယ်လို့ များများစားစားမှ မရှိတာ။ သူ့မှာအဲ့လိုစကေး တစ်ဝက်လောက်ပဲရှိရင် နောက်ထက်လက်တွဲဖော် ထပ်ရှာဖို့က သူ့အတွက် ဘာပြဿနာမှ မရှိဘူး။]

[မင်းသတိထားကြည့်ရင် ညီမရွှီက တကယ် မလိုအပ်ရင် ဘာမှမလုပ်တာကို တွေ့လိမ့်မယ်။ မနေ့က ပရဟိတပွဲက လေလံဆွဲတဲ့အပိုင်းကို ကြည့်ရင် မစ္စတာမုက တကယ် တည်ငြိမ်တဲ့သူဆိုတာ မင်းသိလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလောက် အမြဲ တည်ငြိမ်နေတဲ့ သူတောင် အဲ့လက်ဆောင်ကို ရပြီးတာနဲ့ ကြွားတော့တာပဲ။]

[ သူက တစ်ခုခုတော့ မှားနေပြီ။ တကယ်ကိုမှားနေပြီ။ အဲ့ဒါက မီးခြစ်တစ်လုံးကို တကယ် သူ့ကိုပဲ ပေးလိုက်တာလားဆိုတာ လူတွေကို သိချင်အောင် လုပ်နေတာပဲ။]

တစ်ချိန်တည်းမှာပဲ ပရဟိတပွဲမှာ မုချောင်ယွင်နှင့် ရွှီယန်ယုတို့၏ ယွမ်သန်းခြောက်ရာခန့် လှူဒါန်းခဲ့ခြင်းက ပြင်တွင်းနှင့် ပြည်ပတွင် သတင်းခေါင်းစဥ်ကြီးတစ်ခု ဖြစ်ခဲ့သည်။

ပြည်နယ် D ရှိ မနက်ခင်းသတင်းမှာတောင်မှ ထိုအဖြစ်အပျက်အကြောင်းကို တင်ဆက်ခဲ့သည်။ ဤများစွာသော လှူဒါန်းမှုကြီးသည် အောင်မြင်မှုအပေါ်တွင် များစွာသက်ရောက်မှု ရှိခဲ့သည်။

ထိုသတင်းစာများ ပိတ်သိမ်းသွားသည့် အချိန်အတွင်းမှာတောင် ဝယ်ယူလို့ရနိုင်သော သတင်းစာများက ထိုအဖြစ်အပျက်အကြောင်းကို ရေးသား ဖော်ပြခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ဒီတစ်ခေါက် မုချောင်ယွင် တရုတ်ပြည်ကို ပြန်လာပြီးနောက်တွင် ထူးဆန်းတဲ့ အရာတစ်ခုကို လူတိုင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရာမှာ သူသည် မြို့Y ကို ချက်ချင်းမပြန်တော့ပဲ ဒိနိုင်ငံတွင် အချိန်ကြာကြာနေဖို့ရန် အစီစဥ် ဆွဲခဲ့သည်။ ထိုတွေ့ရှိမှုမှာ လူအများအား အံ့သြသွားစေခဲ့သည်။

သို့သော် ထိုမထင်ထားသော အရာကို ရှာတွေ့ခဲ့သည့် ပရိတ်သတ်များမှာ “ လက်ထပ်တာကအရင် အချစ်က နောက်မှ” ၏ ပရိတ်သတ်များပင် ဖြစ်သည်။ အကြောင်းမှာ သူတို့သည် တခုခုက မှားနေသည်ကို ခံစားမိခဲ့သည်။

[မစ္စတာမုရဲ့ ဟိုတလောက အခြေနေတွေက တကယ်ကို အရင်ရဲ့မတူတော့သလိုပဲ။ သူ ဒီနိုင်ငံမှာပဲ အချိန်ကြာကြာနေဖို့ စီစဥ်နေတာလား။]

[အဲ့ဒါက မဖြစ်နိုင်ပါဘူး။ သူ့ရဲ့အလုပ်က နိုင်ငံခြားမှာ မဟုတ်ဘူးလား။ နှစ်တိုင်း အတော်လေးကြာမှ သူပြန်လာတာကို။ သူပြန်လာတာ မြင်ရဖို့ဆိုတာတောင် ခပ်ရှားရှားပဲလေ။]

[မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ ဒီလက်ဆောင်လေး တစ်ခုထဲနဲ့ သူ့ကိုနိုင်ငံခြားကနေ ပြန်လာဖို့ ဆွဲဆောင်နိုင်တာက တကယ် မယုံနိုင်စရာကြီး။]

[သိပ်ပြီးလည်း ယုံမနေကြနဲ့။ မစ္စတာမုက နိုင်ငံခြားမှာ နှစ်တွေအကြာကြီး နေခဲ့တာ။ ဒီလိုလုပ်တိုင်း သူပြန်လာမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့အထင်တော့ သိပ်မကြာပါဘူး။ သူ မြို့A ကနေ ထွက်သွားလိမ့်မယ်။]

[ရယ်စရာပဲ။ အဲ့မှာ တစ်ယောက်ယောက်ရှိရင်တော့ သူ့ကို တရုတ်ပြည်မှာ ထားဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ညီမရွှီလေ။ ညီမရွှီက တအား ချစ်ဖို့ကောင်းတယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်။ ဒီလို စီးပွားရေးတွေကို ပရော်ဖက်ရှင်နယ် CEO တွေက စီစဥ်နေတာလေ။ သူပြန်လာလာ မလာလာ ပြောစရာ ကိစ္စမှမဟုတ်တာ။]

[ငါသိချင်တာက သူဒီမှာသာ တရုတ်ပြည်မှာ အကြာကြီးနေမယ်ဆိုရင်လည်း ရိုက်ကူးရေးအဖွဲ့ကို မေးခိုင်းလိုက်ကြပါ။ မစ္စတာမုက အရင်က အသံသွင်းဖို့ ခုခံပြီး ငြင်းနေတာလေ။ အခုလည်းဖြေဖို့ ငြင်းနေသေးလား သွားမေးကြရအောင်။ မနေ့ညက သူ့ရဲ့ စိတ်အခြေနေကို ဆုံးဖြတ်ကြည့်ရအောင်။ ငါ့အထင် အဲ့မှာ ပြောင်းလဲမှုလေးတွေ ရှိလောက်မယ်။]

[ အဲ့ဒါကြောင့် ငါတို့ကြိုးစားကြည့်ရမှာပဲလေ။ တူတူအသံသွင်းဖို့ သဘောတူရင် သူ ဒီမှာ အကြာကြီးနေဖို့ ရှိတယ်လို့ မျှော်လင့်လို့ရတာပဲ။ သူ သဘောမတူဘူးဆိုရင်တော့ ငါတို့ ဘာမှမဖြစ်ခဲ့တဲ့ အချိန်ကိုပဲ ပြန်သွားရလိမ့်မယ်။]

[တစ်ညထဲနဲ့ တရုတ်ပြည်ကို ပြန်လာဖို့ ဆုံးဖြတ်မယ်ဆိုတာက ဖြစ်နိုင်လို့လား။ နည်းနည်းတော့ မယုံချင်စရာပဲ။ မစ္စတာမုက အရမ်း ရည်မှန်းချက် ကြီးတဲ့သူလေ။ ပြီးတော့ သူကအပြင်မှာ နှစ်တော်တော်ကြာ သိပ်ပြီးနေတာမှ မဟုတ်တာ။ ငါတော့ မျှော်လင့်ချက် သိပ်ရှိမယ်မထင်ဘူး]

[ ဒီလိုအောင်မြင်တဲ့သူအတွက်ဆို သူ့အလုပ်က အမြဲ ပထမ ဦးစားပေးပဲ။ တခြားအရာတွေကတော့ အဲ့လို မလုပ်လောက်ဘူးလို့ ငါထင်တယ်။ ကံကောင်းလို့ ညီမရွှီကလည်း အချစ်ကို ကိုးကွယ်တဲ့သူမှ မဟုတ်တာ။ အများကြီးလည်း မျှော်လင့်မနေနဲ့။]

[မင်းမျှော်လင့်ထားရင် မင်းကြိုးစားကြည့်ပေါ့ သိလိမ့်မယ်။ မင်းမကြိုးစားကြည့်ပဲ ဘယ်လိုလုပ် သိနိုင်မှာလဲ။]

“လက်ထပ်တာက အရင်၊ အချစ်က နောက်မှ” ပရိုဂရမ်အဖွဲ့သည် အင်တာနက်သုံးစွဲသူများထံမှ သီးသန့်စာစောင်များစွာ လက်ခံရရှိခဲ့သည်။ အကြောင်းမှာ ထိုအဖြစ်အပျက်ကြောင့် ဖြစ်သည်။ မုချောင်ယွင်က အခုဆို တရုတ်ပြည်တွင် ရှိနေပြီဖြစ်ကာ ထိုအကောင်းဆုံး အခွင့်အရေးကို အခုချိန်မှ အသုံးမချလျှင် အလဟဿ ဖြစ်သွားမည် ဖြစ်သည်။

လင်အန်းသည် ပရိုဂရမ်အဖွဲ့မှာ အီးမေးလ် ဖိတ်စာကို ရရှိပြီးနောက်တွင် ထိုအကြောင်းကို သူ၏သူဌေးအား အမြန်ဆက်သွယ်ခဲ့သည်။ သူသည် မကြာသေးမီက ပြုလုပ်ခဲ့သော ပရိဟိတကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့ပြီ ဖြစ်သည်။ အကြောင်းမှာ ဒီနိုင်ငံတွင် တစ်ခြားအလုပ် မရှိနေခြင်းကြောင့် ဖြစ်သည်။ နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် တကယ်ဆိုရင် သူသည် မြို့Y ကိုပြန်ဖို့ရန် ပြင်ဆင်ပြီးပြီ ဖြစ်သည်။

သို့ရာတွင် ဘာစီစဥ်ထားမှု တစ်ခုမှ မသိရှိရသေးသည်မှာ ပြဿနာကြီးတစ်ခုပင် ဖြစ်သည်။

မုချောင်ယွင်သည် သူ့လက်ထဲက စာတမ်းများကို ရပ်ကာ ရိုက်ကူးရေးအဖွဲ့မှ အီးမေးလ်ဖိတ်ခေါ်စာကို ကြည့်လိုက်သည်။ ထိုအရာမှာ နောက်ထပ် အသံသွင်းဖို့ရန် စီစဥ်မှုတစ်ခု ဖြစ်သည်။ တချို့သော အသံသွင်းသည့် အစီစဥ်ပြီးလျှင် ပရိတ်သတ်များနှင့် တိုက်ရိုက် အင်တာဗျူးဖို့ ဖြစ်သည်။ ထိုအရာမှာ “ လက်ထပ်တာကအရင် အချစ်ကနောက်မှ” ရသစုံရှိုးမှ အတွဲများသည် အတူတကွ အသံသွင်းခဲ့ကြသော်လည်း ရွှီယန်ယုသည် တစ်ယောက်ထဲသာ အသံသွင်းခဲ့ရသည်။

ယခုချိန် သူ တရုတ်ပြည်တွင် ရှိနေသည်မှာ သူ့ကို ဖိတ်ကြားမလားဆိုတာကို စောင့်ကြည့်ရန်လည်း ဖြစ်ဟန်ရှိသည်။

မုချောင်ယွင်လည်း ရုတ်တရက် ခနတွေးကာ “သူတို့ အရင်ကရော ငါတို့ကို အဲ့လိုအများကြီး ခေါ်ခဲ့ကြတာလား” လို့မေးလိုက်သည်။

လင်အန်းလည်း ခေါင်းငြိမ့်ပြခဲ့သည်။ ထိုအရာမှာ ရှိုးပွဲအစကပင် ဧည့်သည်အဖြစ် လက်ခံဖို့ ဖြစ်သော်လည်း မစ္စတာမုသည် အရင်က ငြင်းဖို့ကိုပဲ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် အဆက်အသွယ် လုပ်လာသမျှ ဖုန်းတိုင်းကို မကိုင်ခဲ့ခြင်းဖြစ်သည်။

“ ဟုတ်ကဲ့။”

မုချောင်ယွင်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းကို စောင်းလိုက်သည်။ “ ဟုတ်ပြီ။ ငါတို့က သူတို့ကို အမြဲငြင်းခဲ့တာတောင် သူတို့က မနားမနေ အကြိမ်များကြီး ဖိတ်ကြားဖို့ ပြုလုပ်ခဲ့တာပဲ။ အဲ့ဒါတွေက သူတို့ စိတ်ရင်းအရ ဆိုတာကို ပြတာပဲလေ။ အဲ့တော့ ငါတို့ ပထမဆုံးအကြိမ် သူတိူ့ဖိတ်တာကို သဘောတူလိုက်ကြတာပေါ့”

“……”

သူဌေး၊ လွန်ခဲ့တဲ့ နှစ်လက သူဌေးပြောခဲ့တာ အဲ့လိုမဟုတ်ပါဘူး။

ဒီအတွေးက ပြောင်းလဲသွားတာ နည်းနည်း မြန်သလိုပဲ။

မစ္စတာမုက ရည်ရွယ်ချက်က ဘာကိုမှ နစ်မျောနေတာ မဟုတ်ပဲဘူးဟု လင်အန်း ခံစားခဲ့ရသည်။ သူဘာတွေတွေးနေလဲဆိုတာ လင်အန်း သေချာသိနေခဲ့သည်။

“ ကောင်းပါပြီ။ ကျွန်တော် သူတို့ကို ဆက်သွယ်ပြီးတော့ သူတို့ဖိတ်တာ လက်ခံတဲ့အကြောင်း ပြောလိုက်ပါ့မယ်။”

“လက်ထပ်တာကအရင် အချစ်ကနောက်မှ” ပရိုဂရမ်အဖွဲ့သည် မုချောင်ယွင် သဘောတူသည်ကို ကြားပြီးသည့်နောက်တွင် တကယ် အံ့သြသွားခဲ့ကြသည်။ သူတို့သည် အရင်က နံရံကို ပြေးတိုက်နေသကဲ့သို့ ဖြစ်ကာ အရှေ့သို့ မရောက်ခဲ့သည်ကို သိရှိကာ နောက်ပိုင်းတွင် ရွှီယန်ယုသည် ထိုရသစုံရှိုးတွင် သူမဘာသာ တစ်ယောက်ထဲ အသံသွင်းခဲ့သည်။ ဒီတစ်ခါမှာတော့ ဒီလိုအရာကို တစ်ဖက်လူက လက်ခံမည်ဟု မျှော်လင့်ကာ ကြိုးစားခဲ့သည်။ သို့သော် မမျှော်လင့်စွာပဲ သူတကယ် လက်ခံခဲ့သည်။

ပရိုဂရမ်အသင်းလည်း အတော်လေး အံ့သြခဲ့ရသည်။ မုချောင်ယွင် live ပြုလုပ်မည့် အခန်းထဲသို့ လာရန်အတွက် တံခါးဖွင့်ပေးမည့် သူများကလည်း မြန်မြန်ပင် တန်းစီလိုက်ကြကာ ရှိနေကြသော်လည်း အခြားပြဿနာတစ်ခုပင် ရှိနေသေးသည်။ သူတို့က တူတူဆောင်ရွက်ဖို့ သဘောတူခဲ့သော်လည်း စုံတွဲများ ပြုလုပ်ရသည့် ပွဲမျိုးကို အတူတူ ပါဝင်မည်ကိုတော့ မသေချာလှပေ။

ဒီကိစ္စကို ပိုသေချာအောင် အခု ငါတို့ ထပ်မေးလိုက်လိုက်ပါ့မယ်။ အဲ့လိုမှမဟုတ်ရင် မစ္စတာမုရဲ့ပုံစံအရ အဲ့အချိန်ရောက်မှ နောင်တ ရသွားလိမ့်မယ်။

မုချောင်ယွင်၏ live ကို “လက်ထပ်တာကအရင် အချစ်က နောက်မှ” အခန်းထဲတွင် ထုတ်လွှင့်ပြီးနောက် ပရိတ်သတ်များမှာ ထိတ်လန့်သွားခဲ့ရသည်။

[ မစ္စတာမုက ဒီရှိုးမှာ အသံသွင်းဖို့ တကယ် သဘောတူလိုက်တာပဲ!!!!]

[ဟ.ဟ.ဟ.ဟ မစ္စတာမုရဲ့အတွေးတွေကပဲ သူ့ကိုယ်သူ သက်သေပြသွားပြီလေ။]

[ဒီတစ်ခါ သူ ပြန်မသွားလောက်ဘူးလို့ မျှော်လင့်တာပဲ။ သူ့ကြည့်ရတာ တကယ် တရုတ်ပြည်မှာ အချိန်တော်ကြာ နေချင်တဲ့ပုံပဲ။ အချစ်က လူတွေကို ဒီလောက်တောင် ပြောင်းလဲနိုင်တာလား။]

မုချောင်ယွင်သည် တိုက်ရိုက်ထုတ်လွှတ်မှု၌ ဒီတစ်ခါ ပါဝင်ခဲ့ပြီဖြစ်သည်။ ပရိုဂရမ်အဖွဲ့လည်း ပါဝင်သော အတွဲများအတွက် သူတို့နှင့် သက်ဆိုင်ရာ မေးခွန်းများကို ဖြေဆိုရန်နှင့် အင်တာဗျူးဖြေဖို့ရန် စီစဥ်နေကြပြီ ဖြစ်သည်။

စည်းမျဥ်းများအရ မေးခွန်းများဖြေဖို့ ပေးထားသော မေးခွန်းများကို လင်မယားနှစ်ယောက်လုံးက ဘာမှ မဆွေးနွေးမတိုင်ပင်ပဲ တူတူဖြေကြရမည် ဖြစ်သည်။ ထိုမေးခွန်းများမှာ မရိုးရှင်းပဲ ခန့်မှန်းဖို့ လိုအပ်သည်။ “ တစ်ဖက်လူက ဘာကိုရွေးမလဲ”

ထိုနောက် ဇနီး(ခင်ပွန်း) မှ တူညီသော မေးခွန်းများကို ရွေးချယ်ရမည် ဖြစ်သည်။ သူတို့တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်လေလေ၊ သူတို့အချင်းချင်း ပိုမိုနီးစပ်ကာ ဘာကို တွေးနေလဲဆိုတာ ဖျက်ခနဲ သိကြလေ ဖြစ်သည်။ ထိုအရာကပဲ သူတို့အတွဲများ၏ ဆက်ဆံရေးကို ပရိတ်သတ်များက ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် အပြန်အလှန် နားလည်မှုရှိတဲ့ အဆင့်ကို ရောက်နိုင်တဲ့ စုံတွဲအနည်းငယ်သာ ရှိခဲ့သည်။ တကယ့် လက်တွေ့ဘဝတွင် အတွဲအများစုသည် အိပ်ရာတစ်ခုထဲပေါ်တွင် အိပ်နေကြသော်လည်း သူတို့တွင် မတူညီသော အိပ်မက်များစွာ ရှိကြသည်။

စည်းမျဥ်းများကို အရင်ထုတ်လိုက်သည့်အခါတွင် အင်တာနက်သုံးစွဲသာများမှာ မကျေနပ်မှုများ ရှိလာခဲ့ကြသည်။

[ ဒါကသပ်သပ်မဲ့ ဥက္ကဌမုတို့ကို အရှက်ရအောင် လုပ်တာမလား။ သူ ပြန်လာတာနဲ့ ဒီလိုခက်တဲ့ အမေးအဖြေကဏ္ဍကို ပါဝင်ရတာလေ။ ဒီလို အပြန်အလှန် နားလည်ရတာကြီးကို ဒီတိုင်း ထားလိုက်စမ်းပါ။ ဒီလင်မယားက သူတို့သိကြတာ သုံးရက်ပဲရှိသေးတာ ဟုတ်ပြီလား။ သူတို့အရင်က သူစိမ်းတွေလိုပဲကို ဘယ်လိုလုပ် အပြန်လှန်မပြောပဲ နားလည်ကြမှာလဲ။]

[ ဒီဟာကြီးက မုချောင်ယွင်နဲ့ ရွှီယန်ယုအတွက် ရှက်စရာဖြစ်မယ် ထင်တယ်။ တစ်ခြားအတွဲတွေက အကြာကြီးအတူနေခဲ့တော့ အများကြီးသိမှာပေါ့။ ဒါပေမယ့် ဒီအတွဲက တူတူမှမနေဖူးတာ။ “ သူမ(သူ) ဘယ်တစ်ခုကို ယူမလဲ” ဘယ်လိုလုပ်သိကြမှာလဲ။]

[အဲ့ဒါတကယ်ခက်တာ။ မင်းတို့ရဲ့ မေးခွန်းတွေက တူနေရင်တောင် တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်ဘူး။ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်။ အခြားအတွဲတွေက ဒီအတွဲထက် ပိုကောင်းမှာ သေချာပါတယ်။]

[ဒီလို သုံးနှစ်လောက် အတူမရှိ စကားမပြောကြတဲ့ ခပ်စိမ်းစိမ်း စုံတွဲတွေ ဒီလိုပွဲမျိုးကို ပါခိုင်းတာက အရမ်းလွန်တယ်လို့ ခံစားမိတယ်။]

မုချောင်ယွင်လည်း တစ်ခြားဧည့်သည်တွေလိုပင်။ တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်ပြီးတဲ့နောက် ကွန်ပြူတာရဲ့ မျက်နှာပြင်ပေါ်မှာ များစွာသော မှတ်ချက်တွေကို သူတွေ့မြင်နိုင်သည်။ များစွာသော လူတွေက သူ ဒီအမေးအဖြေပွဲကို သေချာဖြေနိုင်မယ်ဆိုပြီး အကောင်းမြင်စိတ် မရှိကြပေ။ သု့ရဲ့ခန့်ညားတဲ့ မျက်ခုံးတွေကို မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

တစ်ချိန်ထဲမှာပဲ မုချောင်ယွင်ရဲ့မျက်နှာက ဘာပြဿနာမှ မရှိသလိုပင်။ သို့သော် သူ့ရဲ့ စိတ်ကျဥ်းကျပ်မှုတွေက စခရင်ကို ကြည့်လိုက်တိုင်း ဖြစ်လာသည်မှာ မကောင်းပြောသည့် အရာများက တဖြည်းဖြည်းနှင့် များလာခဲ့သည်။

လက်ထောက်ဒါရိုက်တာ ဟန်မင်း - “…..”

“ မစ္စတာမု မင်္ဂလာပါ။ ဆရာကျွန်တော်တို့ရဲ့ ဖိတ်ကြားမှုကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ခါတိုင်းလိုပဲ၊ အရင်တုန်းက ရွှီယန်ယုနဲ့အတူ ဒီလိုပွဲမျိုးကို မပါဝင်ခဲ့တာလဲလို့ မေးပါရစေခဗျ။ ဒီကိစ္စကို ပရိတ်သတ်များကလည်း အရမ်း သိချင်နေပါတယ်။”

ထိုမေးခွန်းမှာ အသက်ထက်တမျှ ကြောက်ဖို့ကောင်းသော မေးခွန်းမျိုးဖြစ်သည်။ ထိုမေးခွန်းကို မေးပြီးသည့်နောက် လက်ထောက်ဒါရိုက်တာသည် မုချောင်ယွင်၏ မျက်လုံးများကို မကြည့်ရဲတော့ပေ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီအရာကို သူထပ်မေးရဦးမည် ဖြစ်သည်။ သူ့မှာရွေးစရာမရှိပေ။

ပြီးတဲ့နောက်တွင် ဒီအတွဲရဲ့ သဘောထား မတိုက်ဆိုင်မှုတွေ ရှိတယ်ဆိုတဲ့ ကောလဟာလတွေကို လူတိုင်းသိရှိပြီးသား ဖြစ်သည်။ အခုတွင် သူတို့မှာ ဒီအသံသွင်းသည့်ပွဲကို တက်ဖို့ သဘောတူလိုက်ကြသည်။ ဒီပွဲရဲ့ အဓိက အစီအစဥ်ဖြစ်တဲ့ လင်နဲ့မယားကြားက ဆက်ဆံရေး အကြောင်းတွေကို မေးမြန်းခြင်းကို သူတို့ ရင်ဆိုင်ရမည်ဖြစ်သည်။

မုချောင်ယွင်သည် ခနတာမျှ တွေးတောပြီး တိုက်ရိုက်ထုတ်မှုထဲတွင် ပြန်ပြောခဲ့သည်။

“ တကယ်တော့ ကျွန်တော်ပြောပြချင်တာက ကျွန်တော်တို့ လင်မယားနှစ်ယောက်က အရင်က တစ်ယောက်ကိုတစ်ယောက် သိပ်မရင်းနှီးကြပါဘူး။ ဒါမှဟုတ်လည်း ကျွန်တော်တို့နှစ်ယောက်က အရင်က ဘာဆက်ဆံရေးမှ မရှိဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဆက်ဆံရေးက မနေ့က စတင်ခဲ့ပါတယ်။ အဲ့တော့ အခုကစပြီး ကျွန်တော်တို့ ဆက်ဆံရေးက စတင်တော့မှာပါ။”

“!!!!”

[ အာ့၊။ မင်းတို့ လင်မယားနှစ်ယောက်က ငါတို့ကို လန့်သေအောင် လုပ်နေတာပဲ။ အဲ့လိုပြောရတာ အဆင်ရောပြေကြရဲ့လား။ မနေ့ညက မင်းတို့ ဘာဖြစ်ခဲ့ကြတာလဲ။]

[မစ္စတာမု၊ အရူးကြီး။ ဇာတ်လမ်းတစ်ခုလုံးကို မြန်မြန်ပြောပြပါ။ သုံးနှစ်အတွင်း မင်းတို့ ဘာဆက်ဆံရေးမှ မရှိခဲ့ကြဘူး။ အဲ့တစ်ညအတွက် မင်း သူ့ကို ဘယ်လောက်ပေးလိုက်ရလဲ။ ဒီလိုမျိုး လူရှေ့မှာ မင်းတို့ ဆက်ဆံရေးရှိပါတယ်ဆိုတာကို ဝန်ခံအောင် လုပ်ဖို့အတွက်လေ။]

[ဘုရားရေ ငါတော့ငိုတာ ငါ့ရင်ဘက်ကြီး ပေါက်ထွက်တော့မယ်။ သူတို့နှစ်ယောက်ရဲ့ ပုံစံတွေက တူလိုက်တာ။ သူတို့နှစ်ယောက်လုံးက အရမ်းရိုးသားတာပဲ။ သူတို့နှစ်ယောက်က ပရိတ်သတ်ကို ဘယ်တော့မှလိမ်ကြမှာ မဟုတ်ဘူး။ သူတို့ဆက်ဆံရေးက ကောင်းတယ်ဆိုရင် ကောင်းတယ်ပဲပေါ့။ မကောင်းဘူးဆိုတော့လည်း မကောင်းဘူးပေါ့။ အကုန်လုံးက အမှန်တိုင်းပြောဖို့ လွယ်လွယ်လေးပဲကို လိမ်စရာမှမလိုတာ။]

[ငါတော့ ရင်ထဲကိုထိသွားတာပဲ။ ဒါကို မင်းဘာသာမင်း ပြောတာနော်။ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အခုထဲက စတင်နေပြီ။ ဒါက တရားဝင် ကြေညာချက်လား။ နည်းနည်းတော့ နောက်ကျပေမယ့် ရင်ထဲတကယ်ကို ထိသွားတာပဲ။]

သူ့ရင်ထဲဘာတွေ တွေးနေလဲက ကိစ္စမရှိတော့ပေ။ ဒီတစ်ကြိမ်ကတော့ သူ့ဟာသူပြောတာလေ။ ဒီအတွဲက အရင်ထဲက ဘာအဆက်သွယ်မှ မရှိတော့ဘူးလေ။ သူတို့ရဲ့ ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်ဘူး။ အဲ့ဒါကြောင့် မီဒီယာကလည်း သူတို့အတွဲကို ဟန်ဆောင် လင်မယားတွေလို့ သတ်မှတ်ထားတာလေ။

သူ့ကိုကို နှစ်များစွာ ဝေဖန်ခဲ့ပြီးနောက် အခုတော့ သူကိုယ်တိုင် ရွှီယန်ယုနဲ့ အနာဂတ်မှာ ဆက်ဆံရေးတွေ ရှိလာတော့မည်ကို ကိုယ်တိုင် ဝန်ခံခဲ့ပြီဖြစ်သည်။ ဒါမှ အချစ်မဟုတ်ရင် ဘယ်ဟာကို အချစ်ဟုခေါ်မည်နည်း။

All Chapters