← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

မုချောင်ယွင်သည် အင်တာနက်သုံးစွဲသူများ သူ့ကြောင့် မျက်ရည်ကျရသည်ကို မသိလိုက်ဘဲ စခရင်တစ်ခုလုံးသည် ငိုနေသော ရုပ်ပုံလေးများဖြင့် ပြည့်သွားသည်။

မုချောင်ယွင်သည် ပဟေဠိဖြစ်ကာ သူလည်း တိတ်ဆိတ်နေခဲ့သည်။

ခနကြာပြီးနောက် လက်ထောက်ဒါရိုက်တာသည် မုချောင်ယွင်အား ဖြေဖို့မေးခွန်းများ ထုတ်လိုက်သည်။ ထိုအချိန်တွင် ရွှီယန်ယုမှာလည်း တစ်ခြားတစ်ဖက်တွင် တိုက်ရိုက်ထုတ်လွှင့်ကာ တူညီသော မေးခွန်းများကို ဖြေဆိုနေခဲ့သည်။

တခြားအတွဲများကလည်း မတူညီသော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ရှိနေကြသည်။ အဓိကအားဖြင့် တစ်ခြားအတွဲများ၏ ဆက်ဆံရေး ပြဿနာများကို ဖုံးကွယ်ရင်း ထိုမေးခွန်းများ ရည်ရွယ်သည့်အရာကို ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် အတွဲများသည် မေးခွန်းများကို တစ်ချိန်ထဲတွင် ဖြေဆိုနေကြသည့်အတွက် လှည့်ဖျားနိုင်ခြင်း မရှိကြပေ။

လက်ထောက်ဒါရိုက်တာသည် ဖြေဆိုရမည့် မေးခွန်းကဒ်များကို ထုတ်ယူလာကာ တိုက်ရိုက်ထုတ်လွှင့်မှုခန်းရှိ ကင်မရာရှေ့တွင် ထားလိုက်သည်။ ထိုအရာကိုမြင်လိုက်ရသောအခါ ပရိတ်သတ်များမှာ မှင်သက်ခဲ့ရကာ ပထမမေးခွန်းမှာ ခက်ခဲလွန်းလှသည်။

“ မစ္စတာမု နမ်းပုံနမ်းနည်း ဘယ်နှစ်မျိုးလောက် ဆရာသိပါသလဲ။ မစ္စရွှီရော ဘယ်နခုလောက် သိမယ်လို့ ထင်လဲ။”

“……”

မုချောင်ယွင်သည် သူ၏ မျက်လွှာကိုချကာ သူဘာတွေးနေလဲပင် မသိရချေ။ အဖြေလွှာပေါ်တွင် ရေးဖို့ရန် အချိန်ခနတာယူပြီးနောက် “ အကုန်လုံး သုံးခုလောက်ပါ။”

ရွှီယန်ယု၏ live ဘက်တွင် သူမ ရေးလိုက်သည်မှာ “ ဆယ်ခုနဲ့အထက် ဖြစ်မယ်ထင်တယ်။ ဘာလို့ဆို ဥက္ကဌမုက ဘယ်လောက်သိလဲဆိုတာ သူမလည်း သေချာ မသိဘူးလေ။ သူမ သိသလောက်ဆိုရင်တော့ သူသိတာ နှစ်ခု သုံးခုလောက်ပဲ ရှိမယ်။”

လက်ထောက် ဒါရိုက်တာဆီက မုချောင်ယွင်ကို ပြန်ပြောပြလိုက်သည်မှာ ရွှီယန်ယုက တကယ်တမ်း စိတ်ပါပါ ဘယ်လိုနမ်းရမလဲဆိုတဲ့ နည်းတွေကို ဆယ်ခုထက်မနည်း သိတယ်ဆိုတာကို ကြားလိုက်ပြီး နောက်တွင် စက္ကန့်အနည်းငယ် မှင်သက်သွားသည်။

[ အီမိုဂျီအသစ်တွေ ထပ်ထုတ်ပေး။]

[ဟ.ဟ.ဟ ငါရယ်ရလွန်းလို့ သေတော့မယ်။]

[ငါတို့ညီမရွှီကတော့ အမြဲလုပ်နိုင်တာပဲ။]

[မစ္စတာမုကတော့ မျက်စိတောင်ကျယ်သွားပြီ။ သူက ရိုးရိုးလေး တွေးနေတာပဲ။ တကယ်လည်း နမ်းတဲ့နည်းတွေက အများကြီးရှိတာလား။]

[ဟ.ဟ.ဟ ငါရှာပြီးပြီ။ Baidu ပေါ်မှာလည်း ပုံစံမျိုးစုံနဲ့ နမ်းတဲ့နည်းက ဆယ်ခုကျော်တယ်တဲ့။ ဒါပေမယ့်လည်း မင်း မစ္စတာမုနဲ့ မမြင်ရပဲနဲ့တောင် ဆက်သွယ်မှု ရှိနေပြီလား။]

[မစ္စတာမုက စီးပွားရေးလုပ်တဲ့နေရာမှာပဲ တော်တာ နမ်းတဲ့နေရာမှာကျ မတော်ဘူး။ ညီမရွှီရေ သူ့ကိုမြန်မြန် သင်ပေးလိုက်တော့။]

[မြန်မြန်ပြန်ပြီး အိမ်မှာ တစ်ယောက်ချင်း သင်ပေးလိုက်တော့။ ညီမရွှီရဲ့ လမ်းပြပေးတာနဲ့ မစ္စတာမုတစ်ယောက် မကြာခင် သေချာ နားလည်လာလိမ့်မယ် ငါထင်တယ်။]

နောက်ထပ်မေးခွန်းမှာ မုချောင်ယွင်ကို အံ့ဩသွားစေခဲ့သည်။ သူသည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကာ လက်ထောက်ဒါရိုက်တာ၏ ပထမမေးခွန်းကို ပြန်ဖြေခဲ့သည်။

“မစ္စတာမုသာ မစ္စရွှီနဲ့တစ်ရက်လောက် ခန္ဓာကိုယ်ချင်း တစ်ရက်လောက် လဲသွားခဲ့ရင် မစ္စတာမု အလုပ်ချင်ဆုံး အရာက ဘာလဲ။ မစ္စရွှီကရော အဲ့လို လဲသွားခဲ့ရင် ဘာလုပ်မယ်ထင်လဲ။”

မုချောင်ယွင်သည် မေးခွန်းကို ကြားလိုက်သည်နှင့် စိတ်သက်သက်သာသာနှင့် သက်ပြင်းကိုချကာ “ သူ စျေးဝယ်ထွက်ပြီး လေလံအိမ်ကိုလည်း သွားလိမ့်မယ်လို့ ငါထင်တယ်။ ငါသာဆိုရင်တော့ မစ္စရွှီက တစ်နေ့တာအတွင်းမှာ သူ့အလုပ်တွေကို ဘယ်လိုစီစဥ်ပြီး လုပ်သွားလဲဆိုတာကို မြင်ချင်မိတယ်။” ဟုပြောခဲ့သည်။

ရွှီယန်ယုလည်း ခနလောက်တွေးကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပြန်ပြောလိုက်သည်မှာ “ ခန္ဓာကိုယ်ချင်းသာ လဲသွားခဲ့ရင် တစ်ဖက်လူကတော့ ဒီလိုလဲသွားတာကို ကြိုက်မယ်မထင်ဘူး။ မုချောင်ယွင်က ရွှီယန်ယုအဖြစ် ပြောင်းလဲသွားရင် သေချင်သွားလိမ့်မယ်။ အဲ့တော့ သတ်သေပြီး လူပြန်ဝင်စားလိုက်ဖို့ပဲ အကြံပေးပါတယ်။ ငါသာ သူဖြစ်သွားခဲ့မယ်ဆိုရင်တော့ ငါသာ မုချောင်ယွင် ခန္ဓာကိုယ်ထဲမှာဆိုရင်ပေါ့နော် ငါသူ့ရဲ့ ခန္ဓာကိုယ်ကို ထိကြည့်ချင်တယ်။]

[ ဟ ဟ ဟ ဟ တိုက်ရိုက်ထုတ်လွှင့်တဲ့ခန်းထဲမှာ လူတွေရှိပါသေးတယ်။ ညီမရွှီစိတ်လျှော့ပါဦး။]

[တကယ်ရယ်ရတာပဲ။ မစ္စတာမုက အဲ့လိုမပြောပါဘူး။ ညီမရွှီကတော့ သူ့ကိုဆိုးဆိုးတွေပဲ တွေးနေပြန်ပြီ။ ညီမက ဘယ်ကိုထိချင်လဲဆိုတာ ပြောပြလို့ရလား။]

[မနေ့ညတုန်းက ညီမ မထိန်းနိုင်လိုက်တာကို ငါတို့လည်း တွေ့လိုက်ရတာပဲလေ။ ပရိုဂရမ်အဖွဲ့က အဲ့ဒါကို ဖမ်းယူထားပြီး သူတို့ကိုအိမ်ပြန်လွှတ်ပြီး ထိခိုင်းလိုက်ကြပါ။]

မုချောင်ယွင်လည်း ရွှီယန်ယုရဲ့ အဖြေကို ကြားပြီးတဲ့နောက်မှာ ဒါက ဘယ်သူများပါလိမ့်။

ဒါက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းလေ။ သူမ ဘာပြောနေလဲဆိုတာ သိသေးရဲ့လား။

သူမ ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြပေးလို့ ရကြမလား။

တတိယမြောက်မေးခွန်းကတော့ “ ကိုယ့်ရဲ့ချစ်သူအတွက် ဘာအရောင်ဝတ်စုံလေးကို ရွေးပေးချင်လဲ။ သူကရော ကိုယ့်အတွက် ဘယ်လို အရောင်မျိုးကို ရွေးပေးမယ်လို့ထင်လဲ။”

မုချောင်ယွင်မှာ ခံစားချက်များ သိပ်မကောင်းပေ။ ရွှီယန်ယု ဘယ်လိုဖြေမလဲ သူမသိပေ။

“သူ့အတွက်တော့ ငါအဖြူလေးရွေးပေးမယ်။ သူကတော့ ငါ့အတွက် အမဲရောင်ပဲ ရွေးပေးမယ်ထင်တယ်။”

[ ဝိုး မနေ့ကပဲသူတို့က အဖြူနဲ့အမဲစုံတွဲလေ။ မစ္စတာမုရေ အရမ်းချစ်မနေနဲ့။ ဒါမနေ့ညက မေ့မရတဲ့ အမှတ်တရတွေကို ခုထိ မြင်ယောင်နေတုန်းပဲ။]

ရွှီယန်ယုကလည်း အဖြူနှင့် အမဲကိုပဲ ရွေးချယ်ခဲ့သည်။ ထို့နောက် ရုတ်တရက် ထပ်ပြောလိုက်သည်မှာ “တကယ်တော့ မုချောင်ယွင်က ဘာမှမဝတ်ရင် ပိုကြည့်ကောင်းမယ် ထင်တယ်။”

“……”

[ ဟင့်အင်း၊ ဟင့်အင်း။ ဒါကြီးကတော့ အရမ်းကိုများသွားပြီ။ နားတောင်မလည်နိုင်တော့ဘူး။ မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိချင်ပဲ မနေနိုင်တော့ဘူး။ သူပြောပြီးပြီလေ မနေ့ညထဲက သူတို့ရဲ့ဆက်ဆံရေးက စတင်ပြီးပြီလို့။ ဘယ်လို ဆက်ဆံရေးမျိုးက ဒိလိုအင်္ကျီမဝတ်ပဲနေမှာလဲ။]

[ကောင်းရော၊ ငါတို့လည်း မြင်ကြည့်သင့်တယ်။ ဒါမှမဟုတ် သူ ဘာမှ မဝတ်ထားတဲ့အချိန် ဘယ်လောက် ကြည့်ကောင်းမလဲဆိုတာ ညီမရွှီကတော့ သိမှာပါ။]

[ငါပြောခဲ့သလိုပဲ။ အင်တာနက် သုံးတဲ့သူတွေကို မင်းရဲ့မိသားစုလို သဘောထားပြီး မင်းရဲ့အမေကို ဘာတွေဖြစ်ခဲ့လဲ ပြောပြပါဦး။]

"နောက်ဆုံးမေးခွန်းတစ်ခုပဲ ကျန်ပါတော့တယ်။ အဲ့ဒါက ချိန်းတွေ့ဖို့ နေရာတစ်ခု ရွေးရမယ်ဆိုရင် ဘယ်နေရာကို ရွေးမလဲ။

ဒီအဖြေသာမှန်သွားရင် နောက်ထပ်ပွဲလုပ်မယ့် နေရာနှင့် ပတ်သတ်နေလိမ့်မယ်။ တကယ်လို့ သူသာ မှားရွေးမိလိိုက်မယ်ဆိုရင် NPC အဖွဲ့က စီစဥ်ထားတဲ့ မသိတဲ့ သူစိမ်းတစ်ယောက်နဲ့ သွားချိန်းတွေ့ရပါမယ်။ အဲ့ဒါက အရမ်းရှက်ဖို့ကောင်းလိမ့်မယ်။

မှန်အောင်ရွေးမယ်ဆိုရင်တော့ အဲ့နေရာကို အတွဲတွေ ချိန်းတွေ့ဖို့အတွက် ပရိုဂရမ်အဖွဲ့က စီစဥ်ပေးမှာ ဖြစ်ပါတယ်။ "

ရိုးရိုးသားသားပြောရရင် လက်ထောက်ဒါရိုက်တာက အရမ်းချွေးပြန်နေပြီ ဖြစ်သည်။ အဓိကမှာ မုချောင်ယွင်က အရမ်းအရေးကြီးသူ ဖြစ်သည်။ ဒီမေးခွန်းမှာ ဖြေရန် အလွန်လွယ်ကူလှသည်။ လွယ်ကူရသည့်အကြောင်းမှာ ရွှီယန်ယုသည် ဘယ်နေရာမှာ အတူလက်တွဲကာ အသံသွင်းမှုကို ဆင်လုပ်ချင်လဲဆိုသည့်အပေါ်သာ မူတည်သည်။

သူသည် ပထမဦးဆုံး ရွေးချယ်မှုမှာ မှန်ခဲ့လျှင် သူတို့စုံတွဲ အတူအသံသွင်းဖို့ သဘောတူရလိမ့်မည်။ အကယ်၍ သူသဘောမတူခဲ့လျှင် တိုက်ရိုက် ထုတ်လွှင့်မှုသည် ဤနေရာတွင် အဆုံးသတ်မည် ဖြစ်သည်။

“ တစ်ခုက လေလံပွဲ၊ နောက်တစ်ခုက အပန်းဖြေဥယျာဥ် နောက်ဆုံးတစ်ခုက မီးရောင်စုံရှိတဲ့ ကလပ်၊ လေးခုမြောက်ကတော့ ရုပ်ရှင်ရုံ။”

“ ရုပ်ရှင်ရုံ”

ရွှီယန်ယုနှင့် မုရှောင်ယွင်တို့သည် ဘာမှ တုန့်ဆိုင်းမှု မရှိပဲ ဖြေခဲ့သည်။

[ သေစမ်း၊ ရုပ်ရှင်ရုံတဲ့။ မင်းတို့ နှစ်ယောက် ငါ့ကို ငိုအောင်လုပ်နေကြတာပဲ။ အဖြေတူတူပဲ။ အဲ့ဒါက ရုပ်ရှင်ရုံပဲ။ သူတို့က တစ်ယောက်ကို တစ်ယောက်ရော အင်တာနက်သုံး တဲ့သူတွေကိုရော သူတို့ ချိန်းတွေ့ချင်တဲ့ နေရာကို သူတို့မျက်လုံးတွေကို အသုံးချပြီး ပြောပြလိုက်ပြီ။ ]

[ မင်းတို့နှစ်ယောက်က ရုပ်ရှင်ရုံမှာ ဒိတ်ကြမယ်ပေါ့။ ဘာလို့ ရုပ်ရှင်ရုံကို ရွေးလိုက်ကြတာလဲ။]

[မင်းတို့က အရူးတွေပဲ။ တစ်ခြားနေရာတွေမှာက လူတွေအများကြီး ရှိတယ်လေ။ ရုပ်ရှင်ရုံမှာကျ လူနည်းတယ်လေ။]

[ရုပ်ရှင်ရုံမှာကရော လူတွေအများကြီး မရှိဘူးလား။ မလိုအပ်ပါဘူး။ ရုပ်ရှင်ရုံထဲမှာ သူတို့ ရုပ်ရှင်အတူကြည့်ပြီး ဘာလုပ်ကြမလဲဆိုတာ ငါအဖြေရှာမရသေးဘူး။]

[မဟုတ်သေးပါဘူး။ မစ္စတာမုက ညီမရွှီရဲ့ မေးခွန်းတွေကြောင့် ရူးတော့မယ်ထင်တယ်။ ငါတော့ တကယ်ကို မသိတော့ဘူး။ သူက မထိန်းနိုင်တော့ဘူး။ သူမကို တွေ့ရဖို့ကို မစောင့်နိုင်တော့ဘူး။]

[ ဘုရားရေ၊ အဖြေတွေက အရမ်းနီးစပ်လွန်းတယ်။ သူ့ကိုက ထိန်းမရတော့ဘူးထင်တယ်။ နောက်ပိုင်းရော တိုက်ရိုက်ထုတ်လွှင့်မှုတွေ ရှိသေးလား။ သူတို့က လူကြီးတွေပဲလေ။ အဲ့တော့ တိုက်ရိုက်ထုတ်လွှင့်လို့ မရတဲ့ဟာကို လွှင့်လို့ရတယ်နော်။]

[အခုလေးတင်ပဲ၊ ရိုက်ကူးရေးအဖွဲ့က အဲ့ ရုပ်ရှင်ရုံတစ်ခုက ဝန်ထမ်းတွေကို ထပ်ပြီး ဖော်ပြလိုက်ပြီး အဲ့ရုပ်ရှင်ရုံမှာလည်း အမည်မသိတဲ့ လူချမ်းသာ တစ်ယောက်က ဘွတ်ကင် ကြိုတင်သွားတယ်တဲ့။]

[ဘုရားရေ၊ ငါတော့ ငိုရလို့ သေတော့မယ်။ ဒီမှာ ဘာအခြေနေတွေမှမရှိဘူး။ ပြီးတော့ အဲ့အခြေအနေတွေ ဖန်တီးသင့်တယ်။ သူတို့သာ အဲ့မှာ ဘွတ်ကင် တင်ထားတယ်ဆိုရင် သူတို့နှစ်ယောက်ထဲ အတူတူ သွားကြည့်တော့မယ်လို့ ဆိုလိုတာပေါ့။ ]

[သူဌေးမုရဲ့ ရည်ရွယ်ချက်ကြီးကလည်း သိသာလိုက်တာ။ အဲ့လောက်လည်း သိသာမနေနဲ့။ ညီမရွှီနဲ့ နှစ်ယောက်တည်း တူတူရှိချင်တယ်ဆိုလည်း အဲ့ဒါကို ပြောပြလိုက်လေ။]

[ ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားတိုင်း အဲ့လိုမျိုး သင်ယူသင့်တယ်။ ဘာအခွင့်အရေးမှ မရှိရင် RMB ကိုသုံးပြီး အခွင့်အရေးတွေကို ဖန်တီးလို့ရတယ်။]

ရွှီယန်ယုနှင့် သူ၏ ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းတို့သည် ကိုယ်ပိုင် ရုပ်ရှင်ရုံထဲသို့ ဝင်လာကြသည်။ ဘာမှမရှိသည့် ခန်းမကြီးထဲတွင် သူမနှင့် မုချောင်ယွင်တို့သာ ရှိသည်ကိုတွေ့လိုက်ရသည်။

ဘုရားရေ၊ အရမ်းရင်ခုန်ဖို့ကောင်းတာပဲ။

ခံစားချက်တွေ ပြေးလွှားနေသလိုပဲ။

ဘာမှမရှိတဲ့ ခန်းမကြီးထဲမှာ သူတို့နှစ်ယောက်လည်း ခနလောက် တိတ်ဆိတ်နေခဲ့သည်။

မုချောင်ယွင်လည်း အသံထွက်လာကာ “ နမ်းလို့ရတဲ့ နည်းတွေအများရှိတာ ဘယ်လိုလုပ်သိတာလဲ။ မင်း အဲ့လိုနေရာမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်ဆို ကိုယ်မသိခဲ့ပုံပဲ။”

ရွှီယန်ယုလည်း မျက်ခုံးပင့်ပြကာ “ ဟုတ်တယ်။ သိတယ်လေ။ သိတော့ ရှင်နဲ့ ဘာဆိုင်လဲ။”

တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲမှာရှိတဲ့ ပရိတ်သတ်များကလည်း ရွှီယန်ယု နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်သွားကာ ထွက်လာခဲ့သည့် စကားကို သတိထားမိရန် အချိန်အများကြီး မလိုခဲ့ပေ။

????

[ ဘုရားရေ၊ ဘာတွေဖြစ်ကုန်တာလဲ။ ဒီဟာတွေက ဘာလို့ ရုတ်တရက် ဖြစ်ကုန်ကြတာလဲ။ အဆင့်တွေ ကျော်ကုန်ပြီလို့ ငါ ခံစားရတယ်။ သူတို့ရဲ့ တိုးတက်မှုကြီးက မြန်လွန်းလို့ လိုက်တောင် မမှီတော့ဘူး။]

[ညက ငါတို့ မသိလိုက်တာ တခုခု ဖြစ်သွားတယ်လို့ ငါတော့ ခံစားမိနေတယ်။ ဘယ်လိုဖြစ်လို့ သူတို့ ဒီလောက်တောင် နီးစပ်သွားကြတာလဲ။]

[အာ၊ မနေ့ညက ဘာတွေဖြစ်သွားတာလဲ သိချင်လိုက်တာ။ ထုတ်လုပ်ရေးအဖွဲ့က ကင်မရာကြီးကို သူတို့အခန်းထဲမှာ တော်တော်လေး ထားချင်နေပြီ။ အဲ့ဒါမှ ဘယ်အချိန် ဘယ်နေရာမှာဆို ဘာဖြစ်နေလဲ စောင့်ကြည့်လို့ရမှာ။]

[အာ၊ သူတို့အခုအခြေအနေက နောက်သုံးနှစ်မှာ ကလေးနှစ်ယောက်လောက် ရရင် ရသွားနိုင်တယ်။]

[ ရယ်ရတာ သေတော့မယ်။ ဒါက အဲ့ဒါက တကယ်ကြီးလား။ ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးလိုက်တာ။ အမှန်တိုင်းပြောရရင် ငါ မသိလိုက်ခင်မှာ သူတို့ရဲ့စိတ်တွေကို ငါတွေးမိလိုက်ရင်လည်း တွေးမိလောက်မှာ။]

[အဲ့ဒါကြီးက တော်တော်လွဲနေသလိုပဲ။ ဒီအတွဲက ငါ့သိချင်စိတ်တွေကို တော်တော်လေး လာဆွနေတာပဲ။ သူတို့ကြားထဲ ဘာတွေဖြစ်နေလဲဆိုတာ ငါတော့ အဖြေရှာရတော့မယ်။]

[ဒီအတွဲက အခြားအတွဲတွေနဲ့ မတူကြဘူးဆိုတာ မင်းတို့ သတိထားမိကြလား။ အခြားအတွဲတွေက တစ်ချက် ကြည့်လိုက်တာနဲ့ သူတို့အခြေအနေတွေကို သေချာသိသွားပြီ။ သူတို့က နေ့တိုင်းကို ချစ်ပြနေတာလေ။ ဒါပေမယ့် ဒီအတွဲကတော့ ပဟေဠိကြီးလိုပဲ။ ဒီရှိုးက တော်တော်လေး ကြာနေတာတောင် သူတို့အကြောင်းကို အခုထိ အကုန် နားမလည်သေးဘူး။]

[သူတို့ကြားထဲ ဘာဖြစ်သွားခဲ့တာလဲ ဆိုတာကြီးက ခုထိ အဖြေရှာမရတဲ့ လျှို့ဝှက်ပုစ္ဆာကြီးလိုပဲ။ ငါတို့ဘဝ တစ်လျှောက်လည်း မီးခြစ်ကိုပေးလိုက်တဲ့ ညတုန်းက ဘာတွေဖြစ်သွားတာလဲဆိုတာကို ငါတို့သိရဦးမှာလား။]

[ဒီမှာ သူတို့နှစ်ယောက်ကို အင်တာဗျူးပြီး သူတို့ထဲ ဘာတွေဖြစ်နေလဲဆိုတာ သွားမေးမယ့် မီဒီယာတွေ မရှိကြတော့ဘူးလား။]

[အနာဂတ်ရောက်ရင်တော့ ငါတို့လည်း တခုခုတော့ သိရလိမ့်မယ်။]

ထိုညမှာပဲ ရွှီယန်ယုနှင့် မုချောင်ယွင်တို့ရဲ့ လင်မယား ဆက်ဆံရေးက အရမ်းလူပြောများပြီး အောင်မြင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ အင်တာနက် သုံးစွဲသူများက ဒီအကြောင်းအရာသည် သူတို့ကို သွယ်ဝိုက်ပြီး ကျော်တက်သွားတယ်ဟု ခံစားခဲ့ရသည်။

ဒီအတွဲက နောက်ပိုင်း ပေါ်ထွက်လာမယ်ဆိုပေမယ့် သူတို့ကိစ္စက အခြား ဧည့်သည်များထက် ပိုပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေသည်။

အင်တာနက်သုံးစွဲသူများက သူတို့နှစ်ယောက်၏ ဆက်ဆံရေးနှင့် ပတ်သတ်သည့် သူတို့သိထားသမျှ အရာများကို ဝေဖန်လျက် ရှိကြသည်။

{ဘာအပြန်အလှန်ဆက်ဆံရေးမှမရှိတဲ့ သုံးနှစ်တာ လက်ထပ်ထားခြင်းတွေ –—> ၆.၁ ဘီလီယံရှိတဲ့ ပိုက်ဆံတွေကို လက်ဆောင်အဖြစ် ပေးချလိုက်တာတွေ ––> အိမ်ထောင်ရှင်တွေ တက်တဲ့ရသစုံရှိုးကို တစ်ယောက်ထဲ တက်တယ် ––> လင်ပါသားရဲ့ မွေးနေ့မှာလည်း ဘာဆက်ဆံရေးမှ မရှိဘူး ––> စျေးအရမ်းကြီးတဲ့ လက်ဝတ်ရတနာတွေကို ပေးတယ် ––> FDA ကဆုရသွားတာကို သဘောကျတယ် ––> လေလံပွဲကို အတူတူတက်တယ် ––> ပရဟိတပွဲတွေ––> မီးခြစ်ပေးတာတွေ ––> “ မနေ့ကနေ စလိုက်ပြီ” ဆိုတဲ့ မုချောင်ယွင်ရဲ့ တရားဝင် ကြေညာချက်တွေ။

သူသာ မဝေဖန် မဆန်းစစ်ခဲ့ရင် ဒါတွေ သိရမှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ အတူရှိတဲ့ အချိန်တွေဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဒါပဲ။သူတို့နှစ်ယောက်ရဲ့တစ်ယောက်ပေါ် တစ်ယောက် ရှိနေတဲ့ စိတ်ကတော့ တော်တော်လေး ခိုင်မြဲပုံရတယ်။ ဒီလိုမျိုးက အင်တာနက်သုံးတဲ့သူတွေရဲ့ စိတ်ထဲမှာ ရှိနေတာမျိုးတော့ မဟုတ်ဘူးလေ။ ဒီအချိန်လေးမှာပဲ တစ်ဖက်လူရဲ့ စိတ်ထဲမှာ တဝက်လောက်လေးပဲ ရှိနေတာက တော်တော် ခိုင်မြဲတာပဲ။}

[ ပြောသွားတာတွေအရတော့ သူတို့အပြုအမူတွေရဲ့ ရည်ရွယ်ချက်တွေက အသေးစိတ် ဝေဖန်နိုင်ဖို့က တော်တော်လေးကို ခတ်တယ်လို့ ပြောလို့ရတယ်။]

[ဒါပေမယ့် ငါကတော့ ရာနှုန်းပြည့် ကျိန်းသေတယ်။ သူ့စိတ်ထဲမှာတော့ တစ်ခြားတစ်ယောက်အကြောင်း တွေးနေမှာ။ ဒါက လုရှီယိရဲ့ပိုင်ဆိုင်မှုတွေ လွှဲပြောင်းတဲ့ တစ်ရက်ထဲမှာပဲ သူတို့တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ကြတယ်။ အဲ့ဒါက လုရှီယိက ဘာလဲဆိုတာကို ခန့်မှန်းဖို့ကလည်း တကယ်ကို ခက်ခဲတယ်။ ဒါပေမယ့် ဥက္ကဌမုက ရွှီယန်ယုကို တိုက်ရိုက်ပေးလိုက်ပြီး အဲ့ဒါတွေကိုလည်း သူဘာမှ ဂရုစိုက်မနေဘူး။ ဒါက ရင်းနှီးမြှုပ်နှံမှုမှ မဟုတ်တာ။ အဲ့တော့ သူက ဘာအကျိုးအမြတ်မှလည်း ဂရုမစိုက်ဘူးလေ။]

[ သူက ဒီလောက်ပိုက်ဆံတွေကို သူစိမ်းတစ်ယောက်ကို ပေးမှာ မဟုတ်ဘူးလေ။ မုရှောင် ပြောသွားတာတွေအရ သူပေးတဲ့တန်ဖိုးတွေ ကုန်ကျစရိတ်တွေက သိပ်လည်း များတာမှ မဟုတ်တာ။]

[ဒါပေမယ့် ငါ့အထင်တော့လေ ဥက္ကဌမုက ရွှီယန်ယုအပေါ် ဆက်ဆံတာတွေက ဒီနှစ်မှာ ဒီဟာ စ ရိုက်ထဲက တော်တော်လေး ပြောင်းလဲသွားသလိုပဲ။ ဒီဟာ စလုပ်နေတာကဖြင့် ကြာလှနေပြီ။ ငါတို့က ဒါတွေမသိပဲ အခုမှ ထွက်ပေါ်လာတာ။]

[သူတို့လင်မယားနှစ်ယောက်ရဲ့ အတွေးတွေကလည်း ပင်လယ်ထဲမှာ အပ်ပျောက်ရှာနေသလိုပဲ။ သူတို့ ဘာတွေးနေတာလဲဆိုတာ ခန့်မှန်းဖို့က တော်တော်လေး ခတ်တယ်။ ဒါပေမယ့် မင်းတို့မေးမယ်ဆိုရင်လည်း မစ္စတာမုက ရွှီယန်ယုကို ဘယ်ချိန်ထဲက စပြီးဂရုစိုက်တာလဲ ဆိုတာကနေ မေးသင့်တယ်။ ငါ့အထင် ဒါက ပထမဆုံးအကြိမ်ဆိုရင် အဲ့ဒါက “လက်ထပ်တာကအရင် အချစ်ကနောက်မှ” live နဲ့ သေချာပေါက်ကို တိုက်ရိုက် ဆက်စပ်နေလိမ့်မယ်။]

[ဒါကသာ နားလည်မှု တစ်ခုဆိုရင်တော့ “လက်ထပ်တာက အရင် အချစ်က နောက်မှ” ရှိုးအတွက် ကွက်တိဖြစ်တဲ့ ဇာတ်ကွက်တစ်ခု ဖြစ်သွားပြီ။ ဒီရှိုးကြောင့် ဒါက တကယ်ဆိုရင် ဥက္ကဌမုက ရွှီယန်ယုကို သတိထားမိပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို အခုကနေစပြီပဲ။]

[ ငါရုတ်တရက် သတိရလိုက်တာရှိတယ်။ ညီမရွှီတစ်ယောက်တည်း တိုက်ရိုက် ထုတ်လွှင့်နေတုန်းက သူ့ကို အနောက်ကနေ တိတ်တဆိတ် ကြည့်နေမှာတော့ မဟုတ်ဘူးမလား။ အဲ့ဒါကို မင်း ဘယ်နှခါလောက် ကြည့်ခဲ့လဲ]

[ အဲ့ဒါကို ပြန်တွေးကြည့်လိုက်ရင် တကယ် ဖြစ်နိုင်တယ်နော်။ ရွှီယန်ယုက အဲ့တုန်းက FDA ရဲ့ ဆန်ကာတင်စာရင်းထဲ ပါသွားခဲ့တာလေ။ သူမကို ကွန်ရက်ကြီးတစ်ခုလုံးက လှောင်နေခဲ့တာ။ မုချောင်ယွင်က သူကြိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိဘူးလား။ သူက သာမန်လူမှမဟုတ်တာ။ နိုင်ငံတကာမှာ ကျော်ကြားတဲ့ လူချမ်းသာ တစ်ယောက်ပဲလေ။ ကမ္ဘာပေါ်မှာ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက စိတ်ပါလက်ပါနဲ့ သေချာဆွေးနွေးပြီးမှ လုပ်တာလေ။ ပြီးတော့ သူက တစ်ခြား နာမည်ကြီးတွေထက်တောင် ပိုပြီးလွှမ်းမိုးမှု ရှိသေးတယ်။ ဒါပေမယ့် ရွှီယန်ယုရဲ့ ကိစ္စမှာ သူမကို ထောက်ပံ့ပေးဖို့လုပ်တဲ့ ကိစ္စမှာတော့ သူက လုံးဝကြီးကို ကွဲပြားသွားတာပဲ။]

[အခု ပြန်တွေးကြည့်မယ် ဆိုရင် သူတို့လင်မယား နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရင်တုန်းကနဲ့ မတူတော့ဘဲ အများကြီး ပြောင်းလဲသွားတယ်။ မစ္စတာမုက တစ်ခြားသူက သူကိစ္စဝင်ပါတာတွေ သူ့ကိုတစ်ခုခု လုပ်ဖို့ ကြိုပြီး ထိန်းချုပ်တာတွေကို မလိုအပ်တဲ့ သူမျိုးထင်တယ်။]

[မစ္စတာက မရိုးသားတာ ဘာတစ်ခုမှတော့ လုပ်မှာ မဟုတ်ဘူး။ သူက ဝန်ခံပြီဆိုရင်လည်း ပိုပြီး ပွင့်ပွင့်လင်းလင်း ဝန်ခံသင့်တာ။ သူတို့ဆက်ဆံရေးက ဆိုးရွားနေတာကနေ အခုတော့ တော်တော်ကောင်းလာပြီ။ ဆိုလိုတာတော့ ပြောင်းလဲမှု တစ်ခုရှိတယ်ဆိုတာပဲ။ အဲ့ပြောင်းလဲမှုကိုတော့ သူတို့ လင်မယားကိုယ်တိုင်ပဲ သိမှာပေါ့လေ။]

[ အာ့ ညီမရွှီရဲ့ နှုတ်လမ်းလေးတွေက ယောင်နေသလိုပဲနော်။ ဒါကရော ရိုးရိုးသားသားနဲ့ သရုပ်ဆောင်တာပဲလား။]

[ညီမရွှီက အရမ်းဆွဲဆောင်မှုရှိတာကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။ မင်းက ခံနိုင်ရည်ရှိတယ်ဆိုရင် ယောက်ျားရော ဟုတ်သေးရဲ့လား။]

[တစ်ကယ် ကြောက်ဖို့ကောင်းလိုက်တာ။ ငါသေချာ မခံစားနိုင်တော့ဘူး။ သူတို့လင်မယားက အရွယ်ရောက်ပြီးသား သူတွေ ဆိုတာတောင် မေ့လုနီးနီးဖြစ်နေပြီ။]

All Chapters