← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့ကလည်း ဇနီးနဲ့ခင်ပွန်းကြား ချစ်ခြင်းကို စမ်းသပ်တဲ့ ပွဲမှာ ပါဝင်ခဲ့ကြသည်။ သူတို့ရဲ့ အဖြေတွေအားလုံးနီးပါးဟာ မှန်ခဲ့ကြတဲ့အတွက် သူတို့လည်း အတူတကွ ဒိတ်ခွင့် ရခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်ခင်တော့ အရာအားလုံးဟာ အဆင်ပြေပြေ ဖြစ်ခဲ့သည်။ သူတို့သည် ဒီတစ်ခေါက် ချစ်ခြင်းမေတ္တာ စမ်းသပ်သည့် ပွဲတွင်လည်း သူတို့အတွဲကပဲ တစ်ယောက်အတွက် တစ်ယောက် အကောင်းဆုံး အတွဲဖြစ်မည်ကို သေချာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျန်းချင်ယွင် မထင်မှတ်ထားသည့် အရာမှာ မုချောင်ယွင်နှင့် ရွှီယန်ယုတို့မှာ ထိုရသစုံရှိုးတွင် ပထမဆုံးအကြိမ် အတူပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ပရိုဂရမ်အဖွဲ့မှ မစ္စတာမုကို ဖိတ်ကြားထားပါတယ် ဟု ပြောသည်ကို သူမကြားလိုက်သောအခါ သူမ၏ ပထမဆုံး တုန့်ပြန်မှုမှာ ဒါကဟန်ဆောင်နေတယ်ဆိုတာပင်။ သေချာပေါက် ဟန်ဆောင်နေတာပဲ။ အဲ့အတွဲက ခါတိုင်း အပြန်အလှန်ဆက်ဆံရေးတွေ ရှိတာမှမဟုတ်တာ။ ပြီးတော့ သူတို့ဆက်ဆံရေးလည်း ကောင်းတာမှ မဟုတ်ပဲ။ ဒီလို ချစ်ခြင်းမေတ္တာတွေ ဖော်ထုတ်ပြရတဲ့ ပွဲမျိုးကို အတူပါဝင်လာဖို့ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါ့ကြောင့် ထိုကိစ္စအား တစ်ကယ့်ကို နားမလည်နိုင်ပေ။ ဒီကိစ္စက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲလေ။ ဒါပေမယ့် အခုတော့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဒါကြီးက သရဲမြင်ရတာထက်လည်း ပိုကြောက်ဖို့ကောင်းသေးသည်။

ကျန်းချင်ယွင်က သူတို့ လင်မယား၏ ဆက်ဆံရေးကို မှားယွင်းကာ ဆုံးဖြတ်မိလိုက်တာလား ဟု သူမ သိချင်နေခဲ့သည်။ သို့သော် ပထမအစမှာထဲက သူမ မှားသွားသည်ကို ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပေ။

“ လက်ထပ်တာကအရင် အချစ်ကနောက်မှ” ၏ အဓိကအရာမှာ အတွဲများကြားရှိ ဆက်ဆံရေးကို ယှဥ်ပြပေးရန် ဖြစ်သည်။ မူလအစတုန်းက ရှန်ဖန့်နှင့် သူမက ဒီဟာကနေ အကျိုးအမြတ် များရရှိနေခြင်းကို မှီခိုနေခဲ့ရင်း ပိုပြီးအောင်မြင်မှုများ ရရှိလာခဲ့သည်။ ထိုမှ အကျိုးအမြတ်သာ မရရှိခဲ့လျှင် သူတို့သည် ထိုပွဲမှ ထွက်သွားရပြီ ဖြစ်လိမ့်မည်။

ကျန်းချင်ယွင်သည် ထိုပွဲမှ အမေးအဖြေ မေးခွန်းများကို အသံသွင်းပြီးသည့် ရက်များစွာ ကြာသည်အထိ သူမ အသောမသတ်နိုင်ပေ။ အကြောင်းမှာ သူမမှာ သူမ၏ ကိုယ်ပိုင်အစီအစဥ်ကို စဥ်းစားနေခြင်းကြောင့် ဖြစ်သည်။ ထို့အစီအစဥ်ကို စဥ်းစားပြီးသည့်နောက်တွင် သူမတွင်လည်း ကိုယ်ပိုင် စီးပွားရေးလေးတစ်ခု စလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ရွှီယန်ယုတောင် ဆုကို ရနိုင်ရင် သူမလိုလုပ်နိုင်တဲ့ တစ်ယောက်ယောက်ကလည်း လုပ်နိုင်ရမယ်။ အဲ့တော့ ဘာလို့ သူမလည်း မလုပ်နိုင်ရမှာလဲ ဟုတောင် တွေးခဲ့သည်။

သူမ ဒီဇိုင်း ဘယ်လိုဆွဲရမလဲ မသိရင်တောင်မှ သူမမှာ ပိုက်ဆံရှိရင် အကောင်းဆုံး ဒီဇိုင်နာတွေကို ငှားနိုင်တယ်။ အဲ့ဒီဇိုင်နာက သူမ FDA ပွဲတုန်းက ဆန်ကာတင် စာရင်းဝင်ပြီး သူမ ထောက်ပံ့ပေးခဲ့တဲ့ လိပိုင်ပဲ။ သူကအရမ်းလည်း အောင်မြင်နေတာပဲလေ။ သူက FDA ဆုကို မရခဲ့ပေမယ့် သူ့လက်ရာတွေက နိုင်ငံတကာရဲ့ ဆုတွေအများကြီးကို ရထားပြီးတော့ သူ့အရည်အချင်းကို သူမ အများကြီး ယုံကြည်တယ်။

ကျန်းချင်ယွင်လည်း သူမရဲ့ကိုယ်ပိုင် ဝတ်စုံ ဒီဇိုင်းတွေကို ထုတ်လုပ်တော့မည်ဆိုတဲ့ သတင်းမှာ အင်တာနက်ပေါ်တွင် ရေပန်းစားသော ခေါင်းစဥ်တစ်ခု ခနတွင်း ဖြစ်လာခဲ့သည်။

သူမ၏ ဘရန်းရဲ့နာမည်မှာ အလွန်ပင် အထင်ကြီးစရာ ကောင်းသည်ဟုပင် ပြောနိုင်သည်။ အမည်မှာ Beauty ပင်ဖြစ်သည်။ ထိုအရာကို တရုတ်ဘာသာသို့ ပြန်ဆိုမည်ဆိုလျှင် လှပခြင်း၊ လှပသော အမျိုးသမီး၊ လှပသော အရာများ ဟု အဓိပ္ပါယ်ရသည်။

ထိုအရာမှာ တကယ့်ကို ရိုးရှင်းလှသည်။ ထိုသို့ အရမ်းရိုးရှင်းသည်ဟု ခံစားရသည့်အပြင် ထူးခြားခြား အဆင့်မြင့် သည်ဟုလည်း မခံစားရပေ။

[ နောက်ထပ် ရှုပ်တာတွေလာပြန်ပြီ။ ကျန်းချင်ယွင်တစ်ယောက် ဘာတွေလုပ်နေတာလဲ။ သူမက ရွှီယန်ယုနဲ့ ယှဥ်ပြိုင်တော့မလို့လား။ ရွှီယန်ယုက သူမရဲ့ မူရင်းဘရန်းတစ်ခုထုတ်တော့ သူမလည်း လိုက်ထုတ်တော့မယ်။ သူမရဲ့နာမည်က God’s Prophecy ရဲ့ နာမည်နဲ့ တစ်ခြားစီပဲ။]

[အာ၊ တကယ်ကို အကွာကြီးပဲ။ God’s Prophecy ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ အလှအပဆိုင်ရာတွေကို ခံစားမိနေပြီး သူ့နာမည်က ဧဝရက်တောင်ရဲ့ အမြင့်လောက်ကို ရှိနေတာလေ။]

[ကျန်းချင်ယွင်က ရွှီယန်ယုလိုပဲ ဒီဇိုင်နာလောကမှာ မထင်မှတ်ထားတဲ့ အောင်မြင်မှုကြီးတွေကို ရနိုင်ပါ့မလား။ သူမထက် သာချင်လို့လား။ သူမက ဒီဇိုင်းရော ဆွဲနိုင်လို့လား။]

[သူနက FDA ရဲ့ဆန်ကာတင်စာရင်းထဲမှာ ပါတဲ့ အခြား ဒီဇိုင်နာတွေကို ငှားထားတယ်တဲ့။ သူတို့လက်ရာတွေကို ငါတော့ သိပ်မမြင်မိပါဘူး။ သူတို့တွေက ရွှီယန်ယုလောက် ကောင်းမယ်လို့တော့ မထင်ပါဘူး။]

[အဓိကက သူမက အခု ဒီဇိုင်နာလောကမှာ ပါဝင်ပြီး တူတာကိုပဲ လုပ်ချင်တာဆိုတော့ ဖန်တီးမှုလေး နည်းနည်းလောက် မပြချင်ဘူးလား။]

[သူမမှာ တကယ်လည်း ဘာဖန်တီးနိုင်စွမ်းမှ မရှိတာ။ ပြီးတော့ ဘာအသစ်အဆန်းမှလည်း မလုပ်နိုင်ဘဲနဲ့။ ဘရန်းတစ်ခုရဲ့ အရည်အသွေးနဲ့ အောင်မြင်မှုတွေကို ပိုက်ဆံတွေ ပုံအောပေးနေရုံနဲ့ မရနိုင်ဘူးဆိုတာ ကျန်းချင်ယွင်ကို ဘယ်သူပြောပြပေးမှာလဲ။]

ကျန်းချင်ယွင်သည် လူအများက သူမကို အထင်မကြီးဘူးဆိုတာကို သိခဲ့သည်။ ပြီးတော့ ထိုအရာကို သူမ အောင်အောင်မြင်မြင် လုပ်နိုင်သွားရင် ထိုလူများကို ပါးရိုက်နိုင်မည် ဖြစ်သည်။

ရှန်ဖန့်က ကျန်းချင်ယွင်ကို အပြည့်အဝ ထောက်ပံ့ပေးသည်။ ကျန်းချင်ယွင်ရဲ့ ဘရန်း၏ ထုတ်လုပ်မှုများ ပိုစတာများကို သူမ၏ လူမှုကွန်ယက်ပေါ်တွင် တင်ကာ လူအများအတွက် မှတ်ချက်များ ပရိုမိုးရှင်းများ ပြလုပ်ခဲ့ပြီး ကျန်းချင်ယွင် ကိုယ်တိုင်ထက်ပင် ပိုမို တက်ကြွနေခဲ့သည်။

အစက ကျန်းချင်ယွင်သည် ရှိုးပွဲတစ်ခုလုပ်ကာ သူမ၏ ဘရန်းကို ကြော်ညာဖို့ စီစဥ်ခဲ့သည်။ အကြောင်းမှာ ထိုနည်းကသာလျှင် သူမ၏ ဘရန်းကို ထိုပွဲမှတစ်ဆင့် ပိုမို လူသိထင်ရှားလာခဲ့မည် ဖြစ်သည်။ တစ်ကယ်တော့ ဒါဟာ သူမအတွက် အကျိုးအမြတ်ရများ ရစေမည့် ပထမဆုံးသော ခြေလှမ်းပင် ဖြစ်သည်။

[ နောက်တစ်ပွဲတဲ့လား။ ရွှီယန်ယု သူ့းအးမ ဘရန်းကို စတင်မိတ်ဆက်ခဲ့တုန်းက ပုံစံနဲ့ အတူတူပဲ။ နည်းနည်းတော့ ဆန်းသစ်တာတွေ ရှိမယ်မလား။]

[အဲ့လိုမပြောစမ်းပါနဲ့။ ဒီဟာကပဲ ရွှီယန်ယုရဲ့ ဆုံးဖြတ်ချက်က အမှန်ကန်ဆုံးလို့ပဲ သက်သေပြနေတာ မဟုတ်ဘူးမလား။ ဒါက အတုယူတာပဲမလို့ ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဘူး။ ကျန်းချင်ယွင်ကတော့ ဒီအဆင့်မှာပဲ ရှိတဲ့ပုံပါပဲ။]

ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ ကျန်းချင်ယွင်ရဲ့ ဖက်ရှင်ပွဲမှာ အောင်မြင်လိမ့်မည်ဟု အင်တာနက် သုံးစွဲသူများမှာ မမျှော်လင့်ထားခဲ့ပေ။ သူမ ကောင်းစွာ ကြေညာနိုင်ခဲ့သည်။ သူမသည် နိုင်ငံရပ်ခြားရှိ မီဒီယာများတွင်လည်း အောင်မြင်စွာ ကြေညာနိုင်ခဲ့သည်။

ထို့ပြင် ဒီတစ်ကြိမ်တွင် သူမထုတ်ပြန်ခဲ့သည် အရာမှာ အထည်များချုပ်လုပ်သည့် အလုပ်နေရာအကြောင်း ဖြစ်သည်။ အထည်များ၏ စျေးမှာ အဆင့်အတန်းမရွေး ဝတ်ဆင်နိုင်ပြီး ယွမ် ၂၀၀၀ ထပ်မပိုပေ။ ဒါ့အပြင် ဝတ်စုံ၏ ဒီဇိုင်းများမှာလည်း မဆိုးလှပေ။ ဝတ်စုံများသည် နေ့စဥ်ဝတ်ဆင်ကြသည့် အထည်များ ပိုများလာသည့်အတွက် ဒီပွဲအတွင်းရှိ ရောင်းအားမှာ တကယ်ကို အထင်ကြီးစရာလည်း ကောင်းလှသည်။

ကျန်းချင်ယွင်သည် တစ်နာရီအတွင်း ရောင်းရသော အရောင်းပိုစတာအား တင်ထားခဲ့ကာ မှာယူမှုပေါင်း ၃၅၀၀၀ လောက်ရှိခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း မှာယူမှုပေါင်း ၃၅၀၀၀ လောက် ရောင်းချခဲ့ရသည့် ရောင်းအားကို ပိုစတာပေါ်တွင် မြင်သာအောင် ရေးသားခဲ့သည်။

ဘရန်းတစ်အနေဖြင့် တစ်ကယ်ကို ကောင်းလှသည်။ အခြေခံအားဖြင့် ထိုအရာသည် ထိပ်တန်းဘရန်းတစ်ခု အဆင့်သို့ ရောက်ရှိခဲ့သည်။

ထိုရလဒ်ကို မြင်လိုက်ရသောအခါ ကျန်းချင်ယွင်မှာ ဘာသံသယမှမရှိပဲ အလွန်ပင် ကျေနပ်နေသည်။ သူမတွင် ပိုက်ဆံရှိလျှင် အတိုင်းအတာမရှိ လုပ်နိုင်မည် ဖြစ်သည်။ သူမသည် ရွှီယန်ယုလောက် မချမ်းသာသော်လည်း သူမလောက်နီးနီး ပိုက်ဆံများ သုံးခဲ့ခြင်းဖြစ်သည်။ ပိုက်ဆံသာလျှင် အရာရာဆိုသော်လည်း တစ်ဖက်လူအား အသုံးမကျဘူးဟု ဆိုသည်မ ဟုတ်ပေ။

ကျန်းချင်ယွင်သည် ထိုရည်ရွယ်ချက်ကြောင့် တိုက်ရိုက် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ သူမ၏ ဘရန်းအတွက် စာရင်းတင်သွင်းသူ အရေအတွက်မှာ သန်း ငါးဆယ်လောက်ရှိကာ သူမရောင်းရသည့် အောင်မြင်မှုကို ပြထားသည်။

[ ချင်းယွင်က အံ့သြစရာပဲ။ တစ်ကယ် ကောင်းလိုက်တာ။ အခြားသူက ငါးဆယ်မီလီယံလောက် လုပ်နိုင်ချိန် သူက တစ်ဘီလီယံလောက် အောင်မြင်တော့မှာ။]

[ဒီမတိုင်ခင် ရွှီယန်ယုဘရန်းရဲ့ အောင်မြင်မှု အတိုင်းအတာက အရမ်း မမြင့်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးမလား။ ပြီးတော့ အောင်မြင်မှုဆိုတာက တစ်ချိန်လုံး ရှိနေပုံရတာမျိုးမှ မဟုတ်တာ။]

[ကျန်းချင်ယွင်က အခုကောင်းကောင်းလုပ်နေတာပဲ။ သူမ ဘရန်းအနေအထားက အရမ်း မမြင့်ပေမယ့်လည်း ရွှီယန်ယုထက် ပိုက်ဆံ ပိုမသုံးခဲ့ပေမယ့် သူမလည်း အောင်မြင်မှု ရခဲ့တာပဲလေ။ ကြည့်ရတာ ဒီလောကမှာ တကယ်လိုတာက ပိုက်ဆံပဲထင်တယ်။]

[ God’s Prophecy နဲ့ Beauty တို့က အဆင့်မတူဘူးလို့ ငါခံစားရတယ်။ သူတို့ကို အတူထားလိုက်တာက Beauty ကို ကြေညာလိုက်သလိုပဲ။ အခုက ကြွေထည်လေးတွေ အချင်းချင်း ထိခိုင်းနေသလိုပဲ၊ ဟုတ်တယ်မလား။ သူ့များ ကျော်ကြားမှုကို အားကိုးနေသလိုပဲ၊ ဟုတ်တယ်မလား။]

[ ရယ်ရတယ်။ God’s Prophecy က အဆင့်မြင့်တယ်လို့တော့ ငါ မထင်ပါဘူး။ G မိသားစုနဲ့ တွဲဖက်ပြီးလုပ်တာတောင် သူမက နိုင်ငံတကာက ဇိမ်ခံပစ္စည်းတွေနဲ့ အကွာကြီးပဲ။ ရိုးရိုးသားသား ပြောရရင် နိုင်ငံရဲ့အမြင်က ကျဥ်းတော့ အဲ့လိုဟာတွေကို အင်တာနက်ပေါ်က လူတွေကလွဲလို့ အခြား ဘယ်သူတွေက ကြားမိမှာမလို့လဲ။]

[ အပေါ်ကပြောသလိုပဲ။ ငါလည်း အဲ့ဒါက အဆင့်မြင့်တယ်လို့ မခံစားမိဘူး ငါ့မှာမေးစရာရှိတယ်။ ဒီဟာကို အဆင့်မြင့်တဲ့ ဇိမ်ခံပစ္စည်းလို့ ဘယ်လို သက်သေပြခဲ့မှာလဲ။ အဲ့အရာကို တကယ် အဆင့်မြင့် ဇိမ်ခံပစ္စည်းလို့ ကိုယ့်ဘာသာပဲ ပြောခဲ့ကြတာမလား။ ဒါကြီးက ရယ်စရာကောင်းလိုက်တာ။]

ကျန်းချင်ယွင် ကိုယ်ပိုင်ဘရန်းရဲ့ ဆောင်းဦးနှင့် ဆောင်းတွင်း ဖက်ရှင်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ရွှီယန်ယုက ဝေဖန်အခံရဆုံးလူ ဖြစ်မယ်လို့ မထင်မှတ်ထားပေ။ သူတို့နှစ်ယောက်လုံးက တူညီတဲ့ ရသစုံရှိုးမှာ ဧည့်သည်တွေ ဖြစ်နေကြသည်။ သူတို့နှစ်ယောက်ကို အတူယှဥ်ဖို့က တကယ် ခက်တာပဲ။ သူတို့နှစ်ယောက်ကို အယှဥ်ခံရဆုံး ပြဿနာက သူတို့ဘရန်းရဲ့ အဆင့်အတန်းပဲ။

အခုလည်း ယှဥ်ပြိုင်ဖို့ နှစ်ခုရှိနေသေးသည်။ လူအချို့က God's Prophecy က Beauty နဲ့ယှဥ်ဖို့အတွက် အောင်မြင်လွန်းတယ်လို့ တွေးကြတယ်။ နောက်ထပ်တစ်ဖွဲ့ကျတော့လည်း God Prophecy က အဆင့်မြင့်တဲ့ ဇိမ်ခံပစ္စည်းမဟုတ်ဘူး။ ပြီးတော့ အဆင့်မြင့်ဇိမ်ခံပစ္စည်းရဲ့ အဆင့်အတန်း တစ်ခုထဲကိုတောင် မရောက်နိုင်သေးဘူးဟု ထင်ကြသည်။ သူ့ရဲ့ စျေးနှုန်းတစ်ခုကပဲ အဲ့တန်းထဲ ဝင်နိုင်သေးတာ။ အဲ့ဒါက အခွင့်အရေးကောင်း တစ်ခုပဲ။ ဒါ့ကြောင့် God's prophecy က သူ့ဂုဏ်ပုဒ်ကို မြှင့်တင်သွားခဲ့တာ။ Beauty နဲ့ ယှဥ်ရင်ရော ဘာမှားလို့လဲ။ နှစ်ခုလုံးက အတူတူပဲ။ ပြီးတော့ ဘယ်တစ်ခုကိုမှ အထင်မသေးသင့်ဘူး။

ဒီကိစ္စအပေါ် ဝေဖန်မှုများအပြင် နောက်ထပ် ကိစ္စကြီး တစ်ခုလည်းရှိသည်။ ထိုအရာမှာ မုချောင်ယွင်က နိုင်ငံခြားကို ထပ်မံထွက်ခွာသွားခြင်း ဖြစ်သည်။

[ ငါပြောသားပဲ သူတရုတ်ပြည်မှာ အကြာကြီးနေမှာ မဟုတ်ဘူးလို့။ သူဒီတစ်ခါက လဝက်လောက် နေခဲ့ပေမယ့် မကြာဘူး သူပြန်တော့မယ်လို့ ငါပြောခဲ့သားပဲ။ ငါပြောတာမှန်တယ်မလား။]

[လူတစ်ယောက်က ပိုအောင်မြင်လေ အကြင်နာတရား ပိုမဲ့လေပဲ။ ရွှီယန်ယုမှာက အရည်အချင်းက တူတူပဲ ရှိတယ်ဆိုပေမယ့် သူမလည်း ဘယ်သူ့ကိုမှတော့ မဆွဲထားနိုင်ဘူးလေ။ ဥက္ကဌမုကတော့ သူမအတွက်နဲ့ ရပ်တန့်မှာမဟုတ်ဘူး။]

[အဲ့ရသစုံရှိုးက ဒီတစ်ခါထဲပဲ ထင်ပါတယ်။ သူက ထွက်သွားပြီဆိုတော့ ညီမရွှီက တစ်ယောက်ထဲပဲ အသံသွင်းရတော့မယ်။]

[နောက်တစ်ခါထပ်ပြီး အထီးကျန်ရဦးမယ်လို့ ငါ မမျှော်လင့်ထားဘူးကွယ်။ ညီမရွှီကတော့ သနားစရာပါပဲ။]

[ဒါဆို အရင်တုန်းက လက်ဆောင်ပေးထားတာတွေက အလကားပဲပေါ့။ သူ ဥက္ကဌမုကို လက်ဆောင်တွေ ပေးထားတာက သူက ဒီရသစုံရှိုးမှာ တူတူရှိနေပြီးတော့ သူတို့ဆက်ဆံရေးကို ပိုအဆင်ပြေစေဖို့ပဲလေ။ ဒါပေမယ့်လည်း အခုတော့ ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ဘူးထင်တယ်။]

[ဘာပဲဖြစ်ဖြစ်၊ မုချောင်ယွင် နိုင်ငံခြား ထွက်သွားတယ်ဆိုတာက ငြင်းမရတဲ့ အရာတစ်ခုပဲလေ။ ဒီတစ်ခေါက် ခွဲပြီးတာက ဘယ်အချိန် ပြန်လာမလဲဆိုတာကို ဘယ်သူက သိမှာလဲ။]

ကွန်ရက်တစ်ခုလုံးက ဒီကိစ္စကို ဆွေးနွေးနေသောအခါ ပါပါရာဇီများက လေဆိပ်ရှိ မုချောင်ယွင်အား ဓာတ်ပုံ ရိုက်ကူးမိကာ ရွှီယန်ယုလည်း ဘေးနားတွင် ရှိနေသည်။

!!!

[ဒန်။ မင်းတို့ခန့်မှန်းတာ မှားသွားပြန်ပြီ။ ဘာအတွက် ခွဲခွာကြပြန်တာလဲ။ သူတို့လင်မယားက အတူတူ ထွက်သွားကြတာလေ။ သူတို့က ဘာမှခွဲစရာတောင် မလိုဘူး]

[ဘုရားရေ၊ သူတို့နှစ်ယောက်တူတူ နိုင်ငံခြား ထွက်သွားကြတာပဲ။ သူတို့ ဘယ်ကိုသွားကြတာလဲ။]

[MLG မြို့မှာရှိတဲ့ တော်ဝင်ညစာစားပွဲ တစ်ခုကနေ မစ္စတာမုနဲ့ ညီမရွှီတို့ကို လူသိထင်ရှားဖိတ်ထားကို ငါတွေ့ခဲ့တယ်။ ဒီအတွဲက နိုင်ငံသေးသေးလေးက တော်ဝင်မိသားစုရဲ့ ညစာစားပွဲကို တက်ဖို့ ဖိတ်ကြားခံထားရတာပေါ့။]

ဒီတစ်ကြိမ်မှာတော့ MLG ကတော်ဝင်မိသားစုက God's Prophecyရဲ့ဝတ်စုံ ဝတ်ထားတာကို အင်တာနက် အသုံးပြုသူတွေက မြင်လိုက်ရတဲ့အခါ အံ့သြသွားခဲ့ရသည်။ ထိုနိုင်ငံတွင် God’s Prophecy ဆိုင်ခွဲများ စတင် ဖွင့်လှစ်ထားပြီးကြောင်းနှင့် ထိုနိုင်ငံနှင့် အတူတကွ လက်တွဲလုပ်ဆောင်မှု ရှိနေသည်ကို ညွှန်ပြနေခြင်းပင် ဖြစ်သည်။

တော်ဝင်မိသားစုတွေအပေါ်မှာ ဒီဘရန်းကို ဝတ်ဆင်ဖို့ရန် လွှမ်းမိုးမှုရှိခြင်းကလည်း အင်မတန် ကြီးကျယ်လှသည်။ သို့သော် ထိုကဲ့သို့ လက်တွဲဆောင်ရွက်သည့် ဆက်ဆံရေးမျိုးမှာ ဘယ်လို ဖြစ်လာသည်မှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။

[ ရွှီယန်ယုက တစ်ကယ် နတ်ဘုရားလိုပဲ။ တော်ဝင်မိသားစုကိုတောင် ဒီဘရန်းကို ဝတ်စေတာ။ ဒါခမ်းနားကြီးကျယ်တယ်လို့် မှတ်လို့ရတယ်မလား။ ဒီဘရန်းက ထုတ်ထားတာ ဘယ်လောက်မှတောင် မကြာသေးဘဲ ထိပ်ဆုံးကို ခြေလှမ်းတစ်လှမ်းထဲနဲ့ ရောက်သွားတာပဲ။]

[ရယ်ရတာ သေတော့မယ်။ ဒီတစ်ခါမှာတော့ ဒါကတစ်ကယ် ဇိမ်ခံဘရန်းတစ်ခုပဲ။ ငါလည်း အဲ့လိုမျိုး လိုချင်တယ်။ ညီမရွှီက မိနစ်ပိုင်းအတွင်း ဇိမ်ခံပစ္စည်းတွေကို ဖန်တီးပြီး သူမ သန်မာမှုတွေကို သက်သေပြပြီးပြီ။ ဘယ်နိုင်ငံတကာ ဘရန်းတွေကမှ အဲ့လို မရဖူးဘူး။]

[ ဘရန်းတွေနဲ့ ဇိမ်ခံပစ္စည်းတွေရဲ့ တစ်ခုတည်းသော ကွာခြားချက်က မုချောင်ယွင်ပဲ။ အခုတော့ ရွှီယန်ယုက အရမ်းရည်မှန်းချက်ကြီးပြီး စိတ်ခိုင်မာတယ်ဆိုတာကို ငါတော့နားလည်သွားပြီ။ ဒီလိုပြောရတာ သိပ်အဆင်မပြေပေမယ့်လည်း မစ္စတာမု ခင်ဗျားမိန်းမ လှည့်စားတာကို ခံနေရပြီလား။]

[မစ္စတာမုက သနားဖို့ကောင်းသားပဲ။ သူ့အတွေးထဲမှာ သူမ ငါ့ကိုချစ်တယ်ဆိုပြီး တွေးနေမှာ။ တစ်ကယ်တော့ သူမ ချစ်တာက သူ့ရဲ့ သြဇာအာဏာလို့ ဘယ်မျှော်လင့်ထားပါ့မလဲ။]

[လက်ဆောင်ပေးတယ်ဆိုတာက စစ်တုရင်ကစားပွဲကို စလိုက်သလိုပဲလေ။ သူမ ဒီဘရန်းကို စထောင်လိုက်ထဲက ထိပ်တန်း ဇိမ်ခံပစ္စည်း ဖြစ်လာဖို့ အတွက်ပဲမလား။ ဒါပေမယ့် အဲ့လိုဖြစ်လာဖို့က တစ်ခြား ဘရန်းတွေအနေနဲ့ ဆယ်နှစ် နှစ်တစ်ရာလောက်ထိ ကြာတယ်လေ။ သူမကတော့ ခြေလှမ်း တစ်လှမ်းထဲနဲ့ ရောက်ချင်တော့လည်း ဖြတ်လမ်းကို လိုက်ရတော့တာပဲလေ။ ဥက္ကဌမုက သူထိန်းချုပ်လို့ရတဲ့ အမြန်ဆုံး ဖြတ်လမ်းပဲလေ။]

[မင်းတို့ညီမရွှီကတော့ ဘယ်သူမှမလျှောက်ရဲတဲ့ ဖြတ်လမ်းကို တစ်ကယ်ကြီး လျှောက်လိုက်တာပဲ။ တစ်ကယ်ကို စိတ်လှုပ်ရှားစရာကြီး။]

[ဒါက ငါတို့နားမလည်နိုင်တာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရိုးလုပ်စဥ်က အရမ်း ရှုပ်နေတာ။ မစ္စတာမုကတော့ အိမ်သာထဲမှာတောင် ငိုနေရင်း မေ့လဲနေလောက်ပြီ။]

ပထမတန်းမှာထိုင်နေတဲ့ မုချောင်ယွင် မပြန်ခင်မှာပင် ဖုန်းထဲမှ စာတစ်စောင်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့မျက်နှာမှာ အဆင်မပြေဖြစ်သွားကာ သူ၏နောက်တွင် ထိုင်နေသော အမျိုးသမီးအား သုန်သုန်မှုန်မှုန်နှင့် သံသယဖြစ်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုအမျိုးသမီးသည် လွန်စွာမှ လှပပြီး သူမ၏ မျက်ဝန်းများထဲတွင် ကြီးမားသည့် ရည်မှန်းချက်တစ်ခု ရှိနေခဲ့သည်။

All Chapters