← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

ယနေ့တွင် ရွှီယန်ယုသည် လာဗင်ဒါအရောင် အင်္ကျီလေး ဝတ်ထားခဲ့သည်။ သူမ၏ မိတ်ကပ်မှာလည်း အင်မတန် အနုစိတ်ကာ သူမ၏ မျက်လုံးထောင့်တွင် ခရမ်းရောင်စိန်ကို စီခြယ်ထားပြီး ညှို့ယူတတ်သော အလှလေးနှင့် အလွန်ပင် ချစ်စရာ ကောင်းလှသည်။ သူမ၏ မျက်လုံးထောင့်တွင် အသေးစိတ်ဆွဲထားသော eyeliner လေးကလည်း ရှိနေသေးသည်။ သူမ၏ ပုခုံးပေါ်တွင် ဆံပင်ရှည်လေးကို ချထားသည်မှာ လူ့လောကတွင် မတွေ့နိုင်သော အလှတရားနှင့် တောအုပ်ကြီးထဲမှ နတ်သမီးလေးနှင့် တူလှသည်။

သူမ၏ စိတ်ထားနှင့် အသွင်အပြင်မှာ တစ်ခါ မြင်လိုက်ရုံနှင့် တစ်သက်မေ့မရတော့ပေ။ ထို့အပြင် တစ်ခါတစ်ရံ သူမအပြုအမူများကို တွေ့လိုက်ရသူတိုင်း အတော်လေးစွဲမက်အောင် ပြုလုပ်နိုင်သည်။

တစ်ကယ်တော့ ရွှီယန်ယုနှင့် တွေ့ဖူးကြသူတိုင်း အထင်ကြီးဆုံး အရာမှာ သူမ အလှအပကြောင့်လည်း မဟုတ်ဘဲ သူမ၏ ပုံစံကြောင့် ဖြစ်သည်။

အထူးသဖြင့် သူမကို သေချာ နားလည်သွားရင် သူမအား တကယ် မကောင်းတဲ့သူဟု ခံစားရကောင်း ခံစားရလိမ့်မည်။ သူမသည် တစ်ခြားသူများအား ပြသနာများကြား အတော်လေး ပိတ်မိစေကာ သူတို့ကိုယ်သူတို့ ပြန်ရုန်းမထွက်နိုင်အောင် ပြုလုပ်၍ သူမနှင့် မယှဥ်ပြိုင်ရဲအောင် ပြုလုပ်တတ်သော မိန်းမမျိုးဖြစ်သည်။

သို့ရာတွင် လူတွေ၏ သဘောသဘာဝမှာ အလွန် ရှုပ်ထွေးလှသည်။ ထိုသို့ မကောင်းသော မိန်းကလေးမျိုးနှင့် ချစ်မိခဲ့လျှင်တော့ အင်မတန် ကောင်းလှသည်။ သူမသည်အလွန် နူးညံ့သိမ်မွေ့၍ ချောမောလှပကာ သူမသည် သင့်အပေါ်မှာ စိတ်ရော ကိုယ်ပါ မြှုပ်နှံထားမည် ဖြစ်သည်။ ထို့ပြင် သင့်ရဲ့ အာရုံစိုက်မှု ရရှိရန်အလို့ငှာ လှည့်ကွက်လေးအချို့အား သုံးဦးမည် ဖြစ်သည်။ 

တစ်ချို့သော စိတ်လှည့်စားမှုလေးတွေ ဖန်တီးမှု ရှိနေခြင်းမှာ သူမသည် သင့်အတွက် မတူကွဲပြားသည့် လူတစ်ယောက်ဟူသော ခံစားချက်မျိုး ပေးနိုင်သည်။ သင့်အပေါ်မှာ သူမ ယူဆောင်လာပေးသော ကြင်နာယုယမှုများကို အလွန်ပင် စွဲလမ်းသွားမည် ဖြစ်သည်။ 

ရွှီယန်ယုသည် ပြည့်စုံဖို့ရန်အတွက် ထိုနည်းလမ်း အားလုံးကို သုံးခဲ့သည်မှာ အသေအချာပင်။ အဓိကကတော့ သူမသည် ထိုကဲ့သို့သော လူမျိုးဖြစ်ကာ သူမ၏ အလုပ်ကိုသာ အသေအချာ အာရုံစိုက်သော သူမျိုးဖြစ်သည်။ အကြောင်းမှာ သူမဒီခန္ဓာကိုယ်ထဲ စရောက်ကတည်းကပင် သူမ၏ ခွန်အားများကို အလဟဿဖြစ်မခံသင့်ဘူးဟု ခံစားခဲ့ရသည်။ 

သူမ ဒီဇိုင်းရေးဆွဲခြင်းကို တမင်တကာ ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ ထိုအရာမှာ သူမ၏ ရည်မှန်းချက်၊ သူမ လုပ်ချင်သည့် အရာများနှင့် ပဋိပက္ခများ မရှိလိုခြင်းကြောင့် ဖြစ်သည်။

ရွှီယန်ယုသည် လူတွေရဲ့ ဘဝများက အလွန် ရှုပ်ထွေးသည်ဟု သူမခံစားခဲ့ရသည်။ ဒီမှာ လုံးဝ ကောင်းတဲ့သူ ဆိုးတဲ့သူဟူ၍ မရှိပေ။ ထိုအရာမှာ လူတစ်ယောက်က ထိုအခွင့်အရေးကို လိုချင်သည် မလိုချင်သည်ဟူသော သူတို့ စိတ်အပေါ် မူတည်သည်ဟုသာ ပြောနိုင်တော့သည်။

ထိုအရာကို ပြန်တွေးရမည်ဆိုလျှင် သူမဘေးနားရှိ ခန့်ညားသောသူကို ထပ်ကြည့်မိလိုက်သည်ကို သူမ မထိန်းနိုင်တော့ပေ။ ထိုအမျိုးသားမှာ အခွင့်အရေးပင် ဖြစ်သည်။

မုချောင်ယွင်သည် အလွန်စိတ်ဝင်စားဖို့ကောင်းကာ လူကောင်းတစ်ယောက်တော့ မဟုတ်ပေ။ သူ၏ စီးပွားရေး စည်းမျဥ်းများအရ သူသည် အခြားသူ၏ ပုံစံကို တကယ်လည်း ခွဲခြားနိုင်သည်။

 ထို့ကြောင့် ကောင်ဆိုးလေးများသည် မကောင်းသော မိန်းမများနှင့်သာ ချစ်ကြိုက်ကြသည်။ အရူးအမူး ဖြစ်နေသော မိန်းမမျိုးနှင့်တော့ မကြိုက်ကြပေ။ အရူးအမူးဖြစ်နေသော မိန်းမများသည် ကမ္ဘာပေါ်မှာ အရူးနှမ်းဆုံး သူများပင် ဖြစ်သည်။

မုချောင်ယွင်ကဲ့သို့သော သူမျိုးစီက အာရုံစိုက်မှုကို ရရှိဖို့ရန် လုပ်ဆောင်သည်မှာ အစပင် ရှိသေးသည်။ သို့သော် အဲ့လိုလူမျိုး တစ်ယောက်လောက် ရှိခဲ့ရင်တောင် ထိုလူ၏ အာရုံစိုက်မှုကို တစ်သက်လုံး ဆွဲဆောင်ဖို့ရန် မဖြစ်နိုင်ပေ။

သို့ရာတွင် စိတ်၏ ဝေဝါးမှုများမှာ အစပင်ရှိသေးသည်။

ယခုအခါ ရွှီယန်ယုသည် မြို့ G ကို သွားမည့် လေယာဥ်ပေါ်တွင် ရှိနေခဲ့သည်။ သူမသည် ပထမဆုံး သူမ လုပ်ချင်သည့်အရာကို ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ကယ်တော့ မုချောင်ယွင်သည် ထိုရွှီယန်ယုဆိုသည့် အမျိုးသမီးကို ယခုထိတိုင် နားမလည်နိုင်ဘူးဟုပင် ခံစားခဲ့ရသည်။ အခုဆိုလျှင် သူ၏ ခံစားချက်များသည် အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထိုအမျိုးသမီးလေးသည် ပဟေဠိတစ်ခုနှင့်ပင် ပိုတူဟန် ရှိသည်။ 

ရွှီယန်ယုသည် ကြက်သွန်နီနှင့် တူလှသည်။ အပေါ်က အထပ်ကို ဘယ်လောက်ပဲခွာခွာ အောက်တွင် အထပ်များစွာ ရှိနေသေးသည်။ ထို့ကြောင့် သူမ ဘာတွေတွေးနေသည်ကို ပြောဖို့ရန် မဖြစ်နိုင်လှပေ။

ကြက်သွန်နီကို ခွာလိုက်သော အချိန်တိုင်းတွင် သူ့ဆီက တစ်ခုမဟုတ် တစ်ခု ပြန်ပေးလိုက်ရသည်။

မုချောင်ယွင်သည် ထိုအမျိုးသမီးနှင့် အဆုံးထိ အတူရှိချင်နေသည်။ သူ့အပေါ်တွင် ထိုကဲ့သို့ အားအင်များသုံးဖို့ လုပ်နိုင်တဲ့သူဟူ၍ တကယ်ပင် မရှိခဲ့ချေ။ ရွှီယန်ယုသည် တစ်ကယ်ပင် မလွယ်လှသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ 

မုချောင်ယွင် သူမကို ကြည့်နေမိသည်။ သူ၏ နက်မှောင်၍ လင်းယုန်သဖွယ် မျက်လုံးများသည် သူမ၏ ချစ်စရာကောင်း၍ စွဲဆောင်မှုရှိရှိ မျက်လုံးခြယ်သထားကာ သူမ၏ ရှည်ရှည်ထူထူ နှင့် သူမ၏ မျက်တောင်ထူထူလေးများ ရှိသော မျက်ဝန်းများအပေါ် မသိမသာလေး ကြည့်ကာ နေတော့သည်။

တစ်ကြိမ် နှစ်ကြိမ်ဖြင့် ဖြည်းဖြည်းချင်း တုန်ခါနေသော တုန်ခါမှုသည် အတော်လေး စည်းချက်ညီလှသည်။ ထိုအချိန်တွင် ထိုအမျိုးသမီး ရင်ထဲ ဘာတွေ စဥ်းစားနေမလဲ။ သူမ တွေးနေသည်မှာ မြို့ G တွင် God's prophecy ကိုမကြာခင် ဖွင့်လှစ်နိုင်ဖို့ရန်သာ ဖြစ်သည်။

ရွှီယန်ယုသည် မုချောင်ယွင် သူမအား ကြည့်နေသည်ကို သိပုံရသည်။ အကြောင်းမှာ တစ်ဖက်သူ၏ ငေးကြည့်နေခြင်းသည် အလွန်ပင် သိသာလှသည့်အတွက် မျက်မမြင် မဟုတ်သည့် လူတိုင်း သတိထားမိမည် ဖြစ်သည်။ 

သူမလည်း မျက်လုံးများကို ပင့်ကာ မုချောင်ယွင်အား ဘေးတိုက်မသိမသာလေး ကြည့်လိုက်သည်။ 

အကြောင်းမှာ သူ့အား ထိုရှုထောင့်မှ ကြည့်လိုက်လျှင် သူ၏ ပုံစံမှာ အလွန်ပင် ကြည့်ကောင်းလှသည်။ ထိုမြင်ကွင်းသည် သူမှန်ထဲတွင် ကြည့်ခဲ့သည့် အကြိမ်များထဲတွင် အမှတ်ရဆုံးနှင့် အံ့သြစရာ အကောင်းဆုံးဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိုရှူထောင့်မှာ လွန်စွာ တွေးစရာပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မုချောင်ယွင်၏ မျက်ဝန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်နေရသည်။

သူ့ကိုမြင်ပြီး ရွှီယန်ယု ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် မထင်မှတ်ထားသော လှုပ်ရှားမှုတစ်ခုကို လုပ်ကာ ရုတ်တရက် မုချောင်ယွင်ရဲ့လက်ကို လှမ်းကိုင်လိုက်သည်။ 

အပြင်လူတွေ ရှိနေသည့်အတွက် ဥက္ကဌမု အနည်းငယ် ခုခံနေသည်ကို မြင်နိုင်သော်လည်း ရွှီယန်ယုသည် လှမ်းဆွဲထားစမြဲပင် ဖြစ်သည်။ 

ထိုအချိန်မှာ မုချောင်ယွင်လည်း ရုန်းကန်နေခဲ့သည်။ 

ရွှီယန်ယုသည် အစပိုင်းတွင် စချင်ရုံ သပ်သပ်သာ ဖြစ်သည်။ သို့သော် ကံသီစွာဖြင့် တစ်ဖက်လူမှာ မရှောင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အကယ်၍ သူ မရှောင်ဘူးဆိုရင် သဘောတူတယ်လို့ ဆိုလိုပြီး သူမကို သဘောကျလို့ ပြီးတော့ သူမကို လိုချင်လို့ ဟု ပြောလိုက်သည်။

သူ၏အမူအရာမှာ သူမကို သဘောကျသည်ဟု ပြောနေသလို ဖြစ်သည်။

ထို့ကြောင့် သူမသည် သူ့လက်ကို နည်းနည်းတင်းတင်း ဆုပ်ကိုင်ထားကာ သူ၏လက်ဖဝါးကို သူမ၏ လက်ချောင်များနှင့် ဖြည်းဖြည်းချင်း ပွတ်နေသည်။ သူမရဲ့ မထိတထိ စနေတာလေးသည် သူတို့၏ စိတ်ထဲတွင် မရိုးမယွဖြစ်စေသည်။ 

ထိုအထိအတွေ့လေးမှာ အရည်ပြားပေါ်တွင် ဆိုသော်လည်း နှလုံးသားထဲသို့ တိုက််ရိုက် ရောက်ရှိခဲ့သည်။ ထိုအရာမှာ ရူးမိုက်ပြီး စွဲလမ်းစေတတ်ကာ မေ့မရသော အရာတစ်ခုဖြစ်ပြီး အလွန်ပင် ရစ်မူးစေသော “မူးယစ်ဆေးဝါး” လေး အလားပင် ဖြစ်စေသည်။ 

မုချောင်ယွင်သည် အပေါ်ယံတွင် ဘာခံစားချက်မှ မပြကာ သူ့မျက်နှာပေါ်တွင် ဘာမှမပြောင်းလဲသော်လည်း သူ့လက်ဖဝါးမှ တစ်ဆင့် ဖော်ပြနေသည်မှာ သူ့ခန္ဓာကိုယ်အပူချိန် တဖြည်းဖြည်း ပြောင်းလဲလာပြီး သူသည် အားလုံးထင်နေသလို တည်ငြိမ်နေခြင်း မဟုတ်ပေ။

ရွှီယန်ယုသည် ညှင်ညှင်သာသာလေး ခြစ်ကာ ယစ်မူးစေသော အသံနှုန်းလေးဖြင့် ဖြည်းဖြည်းနှင့် ပျင်းရိပျင်းတွဲ ပြောလိုက်သည်မှာ “ ရှင့်အတွက် နောင်တရဖို့က သိပ်နောက်ကျသွားပြီနော်” ဟူ၍ ဖြစ်သည်။

မုချောင်ယွင် ထိုစကားကို ကြားလိုက်ပြီးနောက် ဘာစကားမှ မပြောနိုင်တော့ပေ။ သို့သော် ခနအကြာတွင် သူ့လက်များကို မသိမသာရွေ့ကာ ရုတ်တရက်ဆိုသလို သူ၏ ပိုင်ဆိုင်မှုကို ပြသကဲ့သို့ ရွှီယန်ယုလက်အား တင်းတင်းကြပ်ကြပ် လှမ်းဆွဲထားလိုက်တော့သည်။ 

  သူ၏ မျက်ဝန်းများမှာ အလွန်ပင် ခတ်ထန်လှသည်။ ထိုမျက်ဝန်းများကို အခြားသူက မြင်လျှင် သူသည် အခြားသူတစ်ယောက်အပေါ် လွှမ်းမိုးချင်နေပုံရသည့် အကြည့်မျိုး ဖြစ်နေခဲ့သည်။

သူသည် ရွှီယန်ယုအား သူ့ရဲ့ အဘိဓာန်မှာ “ နောင်တ” ဆိုတာ မရှိခဲ့ဘူးဟု ပြောခဲ့သော်လည်း ထိုအရာသည် သူမကို စိတ်ကြီးမဝင်ဖို့ရန် သတိပေးနေသည့် အလား ဖြစ်နေသည်။ 

ရွှီယန်ယု မျက်လွှာလေးချကာ ပြုံးလိုက်မိသည်။ ထိုပီတိအပြုံးလေးမှာ သူမမျက်ဝန်းထဲ၌ ပေါ်နေသည်။ ထို့ပြင် သူမသည် ထိုအရာများမှာ စိတ်ဝင်စားသည်ထက် ပိုကာ ပိုစိတ်ဝင်စားဖို့ ကောင်းလာသည်ဟု ခံစားခဲ့ရသည်။ 

ထိုနှစ်ယောက်က တော်ဝင်မိသားစု၏ ညစာစားပွဲအား အလွန်တင့်တယ်၍ ခမ်းနားစွာ ဝတ်ဆင်ရင်း တက်ရောက်ခဲ့သည်။ ညစာစားပွဲ အတွင်းသို့ မည်သည့် မီဒီယာမှ ဝင်ရောက်ခွင့်မရှိပေ။ ထို့ကြောင့် သူတို့၏ အဝင်အထွက်များကိုသာ မီဒီယာများက ရိုက်ကူးကြရသည်။ 

ထို့ကြောင့် အင်တာနက်ပေါ်တွင် သူတို့ ပွဲတက်ရောက်နေသည့် ဓာတ်ပုံများ ဗီဒီယိုများမှာ အများအပြားရှိနေသည်။ သူတို့နှစ်ယောက်သည် ဇိမ်ခံကားကြီးထဲမှ ထွက်လာသောအခါ ထိုပုံသည် ချက်ချင်းဆိုသလိုပင် အင်တာနက်ပေါ်တွင် ပေါ်လာကာ ထိုအရာက အင်တာနက်ပေါ်ရှိ လူတွေအားလုံးကို ချက်ချင်းဆိုသလို ပွက်လောရိုက်စေခဲ့သည်။

အကြောင်းမှာ ရွှီယန်ယုနှင့် မုချောင်ယွင်သည် ပြီးခဲ့တဲ့ အင်တာဗျူးမှာ သူတို့ဖြေခဲ့သော ကြိုက်နှစ်သက်သည့် အရောင်များဖြင့် ပြုလုပ်ထားသော စုံတွဲဝတ်စုံကို ဝတ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။

တစ်ယောက်က အမဲ၊တစ်ယောက်က အဖြူဖြစ်သည်။

အမဲမှာ မုချောင်ယွင်ကို ကိုယ်စားပြု၍ အဖြူမှာ ရွှီယန်ယုကို ကိုယ်စားပြုသည်။

သူတို့၏ ဝတ်စုံများမှာ အဖြူနှင့်အမဲကိုသာ အပြန်အလှန် ပုံဖော်ထားတာ ဖြစ်သဖြင့် မင်းကလည်း ငါ၊ ငါကလည်း မင်းပဲ ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် God's prophecy ရဲ့ တောင်ပံ တစ်ဖက်ကျိုးနေသော နတ်သမီးလေး စီးရီးမှ ဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ 

ဘယ်လိုပဲဖြစ်နေပါစေ၊ ထိုဝတ်စုံသည် ကန့်သတ်ပစ္စည်းဖြစ်၍ ရောင်းဖို့အတွက် မဟုတ်သည်မှာ သိသာလှသည်။ သူတို့သည်လည်း တမူထူးခြားသော မော်ဒယ်များ ဖြစ်ကြသည်။ ထိုတောင်ပံခေါက်ထားသော နတ်သမီး စုံတွဲဝတ်စုံမှာ ထူးခြားလွန်းလှသည်။ သူတို့သည် တကယ်တမ်း နတ်ဆိုးနှင့် နတ်သမီးလေးပင် ဖြစ်သည်။

တောင်ပံတစ်ဖက်ကျိုးနေသော နတ်သမီးအများစုက ပေးဆပ်ထားခဲ့တာမျိုးဖြစ်ပြီး မကောင်းဆိုးဝါး ပုံစံကိုတော့ မမြင်ဖူးခဲ့ပေ။

သို့ရာတွင် မုချောင်ယွင် ဝတ်ဆင်ထားသည်မှာ မကောင်းဆိုးဝါး အရာများကဲ့သို့ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုဝတ်စုံမှာ အလွန်ပင် ထူးခြားလှသည်။ ထိုပေါ်တွင် ရေးဆွဲထားသော ပဟေဠိဆန်တဲ့စာများမှာ စေတန်ကိုယ်တိုင် ရေးဆွဲခဲ့ခြင်းမျိုးဖြစ်သည်။ ထို့ပြင် ဆဌဂံပုံ၊ လက်ဝါးကပ်တိုင်များနှင့် ဒီမွန်၏ လက်ထိပ်များလည်း ပါရှိနေသည်။ သူသည် လက်ကို မြှောက်လိုက်သောအခါ လက်ထိပ်များဖြင့် မကောင်းဆိုးဝါးကြီးက နတ်သမီး၏ စိန်အတောင်ပံကို ရက်ရက်စက်ရက် ကိုင်ထားနေတာကို တွေ့ခဲ့ရသည်။

ထိုအရာမှာ ရွှီယန်ယု၏ ပွဲတက်ဝတ်စုံမှ စိန်ရင်ထိုးရှိ ပျောက်ဆုံးနေသော တောင်ပံတစ်ဖက် ဖြစ်သည်။  သူမ၏ ရင်ဘက်ပေါ်ရှိ နတ်သမီးလေး၏ ပျောက်ဆုံးနေသော တောင်ပံတစ်ဖက်မှာ မကောင်းဆိုးဝါးကြီးမှ ယူဆောင်သွားခြင်း ဖြစ်ပေသည်။

[အား သေစမ်း။ သူတို့က စုံတွဲဝတ်စုံကို ဝတ်လာကြတာပဲ။ ငါ့ကို အောက်ဆီဂျင်ဗူးကြီး လာပေးကြပါ။]

[ အဲ့ဒါက တကယ် မရက်စက်ဘူးလား။ မင်းတို့ ဘာတွေလုပ်နေကြတာလဲ။ မင်းတို့ အတောင်ပံကို ဆွဲဖြုတ်လောက်တဲ့ထိ ဘာလို့ ပြင်းထန်နေကြတာလဲ။]

[ဘုရားရေ၊ ဒိတ်ဖို့ ထပ်ဖြစ်လာတော့လည်း ညီမရွှီ ဘက်ကိုတော့ မင်း ပြန်ကြည့်သေးသားပဲ။ တကယ် ကောင်းတယ်။ ဒီဝတ်စုံကို ဒီဇိုင်းဆွဲထားတာ ပထမဆုံးတော့ မဖြစ်သင့်ဘူး။ တောင်ပံ တစ်ဖက်ကျိုးနေသော နတ်သမီး စီးရီးက အစောကြီး ထုတ်ခဲ့ပြီးပြီလေ။ အဲ့ဒါကို ငါတို့ ညီမရွှီက မင်းအတွက် စုံတွဲဝတ်စုံတောင် ကိုယ်တိုင်လုပ်ပေးနေပြီ။]

[ငါတော့ယုံပါတယ်။ ဥက္ကဌမုက တကယ် ထိန်းချုပ်ခံနေရတာပဲ။ ညီမရွှီက ဒီလိုနေ့ကို မျှော်လင့်နေပုံပဲ။ ဒီ ဒီဇိုင်းကိုဆွဲနေတုန်းက သူမ ဘာကို တွေးနေတာလဲ။ သူမ live ကို ငါတို့ နေ့ရောညရော ကြည့်နေတာပဲ။ ရွှီယန်ယုက အဲ့လောက် အတွေးပေါက်လိမ့်မယ်လို့ မထင်ထားဘူး။ သူမက အစတည်းက ဒီလိုနေ့မျိုးအတွက် ဥက္ကဌမုကို ဆွဲထားဖို့ အစီစဥ်ရှိပြီးသား ဖြစ်မယ်။]

[သူမ ဒါကို လွန်ခဲ့တဲ့ တစ်လထဲက တွေးနေတာဖြစ်မယ်။ အဆင့်က မြင့်လိုက်တာ။ နတ်သမီးနဲ့ မကောင်းဆိုးရဲ့ စီးရီးက တကယ်ကို ပြည့်စုံလွန်းတာပဲ။]

[အာ….. ဒီ ရင်ထိုးတွေ လက်ထိပ်တွေက ငါ့ခေါင်းထဲကို ကြမ်းတမ်းတဲ့ ပုံရိပ်တွေနဲ့ ပြည့်သွားတာပဲ။ အဲ့ဒါက တစ်ကယ့်အခြား အဓိပ္ပါယ်ရော ရှိသေးလား။ ဒီနတ်သမီးလေးက သနားပါတယ်။ သူမက နတ်ဆိုးကြီး ဖျက်ဆီးတာကို ခံလိုက်ရတယ်။ ဒါကြီးက ရူးပြီး ပြင်းထန်တာလို့ပဲ ငါ ပြောနိုင်တော့တယ်။]

နိုင်ငံခြားမှ မီဒီယာများသည် အလွန်ပင် အားကောင်းလှကာ တစ်ခြားသူတွေ မရိုက်ကူးနိုင်တဲ့ စိတ်ကူးမယဥ်ထားတဲ့ ပုံကိုတောင် ရိုက်ကူးနိုင်သည်။ တစ်ပုံမှာတော့ ဥက္ကဌမုရဲ့ မကောင်းဆိုးဝါးဆန်တဲ့ လက်ထိပ်များမှာ ရွှီယန်ယုရဲ့ လက်ကောက်ဝတ်ကို ကြမ်းတမ်းစွာ ကိုင်ထားသည်။ သူမ၏ လက်ကောက်ဝတ်လေးသည် ကျိုးသွားတော့မလို ဖြစ်သည်မှာ သူမအသားကို ထိလိုက်ရတာက ပိုးသားလေးတွေကို ထိလိုက်ရသလိုပင် ဖြစ်သည်။ ထို့နောက် လက်ကြီးများနှင့် သူမ၏ လက်လေးကို ညှစ်ထားသည်မှာ စခရင်ပေါ်မှ ကြည့်နေရတဲ့ သူများအဖို့ သူမကို စားချင်တဲ့စိတ်ကိုများ ထိန်းချုပ်ကာ  အဆုံးထိရောက်နေသလားပင် ဖြစ်ရသည်။ 

ထိုအရာသည် ပြည်တွင်းရော ပြည်ပမှာရှိသည့် အင်တာနက် အသုံးပြုသူများသည် အံ့သြကာ အော်မိလိုက်ကြတော့သည်။

[ ညီမရွှီရဲ့ ခန္ဓာကိုယ်က ခံနိုင်ပါ့မလား။ သူမရဲ့ လက်ကောက်ဝတ်လေးက ၅၅ စင်တီမီတာ လောက်ပဲရှိတာ။ အာ…. အရမ်း စိတ်မလှုပ်ရှားနဲ့။]

ရွှီယန်ယုနှင့် မုချောင်ယွင်တို့၏ ဝတ်စုံမှာ အင်တာနက်ပေါ်တွင် လူပြောများသော ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုဆိုရှယ်မီဒီယာရှိ သူတို့နှစ်ယောက်၏ ပုံများတွင် သူတို့ကိုယ်ခန္ဓာ၌ များစွာ အသေးစိတ်ပြုလုပ်ထားသော အရာများသည် လူအများအား တွေးစရာဖြစ်စေခဲ့သည်။ ဆိုလိုသည်မှာ လွန်စွာသိသာလွန်းကာ ထိုအရာအကြောင်းကို မတွေးဘဲ နေဖို့ရန် မဖြစ်နိုင်ပေ။

ထိုစုံတွဲမှ ချပြပေးထားသော အချက်အလက်များက များလွန်းလှသည်။ ဥပမာအားဖြင့် ဒီတစ်ခေါက်တွင် အင်တာနက်သုံးစွဲသူတို့သည် ညီမရွှီအား မြင်လိုက်ရသောအခါ သူမသည် ပထမဆုံး လယ်ဗယ်တစ်ခုတွင် ရောက်ရှိနေပြီးကြောင်းနှင့် သူမသည် အချိန်တော်တော်များများတွင် ကြောက်စရာ ကောင်းနေခဲ့သည်။

ထိုမြင်ကွင်းကြောင့် အင်တာနက်အသုံးပြုများမှာ လွန်စွာ အံ့ဩသွားရကာ သူတို့သည် လွန်ခဲ့သော တစ်လလောက်က တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးကြသေးသော စုံတွဲဟုပင် မေ့သွားကြသည်။ သူတို့သည် ဘယ်လိုလုပ် ဒီနေ့လို နေ့မျိုး ရောက်လာသည်ကို အဖြေထုတ်မရပေ။

[ ရွှီယန်ယုနဲ့ မုချောင်ယွင်တို့က လူတွေရှေ့ကို ထွက်လာတာ သူတို့က မုမိသားစုရဲ့ သခင်မအဖြစ် တကယ် ထွက်လာတာလို့ ငါ ကျိန်ပြောရဲတယ်။ ဒီတစ်ခါတော့ အရင်တုန်းကနဲ့ မတူပဲ လုံးဝ ကွဲပြားတယ်လို့ ပြောလို့ရတယ်။ အဲ့တော့ ဆိုလိုတာက သူမ ဥက္ကဌမု သတိထားမိတာ ခံလိုက်ရပြီပေါ့။]

[ ဒီတစ်ခါတော့ ရွှီယန်ယုက အကုန်လုံးကို အနိုင်ရလိုက်ပြီလို့ ပြောလို့ရပြီ။ ဒီဟာက လူတိုင်းကို မထင်မှတ်ထားခဲ့တဲ့ဟာပဲ။ လူမှုကွန်ယက်ကဟာတွေ / မိသားစုဂုဏ်တွေ/ ဘရန်းကို မြှင့်တင်တာတွေ/ ဂုဏ်မြင့်တာတွေကို သူတို့တစ်ညထဲနဲ့ ရခဲ့တာပဲ။ ပြီးတော့ ဒီတစ်ခါ သူတို့နှစ်ယောက်ရဲ့ ဝတ်စုံတွေက ပိုပြီးတောင် မှော်ဆန်သေးတယ်။ သူတို့နှစ်ယောက်က ဘာတစ်ခုမှ ပြောစရာကို မလိုတော့ဘူး။ အဲ့ဒါကပဲ သူတို့ အကုန်လုံးကို ပြောပြီးပြီလို့ ဆိုလိုတာလေ။]

All Chapters