အခန်း (၃၄)
Vol. 3 Ch. 34
ရွှီယန်ယုက တော်ဝင်ညစာစားပွဲ၌ လူတိုင်းကို အံ့ဩသွားစေခဲ့သည်။ မကြာခင်မှာပဲ တော်ဝင် မီဒီယာများက တရားဝင် ထုတ်ပြန်ခဲ့သည့် ပုံများတွင် သူမကို အင်တာနက် အသုံးပြုသူများက တွေ့ရှိခဲ့ကြသည်။ သူမသည် အလွန်လှပ ကြော့ရှင်းကာ ဂုဏ်သရေ ရှိလှသည်။
ထိုပုံများမှာ တရားဝင်ပုံများသာ ဖြစ်၍ သူမနဲ့ အခြား တော်ဝင် မိသားစုဝင်များသည် အလွန်ရင်းနှီးဟန် ရှိသော်လည်း ထိုအရာမှာ အပေါ်ယံများဖြစ်သည်ဟု ခံစားခဲ့ရသည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုပုံတွေအကုန်လုံးနှင့် လူအများ တွေ့ရှိခဲ့သော ပုံများကို ကြည့်ပြီးသည့်နောက်တွင် ထိုအရာများမှာ မီဒီယာမှ သိုသိုသိပ်သိပ် ရိုက်ကူးထားသော ပုံများ မဟုတ်သည်ကို ရှင်းလင်းသွားခဲ့သည်။ အကြောင်းမှာ နှစ်ခုလုံးတွင် မတူညီသည့်အရာများစွာ ရှိနေခဲ့သည်။
သို့သော် ထုံးစံအတိုင်း အင်တာနက်သုံးစွဲသူတွေဟာ ရွှီယန်ယုနဲ့ မုချောင်ယွင်တို့သည် တစ်နေရာထဲ ရှိနေကြချိန်တွင် အမြဲတမ်း အကွာအဝေးတစ်ခုမှာ နေကြသည်ကို တွေ့ရှိခဲ့သည်။ တစ်ဖက်ကနေ ကြည့်ရင်တော့ ပုံတစ်ပုံတွင် ရွှီယန်ယုသည် တော်ဝင်မိသားစုဝင်များနှင့် နီးကပ်စွာရပ်ကာ မုချောင်ယွင်နှင့် နည်းနည်းဝေးနေသည့်ဟန် ရှိသည်။ ထို့ပြင် သူ့ခန္ဓာကိုယ်မှာ မသိစိတ်ကပင် ရွှီယန်ယုဘက်သို့ တိမ်းညွန့်နေခဲ့သည်။
[ ရယ်ရတာ သေတော့မယ်။ သူရပ်နေတဲ့ ပုံစံကလေ သူစိတ်ထဲက ပြောင်းလဲမှုတွေကို ဖော်ပြနေတာဆိုပြီး သူတို့ကပြောတာလေ။ အခုတော့ အဲ့ဒါက အမှန်တွေ ထင်တယ်။]
[မှန်တယ်။ ဒီပွဲမှာ ဥက္ကဌမုထက် ရွှီယန်ယုက ပိုတောင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။ သူမရဲ့ပုံတွေမှာ ဥက္ကဌမုနဲ့ အတူရိုက်တာထက် အခြားသူတွေနဲ့ ရိုက်ထားတာတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။]
[ဒါကို ဥက္ကဌမု နေ့တိုင်းမြင်ရဖို့ ဖြစ်နိုင်လို့လား။ အဲ့လို တော်ဝင်မိသားစုတွေက နေ့တိုင်းတော့ ဒီလို ဘယ်ရှိနိုင်ဘူးလေ။]
[ဟားဟားဟား ဥက္ကဌမုကတော့ တကယ် သနားစရာပဲ။ ဒီပုံထဲမှာ သူသိပ် မကျေမချမ်း ဖြစ်နေတာကို ငါ အရိပ်အမြွက်လေး ခံစားမိနေတယ်။ မင်း တကယ်ကြီးလား။]
ဒီတစ်ခေါက် ရွှီယန်ယုသည် G တွင် ပွဲတက်ကာ မကြုံစဖူး ရလဒ်များကို ရရှိခဲ့သည်။ သူမရဲ့ God’s prophecy ဘရန်းက မထင်ထားတဲ့ ပူးပေါင်းမှုတွေကို ရရှိခဲ့သည်။ ထိုအရာမှာ တော်ဝင် G မိသားစုနှင့် အဓိက လက်တွဲဆောင်ရွက်ရသည်သာမက သူတို့ရဲ့ ဘရန်းကို တော်ဝင်မိသားစု၏ အထူးသီးသန့် ဝတ်ဆင်ဖို့ရန် ပြုလုပ်ပေးရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် G မြို့သို့ ဝင်နိုင်ခဲ့ရာ အဲ့နိုင်ငံမှာတင်ပဲ ဆိုင်တွေအများကြီးကို ဖွင့်နိုင်မည်ဖြစ်သည်။
ထပ်ပြောရမည်ဆိုလျှင် God’s prophecy ဘရန်းဟာ တော်ဝင်မိသားစုမှ ဝတ်ဆင်ပြီးသည့်နောက်တွင် နိုင်ငံတကာမှ မင်းမျိုးမင်းနွယ်များကို ဖောက်သည်အဖြစ် ရရှိခဲ့သည်။ ထိပ်တန်း အောင်မြင်ကြတဲ့သူတွေ၊ လူချမ်းသာတွေ၊ နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများမှ သမီးလေးများလည်း ပါဝင်ခဲ့ကြသည်။ သူတို့သည် God's Prophecy စီးရီးရှိ တူညီသော ဝတ်စုံများကို ဝတ်ဆင်ကာ လူမှုကွန်ယက်ပေါ်တွင် ပုံများ တင်ခဲ့ကြသည်။
အကြောင်းမှာ တော်ဝင် G မိသားစုမှ မင်းသမီးလေး ဝတ်ထားသော ငါးအမြှီးနှင့် မြွေအမဲပုံစံရှိသော ဝတ်စုံမှာ အအောင်မြင်ဆုံး ဝတ်စုံအဖြစ် ရှိနေဆဲဖြစ်သည်။ ဒီ Wild Dance စီးရီး တစ်ခုထဲတွင်သာ ထိုဝတ်စုံသည် အရောင် ၁၆ ရောင်ရှိသည်။ ပုံစံတစ်ခုချင်းစီတွင် မတူညီသော မြွေပုံစံများ၊ မတူညီသောစျေးနှုန်းများ နှင့် အခြားသော မတူညီသည့် အဆင့်များလည်း ရှိသည်။
ထိုအထဲမှာ ခရမ်း၊ အမဲနှင့် အဖြူရောင်တို့မှာ ခမ်းနားပြီးဆုံးဖြစ်ပြီး သူတို့၏ အပေါ်တွင် သုံးထားသော စိန် ကျောက်မျက်ရတနာများ၏ အရည်အသွေးမှာလည်း ကွဲပြားသည်။
အခြား အရောင်များကိုလည်း အလယ်အလတ်နှင့် ဒုတိယဟူ၍ ခွဲခြားထားသည်။ ထိုကဲ့သို့ အဆင့်များ ခွဲခြားထားလျှင် တစ်ချို့သော လူချမ်းသားများအား သူများထက် သာလွန်သည်ဟူသော စိတ်ကျေနပ်မှုမျိုးကို အလွယ်တကူ ပေးစွမ်းနိုင်မည် ဖြစ်သည်။
ထို့ကြောင့် မြွေအဆင်ရှိသော ပုံစံများကို အမဲ၊ ခရမ်း၊ အဖြူ ဝတ်နိုင်သည့် သူများသည် မကြာခင်မှာပဲ အထက်တန်းလွှာများအဖြစ် စံနှုန်းသတ်မှတ်မှုများ ဖြစ်လာခဲ့သည်။ ဘီလီယံနာ မိသားစုများမှ ထိပ်တန်းသူဌေးများတွင် ထိုဝတ်စုံမျိုး တစ်ထည်တော့ ရှိကြသည်။ ထိုခေတ်ရေစီးကြောင်းမှာ တစ်ခနအတွင်း လေကဲ့သို့ ပျံ့နှံ့သွားကာ ထိုသို့လွှမ်းမိုးထားသော ကမ္ဘာပေါ်ရှိ သူများမှာ မွေးကတည်းကပ ငွေဇွန်းကိုက်ကာ မွေးဖွားလာကြသူများ ဖြစ်သည်။
ထို့အပြင် ခေတ်ရေစီးကြောင်းမှာ လိုက်ရအလွယ်ဆုံး အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ရွှီယန်ယုသည် တရုတ်ပြည်သို့ ပြန်မလာခင်မှာပင် သူမဘရန်း၏ ဖက်ရှင်ရေစီးကြောင်းမှာ အထက်တန်းလွှာများကို အပြည့်အဝ လွှမ်းမိုးနိုင်ခဲ့ပြီ ဖြစ်သည်။
ထိပ်တန်း လူချမ်းသာများသည် တကယ်တမ်းတွင် ငွေကုန်မှာကို မပူရပဲ များသောအားဖြင့် သူတို့တွင် မရှိသောအရာမှာ ဂုဏ်ပုဒ်ပင် ဖြစ်သည်။ သေချာသည်မှာ အဆင့်မြင့်ပစ္စည်းတွေ များလာလေ၊ ပိုပြီးလိုချင်လေ ဖြစ်သည်။
တော်ဝင်မိသားစုဝင်များမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ဂုဏ်ရှိကြသူများ ဖြစ်သည်။ ထိုကြောင့် ဘရန်းတစ်ခုကို မင်းဆွေမင်းမျိုးများက တစ်ခါဝတ်လိုက်သည်နှင့် အခြားလူချမ်းသာများကလည်း သေချာပေါက်ကို အလုအယက် ဝယ်ကြလိမ့်သည်။
အကြောင်းမှာ သူတို့သည် တော်ဝင်မိသားစုကဲ့သို့ ဂုဏ်မြင့်သည်ဟု ခံစားရခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော ဘဝင်ခိုက်နေသည့် ကိစ္စမျိုးသည် ကမ္ဘာနှင့်တစ်ဝှမ်း ဖြစ်နေကြခြင်း ဖြစ်သည်။
ရွှီယန်ယုသည် ထိုစိတ်များကို ကောင်းကောင်း နားလည်သူလည်း ဖြစ်သည်။ ထိုသို့ပြောနိုင်သည်မှာ တော်ဝင် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ပြီးသည့် နောက်ပိုင်းတွင် သူမ၏ God’s Prophecy သည် အကြီးမားဆုံးသော အောင်နိုင်သူကြီး ဖြစ်လာခဲ့သည်။
အင်တာနက်ပေါ်ရှိ လူတိုင်းသည် ရွှီယန်ယု၏ အစီစဥ်ကို ရွှီယန်ယုရဲ့ အကြံက ဘယ်လိုတောင် အံ့ဩစရာကောင်းတာလဲ ဟု အံ့အားသင့်ခဲ့ရသည်။
[တော်တော်လေး ရေပန်းစားနေတဲ့ ဂျက်ဂလင်းလည်း တော်ဝင်မိသားစုတွေ ဝတ်ထားတဲ့ဟာနဲ့ တစ်ပုံတည်း တူတဲ့ God's Prophecy ဝတ်စုံကို ဝတ်ထားတာ ငါတွေ့လိုက်တယ်။ မင်းသမီးက ခရမ်းရောင်လေး။ သူကကျ အဖြူရောင်ကို မြွေအဆင်လေးနဲ့။ သူ ၁၆ ရောင်လုံး တကယ်ကြီး ဝယ်လာတာ ငါမြင်လိုက်တယ်။ ဘယ်လောက်တောင် ရူးလိုက်လဲဟယ်။ ဒီတစ်ခါက တော်တော်လေး အောင်မြင်နေပြီထင်တယ်။]
[ဟုတ်ပါ့။ မင်း God's prophecy ကို ဝတ်တဲ့ လူတွေရဲ့ ကြီးကျယ်တဲ့ ဂုဏ်ပုဒ်တွေကို မတွေ့ဘူးလား။ အားလုံးက ထိပ်တန်းသူဌေးတွေကြီးပဲ။ Beauty က ကျေးဇူးပြုပြီး ဒီလို ထိပ်တန်း ဇိမ်ခံပစ္စည်းတွေကို သွားမထိပါနဲ့။]
[ရယ်ရလိုက်တာ။ Beauty က ထိုက်တန်လို့လား။ ကျန်းချင်ယွင်မှာ ဒီလိုအရည်အချင်း ရှိတယ်ဆိုရင် အဲ့တော်ဝင်မိသားစုဝင်တွေကို သူ့အင်္ကျီတွေပဲ ဝတ်ခိုင်းလိုက်ပါ။ အဲ့လို တော်ဝင်မိသားစုနဲ့ ပူးပေါင်း မလုပ်နိုင်ရင်လည်း နင့်လက်ရာတွေက နင့်ကို သေတွင်းပို့နေသလိုပဲ။]
[ရွှီယန်ယုရဲ့ အတွေးတွေက တကယ်ကောင်းတာပဲ။ Beauty က သူမကို ဘယ်လိုမှ လှည့်မရအောင် ကာထားလိုက်တာ။ အခု သူမက တော်ဝင်မိသားစုနဲ့ လက်တွဲပြီးတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဇိမ်ခံပစ္စည်းအဖြစ် တိုက်ရိုက်ကြီး ကြေညာလိုက်တာ။ အခုဆို ထိပ်တန်း ငွေရှိတဲ့ ဖောက်သည်တွေလည်း ရှိနေပြီ။ ပြီးတော့ ကျန်းချင်ယွင်ကို ဟိုးနောက်မှာ ချန်ထားခဲ့လိုက်ပြီ။ အခြားသူတွေကလည်း သူ့ကို ကူးလို့မရတော့ဘူး။ သူမ သုံးသွားတဲ့ နည်းက တကယ် တော်လွန်းတယ်။]
နိုင်ငံခြားခရီးစဥ် ပြီးတဲ့နောက်တွင် သူတို့သည် မကြာခင် အိမ်ကို ပြန်လာတော့မည်ဟု ထင်ကြေးပေးနေကြသည်။ ထိုအရာမှာ လက်ထပ်တာကအရင်ရဲ့ တရားဝင် website က နောက်အပတ်တွင် ပြန်ပြီး အသံသွင်းမည့်ကိစ္စနှင့်လည်း သက်ဆိုင်နေသည်။
ထိုအခန်းမှာ အတွဲများ၏ သူတို့ကြားက ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြရမယ့် အရာမျိုး ဖြစ်သည်။ စုံတွဲများသည် တစ်ယောက်ကို တစ်ယောက် မေ့မရတဲ့ လက်ဆောင်မျိုး ပေးဖို့ရန် လိုအပ်သည်။ သူတို့သည် ရိုးရိုးလက်ဆောင်မျိုးဖြစ်ဖြစ်၊ မမြင်ရအောင် ပြင်ဆင်ထားတဲ့ လက်ဆောင်မျိုးပဲဖြစ်ဖြစ် ဘယ်လို လက်ဆောင်မျိုးမဆို အသုံးပြုသည်မှာ အဆင်ပြေပါသည်။ မည်သို့ပင် ဖြစ်စေကာမူ အင်တာနက် သုံးသူများသည် စုံတွဲများအတွက် အမှတ်တရအဖြစ်ဆုံး အရာကို ရွေးချယ်ဖို့ရန် မဲခွဲကာ ဆုံးဖြတ်သွားမည် ဖြစ်သည်။
အတွဲတွေက အတူ ထပ်မံကာ အသံသွင်းကြလျှင် အင်တာနက် သုံးသူစွဲသူများက နိုင်ငံခြားကို အတူသွားသော မုချောင်ယွင်နှင့် ရွှီယန်ယုတို့သည် တရုတ်ပြည်သို့ တစ်ချိန်တည်း အတူတူ ပြန်လာကြတာလားဟု တွေးကာ သိချင်နေကြတော့မည်။
နိုင်ငံခြားရှိ တော်ဝင် ညစာစားပွဲသို့ တက်ရောက်သည်မှာ အလှမ်းကျယ်သော လှုပ်ရှားမှုတစ်ခု ဖြစ်ကာ နောက်ထပ် ဘာစိတ်ဝင်စားစရာများ ဖြစ်ဦးမလဲ ဆိုသည်များမှာ ပိုမို စိတ်ဝင်စားစရာ ကောင်းလှသည်။
သို့ရာတွင် ထိုကဲ့သို့သော ညစာစားပွဲမျိုးကို အတွဲတစ်တွဲမှ အတူတက်ရောက်ဖို့ရန်မှာ လွန်စွာ အဆင့်မြင့်လွန်းသည်။ ထို့နောက်သူတို့သည် စုံတွဲရသစုံရှိုးကို ဆက်လက်ရိုက်ကူးဖို့ရန် တရုတ်ပြည်ပြန်လာရန် ပြောကြားခဲ့သည်။ ဥက္ကဌမုက လက်တွဲလုပ်မည် မလုပ်မည်ကို သူမလည်း မသိရပါ။
သို့သော် သူတို့အခြေနေကို မြင်လိုက်ရလျှင် ရွှီယန်ယုသည် မုချောင်ယွင်ကို နားလည်ပြီးဖြစ်ကာ အတူလုပ်ကိုင်စေချင်သည်ဟု သူမ ခံစားခဲ့ရသည်။
[ ဒီတစ်ခါ သေချာတယ်။ သူတို့အတွဲ အိမ်ကို ပြန်လာဖို့ သိပ်မကြာတောဘူး။]
[သူဌေးမုက မိနစ်ပိုင်းအတွင်း ရွှီယန်ယုနဲ့အတူ တရုတ်ပြည်ကို ပြန်လာတော့မယ်။]
[ ကံမကောင်းစွာနဲ့ပဲ မင်းမှန်းတာ မှားသွားပြန်ပြီ။ ဥက္ကဌမုက ရွှီယန်ယုနဲ့ အတူပြန်မလာဘူး။ ဒါပေမယ့် သြစတြေးလျကိုသွားပြီ။ ကြည့်ရတာတော့ သူ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီထင်တယ်။]
ထိုကိစ္စကြောင့် အင်တာနက်သုံးစွဲသူများမှာ အံ့အားသင့်ခဲ့ရသည်။ သူတို့နိုင်ငံခြား အတူမသွားဘူးဟု ထင်တုန်းက တူတူသွားခဲ့သည်။ အခု သူတို့ဆက်ဆံရေးက တိုးတက်လာပြီး တရုတ်ပြည်ကိုပြန်ကာ ရသစုံရှိုးကို ရိုက်ကူးမည်ဟု ထင်နေကြသည်။ သို့သော် မုချောင်ယွင်သည် ရွှီယန်ယုနှင့်ခွဲကာ ဩစတေးလျကို အလုပ်ကိစ္စ ဆွေးနွေးဖို့ရန် သွားခဲ့သည်။
ထိုအရာမှာ သိပ်ပြီး လက်တွေ့မကျပေ။
ထိုအရာမှာ သူတို့တရုတ်ပြည်သို့ ဘာလို့အတူပြန်မလာသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။ သူတို့ တစ်ခုခုကြောင့် ရန်ဖြစ်ခဲ့ကြလို့ များလား။
ရွှီယန်ယုသည် တစ်ယောက်တည်း တရုတ်ပြည်သို့ ပြန်လာသည့် လေဆိပ်ကပုံကို အင်တာနက်ပေါ် တင်လိုက်သည်။ သူမသည် အနက်ရောင် အင်္ကျီကြီးကို ဝတ်ဆင်ကာ နေကာမျက်မှန်ကိုလည်း တပ်ထားသည်။ ထို့ကြောင့် သူမ၏ ပုံစံကို သေချာမမြင်ရပေ။ သူမသည် ခေါင်းလေးကိုငုံ့ကာ တိတ်ဆိတ်နေဟန်ရှိသည်။ သူမသည် တော်ဝင် ဧည့်ခံပွဲတုန်းကလောက်ပင် ရွှန်းစိုဝင်းပလျက် မရှိပေ။ သူမ၏ အပြုအမူများသည် ကြည့်ရသည်မှာ လွန်စွာ ထူးဆန်းနေသည်။
ရွှီယန်ယုသည် တစ်ယောက်ပြန်လာပြီးနောက် ထိုကိစ္စသည် လူပြောများသော ခေါင်းစဥ်တစ်ခု ဖြစ်လာသည်။ ကျန်းချင်ယွင်မှာ ဒီရက်ပိုင်းတွင်း လွန်စွာ ဒေါသထွက်နေသည်။ အကြောင်းမှာ အဓိကအားဖြင့် မုချောင်ယွင်သည် ရွှီယန်ယုကို သူ၏ အဆက်အသွယ်များဖြင့် ချိတ်ဆက်ပေးမည်ကို မထင်ထားပေ။ ဒါကြောင့်ပင် God’s Prophecy ဘရန်းသည် တစ်ညထဲ၌ အောင်မြင်ခဲ့ရခြင်း ဖြစ်သည်။ ထိုအရာမှာ လူတွေကို ဘယ်လိုတောင် မသက်မသာ ဖြစ်စေတာလဲ။
ပုံမှန်ဆိုလျှင် သူမ၏ ကိုယ်ပိုင် တီထွင်မှုများသည် အလွန်ပင် အောင်မြင်လှသည်။ ဒါပေမယ့် အခုဆိုရင် သူမသည် ထိုကဲ့သို့သော အမြင့်နေရာမျိုးကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူးဟု အပြောခံခဲ့ရသည်။ သူမလည်း အရမ်းစိတ်ပျက်ခဲ့ရသည်။ အဆင့်မြင့်တဲ့ ဇိမ်ခံဘရန်းတစ်ခုကို ဖန်တီးဖို့ရန် ပိုက်ဆံရှိရုံဖြင့် မရနိုင်ပေ။
နိုင်ငံတကာမှ ထင်ရှားကျော်ကြားသည့် အသုံးပြုသူများ၏ အသိအမှတ်ပြုခြင်းမှာလည်း လိုအပ်သည်။ ထိုကဲ့သို့သော အသိအမှတ်ပြုမှုမျိုး ရမှသာလျှင် ထိုအရာသည် ထိပ်တန်း ဇိမ်ခံဘရန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
'သူမခြေကုန်လက်ပန်းကျသွားရင်တောင် သူမ လက်ရှိ အရည်အချင်းနဲ့က လုပ်နိုင်မှာကို ကြောက်တယ်။ ရှန်မိသားစုက သူမ ကို ကောင်းကောင်း ဆက်ဆံနေပေမယ့် အဝတ်အစား ဘရန်းတစ်ခုကို စတင် လုပ်ဆောင်ဖို့အတွက် ရှန်ဖန့်က ရူးသွပ်မှု ရှိနေရင်တောင် သူတို့ကတော့ သူတို့ရဲ့အဆက်အသွယ်တွေနဲ့ သေချာပေါက် ကူညီပေးမှာတော့ မဟုတ်ဘူး။ '
အဲ့ဒါကို ယှဥ်ကြည့်လိုက်ရင် မုချောင်ယွင်က ရွှီယန်ယုရဲ့ စျေးကွက် အခြေနေတွေ ပိုကျယ်ပြန့်ပြီး အဆင့်မြင့်လာဖို့ သူ့ရဲ့ အဆက်အသွယ်တွေသုံးပြီး ကူညီပေးတယ်ဆိုတာက သူမအတွက် အိပ်မက်တစ်ခုသာ ဖြစ်သည်။
ဒီလိုအမြတ်ကြီးရဖို့အတွက် ရွှီယန်ယုက သူမကိုယ်မသူမ ရောင်းစားခဲ့လား မသိပေ။ ထိုကိစ္စသည် ကျန်းချင်ယွင်အား ရက်ပေါင်းများစွာ ဒေါသထွက်စေခဲ့သည်။
ထို့နောက် ရွှီယန်ယု၏ G မြို့မှ တရုတ်ပြည်ဆီ တစ်ယောက်တည်း ဝမ်းနည်းနည်းနဲ့ ပြန်လာတဲ့ သတင်းကို သူမ လိုင်းပေါ်မှာ တွေ့လိုက်သည်။
'ကောင်းလိုက်တာ။ ဒီတစ်ခါလည်း ကံတရားက သူမ ဘက်မှာပဲ ရှိနေတဲ့ပုံပဲ။'
ကျန်းချင်ယွင်သည် စိတ်သက်သာရာ ရသွားကာ၊ ရသစုံရှိုး၏ နောက်ထပ်တစ်ပိုင်းအား ရိုက်ကူးဖို့ စပြင်တော့သည်။ သူမလည်း ရွှီယန်ယုက ဥက္ကဌမုကို အကြာကြီး သွားရှုပ်လို့ ရနိုင်သည်ဟု မထင်ပေ။ အဲ့ဒါကြောင့်ပဲ သူမကပဲ ရသစုံရှိုးအတွက် တရုတ်ပြည်ကို ပြန်လာတာ မဟုတ်ဘူးလားဟု သူမဘာသာ တွေးနေတော့သည်။
ထို့နောက်တွင် “လက်ထပ်တာကအရင် အချစ်ကနောက်မှ” ၏ တိုက်ရိုက်ထုတ်လွှင့်မှု အပိုင်းသစ်အား စတင်လိုက်ကာ ရွှီယန်ယုသည် တစ်ယောက်ထဲ live လုပ်နေစဲ ဖြစ်သည်။
အင်တာနက်သုံးစွဲသူများသည် အကြီးအကျယ် စိတ်ပျက်သွားကာ သူတို့ရဲ့ ရိုးသားမှုကို တလွဲလုပ်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ရဲ့ဆက်ဆံရေးက အရင်က အဆင်ပြေနေပြီးတော့ အခုမှ ရုတ်တရက်ကြီး ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။
ငါတို့လည်းအဖြေထုတ်လို့ကို မရတော့ဘူး။
[ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဥက္ကဌမုက သူမနဲ့တူတူ ပြန်မလာတာလဲ။ တစ်ကယ် ရန်ဖြစ်ထားကြတာလား။ ဒီဆက်ဆံရေးကို အဆင်ပြေဖို့ အချိန်အကြာကြီး တည်ဆောက်ပြီးမှ ဘာလို့အခုလို အဖြစ်ခံရတာလဲ။]
[ပြီးတော့ ရှိပါသေးတယ်။ ဥက္ကဌမုက အရင် live မှာတုန်းက သူနဲ့ ညီမရွှီတို့ရဲ့ ဆက်ဆံရေးက အနာဂတ်မှာ ရှိလာတော့မှာဆိုပြီး။ ငါတို့က အဲ့ဒါကို အတည်ထင်နေတာ။ လာမလိမ်နေနဲ့။]
ရွှီယန်ယုလည်း live ထဲရှိ ကောမန့်များအားတွေ့ကာ လျိုယွိအား ဘာတွေဖြစ်နေတာလဲ ဟု မေးလိုက်သည်မှာ ထို အကြောင်းအရာများမှာ သူမကို စိတ်ရှုပ်စေသောကြောင့် ဖြစ်သည်။
“ လက်ထပ်တာက အရင် အချစ်ကနောက်မှ” အဖွဲ့၏ ကျောက်မင်းဟန်သည် “ မစ္စရွှီ မစ္စတာမုက ဒီတစ်ခေါက် ရိုက်ကူးရေးမှာ ပါမှာလား။ ဒီမေးခွန်းက အင်တာနက်သုံးတဲ့သူတွေ အရမ်းစိုးရိမ်နေကြတဲ့ဟာပါ။”
တကယ်လို့ ဖျော်ဖြေရေးလောကထဲက ဒီရှိုးကို သူ မပါဘူးဆိုရင် သူ အများကြီး အပြစ်တင်ခံရလိမ့်မယ်။ ဒါပေမယ့် ဥက္ကဌမုကိုက ဒီရှိုးကိုရိုက်ကူးဖို့ အတင်းတွန်းအားပေးရဲတဲ့ သူကလည်း သူ့သေတွင်း သူတူးနေသလိုပဲ။
ရွှီယန်ယုသည် နားလည်သွားကာ ဘာမှ ချက်ချင်း ပြန်မဖြေခဲ့ပေ။ သူမဆံပင်ကို သပ်လိုက်တဲ့ချိန်မှာ သူမရဲ့နူးညံံအိစက်လှတဲ့ နဖူးပြင်လေးဟာ ပေါ်လာခဲ့တယ်။ ဒီနေ့မှာလည်း သူမက ဝတ်နေကြ ဆွယ်တာလေးဝတ်ကာ ကျစ်ဆံမြှီးလေးကို ကျစ်ထားသည်။ ထိုသို့ ပြုလုပ်ထားသော သူမ၏ပုံစံလေးမှာ ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွ ပုံလေး ဖြစ်နေသည်။ နှုတ်ခမ်းနီ ပန်းရောင်နုနုလေးဆိုးထားသော သူမ၏ ပုံစံမှာလည်း နူးညံ့သိမ်မွေ့ကာ တောက်တောက်ပပနှင့် လှပလျက်ရှိသည်။
သူမသည် ခနတာလောက်တွေးကာ “ငါ ဒါကို အခု ပြောပြလို့ မရသေးဘူး။ နောက်ကျရင် သိလာလိမ့်မယ်။” ဟုပြောလိုက်သည်။
[ညီမရွှီရယ် ကိုယ့်ကိုကိုယ်ပြုံးဖို့ကို အဲ့လောက်တွန်းအားမပေးပါနဲ့။ မစ္စတာမုက နိုင်ငံခြားမှာ သူစီးပွားရေးနဲ့ အလုပ်ရှုပ်နေတာ ငါတို့လည်း သိပါတယ်။ ပြီးတော့ မင်းအတွေးတွေကို ဂရုမစိုက်တာလည်း သိပါတယ်။ ညီမရဲ့ နာကျဥ်းမှုတွေကိုလည်း သိပါတယ်။ အဲ့လို ကပ်တွက်တတ်တဲ့ သူမျိုးကို အခုကစပြီး လျစ်လျူရှုထားလိုက်မယ်။]
“……”
[အပေါ်ကတစ်ယောက် ပြောတာ မှန်တယ်နော်။ ဒီလိုစုံတွဲထုတ်လွှင့်ရတဲ့ live မျိုးကို အမျိုးသမီးကို တစ်ယောက်ထဲ လွှင့်ခိုင်းတာကတော့ မလေးမစားနဲ့ နည်းနည်းတော့များတယ်။]
[နင့်မျက်နှာ သူက ငဲ့ကြည့်ပေးလို့လား။ နှစ်ယောက်တူတူ ပါဝင်ရတဲ့ ဟာမျိုးကို တစ်ယောက်ထဲ လုပ်နေရတာ ဘယ်လောက် အနေခတ်လဲဆိုတာ သူစဥ်းစားဖူးလို့လား။ အရင်ကလည်း သူ နင့်ကို အကြာကြီး ပစ်ထားပြီပြီ။ အခုလည်း ခနခန လျစ်လျူရှုချင်နေတာ။ တော်တော် တရားလွန်တယ်။]
ထိုအရာကို ဘယ်လို ဖြေရှင်းရမလဲကို ရွှီယန်ယုမသိတော့ပေ။ တချို့အရာများမှာ ဒီတိုင်းရှင်းပြလို့ မရပေ။ ဒါ့ကြောင့်သူသည် ကျောက်မင်းဟန်အား မျက်စပစ်ပြကာ ဒီနေ့ရှိုးအတွက် ပြင်ဆင်ရန် ပြောလိုက်သည်။
ကျောက်မင်းဟန်သည် သူမအတင်း ပြုံးနေသည်ဟု ထင်ကာ ဘာမှမကူနိုင်ပဲ သက်ပြင်းတချချနှင့် ကြည့်ကာနေတော့သည်။
ရွှီယန်ယု - “…..”
သူမကိုကြည့်ရတာ သနားဖို့ကောင်းနေလို့လား။
“ ကဲ ဒီနေ့ရဲ့ အစီအစဥ်ကတော့ ချစ်သူနှစ်ယောက် အပြန်အလှန် လက်ဆောင်ပေးမယ့် အချိန်ပဲ။ ထိုလက်ဆောင်ပေးတယ် ဆိုတာကလည်း တကယ်အဓိပ္ပါယ်ရှိတဲ့ အချစ်ရဲ့သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဒီမတိုင်ခင်က လက်ဆောင်တွေ အများကြီးပေးခဲ့ဖူးပေမယ့် ဒီတစ်ခါကတော့ လက်ဆောင်အသစ် ထပ်ပြီး ပြင်ဆင်ဖို့လည်း လိုတယ်နော်။ မစ္စရွှီက မစ္စတာမုကို ဘာပေးမလဲဆိုတာကို ငါတော့ သိချင်နေပြီ။”
ရွှီယန်ယု - “ ဒါက လျှို့ဝှက်ထားတယ်။ အခုမှပြင်ဆင်နေတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် အခုတော့ မင်းတို့တွေ ငါနဲ့ လေဆိပ်မှာ အတူလိုက်ပြီး ကြိုရမယ့်သူရှိတယ်။”
အင်တာနက်သုံးတဲ့သူတွေဟာလည်း ထိုစကားကိုကြားတဲ့ အချိန်မှာ စိတ်ရှုပ်သွားခဲ့သည်။ ဒီတစ်ကြိမ်ရော သူတို့ ဘယ်သူ့ကို သွားကြိုဦးမှာလဲ။ သူတို့ ပဟေဠိလို ဖြစ်နေခဲ့ကြကာ ချက်ချင်း ငြင်းလိုက်ကြသည်။ အကြောင်းမှာ မစ္စတာမုသည် နိုင်ငံခြားကို ရောက်ကာ သူ့စိတ်ကြိုက် သွားချင်သည့်နေရာကို သွားခွင့် ပေးလိုက်ကြပါ။
မုချောင်ယွင်မှလွဲ၍ တစ်ခြားသူများမှာ မရှင်းကြပေ။ ဒါကြောင့် ရွှီယန်ယုသည် လေဆိပ်မှာ ဘယ်သူ့ကို သွားကြိုမလဲဆိုတာကို အဖြေထုတ်ရန် ခက်ခဲနေကြသည်။