← Chapters

ခွေ့နျိုမျိုးနွယ်

Vol. 13 Ch. 195

ခွေ့နျိုမျိုးနွယ်

Vol. 13 Ch. 195

တောင်ပိုင်းဒေသရဲ့ နတ်ဆိုးနန်းတော် နတ်ဆိုးဒေသမှာ...

နတ်ဆိုးဘုရား လုဝူရဲ့ နယ်မြေမှာ နေရာကတအားကျယ်တယ်။

အောက်ကိုငုံ့ကြည့်လိုက်ရင် အဆုံးမရှိတဲ့ တောင်တန်းတွေ၊ တောင်ထွတ်တွေပေါ်မှာရှိတဲ့ နတ်ဆိုးဂူစံအိမ်တွေနဲ့ အရောင်စုံလင်တဲ့အစီအရင်အလင်းမျက်နှာပြင်တွေကို မြင်တွေ့နိုင်တယ်။

အဲ့ဒါတွေအားလုံးပေါင်းပြီး နတ်ဆိုးဘုရား လုဝူရဲ့ နယ်မြေကို ဖြစ်ပေါ်လာတယ်။

ချက်ချင်းဆိုသလိုပဲ ကြီးမားတဲ့ တောင်ထွတ်တစ်ခု ပေါ်လာတယ်။

အဲ့ဒါက ကောင်းကင်ကိုထိလုနီးပါးရှိတယ်။

တိမ်တွေနဲ့ မြူတွေက ဝန်းရံထားတယ်။

နတ်ဆိုးစွမ်းအင်တွေ များပြားနေတယ်။

ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်က အရမ်း ကြွယ်ဝတယ်။ ဒီတောင်ကို လုဝူနတ်တောင်လို့ ခေါ်တယ်။

တောင်ခြေမှာလည်း ကြီးမားတဲ့ ကွင်းပြင်တစ်ခုရှိတယ်။ အဲ့ဒါက ရိုးရှင်းပြီး မွမ်းမံထားခြင်းမရှိဘဲ အချိန်ရဲ့ အရောင်အဝါတွေနဲ့ ပြည့်နေတယ်။ နတ်ဆိုးဒေသကို တည်ထောင်တုန်းက ဒီကွင်းပြင်ကနှစ်ပေါင်းများစွာအကြာတည်းကတည်ရှိခဲ့တာဖြစ်တယ်။

နေရာလွတ်က လှိုင်းထသွားတယ်။

ဝဲဂယက်တံခါးတစ်ခု ပေါ်လာတယ်။

ပြီးတော့ ချီမင်က ဒီဝဲဂယက်တံခါးကနေ ထွက်လာပြီး လုဝူတောင်ခြေက ကွင်းပြင်ကို ရောက်လာတယ်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘာမှသေချာမမြင်ရသေးခင် ပုံရိပ်နှစ်ခုက လေထဲကိုဖြတ်ပြီး ရောက်လာတယ်။

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ပုံရိပ်နှစ်ခုရှိတယ်။

ယောက်ျားက မျက်နှာလေးထောင့်ကျပြီး အစိမ်းရောင်နဲ့ အပြာရောင်ဝတ်ရုံကို ဝတ်ထားတယ်။ သူ့လက်တွေကို နောက်မှာထားပြီး ချီမင်ကို အကြိမ်အနည်းငယ် အကဲခတ်ပြီး တိုက်ရိုက်မေးလိုက်တယ်၊ “မင်းက ကောင်းကင်နတ်ဆိုးမြို့က လာတဲ့ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်လား။”

အနီးကပ်ကြည့်လိုက်ရင် ဒီယောက်ျားရဲ့ ခေါင်းပေါ်မှာ ကြံ့လိုမျိုး အနက်ရောင်ဦးချိုတစ်ခု ရှိတယ်။

ကျန်တဲ့မိန်းမက လှပတဲ့ကိုယ်လုံးကိုယ် ပေါက်ရှိပြီး ဆွဲဆောင်မှုရှိတယ်။ သူမက ရဲရဲနီတဲ့ အဝတ်အစားကို ဝတ်ထားပြီး သူမရဲ့ ဖြူဖွေးချောမွတ်တဲ့ ခြေထောက်ရှည်ကို ဖော်ပြထားတယ်။

ဒီမိန်းမရဲ့ နောက်မှာ အနက်ရောင်ကင်းမြီးကောက်အမြီးတစ်ခုက သူမရဲ့ တင်ပါးကနေ ဖြန့်ထွက်နေတယ်။

“ဟုတ်ပါတယ်။”

ယောက်ျားနဲ့ မိန်းမက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မိတ်ဆက်လိုက်တယ်။ ယောက်ျားနာမည်က ဒူနျိုဇယ်နဲ့ မိန်းမနာမည်က လီမင်လို့ ခေါ်တယ်။

သူတို့အားလုံးက နတ်ဆိုးဘုရား လုဝူရဲ့ လက်အောက်က အဖွဲ့ဝင်တွေဖြစ်တယ်။

“ငါတို့ ကောင်းကင်နတ်ဆိုးမြို့က သတင်းရထားတယ်။ ငါတို့နှစ်ယောက်က မင်းကို လုဝူဘုရားကျောင်းကို ခေါ်သွားပြီး စာရင်းသွင်းပေးမယ်။ စာအုပ်ထဲမှာစာရင်းသွင်းပြီးရင် မင်းက နတ်ဆိုးဘုရား လုဝူရဲ့ တကယ့်အဖွဲ့ဝင်အစစ်လို့ တရားဝင်သတ်မှတ်လို့ရပြီ။”

ဒူနျိုဇယ်က ပြောတယ်၊ “အဲ့ဒီအခါကျရင် မင်းက နတ်ဆိုးဘုရား လုဝူနဲ့အတူ အသက်ရှိချိန်ကနေသေတဲ့အထိနေရတော့မယ်။”

“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်လိုက်တယ် “ကျေးဇူးတင်ပါတယ် စီနီယာတို့။”

“ဘာမှမဟုတ်ပါဘူး။” ဒူနျိုဇယ်က လက်ဝှေ့ယမ်းလိုက်တယ်။

“သွားကြစို့။” လီမင်က ပြောတယ်။

ပြီးတာနဲ့ ချီမင်က ဒူနျိုဇယ်နဲ့ လီမင်နောက်ကို လိုက်သွားတယ်။ သူတို့က တောင်လမ်းအတိုင်း လျှောက်သွားပြီး တောင်ရဲ့အလယ်လောက်မှာ ရပ်လိုက်ကြတယ်။

“ဒါက လုဝူဘုရားကျောင်းပဲ။”

ဒူနျိုဇယ်က သူ့ရှေ့က ခန့်ညားထည်ဝါတဲ့ နန်းတော်ကို လက်ညှိုးထိုးပြတယ်။ အဲ့ဒါက ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တယ်။ အဲ့ဒီခမ်းနားတဲ့ နန်းတော်က မီတာတစ်ရာလောက်မြင့်ပြီး အထပ်သုံးထပ်ရှိတယ်။

အခု ချီမင်က ဒူနျိုဇယ်နဲ့ တခြားသူတွေနောက်ကို လိုက်ပြီး လုဝူဘုရားကျောင်းရဲ့ ပထမထပ်ကို သွားလိုက်တယ်။ ပြီးရင် ခန်းမထဲမှာ စာရင်းသွင်းပြီး တရားဝင် ပူးပေါင်းလိုက်တယ်။

“သေချာလိုက်ခဲ့။” ဒူနျိုဇယ်က သတိပေးတယ်။

ချီမင်က ခေါင်းညိတ်ပြီး လိုက်သွားတယ်။ သူက လုဝူဘုရားကျောင်းရဲ့ ပထမထပ်ထဲကို လျှောက်ဝင်သွားတယ်။ လုဝူဘုရားကျောင်းကို လာတဲ့ နတ်ဆိုးတွေ အများကြီးရှိပေမဲ့ ပထမထပ်မှာတော့ အများစုက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်အောက်က နတ်ဆိုးတွေဖြစ်တယ်။ ဒါပေမဲ့ ဒုတိယထပ်မှာ တာအိုပေါင်းစည်းခြင်းအဆင့်က နတ်ဆိုးတွေ ရှိတယ်။

တတိယထပ်ကတော့ တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ ထိပ်ဆုံးအဆင့်နတ်ဆိုးတွေနဲ့ နတ်ဆိုးနန်းတော်ရဲ့ ရာထူးကြီးတွေပဲ သွားနိုင်တဲ့နေရာဖြစ်တယ်။

ချီမင်က အဲ့ဒီနေရာကို အခုထိ ထိတွေ့လို့မရသေးဘူး။

နာရီဝက်အကြာမှာ ဒူနျိုဇယ်နဲ့ လီမင်ရဲ့ အကူအညီနဲ့ ချီမင်က စာရင်းသွင်းတာကို ပြီးမြောက်သွားတယ်။

သူ့ရဲ့ လုဝူတိုကင်ထဲမှာ အကြောင်းအရာနဲ့ သတင်းအချက်အလက်တွေ ထပ်တိုးလာတယ်။

“ကောင်းပြီ။” ဒူနျိုဇယ်က ချီမင်ကို ပြောတယ်၊ “မင်း စာရင်းသွင်းတာ ပြီးသွားပြီဆိုရင် တရားဝင်အထောက်အထားလည်း ရသွားပြီ။ ဒါပေမဲ့ မင်းက အခုမှရောက်တာဆိုတော့ ခေါင်းကိုးလုံးရွှေခြင်္သေ့ရဲ့ သွေးမျိုးဆက်ရှိပေမဲ့ အနိမ့်ဆုံး နတ်ဆိုးစစ်သားအဖြစ်ကနေ စရဦးမယ်။ မင်းက အကျိုးဆောင်မှတ်တွေ ဖြည်းဖြည်းချင်း စုဆောင်းပြီး တာဝန်အမျိုးမျိုးကို ပြီးမြောက်မှ တဖြည်းဖြည်း တိုးတက်နိုင်မှာ။”

“မင်းရဲ့ ပါရမီနဲ့ အရည်အချင်းနဲ့ဆို ငါတို့လို နတ်ဆိုးဗိုလ်ချုပ်ဖြစ်ဖို့ မကြာလောက်ဘူးလို့ ငါယုံကြည်တယ်။”

ချီမင်က ခေါင်းညိတ်လိုက်တယ် “ကျွန်တော် နားလည်ပါတယ်။”

“အခု ငါတို့ရဲ့ တာဝန်ကပြီးသွားပြီ။”

လီမင်က ပြောတယ်၊ “ရှဲ့ရွှင်၊ ရှင် စိတ်ဝင်စားရင် ကျွန်မတို့ရဲ့ ကောင်းကင်ဝိညာဉ်ဧရာမကင်းမြီး ကောက်မျိုးနွယ်ထဲကို ဝင်လို့ရတယ်။ နတ်ဆိုးဘုရား လုဝူရဲ့ လက်အောက်မှာ ကျွန်မတို့ရဲ့ ကောင်းကင်ဝိညာဉ်ဧရာမကင်းမြီးကောက်မျိုးနွယ်ကလည်း အရမ်းစွမ်းအားကြီးတဲ့ မျိုးနွယ်တစ်ခုပဲ။ မျိုးနွယ်ရဲ့ ဘိုးဘေးတွေက တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်ထားပြီး ကောင်းကင်ဂူကိုးခုကို တည် ဆောက်ထားတယ်။”

“သူတို့က အတိဒုက္ခကိုကျော်လွှားပြီး အတိဒုက္ခကျော်လွှားခြင်းအဆင့်တည်ရှိမှုတွေ ဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တယ်။”

“အဟွတ် အဟွတ်…” ဒူနျိုဇယ်က ခပ်ဖွဖွ ချောင်းဟန့်လိုက်တယ် “လီမင်၊ မင်းရဲ့အမြင်မှာ ငါတို့ ခွေ့နျိုမျိုးနွယ်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ ထိပ်ဆုံးအဆင့်ဘိုးဘေး မရှိဘူးလို့ ထင်နေတာလား။”

ဒူနျိုဇယ်က ဆက်ပြောတယ်၊ “မင်းရဲ့ အရည်အချင်းနဲ့ပါရမီအရ ခေါင်းကိုးလုံးရွှေခြင်္သေ့ရဲ့ သွေးမျိုးဆက်ရှိတော့ စဉ်းစားကြည့်ရင် ရွှေခြင်္သေ့မျိုးနွယ်ထဲကို ဝင်သင့်တယ်။ ဒါပေမဲ့ ရွှေခြင်္သေ့မျိုးနွယ်ရဲ့ အဆင့်အတန်းက နတ်ဆိုးဘုရား လုဝူရဲ့ အဖွဲ့ထဲမှာ အရမ်းနိမ့်တယ်။ မင်းကို လုံးဝမထောက်ခံနိုင်သလို မင်းကို မပံ့ပိုးနိုင်ဘူး။”

“စကားပုံတစ်ခုရှိတယ်၊ နဂါးက ရေတိမ်မှာ ဘယ်လို‌ ပေါ်ပေါက်လာနိုင်မလဲတဲ့။”

“ဒီတစ်ခေါက် နတ်ဆိုးဘုရား လုဝူရဲ့ အဖွဲ့ထဲကို မင်းကို လာကြိုတဲ့သူတွေက ရွှေခြင်္သေ့မျိုးနွယ်ဝင်တွေ မဟုတ်ဘူး။ ငါတို့နှစ်ယောက် လာကြိုတာ။ မင်း အကြောင်းပြချက်ကို နားလည်သင့်တယ်။”

“ဒါဆို ဘယ်လိုလဲ။”

“ငါ ဆုံးဖြတ်ထားတယ်။ မင်းသာ ငါတို့ ခွေ့နျိုမျိုးနွယ်ထဲကို ဝင်မယ်ဆိုရင် ဂူစံအိမ်တစ်ခုကို တိုက်ရိုက်ပေးမယ်။” “ဘယ်လိုလဲ။”

ဒူနျိုဇယ်က ချီမင်ကို ကြည့်တယ်။

“ဂူစံအိမ်တစ်ခုလား။” လီမင်က အနည်းငယ် အံ့အားသင့်သွားတယ် “ရှင်တို့ ခွေ့နျိုမျိုးနွယ်က တော်တော်ရင်းနှီးမြှုပ်နှံထားတာပဲ။”

“ဟဲဟဲ။” ဒူနျိုဇယ်က ပြုံးပြီး ဘာမှမပြောဘူး။

ချီမင်က ခေါင်းညိတ်လိုက်တယ် “ကျွန်‌တော့်မှာ ရွေးချယ်စရာထပ်မရှိတော့ပါဘူး။ ကျွန်တော် ခွေ့နျိုမျိုးနွယ်ထဲကို ဝင်ဖို့ ရွေးချယ်လိုက်မယ်။”

“ဟားဟားဟား…”

ဒူနျိုဇယ်က အကျယ်ကြီး ရယ်မောလိုက်တယ်။ “ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ ငါတို့ ခွေ့နျိုမျိုးနွယ်မှာ မျိုးနွယ်တစ်ခုလုံးက မိသားစုလိုပဲ။ အနာဂတ်မှာ မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ရတယ်။”

ချီမင်က ခေါင်းညိတ်လိုက်တယ် “အစ်ကိုကြီး။”

“ဟားဟားဟား…” ဒူနျိုဇယ်က အပြုံးကပိုပြီးကြီးမားလာတယ်။

“ဟွတ်…” လီမင်က နှုတ်ခမ်းစူလိုက်တယ်။ ဆက်နေဖို့ ရည်ရွယ်ချက်မရှိတော့လို့ သူမက ဒူနျိုဇယ်နဲ့ ချီမင်ကို နှုတ်မဆက်ဘဲ တန်းထွက်သွားတယ်။

“သူ့ကို ဂရုမစိုက်နဲ့။” ဒူနျိုဇယ်က ပြောတယ်၊ “ငါ့နောက်လိုက်ခဲ့။ မင်းကို ခေါ်သွားပေးမယ်။ မင်းအတွက် သီးသန့်ဂူစံအိမ်ကို ကြိုတင်ပြင်ဆင်ထားပြီးသား။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။” ချီမင်က အရိုအသေပြုလိုက်တယ်။

ပြီးတာနဲ့ ချီမင်နဲ့ ဒူနျိုဇယ်တို့က လုဝူနတ်တောင်ကနေ ထွက်လာကြတယ်။ ဒီတောင်ကနေ ထွက်ပြီးရင် ကောင်းကင်ထဲမှာ ပျံသန်းနိုင်ပြီး အရှေ့တောင်ဘက်ကို ခရီးဆက်လိုက်တယ်။

“ဒီနေရာပဲ။”

ဒူနျိုဇယ်က သူ့ရှေ့က မီတာတစ်ရာလောက်မြင့်တဲ့ တောင်ထွတ်ကို လက်ညှိုးထိုးပြလိုက်တယ်။ ဒီတောင်ထွတ်မှာ ပိုင်ရှင်မရှိဘူး။အဲ့ဒီအပြင် တောင်ကိုကာကွယ်တဲ့ အစီအရင်တစ်ခုကို တပ်ဆင်ထားပြီး တောင်ထိပ်ပေါ်မှာ ကျင့်ကြံနိုင်တဲ့ ဂူစံအိမ်တစ်ခုကို တည်ဆောက်ထားတယ်။

“ဒီတောင်ထွတ်ကို လီယွမ်တောင်ထွတ်လို့ ခေါ်တယ်။ ငါတို့ ခွေ့နျိုမျိုးနွယ်ရဲ့ နယ်နိမိတ်မှာ ရှိပေမဲ့ မဆိုးပါဘူး။”

ဒူနျိုဇယ်က ရှင်းပြတယ်၊ “ထပ်ကြည့်လိုက်။ ပတ်ဝန်းကျင်က တောင်ထွတ်တွေနဲ့ ဒီတောင်တန်းက ခွေ့နျိုတောင်တန်းလို့ ခေါ်တယ်။ ဒါက ငါတို့ ခွေ့နျိုမျိုးနွယ်ရဲ့ နယ်မြေပဲ။”

“တစ်နည်းအားဖြင့်…”

“လီယွမ်တောင်ထွတ်ရဲ့ ပတ်ဝန်းကျင်တောင်ထွတ်တွေပေါ်က ဂူစံအိမ်တွေကို ခွေ့နျိုမျိုးနွယ်ဝင်တွေက ပ်ိုင်ဆိုင်ကြတယ်။ အချိန်တန်ရင် မင်းက သူတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”

“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်လိုက်တယ် “ကျွန်‌ တော်နားလည်ပါတယ်။”

နောက်ပိုင်းမှာ ချီမင်က လီယွမ်တောင်ထွတ်မှာ နေတယ်။ ဒူနျိုဇယ်က ချီမင်ကို တခြားအရာတွေနဲ့ အခြေခံစည်းမျဉ်းတွေအကြောင်း ပြောပြပြီးမှ ထွက်သွားတယ်။

“နတ်ဆိုးနန်းတော်ရဲ့ နတ်ဆိုးဒေသ။”

ချီမင်က ခေါင်းမော့ပြီး ကောင်းကင်ကို ကြည့်လိုက်တယ်။ သူက ကောင်းကင်အမြင့်မှာ ချိတ်ဆွဲထားတဲ့ နေနဲ့ ကြယ်တွေကို မြင်တွေ့နိုင်တယ်။

နတ်ဆိုးဒေသက သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင်နဲ့ နေရာတိုင်းမှာ နတ်ဆိုးစွမ်းအင်တွေနဲ့ ပြည့်နေတယ်။

နတ်ဆိုးဒေသရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က အနည်းဆုံး အပြင်ကမ္ဘာက နတ်ဆိုးမြို့ (၁၀၈) မြို့ထက် အဆရာချီ သာလွန်တယ်။ အထူးနေရာအချို့မှာဆိုရင် အဆထောင်ချီအထိ ကွာခြားတယ်။

အဲ့ဒီလောက်ကွာခြားတယ်။

ဒီအခြေအနေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ ဆင်တူတယ်။

ရှေးခေတ်အတိဒုက္ခကြီးကတည်းက လျှို့ဝှက်နက်နဲကမ္ဘာမှာ အရှေ့၊ တောင်၊ အနောက်နဲ့ မြောက်အရပ်က နတ်ဘုရားတောင်လေးခု ပြိုကျသွားတယ်။ ကောင်းကင်နဲ့ မြေကြီးက အထောက်အပံ့မဲ့သွားပြီး ကောင်းကင်က ပြိုကျကာ မြေကြီးက ပြိုလဲသွားလို့ ကမ္ဘာကြီးကို ပျက်စီးတော့မယ့် ကပ်ဘေးဒုက္ခတစ်ခု ဖြစ်ပေါ်လာတယ်။

မျိုးနွယ်ငါးခုရဲ့ အရှင်သခင်တွေက ကမ္ဘာကြီးကို ထောက်ပံ့ဖို့ သူတို့ကိုယ်တိုင် ကမ္ဘာကြီးထဲကို ပေါင်းစည်းဝင်ရောက်သွားပြီး ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်တဲ့ ကပ်ဘေးဒုက္ခကြီးကို တားဆီးခဲ့ကြတယ်။

နတ်ဘုရားတောင်လေးခု ပြိုကျသွားလို့ အရှေ့၊ တောင်၊ အနောက်နဲ့ မြောက်ပိုင်းဒေသလေးခုရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က ဆိုးဆိုးရွားရွား ကျဆင်းသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်က နေ့တိုင်း ပါးလွှာလာတယ်။

အဲ့ဒီလို အခြေအနေအောက်မှာ မြောက်၊ တောင်၊ အရှေ့နဲ့ အနောက်ပိုင်းဒေသလေးခုက ဂိုဏ်းအဖွဲ့အစည်းအမျိုးမျိုးက နတ်ဆိုးဒေသလိုမျိုး သီးခြားတစ်ဝက်နေရာလွတ်တစ်ခုကို တည်ဆောက်ဖို့ အထွတ်အထိပ် ဓမ္မစွမ်းအားတွေကို သုံးခဲ့ကြတယ်။

ဒီသီးခြားတစ်ဝက်နေရာလွတ်မှာ ကြီးမားတဲ့အစီအရင်နဲ့ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို စုစည်းစေပြီး ဒီသီးခြားနေရာလွတ်ထဲက ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းကိုသိပ်သည်းတဲ့ အဆင့်မှာ ထိန်းသိမ်းထားနိုင်တယ်။

ဒီရဲ့ ရလဒ်က အပြင်ကမ္ဘာရဲ့ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအင်က နှိုင်းယှဉ်လို့မရလောက်အောင် ပါးလွှာသွားတယ်။

ဒါကြောင့် လက်ရှိအခြေအနေထိ ဖြစ်ပေါ်လာတယ်။

“နောက်တစ်ဆင့်က နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းရှာရမယ်။” ချီမင်က တင်ပျဉ်ခွေထိုင်ပြီး လုဝူတိုကင်ကို ထုတ်လိုက်တယ်၊ “ငါရှာနေတဲ့ ပစ်မှတ်က နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်မှာ ရှိတယ်။”

နတ်ဆိုးနယ်မြေမှာ နတ်ဆိုးဘုရားရဲ့ ဆယ့်နှစ်ဖွဲ့ထဲမှာ နတ်ဆိုးတွေရဲ့ အဆင့်အတန်းကို ရိုးရိုးရှင်းရှင်း ပြောရရင် နိမ့်တာကနေ မြင့်တာအထိကို နတ်ဆိုးစစ်သား၊ နတ်ဆိုးစစ်သည်တော်၊ နတ်ဆိုးဗိုလ်ချုပ်၊ နတ်ဆိုးဘုရင်၊ နတ်ဆိုးကွပ်ကဲသူ၊ နတ်ဆိုးနန်းတော်အရှင်နဲ့ နတ်ဆိုးနန်းတော်အကြီးအကဲဆိုပြီးရှိတယ်။

နတ်ဆိုးနန်းတော်အကြီးအကဲတွေက အတိဒုက္ခကျော်လွှားခြင်းအဆင့်မှာ ရှိတဲ့ နတ်ဆိုးတွေဖြစ်တယ်။ သူတို့ရဲ့ အဆင့်အတန်းက မဟာအကြီးအကဲနဲ့ အတူတူသွားကျတယ်။

ချီမင်က နတ်ဆိုးဘုရား လုဝူရဲ့ အဖွဲ့ထဲကို အခုမှရောက်တယ်။ သူက သာမန် နတ်ဆိုးစစ်သားအဆင့်ပဲ ရှိသေးတယ်။ သူ့ရဲ့အဆင့်က အနိမ့်ဆုံးပဲရှိသေးတယ်။ သူသာ ခွေ့နျိုမျိုးနွယ်ထဲကို မဝင်ရင် သီးသန့်တောင်ထွတ်နဲ့ ဂူစံအိမ်ကို ရနိုင်မှာ မဟုတ်ဘူး။ သူက နတ်ဆိုးစခန်းတစ်ခုမှာပဲ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်။

သူ့ရဲ့အဆင့်အတန်း မြင့်တက်လာဖို့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံခြင်းနဲ့ ခွန်အားရှိဖို့တင် မဟုတ်ဘဲ လုဝူဘုရားကျောင်းထဲက တာဝန်ကို ပြီးမြောက်ပြီး အကျိုးဆောင်မှတ်တွေ ရဖို့လည်း လိုအပ်တယ်။ အကျိုးဆောင်မှတ်တွေ လုံလောက်မှ သူ့ရဲ့အဆင့်အတန်းနဲ့ အထောက်အထားကို တိုးမြှင့်နိုင်မှာဖြစ်တယ်။

လောလောဆယ်မှာ သူက နတ်ဆိုးဒေသ ကောင်းကင်နန်းတော်ထဲကို ဝင်ချင်ရင် အနည်းဆုံး နတ်ဆိုးဗိုလ်ချုပ်ရဲ့ အဆင့်အတန်းနဲ့ အထောက်အထား ရှိရမယ်။

ချီမင်က နတ်ဆိုးစစ်သားအဆင့်ပဲ ရှိသေးတယ်။ သူက နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်ထဲကို ဝင်လို့မရဘူး။

သူက စည်းမျဉ်းတွေကို မလိုက်နာတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ သူက နတ်ဆိုးဒေသထဲကို ရောက်နေပြီမို့ သူ့ရဲ့ ရည်မှန်းချက် ပြည့်မြောက်သွားပြီ။ နောက်ပိုင်းမှာ သူက နတ်ဆိုးနန်းတော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ မလိုအပ်တော့ဘူး။

ချီမင်က ဒီလောက်ထိ အချိန်ကုန်ခံပြီး သူ့ရဲ့ အထောက်အထားကို ပြောင်းလဲခဲ့ရတာက နတ်ဆိုးဒေသထဲကို ခိုးဝင်ဖို့အတွက်ဖြစ်တယ်။

သူသာ ဒီလိုမလုပ်ခဲ့ရင် နတ်ဆိုးဒေသထဲကို ဝင်လို့မရနိုင်ဘူး။

သူက နတ်ဆိုးနန်းတော်ကို တိုက်ရိုက်သောင်းကျန်းပြီး ကျင့်ကြံခြင်းနည်းစနစ်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါက မဖြစ်နိုင်ဘူး။

အခု ချီမင်က နတ်ဆိုးဒေသထဲကို ခိုးဝင်ပြီးသွားပြီ။ သူက အချိန်ဖြုန်းဖို့မလိုအပ်တော့ဘူး။

သူက နတ်ဆိုးဒေသရဲ့ ကောင်းကင်နန်းတော်ကို တန်းသွားဖို့ ပြင်ဆင်လိုက်တယ်။

All Chapters