← Chapters

ဝိုင်းရံတိုက်ခိုက်ခြင်း

Vol. 13 Ch. 182

ဝိုင်းရံတိုက်ခိုက်ခြင်း

Vol. 13 Ch. 182

“ဟားဟားဟား…”

အသက်မဲ့မိခင်က အကျယ်ကြီးရယ်မောလိုက်တယ်။ သူ့ဘေးက ကမ္ဘာသန့်စင်ကြာပန်းဖြူက နတ်ဆိုးကြာပန်းနက်အဖြစ် ပြောင်းလဲသွားတယ်။ သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံကလည်း အသက်မဲ့နတ်ဆိုးမီးလျှံအဖြစ် ပြောင်းလဲသွားတယ်။

အသက်မဲ့မိခင်ရဲ့ စွမ်းအားအမျိုးမျိုးက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ဖြစ်သွားတယ်။

သူမရဲ့သဘာဝက ပြောင်းလဲသွားတယ်။

အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်က အရမ်းကို နက်နဲတဲ့ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခု ဖြစ်တယ်။ အသင်္ချေနတ်ဆိုးဂူမှာ အဲ့တာက အထွတ်အထိပ်နတ်ဆိုးကျမ်းတွေထဲက တစ်ခုဖြစ်တယ်။ နတ်ဆိုးတာအိုဆယ့်သုံးပါးထဲက သူတွေတောင် အဲ့တာကို လွယ်လွယ်ကူကူ မလေ့လာနိုင်ဘူး။

အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးသခင်ပဲ စိတ်တိုင်းကျ ကျင့်ကြံနိုင်တယ်။

အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးသခင်က အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်ကို အမြင့်ဆုံး နက်နဲခြင်းအဆင့်အထိ ကျင့်ကြံထားပြီး အံ့ဖွယ်စွမ်းအားအဆောင်ကို သိပ်သည်းထားတယ်။

ဒီအံ့ဖွယ်စွမ်းအားက လူတစ်ယောက်ကို ဝင်စားပြီး နောက်တစ်ခါ ကျင့်ကြံခွင့်ပေးနိုင်တယ်။

အဲ့တာက သူတို့ နောက်တစ်ဘဝနေထိုင်ရတာနဲ့တူတယ်။

ဒါပေါ့၊ ဒါက မဖြစ်နိုင်ဘူး။

ဒါမှမဟုတ်…

အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်က လူတစ်ယောက်ကို တကယ်ပဲ နောက်တစ်ဘဝနေထိုင်ခွင့် မပေးနိုင်ဘူး။

သူက အောင်မြင်စွာ ဝင်စားပြီး နောက်တစ်ခါ ကျင့်ကြံရင်တောင် သူ့ရဲ့စုစုပေါင်းသက်တမ်းက ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒါ့အပြင် သူက ဝင်စားပြီး နောက်တစ်ခါ ကျင့်ကြံရင် သူက သူ့ရဲ့အရင်အင်အားကို ဆုံးရှုံးသွားလိမ့်မယ်။

ဥပမာအနေနဲ့ အသက်မဲ့မိခင်ရှိတယ်။

သူမက အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်နဲ့ ဖန်ကျိုးရဲ့သမီးအဖြစ် အောင်အောင်မြင်မြင် ပြန်လည်ဝင်စားပြီး အထောက်အထားအသစ်တစ်ခု ရသွားတယ်။ ဒါပေမဲ့ သူ့ရဲ့သက်တမ်းက မပြောင်းလဲသလို သူက သူ့ရဲ့အင်အားအားလုံးကို ဆုံးရှုံးသွားတယ်။

အသက်မဲ့မိခင်ရဲ့စွမ်းအားက ယာယီပဲ စည်းခတ်ခံထားရတာဖြစ်တယ်။ အနာဂတ်မှာ သူမက တဖြည်းဖြည်း စည်းဖွင့်ပြီး သူမရဲ့အရင်စွမ်းအားအားလုံးကို ပြန်လည်ရရှိနိုင်တယ်။

အခုတော့ အသက်မဲ့မိခင်က သူ့ရဲ့အင်အားအားလုံးကိုပြန်ရယူပြီးတာသိသာတယ်။

ဒီအချိန်မှာ သူမက အသက်မဲ့မိခင်ဖြစ်ပြီး နတ်မိမယ်ဖန်ရှီး မဟုတ်တော့ဘူး။

အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုက အဆက်မပြတ်ဝင်စားခြင်းကနေတစ်ဆင့် လူတစ်ယောက်ရဲ့အရည်အချင်းနဲ့ ကံကြမ္မာကို တိုးမြှင့်ပေးနိုင်တယ်။ အဲ့တာက တခြားအထောက်အထားတွေအဖြစ် ပြောင်းလဲနိုင်ပြီး သူတို့ရဲ့အသွင်အပြင်ကို လုံးဝပြောင်းလဲပစ်နိုင်တယ်။ ထွင်းဖောက်မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှိတယ်။

ဒါပေမဲ့ အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်မှာလည်းအားနည်းချက်တွေ အရမ်းများတယ်။

အဲ့တာက အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုပဲ ဖြစ်နိုင်တယ်။

ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်မှာ လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအားတစ်ခု ရှိတယ်။

အဲ့တာကို ရုပ်ခန္ဓာပြောင်းလဲခြင်းလို့ ခေါ်တယ်။

ဒါက လူတစ်ယောက်ရဲ့အသွင်အပြင်နဲ့ ရုပ်ရည်ကို ပြောင်းလဲနိုင်တဲ့ စစ်မှန်တဲ့ပြောင်းလဲခြင်းနည်းစနစ်တစ်ခု ဖြစ်တယ်။ သူတို့က ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်၊ နတ်ဘုရားငှက်၊ ဒါမှမဟုတ် သားရဲတစ်ကောင်အဖြစ်တောင် ပြောင်းလဲနိုင်တယ်…

အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ရင် လူတစ်ယောက်က ကမ္ဘာကြီးက ဘယ်အရာကိုမဆို စိတ်တိုင်းကျ ပြောင်းလဲနိုင်တယ်။

အဲ့တာက ကောင်းကင်စက်ဝန်းရဲ့ နက်နဲမှုကို လုံးဝဆုပ်ကိုင်ထားတယ်လို့ ပြောလို့ရတယ်။

ရုပ်ခန္ဓာပြောင်းလဲခြင်းနဲ့ ယှဉ်ရင် အသက်မဲ့ပြန်လည်ဝင်စားခြင်းနည်းစနစ်က ဘာမှမဟုတ်ဘူး။

လုံးဝကို နှိုင်းယှဉ်စရာမရှိဘူး။

အသေးစားအံ့ဖွယ်စွမ်းအားနဲ့ မဟာအံ့ဖွယ်စွမ်းအားကြားက ကွာခြားချက်က ထင်ရှားတယ်။

ရုပ်ခန္ဓာပြောင်းလဲခြင်းအံ့ဖွယ်စွမ်းအားက လူတစ်ယောက်ရဲ့အရည်အချင်းနဲ့ ကံကြမ္မာကို မတိုးမြှင့်ပေးနိုင်ဘူး၊ ဒါပေမဲ့ မဟာအံ့ဖွယ်စွမ်းအားကို ကျွမ်းကျင်နိုင်တဲ့သူတွေအတွက်တော့ သူတို့ရဲ့အရည်အချင်းနဲ့ ကံကြမ္မာက အရမ်းကို ကြောက်စရာကောင်းနေပြီ။သူတို့က သူတို့ရဲ့အရည်အချင်းနဲ့ ကံဇာတာကို လုံးဝတိုးမြှင့်စရာမလိုဘူး။

ချီမင်ကတော့ မတူဘူး။

သူ့ရဲ့အရည်အချင်းက ကမ္ဘာမှာ ထိပ်ဆုံးလို့ မသတ်မှတ်နိုင်ပေမယ့် အရမ်းကို မြင့်မားတယ်။ သူ့ခန္ဓာကိုယ်က တိုက်ပွဲမြင့်မြတ်ခန္ဓာကိုယ်ဖြစ်ပြီး သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ကျင့်ကြံဖို့ အလိုအလျောက်ကျင့်ကြံစနစ်ကို အသုံးပြုပြီး အားကိုးထားတာဖြစ်တယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

အသက်မဲ့မိခင်ရဲ့ခွန်အားက လုံးဝပေါက်ကွဲထွက်လာတယ်။ သူမရဲ့ကျင့်ကြံခြင်းအဆင့်က သိသိသာသာကိုအတိဒုက္ခကျော်လွှားခြင်းအဆင့်က စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူမက ရှင်သန်ခြင်းနတ်ဆိုးတာအိုရဲ့ အရှင်ဖြစ်တယ်။

ကောင်းကင်နဲ့မြေကြီးက တုန်ခါသွားပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်က ဆူပွက်နေသလို ဖြစ်နေတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ အသက်မဲ့မိခင်ရဲ့ပတ်လည်မှာ ပိန်းပိတ်အောင်နက်မှောင်နေတဲ့ နတ်ဆိုးကြာပန်းတွေ မရေမတွက်နိုင်အောင် ပေါ်လာတယ်။

အနက်ရောင်အလင်းက ပျံ့နှံ့သွားတယ်။

“တာအိုဆရာ ဝူချန်”

အသက်မဲ့မိခင်က အော်လိုက်တယ် “ကျွန်မ ရှင်နဲ့တိုက်ခိုက်ချင်နေတာ ကြာပြီ။ ဒီနေ့တော့ ကျွန်မ ဆန္ဒပြည့်ဝသွားပြီ။ လာပြီး တိုက်ခိုက်ပါ။”

“အသက်မဲ့နတ်ဆိုးကျမ်း”

အသက်မဲ့မိခင်က အော်သံအကျယ်ကြီးတစ်ခု ထုတ်လွှတ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ နတ်ဆိုးမီးလျှံတွေက ကောင်းကင်ကို ထိုးတက်သွားပြီး ပတ်ဝန်းကျင်ကို ဖုန်းလွှမ်းသွားတယ်။ ဒီမီးလျှံတွေက ကောင်းကင်နဲ့မြေကြီး သတ္တဝါတွေရဲ့အသွင်အပြင်အဖြစ် ထပ်မံပြောင်းလဲသွားတယ်။

ကျားတွေ၊ ဝံပုလွေတွေ၊ မြွေတွေ၊ လူတွေနဲ့ နတ်ဆိုးသားရဲတွေ ရှိတယ်။

အားကောင်းတယ်။

“ဝူချန်ခေါင်းလောင်း!”

တာအိုဆရာ ဝူချန်ရဲ့အကြည့်က အေးစက်နေပြီး သူ့သတ်ဖြတ်လိုစိတ်က အရမ်းကို ပြင်းထန်နေတယ်။ သူက ဝူချန်ခေါင်းလောင်းကို လက်ထဲမှာ ကိုင်ထားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါ ထွက်ပေါ်နေတယ်။ သူ့ခန္ဓာကိုယ်ကို အလင်းမြူခိုးတွေနဲ့ ဖုံးလွှမ်းထားပြီး သူ့ဓမ္မစွမ်းအားတွေ ထိုးထွက်နေတယ်။ သူ့မျက်ခုံးကြားက အစိမ်းရောင်ဒေါင်လိုက်အမှတ်အသားက တတိယမျက်လုံးလိုမျိုး အလင်းရောင်တွေ စီးဆင်းနေတယ် “အသက်မဲ့မိခင်၊ မင်း ငါ့ကို ဒီလောက်နှစ်တွေအကြာကြီး လှည့်စားထားတယ်။ ဒီနေ့က မင်းရဲ့သေမယ့်နေ့ပဲ။”

ချွင်!!!

ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာတယ်။

ဝူချန်ခေါင်းလောင်းက ပျံထွက်သွားပြီး ခေါင်းလောင်းသံက အရပ်မျက်နှာတိုင်းကို ပဲ့တင်ထပ်သွားတယ်။ အစိမ်းရောင်ခေါင်းလောင်းပုံစံတွေက ပျံ့နှံ့ထွက်သွားတယ်။ တာအိုဆရာ ဝူချန်က သဘာဝအတိုင်း အရမ်းကို သန်မာပြီး သူက လက်နက်သန့်စင်ခြင်းတာအိုကို ကျင့်ကြံတယ်။

သူက သန့်စင်ခြင်းပစ္စည်းနဲ့ တာအိုထဲကို ဝင်ရောက်ခဲ့ပြီး ဒါနဲ့ သူ့ရဲ့အင်မော်တယ်တက်လှမ်းမယ့်လမ်းကို ကျင့်ကြံတယ်။

သူ့ရဲ့ခွန်အားအများစုက သူ့လက်ထဲက ဝူချန်ခေါင်းလောင်းပေါ်မှာ ရှိနေတယ်။

ဘန်း ဘန်း ဘန်း!!!

ခေါင်းလောင်းလှိုင်းက ပျံ့နှံ့သွားတယ်။

နတ်ဆိုးမီးလျှံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်းကင်နဲ့မြေကြီး သတ္တဝါတွေအားလုံး ပျက်စီးသွားကြတယ်။ သူတို့အားလုံးက ဝူချန်ခေါင်းလောင်းရဲ့ ခေါင်းလောင်းလှိုင်းကြောင့် ကြေမွသွားကြတယ်။ ပြင်းထန်တဲ့အင်အားက အသက်မဲ့မိခင်အပေါ်ကို ဖိနှိပ်ချလိုက်တယ်။

ဘုန်း!

အသက်မဲ့မိခင်က လွင့်စင်သွားပေမယ့် သူ့ခန္ဓာကိုယ်ကို အမြန်တည်ငြိမ်အောင်လုပ်လိုက်တယ်။ သူမက ပါးစပ်ကိုဖွင့်ပြီး ထွေးထုတ်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက ကိုယ်ပိုင်ဓမ္မရတနာက ပေါ်လာတယ်။

“တော်တော်ကောင်းတဲ့ ဝူချန်ခေါင်းလောင်းပဲ”

အသက်မဲ့မိခင်က ကြောက်ရွံ့တဲ့အမူအရာနဲ့ လေထဲမှာ ပျံဝဲနေတဲ့ ဝူချန်ခေါင်းလောင်းကို စိုက်ကြည့်နေတယ်။ အဲ့တာက ထုတ်လွှတ်တဲ့စွမ်းအားက အရမ်းကို စွမ်းအားကြီးပြီး ကောင်းကင်နဲ့မြေကြီးကို အရပ်မျက်နှာတိုင်းကို ဖိနှိပ်ထားတယ်။ သူမက အသံနိမ့်နိမ့်နဲ့ ပြောလိုက်တယ် “တာအိုဆရာ ဝူချန်၊ ရှင်က လက်နက်သန့်စင်ခြင်းလမ်းစဥ်ကို လျှောက်လှမ်းဖို့ထိုက်တန်တယ်။ ရှင်က သန့်စင်ခြင်းကနေ အင်မော်တယ်လမ်းစဉ်ထဲကို ဝင်ရောက်ထားတယ်။ ရှင့်ရဲ့ကျင့်ကြံခြင်း အကုန်လုံး ဒီဝူချန်ခေါင်းလောင်းပေါ်မှာပဲ ဟုတ်တယ်မလား။”

“ကျွန်မသာ ရှင့်ရဲ့ဝူချန်ခေါင်းလောင်းကို ဖျက်ဆီးလိုက်ရင် ရှင်က သေချာပေါက် မသန်မစွမ်း ဖြစ်သွားမှာပဲ။”

“အသက်မဲ့မျှော်စင်”

အသက်မဲ့မိခင်က သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာကို ထွေးထုတ်လိုက်ပြီး လေထဲမှာ ပေါ်လာတယ်။ အဲ့တာက ကိုးထပ်မြင့်တဲ့ အနက်ရောင်စေတီတစ်ဆူ ဖြစ်တယ်။ စေတီပေါ်မှာ ကောင်းကင်နဲ့မြေကြီး သတ္တဝါတွေ ထွင်းထုထားပြီး ရှင်သန်ခြင်းနတ်ဆိုးတာအိုရဲ့စွမ်းအား ပါဝင်နေတယ်။

“တိုက်!”

အသက်မဲ့မိခင်က အော်ပြီး အသက်မဲ့မျှော်စင်ကို ထိန်းချုပ်ကာ တာအိုဆရာ ဝူချန်ကို ဖိနှိပ်လိုက်တယ်။ သူ့အမူအရာက တည်ငြိမ်နေပြီး ဝူချန်ခေါင်းလောင်းကလည်း ညင်သာစွာ တုန်ခါပြီး တိုးဝင်သွားတယ်။

ဘုန်း!

နှစ်ဖက်ရဲ့ကိုယ်ပိုင်ရတနာတွေက တိုက်မိသွားပြီး အရမ်းကို ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာတယ်။ စွမ်းအင်အမျိုးမျိုး ပေါက်ကွဲထွက်လာပြီး နေရာလွတ်က မခံနိုင်တော့သလို တုန်ခါသွားကာ သေးငယ်တဲ့အက်ကြောင်းတွေ ပေါ်လာစေတယ်။

ဘုန်း!

ကျယ်လောင်တဲ့အသံနဲ့အတူ အသက်မဲ့မိခင်က အော်ဟစ်လိုက်ပြီး အသက်မဲ့မျှော်စင်က ဝူချန်ခေါင်းလောင်းကြောင့် လွင့်စင်သွားတယ်။ ဒီတိုက်ပွဲမှာ သူမရဲ့အသက်မဲ့မျှော်စင်က ဝူချန်ခေါင်းလောင်းရဲ့ပြိုင်ဘက် မဟုတ်တာ ရှင်းရှင်းလင်းလင်း သိသာတယ်။

သူမက အရေးနိမ့်သွားတယ်။

“အသက်မဲ့နတ်ဆိုးကျမ်း”

အသက်မဲ့မိခင်က ချက်ချင်းပဲ အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။ သူ့ရဲ့ဓမ္မစွမ်းအားက မြင့်တက်လာပြီး အနက်ရောင်အလင်းက လက်သွားတယ်။ အဲ့တာက ကောင်းကင်နဲ့မြေကြီးကို ဖုံးလွှမ်းသွားပြီး ဆယ့်နှစ်လွှာ အသက်မဲ့နတ်ဆိုးကြာပန်းကိုးပွင့် ပေါ်လာတယ်။

ဆယ့်နှစ်လွှာအသက်မဲ့နတ်ဆိုးကြာပန်းကိုးပွင့်က ပေါင်းစပ်သွားပြီး ကြီးမားတဲ့အသက်မဲ့နတ်ဆိုးကြာပန်းအစီအရင်တစ်ခု ဖွဲ့စည်းသွားကာတာအိုဆရာဝူချန်ကိုဖုန်းလွှမ်းသွားတယ်။

ကောင်းကင်နဲ့မြေကြီးက လုံးဝစည်းခတ်ခံလိုက်ရတယ်။

“အယုတ်တမာမ!”

ဘုန်း!

နောက်တစ်ခဏမှာ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတယ်။

တာအိုဆရာ သိုင်းပညာသူတော်စင်ရဲ့ခန္ဓာကိုယ်က လေဟာနယ်ကို ဖြတ်ကျော်လာတယ်။ သူ့ရဲ့သိုင်းတာအိုရဲ့စစ်မှန်ရည်ရွယ်ချက်က ပျံ့နှံ့သွားပြီး သူက အဝေးကနေ လက်သီးတစ်ချက် ပစ်လွှတ်လိုက်တယ်။ ကြီးမားတဲ့လက်သီးရာက ရွှေရောင်ဖြစ်ပြီး တောင်ကြီးတစ်လုံးလို တောက်ပလာတယ်။

ဘန်း ဘန်း ဘန်း!!!

ဒီလက်သီးချက်က ကျရောက်သွားတယ်။

ဆယ့်နှစ်လွှာ အသက်မဲ့နတ်ဆိုးကြာပန်းကိုးပွင့်ထဲက တစ်ပွင့်က တိုက်ရိုက်ကြေမွသွားပြီး အလင်းတန်းအဖြစ်ကောင်းကင်အပြည့် ပေါက်ကွဲသွားတယ်။ ဆယ့်နှစ်လွှာ အသက်မဲ့နတ်ဆိုးကြာပန်းတစ်ပွင့်မရှိတော့တာနဲ့ အသက်မဲ့နတ်ဆိုးကြာပန်းအစီအရင်က ရှုံးနိမ့်သွားတယ်။

ရှပ်!

တာအိုဆရာ ဝူချန်က ဝူချန်ခေါင်းလောင်းကိုသုံးပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူက အပေါက်ထဲကနေ အလျင်အမြန် လွတ်မြောက်သွားကာ တာအိုဆရာ သိုင်းပညာသူတော်စင်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

“ဒါက ငါ့ကိစ္စ။ မင်း ဘာလို့ ဝင်စွက်ဖက်တာလဲ။” တာအိုဆရာ ဝူချန်က တည်ကြည်စွာ ပြောလိုက်တယ်။

“မင်း…”

တာအိုဆရာ သိုင်းပညာသူတော်စင်ရဲ့ ကုန်းကွနေတဲ့ခန္ဓာကိုယ်က တာအိုဆရာ ဝူချန်ကို မကျေမနပ်နဲ့ စိုက်ကြည့်လိုက်တယ် “ငါက မင်းကို စေတနာကောင်းနဲ့ လာကူညီတာ၊ အခုတော့ ငါ့အမှားဖြစ်သွားရောလား။”

“ငါက ငါ့အမှားကို ကိုယ်တိုင်ပြင်ဆင်ချင်တာ။” တာအိုဆရာ ဝူချန်က အော်လိုက်တယ်။

“ကောင်းပြီ”

မကြာခင်မှာပဲ နောက်ထပ်ပုံရိပ်နှစ်ခုက လေထုကို ထိုးခွဲပြီး ရောက်လာတယ်။

သူတို့က တာအိုဆရာ အဇူရာနဂါးနဲ့ ဘိုးဘေး ဝေ့ဟီတို့ ဖြစ်တယ်။

“အပိုတွေပြောမနေနဲ့”

တာအိုဆရာ အဇူရာနဂါးရဲ့အကြည့်က မှောင်မိုက်သွားပြီး အသက်မဲ့မိခင်ပေါ်ကို ကျရောက်သွားတယ် “ငါတို့ ချက်ချင်းတိုက်ခိုက်ပြီး အချိန်မဖြုန်းဘဲ ဒုက္ခမ‌ ရောက်အောင် သူ့ကို အင်အားကုန်သုံးပြီး သတ်ပစ်မယ်။”

“ဟုတ်တယ်” ဘိုးဘေး ဝေ့ဟီက ပြောတယ် “ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံက ဒီမှာဖြစ်နေတဲ့အခြေအနေကို ခံစားမိပြီးပြီ။ ငါတို့က မတော်တဆမှုတွေ မဖြစ်အောင်နဲ့ အသက်မဲ့မိခင်ကို လုံးဝသတ်ပစ်ဖို့ အလျင်အမြန် ရောက်လာကြတာ။”

“အသက်မဲ့မိခင်က ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဒီလောက်နှစ်တွေအကြာကြီး စိမ့်ဝင်ထားတယ်။ သူ ဘယ်လောက်များတဲ့လျှို့ဝှက်ချက်တွေကို သိသွားလဲဆိုတာ ဘယ်သူမှမသိဘူး။ သူ သေကိုသေရမယ်။”

“တာအိုဆရာ ဝူချန်၊ မင်း အခုကြားလား။”

တာအိုဆရာ သိုင်းပညာသူတော်စင်က အကျယ်ကြီးအော်လိုက်တယ် “အသင်္ချေနတ်ဆိုးဂူက နတ်ဆိုးအိုကြီးတွေက သူ့ကို ကယ်တင်ဖို့ ရောက်လာခဲ့ရင် အသက်မဲ့မိခင်ကို သတ်ဖို့ ဒီလောက်မလွယ်တော့ဘူး။”

“တိုက်!”

ဝေါင်း!

တာအိုဆရာ အဇူရာနဂါးက သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သားရဲထိန်းချုပ်ခြင်းတာအိုရဲ့စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။ တောက်ပတဲ့အစိမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ကြီးမားတဲ့အဇူရာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။

အဇူရာနဂါးက ဟိန်းဟောက်ပြီး အသက်မဲ့မိခင်ဆီကို ပြေးဝင်သွားတယ်။

“သိုင်းပညာသူတော်စင် စစ်မှန်ခန္ဓာ”

တာအိုဆရာ သိုင်းပညာသူတော်စင်က အော်လိုက်တယ်။ ရွှေရောင်အလင်းက သူ့တစ်ကိုယ်လုံးမှာ လက်သွားတယ်။ သူက ကုန်းကွနေတဲ့အဘိုးကြီးတစ်ယောက်ကနေ ကြွက်သားကြီးပြီး နှစ်မီတာနီးပါးအရပ်မြင့်တဲ့ သန်မာထွားကြိုင်းတဲ့အမျိုးသားတစ်ယောက်အဖြစ် တိုက်ရိုက်ပြောင်းလဲသွားတယ်။

သူ့တစ်ကိုယ်လုံးကို ရွှေရောင်အလင်းတန်းတစ်ခုနဲ့ ဖုံးလွှမ်းထားတယ်။

“တိုက်!”

တာအိုဆရာ သိုင်းပညာသူတော်စင်က အသက်မဲ့မိခင်ဆီကို ပြေးဝင်သွားတယ်။

“အသက်မဲ့မိခင်ကို အင်အားကုန်သုံးပြီး သတ်ကြ” ဘိုးဘေး ဝေ့ဟီက အော်လိုက်တယ်။

“ဝူချန်ခေါင်းလောင်း!”

ဘုန်း!

တာအိုဆရာ ဝူချန်က ဝူချန်ခေါင်းလောင်းကို တိုက်ရိုက်သုံးပြီး ဖိနှိပ်လိုက်တယ်။

“ဟားဟားဟား…”

အသက်မဲ့မိခင်က ရိုင်းစိုင်းစွာ ရယ်မောလိုက်တယ် “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက မဟာအကြီးအကဲလေးယောက်က ငါ့ကို ဝိုင်းရံပြီး သတ်ကြတယ်။ ကောင်းတယ်! ကောင်းတယ်! ငါ ဒီနေ့ ဒီမှာသေရင်တောင် ငါ ဂုဏ်ယူလို့ရပြီ။”

“တိုက်!”

အသက်မဲ့မိခင်က အော်သံကျယ်ကြီးတစ်ခု ထုတ်လွှတ်လိုက်တယ်။ သူ့ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူ့အမူအရာက နည်းနည်းရူးသွပ်နေတယ်။ သူမရဲ့မူလလှပတဲ့မျက်နှာက နတ်ဆိုးနည်းစနစ်အမျိုးမျိုး ထုတ်လွှတ်လိုက်တာနဲ့ ကြောက်မက်ဖွယ်ဖြစ်လာတယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

နှစ်ဖက်က တိုက်ခိုက်ကြတယ်။

သူတို့က နတ်က္ခတာရာအလွှာထဲကို ဝင်ရောက်လာတယ်။

ပေါက်ကွဲသံတွေက အဆက်မပြတ် ထွက်ပေါ်လာတယ်။

အဲ့တာက ပတ်ဝန်းကျင်ကို တုန်ခါသွားစေတယ်။

အောက်မှာတော့ ချီမင်က နတ်က္ခတာရာအလွှာရဲ့စစ်မြေပြင်ကို စိုက်ကြည့်နေတယ်။ အခု သူ့အနေနဲ့ တိုက်ခိုက်စရာမလိုတော့ဘူး။ ဒါ့အပြင် အသက်မဲ့မိခင်က စွမ်းအားကြီးတယ်။ ချီမင်သာ တိုက်ခိုက်ရင် သူ့မှာ သူမကို ဖြေရှင်းဖို့ ယုံကြည်မှုအပြည့်အဝ မရှိဘူး။ သူ ရှုံးနိမ့်သွားနိုင်တယ်။

မဟာအကြီးအကဲလေးယောက်က အသက်မဲ့မိခင်ကို သတ်ဖို့ ပူးပေါင်းလိုက်ကြတယ်။

အခြေခံအားဖြင့်တော့ အသက်မဲ့မိခင်က သေလူဖြစ်သွားပြီ။

“ကိုယ်ပိုင်... ကိုယ်ပိုင်တပည့်ချီ”

“ငါတို့…”

“ငါတို့က နတ်မိမယ်ဖန်ရှီးက တကယ်ပဲ အသက်မဲ့မိခင်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

“ငါတို့ မင်းကို အထင်လွဲခဲ့ပါတယ်၊ ကိုယ်ပိုင်တပည့်ချီ…”

ပတ်ဝန်းကျင်မှာ တောင်ထွတ်သခင် ဆယ့်နှစ်ယောက်လုံးက ဦးညွှတ်ပြီး ချီမင်ကို သူတို့ရဲ့တောင်းပန်မှုကို ဖော်ပြဖို့ ဦးညွှတ်လိုက်ကြတယ်။

ချီမင်က တုန့်ပြန်တဲ့အနေနဲ့ ခေါင်းညိတ်ရုံပဲညိတ်လိုက်တယ်၊ သူက တောင်ထွတ်သခင်ဆယ့်နှစ်ယောက်နဲ့ ငြင်းခုံမနေဘူး၊ ဘာလို့လဲဆိုတော့ အဲ့တာက မလိုအပ်လို့ဖြစ်တယ်။

တောင်ထွတ်သခင်ဆယ့်နှစ်ယောက်က အတိတ်နဲ့အနာဂတ်ကို တွက်ချက်နိုင်စွမ်း မရှိဘူး။

သူတို့ လှည့်စားခံရတာက သဘာဝကျတယ်။

“ဘာလဲ”

ဒီအချိန်မှာ ချီမင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူက စစ်မြေပြင်ရဲ့ပြောင်းလဲမှုကို နောက်တစ်ခါ ခံစားလိုက်ရတယ်။ သူက သူ့လက်ချောင်းတွေနဲ့ တွက်ချက်လိုက်တော့ အနာဂတ်ရဲ့မြင်ကွင်းတစ်ခုက သူ့စိတ်ထဲမှာ ချက်ချင်းပေါ်လာတယ် “အသက်မဲ့မိခင်က ထွက်ပြေးချင်နေတယ်!”

ရှပ်!

ဘာမှ ချီတုံချတုံမဖြစ်ဘူး။

ချီမင်က ကောင်းကင်ကို ပျံတက်သွားပြီး နတ်က္ခတာရာအလွှာရဲ့စစ်မြေပြင်ဆီကို ပြေးဝင်သွားတယ်။

All Chapters