← Chapters

မဟာကပ်ဘေးဒုက္ခနည်းစနစ်၊ ဝိညာဉ်ဖွဲ့တည်ခြင်း အလယ်ပိုင်းအဆင့်

Vol. 13 Ch. 185

မဟာကပ်ဘေးဒုက္ခနည်းစနစ်၊ ဝိညာဉ်ဖွဲ့တည်ခြင်း အလယ်ပိုင်းအဆင့်

Vol. 13 Ch. 185

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ ရှာမတွေ့ဘူး။ သူက တခြားနည်းလမ်းတစ်ခုကိုပဲ စဉ်းစားနိုင်တော့တယ်။

သူက အမွေအနှစ်ခန်းမကို နောက်ထပ်မသွားတော့ဘဲ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်လာတယ်။ သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ သဲလွန်စတွေကို တွက်ချက်ဖို့ ကောင်းကင်လျှို့ဝှက်ချက် နိမိတ်ဖတ်ခြင်းကို သုံးဖို့ ကြိုးစားလိုက်တယ်။

သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ ဇာစ်မြစ်တွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။ ဒါက ကောင်းကင်နဲ့မြေကြီး မဟာတာအိုနဲ့ ပတ်သက်နေတဲ့ အထွတ်အထိပ်နည်းစနစ်တစ်ခုဖြစ်တယ်။ ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံပြီး မဟာတာအို အခြေတည်ဝိညာဉ်ကို တည်ဆောက်ထားတယ်။

ချီမင်ရဲ့ ကောင်းကင်လျှို့ဝှက်ချက် နိမိတ်ဖတ်ခြင်းက မျှော်လင့်ထားတဲ့အကျိုးသက်ရောက်မှုကို မရဘူး။ သူက သဲလွန်စတချို့ကို တွက်ချက်နိုင်ပေမယ့် ဒီသဲလွန်စတွေက ရှေးခေတ်နတ်ဆိုးဧကရာဇ်ယင်းလုံအပေါ်မှာပဲ ရပ်တန့်သွားတယ်။

တခြားနည်းနဲ့ပြောရရင် ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းအကြောင်း ပိုသိချင်ရင် သူကသေသွားတာကြာပြီဖြစ်တဲ့ ရှေးခေတ်နတ်ဆိုးဧကရာဇ်ယင်းလုံကို ရှာရမယ်။

ဒီလိုနဲ့ ချီမင်ရဲ့သဲလွန်စက အဆုံးသတ်သွားတယ်။

“မဟုတ်ဘူး”

ချီမင်က ခဏလောက် စဉ်းစားတယ် “ရှေး ခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံရဲ့ အမွေအနှစ်ကို မရခင်တုန်းက နောက်ဆုံးစကားတွေမှာ လူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။”

“ဟုတ်ပြီ။”

“အဲ့တာက နတ်ဆိုးတစ်ကောင်လည်း ဖြစ်နိုင်တယ်။”

“သူ့မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသားရှိတဲ့လူ၊ ဒါမှမဟုတ် နတ်ဆိုးပေါ့။ ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက တခြားတစ်ဖက်ကို ဒီလောက်တောင် ဂရုစိုက်တယ်၊ ငါက သူတို့ဆီကနေ တစ်ခုခုရနိုင်လောက်တယ်။”

ဒီလိုတွေးပြီးတော့ ချီမင်က သဲလွန်စအသစ်တစ်ခုကို နားလည်လိုက်တယ်။

ချီမင်က နောက်တစ်ခါ တွက်ချက်တယ်။ သန့်စင်ရွှေခန္ဓာက သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး သူက အသေးစားအံ့ဖွယ်နည်းစနစ်သုံးခုနဲ့ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအားကို သုံးလိုက်တယ်။

ဘုန်း! ဘုန်း!

ကောင်းကင်လျှို့ဝှက်ချက် သတ်ဖြတ်ခြင်းဆန္ဒက ချီမင်အပေါ်မှာ သက်ရောက်လာတယ်။ မမြင်နိုင်တဲ့ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းဆန္ဒမှာ သေစေနိုင်တဲ့အန္တရာယ် ပါဝင်နေတယ်။ အဲ့တာက မမြင်နိုင်သလို သဏ္ဌာန်မဲ့ပေမယ့် တကယ်ပဲ တည်ရှိနေတယ်။

ဘာလို့လဲဆိုတော့ ကောင်းကင်နဲ့မြေကြီးရဲ့ကပ်ဘေးဒုက္ခက ရောက်လာတော့မှာဖြစ်လို့ သတ်ဖြတ်လိုစိတ်က ရှုပ်ထွေးနေပြီး ကောင်းကင်နဲ့မြေကြီးမှာပြည့်လာတာကြောင့် ချီမင်က ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့အခါ ဆွဲဆောင်လိုက်တဲ့သတ်ဖြတ်ခြင်းဆန္ဒက ပိုပြီးအားကြီးပြီး ပိုပြီးဖရိုဖရဲဖြစ်လာစေတယ်။

သန့်စင်ရွှေခန္ဓာရဲ့ မြှင့်တင်မှုနဲ့အတူ ချီမင်ကပြိုင်ဘက်ကင်းဖြစ်သွားတယ်။ ဒါကြောင့်ဒီကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကစွမ်းအားကြီးတယ်ဆိုပေမယ့် သူတို့က ချီမင်အပေါ်မှာ လုံးဝစွမ်းအားမဲ့နေသေးတယ်။

“နတ်ဆိုးနန်းတော်”

ချီမင်က သူ့မျက်လုံးတွေကို ဖွင့်ပြီး နတ်ဆိုးနန်းတော်ရဲ့ဘက်ကို ကြည့်လိုက်တယ်။ သူ့အကြည့်က နည်းနည်းနက်ရှိုင်းသွားတယ် “သူ့မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသားရှိတဲ့နတ်ဆိုးက နတ်ဆိုးနန်းတော်မှာပဲ…”

“ဒါက နည်းနည်းဒုက္ခများတယ်။”

ချီမင်ရဲ့ကျင့်ကြံခြင်းနဲ့ ခွန်အားက စွမ်းအားကြီးတယ်ဆိုပေမယ့် သူက တခြားတစ်ဖက်ကို ရှာဖို့ နတ်ဆိုးနန်းတော်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူက ဂိုဏ်းချုပ်ယန်လီရဲ့ ကျင့်ကြံခြင်းနဲ့ ခွန်အားရှိမှဖြစ်နိုင်ပေမယ့်အဲ့ဒီအဆင့်အထိတော့စွမ်းအားမကြီးသေးဘူး။

ချီမင်က သူ့မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသားရှိတဲ့နတ်ဆိုးက ယာယီအားဖြင့် နတ်ဆိုးနန်းတော်မှာပဲဆိုတာကို တွက်ချက်နိုင်တယ်၊ ဒါပေမဲ့ သူက တခြားတစ်ဖက်ရဲ့တိကျတဲ့အ‌ထောက်အထား၊နောက်ခံနဲ့ အတိတ်ကအရာအားလုံးကို မတွက်ချက်နိုင်ဘူး။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ချီမင်ကို တခြားတစ်ဖက်ရဲ့နောက်ခံကို တွက်ချက်တာကနေ တားဆီးနေတယ်။ ချီမင်က အတင်းအကျပ် ဆက်ပြီးတွက်ချက်ရင် သူက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ တန်ပြန်အကျိုးသက်ရောက်မှုကို သေချာပေါက် ခံစားရလိမ့်မယ်။

အဲ့ဒီအချိန်ကျရင် ချီမင်ရဲ့စွမ်းအားက မခံနိုင်လောက်‌ သေးဘူး။

ချီမင်က အရှုံးပေးရုံပဲရှိတော့တယ်။

“အလျင်လိုစရာမလိုပါဘူး။”

ချီမင်က ခဏလောက် စဉ်းစားလိုက်တယ် “ငါက အခု ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ အလိုအလျောက်ကျင့်ကြံစနစ်က အဆသန်းတစ်ရာ မြှင့်တင်မှုနဲ့တောင် ငါက ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ဖို့ အချိန်အကြာကြီး လိုသေးလောက်တယ်။”

“ဒါ့အပြင်…”

“ဂိမ်း မြေအောက်စခန်းမှာ မဟာတာအိုနည်းလမ်း ရရှိဖို့ အခွင့်အရေးတစ်ခု ရှိတယ်။ ငါ့မှာ အခု ပန်းတိုင်တစ်ခု ရှိနေပြီ။ ငါ့ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ပြီးမှ လှုပ်ရှားတာက အရမ်းနောက်မကျသေးပါဘူး။”

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နေ့ ရောက်လာတယ်။

နေ့လယ်ခင်းမှာ။

တင်း!

“သင်က ကမ္ဘာပျက်နေ့ ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံပြီးသင်တစ်ကြိမ်ရှင်းလင်းပြီးပါပြီ။ သင် မဟာကပ်ဘေးဒုက္ခနည်းစနစ်၊ အဆင့်နိမ့်အင်မော်တယ်သလင်း‌ကျောက်တစ်သန်းရရှိပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဒါက…”

အံ့ဩတဲ့အမူအရာတစ်ခုက ချီမင်ရဲ့မျက်နှာပေါ်မှာ ပေါ်လာတယ်။ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့ သတင်းအချက်အလက်ကို ချက်ချင်းစစ်ဆေးလိုက်တယ် “မဟာကပ်ဘေးဒုက္ခနည်းစနစ် ဒါက ဖြစ်နိုင်ပါ့မလား…”

ပစ္စည်း: မဟာကပ်ဘေးဒုက္ခနည်းစနစ်

ဖော်ပြချက် အဲ့တာက ကမ္ဘာပျက်ကပ်ဘေးဒုက္ခ၊ မဟာနေမင်းမီးကပ်ဘေးဒုက္ခ၊ နေမင်းနက်လေကပ်ဘေးဒုက္ခ၊ မြေကြီးကပ်ဘေးဒုက္ခ၊ လူသားကပ်ဘေးဒုက္ခ၊ နတ်ဆိုးဘုရားကပ်ဘေးဒုက္ခ၊ သမာဓိကပ်ဘေးဒုက္ခ၊ သဘာဝကပ်ဘေးဒုက္ခ၊ ကမ္မကပ်ဘေးဒုက္ခ၊ ရည်ရွယ်ချက်ကပ်ဘေးဒုက္ခ၊ ဝိညာဉ်ကပ်ဘေးဒုက္ခနဲ့ ဆင်းရဲကပ်ဘေးဒုက္ခတို့ကနေ ဖွဲ့စည်းထားတယ်။ တစ်ခါကျင့်ကြံကြည့်ရင်တောင် အရမ်းအစွမ်းအားကြီးရုံတင်မကဘဲ နားလည်ရခက်တဲ့နက်နဲမှုတွေလည်း ရှိတယ်။ အဲ့တာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းရဲ့ အထွတ်အထိပ်နက်နဲမှု ပါဝင်နေတယ်။

“ဒါက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်ပဲ။”

ချီမင်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာပေါ်က ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်တော့ဘူး “ဒီလောက်နှစ်တွေအကြာကြီး ဂိမ်းမြေအောက်စခန်းအများကြီးကို ရှင်းပြီးမှ ငါ နောက်ဆုံးတော့ တခြားမဟာအံ့ဖွယ်စွမ်းအားတစ်ခု ရခဲ့ပြီ။ ဒါ့အပြင် ဒီမဟာအံ့ဖွယ်စွမ်းအားနည်းစနစ်က သန့်စင်တဲ့သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုပဲ။ အဲ့တာကကမ္ဘာကြီးက ကပ်ဘေးဒုက္ခအမျိုးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတဲ့ မဟာအံ့ဖွယ်စွမ်းအားတစ်ခုပဲ။”

“အရမ်းကောင်းတယ်။” ချီမင်က အရမ်းကျေနပ်နေတယ်။

“ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး (၂၀၀,၀၀၀) သွင်းမယ်။”

ချီမင်က ပြောလိုက်တယ် “မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျင့်ကြံမယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“အဆသန်းတစ်ရာ မြှင့်တင်မှုအောက်မှာ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျင့်ကြံနေပါတယ်…”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

အချိန်က ကုန်ဆုံးသွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ် (၂၀၀) ကြာသွားတယ်။

ဒီနေ့မှာ ချီမင်က ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို နားလည်သဘောပေါက်ရင်း သူ့နှလုံးသားထဲမှာ တစ်ခုခု ခံစားလိုက်ရတယ်။

တင်း!

“သန့်စင်ခြင်းသုံးပါးတာအိုကျမ်းက အဆသန်းတစ်ရာ မြှင့်တင်မှုအောက်မှာ နှစ် ၂၀၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်က ပိုပြီးနက်ရှိုင်းတဲ့ ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို နားလည်သဘောပေါက်ခဲ့ပြီး ကောင်းကင်နဲ့မြေကြီး မဟာတာအိုစစ်မှန်အမှတ်အသားများကို ထွင်းထုခဲ့ပါတယ်။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းအပေါ် သင်ရဲ့နားလည်မှုက ပိုပြီးနက်ရှိုင်းလာပါပြီ။ သင်ရဲ့ ကောင်းကင်နဲ့မြေကြီး မဟာတာအိုအနှစ်သာရဝိညာဉ်က နောက်တစ်လှမ်း တက်သွားပြီး သင်ရဲ့ကျင့်ကြံခြင်းက အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါတယ်။သင်ရဲ့ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း အလယ်ပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

အပြုံးတစ်ခုက ချီမင်ရဲ့မျက်နှာပေါ်မှာ ပေါ်လာတယ်။

သူက နှစ် (၂၀၀) ကြာ အလိုအလျောက်ကျင့်ကြံခဲ့တယ်။

ချီမင်ရဲ့ ကောင်းကင်နဲ့မြေကြီး မဟာတာအိုအနှစ်သာရဝိညာဉ်က ပိုပြီးတော့ သိပ်သည်းလာတယ်။ သူ့ရဲ့အနှစ်သာရဝိညာဉ်နဲ့ အခြေတည်ဝိညာဉ်က ပိုပိုပြီး ပေါင်းစပ်လာတယ်။ သူ့ရဲ့အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားက အလျင်အမြန် ကြီးထွားလာပြီး ပိုပြီးတော့ ပြင်းထန်လာတယ်။

သူက နည်းလမ်းအမျိုးမျိုးနဲ့ တိုးတက်နေတယ်။

ချီမင်က သူ့ခန္ဓာကိုယ်ကပြောင်းလဲမှုတွေ၊ ကောင်းကင်နဲ့မြေကြီး မဟာတာအိုနဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ နက်နဲမှုတွေကို နားလည်သဘောပေါက်သွားတယ်။ နက်နဲမှုနားလည်မှုအမျိုးမျိုးက သူ့စိတ်ထဲကို ထိုးဝင်လာတယ်။

သူ့စိတ်က ပျံ့နှံ့ထွက်သွားပြီး ကမ္ဘာတစ်ခုံးလုံးကို ဖုံးအုပ်သွားတယ်။

သူ့ခွန်အားက အများကြီး တိုးတက်လာတယ်။

ဘုန်း!

မကြာခင်မှာပဲ ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူ့အရှိန်အဝါကသိသိသာသာ အားကောင်းလာပြီး‌ နောက်တစ်ဆင့်ကိုလွယ်လွယ်ကူကူပဲချိုးဖြတ်သွားတယ်။

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း အလယ်ပိုင်းအဆင့်ကို အောင်မြင်စွာ ချိုးဖျက်သွားတယ်။

ပြီးတော့ ချီမင်က သူ့ရဲ့ကျင့်ကြံခြင်းကို ခိုင်မာအောင်လုပ်ဖို့ အချိန်ခဏယူလိုက်တယ်။

ဒင်!

“မဟာကပ်ဘေးဒုက္ခနည်းစနစ်က အဆသန်းတစ်ရာအမြှင့်တင်မှုအောက်မှာ နှစ် ၂၀၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ် လက်ခံသူ။ သင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်နဲ့ ကပ်ဘေးဒုက္ခအမျိုးမျိုးရဲ့ နက်နဲမှုကို နားလည်သဘောပေါက်ခဲ့ပါတယ်။”

“သင်က ကမ္ဘာပျက်ကပ်ဘေးဒုက္ခ၊ မဟာနေမင်းမီးကပ်ဘေးဒုက္ခ၊ နေမင်းနက်လေကပ်ဘေးဒုက္ခ၊ မြေကြီးကပ်ဘေးဒုက္ခ၊ လူသားကပ်ဘေးဒုက္ခ၊ နတ်ဆိုးဘုရားကပ်ဘေးဒုက္ခ၊ သမာဓိကပ်ဘေးဒုက္ခ၊ သဘာဝကပ်ဘေးဒုက္ခ၊ ကမ္မကပ်ဘေးဒုက္ခ၊ ရည်ရွယ်ချက်ကပ်ဘေးဒုက္ခ၊ ဝိညာဉ်ကပ်ဘေးဒုက္ခနဲ့ ဆင်းရဲကပ်ဘေးဒုက္ခတို့ရဲ့ လျှို့ဝှက်နက်နဲမှုတွေကို နားလည်သဘောပေါက်ခဲ့ပါတယ်။”

“ကပ်ဘေးဒုက္ခအမျိုးမျိုးနဲ့အတိဒုက္ခ တွေကိုတစ်ခုတည်းအဖြစ်‌ပေါင်းစပ်ကာ သင်ကောင်းကင်ရဲ့ရှင်သန်ခြင်းနဲ့သေဆုံးခြင်းရဲ့နက်နဲမှုတွေကိုနားလည်သဘောပေါက်ခဲ့ပါတယ်။”

“သင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့ ဝင်ခွင်အဆင့်ကနေ အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်တာအပြင် ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျွမ်းကျင်ပြီး အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ဖို့ နှစ် (၂၀၀ )ကြာ သုံးစွဲလိုက်တယ်။

ဒါက တကယ်ပဲ ကြောက်စရာကောင်းတယ်။

မဟာကပ်ဘေးဒုက္ခနည်းစနစ်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နဲ့ ဆင်တူတယ်။ သူတို့နှစ်ခုလုံးက မဟာအံ့ဖွယ်စွမ်းအားတွေဖြစ်ပေမယ့် မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့ စတင်တဲ့အဆင့်က အရမ်းမြင့်တယ်။ တစ်ယောက်ယောက်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျင့်ကြံချင်ရင် သူတို့မှာ အင်မော်တယ်တစ်ပါးရဲ့ ကျင့်ကြံခြင်း ရှိရမယ်။

ချီမင်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ သူက မဟာတာအိုနည်းစနစ်တစ်ခုကို ကျင့်ကြံတယ်ဆိုပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘာပဲဖြစ်ဖြစ် ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိတယ်။ သူက တာအိုပေါင်းစည်းခြင်းအဆင့်တောင် မရှိသေးဘူး။

သဘာဝကျကျပြောရရင် ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ချီမင်က အလိုအလျောက်ကျင့်ကြံစနစ်ကိုသုံးပြီး နှစ် (၂၀၀) ကြာ အတင်းအကျပ် ကျင့်ကြံခဲ့တယ်။ ဒါ့အပြင် အဆသန်းတစ်ရာ မြှင့်တင်မှုအောက်မှာ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အကြီးစားအောင်မြင်မှုအဆင့်အထိ ကျင့်ကြံခဲ့တယ်။ အဲ့တာက အရမ်းကို ချဲ့ကားလွန်းနေပြီ။

မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့ ကျင့်ကြံခြင်းအဆင့်လိုအပ်ချက်က အရမ်းမြင့်မားတယ်ဆိုပေမယ့် ချီမင်က မဟာတာအိုနည်းစနစ်တစ်ခုကို ကျင့်ကြံပြီး ကောင်းကင်နဲ့မြေကြီး မဟာတာအိုကို နားလည်သဘောပေါက်တယ်။ ဒါကြောင့် သူက ဒီအဆင့်လိုအပ်ချက်ကို နည်းနည်းကျော်လွှားနိုင်တယ်၊ ဒါပေမဲ့ အဲ့တာကို ကျင့်ကြံရတဲ့အခက်အခဲက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ထက် နည်းနည်းပိုမြင့်တယ်။

ချီမင်က လျှို့ဝှက်ဆန်းကြယ်တဲ့အခြေအနေတစ်ခုကို ဝင်ရောက်သွားတယ်။ သူက ထူးဆန်းတဲ့ကမ္ဘာတစ်ခုကို ရောက်ရှိသွားတယ်။ ဒီထူးဆန်းတဲ့ကမ္ဘာမှာ သူက အချိန်ကုန်ဆုံးမှုကို လုံးဝမသိနိုင်ဘူး။ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့နက်နဲမှုကို အဆက်မပြတ် နားလည်သဘောပေါက်ပြီး လျှို့ဝှက်နက်နဲမှုအမျိုးမျိုးကို နားလည်သဘောပေါက်သွားတယ်။ကပ်ဘေးဒုက္ခအမျိုးမျိုးက သူ့ပတ်လည်မှာ ပေါ်လာတယ်…

မသိစိတ်ကနေ ချီမင်က အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ မသိဘူး။ သူ သိတာက မဟာကပ်ဘေးဒုက္ခနည်းစနစ်အပေါ် သူ့ရဲ့နားလည်မှုက ပိုပြီးတော့ နက်ရှိုင်းလာတယ်။ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို တဖြည်းဖြည်း နားလည်ပြီး သူ့ရဲ့အဆင့်က ပိုပြီးတော့ မြင့်မားလာတယ်။

ဘုန်း!

နောက်ဆုံးမှာ ချီမင်က တုန်ခါသံတစ်ခု ကြားလိုက်ရတယ်။ သူက ဒီအခြေအနေကနေ ထွက်ခွာသွားပြီး သူ့ခန္ဓာကိုယ်ကလည်း ပြောင်းလဲသွားတယ်။ သူက မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံပြီး အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ရှိသွားတယ်။

အတွေးတစ်ချက်နဲ့ ချီမင်က သူ့ညာဘက်လက်ကို မြှောက်လိုက်တယ်။ သူ့လက်ဖဝါးမှာ မီးခိုးညိုရောင် ကပ်ဘေးဒုက္ခချီက ထွက်ပေါ်လာတယ်။ အဲ့တာက လက်ဖဝါးတစ်ဖက်စာပဲရှိပေမယ့် ကပ်ဘေးဒုက္ခတစ်သောင်း ပါဝင်တာနဲ့တူတယ်။

“အရမ်းစွမ်းအားကြီးတာပဲ!”

ချီမင်က ဒီကပ်ဘေးဒုက္ခချီရဲ့စွမ်းအားကို ခံစားလိုက်ရတယ်။ အဲ့တာက မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်။ ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာကို မခန့်မှန်းနိုင်ဘူး။

ဒီကပ်ဘေးဒုက္ခချီမှာပါဝင်တဲ့စွမ်းအားက တကယ်ပဲ အရမ်းကို ကြောက်စရာကောင်းတယ်။

ဒီလိုအခြေအနေမျိုးအောက်မှာ ရန်သူက ချီမင်လို သန့်စင်ရွှေခန္ဓာလိုမျိုး အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ ပြိုင်ဘက်ကင်းအ‌ခြေအနေမဝင်နိုင်ရင်သူတို့က ဒီမဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့စွမ်းအားကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။” ချီမင်က အရမ်းပျော်ရွှင်သွားတယ်။ “ဒီမဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ကျွမ်းကျင်ပြီး ငါ့ရဲ့ကျင့်ကြံခြင်းကို ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ကို တိုးမြှင့်ပြီးမှ ငါက နတ်ဆိုးနန်းတော်ကို သွားတဲ့အခါမှာ ပိုပြီးအခွင့် အရေးများမယ်။”

တင်း!

“ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က အဆသန်းတစ်ရာ မြှင့်တင်မှုအောက်မှာ နှစ် ၂၀၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ သင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲမှုတွေကို နားလည်သဘောပေါက်ခဲ့ပါတယ်။ သင်က လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအား (၃၆)ခုလုံးကို နားလည်သဘောပေါက်ခဲ့ပါတယ်။ သင်က လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအား (၃၆) ခုလုံးကို အောင်မြင်စွာ ကျင့်ကြံခဲ့ပါတယ်။ ဂုဏ်ယူပါတယ်၊ လက်ခံသူ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ချက်ချင်းပဲ ချီမင်က အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့‌ အခြေအနေကို နောက်တစ်ခါ ဝင်ရောက်သွားတယ်။ ဒီထူးဆန်းတဲ့ကမ္ဘာမှာ သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို နားလည်သဘောပေါက်ရင်းအချိန်တွေကုန်ဆုံးသွားတယ်။

သူက လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအား ၃၆ ခုကို ကျင့်ကြံနေတယ်။

သူတို့က တဖြည်းဖြည်း ပြီးပြည့်စုံခြင်းကို ရောက်ရှိသွားကြတယ်။

ဘုန်း!

ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက အရာအားလုံးကို နားလည်သဘောပေါက်ပြီးသွားပြီ။ သူ့ရဲ့လျှို့ဝှက်နည်းစနစ်နဲ့ အံ့ဖွယ်စွမ်းအားအမျိုးမျိုးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတော့ သူ့ရဲ့ခွန်အားက သဘာဝအတိုင်း အများကြီး တိုးတက်သွားတယ်။

ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က စစ်မှန်တဲ့သတ်ဖြတ်ခြင်းအံ့ဖွယ်စွမ်းအားတစ်ခု မဟုတ်ဘူး။ အဲ့ဒီအစား အဲ့တာက သတ်ဖြတ်ခြင်း၊ ကာကွယ်ခြင်း၊ ဖန်တီးခြင်း၊ အသက်ရှင်သန်ရေး စတာတွေအပါအဝင် နည်းလမ်းအားလုံးမှာ အဆင့်မြင့်မားတဲ့ မဟာအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်တယ်။

“ကောင်းပြီ”

ချီမင်က အသက်ကိုပြင်းပြင်းရှူပြီး သူ့စိတ်အခြေအနေက ပိုကောင်းလာတယ် “ငါက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးပြီ။ အကြီးစားအောင်မြင်မှုအဆင့်ရောက်နေတဲ့ မဟာကပ်ဘေးဒုက္ခနည်းစနစ်၊ အံ့ဖွယ်စွမ်းအားနည်းစနစ်တွေနဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းနဲ့ ကျင့်ကြံထားတဲ့ အနှစ်သာရဝိညာဉ်ဓမ္မစွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင်အဲ့တာတွေမှာ ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့အနှစ်သာရအမှန် ပါဝင်နေတယ်။”

“ငါ့ရဲ့အဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း အလယ်ပိုင်းအဆင့်ကိုပဲ တိုးတက်သွားပေမယ့် ငါ့ရဲ့အင်အားက အရင်ကနဲ့ မတူတော့ဘူး။”

All Chapters