နောက်ဆုံး နဂါးပြောင်းလဲခြင်း အတိဒုက္ခ
Vol. 13 Ch. 189
“ကပ်ဘေးဒုက္ခလေးက ကပ်ဘေးဒုက္ခအရှင်ဖြစ်တယ်။ သူက အစဝာည်းက ကပ်ဘေးဒုက္ခအမျိုးမျိုးရဲ့ စွမ်းအားနဲ့ မွေးမြူထားတာဖြစ်ပြီး မတူညီတဲ့ ကပ်ဘေးဒုက္ခတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာမွေးဖွားလာတာဖြစ်တယ်။ ဒါ့အပြင် ကပ်ဘေးဒုက္ခလေးက တကယ်ကို စွမ်းအားကြီးတာကြောင့် ကောင်းကင်အတိဒုက္ခတိမ်တိုက်ကို ဝါးမျိုနိုင်တယ်။”
ချီမင်ကပြောလိုက်တယ် “ဘာပဲဖြစ်ဖြစ် ကောင်းကင်အတိဒုက္ခတိမ်တိုက်ကလည်း ကပ်ဘေးဒုက္ခအမျိုးအစားတစ်ခုပဲ။ ကပ်ဘေးဒုက္ခလေးက ကောင်းကင်အတိဒုက္ခတိမ်တိုက်ကို ပေါင်းစည်းပြီး စုပ်ယူလိုက်ရင် သူ့ရဲ့အင်အားက သေချာပေါက် ထပ်တိုးလာလိမ့်မယ်”
ဒီအချိန်မှာ ကပ်ဘေးဒုက္ခလေးက ပထမအဆင့် ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားပြီးလို့ ကောင်းကင်နဲ့မြေကြီးရဲ့ ဆုလာဘ်ကို ရရှိသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားအမျိုးမျိုးက ရေတံခွန်လိုမျိုးကျဆင်းလာတယ်။ အဲ့ဒီစွမ်းအားတွေထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ အမှန်တရားတွေပါဝင်ပြီးနက်နဲမှုစွမ်းအားတွေတောင် ကပ်ဘေးဒုက္ခလေးရဲ့ ခန္ဓာကိုယ်ထဲကို လောင်းချလိုက်သလိုမျိုး စီးဝင်လာတယ်။
ကပ်ဘေးဒုက္ခလေးပတ်လည်မှာ ရောင်စုံအလင်းတွေ ပေါ်လာကာ စုပ်ယူပြီးသန့်စင်ခံလိုက်ရတယ်။ နောက်ဆုံးမှာတော့ စိမ်းနက်ရောင် အတိဒုက္ခချီ ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်။
အချိန်တွေ တဖြည်းဖြည်းကုန်လွန်လာတယ်။
သုံးရက်ကြာပြီးနောက်မှာ...
ဘုန်း!
ကပ်ဘေးဒုက္ခလေးရဲ့ အရှိန်အဝါက ကောင်းကင်နဲ့မြေကြီးကို ခွဲခြမ်းလိုက်သလိုမျိုး အသံကျယ်ကြီး ထွက်ပေါ်လာပြီးမြင့်တက်သွားတယ်။ အဲ့ဒီအသံကအနားမှာ ရှိနေတဲ့လူတိုင်းရဲ့နားထဲကို မိုးကြိုးပစ်သံလို ဝင်လာပြီး သူတို့ရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားတယ်။
သူမက အတိဒုက္ခကျော်လွှားခြင်းအဆင့် ကို အောင်မြင်စွာ ချိုးဖြတ်သွားတယ်။
နေ့တစ်ဝက်လောက်ကြာပြီးတော့ ကပ်ဘေးဒုက္ခလေးက သူမရဲ့ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်ပြီး မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူမရဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေ ပြည့်နေပြီး ချီမင့်ရှေ့ကို အလျင်အမြန်ရောက်လာကာ ချီးမွမ်းခိုင်းလိုက်တယ်။ “သခင်၊ ကျွန်မ ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပါပြီ။ ကျွန်မရဲ့ လက်ရှိကျင့်ကြံမှုအဆင့်ကလည်း တာအိုပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်းအဆင့်ကနေ အတိဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့ ပထမအဆင့်ကို အောင်အောင်မြင်မြင်ချိုးဖြတ်သွားပါပြီ။”
ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြီး ကပ်ဘေးဒုက္ခလေးရဲ့ ဆံပင်ကို ပွတ်သပ်ပေးလိုက်တယ်။
ကပ်ဘေးဒုက္ခလေးက မျက်လုံးလေးတွေကို မှေးစင်းလိုက်ပြီး ချီမင့်လက်ဖဝါးကို ပြန်ပွတ်သပ် နေတယ်။ ဒီအမူအရာနဲ့ဆိုရင် ကပ်ဘေးဒုက္ခလေးက ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးဒုက္ခအရှင် ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပေ။ ဒါ့အပြင် သူမရဲ့ ကျင့်ကြံမှုအဆင့်က အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်ကို ရောက်နေပြီ။
“ကပ်ဘေးဒုက္ခလေး၊ ခဏဘေးမှာ ရပ်နေဦး။” ချီမင်က ဆက်ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ သခင်။” ကပ်ဘေးဒုက္ခလေးက နာနာခံခံနဲ့ ခေါင်းညိတ်လိုက်တယ်။
“အမှောင်မီးလျှံ။”
အတွေးတစ်ခုနဲ့ ချီမင်က ညာဘက်လက်ကို ထပ်ဝှေ့ယမ်းလိုက်ပြီး စတုတ္ထမြောက် ဝိညာဉ်သားရဲနေရာကနေ အမှောင်မီးလျှံကို ဆင့်ခေါ်လိုက်တယ်။ မူလက သေးငယ်ပြီး ချစ်စရာကောင်းတဲ့ အမှောင်မီးလျှံက အခု အရမ်းကိုချောမောတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေပြီ။
“သခင်။”
အမှောင်မီးလျှံ ပေါ်လာပြီး ချီမင်ကို ဦးညွှတ်လိုက်တယ်။
“အချိန်တန်ပြီ။” ချီမင်ကပြောလိုက်တယ် “မင်း နဂါးပြောင်းလဲခြင်း အတိဒုက္ခကို ကျော်လွှားဖို့ ကြိုးစားသင့်တယ်။ မင်းအောင်မြင်ရင် ထပ်ပြီး ဆင့်ကဲပြောင်းလဲနိုင်ပြီး ယင်းလုံ ဖြစ်လာလိမ့်မယ်။ မင်းလည်း အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို တက်သွားနိုင်တယ်။”
“ဟုတ်ကဲ့။” အမှောင်မီးလျှံက ခေါင်းညိတ်လိုက်တယ်။
ဝေါင်း!
နောက်တစ်ခဏမှာပဲ အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်က အနက်ရောင်အလင်းတွေများပြားလာတယ်။ သူက လူသားပုံစံကနေ ဦးချိုမဲ့ နဂါးနက်အဖြစ် ပြောင်းလဲသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အကြီးကြီးဖြစ်သွားပြီး မီတာတစ်သောင်းလောက် မြင့်မားကာ ရှေ့မှာ ဝဲပျံနေတယ်။
“အဲဒါ…”
“ဦးချိုမဲ့ နဂါးနက်က ချီမင့်ရဲ့ ဝိညာဉ်သားရဲပဲ။”
“ငါတို့ အရင်တစ်ခေါက်က မြင်ဖူးတယ်။”
“သူ… နဂါးပြောင်းလဲခြင်း အတိဒုက္ခကို ထပ်ပြီး ဖြတ်ကျော်တော့မလို့လား။”
“အထင်ကြီးစရာပဲ။”
“ချီမင်မှာ ဝိညာဉ်သားရဲတစ်ကောင်က ပထမအဆင့် ကောင်းကင်အတိဒုက္ခကို ကျော်လွှားပြီး အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို ခုမှအောင်အောင်မြင်မြင် တက်သွားရုံရှိသေးတယ်။ အခု နောက်ထပ် ဝိညာဉ်သားရဲတစ်ကောင်က နဂါးပြောင်းလဲခြင်း အတိဒုက္ခကို ကျော်လွှားချင်နေပြန်ပြီ။”
ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် ပေါ်မှာ လူတိုင်း ထပ်ပြီး အံ့အားသင့်စွာ ပြောဆိုနေကြတယ်။
ဝေါင်း! ဝေါင်း! ဝေါင်း!
နဂါးဟိန်းသံက အရပ်မျက်နှာအနှံ့မှာ ပဲ့တင်ထပ်နေတယ်။ပြင်းထန်တဲ့ နဂါးအရှိန်အဝါက ပျံ့နှံ့သွားပြီး ကြီးမားတဲ့ ဧရိယာကြီးကို သက်ရောက်မှုရှိလာတာကြောင့် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ထဲက တောင်တန်းအသီးသီးမှာ နေထိုင်တဲ့ နတ်ဆိုးများစွာက သတိထားမိသွားကြတယ်။
ကပ်ဘေးဒုက္ခလေးက အတိဒုက္ခကို ကျော်လွှားနေတုန်းမှာ သူမ ဖန်တီးခဲ့တဲ့ မြင်ကွင်းအမျိုးမျိုး၊ ကောင်းကင်အတိဒုက္ခတိမ်တိုက်နဲ့ လျှပ်စီးအမျိုးမျိုးကလည်း အရမ်းကိုကြီးမားလာတယ်။ ဖြစ်ပေါ်လာတဲ့ ရုတ်ရုတ်သဲသဲဖြစ်မှုကလည်းကြီးမားတယ်။ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် ရဲ့ ပတ်ဝန်းကျင်ကို သက်ရောက်ရုံသာမကကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ရဲ့ တစ်ဝက်ကျော်ကိုလည်း သက်ရောက်မှုရှိခဲ့တယ်။
မဟာအကြီးအကဲတွေနဲ့ အမွေခံ တပည့်တွေပဲသတိပြုမိသွားကြတာမဟုတ်ပေ။
ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းရဲ့ တောင်ထွတ် (၁၂) ခုလုံး၊ တောင်ထွတ်သခင်တွေ၊ အကြီးအကဲတွေ၊ တောင်ထွတ်အသီးသီးက တပည့်တွေနဲ့ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းထဲက သက်ရှိ တွေကလည်း သတိထားမိနေကြပြီ။
သူတို့က ကောင်းကင်ကို ကြည့်ပြီး အတိဒုက္ခရဲ့မြင်ကွင်းကို စောင့်ကြည့်နေကြတယ်။
သူတို့အားလုံးက ကပ်ဘေးဒုက္ခလေး လုပ်ခဲ့တာတွေကို အံ့အားသင့်နေကြတယ်။ ဒီလောက်ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးတဲ့ ကောင်းကင်အတိဒုက္ခကို ကပ်ဘေးဒုက္ခလေးက တကယ်ပဲ ဝါးမျိုလိုက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။
အရေးကြီးဆုံးက… ကပ်ဘေးဒုက္ခလေးက ချီမင်က နှစ်ပေါင်းရာချီ အချိန်ပေးပြီး မွေးမြူထားတဲ့ ဝိညာဉ်သားရဲလေးတစ်ကောင်သာ ဖြစ်တယ်။ တွေးကြည့်လို့တောင် မရနိုင်ဘူး။
ဒီလောက်စွမ်းအားကြီးတဲ့ ဝိညာဉ်သားရဲကို မွေးမြူနိုင်ရင် ချီမင်က ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။ သူတို့က သူ့ကို နက်နက်ရှိုင်းရှိုင်းလေးစားသွားကြတယ်။
ဒါက မဟာအကြီးအကဲတွေကို လေးစားပြီး ကြောက်ရွံ့တဲ့စိတ်ထက် မနိမ့်ကျဘူး။
ဒီအချိန်မှာ အမှောင်မီးလျှံရဲ့ အခွင့်အရေး ရောက်ရှိလာတယ်။ အချိန်က မှန်ကန်သွားပြီအမှောင်မီးလျှံရဲ့ နဂါးပြောင်းလဲခြင်း အတိဒုက္ခက နောက်ဆုံးမှာ ရောက်ရှိလာတော့တယ်။ ဒီတစ်ခါ အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီးရင် သူက ဦးချိုမဲ့ နဂါးနက်ကနေ ယင်းလုံအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မယ်။ ဒါက ရှေးခေတ်နတ်ဆိုးဧကရာဇ်နဲ့ အဆင့်တူတဲ့ နဂါးတစ်ကောင်ဖြစ်တယ်။ စစ်မှန်တဲ့နဂါးတစ်ကောင်ဖြစ်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်။ ဒါပေမဲ့ ဒီနောက်ဆုံးအဆင့်က သူအဆင့်မြင့်ကမ္ဘာကို တက်လှမ်းဖို့ လိုအပ်တယ်။
အစက လုံးဝပျောက်ကွယ်သွားတဲ့ အတိဒုက္ခတိမ် တိုက်ကို ကောင်းကင်နဲ့မြေကြီးက အာရုံခံမိသွားပြီး အသက်စွမ်းအားအမျိုးမျိုးရဲ့ ပေါက်ဖွားလာမှုအောက်မှာ နောက်ထပ် အတိဒုက္ခတိမ်တိုက်တစ်ခု မွေးဖွားလာတယ်။ အရပ်မျက်နှာပေါင်းစုံကနေ စုဝေးလာတယ်။ ဒီအတိဒုက္ခတိမ်တိုက်တွေက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်၊ ကောင်းကင်နဲ့မြေကြီးရဲ့ သတ်ဖြတ်လိုစိတ်နဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အတိဒုက္ခတို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာဖြစ်တယ်။ သူတို့ထဲမှာ ဖျက်ဆီးခြင်းစွမ်းအားတွေ ပါဝင်နေတယ်။
“သခင်။”
ကပ်ဘေးဒုက္ခလေးရဲ့ မျက်နှာမှာ စူးစမ်းလိုစိတ်တွေ ပြည့်နှက်နေတယ်။ သူမက ပတ်ဝန်းကျင်က အတိဒုက္ခတိမ်တိုက်တွေကို အကဲခတ်ပြီး ချီမင့်ကို မေးလိုက်တယ် “သူက ကျွန်မလိုပဲ အတိဒုက္ခကို ကျော်လွှားမလို့လား။ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကို တက်တော့မှာလား။”
“ဒါပေမဲ့…” ကပ်ဘေးဒုက္ခလေးက နှုတ်ခမ်းကိုစူပြီးပြောလိုက်တယ် “သူ့ရဲ့ အတိဒုက္ခတိမ်တိုက်တွေက နည်းနည်း အားနည်းနေသလိုပဲ”
“မဟုတ်ဘူး။” ချီမင်ကရှင်းပြလိုက်တယ် “အမှောင်မီးလျှံက ကောင်းကင်အတိဒုက္ခကို ကျော်လွှားတာမဟုတ်ဘူး။ သူက နဂါးပြောင်းလဲခြင်း အတိဒုက္ခကို ကျော်လွှားနေတာ။ သူအောင်မြင်ရင် ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပြီး သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့နဂါးသွေးမျိုးဆက်က ဆင့်ကဲပြောင်းလဲသွားပြီး နဂါးကနေ ယင်းလုံအဖြစ် ပြောင်းလဲသွားလိမ့်မယ်။”
“အော်။”
ကပ်ဘေးဒုက္ခလေးက ခေါင်းညိတ်ပြီး မေးလိုက်တယ်”ယင်းလုံက ဘာလဲ”
“ယင်းလုံ…” ချီမင် တစ်ခဏ စဉ်းစားလိုက်တယ်။ “ဒါက စွမ်းအားကြီးပြီးပြင်းထန်တဲ့ အင်အားတွေ ပိုင်ဆိုင်ထားတဲ့ စွမ်းအားကြီးသက်ရှိတစ်မျိုးပဲ။ အဆင့်တူအခြေအနေမှာဆိုရင် သူ့ကို ပြိုင်ဘက်ကင်းလို့တောင် ပြောနိုင်တယ်။ သူအကန့်အသတ်အထိ ကျင့်ကြံနိုင်ပြီး အဆင့်မြင့်ကမ္ဘာကို တက်လှမ်းနိုင်ရင် နဂါးတံခါးကို ဖြတ်ကျော်ပြီး စစ်မှန်တဲ့နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အဆင့်မြင့်ကမ္ဘာမှာ သူ့ရဲ့အဆင့်အတန်းက မနိမ့်ကျဘူး။”
“ကျွန်မ နားမလည်သေးဘူး။”ကပ်ဘေးဒုက္ခလေးက ပြောလိုက်တယ်။
ကပ်ဘေးဒုက္ခလေးက မွေးဖွားပြီးပြီးချင်းမှာပဲ ချီမင်က သူ့ကို ဝိညာဉ်သားရဲအဖြစ် လက်ခံခဲ့တယ်။ သူက ဝိညာဉ်သားရဲနေရာထဲကို တန်းဝင်ပြီး နှစ် (၄၀၀) ကြာ ကြီးထွားခဲ့တယ်။ သူ တစ်ခါမှ အပြင်မထွက်ဖူးသလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်မရှိဘူး။ သူမရဲ့ အသိပညာအားလုံးက သူမရဲ့ အမွေဆက်ခံထားတဲ့မှတ်ဉာဏ်တွေကနေ ရရှိလာတာဖြစ်တယ်။
အမွေဆက်ခံထားတဲ့မှတ်ဉာဏ်တွေက ကောင်းကင်နဲ့မြေကြီးက ပေးအပ်တာဖြစ်တယ်။
ကပ်ဘေးဒုက္ခလေးက အကြောင်းအရာတော်တော်များများကိုမသိသေးဘူး။ ဒါ့အပြင် သူမရဲ့ စရိုက်ကဗလာဖြစ်နေသေးတယ်။ သေချာတာကသူမက ဒီအရာတွေကို အနာဂတ်မှာ တဖြည်းဖြည်း နားလည်လာနိုင်တယ်။
ဒီအချိန်မှာ အမှောင်မီးလျှံရဲ့ ဒီတစ်ခေါက် နဂါးပြောင်းလဲခြင်း အတိဒုက္ခက လုံးဝ ဖြစ်တည်ပြီးသွားတယ်။ ဒီအတိဒုက္ခက နောက်ဆုံးတစ်ခေါက်ထက် အများကြီး သာလွန်တယ်။ စွမ်းအားဖြစ်ဖြစ်၊ အရှိန်အဝါဖြစ်ဖြစ်၊ အတိဒုက္ခတိမ်တိုက်တွေရဲ့ အရွယ်အစားဖြစ်ဖြစ်၊ သူတို့ရဲ့ စွမ်းအားအတိုင်းအတာဖြစ်ဖြစ် အားလုံးက နောက်ဆုံးတစ်ခေါက်ထက် အဆပေါင်းများစွာ ပိုအားကောင်းတယ်။ အရင် နဂါးပြောင်းလဲခြင်း အတိဒုက္ခက သူ့ကို နဂါးတစ်ကောင်အဖြစ်သာ ပြောင်းလဲပေးခဲ့တယ်။
ဒီတစ်ခေါက်မှာတော့ သူက ယင်းလုံအဖြစ် ဆင့်ကဲပြောင်းလဲတော့မှာဖြစ်တယ်။ ဒါက နောက်ဆုံး နဂါးပြောင်းလဲခြင်း အတိဒုက္ခဖြစ်လို့ သဘာဝအတိုင်း အရမ်းကိုစွမ်းအားကြီးတယ်။
အရင် နဂါးပြောင်းလဲခြင်း အတိဒုက္ခက မိုးကြိုးတိမ်တိုက် ခြောက်ခု ပေါင်းစည်းပြီးသာ ဖြစ်ပေါ်ခဲ့တယ်။ ဒီတစ်ခေါက်မှာတော့ စုစုပေါင်း မိုးကြိုးတိမ်တိုက် (၁၀၈) ခု၊ အတိဒုက္ခတိမ်တိုက် (၃,၀၀၀)နဲ့ အနက်ရောင်တိမ်တိုက် (၁၀,၀၀၀) ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတယ်။
စွမ်းအားသက်သက်အရဆိုရင် အမှောင်မီးလျှံရဲ့ ဒီတစ်ခေါက် နဂါးပြောင်းလဲခြင်း အတိဒုက္ခက ကပ်ဘေးဒုက္ခလေးရဲ့ ပထမအဆင့်ကောင်းကင်အတိဒုက္ခထက် အများကြီး နိမ့်ကျတယ်။ ဒါပေမဲ့ စွမ်းအားအပြင် နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိသေးတယ်။
ဝေါင်း!
အမှောင်မီးလျှံက နဂါးဟိန်းသံတစ်ချက်ပေးပြီး ကောင်းကင်ပေါ်က နဂါးပြောင်းလဲခြင်း အတိဒုက္ခတိမ်တိုက်ကို ဟိန်းဟောက်လိုက်တယ်။ ချက်ချင်းပဲ လျှပ်စီးတွေ ကျဆင်းလာပြီး အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတယ်။
ဘုန်း ဘုန်း ဘုန်း!!!
ပေါက်ကွဲသံအမျိုးမျိုး ထွက်ပေါ်လာတယ်။
လျှပ်စီးတွေ လင်းလက်လာပြီး လျှပ်စီးမိုးကြိုးကြောင်းတွေ အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားတယ်။ လျှပ်စီးကြောင့် နေရာလွတ်က တုန်ခါသွားပြီး လှိုင်းဂယက်တွေ ဖြစ်ပေါ်လာတယ်။ အလင်းလှိုင်းတွေက အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ စီးဆင်းနေတယ်။ သူ့ရဲ့ အနက်ရောင်နဂါးအကြေးခွံတွေက သံနက်လိုမျိုးဖြစ်ပြီး အလွန်သန်မာတဲ့ခုခံမှုကို ပိုင်ဆိုင်ထားတယ်။
နဂါးပြောင်းလဲခြင်း အတိဒုက္ခလျှပ်စီးက အမှောင်မီးလျှံရဲ့ ကာကွယ်မှုကို မလှုပ်ခါနိုင်ဘူး။
“အရမ်း စွမ်းအားကြီးတာပဲ။”
“ဦးချိုမဲ့ နဂါးနက်က အရင်ကထက် အများကြီး ပိုအားကောင်းလာတယ်။”
“ဟုတ်တယ်။”
“ဒါက နောက်ဆုံး နဂါးပြောင်းလဲခြင်း အတိဒုက္ခဖြစ်သင့်တယ်။ သူ့ရဲ့စွမ်းအားက အပြင်းထန်ဆုံးဖြစ်ရမယ်။ ဒါတောင် ဦးချိုမဲ့ နဂါးနက်ရဲ့ ခုခံမှုကို မလှုပ်ခါနိုင်ဘူး။ နဂါးအကြေးခွံတစ်ချပ်တောင် မကွာသွားဘူး။”
“ဒါက အရမ်း ပိုသွားပြီ။”
“ဟုတ်တယ်! ချီမင်မွေးမြူထားတဲ့ ဝိညာဉ်သားရဲတွေရဲ့ အစွမ်းက တကယ့်ကို လွန်လွန်းတယ်။ ဝိညာဉ်သားရဲတိုင်းက အဆင့်တူမှာ ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားမျိုးရှိတယ်။ သူတို့က အဆင့်ကျော်ပြီးတောင် တိုက်ခိုက်နိုင်လောက်တယ်။”
ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က လူတွေ ထပ်ပြီး အံ့သြတကြီးပြောဆိုနေကြတယ်။
ချီမင်က သူတို့ကို တကယ်ပဲ အကြိမ်ပေါင်းများစွာ တုန်လှုပ်စေတယ်။ သဘာဝကျကျပြောရရင် သူတို့ကဒါကိုကြုံရတာကြာနေပြီ။ ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်တိုင်း သူတို့က သက်ပြင်းချပြီး အံ့အားမသင့်ဘဲ မနေနိုင်ကြဘူး။
ဒါက တကယ်ကို အရမ်းတုန်လှုပ်စရာကောင်းတယ်။
ဝေါင်း!
အမှောင်မီးလျှံက သူ့ရဲ့ ကြီးမားတဲ့နဂါးခေါင်းကို မြှောက်ပြီး ကောင်းကင်ပေါ်က နဂါးပြောင်းလဲခြင်း အတိဒုက္ခတိမ်တိုက်ကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ လူတိုင်းရဲ့အကြည့်အောက်မှာ သူက အတိဒုက္ခတိမ်တိုက်ထဲကို တည့်တည့် ပြေးဝင်သွားတယ်။
ဘုန်း! ဘုန်း! ဘုန်း!!!
တစ်ခဏအတွင်းမှာပဲ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေက အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတယ်။ သူ့ပတ်ဝန်းကျင်က လျှပ်စီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်ထင်ရတယ်။ မျက်စိကျိန်းလောက်အောင် တောက်ပပြီး စွဲမက်ဖွယ်ကောင်းတယ်။ နဂါးပြောင်းလဲခြင်း အတိဒုက္ခတိမ်တိုက်က ခရမ်းနက်ရောင်ဖြစ်တယ်။ အရမ်းကိုပြင်းထန်ကြီးမားတဲ့ စွမ်းအင်ပမာဏကို စုဆောင်းထားပြီး ဒီအချိန်မှာ လုံးဝ ထုတ်လွှတ်လိုက်ကာ အမှောင်မီးလျှံရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ ကြိုးစားလိုက်တယ်။
အမှောင်မီးလျှံက အတိဒုက္ခတိမ်တိုက်ထဲမှာ နှစ်မြှုပ်ခံနေရတယ်။
“အမှောင်မီးလျှံ ငရဲ။”
အမှောင်မီးလျှံက ဟိန်းဟောက်ပြီး နဂါးဟိန်းသံအကျယ်ကြီးကို ထုတ်လွှတ်လိုက်တယ်။ အနက်ရောင်နဂါးမီးလျှံတွေက သူ့ရဲ့ ကြီးမားတဲ့နဂါးခန္ဓာကိုယ်ကနေ ပျံ့နှံ့ထွက်လာတယ်။
အနက်ရောင်နဂါးမီးလျှံတွေက လျှပ်စီးအတိဒုက္ခကို ဝါးမျိုလိုက်တယ်။
“သူက တော်တော်သန်မာတာပဲ။”
ကပ်ဘေးဒုက္ခလေးက ချီးမွမ်းလိုက်တယ် “ဒါပေမဲ့ ကျွန်မကိုတော့ နည်းနည်း မမီသေးဘူး။”
နဂါးပြောင်းလဲခြင်း အတိဒုက္ခတိမ်တိုက်က အနက်ရောင်နဂါးမီးလျှံတွေကြောင့် လုံးဝနီးပါး ဝါးမျိုလိုက်ရတယ်။ ကြီးမားတဲ့အတိဒုက္ခတိမ်တိုက်တစ်ခုလုံးက လောင်ကျွမ်းခံရပြီပျက်စီးလုနီးပါး ဖြစ်သွားတယ်။ ဒါက နောက်ဆုံးအဆင့် နဂါးပြောင်းလဲခြင်း အတိဒုက္ခဖြစ်တယ်။
အမှောင်မီးလျှံက နောက်ဆုံးအဆင့် နဂါးပြောင်းလဲခြင်း အတိဒုက္ခရဲ့ လျှပ်စီးအတိဒုက္ခကိုသာ ကျော်လွှားရသေးတယ်။ ဒါ့အပြင် နောက်ထပ် နှလုံးသားအတိဒုက္ခတစ်ခု ရှိသေးတယ်။
ဘဇ်!!!
ကောင်းကင်နဲ့မြေကြီးရဲ့ အရှိန်အဝါ ကျဆင်းလာတယ်။ ကြီးမားတဲ့ကောင်းကင်အရှိန်အဝါက နေရာတိုင်းမှာ ရှိပြီး မမြင်ရသလိုဖြစ်ပေမယ့် တကယ်တည်ရှိတယ်။ ဒါက နဂါးပြောင်းလဲခြင်း အတိဒုက္ခကို မှီခိုပြီး မမြင်ရတဲ့ စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲကာ အမှောင်မီးလျှံကို ဖုံးလွှမ်းသွားတယ်။
နောက်တစ်ခဏမှာပဲ အမှောင်မီးလျှံရဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့မျက်လုံးတွေက ရှုပ်ထွေးသွားတယ်။ ဒီမမြင်နိုင်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားအောက်မှာ သူ့ရဲ့စစ်မှန်စိတ်ဝိညာဉ်က ပုံရိပ်ယောင်အလွှာတွေထဲကို ဝင်ရောက်သွားတယ်။
ဒါက နှလုံးသားအတိဒုက္ခဖြစ်တယ်။
သူက သူ့ရဲ့စိတ်ကို ထိန်းချုပ်ရမယ်၊ သူ့ရဲ့ တာအိုနှလုံးသားကို ကျင့်ကြံရမယ်၊ သူ့ကိုယ်သူ လေ့ကျင်ရမယ်။ ပုံရိပ် ယောင်တွေထဲမှာ သူ့ရဲ့စစ်မှန်မှုကိုထိန်းသိမ်း ရမယ်။
သူ မအောင်မြင်ရင် အမှောင်မီးလျှံရဲ့ စစ်မှန်ဝိညာဉ်က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကြောင့် ပျက်စီးသွားပြီး အခွံသက်သက်ပဲ ကျန်ခဲ့လိမ့်မယ်။