← Chapters

နတ်ဆိုးနန်းတော်သို့ ထွက်ခွာခြင်း

Vol. 13 Ch. 191

နတ်ဆိုးနန်းတော်သို့ ထွက်ခွာခြင်း

Vol. 13 Ch. 191

“အမှောင်မီးလျှံ။”

ချီမင်က ညာဘက်လက်ကိုလှန်လိုက်တော့ လက်ဝါးအရွယ်အစားရှိတဲ့ အနက်ရောင် ရှေးဟောင်း‌ ဆေးမီးဖိုတစ်လုံးက သူ့လက်ဝါးထဲမှာ ပေါ်လာတယ်။ အဲ့ဒီ ဆေးမီးဖိုက ရိုးရှင်းပြီးရှုပ်ထွေးမနေပေမယ့် အချိန်ရဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်။

ဒါက ရှေးခေတ်နတ်ဆိုးဧကရာဇ်: ယင်းလုံ ထားခဲ့တဲ့ အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖိုဖြစ်တယ်။ သေချာကြည့်မယ်ဆိုရင် အဲ့ဒီပေါ်မှာ တောင်တွေ၊ မြစ်တွေ၊ ငှက်တွေ၊ သားရဲတွေနဲ့ ကောင်းကင်နဲ့မြေကြီးက သက်ရှိတွေရဲ့ ရုပ်ကြွတွေ ရှိနေတယ်။ လက်ဝါးအရွယ်အစားသာ ရှိပေမယ့် ဒီလောက်များတဲ့ ပုံစံတွေနဲ့ မြင်ကွင်းတွေကို ထွင်းထုထားတယ်။

မြင်ကွင်းက တကယ်ကို အသက်ဝင်နေတယ်။

အချိန်တွေ အများကြီး ကြာသွားခဲ့ပြီ။

ဒီ အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖို ရဲ့ ဝိညာဉ်စွမ်းအားက ပျက်စီးသွားတာကြာပြီ။

“ဒါက အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖိုပဲ။”

ချီမင်ကပြောလိုက်တယ် “မင်းက ကောင်းကင်နဲ့မြေကြီး ယင်းလုံဖြစ်နေပြီ၊ ဒီ အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖိုက ရှေးခေတ်နတ်ဆိုးဧကရာဇ်: ယင်းလုံ ထားခဲ့တဲ့ ကိုယ်ပိုင် ဓမ္မရတနာတစ်ခုပဲ။ အခု ငါ မင်းကို ပေးလိုက်မယ်”

အမှောင်မီးလျှံက လေးလေးစားစားနဲ့ ခေါင်းညိတ်ပြီးလေးနက်စွာလက်ခံလိုက်တယ်။

“ဘာလုပ်ဖို့စဥ်းစားထားလဲ။”ချီမင်ကမေးလိုက်တယ်။

အမှောင်မီးလျှံကပြန်ဖြေတယ် “ဒီ အသင်္ချေဝိညာဉ်တောင်တန်းမြစ်ချောင်းစစ်မှန်နဂါးမီးဖိုက သူ့ရဲ့မူလဝိညာဉ်စွမ်းအား လုံးဝ ဆုံးရှုံးသွားပေမယ့် ကျွန်တော် ဒါကို နောက်တစ်ကြိမ်သန့်စင်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဓမ္မရတနာဖြစ်တဲ့ နဂါးနက်ပုလဲ နဲ့ ပေါင်းစပ်လိုက်ရင် ပြင်းထန်တဲ့ စွမ်းအားကို ထုတ်ဖော်နိုင်မှာ သေချာပါတယ်။”

ချီမင်ကပြောလိုက်တယ် “မင်းမှာ အကြံရှိနေမှတော့ မင်းပြောတဲ့အတိုင်း လုပ်လိုက်တော့”

“ဟုတ်ကဲ့ပါ သခင်။” အမှောင်မီးလျှံက ပြန်ဖြေတယ်။

“ငါတို့ ပြန်ကြစို့။”

ချီမင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် ကို ပြန်သွားတယ်။ ကပ်ဘေးဒုက္ခလေးနဲ့ အမှောင်မီးလျှံတို့က အနီးကပ်လိုက်ပါလာပြီး ကောင်းကင်လျှို့ဝှက်ချက် အိမ်တော် ကို ပြန်ရောက်သွားကြတယ်။ သိပ်မကြာခင်မှာပဲ မဟာအကြီးအကဲတွေက တစ်ယောက်ပြီးတစ်ယောက် လာရောက်တွေ့ဆုံကြတယ်။

တကယ်တော့…

ဂိုဏ်းချုပ် ယန်လီတောင် လာသွားတယ်။

ချီမင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်မှာ ကပ်ဘေးဒုက္ခလေးနဲ့ အမှောင်မီးလျှံတို့ကကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် အပြင်ဘက်မှာ တစ်ယောက်ပြီးတစ်ယောက် အတိဒုက္ခကို ဖြတ်ကျော်ကြတယ်။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းမှာ အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့ကြတယ်။

နောက်ရက်အနည်းငယ်အတွင်းမှာကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း တစ်ခုလုံးမှာ အပေါ်ကနေ အောက်ခြေအထိ လူတိုင်းက ဒီကိစ္စကို ဆွေးနွေးနေကြတယ်။ ချီမင့်ရဲ့ ဂုဏ်သတင်းက ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းမှာ ပိုပြီး မြင့်တက်လာတယ်။ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ရဲ့ မဟာအကြီးအကဲတွေနဲ့ နှိုင်းယှဉ်လို့ရလောက်အောင်လုံလောက်တယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ချီမင့်ရဲ့ အကူအညီကြောင့် ယန်လီက ဂိုဏ်းထဲက အင်အားစုကြီးအသီးသီးရဲ့ သူလျှိုတွေကို ရှင်းလင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အခု နှစ်ပေါင်းရာချီကြာသွားခဲ့ပြီ။

သူလျှိုတွေက အတွင်းစည်းတပည့်တွေပဲအများဆုံးဖြစ်ပေမယ့်ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းကို အင်အားစုကြီးအသီးသီးရဲ့ သူလျှိုတချို့က ထပ်ပြီး စိမ့်ဝင်နေပြန်ပြီ။

သူတို့က ချီမင့်အကြောင်း သတင်းအချက်အလက်တွေကို ပေးပို့နိုင်ခဲ့ကြတယ်။

အချိန်တိုအတွင်းမှာပဲ တောင်ပိုင်းဒေသရဲ့ အင်အားစုအသီးသီးဖြစ်တဲ့ နွေဦးဆောင်းဦး ဂိုဏ်း၊ ဗုဒ္ဓတစ်သောင်းဂိုဏ်း၊အသင်္ချေနတ်ဆိုးဂူ၊နတ်ဆိုးနန်းတော် စတာတွေအားလုံးက ချီမင့်ရဲ့ အခြေအနေကို သိသွားကြတယ်။ ဒါ့အပြင် တခြားဒေသသုံးခုကိုပါ တဖြည်းဖြည်း ပျံ့နှံ့သွားတယ်။

အရေးကြီးဆုံးက…

ဗဟိုဒေသမှာ အင်မော်တယ်တွေကလည်း ချီမင့်အကြောင်း သတင်းအချက်အလက်ကို ရရှိခဲ့တယ်။

ဒါ့အပြင် အရမ်းကို အသေးစိတ်ကျတယ်။

ဒါကြောင့် ချီမင်က အင်အားစုအားလုံးရဲ့ အမြင်ထဲကို ရောက်ရှိသွားပြီး သူတို့ရဲ့ အာရုံစိုက်မှုကို ခံလာရတယ်။ အင်အားစုအသီးသီးက ချီမင့်ရဲ့ ပါရမီက အရမ်းကို ကြောက်မက်ဖွယ်ကောင်းတယ်လို့ ခံစားလာကြတယ်။

ဒီလိုအခြေအနေအောက်မှာ အင်အားစုအများအပြားက ချီမင့်ကို ကိုင်တွယ်ချင်ကြတယ်။ ချီမင်က အမြဲတမ်း ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း မှာပဲ နေပြီး အပြင်ကို အခြေခံအားဖြင့် မထွက်ဘူး။ အင်အားစုကြီးအသီးသီးက ဂိုဏ်းကို မဖျက်ဆီးနိုင်သရွေ့ သူ့ကို ကိုင်တွယ်ဖို့ သိပ်မလွယ်ကူဘူး။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ ရှန်ကွမ်းဝမ်ကော၊ စုချီမန်နဲ့ ကောင်းကင်ဂူရဲ့ တာအိုပေါင်းစည်းခြင်းအဆင့်လက်အောက်ငယ်သားတွေက ရှေ့က အဓိကခုံမှာထိုင်နေတဲ့ ချီမင့်ရှေ့မှာ လေးလေးစားစားရပ်နေကြတယ်။

“နောက်ကျရင် ငါ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ကို အချိန်အတိုင်းအတာတစ်ခုအထိ ထားခဲ့မယ်။” ချီမင်က ရှိနေတဲ့လူတိုင်းကို ကြည့်ပြီးပြောလိုက်တယ် “ငါ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော် မှာ မရှိတဲ့အချိန်အတွင်းမှာ မင်းတို့က ကောင်းကောင်းဂရုစိုက်ရမယ်။ ဘာမှ မှားလို့မဖြစ်ဘူး”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

ရှန်ကွမ်းဝမ်ကောနဲ့ တခြားသူတွေက တစ်ပြိုင်နက်တည်း ပြန်ဖြေကြတယ်။

ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

ရှန်ကွမ်းဝမ်ကောနဲ့ တခြားသူတွေက အတိဒုက္ခကျော်လွှားခြင်းအဆင့် ဝိညာဉ်သားရဲနှစ်ကောင် မွေးဖွားလာတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြတယ်။ သူတို့ရဲ့စိတ်တွေက ပြင်းထန်တဲ့ ရိုက်ခတ်မှုကို ခံစားလိုက်ရတယ်။

ရှန်ကွမ်းဝမ်ကောနဲ့ တခြားသူတွေက ချီမင့်အပေါ်ထားတဲ့ ရိုသေလေးစားမှုက သူတို့ရဲ့နှလုံးသားထဲကို စိမ့်ဝင်သွားပြီ။

“ကပ်ဘေးဒုက္ခလေး၊ အမှောင်မီးလျှံ။”

ချီမင်က ဘေးနှစ်ဖက်မှာ ရပ်နေတဲ့ ကပ်ဘေးဒုက္ခလေးနဲ့ အမှောင်မီးလျှံကို ကြည့်ပြီးမေးလိုက်တယ် “အတိဒုက္ခကျော်လွှားခြင်းအဆင့်အကြောင်း ပြောပြဦး။”

ကပ်ဘေးဒုက္ခလေးနဲ့ အမှောင်မီးလျှံတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ ပြီးတော့ အမှောင်မီးလျှံက ရှေ့တစ်လှမ်းတိုးပြီးပြောလိုက်တယ် “သခင်၊ ကျွန်တော် အတိဒုက္ခကျော်လွှားခြင်းအဆင့်အကြောင်း ပြောပြပါ့မယ်။”

ချီမင်က ခေါင်းညိတ်လိုက်တယ် “ပြောပါ။”

အမှောင်မီးလျှံကဆက်ပြောတယ် “တာအိုပေါင်းစည်းခြင်းအဆင့် အကြောင်း အရင်ပြောရရင် အဲ့ဒီမှာ အဆင့်ငယ်သုံးခု ခွဲထားပါတယ်။ တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်တဲ့အခါ ကောင်းကင်နဲ့မြေကြီးက အပြန်အလှန်သိရှိပြီး ကောင်းကင်အတိဒုက္ခကို ဖြစ်ပေါ်စေတယ်။ ပထမအဆင့် ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရင် ကောင်းကင်နဲ့မြေကြီးရဲ့ နှစ်ခြင်းကို ခံယူရပြီး နောက်တစ်လှမ်းတိုးကာ အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့်ကို ရောက်ရှိသွားပါတယ်။”

“ကောင်းကင်အတိဒုက္ခရဲ့ စွမ်းအားက အရမ်းပြင်းထန်လို့ ကောင်းကင်အတိဒုက္ခကို ရှင်သန်ကျော်လွှားနိုင်ဖို့အတွက် တာအိုပေါင်းစည်းခြင်းအဆင့်က စွမ်းအားကြီးတဲ့လူတွေကကောင်းကင်ဂူတွေ တည်ဆောက်ကြတယ်။ သူတို့က ကောင်းကင်ဂူကမ္ဘာရဲ့ စွမ်းအားကို ထိန်းချုပ်ပြီး အတိဒုက္ခကို ကျော်လွှားဖို့ အားကိုးကြတယ်”

“တာအိုပေါင်းစည်းခြင်းအဆင့်မှာ အများဆုံး ကောင်းကင်ဂူ ကိုးခု တည်ဆောက်နိုင်ပြီး ကောင်းကင်ဂူ ကိုးခုရဲ့ စွမ်းအားကို ကျွမ်းကျင်တဲ့ တာအိုပေါင်းစည်းခြင်းအဆင့်ကျွမ်းကျင်သူတွေက တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိတယ်”

“ဒါပေမဲ့ ကောင်းကင်ဂူကမ္ဘာ ကိုးခုရဲ့ပေါင်းစပ်စွမ်းအားနဲ့တောင်မှ ပထမအဆင့် ကောင်းကင်အတိဒုက္ခတစ်ခုကို မရှင်သန်နိုင်ကြပါဘူး။”

ချီမင်က ခေါင်းအသာညိတ်လိုက်တယ် “ဆက်ပြော။”

အမှောင်မီးလျှံက ခဏရပ်ပြီးပြောလိုက်တယ် “နောက်တော့ အတိဒုက္ခကျော်လွှားခြင်းအဆင့် ပါ။ ကပ်ဘေးဒုက္ခလေးနဲ့ ကျွန်တော်က ပထမအဆင့် ကောင်းကင်အတိဒုက္ခကိုပဲ ကျော်လွှားပြီး ကောင်းကင်နဲ့မြေကြီးရဲ့ နှစ်ခြင်းကိုပဲ ခံယူခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က အတိဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့ ပထမအဆင့်မှာပဲ ရှိပါသေးတယ်။”

“တကယ်တော့ အတိဒုက္ခကျော်လွှားခြင်းအဆင့် ကို အဆင့်ကိုးဆင့် ခွဲထားပါတယ်”

“အတိဒုက္ခကျော်လွှားခြင်း ပထမအဆင့် က အနိမ့်ဆုံးပါ။ အဲ့ဒီအထက်မှာ အတိဒုက္ခကျော်လွှားခြင်းနဝမအဆင့်က အမြင့်ဆုံးပါ”

ချီမင်က အတိဒုက္ခကျော်လွှားခြင်းအဆင့် အပေါ် နားလည်မှုတွေ တဖြည်းဖြည်း များလာတယ်။

အတိဒုက္ခကျော်လွှားခြင်းအဆင့် မှာ စုစုပေါင်း အဆင့်ကိုးဆင့် ရှိတယ်။ အဆင့်တစ်ခုတက်တိုင်း ကောင်းကင်အတိဒုက္ခတစ်ခုကို ကြုံတွေ့ရမယ်။

ကောင်းကင်အတိဒုက္ခတစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်တိုင်း ကောင်းကင်နဲ့မြေကြီးရဲ့ နှစ်ခြင်းကို ခံယူရပြီး သူ့ရဲ့အင်အားနဲ့ ကျင့်ကြံမှုကို တိုးမြှင့်ရတယ်။ ဒါ့အပြင် ပို့မြင့်တဲ့နယ်ပယ်ကဖြစ်တည်မှုတစ်ခုဖြစ်သွားတယ်။

အဆင့်ပိုမြင့်လေလေ ကြုံတွေ့ရမယ့် ကောင်းကင်အတိဒုက္ခက ပိုပြီး ကြောက်စရာကောင်းလေဖြစ်တယ်။

ကောင်းကင်အတိဒုက္ခအားလုံးကို ဖြတ်ကျော်ပြီးရင် နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားမယ်။ ဒီအဆင့်က အတိဒုက္ခကို ကျော်လွန်ပြီး လျှို့ဝှက်နက်နဲကမ္ဘာ ရဲ့ အထွတ်ထိပ်ကို ရောက်ရှိသွားတယ်။

အဲ့ဒါကို မဟာယနအဆင့်လို့ ခေါ်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ရဲ့ ဘိုးဘေးသုံးပါးက မဟာယနအဆင့် မှာ ရှိကြတယ်။ သူတို့က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အထွတ်ထိပ်ကို ရောက်နေပြီ၊ ဒါပေမဲ့ သူတို့ မတက်လှမ်းနိုင်လို့ သူတို့ရဲ့သက်တမ်းက တဖြည်းဖြည်း လျော့ကျလာတယ်။ သူတို့က တားမြစ်နယ်မြေမှာ သူတို့ကိုယ်သူတို့ ချိပ်ပိတ်ပြီး အခွင့်အရေးကို စောင့်ဆိုင်းနေရုံပဲတတ်နိုင်တယ်။

အချိန်တွေ တဖြည်းဖြည်းကုန်လွန်လာတယ်။

သုံးရက်ကြာပြီးနောက်မှာ အရာအားလုံး အဆင်သင့်ဖြစ်နေပြီ။

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းကို ထားခဲ့ပြီး နတ်ဆိုးနန်းတော်ကို သွားကာ သူ့မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသားပါတဲ့ သူကို ရှာဖို့ စီစဉ်ထားတယ်။ သူက တခြားတစ်ဖက်ဆီကနေ သက်ဆိုင်တဲ့သဲလွန်စကို ရှာချင်တယ်။

ဒါ့အပြင် သူက လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ဧရာမ သားရဲကျွန်းဂိမ်းမြေအောက်စခန်းကို အကြိမ်ပေါင်းများစွာ ရှင်းလင်းခဲ့တယ်။ ဒီဂိမ်းမြေအောက်စခန်းကို ရှင်းလင်းတိုင်း ပုံသေ အဆင့်နိမ့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာ ရတဲ့အပြင် မတူညီတဲ့ပစ္စည်းတွေကိုလည်း ရတယ်။

ဒါပေမဲ့ ချီမင်က သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ် ကို တာအိုပေါင်းစည်းနိုင်မယ့် နည်းစနစ်ကို မရဘူး။

သေချာတာကနတ်ဆိုးနန်းတော်ကို မသွားခင်မှာ ချီမင်က ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီး နတ်ဆိုးနန်းတော် ရဲ့ အခြေအနေအမှန်ကို လေ့လာခဲ့တယ်။

နေ့လည်ချိန်မှာ ချီမင်က တရားဝင် ထွက်ခွာပြီး ရွှေရောင်အလင်း စီးခြင်း လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးလိုက်တယ်။ သူက တစ်ယောက်တည်းလို ဖြစ်နေပေမယ့် တကယ်တော့ ရှားပါးဝိညာဉ်သားရဲ ခြောက်ကောင်ကို ခေါ်ဆောင်သွားတယ်။

“သွားကြစို့။”

ချီမင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်ဘုံဉာဏ်အလင်း အိမ်တော်ကိုချန်ခဲ့တယ်။ သူက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် ကနေ ထွက်လာပြီး အပြင်ဘက်ကို ဦးတည်သွားတယ်။ အရမ်းကိုတိုတဲ့ အချိန်အတွင်းမှာ သူက ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းရဲ့ အကာအကွယ်အစီအရင်ရဲ့ အစွန်းကို ရောက်ရှိသွားတယ်။

သူက ခေါင်းမော့ပြီး အပေါ်ကို ကြည့်လိုက်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းကို အပြင်ကမ္ဘာကနေ လုံးဝ သီးခြားခွဲထုတ်ထားတဲ့ မမြင်ရတဲ့ အစီအရင်မျက်နှာပြင်ကို သူ မြင်လိုက်တယ်။ ကြည့်ရတာ တော်တော်လေး ထူးဆန်းတယ်။

ချီမင်က ပျံသန်းထွက်သွားတယ်။ သူ့ခါးက အင်မော်တယ်တက်လှမ်းခြင်း တိုကင်ဖြစ်တဲ့ချီမင့်ရဲ့အ‌ ထောက်အထားတိုကင်က အလင်းတန်းတွေလင်းလက်လာတယ်။ သူက ဂိုဏ်းအကာအကွယ်အစီအရင်ကို ဖြတ်ကျော်ပြီး အပြင်ကမ္ဘာကို ရောက်ရှိသွားတယ်။

“ဒါ…”

ချီမင်က သူ့ရှေ့မှာ မြင်ကွင်းတစ်ခု လက်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရတယ်၊ ကမ္ဘာနှစ်ခုရဲ့ အတားအဆီးကို ဖြတ်ကျော်လိုက်ရတာနဲ့တူတယ်။ သူက အလေးချိန်မရှိသလို ခံစားလိုက်ရတယ်။ သူ သတိပြန်ဝင်လာတဲ့အခါမှာ သူက အပြင်ကမ္ဘာကို ရောက်နေပြီ။

အပြင်ကမ္ဘာရဲ့ ပတ်ဝန်းကျင်က ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းရဲ့ ပတ်ဝန်းကျင်နဲ့ လုံးဝ ကွဲပြားတယ်။ ပထမဦးဆုံး အပြင်ကမ္ဘာရဲ့ ဝိညာဉ်ချီသိပ်သည်းအားက အရမ်းနည်းတယ်။ ချီမင်က အခု ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းအပြင်ဘက်မှာပဲ ရှိသေးတယ်၊ ဒါပေမဲ့ ဝိညာဉ်ချီက အရမ်းနည်းနေပြီ။ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းထဲက ဝိညာဉ်ချီသိပ်သည်းအားနဲ့ နှိုင်းယှဉ်ရင် အဆတစ်ရာကျော် ပိုဆိုးတယ်။

တစ်နည်းအားဖြင့် အပြင်ကမ္ဘာရဲ့ အချို့နေရာတွေမှာ ဝိညာဉ်ချီက ပိုပြီး ခေါင်ပါးလိမ့်မယ်။

“ပျောက်သွားပြီ။”

ချီမင်က လှည့်ပြီး တစ်ချက်ကြည့်လိုက်ပေမယ့် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းဒါမှမဟုတ် ဂိုဏ်းအကာအကွယ်အစီအရင်ကို မတွေ့ရဘူး။ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းတစ်ခုလုံးနဲ့ ဂိုဏ်းအကာအကွယ်အစီအရင်က လေထဲမှာ ပျောက်ကွယ်သွားတယ်။

ချီမင့်မျက်လုံးကနေရာအလွတ်ကွင်းပြင်ကြီးနဲ့ကြိုဆိုလိုက်ရတယ်။

ဒါက ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းနဲ့ ဂိုဏ်းအကာအကွယ်အစီအရင် ပျောက်ကွယ်သွားတာ မဟုတ်ဘဲ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းတစ်ခုလုံးက အစီအရင်နဲ့ သီးခြားခွဲထုတ်ထားလို့ဖြစ်တယ်။ ဒါက ပုံရိပ်ယောင်နဲ့ လက်တွေ့ကြားမှာ ရှိနေပြီး နေရာလွတ်ရဲ့ ကြားလွှာနဲ့ ဆင်တူတယ်။

ဒီလိုအခြေအနေအောက်မှာ သက်ဆိုင်ရာ နည်းလမ်းတွေနဲ့ နည်းစနစ်တွေ မရှိရင် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းနဲ့ ဂိုဏ်းအကာအကွယ်အစီအရင်ကို မမြင်နိုင်တဲ့အပြင် ထိတွေ့လို့လည်း မရဘူး။တွေ့လည်းမ တွေ့နိုင်ဘူး။

“ဖွင့်!”

ချီမင်က အင်မော်တယ်တက်လှမ်းခြင်း တိုကင်ကို ထုတ်ပြီး ညာဘက်လက်နဲ့ ညွှန်ကာ ကောင်းကင်ဘုံဉာဏ်အလင်းချိတ်စည်းကို သုံးလိုက်တယ်။ အင်မော်တယ်တက်လှမ်းခြင်း တိုကင် က သူ့ရှေ့မှာ အလင်းတန်းတွေ ထုတ်လွှတ်လိုက်တယ်။

သူ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းနဲ့ ဂိုဏ်းအကာအကွယ်အစီအရင်ကို မြင်လိုက်ရတယ်။

“တော်လောက်ပြီ။”

ချီမင်က အင်မော်တယ်တက်လှမ်းခြင်း တိုကင်ကို ကိုင်ပြီး နောက်ထပ် ချိတ်စည်းတစ်ခု ဖွဲ့စည်းလိုက်တယ်။ သူက ဂိုဏ်းအကာအကွယ်အစီအရင်ထဲကို ဝင်ပြီး ပြဿနာမရှိတာ သေချာမှ ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြီး လှည့်ထွက်သွားတယ်။

ချီမင်က ရွှေရောင်အလင်း စီးခြင်း အဖြစ် ပြောင်းလဲပြီးတော့ သူ့ရဲ့အရှိန်က အရမ်းမြန်သွားတယ်။ သူက အရမ်းကိုတိုတောင်းတဲ့ အချိန်အတွင်းမှာ မိုင်ရာပေါင်းများစွာကို ဖြတ်ကျော်ပြီး နတ်ဆိုးနန်းတော်ကို အမြန်ဦးတည်သွားတယ်။

ဗဟိုဒေသ ခမ်းနားတဲ့အင်မော်တယ်အိမ်တော် ရဲ့ကိုးထပ် မြောက်မှာ...

တစ်ခဏအတွင်းမှာပဲ မမြင်ရတဲ့ စွမ်းအားတစ်ခု ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေတာကြောင့် အင်မော်တယ်တောင်တစ်ခုလုံး တုန်ခါသွားပြီး အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။

“ငါ့အမိန့်ကို တခြား အင်မော်တယ်ဘုရင်တွေကိုအသိ ပေးပြီး အကြောင်းကြားလိုက်။ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ကနေ ထွက်သွားပြီ။ သူက တောင်ပိုင်းဒေသက နတ်ဆိုးနန်းတော်ကို သွားလိမ့်မယ်၊ ပြီးတော့ ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်တဲ့သူပဲ။”

အင်မော်တယ်ဘုရင် လင်းလုံကအော်လိုက်တယ် “ချီမင်မှာ ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ အကာအကွယ်နဲ့ နက်နဲတဲ့ စွမ်းအားတစ်ခု ရှိတယ်။ ငါ ဒီအချက်ကို ဖော်ထုတ်ဖို့ တန်ဖိုးကြီးကြီးမားမားကို သုံးလိုက်ရတယ်။”

“ချီမင်က ငါတို့ အင်မော်တယ်မျိုးနွယ်စုရဲ့ အစီအစဉ်မှာ ပြောင်းလဲမှုမတည်ငြိမ်မှုမသိကိန်းတွေထဲက တစ်ခုပဲ။”

“သူ့ကို တားဆီးလိုက်!”

“သူ့ကို ပြန်ခေါ်လာနိုင်ရင် အကောင်းဆုံးပဲ!”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့ပါ၊ အင်မော်တယ်ဘုရင် လင်းလုံ!”

ပတ်ဝန်းကျင်မှာ ချက်ချင်းပဲ လောကကြီးနဲ့မသက်ဆိုင်သလိုမျိုးထင်ရတဲ့ ပုံရိပ်တွေ ပေါ်လာတယ်။

တစ်ရက်ကြာပြီးနောက် မနက်ခင်းမှာ...

ချီမင်က တောင်ပိုင်းဒေသရဲ့ တစ်ဝက်ကျော်ကို ဖြတ်ကျော်ပြီး ဂိုဏ်းပေါင်းများစွာ ကျင့်ကြံသူမိသားစုတွေနဲ့ သာမန်ကမ္ဘာက နိုင်ငံတွေ၊ အင်ပါယာတွေရဲ့ နယ်မြေတွေကို ဖြတ်သန်းခဲ့တယ်။

သူက တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်ရဲ့ နယ်မြေထဲကို ရောက်ရှိလာပြီ။

All Chapters