← Chapters

ကောင်းကင်နတ်ဆိုးမြို့

Vol. 13 Ch. 192

ကောင်းကင်နတ်ဆိုးမြို့

Vol. 13 Ch. 192

ချီမင်က လက်ရှိမှာ နတ်ဆိုးမြို့တစ်မြို့ရဲ့ အထက်မှာ ရပ်နေပြီး အောက်ကို ငုံ့ကြည့်နေတယ်။

နတ်ဆိုးမြို့တစ်ခုလုံးကို မြို့ကာကွယ် ရေးအစီအရင်တစ်ခုက ဖုံးလွှမ်းထားတယ်။ မတူညီတဲ့ အဆောက်အအုံတွေက ပေါင်းစပ်ပြီး ကြီးမားခန့်ညားတဲ့ နတ်ဆိုးမြို့တစ်မြို့ကို ဖွဲ့စည်းထားတယ်။အရမ်းကိုခမ်းနားပြီး မြေကြီးပေါ်မှာ ဝပ်နေတဲ့ ရှေးဟောင်းသားရဲကြီးတစ်ကောင်နဲ့တူတယ်။

သတ်ဖြတ်လိုစိတ်အရှိန်အဝါနဲ့ နတ်ဆိုးချီတွေ ပျံ့နှံ့နေတာကို သူခံစားမိနိုင်တယ်။

“ရုပ်ခန္ဓာပြောင်းလဲခြင်း။” အတွေးတစ်ခုနဲ့ ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးလိုက်တယ်။ သူ့ရဲ့ အနှစ်သာရဝိညာဉ် ဓမ္မစွမ်းအားတွေက လည်ပတ်သွားပြီး သူ့တစ်ကိုယ်လုံးကို အလျင်အမြန် ဖုံးလွှမ်းသွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲချီမင်ရဲ့ ပုံသဏ္ဌာန်၊ အရှိန်အဝါ၊ ဓမ္မစွမ်းအား၊ အငွေ့အသက် တွေအားလုံးက အကြီးအကျယ် ပြောင်းလဲသွားတယ်။

“ပြီးပြီ။”

ချီမင်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သူ့ရဲ့ဓမ္မစွမ်းအားတွေက နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲသွားတယ်။ သူက ရုပ်ခန္ဓာပြောင်းလဲခြင်း ရဲ့ အံ့ဖွယ်စွမ်းအားကို သုံးပြီး သူ့ကိုယ်သူ စွမ်းအားကြီးတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တယ်။

သူ့ပုံစံက လေးထောင့်ကျတဲ့မျက်နှာနဲ့ ထွားကြိုင်းတဲ့ လူလတ်ပိုင်းတစ်ယောက်လို ဖြစ်သွားတယ်။ သာမန်လူတစ်ယောက်နဲ့ လုံးဝနီးပါး တူညီပေမယ့် သူ့နားရွက်တွေက ရွှေရောင်အမွှေးတွေနဲ့ ခြင်္သေ့နားရွက်တွေ ဖြစ်နေတယ်။

ချီမင်က သူ့ရဲ့ဓမ္မစွမ်းအားနဲ့ မှန်တစ်ချပ်အဖြစ် ပြောင်းလဲပြီး မှန်ထဲက ပုံရိပ်ကို ကြည့်လိုက်တယ်။ သူက အရမ်းကျေနပ်သွားတယ်။ ဘာအပြစ်အနာအဆာမှ မမြင်ရဘူး။”ခုကစပြီး ငါက နတ်ဆိုးကျင့်ကြံသူ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင် ပဲ။”

“မဆိုးဘူး၊ မဆိုးဘူး။” ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

ချီမင် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ကနေ ထွက်လာတဲ့အချိန်မှာပဲ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက အလွန်အမင်းကိုဖရိုဖရဲနဲ့ရှုပ်ထွေးနေပြီဖြစ်တဲ့ သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နှက်နေတာကို သူ ခံစားလိုက်ရတယ်။

အရမ်းရှုပ်ထွေးပြီး သိပ်သည်းတဲ့ ကောင်းကင်လျှို့ဝှက်ချက် သတ်ဖြတ်လိုစိတ်က ချီမင်ကို သက်ရောက်မှုရှိလာတယ်။

ချီမင် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းကနေ ထွက်လာတဲ့အခါမှာ ဗဟိုဒေသက အင်မော်တယ်ဘုရင် လင်းလုံက အထွတ်အထိပ် ကောင်းကင်လျှို့ဝှက်ချက်ကို သုံးပြီး သူ့ကို တွက်ချက်ခဲ့တာကြောင့် သတင်းအချက်အလက်တစ်စိတ်တစ်ပိုင်း ကဖော်ထုတ်ခံ လိုက်ရတယ်။

ချီမင်က မူလက သန့်စင်ရွှေခန္ဓာကကာကွယ်ထားလို့နည်းစနစ်အားလုံးကိုခုခံနိုင်တယ်။ချီမင်ကိုကောင်း ကင်လျှို့ဝှက်ချက်တာအိုက ကာကွယ်ထားတာကြောင့် အင်မော်တယ်ဘုရင် လင်းလုံက ချီမင့်အကြောင်းကို တွက်ချက်ဖို့ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။ ကောင်းကင်လျှို့ဝှက်ချက် အတိဒုက္ခအောက်မှာ သက်ရှိအားလုံးက ညီမျှတယ်။

သတိသာမထားရင် မြင့်မြတ်ပြီးစွမ်းအားကြီးတဲ့ မဟာယနအဆင့် ကျင့်ကြံသူတောင် သေဆုံးနိုင်တယ်။

ဒါကြောင့် ချီမင်က သတင်းအချက်အလက်တစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်လိုက်ရတယ်။

ဒါပေမဲ့ ချီမင်မှာ သန့်စင်ရွှေခန္ဓာကာကွယ်ထားလို့ သူ ဖော်ထုတ်ခံရတဲ့အခါ ခံစားမိတယ်။ သူက သူ့ရဲ့အံ့ဖွယ်စွမ်းအားကို သုံးပြီး တန်ပြန်တွက်ချက်ရင်းကမ္မအားလုံးကို သိသွားတယ်။

သူ့စိတ်ထဲမှာ အစီအစဉ်တစ်ခုချလိုက်တယ်။

နတ်ဆိုးမြို့ရဲ့ ဂိတ်အပြင်ဘက်မှာ မနက်အစောကြီးကတည်းက ချီမင်ကရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်အဖြစ် ပြောင်းလဲထားပြီးပြီ။ သူ့မှာ လူသားကျင့်ကြံသူရဲ့ အရှိန်အဝါမရှိတော့ဘဲ နတ်ဆိုးကျင့်ကြံသူတွေရဲ့ ရှေ့မှာ ပေါ်လာတယ်။ ဘယ်သူမှ ချီမင်နဲ့ပတ်သက်ပြီး ထူးခြားတာတစ်ခုခုကို ရှာတွေ့မကြဘူး။

ပြီးတော့ သူက အဓိကအုပ်စုနောက်ကို လိုက်ပြီး နတ်ဆိုးမြို့ထဲကို ဝင်သွားတယ်။

မြို့ဂိတ်က အစောင့်တွေကလည်း သူ့ဆီမှာ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ ရှာမတွေ့ကြဘူး။

တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်က အရမ်းစွမ်းအားကြီးပြီး တောင်ပိုင်းဒေသက နတ်ဆိုးကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေအားလုံးက တောင့်တကြတဲ့ မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်တယ်။ ချီမင်တွက်ချက်မိတဲ့ သူရဲ့ မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသား ရှိတယ်။ တခြားတစ်ဖက်က တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော် ရဲ့ နတ်ဆိုးဒေသမှာ နေထိုင်တယ်။

ဒီလိုအခြေအနေအောက်မှာ ချီမင်က နတ်ဆိုးဒေသထဲကို စိမ့်ဝင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရုံပဲ တတ်နိုင်တယ်။

တောင်ပိုင်းဒေသက နတ်ဆိုးတွေက နတ်ဆိုးဘုရား (၁၂)ပါးရဲ့ အဖွဲ့အစည်း (၁၂) ခုအဖြစ် ခွဲခြားထားတယ်။ သူတို့ကို နတ်ဆိုးဘုရား (၁၂) ပါးဖြစ်တဲ့ ရှန်ယန်၊ လုဝူ၊ ခိုင်မင်၊ ကျိမုန်၊ ယင်းကျောင်း၊ ပိုင်ဇယ်၊ ချုံချီ၊ လုသွမ်၊ ကွေ့ချီ၊ ပိဖန်း၊ ကျိုယင်းနဲ့ ချုံမင်ငှက်တို့ရဲ့ နာမည်တွေနဲ့ မှည့်ခေါ်ထားတယ်။

နတ်ဆိုးဘုရား (၁၂) ပါးရဲ့အထက်မှာ နတ်ဆိုး‌ဒေသကောင်းကင်နန်းတော်ရှိတယ်။

ခြုံပြီးပြောရရင် တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော် က နတ်ဆိုးဒေသတစ်ခု တည် ဆောက်ဖို့ အထွတ်အထိပ် ဓမ္မစွမ်းအားကို သုံးထားတယ်။

နတ်ဆိုးဘုရား (၁၂) ပါးနဲ့ နတ်ဆိုးကောင်းကင်နန်းတော်အားလုံးက နတ်ဆိုးဒေသထဲမှာ ရှိကြတယ်။

ဒါ့အပြင် နတ်ဆိုးဒေသကို တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော် အစီအရင်က ကာကွယ်ထားတယ်။ သူ့ရဲ့သဘာဝက ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်း ရဲ့ ဂိုဏ်းကာကွယ် ရေးအစီအရင်နဲ့တူတယ်။ နတ်ဆိုး ဒေသကို ကာကွယ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်ချီကို စုစည်းပေးတယ်။ နတ်ဆိုး‌ ဒေသအပြင်ဘက်မှာ တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော် က နတ်ဆိုးမြို့ (၁၀၈) မြို့ကိုလည်း တည်ထောင်ထားတယ်။ ဒီနတ်ဆိုးမြို့ (၁၀၈) မြို့ကနေတစ်ဆင့် ပြင်ပကမ္ဘာက သွေးသစ်တွေကို စုဆောင်းနိုင်တယ်။ နတ်ဆိုးကျင့်ကြံသူ ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်က ပါရမီလုံလောက်သရွေ့ သူတို့က နတ်ဆိုးမြို့ (၁၀၈) မြို့ကနေတစ်ဆင့် နတ်ဆိုး ဒေသထဲကို ဝင်ပြီး နတ်ဆိုးနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်ကာ တဖြည်းဖြည်း သန်မာလာလို့ရတယ်။

ဒါကြောင့် ချီမင်က မျက်ခုံးကြားမှာ ရွှေရောင်နဂါးအမှတ်အသားပါတဲ့ သူကို ရှာချင်ရင် သူက နတ်ဆိုး ဒေသအပြင်ဘက်က နတ်ဆိုးမြို့ (၁၀၈) မြို့ကနေတစ်ဆင့် ဖြတ်သန်းခွင့် ကို အရင်ယူရမယ်။ နတ်ဆိုး ဒေသထဲကို ဝင်ပြီးတော့နတ်ဆိုးကောင်းကင်နန်းတော်ထဲကို ဝင်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားနိုင်တယ်။

အခု ချီမင်ကနတ်ဆိုးမြို့ (၁၀၈) မြို့ထဲက တစ်မြို့ဖြစ်တဲ့ ကောင်းကင်နတ်ဆိုးမြို့ထဲကိုဝင်လာတယ်။

နေ့လည်ချိန်မှာ ချီမင်က ကောင်းကင်နတ်ဆိုးမြို့ ရဲ့ မြို့အရှင်အိမ်တော်ရှေ့ကို ရောက်လာတယ်။

သူ မော့ကြည့်လိုက်တယ်။

တံခါးအထက်မှာ ကောင်းကင်နတ်ဆိုးမြို့ မြို့အရှင်အိမ်တော်ရဲ့ ဆိုင်းဘုတ်က သူ့အမြင်အာရုံထဲကို ဝင်လာတယ်။

ပြီးတော့ သူက မြို့အရှင်အိမ်တော်ဘက်ကို လျှောက်သွားလိုက်တယ်။

“ရပ်စမ်း။” မြို့အရှင်အိမ်တော်ရဲ့ အစောင့်က ချီမင့်ရှေ့မှာ ရပ်တန့်လိုက်တယ်”မင်း ဘယ်သူလဲ။ မင်းမှာ ဘာအဆင့်အတန်းရှိလဲ။ ဒါက ကောင်းကင်နတ်ဆိုးမြို့ရဲ့ မြို့အရှင်အိမ်တော်ပဲ။ မင်းလို သာမန်နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဒီနေရာကို ခြေချလို့မရဘူး။”

“ထွက်သွားစမ်း!” ချီမင့်ရဲ့အကြည့်က ခံစားချက်ကင်းမဲ့ပြီး သူ့ရဲ့အရှိန်အဝါက လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး မမြင်ရတဲ့ အသံလှိုင်းစွမ်းအားတစ်ခုက ပျံ့နှံ့သွားကာ သူ့ရှေ့က အစောင့်နှစ်ယောက်ကို လွင့်ထွက်သွားစေတယ်။

“အား!!!”

အစောင့်နှစ်ယောက်က အော်ဟစ်ပြီး လွင့်ထွက်သွားကာ သွေးတွေအန်ထုတ်လိုက်တယ်။

“ရန်သူတိုက်ခိုက်တယ်! ရန်သူတိုက်ခိုက်တယ်!”

“နတ်ဆိုးကျင့်ကြံသူတစ်ယောက်က မြို့အရှင်အိမ်တော်ကို တိုက်ခိုက်နေတယ်!”

သူတို့ အော်ဟစ်လိုက်ကြတယ်။

“ဘာလဲ”

“နတ်ဆိုးကျင့်ကြံသူတစ်ယောက်က မြို့အရှင်အိမ်တော်ကို တိုက်ခိုက်နေတယ်!”

“သူ ဘယ်ကဒီလောက်သတ္တိတွေ ရလာတာလဲ။”

“သူ သေချင်နေတာလား။”

ဒီနေရာက ရုတ်ရုတ်သဲသဲဖြစ်မှုက ပတ်ဝန်းကျင်က နတ်ဆိုးကျင့်ကြံသူအများကြီးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တယ်။ သူတို့က လှမ်းကြည့်နေကြပြီး သူတို့ရဲ့မျက်နှာတွေက စူးစမ်းလိုစိတ်တွေနဲ့ ပြည့်နှက်နေတယ်။

ဒီအချိန်မှာ မြို့အရှင်အိမ်တော်ရဲ့ တံခါး ပွင့်သွားတယ်။

အရမ်းတိုတောင်းတဲ့ အချိန်အတွင်းမှာ မြို့အရှင်အိမ်တော်ရဲ့ စစ်သားတွေက တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြတယ်။ သူတို့က အရေအတွက်အများကြီးရှိပြီး မျက်စိတစ်မှိတ်အတွင်းမှာ တစ်ထောင်ကျော်သွားတယ်။ သူတို့အားလုံးက လက်နက်အပြည့်အစုံနဲ့ကြမ်းတမ်းတဲ့နတ်ဆိုးချီတွေ ရှိကြတယ်။ သူတို့က အစီအရင်တစ်ခု ဖွဲ့စည်းပြီး ချီမင်ကို ဝန်းရံထားလိုက်ကြတယ်။

“ဒီနတ်ဆိုးကျင့်ကြံသူက ဘယ်ကလာတာလဲ။ မြို့အရှင်အိမ်တော်ကို တိုက်ခိုက်ရဲတယ်။”

“မြန်မြန် လက်နက်ချစမ်း။”

“လက်နက်ချ!”

မြို့အရှင်အိမ်တော်က နတ်ဆိုးကျင့်ကြံသူ တစ်ထောင်ကျော်က အော်ဟစ်လိုက်ကြတယ်။

“ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ။” ချီမင်ရဲ့အကြည့်က ခံစားချက်ကင်းမဲ့ နေပြီး သူ့ရဲ့အရှိန်အဝါက ပိုပြီး လွှမ်းမိုးနိုင်စွမ်းရှိလာတယ်၊ “မင်းတို့ကမညီညာတဲ့စစ်တပ်တစ်ခုသာသာပဲ။ ငါ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်ကို တားဆီးချင်တာလား။”

“မြန်မြန် ဘေးဖယ်စမ်း။”

“မဟုတ်ရင် ငါ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင် က မင်းတို့ ကောင်းကင်နတ်ဆိုးမြို့ ရဲ့ မြို့အရှင်ကို မျက်နှာသာ မပေးဘူးလို့ အပြစ်မတင်နဲ့။”

“အတင့်ရဲလှချည်လား!”

“ကောင်းကင်နတ်ဆိုးအစီအရင် ဖွဲ့စည်းကြ။”

“ငါတို့ ဒီမောက်မာတဲ့ နတ်ဆိုးကျင့်ကြံသူကို သူ့နေရာသူ သိအောင် လုပ်ရမယ်။”

“တိုက်ခိုက်!”

မြို့အရှင်အိမ်တော်က နတ်ဆိုးကျင့်ကြံသူစစ်သား တစ်ထောင်ကျော်က အော်ဟစ်လိုက်ကြတယ်။ သူတို့က သူတို့ရဲ့နတ်ဆိုးချီကို လည်ပတ်ပြီး ထူးဆန်းတဲ့ခြေလှမ်းတွေနဲ့ ကောင်းကင်နတ်ဆိုးအစီအရင် ကို ဖွဲ့စည်းလိုက်တယ်။

ချက်ချင်းပဲ သူ့ပတ်လည်မှာ နတ်ဆိုးချီတွေက ကောင်းကင်ကို မြင့်တက်သွားပြီး စွမ်းအင်တွေ တိုးဝင်လာကာ ကြီးမားတဲ့ ကောင်းကင်နတ်ဆိုး ဓမ္မရုပ်တုတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

“အကြောက်အရွံ့ကင်းခြင်္သေ့ချိတ်စည်း။”

ချီမင့်ရဲ့အကြည့်က မထူးမခြားနားဖြစ်နေတယ်။ လက်တစ်ဖက်ဝှေ့ယမ်းလိုက်တာနဲ့နတ်ဆိုးစွမ်းအားတွေက မြင့်တက်လာပြီး ကြီးမားတဲ့ ရွှေခြင်္သေ့ချိတ်စည်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားတယ်။ ဖျက်ဆီးနိုင်စွမ်းအပြည့်နဲ့ ကောင်းကင်နတ်ဆိုး ဓမ္မရုပ်တုကို တိုက်ရိုက် ချိုးဖျက်လိုက်တယ်။ သနားစရာကောင်းတဲ့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတယ်။

မြို့အရှင်အိမ်တော်က နတ်ဆိုးကျင့်ကြံသူစစ်သား တစ်ထောင်ကျော်က သွေးတွေအန်ထုတ်ပြီး လွင့်ထွက်သွားကြတယ်။ သူတို့က အရမ်းကိုသနားစရာကောင်းပြီး အားလုံး မြေကြီးပေါ်ကို လဲကျသွားကာပြန်တောင် မထနိုင်လောက်တဲ့အထိ ဒဏ်ရာပြင်းပြင်းရသွားကြတယ်။

“မင်းတို့က အမှိုက်တစ်စုပဲ။”

ချီမင်က မထီမဲ့မြင်ပြုတဲ့ အမူအရာနဲ့ လွှမ်းမိုးနိုင်ပြင်းထန်စွာ ပြောလိုက်တယ်”ကောင်းကင်နတ်ဆိုးမြို့က နတ်ဆိုးကျင့်ကြံသူစစ်သားအားလုံးက ဒီလိုအမှိုက်တွေလား။ ရယ်စရာကောင်းလိုက်တာ။ ဗုဒ္ဓတစ်သောင်းဂိုဏ်း ရဲ့ ဗုဒ္ဓဘာသာလမ်းစဉ်နဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာ မထူးဆန်းပါဘူး။”

“လူယုတ်မာ!”

“မင်း… မင်း…”

ကောင်းကင်နတ်ဆိုးမြို့က နတ်ဆိုးကျင့်ကြံသူတွေ ဒေါသထွက်သွားကြတယ်။

“အရမ်း မောက်မာတာပဲ။”

“တကယ်ကို အရမ်း မောက်မာတာပဲ။”

“မင်း ဘယ်သူလဲ။”

“မင်းက မြို့အရှင်အိမ်တော်ကို ဒီလောက်‌တောင်မျက်နှာပြောင်တိုက်ပြီးတိုက်ခိုက်ရဲတယ်ပေါ့။”

ပတ်ဝန်းကျင်က နတ်ဆိုးကျင့်ကြံသူအများကြီးကလည်း ကြိမ်းမောင်း နေကြတယ်။

“ငါက ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင် ပဲ။”

ချီမင်က ရှိနေတဲ့ နတ်ဆိုးကျင့်ကြံသူအားလုံးကို မျက်လုံးဝေ့ကြည့်လိုက်တယ်”ဒီနာမည်ကို မှတ်ထားလိုက်။ ဘာလို့လဲဆိုတော့ မဝေးတော့တဲ့အနာဂတ်မှာ ဒီနာမည်က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှာ ကျော်ကြားလာလိမ့်မယ်”

“ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်။”

“ငါ သူ့အကြောင်း မကြားဖူးဘူး။”

“ရွှေခြင်္သေ့သွေးမျိုးဆက်ကများ ဖြစ်မလား။”

“ဒါပေမဲ့ ရွှေခြင်္သေ့သွေးမျိုးဆက်မှာ ဒီလောက်မောက်မာတဲ့ မျိုးနွယ်ဝင်တစ်ယောက်ရှိတယ်လို့ ငါ မကြားဖူးဘူး။”

“ဒါ…”

နတ်ဆိုးကျင့်ကြံသူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အတော်လေး စိတ်ရှုပ်ထွေးသွားကြတယ်။

ဒီအချိန်မှာ ကောင်းကင်နတ်ဆိုးမြို့ ရဲ့ မြို့အရှင်အိမ်တော်ထဲမှာ...

အရမ်းကိုစွမ်းအားကြီးတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးကျင့်ကြံသူတွေ ပေါ်လာကြတယ်။ ဒီနတ်ဆိုးကျင့်ကြံသူတွေက သာမန်နတ်ဆိုးကျင့်ကြံသူတွေ မဟုတ်ဘဲ နက်နဲတဲ့ ကျင့်ကြံမှုအဆင့်ရှိတဲ့ စွမ်းအားကြီးနတ်ဆိုးကျင့်ကြံသူတွေ ဖြစ်ကြတယ်။ သူတို့က ကောင်းကင်နတ်ဆိုးမြို့မှာ အရေးကြီးတဲ့ ရာထူးတွေကို ယူထားကြတယ်။

ဒီနတ်ဆိုးကျင့်ကြံသူတွေရဲ့ အလယ်မှာ ချီမင်က မိန်းမဆန်တဲ့ပုံစံရှိပြီး အဖြူရောင်မြေခွေးအမြီးပါတဲ့ ကောင်းကင်နတ်ဆိုးမြို့ရဲ့ မြို့အရှင် ဟူကျိုရှန်ကို တွေ့လိုက်တယ်။ သူ့ရဲ့အကြည့်က အေးစက်နေပြီး ချီမင်အပေါ်ကို ကျရောက်လာတယ်။

“ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်။” ဟူကျိုရှန်က အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ် “မြို့အရှင်အိမ်တော်ထဲကို ကျူး ကျော်ဝင်ရောက်ပြီး နတ်ဆိုးကျင့်ကြံသူအများကြီးကို ဒဏ်ရာရအောင်လုပ်တဲ့ ပြစ်မှုက ဘယ်လောက်ကြီးလေးလဲဆိုတာ မင်းသိလား”

“ဟားဟားဟား…” ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူ့ရဲ့မုတ်ဆိတ်နဲ့ ဆံပင်တွေက လွင့်ခါနေပြီး သူကအရမ်းကိုလွှမ်းမ်ိုးနိုင်စွမ်းရှိတယ်။ သူ သရုပ်ဆောင်ထားတဲ့ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင် က ဒီလိုလွှမ်းမိုးနိုင်စွမ်းပြင်းထန်ပြီးမောက်မာကာအထက် စီးဆန်တဲ့ ဇာတ်ကောင်မျိုးဖြစ်တယ် “ရယ်စရာ ကောင်းတယ်၊ တကယ်ကို ရယ်စရာကောင်းတယ်။ ကြီးလေးတဲ့ ပြစ်မှု ဟုတ်လား။ ဘာကြီးလေးတဲ့ ပြစ်မှုလဲ။ မင်းက ငါ့ကို အပြစ်ပေးနိုင်မယ်လို့ ထင်နေတာလား။”

ချီမင်က အော်ဟစ်လိုက်တယ်။ ကြောက််ဖို့ ကောင်းတဲ့ နတ်ဆိုးချီတွေ မြင့်တက်လာတယ်။ အရမ်းပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခု ပါဝင်ပြီး ပြင်းထန်တဲ့ ယန်အရှိန်အဝါတွေနဲ့ ပြည့်နှက်နေတယ်။

ချီမင်နောက်မှာ မျက်စိကျိန်းလောက်တဲ့ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကြီးမားတဲ့ ဓမ္မရုပ်တုတစ်ခု သိပ်သည်းသွားတယ်။ ဒီဓမ္မရုပ်တုပေါ်လာပြီးတော့အရှည်က မီတာတစ်သောင်းလောက် မြင့်သွားတယ်။ မျက်စိကျိန်းလောက်တဲ့ ရွှေရောင်တွေကြီးဖြစ်ပြီး မရေမတွက်နိုင်အောင်ကြီးမားချဲ့ထွင်ထားတဲ့ ရွှေခြင်္သေ့တစ်ကောင်နဲ့တူသွားတယ်။

ပိုပြီး ကြောက်စရာကောင်းတာက… ဒီရွှေခြင်္သေ့မှာ ခေါင်းကိုးလုံး ရှိနေတယ်။

ကြောက်ဖို့ကောင်းတယ်! အရမ်းကိုကြောက်ဖို့ကောင်းတယ်!!!

“ဒါ… ဒါက…”

“ရှေးခေတ်နတ်ဆိုးသားရဲ၊ ခေါင်းကိုးလုံး ရွှေခြင်္သေ့။”

“ဟ…” “သူ… သူက ရွှေခြင်္သေ့သွေးမျိုးဆက်က မဟုတ်ဘဲ ခေါင်းကိုးလုံး ရွှေခြင်္သေ့ပဲ။ သူရဲ့သွေးမျိုးဆက်က ခေါင်းကိုးလုံး ရွှေခြင်္သေ့ပဲ!!”

“ဒါကပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့ပဲ။”

“ဒါ… ဒါ…”

တုန်လှုပ်စရာကောင်းတယ်။

အရမ်းကိုတုန်လှုပ်စရာကောင်းတယ်။

ပတ်ဝန်းကျင်မှာ နတ်ဆိုးကျင့်ကြံသူအားလုံးက အံ့သြတကြီးအော်ဟစ်လိုက်ကြတယ်။ သူတို့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူတို့ရဲ့အမူအရာတွေက လေးစားမှုတွေနဲ့ ပြည့်နေတယ်။

“မင်း… မင်း…” ဟူကျိုရှန်ကလည်း ဒီကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါနဲ့ ဖိအားကို ခံစားမိပြီး သူ့မျက်နှာက ပိုပြီး ဖြူဖျော့သွားတယ်၊ “မင်းမှာ တကယ်ပဲ ခေါင်းကိုးလုံး ရွှေခြင်္သေ့ရဲ့ သွေးမျိုးဆက် ရှိနေတာလား။”

“ဟုတ်တယ်။” ချီမင်က ဂုဏ်ယူစွာနဲ့ပြောလိုက်တယ် “ငါ့ရဲ့ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကို ချိုးဖြတ်သွားပြီးတော့ ငါ့ဘိုးဘေးရဲ့သွေးမျိုးဆက်ကို လုံးဝ နိုးထသွားတယ်။ ငါရဲ့ ခေါင်းကိုးလုံး ရွှေခြင်္သေ့မျိုးဆက်ကို ပြန်အသက်ဝင်လာတယ်။ ဒါကြောင့် ငါက နတ်ဆိုးဒေသထဲကို ဝင်ပြီး နတ်ဆိုးနန်းတော်ထဲကို ဝင်ဖို့ ဒီကို အထူးတလည် လာခဲ့တာ။ ငါက နတ်ဆိုးနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီး ခေါင်းကိုးလုံး ရွှေခြင်္သေ့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို လိုချင်တယ်။”

“တောင်ပိုင်းဒေသတစ်ခုလုံးမှာ နတ်ဆိုးနန်းတော်ကလွဲရင် ခေါင်းကိုးလုံး ရွှေခြင်္သေ့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ရှာဖို့ နည်းလမ်းမရှိဘူး။ ငါ ဒီကိုပဲ လာနိုင်တယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းတို့ရဲ့ ကောင်းကင်နတ်ဆိုးမြို့က အနီးဆုံးပဲ။”

“မင်း နတ်ဆိုးနယ်မြေထဲကို ဝင်ချင်တာလား။” ဟူကျိုရှန်က ချီမင့်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။

“ဘာလို့ မရမှာလဲ။” ချီမင်က သူ့ကို တည့်တည့်ကြည့်ပြီး ပြန်ဖြေလိုက်တယ်။

All Chapters