← Chapters

နတ်ဆိုးတောက်ပကြေးမုံနဲ့ နတ်ဆိုးဘုရား ဆယ့်နှစ်ပါး

Vol. 13 Ch. 193

နတ်ဆိုးတောက်ပကြေးမုံနဲ့ နတ်ဆိုးဘုရား ဆယ့်နှစ်ပါး

Vol. 13 Ch. 193

ပတ်ဝန်းကျင်မှာတော့ နတ်ဆိုးကျင့်ကြံသူတွေ အားလုံး ပါးစပ်ပိတ်ပြီး ငြိမ်သွားကြတယ်။ သူတို့အားလုံးရဲ့ မျက်လုံးတွေထဲမှာ ချီမင်ကိုလေးစားတဲ့ အကြည့်တွေနဲ့ ပြည့်နေတယ်။ တစ်ချိန်တည်းမှာပဲ တော်တော်များများက အားကျပြီး မနာလိုတွေ ဖြစ်နေကြတယ်။

သူတို့ မနာလိုဖြစ်နေတာက ချီမင်က သူ့ဘိုးဘေးရဲ့ သွေးမျိုးဆက်ကို ပြန်နိုးထနိုင်လို့ဖြစ်တယ်။ ဒါ့အပြင် အဲ့ဒီသွေးမျိုးဆက်က နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ ခေါင်းကိုးလုံးရွှေခြင်္သေ့ သွေးမျိုးဆက်ဖြစ်နေတယ်။ ဒီလို ရှေးခေတ်နတ်ဆိုးသွေးမျိုးဆက်မျိုးက ချီမင်ကို နတ်ဆိုးနန်းတော်ထဲမှာ မြင့်မားတဲ့နေရာနဲ့ အခွင့်အရေးတွေ ရစေဖို့ လုံလောက်တယ်။

ဒါကို ကြည့်တာနဲ့ သိနိုင်တယ်။

ကောင်းကင်နတ်ဆိုးမြို့မှာ အများစုက နတ်ဆိုးကျင့်ကြံသူတွေချည်းဖြစ်တယ်။ နတ်ဆိုးသားရဲပုံစံအတိုင်း နေတဲ့နတ်‌ဆိုးဆိုတာ ရှားတယ်၊ ဘာလို့လဲဆိုတော့ ကောင်းကင်နတ်ဆိုးမြို့အများစုကို နတ်ဆိုးကျင့်ကြံသူတွေနဲ့ပဲ တည်ဆောက်ထားတာဖြစ်တယ်။

တခြားနတ်ဆိုးမြို့(၁၀၇) မြို့မှာ အများစုက နတ်ဆိုးသားရဲတွေကနေ ဖြစ်လာတဲ့ နတ်ဆိုးတွေဖြစ်တယ်။

“ဟူး...”

ဟူကျိုရှန်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပြောတယ်၊ “ရှဲ့ရွှင်၊ မင်း နတ်ဆိုးဒေသထဲကို ဝင်လို့ရတာတော့ သေချာတယ်။ ဒါပေမဲ့ မင်းရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ဘယ်သူဘယ်ဝါဆိုတာကို စစ်ဆေးရလိမ့်မယ်။ ပြီးတော့ သက်ဆိုင်ရာ စမ်းသပ်မှုကိုလည်း အောင်မြင်မှ ဝင်လို့ရမှာ။”

“မင်းပြောတာတွေက ပြဿနာမရှိပါဘူး။” ချီမင်က လက်ကာပြပြီး ခေါင်းကိုးလုံးရွှေခြင်္သေ့ပုံရိပ်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ သူရဲကောင်းဆန်ဆန်ပြောလိုက်တယ်၊ “မင်းတို့ ငါ့ရဲ့ အထောက်အထားနဲ့ နောက်ကြောင်းကို စိတ်ကြိုက်သာစစ်။ ပြောတဲ့ စမ်းသပ်မှုကတော့ ပိုတောင် အရေးမကြီးသေးတယ်။”

“ကောင်းပြီလေ။” ဟူကျိုရှန်က ခေါင်းညိတ်လိုက်တယ် “ဒါဆိုလည်း လောလောဆယ် မြို့အရှင်အိမ်တော်မှာပဲ ခဏနေပေးပါ။ အားလုံးစစ်ဆေးပြီးသွားရင် စမ်းသပ်မှုကို ကျော်ဖြတ်လိုက်ပေါ့။ အဲ့ဒီအခါကျရင် နတ်ဆိုးဒေသထဲကို ဝင်လို့ရပြီ။”

“ရတယ်။” ချီမင်က ခေါင်းညိတ်လိုက်တယ်။

အဲ့ဒီနောက်မှာ ချီမင်က မြို့အရှင်အိမ်တော်ထဲကို ဝင်သွားတယ်။ ဟူကျိုရှန်က ချီမင်အတွက် နေဖို့နေရာစီစဉ်ပေးပြီး သူ့ရဲ့နောက်ကြောင်းနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မေးမြန်းတယ်။ ချီမင်ကလည်း တစ်ခုမကျန် ပြန်ဖြေပေးလိုက်တယ်။

ချီမင်က ရုပ်ခန္ဓာပြောင်းလဲခြင်းနည်းစနစ်နဲ့ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်အဖြစ် ပြောင်းလဲထားတာရုံတင် မဟုတ်ဘူး။ မပြောင်းခင်ကတည်းက သူက ကောင်းကင်စူးစမ်းခြင်းနဲ့ အနာဂတ်အာရုံဆိုတဲ့ အံ့ဖွယ်စွမ်းအားနှစ်ခုကို သုံးထားတယ်။ ဒါ့အပြင် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်ပြီး နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ အထောက်အထားအသစ်တစ်ခုကို ဖန်တီးထားခဲ့တယ်။

ဒါကြောင့် ချီမင်က သူ့ရဲ့အထောက်အထားနဲ့ နောက်ကြောင်းအတွက် အကုန်အဆင်သင့် ပြင်ဆင်ထားတယ်။ ဘယ်လိုမှ ဟာကွက်မှမရှိဘူး။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက် ကုန်သွားတယ်။

မနက်လင်းတော့ ဟူကျိုရှန် ရောက်လာတယ်။

“မြို့အရှင်ဟူ။” ချီမင်က တံခါးကို တွန်းဖွင့်ရင်းမေးတယ်၊ “ဒီရက်ပိုင်း စုံစမ်းရတာ ဘယ်လိုနေလဲ။”

“ခြင်္သေ့ဘုရင်ရှဲ့ရွှင်။” ဟူကျိုရှန်က အထဲကိုဝင်လာရင်းပြောတယ် “မင်းရဲ့ အထောက်အထားနဲ့ နောက်ကြောင်းကို စစ်ဆေးဖို့ ငါတို့ သုံးရက်တိတိ အချိန်ယူလိုက်ရတယ်။ ပြီးတော့ အတည်ပြုဖို့ ခြင်္သေ့ဘုရင်တောင်ကို အထူးတလည် သွားစစ်ခဲ့သေးတယ်။”

ချီမင်က ကျေနပ်တဲ့ပုံနဲ့ ခေါင်းညိတ်တယ်၊ “ပြဿနာမရှိဘူးဆိုရင် စမ်းသပ်မှုကို ဘယ်တော့လုပ်မလဲ။”

“ခြင်္သေ့ဘုရင်ရှဲ့ရွှင်က ဒီလောက်တောင် လောနေမှတော့ အခုချက်ချင်း လုပ်လိုက်လို့ရပါတယ်။”

“ဒါဆို လမ်းပြပေးပါဦး မြို့အရှင်။” ချီမင်က လက်ယှက်ပြီး ဦးညွှတ်လိုက်တယ်။

“ဒီဘက်ကိုကြွပါ။” ဟူကျိုရှန်က ချီမင်ကို သူ့နောက်လိုက်ဖို့ အချက်ပြလိုက်တယ်။

ချီမင်လည်း ဟူကျိုရှန်နောက်ကလိုက်ပြီး သူ့ရဲ့တည်းခိုဆောင်ကနေ ထွက်လာတယ်။ မြို့အရှင်အိမ်တော်ရဲ့ စင်္ကြံတစ်လျှောက် လျှောက်လာရင်း အိမ်တော်ရဲ့ အလယ်ဗဟိုနေရာကို ရောက်လာကြတယ်။

ဒီနေရာမှာ... ခန့်ညားပြီး ရှေးကျတဲ့ ခန်းမကြီးတစ်ခုရှိတယ်။

နာမည်က ကောင်းကင်နတ်ဆိုးခန်းမလို့ခေါ်တယ်။

“ငါ့နောက် လိုက်ခဲ့။”

ချီမင်လည်း လိုက်သွားတယ်။

ပထမဆုံး ဟူကျိုရှန်က လက်နဲ့ အစီအရင်ချိတ်စည်းတွေ ဖွဲ့စည်းလိုက်တော့ အဲ့ဒီပုံရိပ်တွေက ကောင်းကင်နတ်ဆိုးခန်းမရဲ့ တံခါးထဲကို တိုးဝင်ပျောက်ကွယ်သွားပြီး တံခါးက အလိုလိုပွင့်လာတယ်။

တံခါးက တုန်ခါသွားတယ်။

“ဝင်ခဲ့လေ။”

ချီမင်လည်း ဟူကျိုရှန်နောက်ကနေ ကောင်းကင်နတ်ဆိုးခန်းမထဲကို ဝင်သွားတယ်။ အထဲမှာ အတော်ကျယ်ဝန်းတဲ့ ခန်းမကြီးတစ်ခုရှိပြီး အလယ်တည့်တည့်မှာ ဘဲဥပုံ ကြေးမုံကြီးတစ်ချပ်ရှိနေတယ်။

ကြေးမုံရဲ့ ပတ်ပတ်လည်မှာတော့ နက်နဲတဲ့ အစီအရင်တစ်ခုကို တပ်ဆင်ထားတယ်။

“ဒါက ဘာကြီးလဲ။” ချီမင်က မေးလိုက်တယ်။

ဟူကျိုရှန်က အနည်းငယ်ပြောလိုက်တယ် “ဒါက နတ်ဆိုးတောက်ပကြေးမုံပဲ။ နတ်ဆိုးနန်းတော်ရဲ့ အထွတ်အထိပ်ရတနာတစ်ခုပဲ။ ဒါက နတ်ဆိုးတောက်ပကြေးမုံရဲ့ ပုံတူတစ်ခုပဲ၊ ဒါပေမဲ့ ကြေးမုံရဲ့ စွမ်းအားတစ်ချို့တစ်ဝက်တော့ ပိုင်ဆိုင်ထားတယ်။”

“နတ်ဆိုးတောက်ပကြေးမုံအောက်မှာဆိုရင် ဘယ်အရာမှ ဖုံးကွယ်ထားလို့မရဘူး။”

“နောက်လုပ်ရမှာက မင်းက ဒီကြေးမုံရဲ့ စမ်းသပ်မှုကို အောင်မြင်ဖို့ပဲလိုတယ်။ အဲ့ဒါဆိုရင် နတ်ဆိုးဒေသကို သွားခွင့်ရပြီ။ အဲ့ဒီအခါကျရင် ခြင်္သေ့ဘုရင်ရှဲ့ရွှင်ရဲ့ အရည်အချင်းနဲ့ဆို နတ်ဆိုးနန်းတော်မှာတောင် နေရာတစ်နေရာ ရနိုင်မှာသေချာတယ်။”

ချီမင်က မျက်ခုံးပင့်ပြီး နတ်ဆိုးတောက်ပကြေးမုံကို အကဲခတ်လိုက်တယ်။ ဒီကြေးမုံမှာ နက်နဲပြီးကြီးမားတဲ့ စွမ်းအားတွေ ရှိနေတာကို သူခံစားမိနေတယ်။ “တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာလည်း ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံဆိုတာရှိတယ်။ အဲ့ဒါက တကယ့်အင်မော်တယ်လက်နက်တစ်ခုဖြစ်တယ်။ ဒီနတ်ဆိုးတောက်ပကြေးမုံရဲ့ စွမ်းရည်က အဲ့ဒီကြေးမုံနဲ့ နည်းနည်းဆင်တယ်။ ဒီနှစ်ခုများ တစ်ခုခုပတ်သက်နေမလားလို့ သူသိချင်သွားတယ်။

“ခြင်္သေ့ဘုရင်ရှဲ့ရွှင် စလို့ရပြီ။” ဟူကျိုရှန်က အချက်ပြလိုက်တယ်။

ချီမင်က ခေါင်းညိတ်လိုက်တယ်။ သူ့စိတ်ထဲမှာ ဘာကြောက်စိတ်မှ မရှိဘူး။

သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးသွားပြီ။ ဒါ့အပြင် ရုပ်ခန္ဓာပြောင်းလဲခြင်းဆိုတာကလည်း အရမ်းခက်တဲ့အံ့ဖွယ်စွမ်းအားမဟုတ်ဘူး။ ချီမင်ရဲ့ ရုပ်ခန္ဓာပြောင်းလဲခြင်းက အပြစ်အနာအဆာလုံးဝမရှိသလောက်ဖြစ်တယ်။

ပြီးတော့ သူ့ရှေ့ကဟာက နတ်ဆိုးတောက်ပကြေးမုံရဲ့ ပုံတူလေးဖြစ်ပြီး အစစ်မဟုတ်ဘူး။ စွမ်းအားက အများကြီးလျော့နည်းနေတယ်။ ဒီကြေးမုံကိုယ်ပွားလောက်နဲ့တော့ သူ့ရဲ့ အထောက်အထားအစစ်ကို ဘယ်လိုမှ ရှာတွေ့မှာမဟုတ်ဘူးဆိုတာ ချီမင်က သေချာတယ်။

“ဒီနတ်ဆိုးတောက်ပကြေးမုံရဲ့ စွမ်းရည်ကို သိရသေးတာပေါ့။” ချီမင်က စိတ်ထဲကတွေးရင်း ကြေးမုံရှေ့ကို လျှောက်သွားလိုက်တယ်။

သူ့ရဲ့ နှစ်မီတာနီးပါးမြင့်တဲ့ သန်မာတဲ့ခန္ဓာကိုယ်ကြီးက ကြေးမုံရှေ့မှာ ခန့်ညားစွာရပ်နေပြီး စူးစိုက်ကြည့်လိုက်တယ်။

ဘေးမှာတော့ ဟူကျိုရှန်ကလည်း အသက်အောင့်ပြီး စောင့်ကြည့်နေတယ်။ တစ်ခုခုလွဲချော်တာနဲ့ နတ်ဆိုးတောက်ပကြေးမုံပုံတူရဲ့ ပတ်လည်က အစီအရင်ကို ချက်ချင်းအသက်သွင်းဖို့ အသင့်ပြင့်ထားတယ်။

ခဏအကြာမှာ နတ်ဆိုးတောက်ပကြေးမုံကိုယ်ပွားပေါ်မှာ အလင်းလှိုင်းတွေ ပေါ်လာတယ်။ ဖြူဖျော့ဖျော့အရောင်နဲ့ အလင်းတန်းတွေက ချီမင်ရဲ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပေမယ့် ထူးခြားတာဘာမှမဖြစ်လာဘူး။

အဖြူရောင်အလင်းတွေ ပျောက်ကွယ်သွားတဲ့အခါ...

မှန်ထဲမှာတော့ ချီမင်ရဲ့ ပုံရိပ်က ပေါ်လာတယ်။

ချီမင်က မှန်ထဲမှာ အသက်ဝင်နေတဲ့ ခေါင်းကိုးလုံးရွှေခြင်္သေ့တစ်ကောင်ကို တွေ့လိုက်ရတယ်။ အဲ့ဒီခြင်္သေ့က ကောင်းကင်ကို မော့ပြီး ဟိန်းဟောက်နေတယ်။ သူ့ရဲ့တစ်ကိုယ်လုံးမှာရွှေရောင်နေလုံးကြီးတစ်ခုလို ရွှေရောင်မီးတောက်တွေ တောက်လောင်နေတယ်။

“ဒီနတ်ဆိုးတောက်ပကြေးမုံက တော်တော်မိုက်တာပဲ။”

ချီမင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဆိုးတောက်ပကြေးမုံကို စိတ်ဝင်တစား ကြည့်လိုက်တယ် “ငါ့ရဲ့ သွေးမျိုးဆက်အစစ်ကိုတောင် ထင်ဟပ်ပြနိုင်တာပဲ။ ဒီလိုဆိုတော့ ဒါက တကယ့်ရတနာပဲ။”

အဲ့ဒီနောက်မှာပဲ နတ်ဆိုးတောက်ပကြေးမုံထဲကနေ သန့်စင်တဲ့အဖြူရောင်အလင်းတစ်ခု ထပ်ပေါ်လာတယ်။ ကြေးမုံမျက်နှာပြင်က ရေကန်ထဲကို ခဲတစ်လုံးပစ်ချလိုက်သလို လှိုင်းဂယက်တွေထပြီး အဖြူရောင်တိုကင်ပြားလေးတစ်ခု မှန်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတယ်။

“ဒါက...”

ချီမင်က အဲ့ဒီအဖြူရောင်တိုကင်ပြားကို အကဲခတ်လိုက်တယ်။

သေချာကြည့်လိုက်တော့ တိုကင်ရဲ့ကျောဘက်မှာ လူမျက်နှာ၊ ကျားကိုယ်၊ ကျားခြေသည်းနဲ့ အမြီးကိုးချောင်းပါတဲ့ နတ်ဆိုးဘုရားတစ်ပါးရဲ့ ပုံရိပ်ကို အသက်ဝင်နေအောင် ထွင်းထုထားတယ်။ ရှေ့ဘက်မှာတော့ လုဝူတိုကင်ဆိုတဲ့ စာလုံးသုံးလုံးကို ရေးထွင်းထားတယ်။

“ဂုဏ်ယူပါတယ် ခြင်္သေ့ဘုရင်ရှဲ့ရွှင်။ မင်းနတ်ဆိုးတောက်ပကြေးမုံရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။”

ဟူကျိုရှန်က သက်ပြင်းချပြီး စိတ်အေးသွားတယ်။ သူက အမြန်လျှောက်လာပြီး ချီမင်ကို ရှင်းပြလိုက်တယ်၊ “မင်းကို နတ်ဆိုးဘုရား ဆယ့်နှစ်ပါးထဲက လုဝူမျိုးနွယ်စုထဲ ဝင်ဖို့ ရွေးလိုက်တာပဲ။”

“ဒီ လုဝူတိုကင်က သက်သေပဲ။”

“နတ်ဆိုးဘုရား လုဝူ။”

ချီမင်က မျက်ခုံးပင့်ပြီး လုဝူတိုကင်ကို လှမ်းယူလိုက်တယ်။ သူ့လက်ဖဝါးထဲမှာတင်ပြီး အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်လိုက်တယ်”ဒါက လုဝူတိုကင်လား။ ဘာအသုံးဝင်လို့လဲ။”

“ခြင်္သေ့ဘုရင်ရှဲ့ရွှင်၊ လုဝူနတ်ဆိုးဘုရားမျိုးနွယ်က နတ်ဆိုးဘုရားဆယ့်နှစ်ပါးထဲမှာ အဆင့်နှစ်နေရာမှာ ရှိတယ်။ အဆင့်တစ် နတ်ဆိုးဘုရား ရှန်ယန်ရဲ့အောက်မှာပဲ ရှိတယ်။ ဂုဏ်ယူပါတယ် ခြင်္သေ့ဘုရင်။”

ဟူကျိုရှန်က ပြုံးပြီးပြောတယ်။ အရင်ကနဲ့မတူဘဲ သူ့ရဲ့လေသံနဲ့ အမူအရာက ပိုပြီး ဖော်ရွေသွားတယ်။

အရင်က ချီမင်က နတ်ဆိုးကျင့်ကြံသူပုံစံ ပေါက်နေပေမဲ့ မြို့အရှင်အိမ်တော်ကို စော်ကားခဲ့တော့ ဟူကျိုရှန် မျက်နှာပျက်ခဲ့ရတယ်။ ပါးစပ်ကထုတ်မပြောပေမဲ့ စိတ်ထဲမှာတော့ ကျေနပ်မှာမဟုတ်ဘူး။ ပြီးတော့ ချီမင်က ဘယ်ကမှန်းမသိတဲ့ နောက်ကြောင်းနဲ့ နတ်ဆိုးဒေသထဲဝင်ဖို့ ကြိုးစားနေတော့ ဟူကျိုရှန်ဘက်က သတိထားတာ သဘာဝကျတယ်။ ဒါကြောင့်လည်း ချီမင်ကို သုံးရက်တိတိ စုံစမ်းခဲ့တာဖြစ်တယ်။ အခု ချီမင်ရဲ့ နောက်ကြောင်းရာဇဝင်မှာ ဘာမှရှုပ်ထွေးမှုမရှိတာ သေချာသွားပြီမို့ သူလည်း စိတ်အေးနိုင်သွားပြီ။

ချီမင်က နတ်ဆိုးတောက်ပကြေးမုံအောက်မှာ သူ့ရဲ့သွေးမျိုးဆက်အစစ်ကို ပြသလိုက်တော့ ဟူကျိုရှန်အမြင်မှာတော့ ချီမင်က တကယ့်နတ်ဆိုးစစ်စစ် ဖြစ်သွားပြီ။ အခုတော့ ဟူကျိုရှန်ကချီမင်ကို တကယ်လက်ခံသွားပြီး အရင်လို သတိထားမနေတော့ဘူး။ ဒါ့အပြင် ဟူကျိုရှန်ကိုယ်တိုင်ကလည်း နတ်ဆိုးဘုရားဆယ့်နှစ်ပါးထဲက လုဝူမျိုးနွယ်ဝင်တစ်ယောက်ဖြစ်တယ်။ ဆိုတော့ သူတို့နှစ်ယောက်က မျိုးနွယ်တူတွေ ဖြစ်သွားပြီ။

“ဒီ လုဝူတိုကင်က နတ်ဆိုးနန်းတော်မှာ မင်းရဲ့ သက်သေခံကတ်ပြားပဲ။ နတ်ဆိုးနန်းတော်ရဲ့ အစီအရင်ကနေတစ်ဆင့် နတ်ဆိုးဒေသထဲကိုဝင်ဖို့ ဒါရှိမှဖြစ်မယ်။” ဟူကျိုရှန်က ရှင်းပြတယ်။

ချီမင်က နားလည်သွားတယ် “ဒါဆို ဝင်ခွင့်ကတ်ပြားပေါ့။”

“ဒါက သူ့ရဲ့လုပ်ဆောင်ချက်တွေထဲက တစ်ခုပဲ။” ဟူကျိုရှန်က ဆက်ရှင်းပြတယ်၊ “ဒါကမင်း လုဝူမျိုးနွယ်ထဲကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ ပြီးတော့ ဒီ လုဝူတိုကင်နဲ့ဆိုရင် လုဝူမျိုးနွယ်ရဲ့ နတ်ဆိုးကျင့်စဉ်တွေနဲ့ နတ်ဆိုးအံ့ဖွယ်စွမ်းအားတွေကို ရနိုင်တယ်။”

“ဒါက နတ်ဆိုးနန်းတော်မှာ မင်းရဲ့ သက်သေခံ အထောက်အထားပဲ။”

“မင်းလိုချင်တဲ့ ခေါင်းကိုးလုံးရွှေခြင်္သေ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်ကလည်း လုဝူမျိုးနွယ်မှာ ရှိတယ်။ မင်းသာ လုဝူမျိုးနွယ်အတွက် အကျိုးတစ်ခုခု ဆောင်နိုင်မယ်ဆိုရင် အဲ့ဒီကျင့်ကြံခြင်းနည်းစနစ်နဲ့ လဲလှယ်နိုင်မှာ သေချာတယ်။”

“ကောင်းပြီ၊ ငါ သဘောပေါက်ပြီ။”

ချီမင်က ပြောတယ်၊ “ငါ စမ်းသပ်မှုလည်း အောင်ပြီ၊ လုဝူတိုကင်လည်းရပြီ၊ လုဝူမျိုးနွယ်ထဲလည်း ရောက်ပြီဆိုတော့ နောက်တစ်ဆင့် နတ်ဆိုးဒေသထဲကို ဘယ်လိုဝင်ရမလဲ။”

“စိတ်မပူနဲ့။မင်းလုပ်ရမှာက လုဝူတိုကင်ကို သန့်စင်လိုက်ဖို့ပဲ။ အဲ့ဒီအခါကျရင် နတ်ဆိုးဒေသထဲကို ဘယ်လိုဝင်ရမလဲဆိုတဲ့နည်းလမ်းကို အဲ့ဒီထဲကနေ သိရလိမ့်မယ်။”

“လုဝူတိုကင်ကို သန့်စင်မယ်။”

စိတ်ကူးလိုက်တာနဲ့ ချီမင်ရဲ့ ဓမ္မစွမ်းအားတွေက ထွက်လာတယ်။ ဒါပေမဲ့ ဟူကျိုရှန်ရဲ့အမြင်မှာတော့ ချီမင်က သူ့ရဲ့နတ်ဆိုးစွမ်းအင်ကို ထုတ်ပြီး လုဝူတိုကင်ထဲကို ထည့်သွင်းကာ သန့်စင်ဖို့ ကြိုးစားနေတယ်လို့ပဲ မြင်နေရတယ်။

လုဝူတိုကင်က အဖြူရောင်အလင်းတစ်ခု ထုတ်လွှတ်လိုက်တယ်။ နောက်တစ်ခဏမှာပဲ ချီမင်က ကောင်းကင်ကိုတောင် တုန်ခါသွားစေတဲ့ ကျားဟိန်းသံကြီးကို သူ့နားထဲမှာ ကြားလိုက်ရတယ်။ ပြီးတော့ ခန့်ညားတဲ့ လုဝူတစ်ကောင်ရဲ့ ပုံရိပ်က သူ့စိတ်ထဲမှာ ပေါ်လာတယ်။

“ကြေမွစမ်း။”

အတွေးတစ်ချက်နဲ့ သန့်စင်ခြင်းသုံးပါးတို့ရဲ့ ပုံရိပ်ပေါ်လာတယ်။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ စွမ်းအားနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုစွမ်းအားကိုသုံးပြီး သူ့စိတ်ထဲက လုဝူပုံရိပ်ကို တိုက်ရိုက် ချေမွပစ်လိုက်တယ်။

ဒီလိုနဲ့ ချီမင်က တိုကင်ကို လွယ်လွယ်ကူကူပဲ သန့်စင်လိုက်နိုင်တယ်။

All Chapters