← Chapters

နတ်ဆိုးဒေသသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 194

နတ်ဆိုးဒေသသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 194

ချီမင်က လုဝူတိုကင်ကို အလွယ်တကူ သန့်စင်လိုက်ပြီး ဟူကျိုရှန်ပြောခဲ့သလိုပဲ အဲ့ဒီထဲမှာပါတဲ့ သတင်းအချက်အလက်တွေက ချီမင်ရဲ့ စိတ်ထဲကို တိုးဝင်လာတယ်။

ချီမင်က အဲ့ဒီအချက်အလက်တွေကို မှတ်သားပြီး နားလည်သွားတယ်။

လုဝူတိုကင်က ပို့ပေးတဲ့ အချက်အလက်တွေအရ တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်က ဖန်တီးထားတဲ့ နတ်ဆိုးဒေသဆိုတာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ သဘာဝချင်း တူတူပဲဆိုတာ သူနားလည်သွားတယ်။ အဲ့ဒါတွေက စစ်မှန်မှုနဲ့ ပုံရိပ်ယောင်ကြားမှာ တည်ရှိပြီး နေရာလွတ်ရဲ့ အလယ်မှာ ရှိနေတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဂိုဏ်းကိုကာကွယ်တဲ့ အစီအရင်နဲ့ ဖုံးအုပ်ထားတာနဲ့တူတယ်။

တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်ကိုလည်း နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့ ကာကွယ်ထားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အစီအရင်က ကောင်းကင်နဲ့ မြေကြီးနဲ့ ဆက်စပ်နေတယ်။

အဲ့ဒါက မယုံနိုင်စရာ စွမ်းအားအမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုကြီးမားတဲ့ အစီအရင်တစ်ခုဖြစ်တယ်။

အလားတူပဲ၊ နတ်ဆိုးနန်းတော်ရဲ့ နယ်ပယ်ကာကွယ်ရေးအစီအရင်ကလည်း အရမ်းကြီးမားတဲ့ အစီအရင်တစ်ခုဖြစ်တယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်စပ်ထားပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်ထားတာကြောင့် စွမ်းအားအမျိုးမျိုးကို ပိုင်ဆိုင်ထားတယ်။

နတ်ဆိုးနန်းတော်ရဲ့ နတ်ဆိုးဘုရား ဆယ့်နှစ်ပါးရဲ့ တိုကင်နဲ့ ကောင်းကင်နန်းတော်က တိုကင်တွေကို အထူးနည်းလမ်းနဲ့ သန့်စင်ထားတာကြောင့် နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့ ဆက်သွယ်ပြီး အာရုံခံနိုင်တယ်။

သူ့လက်ထဲက တိုကင်ကို သုံးပြီး သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း သူ့ရဲ့နတ်ဆိုးစွမ်းအားကို သုံးစွဲပြီး အသက်သွင်းလိုက်တာနဲ့ ယာယီဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်တယ်။ တိုကင်ကိုင်ထားတဲ့ နတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေက နတ်ဆိုးဒေသထဲကို ဝင်ဖို့ ဒီယာယီဟင်းလင်းပြင်လမ်းကြောင်းကို သုံးနိုင်တယ်။ ကိုင်ထားတဲ့ တိုကင်အမျိုးအစားပေါ်မူတည်ပြီး နတ်ဆိုးဒေသရဲ့ မတူညီတဲ့ဒေသတွေကို ပို့ဆောင်ပေးတယ်။

“ဒါက…”

ဟူကျိုရှန်က ချီမင်ကို ကြည့်ပြီး သူ့မျက်နှာမှာ အံ့အားသင့်တဲ့အမူအရာ ထပ်ပေါ်လာတယ်၊ “ခြင်္သေ့ဘုရင်ရှဲ့ရွှင်က တကယ်တော်ပါပေတယ်။ ရှေးခေတ်နတ်ဆိုး ခေါင်းကိုးလုံးရွှေခြင်္သေ့ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး လုဝူတိုကင်ကိုလည်း အလွယ်တကူ သန့်စင်နိုင်တယ်။”

“လုဝူတိုကင်တိုင်းမှာ နတ်ဆိုးဘုရား လုဝူရဲ့ စိတ်ဆန္ဒနည်းနည်းတော့ ပါတယ်။ အဲ့ဒီစိတ်ဆန္ဒနဲ့ ပေါင်းစပ်ဖို့ မလွယ်ဘူး။”

“အဲ့ဒီတုန်းက ငါဆို လုဝူတိုကင်ကို အပြည့်အဝ သန့်စင်ဖို့ တစ်လတောင် အချိန်ယူခဲ့ရတယ်။”

“မင်း တကယ်အံ့သြဖို့‌ ကောင်းတယ်။”

“အရမ်းခက်တာလား။” ချီမင်က ပခုံးတွန့်လိုက်တယ် “စိတ်ဆန္ဒနည်းနည်းနဲ့ ဖြစ်ပေါ်လာတဲ့ ပုံရိပ်လေးတစ်ခုပါပဲ။ မခက်ဘူး။ အလွယ်တကူ ဖြေရှင်းလို့ရတယ်။”

“ဒါက…” ဟူကျိုရှန်က ခဏလောက်ကြောင်သွားပြီးမှ ခါးခါးသီးသီး ပြုံးလိုက်တယ်၊ “ငါ အများကြီးညံ့‌ သေးတယ်။”

“ငါ လုဝူတိုကင်ကို ရပြီးပြီ။ နတ်ဆိုးဒေသထဲကို ဘယ်လိုဝင်ရမလဲဆိုတာလည်း သိသွားပြီဆိုတော့ ကောင်းကင်နတ်ဆိုးမြို့မှာ ကြာကြာနေတော့မှာ မဟုတ်ဘူး။” ချီမင်က ပြောတယ်၊ “ငါ နတ်ဆိုးဒေသကို တန်းသွားတော့မယ်။”

“ခြင်္သေ့ဘုရင်ရှဲ့ရွှင်။” ဟူကျိုရှန်က ပြောတယ်၊ “ငါက မင်းနဲ့ တူတူပါပဲ။ ငါလည်း လုဝူမျိုးနွယ်ဝင်တစ်ယောက်ပဲ။ နတ်ဆိုးနယ်မြေမှာ နတ်ဆိုးဘုရား ဆယ့်နှစ်ပါးအရ နတ်ဆိုးနယ်မြေတစ်ခုလုံးကို ဒေသဆယ့်နှစ်ခု ခွဲထားတယ်။”

“ဒေသဆယ့်နှစ်ခုရဲ့ အထက်မှာ နတ်ဆိုးကောင်းကင်နန်း တော်ရှိတယ်။”

“ဒါက မင်း နတ်ဆိုးဒေသကို ပထမဆုံးအကြိမ် ဝင်တာမလား။ မင်း မသိသေးတာတွေ၊ နားမလည်သေးတာတွေ အများကြီးရှိမယ်လို့ ငါထင်တယ်။ ဒါကြောင့် ငါ မင်းနဲ့အတူ နတ်ဆိုးဒေသကို လိုက်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးရင် ကောင်းမလား။”

“မလိုဘူး။” ချီမင်က လက်ကာပြပြီး လုဝူတိုကင်ကို သိမ်းလိုက်တယ်။ “ငါ ခရီးတွေ အများကြီးသွားဖူးပြီး အန္တရာယ်တွေလည်း အများကြီး ကြုံခဲ့ဖူးတယ်။ အကြိမ်ပေါင်းများစွာ သေခြင်းရဲ့အစွန်းကိုဖြတ်ခဲ့လို့ လက်ရှိ အောင်မြင်မှုတွေ ရလာတာ။”

“နတ်ဆိုးဒေသက နတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ နှလုံးသားထဲမှာတော့ မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်ပေမဲ့ ငါ တစ်ယောက်တည်း သွားချင်တယ်။ စေတနာအတွက် ကျေးဇူးတင်ပါတယ် ဟူကျိုရှန်။”

“ဒါ…” ဟူကျိုရှန်က စိတ်ထဲမှာ အတော်လေး နှမြောသွားတယ်။ သူက ဒီရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်နဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ချင်တာဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီရွှေခြင်္သေ့ဘုရင်က အရည်အချင်းရှိတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆိုတာ သေချာတယ်။ အနာဂတ်မှာလည်း အကန့်အသတ်မဲ့ တိုးတက်နိုင်တဲ့သူမျိုးနဲ့ အခုလိုအချိန်မှာ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်ရင် အနာဂတ်မှာ အဆတစ်ရာမက ပြန်အကျိုးခံစားရနိုင်တယ်။

ကံမကောင်းစွာပဲ ချီမင်က ဟူကျိုရှန်ရဲ့ စေတနာကို ငြင်းပယ်လိုက်တယ်။

ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စဖြစ်တယ်။ ချီမင်က တကယ့် နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူး။ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်ဆိုတာ ချီမင်က ဖန်တီးထားတဲ့ အထောက်အထားတစ်ခုဖြစ်တယ်။ ခေါင်းကိုးလုံးရွှေခြင်္သေ့ သွေးမျိုးဆက်ဆိုတာကလည်း ချီမင်က အံ့ဖွယ်စွမ်းအားနဲ့ ဖန်တီးထားတဲ့အရာတစ်ခုဖြစ်တယ်။

ချီမင် ပြသခဲ့တဲ့ အရာအားလုံးက အတုတွေချည်းဖြစ်တယ်။ မြို့အရှင်အိမ်တော်ရဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ သိုင်းနည်းစနစ်ပဲအစစ်ဖြစ်တယ်။ ဒါပေမဲ့ ရုပ်ခန္ဓာပြောင်းလဲခြင်းနည်းစနစ်နဲ့ အသွင်ပြောင်းထားသေးတယ်။

ချီမင်က ဂိမ်းမြေအောက်စခန်းတွေ အများကြီးရှင်းထားပြီးနည်းစနစ်တွေ အများကြီး ရထားတယ်။ ဒါ့အပြင် ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းကို သုံးပြီး ကျင့်ကြံနိုင်တာကြောင့် သူရထားတဲ့ နည်းစနစ်တွေကို အကုန်လုံး ကျွမ်းကျင်ထားတယ်။

ဒါကြောင့် ချီမင် သုံးနိုင်တဲ့ သိုင်းနည်းစနစ်တွေ အများကြီးရှိတယ်။

ဒီနည်းနဲ့ဆို သူက မတူညီတဲ့ အထောက်အထားမျိုးစုံနဲ့ လွယ်လွယ်ကူကူ အယောင်‌ဆောင်နိုင်ပြီး သရုပ်ဆောင်နိုင်တယ်။

“ကောင်းပြီလေ။”

ဟူကျိုရှန်က ခဏလောက်စဉ်းစားပြီး ကျောက်စိမ်းပြားလေးတစ်ခု ထုတ်ပေးလိုက်တယ်။ သူက ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ ကြိုးစားနေတယ်“ဒီကျောက်စိမ်းစလစ်လေးထဲမှာ နတ်ဆိုးဒေသအကြောင်း အချက်အလက်တွေ အများကြီး မှတ်တမ်းတင်ထားတယ်။ ခြင်္သေ့ဘုရင်ရှဲ့ရွှင် ယူပြီး သေချာဖတ်ကြည့်ပါ။ အဲ့ဒီအခါကျရင် မင်းအတွက် အထောက်အကူ ဖြစ်လိမ့်မယ်။”

“ကျေးဇူးတင်ပါတယ်။” ချီမင်က ဟူကျိုရှန်ကို ကြည့်ပြီး လက်ခံလိုက်တယ်။

ချီမင် စိတ်ထဲက တွေးနေတယ်၊ ဒီမြို့အရှင်ဟူသာ ငါက နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘဲ လူသားဆိုတာ သိသွားရင် သူ့စိတ်တွေ ပြိုလဲသွား လောက်တယ်။ သူက ငါ့ကို ဒါတွေပေးနေတယ်။

“ရပါတယ်။”

ဟူကျိုရှန်က ပြုံးပြီးမေးတယ်၊ “ခြင်္သေ့ဘုရင်ရှဲ့ရွှင် ဘယ်တော့ထွက်ဖို့ စဉ်းစားထားလဲ။”

“ဒီနေ့ပဲ။”

“ငါ မင်းအတွက် ပွဲတစ်ခု လုပ်ပေးရမလား။”

ဟူကျိုရှန်က ပြောတယ်၊

“မကြာသေးခင်ကမှ လူသားအုပ်စုကောင်းကောင်းလေးတွေ ရောက်လာတယ်။ အသက် (၁၈) နှစ်အရွယ် လူငယ်လေးတွေချည်းပဲ။ ပြီးတော့ အရည်အချင်းလည်း ရှိကြသလို ဉာဏ်လည်းကောင်းကြတယ်။ အဲ့ဒီ (၁၈) နှစ်အရွယ် လူငယ်လေးတွေက လူသားကျင့်ကြံသူတွေလောက် အရသာမကောင်းပေမဲ့ မတူညီတဲ့ အရသာလေးတော့ ရှိတယ်။”

“မလိုဘူး။”

ချီမင်ရဲ့ စိတ်ထဲမှာ အနည်းငယ် အေးစက်သွားတယ်။

“ဒါဆိုလည်း စိတ်မကောင်းပါဘူး။”

နတ်ဆိုးတွေထဲမှာ နတ်ဆိုးအများစုက လူသားတွေကို အစားအစာအဖြစ် စားကြတယ်။ လူသားတွေက နတ်ဆိုးတွေကို သတ်သလို နတ်ဆိုးတွေကလည်း လူသားတွေကို စားတယ်။ နှစ်ဖက်ကြားက အမုန်းတရားကို ဘယ်တော့မှ ဆေးကြောလို့ မရတော့ဘူး။

နတ်ဆိုးတွေတင် မဟုတ်ဘူး။ ဥပမာ - သရဲမျိုးနွယ်တွေကလည်း လူသားတွေရဲ့ အသားနဲ့ သွေးကို ကြိုက်ကြတယ်။ သူတို့က လူသားတွေရဲ့ ယန်စွမ်းအင်ကို စားသုံးပြီး သူတို့ရဲ့ ယင်စွမ်းအင်ကို ဖြည့်တင်းကြတယ်။ တစ်ဖက်မှာ နတ်ဘုရားတွေကလည်း ယုံကြည်မှုနဲ့ ဆန္ဒစွမ်းအားကို တည်ဆောက်ပြီး သက်ရှိအားလုံးရဲ့ ယုံကြည်မှုနဲ့ ဆန္ဒစွမ်းအားကို စုပ်ယူကြတယ်။ ဒါကလည်း လူသားတွေကို ကျွန်ပြုတဲ့ပုံစံတစ်မျိုးဖြစ်တယ်။

ဒါကြောင့် လျှို့ဝှက်နက်နဲကမ္ဘာမှာ နတ်ဘုရား၊ သရဲ၊ အင်မော်တယ်၊ လူသား၊ နတ်ဆိုးနဲ့ မိစ္ဆာမျိုးနွယ်တွေထဲမှာ အင်မော်တယ်တွေကလွဲလို့ ကျန်တဲ့လေးမျိုးက လူသားတွေကို အစားအစာအဖြစ် သုံးကြတယ်။

လူသားကျင့်ကြံသူတွေက ကိုယ့်ကိုယ်ကို လေ့ကျင့်ပြီး ကောင်းကင်နဲ့ မြေကြီးကို နားလည်သဘောပေါက်ကာ မတူညီတဲ့ နည်းစနစ်မျိုးစုံကို ဖန်တီးကြတယ်။ တစ်ဆင့်ချင်းတစ်ဆင့်ချင်းနဲ့ သာမန်လူတွေကနေ ကောင်းကင်ကိုးထပ်အထိ တက်လှမ်းနိုင်ကြတယ်။

နတ်ဘုရားတွေ၊ မိစ္ဆာတွေ၊ နတ်ဆိုးတွေနဲ့ သရဲတွေက လူသားတွေကို အစာအဖြစ် စားသုံးကြတယ်။

အလားတူပဲ လူသားကျင့်ကြံသူတွေက နတ်ဆိုးတွေကို သတ်ဖြတ်ပြီး နတ်ဘုရားတွေကို ချေမှုန်းကာ သရဲတွေကို သတ်ပစ်ကြတယ်။ သူတို့က ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးကို အရင်းအမြစ်အဖြစ် သုံးပြီး ကိုယ့်ကိုယ်ကို အားကောင်းစေကာ တာအိုကို လေ့ကျင့်ပြီး ပိုမြင့်တဲ့နယ်ပယ်ကို တက်လှမ်းကြတယ်။ ဟူကျိုရှန်က သတိပေးတယ်၊ “လုဝူတိုကင်နဲ့ တည်ဆောက်ထားတဲ့ ယာယီဟင်းလင်းပြင်လမ်းကြောင်းက မတည်ငြိမ်ဘူး။ လုံးဝလုံခြုံမှ သုံးလို့ရတယ်။”

“ရန်သူနဲ့ တိုက်ခိုက်နေတုန်း လွတ်မြောက်ဖို့ လုဝူတိုကင်ကို သုံးပြီး ဟင်းလင်းပြင်လမ်းကြောင်း တည်ဆောက်ဖို့ မစဉ်းစားနဲ့။ အဲ့ဒါ အလုပ်မဖြစ်ဘူး။ ယာယီဟင်းလင်းပြင်လမ်းကြောင်းက အလွယ်တကူ ပျက်စီးသွားလိမ့်မယ်။”

“အဲ့ဒီအခါကျရင်…”

“မင်းကို နေရာလွတ်စွမ်းအားက ဆုတ်ဖြဲသွားလိမ့်မယ်။ နေရာလွတ်စွမ်းအားကို ခံနိုင်ရည်ရှိရင်တောင် နေရာလွတ်လှိုင်းထဲမှာ ပျောက်ဆုံးသွားလိမ့်မယ်။”

“ပြီးတော့…”

“နတ်ဆိုးဘုရား ဆယ့်နှစ်ပါးရဲ့ တိုကင်နဲ့ နတ်ဆိုးနန်းတော် ကောင်းကင်နန်းတော်ရဲ့ တိုကင်တွေရဲ့ သက်ရောက်မှုအကွာအဝေးက နတ်ဆိုးနန်းတော်ရဲ့ နယ်မြေအတွင်းမှာပဲ ရှိတယ်။ နတ်ဆိုးနန်းတော်ရဲ့ နယ်မြေထဲမှာပဲ လုဝူတိုကင်ကို သုံးပြီး နတ်ဆိုးနန်းတော်ရဲ့ နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့ ဆက်သွယ်လို့ရပြီး နတ်ဆိုးနန်းတော်ရဲ့ နယ်မြေကနေ ထွက်ခွာနိုင်တယ်။ ဥပမာ အနေနဲ့မင်းသာ ဗုဒ္ဓတစ် သောင်းဂိုဏ်း၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ နယ်မြေကို သွားမယ်ဆိုရင် တိုကင်တွေက အသုံးမဝင်ဘူး။”

“ဒါကို မင်း မှတ်ထားရမယ်။”

ချီမင်က ခေါင်းညိတ်လိုက်တယ် “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့အရှင်ဟူ။”

“ဒါတွေက သာမန်အသိလေးတွေပါ။ နောက်ဆို သိလာမှာပါ။ ငါ အခုပြောနေတာက ဒီသာမန်အသိလေးတွေကြောင့် မင်း ဒုက္ခရောက်မှာ ရှောင်ဖို့ပါ။”

ခဏလေးအတွင်းမှာ ညနေရောက်သွားတယ်။ “လုဝူတံဆိပ်။”

ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို သုံးပြီး လုဝူတံဆိပ်ကို တစ်မိနစ်မပြည့်ခင် အဆ သန်း(၁၀⁠၀) မြှင့်တင်မှုနဲ့ ကျွမ်းကျင်သွားတယ်။

ဒီနည်းနဲ့ သူက လုဝူတံဆိပ်ကို သုံးပြီး လုဝူတိုကင်ကို အသက်သွင်းကာ နတ်ဆိုးဒေသရဲ့ နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့ ဆက်သွယ်လိုက်တယ်။ တကယ်တော့ ချီမင်က နတ်ဆိုးဒေသနဲ့ နတ်ဆိုးနန်းတော် နယ်ပယ်ကာကွယ်ရေးအစီအရင်ရဲ့ တည်ရှိမှုကို ခပ်ရေးရေးလေး ခံစားမိနေတယ်။

ချီမင်က ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်ရဲ့ နတ်ဆိုးဒေသက နက္ခတ်တာရာအလွှာနဲ့ လေဟာနယ်အလွှာကြားက အလွှာမှာ တည်ရှိတယ်။ အထွတ်အထိပ် ဓမ္မစွမ်းအားတွေနဲ့ တည်ဆောက်ထားပြီး နတ်ဆိုးနန်းတော်ရဲ့ နယ်ပယ်ကာကွယ်ရေးအစီအရင်နဲ့ ခွဲထုတ်ထားတယ်။

“စတင်ပြီ။”

နေရာလွတ်စွမ်းအားတွေ မြင့်တက်လာတယ်။ မကြာခင်မှာ ချီမင်ရဲ့ရှေ့မှာ ယာယီဟင်းလင်းပြင်လမ်းကြောင်းတစ်ခု တည်ဆောက်ပြီးသွားတယ်။ အဲ့ဒီဟင်းလင်းပြင်လမ်းကြောင်းက မတည်ငြိမ်ဘဲ အချင်း သုံးမီတာလောက်ရှိတဲ့ ဝဲဂယက်တစ်ခုနဲ့ တူတယ်။

“ခြင်္သေ့ဘုရင် ဂရုစိုက်ပါ။” ဟူကျိုရှန်က နှုတ်ဆက်ရင်း ထပ်သတိပေးတယ်၊ “နတ်ဆိုးဒေသက အပြင်လောကနဲ့ မတူဘူး။ အထဲမှာ နတ်ဆိုးကျင့်ကြံသူ ပါရမီရှင်တွေ၊ နတ်ဆိုးပါရမီရှင်တွေ အများကြီးရှိတယ်။ ခြင်္သေ့ဘုရင်ရှဲ့ရွှင်၊ မင်းမှာ ရှေးခေတ်ခေါင်းကိုးလုံးရွှေခြင်္သေ့ရဲ့ သွေးမျိုးဆက်ရှိပေမဲ့ နတ်ဆိုးဒေသမှာ အထူးချွန်ဆုံးတော့ မဟုတ်ဘူး။”

“ဒါ့အပြင် နတ်ဆိုးဒေသမှာ ဒေသဆယ့်နှစ်ခု ခွဲထားပြီး နတ်ဆိုးဘုရားဆယ့်နှစ်ပါးကြားမှာ ပြိုင်ပွဲက အရမ်းပြင်းထန်တယ်။ မင်း သတိထားရမယ်။”

ချီမင်က ခေါင်းညိတ်လိုက်တယ် “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လိုက်ပို့စရာ မလို တော့ဘူး။”

ပြီးတော့ သူတည်ဆောက်ထားတဲ့ ယာယီဟင်းလင်းပြင်လမ်းကြောင်းထဲကို ဝင်သွားတယ်။ သူ့ပုံရိပ်က ဝဲဂယက်ထဲမှာ ပျောက်ကွယ်သွားပြီး လမ်းကြောင်းက ပြန်ပိတ်သွားတယ်။

ဟင်းလင်းပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

“ဟူး…” ဟူကျိုရှန်က အသက်ပြင်းပြင်းရှူပြီး ဘာမှဆက်မပြောတော့ဘဲ သူ့ရဲ့အိမ်တော်ကို ပြန်သွားတယ်။ ရွှေခြင်္သေ့ဘုရင် ရှဲ့ရွှင်ကြောင့် သူ ဒီရက်ပိုင်း အလုပ်များနေခဲ့တယ်။ အခုတော့ နောက်ဆုံးမှာ ဒီရွှေခြင်္သေ့ဘုရင်ကို လွှတ်လိုက်နိုင်ပြီ။

နာရီဝက်အကြာမှာ ကောင်းကင်နတ်ဆိုးမြို့အပြင်ဘက်။

နေရာလွတ်က လှိုင်းထသွားပြီး ပုံရိပ်ငါးခု ပျံသန်းရောက်ရှိလာတယ်။ သူတို့ရဲ့ကိုယ်ပေါ်မှာ အင်မော်တယ်စွမ်းအင်တွေ ရစ်ခွေနေပြီး ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ်တွေနဲ့တူတယ်။

သူတို့က ဗဟိုဒေသက အင်မော်တယ်ကျွမ်းကျင်သူတွေပဲ။

“ငါတို့ တစ်လှမ်းနောက်ကျသွားပြီ။”

အလယ်မှာရပ်နေတဲ့ ဆံပင်အစိမ်းရောင်နဲ့လူက သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားတယ်။ အဲ့ဒီထဲမှာ ကိုယ်ပိုင်ပါ့ကွားပုံစံပါပြီး ကောင်းကင်နဲ့ မြေကြီးကို ထွင်းထုထားတယ်။ အရမ်းနက်နဲတယ်၊ “ချီမင် နတ်ဆိုးဒေသထဲကို ဝင်သွားပြီ။”

“မဟုတ်ဘူး…”

ဆံပင်အစိမ်းရောင်နဲ့လူက မျက်မှောင်ကြုတ်ပြီး မျက်နှာက ဖြူဖျော့သွားတယ်၊ “ငါ ဆက်ပြီး မတွက်ချက်နိုင်တော့ဘူး။ ချီမင်က တကယ်မရိုးရှင်းဘူး။ သူ့အပေါ်က ကောင်းကင်လျှို့ဝှက်ချက်တွေ အားလုံး ပျောက်ကွယ်သွားပြီ။”

“အခု ဘာလုပ်ကြမလဲ။” “ငါတို့ နတ်ဆိုးဒေသထဲကို ဝင်ကြမှာလား။”

ကျန်တဲ့လေးယောက်က မေးတယ်။

“မဝင်ဘူး။” ဆံပင်အစိမ်းရောင်နဲ့လူက ခေါင်းခါတယ် “နတ်ဆိုးဒေသက တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်ရဲ့ နယ်မြေပဲ။ ငါတို့ ခိုးဝင်လို့ရမလား မရဘူးလားဆိုတာ ထားလိုက်ဦး။ ဝင်သွားရင်တောင် သေဖို့ပဲရှိတယ်။”

“ချီမင် ထွက်လာတာကို အရင်စောင့်ကြတာပေါ့။”

“ရိုးရိုးသားသားပြောရရင် ချီမင် ဘယ်လိုအသွင် ပြောင်းပြီး နတ်ဆိုးဒေသထဲ ဝင်သွားလဲဆိုတာ ငါ တကယ်မသိဘူး။ တောင်ပိုင်းဒေသ နတ်ဆိုးနန်းတော်မှာ နတ်ဆိုးတောက်ပကြေးမုံ ရှိတာပဲ။ အသွင် ပြောင်းထားတာ အားလုံးကို ဖောက်မြင်နိုင်တယ်။”

ချီမင်က သူ့ရဲ့ကံတရားပြောင်းလဲမှုကို ကြိုတင်အာရုံခံမိထားတယ်။ သူက သူ့ရဲ့အံ့ဖွယ်စွမ်းအားကိုသုံးပြီး တန်ပြန်တွက်ချက်ကြည့်တော့ အချက် အလက်တစ်ချို့ ပေါက်ကြားသွားပြီး အင်မော်တယ်တွေရဲ့ ပစ်မှတ်ဖြစ်နေတာကို သိလိုက်တယ်။

သူက အချိန်ကို တွက်ချက်ပြီး အင်မော်တယ်ကျွမ်းကျင်သူတွေ မရောက်ခင် နတ်ဆိုးဒေသထဲကို ဝင်သွားတယ်။ ဒါ့အပြင် သူက သန့်စင်ရွှေခန္ဓာကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်ကာ သူ့ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတယ်။

ချီမင်က လောလောဆယ်မှာ အင်မော်တယ်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ အစီအစဉ်မရှိဘူး။

All Chapters