အခန်း (၄၈)
Vol. 4 Ch. 48
မုရှောင်သည် ထိုကိစ္စကို အချိန်အကြာကြီး တွေးနေခဲ့သည်။ သို့သော် သူ့ရဲ့အကြံကို ထည့်သုံးဖို့တော့ မဝံ့ရဲခဲ့ပါ။ အချိန်အတန်ကြာ တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် ရွှီယန်ယုနှင့် မုချောင်ယွင်တို့ကို သူပြောပြခဲ့သည်။
“ အဖေ၊ အမေ၊ သားဆန္ဒရှိတဲ့ ပုံစံအတိုင်း ဒီ မိဘဆရာ တွေ့ဆုံပွဲကို ကျင်းပလို့ရမလား။”
ရွှီယန်ယု၏ မျက်ဝန်းများမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ မုရှောင်က ဘယ်နည်းလမ်းကို သုံးမည်ကို သူမလည်း သေချာ ခန့်မှန်းလို့ မရနိုင်ခဲ့ပါ။ အကြောင်းမှာ ဒီဝတ္ထုထဲမှာ မုရှောင် အလိုချင်ဆုံး အရာမှာ အပေါင်းအသင်းများပင် ဖြစ်သည်။ အသေးစိတ် ဖော်ပြထားသည့် အရာများလည်း ရှိသည်။ မူလပိုင်ရှင် ကြားလိုက်ရသည်မှာ သူက အခြားသူတွေ သူတို့မိဘဝတွေနဲ့ အတူသွားလာနေတာကို မြင်လိုက်ရတဲ့အခါ သူ့မိသားစုက အတူရှိမနေတာကို သတိရသွားပြီး အရမ်း စိတ်ပျက်ခဲ့ရသည်။ သူက အဲ့လိုအရာမျိုး မရနိုင်ဘူးဆိုရင် အခြားသူတွေကိုလည်း မရစေချင်ပေ။
မုရှောင်မှာ မေတ္တာတရားကို တောင့်တနေသော ကလေးမျိုးလေး ဖြစ်သည်။ ထို့ပြင် သူပြောချင်သည့်အရာမှာလည်း ထိုကိစ္စနှင့် လုံးဝ ပတ်သတ်နေခဲ့သည်။
မုချောင်ယွင်သည် မုရှောင်ကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ သို့သော် သူ၏ မျက်ဝန်းများထဲတွင် သူ့ထက်အကြီးတစ်ယောက်က သူ့ကို ဖိနှိပ်ချုပ်ခြယ်ခဲ့ဖူးသော အရိပ်အယောင်တစ်ခုလည်း ပါဝင်နေခဲ့သည်။ သူ့ရဲ့ ခြေတံအရှည်ကြီးများသည် ဘေးဘက်သို့ ယိုင်သွားခဲ့သည်။ ထိုပုံစံတွင် စိတ်ကြီးဝင်နေသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ သူသည် ထိုအပြုအမူကို အမြဲတမ်း ထိမ်းသိမ်းထားသော်လည်း မုရှောင်က သူ့ကို ကြောက်နေတုန်းဆိုတာကိုတော့ ဝန်ခံရမည် ဖြစ်သည်။
“ အာကစားပွဲအစား မိဘတွေနဲ့အတူ လုပ်တဲ့ အားကစားကွဲမျိုး ကျွန်တော် ကျင်းပချင်လို့ပါ။ ပြီးတော့ ကျွန်တော်တို့အတူ အပြင်မှာ အားကစားအချို့ကို လုပ်လို့ရမယ်လို့ မျှော်လင့်ပါတယ်။”
မုချောင်ယွင်သည် ဘာစကားမှ မပြောခဲ့ဘဲ ရွှီယန်ယုက မတွန့်ဆုတ်ဘဲ သဘောတူခဲ့သည်။ “ ကောင်းပြီလေ။ သားရဲ့ အကြံက ကောင်းသားပဲ။ အဲ့ဒါက အရမ်းကြီလည်း မဟုတ်ဘဲ ပုံမှန်ပဲလေ။ အဲ့လိုနဲ့ပဲ ဆက်ဆံရေးလည်း ပိုကောင်းလာနိုင်တယ်။ ပြီးတော့ ဒါက ကျန်းမာရေးကောင်းတဲ့ လေ့ကျင့်ခန်းပဲလေ။ တကယ်ကောင်းတဲ့ အကြံဉာဏ်ပဲ။”
“ တကယ်လား။”
မုရှောင်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့သည်။ သူမသည် အဆင်ပြေစွာပဲ လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ ထိုအရာသည် အတိတ်တုန်းက သူလုံးဝ မတွေးရဲခဲ့သော အရာတစ်ခု ဖြစ်သည်။
“ သေချာတာပေါ့။”
“ အဲ့ဒါကို အဖေရော ဘယ်လို သဘောရလဲ။”
မုရှောင်သည် မုချောင်ယွင်အား မျှော်လင့်ချက် အပြည့်ဖြစ်နေသော မျက်ဝန်းများနှင့် တစ်ဖန် ထပ်မံကာ ကြည့်လိုက်တော့သည်။
အကယ်၍ မုချောင်ယွင်သာ ဘာမှ ပြန်မပြောခဲ့ရင် သူသည် အနည်းငယ် အဆင်မပြေ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးတဲ့အခါမှာ ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
“ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် အဖေက အချိန်သိပ်ရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အဖေက သိပ်တော့ အားတဲ့အချိန် ရှိမှာ မဟုတ်ဘူး။”
ရွှီယန်ယုက ပြုံးကာ ချက်ချင်း ပြောပြခဲ့သည်။ “ အဲ့ဒါက ကိစ္စမရှိပါဘူး။ သူ့မှာ အချိန်မရှိလည်း အမေ့မှာရှိတယ်။ သားက ဘောလုံးပဲ ကစားချင်ချင် အခြား အားကစားပဲလုပ်ချင်ချင် သားအဖေ အနားမှာ မရှိရင်တောင် အမေက မင်းနဲ့အတူ ရှိနေလို့ရတယ်။”
“……”
မုရှောင်သည် ထိုအခြေအနေမှာ အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားခဲ့ရသည်။ သူပြန်လှည့်လိုက်သောအခါ သူ့အဖေ၏ မျက်နှာမှာ အရမ်း အဆင်မပြေသည့်ဟန် ဖြစ်နေသည်ကို ရုတ်တရက် တွေ့ရှိခဲ့ရသည်။
ထိုလူသည် စိတ်ဝင်စားပုံမရှိပဲ အသံတိုးတိုးလေးဖြင့် ပြောခဲ့သည်။ “အဲဲဒါဆိုလည်း ဂေါက်ရိုက်ကြရအောင်။”
ရွှီယန်ယုက သူ့ကို တစ်ချက်ကြည့်ခဲ့သည်။ သူပဲပြောတော့ သူ့မှာ အချိန်မရှိဘူးဆို။ ဒီလူက တော်တော်ကို ထူးဆန်းတာပဲ။
ဟိုင်ယု အထက်တန်းကျောင်း၏ တရားဝင် အကောင့်မှ မိဘဆရာ တွေ့ဆုံပွဲ တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်ကို ကြေညာခဲ့သည်။ အင်တာနက် အသုံးပြုသူများသည် ပုံမှန် ကျင်းပနေသည့် မိဘ ဆရာ တွေ့ဆုံပွဲ၏ ပုံစံကို ပြောင်းလဲခဲ့သည်ကို တွေ့လိုက်ရသောအခါ ချက်ချင်းပဲ ဂုဏ်ယူခဲ့ကြရသည်။ ထိုကဲ့သို့သော ပျော်စရာများ ပါဝင်သော လှုပ်ရှားမှုသည် ဆယ်ကျော်သက်အရွယ်များ ကြီးထွားမှုအတွက် တကယ်ကို အကူအညီ ဖြစ်စေသည်။ ထို့အပြင် ထိုကဲ့သို့သော အကြံဉာဏ်မျိုးကို ငယ်ရွယ်သော လူလေးတစ်ယောက်ဖြစ်သည့် မုရှောင်ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အားလုံးကလည်း ထိုလူငယ်လေး၏ ဆုံးဖြတ်ချက်ကို လေးစားခဲ့ကြရသည်။
ကျောင်းဝန်းထဲတွင် မိဘဆရာ တွေ့ဆုံပွဲက အားကစားပါ ပါဝင်မည့် အကြောင်းသည် ၈၀ ရာခိုင်နှုန်းက မဲပေးကာ လက်ခံမှုကို ရရှိခဲ့သည်ဟု ပြောလို့ရသည်။ များစွာသော လူများသည် ပုံမှန် လုပ်ရိုးလုပ်စဥ်အတိုင်း ကျင်းပနေသည့် မိဘ ဆရာ တွေ့ဆုံပွဲမျိုးကို ငြီးငွေ့နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူတို့သည် မလိုအပ်ဘူးဟုတောင် ခံစားခဲ့ရသည်။
မည်သို့ပင် ဖြစ်စေကာမူ ထိုပုံစံအသစ်ကို တက်ကြွနေဆဲ ဖြစ်ကာ အားလုံးကလည်း ထိုအခြေနေကို စောင့်ကာ မြင်ချင်နေကြပြီ ဖြစ်သည်။
မုရှောင်သည် မိဘများနှင့်အတူ အားကစား တွေ့ဆုံပွဲကို ရောက်မည့်နေ့ကို မျှော်လင့်နေခဲ့သည်။ ထိုပွဲပြီးသွားလျှင် ပထမဆုံး အနေဖြင့် လုပ်ပိုင်ခွင့်က အရေးကြီးသည့် အကြောင်းကို သိရှိခဲ့ရပြီ ဖြစ်သည်။ သူသည် အရင်က အကူညီမဲ့နေခဲ့သည့် ကိစ္စများကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူကိုယ်တိုင် ပြင်ဆင်နေသည့်အပြင် သူ့မိဘများကလည်း ပြင်ဆင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။ သူ့အမေသည် နေ့တိုင်း အလုပ်ရှုပ်နေခဲ့ကာ သူမသည် ဘယ်အရာများနှင့် အလုပ်ရှုပ်နေခဲ့သည်ကိုတော့ သူလည်း မသိခဲ့ပါ။
သူ့အဖေကတော့ ဘာဆက်လုပ်တော့မည်ကို သူသိနေခဲ့သည်။ အကြောင်းမှာ လင်အန်း ပုံတစ်ပုံတင်ခဲ့ပြီး ထိုပုံအသေးစိတ်ကြောင့် အင်တာနက် အသုံးပြုသူများရော သူပါ တုန်လှုပ်သွားခဲ့ရသည်။
မုရှောင်သည် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် မထိန်းနိုင်လိုက်ဘဲ လက်မပုံကို နှိပ်လိုက်မိခဲ့သည်။ ထိုကိစ္စကို သူဘယ်လိုပဲ တွေးနေပါစေ ကိစ္စမရှိဘဲ သူ့အဖေသည် အားကစား လုပ်ချင်စိတ် မရှိသော်လည်း ဒီတစ်ကြိမ် အားကစား တွေ့ဆုံပွဲတွင် ပါဝင်ဖို့အတွက် သဘောတူပေးခဲ့သည်။
သူ့အပြုအမူတွေက ပဟေဠိလိုပဲမလား။
လင်အန်း တင်ခဲ့သည့် ပို့စ်မှာ သူသည် ဇိမ်ခံ ဂေါက်ကွင်း ဖြစ်သော ဘရန်းသစ်တစ်ခုကို စတင်ပြုလုပ်တော့မည့် အကြောင်း ဖြစ်သည်။ ရှင်းရှင်းပြောရရင် နဂိုက ကွင်းအစိမ်းကို ဖယ်ပစ်ကာ ထိုပေါ်တွင် ရွှေပြားများဖြင့် ပြုလုပ်မည်ဖြစ်သည်။
အဲ့ကြီးမားသည့် ဂေါက်ကွင်းကြီးမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ မြက်ခင်းပြင်ကြီးလည်း ရှိတယ်။ အဲ့ဒါကို မြင်ပြီးရင် သူတော့ အံ့သြပြီး ဇောချွေးတွေပြန်နေတော့မယ်။
ရွှေနဲ့လုပ်ထားတဲ့ ဂေါက်ကွင်းကြီးတဲ့လား။
ဒါကိုလုပ်ဖို့ ရွှေဘယ်လောက်တောင် လိုမှာလဲ။
မင်းတို့ တကယ်ကြီး အဲ့မှာ ဘောလုံး သွားကစားကြမှာလား။
ဒီလို ဇိမ်ခံကွင်းထဲမှာ ဘယ်သူကများ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘက်စကတ်ဘော ကစားနိုင်မှာတဲ့လဲ။
ပြီးတော့ နေရောင်က ရွှေရောင် မြက်ခင်းပေါ်ကို အလင်းကျလာရင် ငါတို့တွေ ဘောလုံးက ဘယ်နားမှာရှိလဲဆိုတာကို တိတိကျကျ ခန့်မှန်းနိုင်ကြမှာလား။
ထိုအရာအားလုံးကို မုရှောင်သည် သူ၏ စိတ်ထဲတွက် တွေးခဲ့ပြီး ဖြစ်သည်။ သူ့အဖေက ထိုနေရာကို ဂေါက်ဆော့ဖို့ သွားမှာမဟုတ်ဘဲ တစ်ခုခု လုပ်တော့မည်ဆိုတာကို ခံစားမိခဲ့သည်။ အင်တာနက် အသုံးပြုသူများသည် ထိုအရာနှင့် သက်ဆိုင်သော အကြောင်းအရာကို တွေ့ခဲ့ရသောအခါ သူတို့လည်း တုန်လှုပ်သွားခဲ့ကြသည်။ နောက်ဆုံးတစ်ခေါက်က စိန်ဆိုင်သည် တုန်လှုပ်ရတာ လုံလောက်ပြီ ဖြစ်သော်လည်း ဒီတစ်ကြိမ်မှာတော့ ဂေါက်ကွင်းကိစ္စမှာ ပိုလို့တောင် တုန်လှုပ်ဖို့ ကောင်းနေခဲ့သည်။
[ မစ္စတာမုက ဘယ်လောက်ချမ်းသာလဲဆိုတာ ပြောပြနေရတာ ငါတို့တောင် ပင်ပန်းနေပြီ။ သူက တကယ့်ကို အံ့ဩစရာပဲ။ ငါ့အထင် သူအရင်က လူမသိအောင်နေပေမယ့် အခုတော့ သူ့ကို သိလာနေကြပြီ။]
[ ဒါကြီးက ရယ်စရာကောင်းလိုက်တာ။ သူက တကယ့်ကို လူမသိအောင် နေနေတာပဲ။ အဲ့ဒါကြောင့် သူက ထိပ်တန်း ချမ်းသာတဲ့ လူတစ်ယောက်က ဘယ်လိုမျိုး ဖြစ်မလဲဆိုတာကို မသိအောင် ဖုံးကွယ်ထားနေတာကနေ အခု အကုန် ထုတ်ပြနေတာလေ။ အဲ့ဒါက လူတွေ မမြင်ဖူးတာတွေကို လုပ်ပြနေတာလေ။]
[ ဒါက မိဘနဲ့ ကလေး အားကစားပွဲပါပဲ။ သူက မိန်းမနဲ့ကလေးကို ပါဝင်ဖို့အတွက် ခေါ်လာရမှာ ဆိုပေမယ့် ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုမျိုးကို လုပ်ခဲ့တာပဲ။ ဒါကြီးက တော်တော်ကို ရက်ရောတာပဲ။ ဒါက သူဒီပွဲကို ဘယ်လောက် အာရုံစိုက်ထားလဲဆိုတာကို မြင်နိုင်တာပဲလေ။ ဒီဇိမ်ခံ ဂေါက်ကွင်းကြီးတစ်ခုအတွက် ကိစ္စတစ်ခုလုံးကို စောင့်ကြည့်ရမှာပဲ။]
[ တကယ်လို့ စိန်ဆိုင်ကြီးက အထက်တန်းစားတွေနဲ့ပဲဆိုင်တဲ့ အထက်တန်းအဆင့်ရှိတဲ့ နေရာတစ်ခုဆိုရင် ဒီရွှေဂေါက်ကွင်းက အဲ့အထက်တန်းအဆင့် ရှိတယ်ဆိုတဲ့အရာကို လုံးဝ ချိုးဖျက်သွားပြီပဲ။]
[ နောက်ပိုင်းကျရင် အဲ့နေရာက အထက်တန်းက လူတွေအများကြီးအတွက် ဖွင့်မယ့် နေရာတစ်ခု ဖြစ်လာတော့မယ်။ ပထမဆုံး ပြည့်စုံတဲ့ လူတွေနဲ့ သက်ဆိုင်တဲ့ နေရာတစ်ခုကို ဝင်ရောက်လာတာပဲ။ ပြီးရင် နောက်ဆုံး မင်းမှာ လက်မှတ်ရရင် Diandshop ထဲကို လွတ်လွတ်လပ်လပ် ဝင်နိုင်မယ်။ အရာအားလုံး တစ်ဆင့်ချင်း တစ်ဆင့်ချင်း စီစဥ်ထားတဲ့ပုံပဲ။]
[ စီးပွားရေးလောကမှာ သူတို့က တကယ့်ကို ဉာဏ်ကြီးရှင်တွေပဲ။ သူတို့ စီးပွားရေးရဲ့တန်ဖိုးကို ဘယ်သူကမှ သူတို့ထက် ပိုနားမလည်ဘူး။]
[ အဲ့ရွှေတွေက အပေါစားလို့ ထင်နေတာ ငါတစ်ယောက်ထဲလား။ အဲ့ဒါက ငါ့ကို မကြာသေးခင်ကမှ ချမ်းသာလာတဲ့ လူလိုဖြစ်အောင် လုပ်နေတာပဲ။ အရမ်း ဖက်ရှင်အမြင် မရှိလိုက်တာ။ တကယ် ပျောက်ဆုံးနေတဲ့ အရာတစ်ခုက သူတို့တွေကို ပုံဖော်ထားတဲ့ ရှိနေတဲ့ ပိုက်ဆံတွေပဲလေ။ အဲ့ဒါက ဘာများ ထူးဆန်းလို့လဲ။]
[ ဒါက အရမ်း ရယ်ရတာပဲ။ အဲ့ဒီဇိုင်းရော၊ အလှအပတွေရော၊ တန်ဖိုးတွေရော တစ်ခုမှ အပြောဘဲ နေကြရအောင်။ အဲ့ဒါကို လိုင်းပေါ်မှာ တင်လိုက်တာနဲ့ အဲ့ ပို့စ်ရဲ့ ကျော်ကြားမှုက လူတွေကို ပွက်လောရိုက်သွားစေတဲ့ ခေါင်းစဥ်တစ်ခု ဖြစ်လာတာပဲလေ။]
[ ဒီလိုအရာတွေက သူတို့ဘာသာ ပြောနေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။ ဒါပေမယ့် အင်တာနက် အသုံးပြုတဲ့သူတွေရဲ့ ဆွေးနွေးမှုတွေ အာရုံစိုက်ခံရတာတွေက အခြား ဘယ်အရာနဲ့မှ နှိုင်းယှဥ်လို့မရဘူး။ သူတို့မှာကိုက သူတို့ကိုယ်ပိုင် ထိပ်တန်း အဆင့်တစ်ခု ရှိနေတာပဲ။ အဲ့အကြောင်းကို မင်း ကိုယ်ပိုင် မီဒီယာ လောကထဲမှာ မကြားဖူးဘူးလား။ သူတို့ရဲ့ သဘာဝကိုယ်တိုင်ကိုက ထိပ်တန်းအဆင့်ပဲလေ။ ပြီးတော့ သူတို့ ပြောနေတဲ့ လောကကြီးက အောက်တန်းကျမှာလား ဒါမှမဟုတ် အဲ့လို မလုပ်ဘူးလားဆိုတာပဲ]
ဒီလောက်ကြီးမားသည့် ကိစ္စမျိုးကို ရွှီယန်ယုသည် စောစောစီးစီးထဲက မသိခဲ့ပါ။ သူမ၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဒါက တကယ်ကို ကောင်းပြီး ရင်းနှီးရတာကြီးတဲ့ လုပ်ဆောင်ချက်ပဲ ဟူ၍ ဖြစ်သည်။ မုချောင်ယွင်သည် ဒီလို အလေးထားမှုမျိုးတွင် ဘယ်သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပါ။
အစပိုင်းတော့ ဒီအကြောင်းကို သိပ်ပြီးလည်း မတွေးမိခဲ့ပေ။ ဒါပေမယ့် နေလယ်တုန်းက အောက်ထပ်ကိုဆင်းလာပြီး မုချောင်ယွင်နဲ့အတူ ကော်ဖီထိုင်သောက်ဖို့ ဆင်းလာတုန်းက လင်အန်းက သူတို့အတွဲရဲ့ပုံကို ရုတ်တရက် ရိုက်ခဲ့သည်။
ရွှီယန်ယုသည် တစ်ခုခု ပြောဖို့ လုပ်လိုက်သော်လည်း သူမကိုယ်သူမ ရပ်တန့်လိုက်သည်။ သူဘာလို့ အကြောင်းပြချက် မရှိဘဲနဲ့ ဓာတ်ပုံရိုက်သွားပါလိမ့်။
ဘယ်လိုပဲဖြစ်ဖြစ် မုချောင်ယွင်က ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပါ။ ဒါကြောင့် သူမလည်း ဘာမှ သိပ်မပြောခဲ့ပါ။ တစ်ဖက်လူက တစ်ခုခု လုပ်ဟန်ရှိသည်ဟု သူမ အမြဲ ခံစားမိခဲ့ရသည်။
ဒီလို လုပ်ရိုးလုပ်စဥ်မျိုးကို သူမ အလွန် ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။
ဘာဖြစ်မလဲဆိုတာ ခနစောင့်ပြီး ကြည့်နေလိုက်။
ရွှီယန်ယုသည် ဘာမှ မပြောချင်ခဲ့ပါ။ သူမသည် ကော်ဖီကို ပြီးအောင်သောက်ကာ ဒီဇိုင်းဆွဲဖို့အတွက် သူမအခန်းထဲသို့ မြန်မြန် ပြန်ဝင်သွားခဲ့သည်။ နောက်ပိုင်းတွင် သူမသည် မုရှောင်ကို အံ့သြစရာ လက်ဆောင်တစ်ခု ပေးချင်နေခဲ့သည်။
သိပ်မကြာခင် မုချောင်ယွင်၏ လူမှုကွန်ယက်ပေါ်တွင် ပုံတစ်ပုံကို ခေါင်းစဥ်တစ်ခုဖြင့် ရုတ်တရက် တင်ခဲ့သည်။ “ ကော်ဖီပုံလေး။”
ပုံထဲတွင် လူနှစ်ယောက်သည် ကော်ဖီတူတူ သောက်နေသည်။ အဖြူနှင့်အမဲ ခြောက်ထောင့်ပုံစံ ကြယ်ပုံလက်စွပ်လေးမှာ အတော်လေး သိသာနေခဲ့သည်။ နှစ်ယောက်လုံး၏ လက်များသည် ကောင်းမွန်သော ဥရောပ ကော်ဖီခွက်နှင့် ပန်းကန်ပြားကို ကိုင်ထားကြသည်။ ကွာခြားချက်မှာ ထိုအမျိုးသမီး၏ လက်သည် ဖြူဖွေး နူးညံ့ကာ အရိုးမရှိသလို ဖြစ်နေပြီး သူမ၏ လက်သည်းတွင် ထူးခြားသော နတ်သမီးပုံစံလေး ရှိနေခဲ့သည်။
အမျိုးသား၏ လက်မှာ တည်ငြိမ်ပြီး သန်မာပုံရှိကာ အပြာရောင် သွေးကြောများကိုလည်း သူ၏ အရေပြားပေါ်တွင် ရေးရေးလေး မြင်နေခဲ့ရသည်။ ထို့ပြင် သူ၏ အသွေးနှင့်အသားကိုလည်း သေသေချာချာ မြင်နိုင်သည်။ သူ့လက်ရှိ ကြွက်သားများသည်လည်း ပေါက်ကွဲတော့မည့် တင်းအားအလား ဖြစ်နေပြီး ထိုလက်များမှာ သေချာပေါက် အားကောင်းလှသည်။
နတ်သမီး၏ ပုံစံမှာ အလွန် ပရိယာယ်များလှပြီး ရင်းနှီးသလို ရှိနေသည်။ ထို့ပြင် ထိုပုံကို မြင်သည့်အခါ လူအများက အံ့အားသင့်ခဲ့ရသည်။
[ အာ၊ ဘာလို့ သူတို့နှစ်ယောက် လက်တွေက ဘာလို့ အတူတူရှိနေရတာလဲ။ မင်းတို့နှစ်ယောက်ရဲ့ လက်ကနေတောင် ငါက ဝတ္ထုထဲက စကားလုံးပေါင်း နှစ်သောင်းလောက်ကို တွေးလို့ ရနေပြီ။ မစ္စတာမုရဲ့ သွေးကြောတွေက အရမ်းဆွဲဆောင်မှု ရှိတာပဲ။]
[ ဝိုး၊ အရမ်းကို ကြည်နူးစရာကောင်းပြီး တပ်မက်စရာ ကောင်းလိုက်တာ။ မင်းတို့နှစ်ယောက်ရဲ့ လက်တွေကို ကြည့်လိုက်ရုံနဲ့ မရိုးသားဘူးဆိုတာကို ခံစားလို့တောင်ရတယ်။ ငါတော့ နှာခေါင်းသွေးလျှံတော့မယ်။]
[ အခု သူတို့ဘာမှ အများကြီး မပြောကြဘူးဆိုတာ ငါသိတယ်။ ဘာလို့လဲဆိုတော့ သူတို့က ငါတို့တွေကို စိတ်မသက်မသာဖြစ်ပြီး ဆေးရုံကား ခေါ်လိုက်ရမှာဆိုးလို့လေ။ ဟုတ်တယ်မလား။ ဒီအခြေအနေက နည်းနည်းတော့ သည်းမခံနိုင်စရာပဲ။ သူတို့ရဲ့ အချစ်တွေကို ဘယ်လို ထုတ်ပြရမလဲဆိုတာကို တကယ်ကို သိနေကြတာပဲ။]
[ မစ္စတာမုရေ၊ ဒီလို အချစ်တွေ ထုတ်ပြတဲ့နည်းကို ဘယ်သူ့ဆီက သွားသင်လာတာလဲ။ အချစ်ရဲ့ ဦးနှောက်က တကယ်ကို ကြောက်စရာပဲ။]
[ ရွှီဆိုတဲ့ ဇွန်ဘီက မစ္စတာမုရဲ့ ဦးနှောက်ကို ယူသွားတာလေ။]
မုချောင်ယွင်သည် ထိုစာကို တင်ပြီးသည့်နောက် နောက်ထပ် တစ်ခုကိုလည်း မြန်မြန် ထပ်တင်ခဲ့သည်။ ထိုအရာသည် လူပြောများသော အရာတစ်ခု ဖြစ်လာမည်ကို သူသိနေဟန်တူသည်။ ထို့ပြင် ခေါင်းစဥ်အသစ်မှာ ပိုပြီးတောင် လူကြိုက်များခဲ့သည်။
ဒီတစ်ခေါက် ဂေါက်ကွင်းကို ရွှေတွေနဲ့ ပြုလုပ်ထားတဲ့ပုံကို ရိုက်လာခဲ့သည်။ ဒီပုံတွေက တုန်လှုပ်စရာကောင်းတယ်။ ဒါပေမယ့် မင်းကြည့်လိုက်တဲ့ နေရာတိုင်းက ရွှေရောင် တောက်နေတာကို ခံစားမိလိမ့်မည်။ မြက်ခင်းပြင်ပေါ်မှာ ရေတွက်မရတဲ့ ရေမှုန်တွေကို ကျဲထားသည်။ အဲ့ဒါက ဇိမ်ခံတဲ့ အရာတစ်ခုလိုပဲ ဖြစ်နေလိမ့်မည်။ ဒါတွေက ကြီးကျယ်ပြီး ဇိမ်ရှိတဲ့ ဒဏ္ဍာရီလို ဘဝမျိုးပဲ။
လူတွေကို အံ့ဩအောင်လုပ်တဲ့ အဓိကအရာက “ သူမရဲ့@”
[ ဘုရားရေ၊ မင်းအခုတော့ ထပ်ပြီး ပုန်းရှောင်မနေချင်တော့ဘူး ဟုတ်တယ်မလား။ မင်းလူတွေကို ပွင့်ပွင့်လင်းလင်း တွဲချလိုက်ပြီ။]
[ ဒါက မိဘနဲ့ကလေး အားကစားပွဲလို့ မခေါ်သင့်တော့ဘူးလို့ ငါထင်တယ်။ ဥက္ကဌမုက တစ်ယောက်ယောက်ကို မြင်နိုင်သေးတာလား။]
[ မုရှောင်ကတော့ သွားပြီပဲ။ သူ့အဖေက မိန်းမကိုကျ သတိရပြီး ကလေးအကြောင်းကျ မေ့သွားပြီ။]
[ မုရှောင်က သူ့မိဘတွေကြားက အချစ်တွေကို ထောက်ပံ့ပေးရတာ သဘောကျတယ်ထင်တယ်။ အဲ့ဒါက ငါ့ကို ရယ်ရင်း သေအောင် လုပ်နေတာပဲ။]
[ သူဌေးမုကတော့ အဝေးကြီးတွေ တွေးနေတာပဲ။ ဒါကရော ရွှီယန်ယုအတွက် ဘယ်လို ရည်ရွယ်ထားပြန်တာလဲ။ ဒါက သူမအတွက်လား၊ သူ့ကိုပေးဖို့အတွက်လား ဒါမှမဟုတ် အဲ့ဒါလိုချင်တယ် ပြောလို့လား။]
[ မစ္စတာမုက တန်ဖိုးဖြတ်မရတဲ့ အရာတွေကို စျေးကြီးကြီးနဲ့ ရောင်းနေတာပဲ။]
ညနေခင်း အလုပ်ပြီးသည့်နောက် ရွှီယန်ယုသည် သူမဖုန်းထဲတွင် ခေါင်းစဥ်တစ်ခုတွေ့ကာ “ like” ပေးခဲ့သည်။ ထိုနောက် ရွှေရောင် ဘလော့နှစ်ခုထဲက တစ်ခုအောက်တွင် ကြည်နူးပြီး ချစ်စရာကောင်းသော မျက်နှာပုံစံလေးဖြင့် ကောမန့် ဝင်ရေးခဲ့သည်။ “ အဲ့ဒါကို သဘောကျလိုက်တာ။”