← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

ရွှီယန်ယုက ထိုလက်စွပ်ကို အခုချိန်ထိ မစွပ်ရသေးပေ။ အကြောင်းမှာ မုချောင်ယွင်က ထိုလက်စွပ်ကို ဝတ်ရသဖြင့် ဘာအကြောက်တရားမှ မရှိဘဲ အလွန်ပျော်နေသည်။ သူသည် အစကနေ အဆုံးထိတိုင် အလွန်တည်ငြိမ်နေကာ ဘာမှလည်း မဖြစ်သွားခဲ့ပေ။

ကျန်ရစ်နေခဲ့သော အရာမှာ ဖန်သားပြင်ပေါ်မှ တစ်ဆင့် ခံစားနေရသော မွန်းကြပ်ပြီး အန္တရာယ်များလှသည့် ခံစားချက်မျိုး ဖြစ်သည်။

သူမသည် သူမ၏ ဖြူဖြူဖွေးဖွေးနှင့် သေးသွယ်သော လက်ချောင်းလေးများကို ဆန့်ထုတ်ပြီး မုချောင်ယွင်၏ ရှေ့တွင်ထားလိုက်ကာ ပျင်းရိစွာဖြင့် ပြောလိုက်သည်မှာ “ အဲ့ဒါကို ကျွန်မကို ဝတ်ပေး”

မုချောင်ယွင်၏ အမူအရာ ပြောင်းလဲသွားချိန် သူ့ရဲ့ မျက်ဝန်းတွေကလည်း ဆက်ခနဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သို့သော်လည်း သူသည် ခြောက်ထောင့်ပါတဲ့ စိန်လက်လက်စွပ်ကို သူမအား ဝတ်ပေးဖို့ရန် တည်ငြိမ်စွာ ထိန်းထားနေဆဲ ဖြစ်သည်။ လက်စွပ် နှစ်ကွင်းမှာ တစ်ကွင်းက အဖြူ နောက်တစ်ကွင်းက အမဲဖြစ်ပြီး ကင်မရာရှေ့တွင် လိုက်ဖက်ညီစွာဖြင့် တောက်ပလျက်ရှိနေသည်။

လက်ထောက် ဒါရိုက်တာက အသိစိတ် ပြန်ဝင်လာတဲ့အချိန်မှာ သူ့ရဲ့မျက်နှာမှာ ဖြူဖျော့နေပြီး လေးလံစွာဖြင့် သက်ပြင်း ချလိုက်တော့သည်။ သူသည် တကယ်ကို ခတ်ခဲလှသည်ဟု ခံစားခဲ့ရသည်။

အစကတော့ လက်ဆောင်ကို လက်စွပ်တစ်ခုတည်းဟု တွေးထားကြသော်လည်း ရွှီယန်ယုမှ ရုတ်တရက်ဆိုသလို သူမမှာ မုချောင်ယွင်အတွက် နောက်ထပ်လက်ဆောင် ရှိသေးတယ် ဟု ပြောခဲ့သည်။ သူ့အိတ်ထဲမှ ကတ်ပြားလေးတစ်ခုကို ထုတ်ကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကတ်ပြားကို ကိုင်ထားတဲ့ သူ့ရဲ့ လက်ဖဝါးကို အဓိပ္ပါယ်အပြည့်ပါနေသော သူမနှုတ်ခမ်းပေါ်က အပြုံးလေးနှင့် ဆွဲလိုက်တော့သည်။

ပထမအကြည့်တစ်ချက်နဲ့တင် ထိုပုံစံမှာ အပြစ်ကင်းတဲ့ ပုံစံမျိုးနှင့်တော့ မတူပေ။ ရိုးရိုးသားသားပြောရရင် ထိုငေးကြည့်နေတာကြီးက ပရိတ်သတ်ကို ဦးတည်နေတာ မဟုတ်ပေမယ့်လည်း အဲ့ဒါက ဘယ်လိုပဲကြည့်ကြည့် တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။

ကင်မရာက အရှေ့ကို ရွှေ့လိုက်တဲ့အခါမှာ သူတို့ရဲ့ အားရနေမှုကြီးကို တွေ့မြင်ခဲ့ရသည်။ ထိုကတ်ကလေးသည် ပန်းရောင်နှင့် ရွှေရောင်ရှိပြီး ထိုပေါ်မှာ ရွှီယန်ယု၏ နောက်ဆုံး နာမည်လေးဖြစ်သော ရွှီ ဟူသော စာလုံးကို အက္ခရာအကြီးဖြင့် ရေးထိုးပြီး အင်္ဂလိပ်စာလုံးလေးဖြစ်သော “Appoicard” ဟူ၍လည်း ပါရှိသည်။

ရွှီယန်ယုနဲ့ ချိန်းတွေ့ဖို့ ကဒ်ပဲ။

[ ဒါကြီးက အရမ်း ရယ်စရာကောင်းတယ်။ မစ္စတာမုက ဒီကတ်နဲ့ဆို ရွှီယန်ယုနဲ့ တစ်ခါ သွား ချိန်းတွေ့လို့ရပြီ။]

[ မင်းတို့နှစ်ယောက်က ဘယ်လိုပျော်ရမလဲဆိုတာ တကယ်သိကြတာပဲ။ မင်းတို့နှစ်ယောက်ထဲ သီးသန့် အခန်းတွေ အများကြီးပါတဲ့ ဂိမ်းမျိုး ဆော့နေကြတာလား။ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ ဘုရားရေ။ ညီမရွှီက ဒီလိုနေရာမှာ တော်လှချည်လား။ ပုံမှန်လူတွေဆို ဒီလိုနည်းမျိုး လုံးဝ တွေးမိမှာ မဟုတ်ဘူး။ သူက အရမ်းဆွဲဆောင်မှုရှိတာပဲ။]

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ တိုက်ရိုက် ထုတ်လွှင့်တဲ့ အခန်းထဲရှိ ကင်မရာသည် တစ်ခုခုကို တွေ့သွားဟန်ရှိသည်။ ထို့နောက် အကွာအဝေးတစ်ခုကနေ အနီးကပ် ချဲ့ကြည့်ခဲ့ကြသည်။

ကြည့်ရှုနေကြသော ပရိတ်သတ်များသည် ပါးစပ် အဟောင်းသားများ ဖြစ်သွားခဲ့ကြရသည်မှာ ဓာတ်ပုံဆရာရဲ့ အကြည့်ကနေ မြင်လိုက်ရသည်မှာ အလွန်လှပနဲ့ ဒေါက်မြင့်ဖိနပ်နဲ့ ဖြူဖွေးနေတဲ့ ခြေတံလှလှလေးက မုချောင်ယွင့် ဝတ်စုံရဲ့ ဘောင်းဘီအောက်မှာ ရှိနေသည်။ သူ့ရဲ့ပေါင်ကိုလည်း ကုတ်လိုက် ခြစ်လိုက်နှင့် အလွန် သန်မာပြီး သေစေနိုင်လောက်တဲ့ ဆွဲဆောင်မှုမျိုး ဖြစ်နေသည့် သန်မာလှတဲ့ ကြွက်သားများပင် ဖြစ်သည်။ အထူးသဖြင့် ထို ဖိနှိပ်ခံရပြီး အန္တရာယ်ထဲရောက်တဲ့ မွန်းကျပ်တဲ့ ခံစားချက်တွေ လုံးဝ ပျောက်ကွယ်သွားတဲ့အခါ ထိုစားပွဲအောက်က အခြေအနေတွေက တင်းမာပြီး အဲ့ခံစားချက်က အလွန်မိုက်ပြီး မပြတ်မသားဖြစ်နေမယ်လို့ မထင်ခဲ့ကြချေ။ အဲ့လိုအရာကပဲ သူတို့ကို အဆက်မပြတ် ကြည့်ချင်အောင် လုပ်နေခဲ့သည်။

အင်တာနက်သုံးတဲ့သူတွေလည်း ကိုယ့်ကိုကိုယ် မထိန်းနိုင်ကြတော့ပဲ ထပ်ပြီး ကြာကြာတောင် မနေနိုင်ကြတော့ပေ။ သူတို့သည် စခရင်ကနေ တစ်ဆင့် အော်နေကြသည်မှာ [ အဲ့လိုလုပ်တာ ရပ်ကြပါတော့။ တကယ်လို့ မထိန်းနိုင်ကြရင်လည်း အိမ်မြန်မြန် ပြန်ရင်လည်း ပြန်ကြ။ မဟုတ်လည်း သူတို့အတွက် အိပ်ရာ ယူလာပေးလိုက်ကြ။]

ဒီတိုက်ရိုက်ထုတ်လွှင့်မှုကရတဲ့ စိတ်လှုပ်ရှားမှုတွေက အင်တာနက် အသုံးပြုတဲ့သူတွေ တွေးထားတာထက် ပိုပြီး ကောင်းမွန်နေခဲ့သည်။ ထို အမဲရောင် နည်းပညာမြင့် သေစေတဲ့ လက်စွပ်ကို စစထုတ်လိုက်ချင်းတုန်းက အဲ့ဒါက လူတစ်ယောက်ရဲ့ အသက်ကို မိနစ်ပိုင်းအတွင်း ယူဆောင်သွားနိုင်တယ်ဟု ပြောခဲ့ကြသည်။ ဆိုလိုသည်မှာ စုံတွဲတစ်တွဲက သေပန် သက်တစ်ဆုံး ပေါင်းဖက်သွားရမည် ဖြစ်သည်။ အဆုံးမှာတော့ အတော်လေး စွဲဆောင်မှုရှိပြီး မပြတ်မသားဖြစ်နေတဲ့ Appoicard လေးရဲ့ လုပ်ဆောင်မှုမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့သည်။

အဲ့ဒါက ရှင်းပြဖို့တော့ နည်းနည်းခက်သည်။ ထိုမြင်ကွင်းသည် မျက်လုံးထဲတွင် အရမ်း အာရုံစိုက်ဖို့ ကောင်းလှသည်။ ထိုအရာကို ကြည့်ရသည်မှာ မျက်ဝန်းထဲမှ မီးပန်းလေးများ ဖြာထွက်နေသလို ဖြစ်နေသည်။ သူတို့နှစ်ယောက်သည် ကိုယ်တိုင် အတွေ့အကြုံခဲ့ဖူးသည်ကို ပြောပြနေဖို့ရန် မလိုအပ်ပေ။ သူတို့ကိစ္စကို သွားဝင်ပါလိုက်ရင် ရူးကောင်း ရူးသွားလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည့်နောက်တွင် အင်တာနက် အသုံးပြုသူများက ဒီနေ့ ဘာတွေဖြစ်ခဲ့ကြသည်ကို မေ့ဖို့ရန် ခက်ခဲလှသည်။ အကြောင်းမှာ သူတို့မြင်လိုက်ရသည့် အရာမှာ အလွန် ကြီးမားလွန်းခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ပိုက်ဆံမပေးပဲ မြင်ရဖို့ရန် တွေးကြည့်ဖို့တောင် ခက်ခဲသည်။ ထိုအရာသည် လွန်စွာ စိတ်ပျက်ဖို့ ကောင်းသည်။

[ တကယ့် အတွဲအစစ်တွေက အရမ်းမိုက်တဲ့ပုံပဲ။ ညီမရွှီက တကယ်ကို အံ့ဩစရာပဲ။ သူမရဲ့ ယောက်ျားတစ်ယောက်ကို ဆွပေးနိုင်တဲ့ စကေးက တကယ် ဩချဖို့ကောင်းတယ်။ ပြီးတော့ မစ္စတာမုကလည်း တကယ် အလျှော့မပေးဘူးပဲ။ အဲ့နေရာမှာ အခြားတစ်ယောက်သာဆို သေချာပေါက် သူ့ကိုယ်သူ ထိန်းနိုင်မှာ မဟုတ်ဘူး။]

[ ဒီအပိုင်းကတော့ ကျေနပ်စရာတွေ အပြည့်နဲ့ရှိနေတာကို ငါတော့ တွေ့ပြီးပြီ။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းမျိုးက တစ်ခန်းချင်း တစ်ခန်းချင်း ကြည့်ရမှာ။ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းချက်ပဲ။ အခု ငါပြန်တွေးကြည့်ရင် သူတို့ရဲ့ အသေးစိတ် ခံစားချက်တွေ အားလုံးက တစ်စိမ့်စိမ့်ကြည့်ဖို့ တန်တယ်နော်။ အဲ့ထဲမှာ အပိုလုပ်နေတဲ့အရာတွေ ဘာမှမရှိဘူး။]

[စစချင်း လက်စွပ်ပေးတာက မစ္စတာမုရဲ့စိတ်ကို စမ်းသပ်ဖို့ ထင်တယ်။ ပြီးတော့ သူက ဒီအမျိုးသမီးနဲ့ ပတ်သတ်သမျှ အားလုံးကို အတူရပ်တည်ပေးဖို့ သတ္တိရှိလားဆိုတာကို စမ်းသပ်ချင်တာ ဖြစ်မယ်။ သူက အဲ့လိုရှိပေးနိုင်တယ်ဆိုရင် အဲ့လူက ညီမရွှီရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်တယ်လို့ ဆိုလိုတာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ဆို တုန်လှုပ်သွားခဲ့ရင် အဲ့ဒါကပဲ လူတွေကို မယုံကြည်တာတွေ ခံစားရလိမ့်မယ်။]

[ ငါသိတာတော့ ဥက္ကဌမုက အရမ်းခန့်ညားတာပဲ။ ရွှီယန်ယုစမ်းသပ်တာက တော်ရုံလူ ဖြတ်ကျော်နိုင်ဖို့က မဖြစ်နိုင်ဘူး။ အဲ့တော့ ဒီလို အောင်မြင်တဲ့သူမျိုးက ရွှီယန်ယုလို လူမျိုးနဲ့ပဲ ထိုက်တန်တယ်။]

ရွှီယန်ယုနှင့် မုချောင်ယွင်တို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည့်နောက်တွင် အဲ့အခန်းထဲတွင် ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းနှစ်ယောက်သာ ကျန်ခဲ့သည်။ ထိုအခန်းရှိ အခြေအနေမှာ ထပ်ငြိမ်သက်သွားကာ တင်းမာပြီး စိတ်လေးစရာကောင်းသည့် လေထုထဲမှ ခံစားချက်မျိုးသည်လည်း အကုန်လုံး ပျောက်ကွယ်သွားခဲ့သည်။

မုချောင်ယွင်၏ ခန္ဓာကိုယ် အပူချိန်တက်လာကာ အနည်းငယ် ပူလာခဲ့သည်။ သို့သော် မပြတ်မသားဖြစ်ရသည်မှာလည်း ပိုမို ပြင်းထန်လာခဲ့သည်။ ထိုတွေးရခက်သော မျက်ဝန်းများထဲတွင် များစွာသော ခံနိုင်ရည်ရှိမှုအောက်တွင် ထိန်းချုပ်နိုင်မှုများ ပျောက်ဆုံးနေသော အရိပ်အမြွက်တစ်ခု ရှိနေခဲ့သည်။ ထိုအရာသည် အမျိုးသမီးတစ်ယောက်အား အရှင်လက်လက် ဝါးမြိုသွားနိုင်သလိုပင် ဖြစ်နေသည်။

ထိုရန်စမှုသည် ထိပ်ဆုံးသို့ရောက်ကာ သူ၏မျက်လုံးများနှင့် သူ၏ ခန္တာကိုယ်ရှိ အရိုးများအားလုံး အရည်ပျော်ချင်လာတော့သည်။ ထိုခံစားချက်ကို သေချာဖော်ပြရန် ခက်ခဲလှသည်။ ထိုအရာသည် ချော်ရည်ပူများထက်ပင် ပိုပူသော ခံစားချက်မျိုးဖြစ်သည်။

ရွှီယန်ယုသည် သူမ၏ခါးဆီသို့ လက်တစ်စုံက ရောက်လာခဲ့ပြီး တဖြည်းဖြည်း တင်းလာကာ သူ့ရဲ့ ခန္တာကိုယ် အပူချိန်နှင့် အနီးကပ်ရှိနေရန် တွန်းအားပေးလာခဲ့သည်ကို ခံစားမိခဲ့သည်။

ဝတ်စုံရှိ ဇစ်ကိုလည်း ဖြုတ်လိုက်သည်။

နွေးထွေးတဲ့ လက်တစ်စုံဟာ တဖြည်းဖြည်းနဲ့ သူမရဲ့ ပိုးသားလို နူးညံ့တဲ့ ကိုယ်ခန္ဓာကို တိုးဝှေ့လာတော့သည်။ ဝတ်ထားတဲ့ ကြယ်သီးလေးတွေကို ဖြုတ်ကာ တဖြည်းဖြည်း အပေါ်သို့ ရောက်လာတော့သည်။

မုချောင်ယွင်က ထိန်းချုပ်လို့ မရတော့တဲ့အခါ ရုတ်တရက် ဘယ်နေရာကမှန်းမသိတဲ့ ဓားတစ်ချောင်းကို လက်သွယ်သွယ်လေးများနှင့် ဆွဲကာယူပြီး ဓားရဲ့ထိပ်ကို သူ့လည်ပင်း၌ ထောက်ကာထားတော့သည်။ ထိုအပြုအမူက အရမ်းလှပပြီး ညှင်ညှင်သာသာရှိတယ်လို့ ထင်ရသော်လည်း အရေပြားကို ခနလေးအတွင်း ပြတ်သွားကာ သေခြင်းတရားနဲ့ အနီးဆုံးနေရာဆီသို့လည်း ခေါ်ဆောင်သွားနိုင်သည်။ အဲ့ဒါက သေခြင်းတရားနဲ့ ရစ်ပတ်ဆက်နွယ်နေပြီး သူ့ကို ငရဲသို့ပင် ပို့ပစ်နိုင်သည်။

ထူးဆန်းလှတဲ့ ကြည်နူးစရာလေးများသည် လေထုထဲတွင် လွင့်မျောနေတော့သည်။ ထိုအချိန်လေးသည် သေခြင်းတရားနဲ့ ချိုမြိန်မှု၊ မွန်းကြပ်စေတဲ့ အချစ်နှင့် ငရဲပြည်သို့ ကျခါနီးစဲစဲ အစွန်အဖျားလေးတွင် ရောက်နေသကဲ့သို့ ဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအတွေ့အကြုံလေးက စွဲလမ်းဖို့ကောင်းသော ခံစားချက်လေးဖြစ်ကာ အင်မတန်မှပင် သက်တောင့်သက်သာ ရှိလှသည်။ နောက်စက္ကန့်အတွင်းမှာ သေရမယ်ဆိုရင်တောင် သေပျော်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်တာတွေတောင် ရှိလာလိမ့်မည်။

သေခြင်းတရား၊ ကြည်နူးစရာ၊ သာယာပြီး နှစ်လိုဖွယ် ကောင်းတာလေးများကို သကြားလုံးလေးများက လွှမ်းခြုံကာ ထားတော့သည်။

ရွှီယန်ယုက ချွန်ထက်တဲ့ ဓားသွားကို လည်ပင်းရဲ့ အပါးဆုံး အရေပြားပေါ်မှာ ထောက်ထားခဲ့သည်။ တစ်ချက်လေး ရှပ်ထိသွားရုံနှင့် သွားများက ဖြာကျလာခဲ့သည်။ သူမကလည်း သူ့ရဲ့အင်္ကျီကို ပြန်ချွတ်ဖို့ စီစဥ်ထားသော်လည်း သူမရဲ့လက်များက ရုတ်တရက်ဆိုသလိုပဲ ရပ်တန့်သွားခဲ့သည်။

သူမသည် မထိတထိဖြင့် သူ့ကိုကြည့်ကာ မေးလိုက်သည်မှာ “ဘာလို့ ဆက်မလုပ်တော့လဲ။”

မုချောင်ယွင်ရဲ့ ပုံစံမှာ နည်းနည်းလေး သုန်သုန်မှုန်မှုန်ဖြစ်သွားပြီး ခနတာလောက် ရပ်နေခဲ့သည်။ ခနကြာပြီးတဲ့နောက် သူက ရုတ်တရက် မြန်မြန် သူမရဲ့ နှုတ်ခမ်းလေးကို ဖွဖွလေး ထိလိုက်ကာ လေပြင်းများထန်နေသကဲ့သို့ နှုတ်ခမ်းများအား နမ်းရှိုက်လိုက်ပြီး ထိုထဲတွင် ပညာပြကာ အပြစ်ပေးချင်တဲ့ စိတ်လည်း အနည်းငယ် ပါရှိခဲ့သည်။

ထိုအနမ်းသည် ဆာလောင်နေကာ ကြောက်စရာကောင်း၍ စိတ်မရှည်သော ဝံပုလွေတစ်ကောင်မှ အံ့ဩစရာကောင်းတဲ့ အရသာလေးကို ကောင်းကောင်း မြည်းစမ်းချင်းသလိုမျိုးနှင့် တူလှသည်။

ထိုအချိန်တွင် သူ့ရဲ့ လည်ပင်းမှ သွေးများလည်း တစက်စက် ကျနေသည်။ ဒါပေမယ့်လည်း နာကျင်နေပုံ မရချေ။ တကယ်က သူမရဲ့နှုတ်ခမ်းလေးကို အနမ်းမိုးတွေ ခြွေနေရတာက ပိုပိုပြီး ပြင်းထန်လာခြင်းကြောင့် ဖြစ်သည်။

မခွဲနိုင်မခွာရက် ဖြစ်နေတဲ့ အချစ်မျိုးက သေခြင်းတရားကို ဖီဆန်ပြီး မခွဲနိုင်တဲ့ အချစ်မျိုးနှင့် အလားသဏ္ဍာန်တူသည်။ အဲ့အချစ်ကပဲ နာကျင်မှုလေးတွေ ပါနေပေမယ့် နက်ရှိုင်းတဲ့ စိတ်တစ်နေရာကနေ ပြန်လည် လန်းဆန်းလာတဲ့ ခံစားချက်မျိုးလည်း ရှိသည်။

အဲ့ဒါက ပိုနာလေ ပိုပြီးခံစားလို့ကောင်းလေ ဖြစ်သည်။ အဲ့ဒါက စိတ်ကို ဗလောင်ဆူပြီး လွှတ်ချလိုက်သလို ခံစားရသည်။ သူ့ရဲ့အနမ်းတွေက အရမ်းရူးသွပ်ပြီး တကယ်ကို စိတ်တိုနေတဲ့ သူတစ်ယောက်လိုပဲ။

မုချောင်ယွင်သည် သွေးထွက်နေတဲ့ နှုတ်ခမ်းထောင့်ကို လျက်ကာ သူ့ရဲ့ခန္ဓာကိုယ်နှင့် နက်မှောင်သော မျက်လုံးများမှာ ဖြတ်ခနဲ ဝေဝါးသလိုဖြစ်ကာ ရွှီယန်ယုရဲ့ နှုတ်ခမ်းလေးများကို ဖြည်းဖြည်းချင်း ချန်ရစ် ထားခဲ့တော့သည်။ သူ့လည်ပင်းမှလည်း သွေးများစွာဟာ ကျနေကာ ထိုအခိုက်အတန့်တွင် သူသည် ညအမှောင်ထဲတွင် ငရဲမှ မကောင်းဆိုးဝါးကြီးနှင့်တူကာ ရွှီယန်ယုအား တမင်တကာ ဆွပေးကာ ဂုဏ်ယူသည့်ဟန် ပြနေသည်။

“ ချိုမြိန်နေတာပဲကွာ။”

ရွှီယန်ယုသည် သူမလက်ထဲရှိ သွေးပေနေတဲ့ဓားကိုကြည့်ကာ သူက တကယ်ကို ရူးနေတာပဲဟု တွေးခဲ့တော့သည်။

ရွှီယန်ယုသည် မုချောင်ယွင်ရဲ့ live ကို ထပ်ကြည့်လိုက်တဲ့အခါ အင်တာနက်အသုံးပြုတဲ့သူတွေက မုချောင်ယွင်ရဲ့ လည်ပင်းမှာ ဓားဒဏ်ရာကြီးကိုတွေ့ကာ ရွှီယန်ယုရဲ့ နှုတ်ခမ်းရှိ ဒဏ်ရာမှာ နှုတ်ခမ်းနီနှင့်ပင် ဖုံးလို့ မရနိုင်ခဲ့ပေ။

[ ဒီအရာတွေက သံသယဖြစ်ဖို့ကောင်းလိုက်တာ။ မနေ့ညက သူဘယ်လို ပုံစံမျိုး ရှိလို့လဲ။ သူ့ရဲ့ခန္ဓာကိုယ်မှာ ဒီလောက် ဒဏ်ရာတွေအများကြီးနဲ့ ဘယ်လို ပြီးသွားကြတာလဲ။ ဒါကြီးက ရူးလိုက်တာကွာ။]

မုချောင်ယွင်၏ လည်ပင်းရှိ ဒဏ်ရာမှာ ကြည့်ရတာ ကြောက်ဖို့သဖြင့် ဆရာဝန်က သူ့ဒဏ်ရာကို ရိုးရှင်းတဲ့ ကုသမှုတစ်ခု လုပ်ပေးဖို့ရန်အတွက် ဖောက်ပြီး မြင်ရတဲ့ အနာချုပ်စက်ကို အသုံးပြုခဲ့သည်။

သို့သော်လည်း ဒဏ်ရာမှာ အလွန်တုန်လှုပ်ဖို့ ကောင်းသည်။ ထို့ပြင် တကယ်လို့ သူ့ပုံစံသာ တည်တည်ငြိမ်ငြိမ် မရှိနေခဲ့ရင် တစ်ယောက်ယောက်ကတော့ သူက အန္တရာယ်များတဲ့ တိုက်ခိုက်မှုအချို့ကို ကြုံခဲ့ရတယ်လို့ တွေးထင်နေတော့မည်။

သို့သော် အံ့အားသင့်စွာဖြင့် ထိုဒဏ်ရာရရှိတာကနေ ထောင်သောင်းများစွာသော တွေးစရာ၊ ပြောစရာတွေ ဖြစ်လာခဲ့သည်။ လူအများရဲ့ပြုယုဂ်အနေနဲ့ လူတွေ အတွေးတွေထဲမှာ အပြောခံရနိုင်ပေမယ့် မစ္စတာမုကတော့ ထိုကိစ္စနဲ့ပတ်သတ်လို့ ရှက်နေဟန် မရချေ။ ထိုပြင် ကင်မရာများကို ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ သူ့ဒဏ်ရာကို အာရုံစိုက်ကာ ပိုရှင်းရှင်းလင်းလင်းနှင့် မြင်သာအောင် အကြိမ်များစွာ မြင်စေခဲ့သည်။

ရိုးရိုးလေး ဆေးကုသထားတဲ့နေရာပေါ်မှ ချုပ်ရိုးရာက အတော်လေး သိသာလှသည်။ ထို့ပြင် အရေပြားနှင့် အထဲက အသားစများမှာလည်း မသက်သာသေးပေ။

သူပြသနေသောအရာမှာ တကယ့်ကို ပေါ်ပေါ်ထင်ထင် ရှိကာ ဘာပြောရမှန်းမသိအောင် ထူးဆန်းလွန်းသည်။ ထို့အပြင် သူသည် ထိုအရာကိုပဲ အနည်းငယ် ဂုဏ်ယူနေခဲ့သည်။

[ဒီကိစ္စတစ်ခုလုံးက မဟုတ်သေးပါဘူး။ ဥက္ကဌမု ဂုဏ်ယူပြနေတာက ငါ့ကို အဲ့လို ခံစားချက်ကြီး ပေးနေတယ်။]

[မနေ့ညကရော ဒီအတွဲက အခန်းတွေ အများကြီးပါတဲ့ ဂိမ်းတွေ ကစားခဲ့ကြသေးလား။ သိပ်လည်း မကွာပါဘူး။ ဒီလောက်တင်းမာနေပုံထောက်ရင်။ အဲ့နေရာတစ်ခုလုံး သွေးစက်တွေကျနေဖို့က သူတို့ တော်တော်လေး အားစိုက်ခဲ့ရရှာမှာပဲ။]

[မနေ့က live ပြီးတော့ ငါတို့ ပြဿနာတစ်ခုကို သေချာတွေ့လိုက်တယ်။ ဥက္ကဌမုနဲ့ ရွှီယန်ယုတို့ရဲ့ ဆက်ဆံရေးက အခု အပေါ်ယံမှာ ရှိနေတယ်ဆိုတာထက် အများကြီး ပိုတယ်။ ငါတို့က ရေခဲစိုင်ကြီးရဲ့ ပေါ်နေတဲ့ အပိုင်းလေးပဲ မြင်ရတာ။ တကယ်က ငါတို့ထင်တာထက် အများကြီးပိုတယ်။ ရွှီယန်ယုရဲ့ နှုတ်ခမ်းမှာလည်း ဒဏ်ရာတွေနဲ့။ ဒီအတွဲက အိပ်ရာထဲမှာဆို ငါတို့တွေးထားတာထက် ပိုကြောက်ဖို့ကောင်းတာပဲ။]

[ပြောရရင်လည်း လက်စွပ်ပေးလိုက်တဲ့ ကိစ္စနဲ့ အခု မစ္စတာမု လည်ပင်းက ဒဏ်ရာ ဘယ်လို ဖြစ်လာလဲဆိုတာက သေချာပေါက် အတူတူပဲဖြစ်မယ်။ ဒီလို သေခြင်းတရားနဲ့ နီးကပ်နေတဲ့ ချိုမြိန်မှုမျိုးကိုမှ သူကကြိုက်တာဖြစ်မယ်။]

[တကယ်ကို သူက ဒီလိုရှိုးမျိုးကို ကြိုက်နေတာပဲ။ ရွှီယန်ယုက သူ့ရဲ့ ဝါသနာကို တော်တော်လေး စိတ်ကျေနပ်နေပြီး အပြည့်အဝကို ထိန်းချုပ်ထားတာ။ သူ့ကို သေစေချင်လည်း သူ့ကို တားလို့မရဘူး။ သူ့ကို ရှင်စေချင်လည်း တားလို့မရဘူး။ ဒီမိန်းမက တကယ် သူ့ကို ထိန်းချုပ်ထားနိုင်တဲ့ တကယ့် တစ်ယောက်တည်းသောသူပဲ။]

[ မစ္စတာမုရဲ့စိတ်က တကယ် အန္တရာယ်များလိုက်တာ။ တကယ်လို့ တစ်ယောက်ယောက်က အဲ့လို ရှိဖို့အတွက် လာပြောခဲ့ရင် အဲ့ဒါက ဝံပုလွေတွေနဲ့ ကနေရသလို ဖြစ်နေမှာ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ရွှီယန်ယုကတော့ တစ်စက်လေးမှ မကြောက်ဘူး။ သူတို့အတူရှိနေရင် သူ့ကို့တောင် ပြန်ပြီးထိန်းချုပ်နိုင်သေးတယ်။]

[ သူဌေးမုက စိတ်ဘဝင်မကျပဲ - ဟမ်? ဘယ်သူက ဘယ်သူ့ကိုလာပြီးတော့ ထိန်းချုပ်နေတာလဲ။ ပြီးတော့ သူကပဲ ထိပ်မှာ ဖြစ်နေရမယ်တဲ့။]

[ ငါတော့ ဘယ်သူ့ကို မနာလိုရမလဲတောင် မသိတော့ဘူး။ သူ့တို့နှစ်ယောက်ကြားက တင်းမာတဲ့ လိင်ကိစ္စတွေက တကယ်ကို ပြည့်စုံလွန်းတယ်။ သူတို့ ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်နေရုံနဲ့ ဟိုလိိုလို ဒီလိုလို ကိစ္စတွေကပါ ပေါ်လာနိုင်တာပဲ။ သဘာဝအတိုင်း ဒီလို လိင်ပိုင်းဆိုင်တာနဲ့ ပတ်သတ်တဲ့ တင်းမာတာမျိုး ဖြစ်လာတဲ့ အတွဲမျိုးကို ဒါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။]

All Chapters