← Chapters

အခန်း (၃၈)

Vol. 4 Ch. 38

အခန်း (၃၈)

Vol. 4 Ch. 38

တစ်ညတာ ပြီးသွားသည့်နောက်တွင် မုချောင်ယွင်နှင့် ရွှီယန်ယုတို့ရဲ့ အကြောင်းတွေက အင်တာနက်ပေါ်မှာ နားလည်ရခက်တဲ့ သဲလွန်စတွေ အများကြီးရှိနေခဲ့ပြီး လူအများကလည်း သူတို့အကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့ကြသည်။ တကယ့်အကြောင်းအရင်းမှာ သူတို့သည် ထူးခြားတဲ့ အဓိပ္ပါယ်ကိုယ်စီနဲ့ တစ်ယောက်ကို တစ်ယောက် ထို နည်းပညာမြင့် စုံတွဲလက်စွပ်လေးကို ပေးခဲ့ကြခြင်း ဖြစ်သည်။

နှစ်ရက်ကြာပြီးနောက် ရွှီယန်ယုက မုချောင်ယွင်ကို ပေးလိုက်တဲ့ လက်စွပ်နှင့် စုံတွဲချိန်းတွေ့ဖို့ကတ် တို့မှာ ရေပန်းစားတဲ့ ရှာဖွေမှုများ ဖြစ်ခဲ့သည်။ ထို့အပြင် live ထဲတွင် စားပွဲခုံအောက်မှ သူတို့နှစ်ယောက်ရဲ့ ဟိုလိုလို ဒီလိုလို အကြောင်းလေးများလည်း ပါဝင်နေသည်။

ထိုအရာကပဲ အင်တာနက် အသုံးပြုတဲ့သူများကို စိတ်လှုပ်ရှားပြီး ထောင်ပေါင်းများစွာသော ကောမန့်တွေ၊ ရှုပ်ထွေးမှုတွေ၊ နောက်တစ်နေ့ Weibo ပေါ်မှာ တစ်ယောက်ပြီး တစ်ယောက် တင်ထားကြတဲ့ ဘယ်ကမှန်းမသိတဲ့ သံသယဖြစ်ဖွယ် ဒဏ်ရာတွေကို ယှဥ်ပြနေတာတွေကို ဖြစ်စေခဲ့သည်။

ထိုအရာက သူတို့နှစ်ယောက်ကြားက နောက်ထပ် တွေ့ရတဲ့ ကိစ္စမျိုးဆိုတာကို ဘယ်သူမဆို သူတို့ရဲ့ မျက်လုံးတွေနဲ့ သိမြင်ခံစားနိုင်သည်။ ထိုခံစားချက်မှာ ဟိုးအသွေးအသားထဲမှလာကာ သူတို့နှစ်ယောက်ကို အတူတကွ ချည်နှောင်ခဲ့ပြီး ဖြစ်သည်။

ဒါ့အပြင် ထိုလက်စွပ်မှာ သူတို့နှစ်ယောက်၏ စိတ်ထဲမှာ ထာဝရ စွဲထင်နေမည့် အမှတ်အသားဖြစ်သည်။ အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒီလက်စွပ်ရှိနေသ၍ အတားအဆီးများ အားလုံးသည်လည်း နောက်ထပ် မရှိနိုင်တော့ပဲ သွေးထိုးစကားများသည်လည်း သူတို့ နှစ်ယောက်အပေါ်မှာ သက်ရောက်တော့မည် မဟုတ်ပေ။

ဘယ်စုံတွဲမဆို အတူရှိဖို့ မဆုံးဖြတ်ခင် သူတို့အားလုံး ရွှေထက် ပိုခိုင်မြဲသော အချစ်မျိုးကို လက်ကိုင်ထားကြသည်။ ထို့ပြင် သူတို့သည် နောက်ဆယ်နှစ်လောက်ထိ ရှေ့သွားနောက်လိုက်လည်း ညီချင်ကြသည်။ သို့သော်လည်း ထိုခံစားချက်မျိုးသည် တစ်ခါတစ်ရံမှာ လွန်စွာမှ အဖိုးတန်လွန်းလှသည်။

လူတစ်ယောက်အနေနဲ့ အချိန်ကြာလာတာနှင့်အမျှ ပြဿနာများကို ရှောင်ဖို့ရန်မှာ ခက်ခဲလှသော်လည်း ထိုလက်စွပ်လေးမှာ ထိုပြဿနာကို ရှောင်နိုင်သည်။ ထိုလက်စွပ်ကို မဝတ်ခင်က ပြဿနာတွေ မပြေလည်မှုတွေ များစွာ ရှိနေခဲ့သော်လည်း ထိုလက်စွပ်လေးရဲ့ အဓိပ္ပါယ်နှင့် ယှဥ်လိုက်မည်ဆိုပါက ဘာသဘောထား ကွဲလွဲမှုမှ မရှိတော့ပေ။ ဘဝနှင့် သတ္တိကို ကိုယ်စားပြုသည့် ရွေးချယ်မှုမျိုးထက် ဘယ်မရာကမှ ပို၍ အရေးမပါလှပေ။

ထိုအတွဲမှာ တစ်ယောက်ကို တစ်ယောက် အဖိုးတန်ဆုံးသော အရာကို ပေးခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာအရတော့ ထိုအရာမှာ တစ်ယောက်ကို တစ်ယောက် ရိုးသားမှုရှိခြင်းကို ကိုယ်စားပြုသည်။ သူတို့လို ဂုဏ်ရှိသည့် သူများအတွက် ထိုအရာမှာ မမြင်ရသော်လည်း တန်ဖိုးရှိသည်။

ထို့ကြောင့် ဒီတစ်ခေါက်တွင် ရွှီယန်ယု ပေးလိုက်သော လက်ဆောင်မှာ တကယ်ကို အဖိုးတန်လှသည်။ ထိုအရာမှာ တစ်ခါထဲနှင့်ပင် သူတို့အတွဲ၏ အနာဂတ်ဘဝကိုပါ နောက်ဆယ်စုနှစ်များစွာအထိ ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်သည်။ သူတို့ဘဝမှာရှိတဲ့ အရာအများစုကို ဖြည့်ဆည်းပေးလိုက်သည်မှာ အဖိုးတန်လှသည် မဟုတ်လား။

ရွှီယန်ယုပေးလိုက်သော လက်စွပ်လေး၏ အဓိပ္ပါယ်ကို ရှာတွေ့ပြီးနောက်တွင် များစွာသော ပရိတ်သတ်များဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အချို့ကလည်း သူတို့သာ အထိအတွေ့မရှိ၊ ကိုယ့်လူကိုယ် တစ်ယောက်ထဲပစ်ထားပြီး ဒီမြင်ကွင်းပြီးလို့ သူ့စိမ်းတွေ ပြန်ဖြစ်သွားရင် ဒီလို မမေ့နိုင်တဲ့ လက်ဆောင်ဆိုတာလည်း လိမ်ညာနေတာ ဖြစ်သွားလိမ့်မယ် ဟု ပြောခဲ့ကြသည်။

ဒါကြောင့်ပဲ ရွှီယန်ယု၏ လက်ဆောင်မှာ ထိုက်သင့်စွာဖြင့် ဆုကို ရရှိသွားခဲ့သည်။ နောက်ဆုံးအကြိမ်တုန်းက Asia's Best Female Award နှင့် Asia’s Best Dressed Award ကိုရရှိခဲ့သည်။ လျိုယွိသည် ရွှီယန်ယုမှ ထိုဆုနှစ်ဆုအား ပထမရသည့် အကြောင်းကို အသိပေးသော အီးမေးလ်တစ်စောင်အား ရရှိခဲ့သည်။

တကယ်က ထိုဆုနှစ်ဆုမှာ အရမ်း ပရော်ဖက်ရှင်နယ် မကျပေ။ ကိုယ်ပိုင် website တွေမှ မဲပေးမှုတွေက ပါဝင်နေခြင်းကြောင့်ဟုလည်း ပြောနိုင်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုဆုများ၏ တန်ဖိုးမှာ မမြင့်သော်လည်း ထိုဆုများမှာ အရမ်းလူသိများလှသည်။ ရှင်းရှင်းပြောရရင် ထိုဆုများမှာ သိပ်မသုံးမဝင်သော်လည်း နာမည်ကောင်းရဖို့ရန်တော့ အကူအညီဖြစ်စေသည်။ ထိုအရာမှာ အခြေအနေကိုသာ ပိုကောင်းသွားစေသည်။ ဆုရရှိသူများသည် သူတို့၏ အောင်မြင်မှုများကို အတိုင်းအတာ တစ်ခုအထိ ကျယ်ပြန့်လာမည် ဖြစ်သည်။

အကြောင်းမှာ ဆုတွေ အများကြီး ရနေခဲ့ပါက ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ မကျေမနပ် ဖြစ်ကြမည် မဟုတ်ပေ။

“လက်ထပ်တာကအရင်၊ အချစ်ကနောက်မှ” တွင် နောက်ထပ် အတွဲနှစ်တွဲမှ တစ်တွဲဖြစ်သည့် ကျီခိုင်တင်းက စုန့်ရှီအား ကျီမိသားစုမှ ရှယ်ယာ ၂ ရာခိုင်နှုန်းကို ပေးခဲ့သည်။ ဆိုလိုသည်မှာ စုန့်ရှီသည် နောင်အနာဂတ်တွင် သူ၏ဇနီးသာမက ကျီမိသားစု၏ တရားဝင် ရှယ်ယာအစုဝင် တစ်ယောက်လည်း ဖြစ်လာတော့မည် ဖြစ်သည်။

လူအများသည် စုန့်ရွှီအား ပုံသေရှယ်ယာများဖြစ်သော ယွမ် ၄၀၀ မီလီယံကျော်ကို ရရှိလိုက်သည့်အတွက် မနာလိုဖြစ်နေခဲ့သည်။ ကျီမိသားစုနှင့် အထက်တန်းရှိ သူမ၏ ဂုဏ်မှာ အနာဂတ်တွင် လုံးဝ ကွာခြားသွားလိမ့်မည် ဖြစ်သည်။

အခုမှစလို့ သူမက လက်ထပ်ပြီး ချမ်းသာတဲ့ မိသားစုထဲကို ဝင်လာခဲ့တဲ့ ရုပ်ရှင်မင်းသမီးဟူသော သူမ၏ အကြောင်းကို လုံးဝ ဖယ်ရှားနိုင်မည်။ တကယ်တမ်း ထိုရှယ်ယာသည် အသိုင်းဝိုင်းကြီးထဲသို့ ဝင်ရောက်နိုင်မည့် လက်မှတ်ဖြစ်သည်။ ကျီမိသားစု၏ ရှယ်ယာများ ရှိနေခြင်းသည် ကျီမိသားစုမှ သူမကို အသိအမှတ်ပြုလိုက်ခြင်း၏ အစသာဖြစ်သည်။

စုန့်ရှီသည် လက်ထပ်ပြီး ကျီမိသားစုထဲသို့ ဝင်ရောက်လာသည်မှာ သုံးနှစ်ရှိပြီ ဖြစ်ကာ ဒီနေ့မှသာလျှင် သူမသည် ခြေလှမ်းတစ်လှမ်း ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း စာရွက်စာတမ်းများကို ကြည့်နေရင်း သူမ ခံစားရသည်ကို မထိန်းနိုင်တော့ပဲ မျက်ရည်များ ဝဲတက်လာခဲ့သည်။ ချမ်းသာတဲ့လူတစ်ယောက်ကို လက်ထပ်လိုက်ရင် အဆုံးမရှိတဲ့ ကြွယ်ဝမှုတွေ ဂုဏ်ပုဒ်တွေကို ရရှိမည်ဟု လူတိုင်းက ပြောကြသော်လည်း သူမသည် အထင်သေးမှုများသာ ရရှိလိမ့်မည်ကို ဘယ်သူက သိနိုင်ပါ့မလဲ။

ထိုကဲ့သို့သော ချမ်းသာသော မိသားစုများမှ မာနကြီးသော မိန်းမငယ်လေးများသည် သူမအပေါ် အထင်သေးကြသည်။ ထိုအရာမှာ သူမနှင့် အခြားသူများသည် မတူညီကွဲပြားသော ကမ္ဘာနှစ်ခုမှ လာကြဟန်ရှိသည်။

အကြောင်းမှာ သူမသည် ဖျော်ဖြေရေးလောကမှ ရောက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သူမဘယ်လိုပဲ သတိထားနေပါစေ သူမချမ်းသာတဲ့ မိသားစုထဲကို ဝင်လာပြီးထဲက သူမသည် အမဲခံရသည်။ ထိုလူများသည် သူမအပေါ် အမြဲလိုလို ပြဿနာရှာကြပြီး နှုတ်ဖြင့် စော်ကားကာ ရန်စလေ့ရှိကြသည်။

စုန့်ရှီသည် ဒေါသပင် မထွက်ရဲခဲ့ပေ။ တကယ်လို့ သူမဒေါသထွက်ခဲ့ပါက အခြားသူများနှင့် ပြဿနာများ လွယ်လွယ် ဖြစ်လာစေလိမ့်မည်။ ထို့ပြင် ကျီခိုင်တင်း သူမဘက်က ရပ်တည်ပေးပါ့မလားဆိုတာလည်း သူမသေချာမသိပေ။ သူမသည် ထိုကဲ့သို့သော ပြဿနာများ၊ ပဋိပက္ခများနှင့် ရန်စခြင်းမျိုးကို သူမ ကြံ့ကြံ့ခံနိုင်ရမည်။ ထိုပဋိပက္ခများမှာ သူမရဲ့ ခံစားချက်များကို ဖျက်ဆီးပစ်ကာ ထိုပြဿနာများကို မရင်ဆိုင်နိုင်တော့သည်အထိ ဖြစ်စေခဲ့သည်။

ရှင်းရှင်းပြောရရင် သူမသည် သစ္စာဖောက်ခံရမှာကို လွန်စွာ စိုးရိမ်လှသည်။

တကယ်တမ်းမှာ စုန့်ရှီသည် ကျီခိုင်တင်းအား ဘာလက်ဆောင် ပေးရမည်ကို မသိခဲ့ပေ။ သို့သော် သူမ စတင်မပြင်ဆင်ခင်က သူမရဲ့ယောက္ခမ ကျီခိုင်တင်းရဲ့အမေဖြစ်သူ မစ္စလင်ယုက အချိန်အတော်အတန်ကြာ သူမနှင့် စကားများ ပြောခဲ့ကြသည်။

“တကယ်တော့လေ ကျီခိုင်တင်းက အရာရာပြည့်စုံပြီး ဘာလက်ဆောင်မှ ထပ်မလိုတော့ဘူး။ သမီးဘာပဲ သူ့ကို ပေးပေး ကိစ္စမရှိဘူး။ သူ တကယ်လိုအပ်နေတာက ကလေးတစ်ယောက်ပဲ။ ရှောင်းရှီ သမီးအလုပ်ပဲ သေချာကြိုးစားပြီး သမီးရဲ့ ဝမ်းဗိုက်ကိုပဲ သေချာဂရုစိုက်ထား။ ဒီလိုကိစ္စမျိုးတွေအတွက် အမေတို့ကို စိတ်ပူရအောင် မလုပ်နဲ့။”

စုန့်ရှီရဲ့ မျက်နှာမှာ ဖြူဖျော့သွားပေမယ့် သူမသည် သေချာပဲ ခေါင်းငြိမ့်ပြခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးအတွက် ဘယ်လိုပဲ အားစိုက်ထုတ်ခဲ့ ထုတ်ခဲ့ အထောက်အကူမပြုခဲ့ပေ။ သူမ၏ ကျန်းမာရေးမှာလည်း အစကတည်းပင် သိပ်မကောင်းလှပေ။ ထို့ကြောင့် သူမသည် ကိုယ်ဝန်ဆောင်ဖို့ရန်အတွက် ဘာမှ မပြင်ဆင်ရသေးပေ။ အခုဆိုရင် သူမ၏ ကျန်းမာရေးလေးမှာလည်း အနည်းငယ် ကောင်းလာကာ မကြာခဏဆိုသလို သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ဖို့ရန်အတွက် တွန်းအားပေးခံရသည်။

တကယ်လို့ သူမသာ ကိုယ်ဝန်ရခဲ့ရင် သူမယောက္ခမရဲ့ ဝေဖန်နေတဲ့ လေသံအရ ကလေးတစ်ယောက်ရရုံဖြင့် လက်လျှော့မည် မဟုတ်ပေ။ စုန့်ရှီသည်လည်း သူမရဲ့ ဝမ်းဗိုက်ကို ဆုံးရှုံးခံချင်မည် မဟုတ်ပေ။ ထိုအရာမှာ ဝမ်းနည်းစရာ အကောင်းဆုံးအရာ ဖြစ်သော်လည်း ချမ်းသာတဲ့ မိသားစုများကို လက်ထပ်ထားသည့် နာမည်ကြီး အမျိုးသမီးများသည် ထိုကဲ့သို့ပင် ဖြစ်သည်။ သူတို့မှာ ကလေးမွေးဖို့ရန်မှလွဲလို့ ရွေးချယ်စရာ မရှိပေ။

“ဟုတ် သိပါပြီအမေ။ သမီး ကြိုးစားပါ့မယ်။”

[ငါ စုန့်ရှီအတွက် ဘာလို့ ရုတ်တရက် ဝမ်းနည်းသွားလဲ မသိဘူး။ ဒီပိုက်ဆံတွေကို ရဖို့အတွက် မလွယ်ဘူးထင်တယ်။ ရပြီးရင်လည်း ကလေးက မြန်မြန် ရမှဖြစ်မှာ။]

[ငါကဘာလို့ ဝမ်းနည်းရမှာ? ဒါက မီလီယံကို ရာနဲ့ချီနေတာလေ။ သာမန်လူတွေက သူတို့တစ်ဘဝလုံး အလုပ်ကြိုးစားကြရင်တောင် ဒီလောက်များတဲ့ပိုက်ဆံ မရနိုင်ဘူး။ နောက်ကျရင် သူတို့က ဝတ်ဖို့ စားဖို့အတွက် ဘာမှပူစရာမလိုဘူး။ အဲ့ဒါကိုများ ဘာတွေပူနေကြတာလဲ။]

[နင့်မှာ အရည်ချင်းလည်းမရှိ၊ ယုံကြည်မှုလည်း မရှိဘူးဆို သူများတွေ ခြယ်လှယ်တာကို ခံရမှာပဲလေ။]

[ညီမရွှီရဲ့ အတွေ့အကြုံတွေကိုလည်း ငါတွေးမိတယ်။ သူများတွေ ကြိုးကိုင်တာ မခံချင်ရင်တော့ ကိုယ်က သူများကို ခြယ်လှယ်နိုင်ရမယ်။ တကယ်လို့ မင်းတို့အတွဲက ညီတူညီမျှရှိချင်တယ်ဆို အချစ်ပဲ ရှိနေရုံနဲ့ မရဘူး။ ကိုယ်နဲ့စိမ်းတဲ့ နေရာတစ်ခုကို ဝင်ပြီဆို ကိုယ်က ဒီလိုဟာတွေကို တစ်ချိန်လုံး ကြုံနေရမှာပဲ။]

စုန်ရှီက ကျီခိုင်တင်းအတွက် လက်ဆောင်ပြင်နေတဲ့ အချိန်တွေအတွင်းမှာ နာကျင်မှုတွေများစွာ ရရှိခဲ့သည်။ စုန့်ရှီက သူ့အတွက် ပြဇာတ်တစ်ခုကို ကပြချင်ခဲ့ပေမယ့် အစမ်းလေ့ကျင့်နေတဲ့ အချိန်အတွင်းမှာပဲ အရမ်း ပင်ပန်းပြီး မူးလဲသွားခဲ့သည်။ စစ်ဆေးမှုရဲ့ ရလဒ်မှာတော့ ကျီမိသားစုမြင်ချင်နေတဲ့ အရာတစ်ခုကို သေချာမြင်လိုက်ရသည်။ သူမ မမျှော်လင့်ပဲ ကိုယ်ဝန်ရခဲ့သည်။

ကျီမိသားစုမှာရှိတဲ့ လူတိုင်းက အပျော်တွေလွန်ပြီး အခြေနေတွေကလည်း ပျော်စရာအတိဖြစ်ကာ သူတို့တွေကလည်း အရမ်း အရမ်း အရမ်းကို ပျော်ရွှင်ခဲ့ကြသည်။ သို့ရာတွင် စုန့်ရှီကိုယ်တိုင်ကတော့ မပျော်ရွှင်နိုင်ပေ။ သူမရဲ့ ဝမ်းဗိုက်လေးကို ကိုင်ပြီး အရမ်း တိတ်ဆိတ်နေခဲ့သည်။ ထိုကလေးလေး ရောက်ရှိလာခြင်းက ဘယ်လိုမှ မမျှော်လင့်ထားခဲ့ဘူးလို့ ခံစားခဲ့ရသည်။

လင်ယုကလည်း စိတ်လှုပ်ရှားစွာ ပြောခဲ့သည်မှာ “ ရှောင်ရှီရေ သမီးဗိုက်ထဲက ကလေးလေးက ကျီမိသားစုအတွင် အကောင်းဆုံးလက်ဆောင်ပဲ။ အခြားလက်ဆောင်တွေ ထပ်ပြင်ဖို့ မလိုအပ်တော့ဘူး။ အခု အဓိကလုပ်ရမယ့် ကိစ္စက ကလေးလေးကို ကောင်းကောင်းမွန်မွန် မွေးပေးဖို့ပဲ။ အခြားဘာမှ ထပ်ပြင်ဖို့ကို မလိုတော့ဘူး။ ဘာမှကို မလိုတော့ဘူး။]

အဲ့စကားတစ်ခွန်းထဲနဲ့ စုန့်ရှီရဲ့ ကံကြမ္မာကို လုံးဝ ဆုံးဖြတ်ပေးခဲ့သည်။ ထိုအရာက သတင်းကောင်းဖြစ်ပေမယ့် အင်တာနက် အသုံးပြုသူများမှာ မပျော်ရွှင်ကြပေ။ ထိုကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်းလေး မသက်မသာဖြစ်နေခဲ့သည်။ ဒီလိုခံစားချက်မျိုးက အနာဂတ်မှာ ထိန်းချုပ်မှု မရှိတော့သလိုပဲ။ ပြီးတော့ ရုတ်တရက်ဆိုသလို တစ်ခုခုက ပျောက်ဆုံးသွားသလိုပဲ ခံစားခဲ့ရသည်။

ရှန်လန်ချန်းက ကုရှီဝမ်ကို ပေးခဲ့တဲ့ လက်ဆောင်မှာ သူရဲ့အသက် ၁၂ နှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သီချင်းဖွင့်တဲ့ သေတ္တာလေးဖြစ်သည်။ ထိုပေါ်မှာ သစ်သားနှင့် ထွင်းထားတဲ့ လိပ်ပြာလေးနှစ်ကောင် ရှိသည်။ ထိုလက်ဆောင်မှာ အရမ်းတန်ဖိုးမကြီးသော်လည်း သူအတွက်တော့ တကယ့်ကို တန်ဖိုးကြီးပြီး ကံကောင်းမှုလို့လည်း သတ်မှတ်ခဲ့သည်။ သူက ကုရှီဝမ်ကို ကံကောင်းမှုတွေ ပေးခဲ့ပြီး သူမအမြဲကံကောင်းနိုင်ဖို့အတွက်လည်း မျှော်လင့်နေခဲ့သည်။

ကုရှီဝမ်က ထိုထွင်းထုထားတဲ့ လိပ်ပြာလေးများကို မြင်လိုက်ရသောအခါ သူမရဲ့မျက်နှာမှာ သိပ်မနှစ်သက်တဲ့ပုံ ပေါ်နေပေမယ့် ထိုအရာများကို သူမဟာ ကျေကျေနပ်နပ်ပဲ လက်ခံခဲ့သည်။ သူမရဲ့ခင်ပွန်းဟာ တစ်ခါတလေ သိပ်ပြီးမတော်ပဲ ခပ်တုံးတုံးပုံစံမျိုး ရှိဟန်တူသည်။

သို့သော်လည်း ထိုသီချင်းသေတ္တာလေးသည် အခြားသော အဓိပ္ပါယ်တစ်ခုကိုလည်း ကိုယ်စားပြုသည်။ အတိုချုပ်ပြောရရင် သူမဟာ အဲ့ဒါလေးကို မြင်ရတဲ့အခါမှာ ပျော်သလို ခံစားခဲ့ရသည်။ ထိုအရာကို သူမရဲ့စိတ်ထဲကပင် သေချာခံစားခဲ့ရသည်။ သူမသည် အခြားသူများနှင့် မတူပေ။

“ ရှင့်အတွက်လက်ဆောင်က ဒီမှာ”

ရှန်လန်ချန်းသည် ပျော်ပျော်ရွှင်ရွှင် ဖွင့်ကြည့်ခဲ့တဲ့အခါ ထိုအထဲတွင် သူ့ကို ချော့သည့်အနေဖြင့် အကန့်အသတ်ဖြင့် ထုတ်ထားသော ဗီဒီယိုဂိမ်းတစ်ခု ရှိနေသည်။ ထိုအရာကို သူမြင်လိုက်ရတဲ့အခါမှာ လုံးဝ မှင်သတ်နေခဲ့သည်။

အရိုးရှင်းဆုံးပြောရရင် ဒီနေ့မတိုင်ခင်ထိ ကုရှီဝမ်က သူဂိမ်းကစားတာကို သဘောမကျဘူးဟု ခံစားခဲ့ရသည်။ တကယ်လည်း သူမ သဘောမကျခဲ့ချေ။ သူတို့နှစ်ယောက်သည် တစ်ခါတလေ ထိုကိစ္စကြောင့်ပင် စကားများခဲ့ကြသည်။

သူလည်း ဂိမ်းဆော့တာကို ဘယ်လိုမှ မရပ်နိုင်ခဲ့ပေ။ ကုရှီဝမ်သည် ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရကာ ဘာကိုမှ အရှုံးမပေးခဲ့ပါ။ ရှန်လန်ချန်းသည် သူဂိမ်းဆော့သည့် အချိန်ကိုလည်း မလျှော့ပေးနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်သည် ထိုကိစ္စတွင် တစ်ယောက် ဆန္ဒတစ်ယောက် မလုပ်ပေးနိုင်ခဲ့ပေ။ သို့သော် ဒီနေ့တွင် သူလုံးဝ မထင်မှတ်ထားပဲ ကုရှီဝမ်က သူ့ကို ဒီဂိမ်းပေးခဲဲ့ပြီး ထိုဂိမ်းစက်ကိုပေးပြီး ချော့သည်မှာလည်း အင်တာနက် အသုံးပြုတဲ့သူတွေ မြင်ဖို့ သပ်သပ်သာ မဟုတ်ပဲ သူ့ကို သေချာ နားလည်အောင် လုပ်ဖို့ရန်သာ အဓိကဖြစ်သည်။

ကုရှီဝမ်သည် တကယ်ကို ဂုဏ်ယူရလောက်သော အမျိုးသမီးဖြစ်သော်လည်း သူမသည် အလျှော့ပေးဖို့ကိုလည်း အလိုရှိသည်။ သူမ ထိုဂိမ်းစက်ကို လက်ဆောင်အဖြစ် ပေးခဲ့သည်မှာ အခြားသူတစ်ယောက်၏ ဝါသနာကို ထောက်ခံပေးဖို့အတွက် ဆန္ဒရှိသည်ကို ပြဖို့ရန်ဖြစ်သည်။ သူမသည် လေးစားမှုကိုလည်း သေချာ နားလည်သူဖြစ်သည်။

ထိုနေရာတွင် ရှိနေသူသည် ထိုအရာကြောင့် လုံးဝကို ရင်ထဲထိသွားခဲ့သည်။ ထိုအခိုက်အတန့်လေးမှာတင် သူက ကုရှီဝမ်ကို အခြား တန်ဖိုးကြီးအရာများထက် ပိုချစ်သည်ကို ခံစားခဲ့ရသည်။

[ ဒါက ရိုးရိုးဂိမ်းလေးပဲမလား။ အဲ့ဒါကိုဘာလို့ ကုရှီဝမ်က ဒီလောက်တောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာလဲ။ သူ့လို ချမ်းသာတဲ့ သူမျိုးက ကားတစ်စီးလုံးတောင် ကိုယ့်ဘာသာ ဝယ်နိုင်တာကို။]

[ မင်း ဒါကို မသိဘူးမလား။ ဒါက လေးစားမှုနဲ့ ထောက်ပံံ့ပေးမှုပဲကွ။ လူတိုင်းလည်း သည်းခံပေးတာနဲ့ နားလည်ပေးတာကို မသိနိုင်ဘူး။ ဒါပေမယ့် အချစ်ဆိုတာကို သေချာနားလည်းသွားရင် အဲ့ဒါက တကယ်ကို ကြည်နူးစရာလေးပဲ။ လက်ဆောင်က တကယ်တော့ သာမန်ပဲ ဒါပေမယ့် အဲ့ထဲမှာတော့ အဓိပ္ပါယ်တွေ အများကြီးပါတယ်။]

[အရင်က အဲ့လောက် ပြင်းပြင်းထန်ထန် စကားများတာမျိုး ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါပေမယ့် အခုတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် တော်တော်ချစ်နေကြတာ။ တကယ် မယုံနိုင်စရာ ကိစ္စတွေပါပဲဟယ်။]

ကျန်းချင်ယွင်သည် တခြားအတွဲများကို လုံးဝ အာရုံမစိုက်သော်လည်း အင်တာနက်ပေါ်က ကောမန့်အချို့ကို သူမ မြင်ခဲ့ရသောအခါ သူတို့ဟာ တော်တော်လေး ထင်ပေါ်နေကြပြီဟု သူမတွေးခဲ့တော့သည်။

ရွှီယန်ယုသည် ဆူညံမှုကြီးတစ်ခုကို လုပ်ကာ ထိုအရာများမှာ တကယ် ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် သူမသိတော့ပေ။ သူမသည် စစချင်း အဲ့ဒါကို မြင်လိုက်ရသောအခါ ဒါက ရှိုးတစ်ခုမလား? ဒီလိုရူးနေတဲ့လူမျိုး တကယ်ရှိတာလား? ဒီလို အန္တရာယ်များတဲ့ဟာကို မတုန်မလှုပ် ဝတ်လိုက်တာပဲ။

တကယ်လို့ မုချောင်ယွင် သူမကိုချစ်ရင်တောင် ဒါကိုတော့ မလုပ်နိုင်ပါ။ ဒါတွေအားလုံးက အတုတွေနဲ့ ဟန်ဆောင်နေခြင်း ဖြစ်သည်။ ဖျော်ဖြေရေး လောထဲတွင် ထိုကဲ့သို့သော ပွဲမျိုးအတွက် သရုပ်ဆောင်သည့်သူ များစွာရှိနေသည်။ ထို့ပြင် ဒီထိပ်တန်း လူချမ်းသာကြီးသည် ပိုလို့တောင် သူတော်ကောင်းလို ဟန်ဆောင်နေခဲ့သည်။

သို့သော် ကွာခြားမှုမှာ အချို့သောသူများသည် ပိုမိုကာ သဘာဝကျကျ သရုပ်ဆောင်ကာ ဒါကို ဟန်ဆောင်နေတာဟုပင် မပြောနိုင်ကြပေ။

All Chapters