← Chapters

အခန်း (၃၉)

Vol. 4 Ch. 39

အခန်း (၃၉)

Vol. 4 Ch. 39

ကျန်းချင်ယွင်သည် အင်တာနက်ပေါ်တွင် ရွှီယန်ယု၏ လက်ဆောင်က ပုံမှန်ထက် ပိုအရေးပါနေသည်ကို တွေ့လိုက်ရပြီး ထိုအရာမှာ အတွဲတစ်တွဲက လုံးဝ ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ သူတို့သည် အနာဂတ်တွင် တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ ထားခဲ့လို့ မရနိုင်ပဲ ပိုမို ခိုင်မြဲကာ အခြားသော အတွဲများထက်ပင် ပို၍ လိုက်ဖက်ညီနေမည် ဖြစ်သည်။

အခြားသော ဧည့်သည်စုံတွဲ သုံးတွဲလည်းရှိနေသေးကာ သူအပါအဝင် ရှန်ဖန့်တို့မှာလည်း သူတို့လိုပဲ မမြဲမြံကြပေ။

သူမ အဲ့ဒါတွေ ပိုဖတ်မိရင် ပိုဒေါသထွက်လာရတယ်။ ဒီကမ္ဘာမှာ ဘယ်လိုဖြစ်လို့ ဒီလို လက်ခံလို့မရတဲ့ အရာတွေက ဖြစ်လာရတာလဲ?

ပြောရရင် ရွှီယန်ယုနဲ့ မုချောင်တို့က ပိုပြီးခိုင်မြဲတဲ့အတွဲ ဖြစ်နေတာက သေချာပေါက် ရယ်စရာအကောင်းဆုံးပဲ။ တကယ်လို့ သူတို့ဆက်ဆံရေးက တကယ် ခိုင်မြဲနေတာဆိုရင် ဘာလို့သူတို့က ဆက်ပြီး ဟန်ဆောင်နေဦးမှာလဲ?

ဒီလို ကျိုးနေတဲ့ လက်စွပ်မျိုးက သူတို့ရဲ့ကျန်တဲ့ဘဝကို ပေါင်းစည်းနိုင်တယ်ဆိုတဲ့ ဟာသမျိုးကို အင်တာနက် အသုံးပြုတဲ့သူတွေကပဲ ယုံကြလိမ့်မယ်။

ကျန်းချင်ယွင်သည် ထိုကိစ္စကြောင့် အလွန်ဒေါသထွက်ကာ သူမအင်္ကျီကို ဇစ်ဖြုတ်လိုက်ပြီး သူမဟာ ချက်ချင်း အလှဆင်ထားသော ကြိုးလေးကိုပါ ဖယ်ပစ်ခဲ့သည်။ သူမသည် အင်မတန်မှ ဒေါသထွက်ကာ သူမရဲ့အဝတ်အစားများကို ဖြဲပစ်ချင်သည်ကို ဘယ်လိုမှ မထိန်းနိုင်တော့ပေ။

ရှန်ဖန့်လည်း ထိုအရာကို မြင်လိုက်ကာ ပြေးဝင်လာခဲ့သည်။ ကျန်းချင်ယွင်က တကယ်ကို ဒေါသထွက်နေသည်ကို သူလည်း သေချာသိပြီး အနားကို တဖြည်းဖြည်းတိုးသွားကာ သူမကို မြန်မြန်ပဲ အဆင်ပြေသွားစေခဲ့သည်။

“ဘာဖြစ်လို့လဲ။ ဘယ်သူကများ မင်းကို ဒေါသထွက်အောင် လုပ်တာလဲ။”

ကျန်းချင်ယွင်သည် အခုထိရှိနေသေးသည့် သူ့ဖုန်းပေါ်က စခရင်ကို တစ်ချက် လှည့်ကြည့်လိုက်ကာ ရှန်ဖန်ကလည်း ဘာဖြစ်တာလဲကို ကြည့်ချင်ခဲ့သည်။

“အဲ့လို လူတွေနဲ့ သွားမပတ်သတ်နဲ့။ သွားပတ်သတ်နေဖို့လည်း မလိုဘူး။ တကယ််တော့ သူတို့ကိုက သွားပြီးဂရုစိုက်နေဖို့ကို မလိုတာ။”

ကျန်းချင်ယွင်သည် ရှန်ဖန့်ကို သေချာကြည့်ကာ “အခုဆို ကျွန်မတို့က ဂရုစိုက်တာ မစိုက်တာကို မေးနေတာမဟုတ်ဘူး။ အဲ့လူတွေက မရမကကို ကျွန်မနဲ့ ရွှီယန်ယုကို လိုက်ယှဥ်နေကြတာ။ သူတို့က အဲ့ဒါကို အမြဲတမ်းလုပ်နေကြတာ။ ငါတို့သာ အာရုံမစိုက်ရင် ငါတို့က ပိုပြီးဆိုးဆိုးရွားရွား အလှောင်ခံရလိမ့်မယ်။” ဟုပြောခဲ့သည်။

ရှန်ဖန့်သည် သူ စကားမပြောခင် သူ့မျက်နှာမှာ တော်တော်ကြာ တိတ်ဆိတ်နေခဲ့သည်။

“ ဘာတွေပဲဖြစ်ဖြစ် ငါကတော့ မင်းပျော်နေဖို့ပဲ အမြဲ မျှော်လင့်တယ်။ ဒီရှိုးက တကယ်ကို တစ်ခုခု မှားနေတယ်ဆိုရင်လည်း ငါတို့ဒီ ရိုက်ကူးတာတွေကို ရပ်ထားလို့ရတယ်။ ဒါတွေက မင်းရဲ့စိတ်ကို လာထိခိုက်နေစေဖို့ တကယ်မလိုအပ်ပါဘူး။”

ကျန်းချင်ယွင်က ဒါကိုကြားလိုက်ရတဲ့အခါ ရိုက်ကူးရေးလည်း ပြီးတော့မည် ဖြစ်သည်။ သူမရဲ့မျက်နှာမှာ ပိုပြီး အကျဥ်းတန်လာခဲ့သည်။ သူမသာ အခုနေ ရိုက်ကူးရေးကို အဆုံးသတ်လိုက်ရင် အပြင်ကသူတွေက သူမအကြောင်း ဘာတွေများ ပြောကြမလဲ?

ထိုအင်တာနက် အသုံးပြုသူများသည် ဆိုးရွားတာမျိုးတော့ မပြောလောက်ပေ။ သူတို့ အများဆုံး ပြောကြမည်မှာ သူမက ဆက်မပါနိုင်တော့ဘဲ အစောကြီး အရှုံးပေးသွားပြီ။

ထို့အပြင် သူမနှင့် ရွှီယန်ယုတို့သည် ကြာကြာအတူမရှိနိုင်ပေ။ သို့သော် ဒီအချိန်တွင် သူမသည် တကယ် ဝေခွဲမရဖြစ်ခဲ့သည်။ ရွှီယန်ယုလည်း စိန်စီထားသော အိမ်ကြီးကို ရခဲ့သည်။ ထိုအရာမှာ အလွန်သိသာကာ သူမသည် ရှန်ဖန့်ကိုကြည့်ကာ ပြတ်ပြတ်သားသား ပြောခဲ့သည်။

“ဘာတွေပဲဖြစ်လာဖြစ်လာ ငါနှုတ်ထွက်မှာ မဟုတ်ဘူး။”

ရှန်ဖန့်လည်း ကျန်းချင်ယွင်၏ ဇွဲကောင်းနိုင်လွန်းသည်ကို အလွန်ပင် အံ့သြသွားခဲ့ရသည်။ ဒီကိစ္စတွင် သူမသည် အလွန်ပင် ခေါင်းမာလွန်းလှသည်။ ထို့ပြင် ခါတိုင်းသူမ၏ တည်ငြိမ် အေးဆေးမှုမှာ အားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူသည် ဘာလို့ တစ်ယောက်နှင့် တစ်ယောက် ယှဥ်ပြိုင်နေကြသည်ကို နားမလည်ခဲ့ပါ။ တကယ်လို့ သူမနိုင်သွားခဲ့ရင်တောင် ဘာများဖြစ်မှာမလို့လဲ။

သူတို့အားလုံးက အတူတူပဲလား? ဘာမှမပြောင်းလဲဘူးဆို ဒါက အဓိပ္ပါယ်မရှိတာပဲ။ သူမဘာလို့ ဒါတွေကို အရမ်း ဂရုစိုက်နေရလဲဆိုတာ ငါတကယ် မသိတော့ဘူး။ ဒီကမ္ဘာပေါ်မှာ ဆန္ဒတွေက ဘယ်တော့မှ စိတ်မကျေနပ်နိုင်ပဲ ပကာသနတွေသာ များနေမယ်ဆို ဒါက တော်တော်ဆိုးတာပဲ။

ကျန်းချင်ယွင်သည် အရင်ကနှင့်မတူပဲ ပြောင်းလဲလာသည်ဟု ရှန်ဖန့် စတင်ခံစားလာခဲ့ရသည်။ သူမသည် ပိုပြီးခေါင်းမာကာ အရင်ကထက်လည်း ဒေါသပိုကြီးလာခဲ့သည်။

ဒီရှိုးလည်း မြန်မြန်ပြီးဖို့ပဲ မျှော်လင့်နိုင်တော့တယ်။ ပြီးတော့ အခြားပြဿနာတွေ ဖြစ်လာမယ်လို့ ခံစားရပြီး သူမတို့ရဲ့ဆက်ဆံရေးကို လာမသက်ရောက်နိုင်ဖို့ပင်။

“ရှန်ဖန့် ကျွန်မတို့ရဲ့ မှတ်တမ်းကိုလည်း တစ်နိုင်ငံလုံးအနှံ့ ပြချင်လိုက်တာ။ အဲ့ဒါကို သေချာပေါက် ဒီလကုန်လောက်ဆို အပြီးသတ်လို့ရတော့မယ်။ ကျွန်မလေ ရုပ်ရှင်ရုံထဲထိုင်ပြီး ကျွန်မတို့ရဲ့ဇာတ်လမ်းလေးကို ကြည့်နိုင်ဖို့ မျှော်လင့်တယ်။ ဒါက ကျွန်မလို ရုပ်ရှင်ရူးတစ်ယောက်ရဲ့ အိပ်မက်ပဲလေ။”

“ရတယ်၊ ကိစ္စမရှိဘူး။ တစ်နိုင်ငံလုံးအနှံ့ပြသဖို့က အရမ်းလွယ်တယ်။ ကိုယ်ပိုများတဲ့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ပူပေါင်းပြီး ဘယ်မြို့မှာမဆို ပြလို့ရအောင် ရုပ်ရှင်တွေအတွက် အချိန်ဇယားသွားလုပ်လိုက်မယ်။”

ဒါကိုကြားလိုက်ပြီးနောက် ကျန်းချင်ယွင်လည်း စိတ်ကျေနပ်သွားကာ နောက်ဆုံးတော့ သူမတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို တစ်နိုင်ငံလုံးအနှံ့ ရုပ်ရှင်ရုံပေါင်း ၃၀၀,၀၀၀ ကျော်မှာ ပြသနိုင်တော့မည်။

ရှန်ဖန့်လည်း တစ်စုံတစ်ယောက်အား ထိုအကြောင်းကို လူမှုကွန်ယက်ပေါ်တွင် တင်ဖို့ပြောခဲ့ပြီးနောက် များစွာသော အင်တာနက် သုံးစွဲသူများသည် သူတိူ့၏ အံ့ဩမှုများကို မထိန်းနိုင်ခဲ့ကြပေ။

[အဲ့ဒါက ရုပ်ရှင်ကားအတိုလေး သပ်သပ်ပဲလို့ ထင်ခဲ့တာ။ တိတ်တိတ်လေးရိုက်ထားပြီး အွန်လိုင်းပေါ်မှာပဲ ပြခဲ့တဲ့ဟာမျိုးက အခုတော့ ရုပ်ရှင်ရုံတွေမှာ ပြတော့မှာလို့ ဘယ်လိုမှ မထင်ထားခဲ့ဘူး။ ရုပ်ရှင်ရုံပေါင်း ၃၀၀,၀၀၀ ကျော်မှာ ပြသဖို့တောင် အချိန်တွေထွက်လာပြီး။ တကယ့် အပေးအယူကြီးပဲ။]

[ အဲ့ဒါက ပိုက်ဆံတွေ အများကြီး သုံးရမယ့်ပုံပဲ။ ရိုးရိုးသားသား ပြောဆိုရင်တော့ ရှန်ဖန့်က ကျန်းချင်ယွင်ကို တော်တော်လေးချစ်ပြီး သူမအတွက်ဆို ဘာမဆိုလုပ်ဖို့ ဆန္ဒကို ရှိနေတော့တာပဲ။]

[ဟုတ်တယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ထားတာလို့ ငါကြားထားတယ်။ ငါသိချင်တာက ဘယ်လိုဆက်ဆံရေးမျိုးက ရှန်ဖန့်သူမကို အရမ်းချစ်အောင် လုပ်နိုင်တာလဲဆိုတာပဲ။ အဲ့ဒါက ငါ့စိတ်ဝင်စားမှုကို တော်တော်လေး လှုံ့ဆော်ပေးနေတာ။]

[ငါတို့နားက နိုင်ငံသေးသေးလေးက မြို့မှာတောင် လက်မှတ်တွေက ဝယ်လို့ရနေပြီဆိုတာ ငါတွေ့ခဲ့တယ်။ ငါတော့ သူတို့ရဲ့ဇာတ်လမ်းကို တော်တော် မြင်ချင်နေပြီ။]

[ဒီလိုရုပ်ရှင်မျိုးက အဓိပ္ပါယ်ရှိတယ်လို့ တွေးနေတာက ငါတစ်ယောက်ထဲပဲလား။ ငါအသက်ကြီးလာတဲ့အခါ အဲ့ဒါလေးတွေကို ဘယ်အချိန်မဆို ဘယ်ထုတ်ပြီး ကြည့်လို့ရတယ်။ တကယ် တန်ဖိုးရှိတာတွေပဲ။]

[တကယ်ကို အဓိပ္ပါယ်ရှိတာပဲ။ ဘယ်သူ့ကို မဲထည့်ရမလဲတောင် မသိတော့ဘူး။]

အစက အင်တာနက် အသုံးပြုသူများသည် ရွှီယန်ယုကို မဲထည့်ခဲ့ကြကာ ကျန်းချင်ယွင်၏ မဲများမှာ နောက်ကောက်ကျန်ခဲ့သည်။ ထို့နောက် သူမ၏ ရုပ်ရှင်

နမူနာကို ထုတ်လွှင့်ပြီးနောက်တွင် အဆင့်သတ်မှတ်ချက်တွင် ပြန်မဲပေးခဲ့ကြပြီး အနည်းငယ် လိုက်မှီလာခဲ့သည်။

ရိုးသားမှုကပဲ လူတွေရဲ့ရင်ထဲကို ရောက်နိုင်တယ်လို့ပဲ ငါတော့ ပြောနိုင်တော့တယ်။ ဒီရုပ်ရှင်ထဲမှာ ပြသတဲ့ အရာက လူနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ကြတဲ့အကြောင်းပဲ။ သူတို့နှစ်ယောက်လုံးက ၁၆နှစ်ပဲရှိသေးတဲ့ အထက်တန်း ကျောင်းသားလေးတွေ။ အဲ့ဒါက အချစ်ဦးဆိုတဲ့ အဖြူစင်ဆုံးနဲ့ အလှပဆုံး အရွယ်လေးတွေပဲ။

ထိုဖြူစင်တဲ့အချစ်လေးကပဲ အင်တာနက် သုံးတဲ့သူတွေရဲ့ ရင်ထဲကနှလုံးသားလေးကို နှိုးဆွပေးခဲ့သည်။ အခန်းတွေအများကြီးမပါဘဲ စက္ကန့်ပိုင်းလေးတွေပဲ ပါပေမယ့် ကျောင်းဝန်းထဲက အခန်းတွေ ကစားကွင်းထဲမှာ လမ်းလျှောက်နေခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ နောက်ကြောင်းလေးတွေ ကျောင်းဝတ်စုံလေးကနေ ဝတ်စုံအပြည့် ဂါဝန်လေးတွေနဲ့ ဖြစ်သွားခဲ့ကြတာလေးတွေက အချိန်တွေ အာကာသတွေကိုတောင် ကျော်လွန်သွားတဲ့ ခံစားချက်မျိုး ပေးနိုင်သည်။

ထိုအခန်းတွေက လူအများကြီးရဲ့ ရင်ထဲကို ရောက်ရှိခဲ့ကြတယ်။ ရုပ်ရှင်ကြည့်ဖို့ ကြိုပြီးမှာယူနေကြတဲ့ သူတွေကလည်း ခနလေးအတွင်းမှာပဲ ၁၀၀,၀၀၀ ကျော်သွားခဲ့သည်။

[ဒီတစ်ခေါက်တော့ ကျန်းချင်ယွင်က ရွှီယန်ယုကို ပြိုင်နိုင်ပြီလို့ ထင်လား? ငါတော့ ဒါအခွင့်အရေးကောင်းတစ်ခုလို့ တွေးမိတယ်။ တကယ်လို့ ဒီရုပ်ရှင်သာ တကယ် အောင်မြင်လာရင် သူမက သေချာပေါက် ကျော်နိုင်သွားလိမ့်မယ်။]

[ငါတော့ မထင်ပါဘူး။ ဘာလို့ဆို ကျန်းချင်ယွင်ရဲ့ ဘရန်းက အစကတည်းက ရွှီယန်ယုကို ယှဥ်ချင်ခဲ့တယ်မလား။ ဒါပေမယ့် စိတ်ပျက်ဖို့ ကောင်းအောင် ရှုံးသွားခဲ့တာလေ။ နောက်ပြီး ရွှီယန်ယုကတော့ တစ်ညထဲနဲ့ နာမည်ကြီးပြီး သူမကို နောက်မှာ ချန်ထားခဲ့တယ်။ သူမဘယ်လိုမှ မရောက်နိုင်တဲ့ အမြင့်တစ်ခုကို ရောက်သွားတာပဲ။]

[ဒီတစ်ခါကတော့ သူတို့ထက်ပိုပြီးသာဖို့က မဖြစ်နိုင်တာ သေချာတယ်။ ဘာလို့လဲဆိုတော့ အဲ့ရုပ်ရှင်က ပိုကောင်းရင် သူတို့ဆက်ဆံရေးရဲ့ ဂုဏ်သတင်းကလည်း ပိုပြီးကောင်းလာလိမ့်မယ်။ အဲ့ဒါကပဲ သူတို့ကပိုချစ်ပြီး ပိုအဓိပ္ပါယ်ရှိတယ်လို့ သက်သေပြနေတာပဲ။ အခြားအရာတွေက အဲ့လို အဓိပ္ပါယ်မရှိနေနိုင်ကြဘူး။]

[ ငါကတော့ ကျန်းချင်ယွင်ရဲ့ ရုပ်ရှင်လေးအတွက် မျှော်လင့်ချက်တွေ ရှိနေတုန်းပဲ။]

ရွှီယန်ယုသည် ဆောက်လုပ်ပြီးသွားတဲ့ စိန်စီထားတဲ့ ဆိုင်ကြီးရဲ့ လိပ်စာကို လာလည်ဖို့အတွက် တိတိကျကျနှင့် အသေးစိတ် ထုတ်ပြန်ခဲ့သည်။ ဒီတစ်ကြိမ်မှာတေ့ာ့ သူတို့ရဲ့ဆိုင်ကို လာလည်ဖို့ ဧည့်သည်တစ်ရာလောက် ဖိတ်ကြားဖို့ စီစဥ်ထားသည်။ ထို ဧည့်သည်အယောက်တစ်ရာလုံးဟာ ကမ္ဘာအနှံ့က များစွာသော နယ်ပယ်တွေမှာ ကိုယ်စားပြု အောင်မြင်နေကြသူများ ဖြစ်သည်။

အင်တာနက် အသုံးပြတဲ့သူတွေဟာ ထိုကြေညာထားတဲ့ စာရင်းကို မြင်လိုက်ရတဲ့အခါမှာ အတော်တုန်လှုပ်သွားခဲ့ပြီး အချို့သော သူများမှာ အတော်လေး ရင်းနှီးဟန်ရှိသည်။

ငါမြင်ရလို့ အံ့ဩသွားရတာက ဒါ တက္ကသိုလ် သိပ္ပံဆိုင်ရာ လေ့လာရေးဌာနက ခေါင်းဆောင် မဟုတ်ဘူးလား? ဒါကရော ဒီအဖွဲ့ရဲ့ ဥက္ကဌမလား။ ပြီးတော့ ဒါက Asia Pacific ဇိမ်ခံပစ္စည်းကုမ္ပဏီက ဥက္ကဌမလား။ ဒီထဲမှာ ဖျော်ဖြေရေးကဏ္ဍက ထိပ်တန်းနာမည်ကြီးတွေနဲ့ အခြားနယ်ပယ် အသီးသီးက ထိပ်တန်းတွေအများကြီးပဲ။

စာရင်းထဲမှာ နိုင်ငံတကာမှာ ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ Wall Street ငွေကြေးပိုင်းက ဉာဏ်ထက်တဲ့သူတွေ၊ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံတကာမှာ စီးပွားရေးအတွက် ဖွဲ့စည်းထားတဲ့ လုပ်ငန်းရှင်တွေရဲ့ သမီးတွေ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ အင်တာနက်က နာမည်ကြီးတွေကို တစ်နေရာထဲမှာ တွေ့နေရတာပဲ။ တစ်ယောက်လောက်ပဲ ကောက်ရွေးကြည့်လိုက်ရင်ပဲ တော်တော်လေး အံ့ဩသွားရမယ်။

မယုံနိုင်စရာအကောင်းဆုံး အရာတစ်ခုမှာ ရွှီယန်ယုက QL တော်ဝင်မိသားစုက မိသားစုဝင် နှစ်ယောက်ကိုလည်း နှစ်ရက်တာ လာလည်ဖို့ အထူးဖိတ်ကြားခဲ့သည်။ ညီမရွှီရဲ့ မိတ်ဆွေ အသိုင်းဝိုင်းကြီးကတော့ တကယ် အံ့သြစရာပါပဲ။ အဲ့ဒါကပဲ လူတွေကို တော်တော်လေး တုန်လှုပ်စေတာပဲ။

သူ မသိတာက ဒီကြောညာချက်ကို ရွှီယန်ယုကြေညာလိုက်တာက ကျန်းချင်ယွင်ရဲ့ ရုပ်ရှင်ကို ကြေညာတဲ့ရက်နဲ့ တစ်ချိန်တည်း တစ်ရက်တည်း ကြေညာလိုက်တာက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာလား။

ဆိုလိုတာက အချို့လူတွေကို ရွေးချယ်မှု လုပ်ရမယ်ဆိုတာပဲ။ သူတို့သာ ရုပ်ရှင်ရုံကိုသွားရင် သူတို့ပြန်လာတဲ့အခါမှာ live က ရင်ခုန်စရာကောင်းတဲ့ အပိုင်းတွေကို လွတ်သွားပြီး ပြန်ပြီးပဲ ကြည့်လို့ရတော့မည်။

ဒါမှမဟုတ်လည်း live ကိုကြည့်ပြီးမှ ရုပ်ရှင်ရုံကိုသွားလို့ရတယ်။ အဲ့တော့မေးချင်တာက ဘယ်ဟာကို အရင်ရွေးကြမှာလဲ။ အဲ့ဒါက အင်တာနက် အသုံးပြုတဲ့သူတွေက ဘယ်ဟာကို အရင်ရွေးချယ်မလဲ ဆိုတဲ့အပေါ်ပဲ မူတည်သည်။

[ပိုက်ဆံပေးရမှာနဲ့ မပေးရတာဆို ငါက သေချာပေါက် မပေးရတာကိုပဲ ရွေးမှာပေါ့။ အိမ်မှာထိုင်ပြီး live ကို အလကားကြည့်ရမှာက ပိုမကောင်းဘူးလား။]

[ဒါပေမယ့် ငါကတော့ အချစ်ဇာတ်လမ်းလေးကို ကြည့်ချင်နေတုန်းပဲ။ live က ဘယ်ချိန်မဆို ပြန်ပြီး ကြည့်လို့ရတဲ့ စိန်စီထားတဲ့အိမ်က ဘယ်လိုနေမလဲဆိုတာ ငါက စိတ်ကူးကြည့်ပြီးပြီ။ live တစ်ခုလုံးက လည်ပတ်နေရတာကြီးပဲ။ ဘာဇာတ်ကွက်မှလည်း မပါဘူး။ အဲ့တော့ ရုပ်ရှင်တွေက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်။]

[ ငါရောပဲ ရုပ်ရှင်အရင်ကြည့်ဖို့ လက်မှတ်ဝယ်ထားတယ်။ ပြီးတော့မှ ပြန်လာပြီး ညနေပိုင်းမှပဲ ဆိုင်ကို ပြန်ပြီးပဲ ကြည့်တော့မယ်။ ဒီလိုဆို ငါက နှစ်ခုလုံးကြည့်ပြီး အနိုင်ရတဲ့ဘက်မှာကြီးပဲ။]

[ ဒါက ငါတွေးထားသလိုပဲ။ ငါစိုးရိမ်နေတာက ရုပ်ရှင်က မကောင်းမှာကိုပဲ။ အဲ့ဒါကြောင့် ငါက live ကိုပဲ အရင်ကြည့်ရင်ကောင်းမလားလို့။ ဒီ live က မကောင်းတာတစ်ခုက အင်တာနက်လိုင်းသာ နှေးနေမှာပဲ။ အဲ့တော့ လူတွေအများကြီး ကြည့်နေမှာဆိုတော့ ပြန်ပြတာပဲ ကြည့်တာပိုကောင်းပါတယ်။]

မကြာခင် ၂၇ ရက်မြောက်နေ့သို့ ရောက်သောအခါ မတူတာနှစ်ခုကို ရွေးချယ်ထားတဲ့ အင်တာနက်အသုံးပြုသူ နှစ်ဖွဲ့ရှိနေသည်။ တစ်ဖွဲ့မှာ live ကို သူ့လွှင့်တဲ့အချိန်မှာကြည့်ပြီး နောက်တစ်ဖွဲ့က ရုပ်ရှင်လက်မှတ်တွေ ကြိုဝယ်ထားကြပြီး ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့၏ အချစ်ဇာတ်လမ်းလေးဖြစ်သော “ထိုအတိတ်မှ နှစ်များဆီသို့” ဇာတ်ကားကို သွားကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။

တကယ်တော့ ထိုနှစ်ဖွဲ့အပြင် live ကြည့်ဖို့ရော ရုပ်ရှင်ရုံသွားဖို့ရော အချိန်မရှိသည့်သူများသည် ပြန်ပြတာကိုကြည့်ရမလား ရုပ်ရှင်လက်မှတ်ဝယ်ရမလားဆိုတာကို ပြန်ထွက်လာသော လူများ၏ ပြောစကားများကိုအရ ဆုံးဖြတ်ဖို့ ထိုင်စောင့်နေကြသည်။

ရွှီယန်ယု၏ စိန်စီထားသော ဆိုင်မှာ live ထဲတွင် ရက်အတော်ကြာ လျှို့ဝှက်ထားသော ကန့်လန်ကာကြီးကို တဖြည်းဖြည်း ဖွင့်ခဲ့သည်။ ထိုမြင်ကွင်းသည် နေအလင်းရောင်အောက်တွင် တလက်လက်တောက်နေသည့် မြင်ကွင်းမျိုးဖြစ်သည်။ ထိုတလက်လက်တောက်လေးသော အလင်းတန်းများသည် အလွန်ပင် လှပလွန်းသည်။ စိန်များကို အသုံးပြုခဲ့သည်ကို သတိထားမိနိုင်သော်လည်း စစတီးဖြင့ ပြုလုပ်ထားသော နေရာများတွင် အခြားအရာများဖြင့် အသုံးပြုထားသည်။ ထိုအရာသည် လှပသည်သာမက လုံခြုံပြီး ခိုင်ခံ့သည်ဟု သုံးသပ်လို့ရနိုင်သည်။

ထို့နောက် ခေတ်မှီ အဆောက်အဆုံတစ်ခုသည် လှဖို့ အဆင့်မှီဖို့ ဇိမ်ရှိဖို့သာမက သာမန်အိမ်များထက် လုံခြုံပြီး ခိုင်ခံ့ဖို့လည်း လိုသည်။ နိုင်ငံတကာထိပ်တန်း ဆောက်လုပ်ရေးအဖွဲ့၏ တရားဝင် website တွင် ထိုအိမ်၏ ပုံစံကို ထုတ်ပြခဲ့သည်။

ထိုအရာသည် နှစ်ထပ်ရှိသော စိန်ဖြင့်တည်ဆောက်ထားသည့် အဆောက်အဦကြီးသာမက ၈.၉ခန့်ရှိသော ငလျှင်ကြီးဒဏ်ကိုပါ ခံနိုင်ပြီး အထပ်မြင့်တိုက်ကြီးများ၏ ခံနိုင်အားနှင့် အတူတူဖြစ်သည်။ ထို့အပြင် အိမ်ရဲ့အတွင်းပိုင်းသည် ငလျှင်လှုပ်ပြီးသည့်တိုင် ဘာမှပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ စျေးသာမက အရည်အသွေးပိုင်းတွင်လည်း ထိပ်တန်းအဆင့်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

အလှဆင်မှုအားလုံးသည် စိန်များဖြင့်သာ ပြုလုပ်ခဲသည်။ ပုံစံကိုကြည့်ရုံဖြင့် စိန်တန်ချိန် ထောင်နဲ့ချီ အသုံးပြုထားသည်ကို ခံစားမိနိုင်သည်။ အသုံးပြုခဲ့သည် သတ္တုပစ္စည်း ပမာဏ အတိအကျသည် မယုံနိုင်လောက်အောင် ဖြစ်သည်။

All Chapters