အခန်း (၄၁)
Vol. 4 Ch. 41
ရွှီယန်ယုသည် သူမ၏လက်စွပ်ကို အကြိမ်များစွာ ကြည့်ပြီးနောက် လူမှုကွန်ယက်ပေါ်ရှိ စာကို ပြန်လည် ပြင်ဆင်ခဲ့သည်။ “ကျွန်မတို့ ရန်မဖြစ်ထားပါဘူး။ အဆင်ပြေကြပါတယ်။”
တကယ်တော့ သူမရဲ့ခါးမှာ ဒဏ်ရာတွေရှိနေပြီး အဲ့ဒါတွေက အတော်လေးနာကျင်ရသည်။ ထို့ကြောင့် သူ့လက်ကို ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။ ပြီးတော့ အခြားတစ်ယောက်က အရမ်းသန်တော့ အဲ့ညက အတော်လေး နာကျင်ခဲ့ရသည်။
ပြီးတော့ သူမ သူ့ကို အရမ်း သောင်းကျန်းခိုင်းလို့ မရဘူး။ ဒါမှမဟုတ်ရင် သူက ထိန်းဖို့ ခက်သွားလိမ့်မယ်။
ထိုစာကို တင်ပြီးသည့်နောက်တွင် သူမသည် ပုံတစ်ပုံကို ရွေးချယ်ကာ ထိုအရာအကြောင်းကို တွေးနေခဲ့သည်။ ရုတ်တရက်ဆိုသလို အရင်က အယ်လ်ဘမ်ထဲမှ ယူခဲ့သော လွန်စွာ အနုပညာလက်ရာမြောက်သည့် ဓာတ်ပုံတစ်ပုံကို မြင်ခဲ့သည်။ ထိုပုံလေးသည် သူမ၏ မျက်ဝန်းများအား လင်းလက်လာစေခဲ့သည်။ ထို့အပြင် ထိုဓာတ်ပုံ၏ အဓိပ္ပါယ်နှင့် အားရမှုတို့မှာ ကောလဟာလ စကားများအားလုံးကို လုံးဝ ငြင်းဆိုနိုင်လိမ့်မည်။
ရွှီယန်ယုသည် ပေးပို့လိုက်ကာ လူမှုကွန်ယက်ပေါ်တွင် နောက်စက္ကန့်ပိုင်းအတွင်း တုန်လှုပ်သွားခဲ့ကြသည်။
ထိုပုံကို အင်တာနက် အသုံးပြုသူများ မြင်သောအခါတွင် သူတို့အားလုံး လန့်ဖြန့်ကာ မလှုပ်ကြတော့ပဲ အချိန်အတော်ကြာသည်အထိ စကားတောင် မပြောနိုင်ခဲ့ပေ။ သူတို့အသိစိတ် ပြန်ဝင်လာကြသောအခါ လိုင်းများလည်း မကောင်းပဲ ထိုအရာကို ပြန်လည် ကြည့်ဖို့ရန် အချိန်တစ်ခုထိကြာအောင် စောင့်နေခဲ့သည်။
ထိုပုံထဲက အမျိုးသမီး၏ ခါးမှာ နူးညံ့လှတဲ့ အသားအရည်ရှိကာ သူမ၏ မျက်နှာကို မမြင်ရဘဲ ခန္ဓာကိုယ်ကိုသာ မြင်နိုင်သည်။ သူမ၏ ပြည့်စုံလှသည့် S ပုံစံကောက်ကြောင်းလေးဖြစ်သော ခန္ဓာကိုယ် တစ်ခုလုံးကိုသာ ဖျက်ခနဲ ကြည့်နိုင်ခဲ့သည်။ သူမ၏ ခါးမှာ သေးသေးသွယ်သွယ်လေးနှင့် ဆွဲဆောင်မှု ရှိသည်။ အထူးသဖြင့် သူမ၏ ခါးလေးကို စိန်များဖြင့် တန်ဆာဆင်ထားသည်မှာ တကယ်ကို ပြည့်စုံလှသည်။
လူတွေကို ပိုပြီးရူးသွားအောင် လုပ်သွားနိုင်သည်မှာ အရင်က မုချောင်ယွင်ကို ပေးခဲ့သည့် မြွေခေါင်းပုံစံ ကျောက်စီမီခြစ်ဖြစ်ကာ သူမ၏ ခါးပေါ်တွင် တင်ထားခဲ့သည်။ ထိုအရာသည် သူမ၏ ခန္ဓာကိုယ်ရှိ သီးသန့် အစိတ်အပိုင်းအား အပိုင်သိမ်းကာ စိုးမိုးထားခဲ့သည်။
ထိုလက်ရာမြောက်သော မီးခြစ်လေးသည် ဆွဲဆောင်မှုရှိသော နေရာတွင် ရပ်လိုက်ကာ ထိုအရိုင်းဆန်သော အလှလေးက တစ်ခုကိုတစ်ခု ရောယှက်ကာ ရှိနေတော့သည်။ စိတ်ကြီးဝင်ကာ ရက်စက်တတ်သော မြွေခေါင်းကြီးမှာ ထိုနေရာက သူ့ရဲ့အပိုင်ဟု ပြောနေဟန်ရှိသည်။
ထိုနူးညံ့သော အသားအရည်လေးနှင့် အပြန်အလှန် နှိုးဆွခံရပြီးနောက်တွင် တပ်မက်မှုမှာ အထွဋ်အထိပ်သို့ ရောက်ခဲ့ကာ လူအများကိုလည်း ချက်ချင်းဆိုသလိုပင် နှာခေါင်းသွေးလျှံစေခဲ့သည်။ ထိုအရိပ်အမြွက်သည် သိပ်မကြာလိုက်ပဲ တိကျသော ထုတ်ပြန်မှုတစ်ခု ဖြစ်ခဲ့သည်။
ထိုမြွေခေါင်းပုံစံ ကျောက်မျက်ရတနာ လက်ဆောင်မှာ ဥက္ကဌမုကို ကိုယ်စားပြုပြီး သူတို့နှစ်ယောက် ရုန်းကန်နေခဲ့ရတုန်းက ရရှိခဲ့သည့် ပထမဆုံးသော လက်ဆောင်လည်း ဖြစ်သည်။ အဲ့ဒါကို ဘယ်အချိန်တည်းက ရွှီယန်ယု ပြင်ဆင်နေလဲတော့ သူတို့ မသိခဲ့ပေမယ့် အခုတော့ သူတို့သိသွားပြီ။
ဒါကို အချိန်အကြာကြီး အစီစဥ်ဆွဲပြီး
တိတ်တိတ်လေး လုပ်နေခဲ့တာပဲ။
[အာ။ ဒါက တကယ့်ကို အရင်ထဲက ဖြစ်ခဲ့တာပဲ။ အဲ့ချိန် ပုံထဲက သူမလက်မှာ လက်စွပ်တောင် မရှိသေးဘူး။ သူမရဲ့ လက်စွပ်သာ ချွတ်မရဘူးဆိုရင် တော်တော် ကောင်းမှာ။ ဒီတစ်ခါတော့ အဖြေထုတ်လို့ ရသွားပြီ။]
[ဒါက အံ့ဩစရာကြီး။ တကယ်လို့ အဲ့လို သေလောက်တဲ့ ညမျိုးမှာတောင် ညီမရွှီက မီးခြစ်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုတာ မစ္စတာမုသာ သိခဲ့ရင် တကယ်ကို ဆွဲဆောင်မှု ရှိမှာပဲ။ သူကရော အဲ့လောက် ပျော်မနေဘူးလား။ အဲ့ဒါကို သေချာပေါက် သူနဲ့ နီးနီးကပ်ကပ် ရှိနေရမှာကို။]
[ရွှီယန်ယုကို အဲ့မီးခြစ်နဲ့ အနီးကပ် ရှိနေတာကို မြင်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူးဟယ်။ ဒါက တော်တော် မိုက်လွန်းလို့ ဘယ်သူမှတောင် ဖုံးကွယ်လို့ မရဘူး။]
မကြာခင်မှာပဲ သူမ၏ မှတ်ချက်ပေးသည့် နေရာအောက်တွင် မုချောင်ယွင်မှ စာတစ်စောင် ချန်ထားခဲ့သည်ကို အင်တာနက် အသုံးပြုသူများက တွေ့ခဲ့ကြသည်။
ထိုဖန်သားပြင်ပေါ်က စကားလုံး နည်းနည်းမှ သူ့ရဲ့ ခက်ထန်မှုများကို ခံစားနိုင်လုနီးပါး ဖြစ်ခဲ့သည်။
“နှစ်မိနစ်လောက် မလှုပ်နဲ့။ မဟုတ်ဘူး။ တစ်မိနစ်ပဲ။ ငါပြန်လာတဲ့ထိ စောင့်နေ။”
[အားးးးးးး။ ဥက္ကဌမုရေ အဲ့မှာ ဘာသွားလုပ်မလို့လဲ။ ရှင်းရှင်းလင်းလင်း ပြောပြပါဦးလို့]
မုချောင်ယွင် ထိုစာကို အကြောင်းပြန်ပြီးနောက် အင်တာနက် အသုံးပြုသူများမှာ ဆူပူ အုံကြွလာခဲ့သည်။ အကြောင်းမှာ ထွက်ပေါ်လာသော သတင်းများသည် အလွန်များပြားလှပြီး စကားတစ်ခွန်းတည်းကနေ များစွာသော အဓိပ္ပါယ်တွေကို သက်ရောက်စေခဲ့သည်။
ထို့အပြင် ရွှီယန်ယုရဲ့ ဓာတ်ပုံအကြောင်းမှာလည်း စဥ်းစားစရာဖြစ်နေပြီး သူမ တင်ခဲ့သော စာမှာ လူတိုင်းကို သူမတို့၏ ရန်ဖြစ်ထားသည့် အကြောင်းအား နားလည်မှု မလွဲကြဖို့ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အင်တာနက် အသုံးပြုသူများမှာ အပြင်လူများအနေဖြင့် ထိုအဓိပ္ပါယ်ရှိသော ပုံများတွင် ပါနေသော သူကိုတောင် မဖော်ပြပဲတောင် ကြည့်ဖို့ရန် ခဲယဥ်းလှသည်။ ထိုသူသည် လက်ဆောင်ကို ရရန်အတွက် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ကြိုးစားမှုများကို ဖြတ်ကျော်ခဲ့ရသည်။ ထိုအရာမတိုင်ခင်က ရွှီယန်ယုသည် အချိန်အတော်ကြာ သူ့ကိုဆွဲထားဖို့အတွက် ထိုမြွေခေါင်းပုံစံ ကျောက်မျက်ရတနာကို တမင်တကာ အသုံးပြုခဲ့သည်။
ထို့နောက် သူမသည် မစ္စတာမု၏ စိတ်ဝင်စားမှုကို အရယူခဲ့ပြီး ပြောင်းလဲမှုကြောင့် ဖြစ်လာသည့် အကျိုးရလဒ်များမှာ တကယ်ကို စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ဖို့အတွက် လိုအပ်ခဲ့ရသည်။ သို့ရာတွင် ရွှီယန်ယု ပြခဲ့သည် သူမ၏ ပုံစံကို မုချောင်ယွင်မှာ မြင်တောင် မမြင်ဖူးခဲ့ပါ။
ထိုဆွဲဆောင်မှုမျိုးမှာ တပ်မက်စိတ်ပြင်းပြနေသော ယောက်ျားတစ်ယောက်အတွက် သေစေနိုင်လောက်သည်။ အခုရွှီယန်ယု၏ ပုံစံမှာ အခြားသူတစ်ယောက်ကို အတော်လေးကို ဆွဲဆောင်နိုင်လွန်းသည်။
ထို့နောက် လက်ရှိနှင့် အရင်တုန်းက အကြောင်းများ ပေါင်းစပ်မိသွားကာ ရွှီယန်ယုလို မိန်းမမျိုး၏ ဖြားယောင်းမှုမျိုးကို ဘယ်ပုထုစဥ်လူသားမှ ခံနိုင်စွမ်း မရှိနိုင်ကြပါ။
[ ဟားဟားဟား။ ညီမရွှီရေ ဒီညတော့ ကံကောင်းဖို့ ဆုတောင်းတာက ပိုကောင်းတယ်နော်။ မစ္စတာမု ဘယ်လောက် စိတ်မကျေနပ်နေလဲဆိုတာ မြင်ရတာ နင့်အိပ်ရာထဲနေတောင် ထနိုင်မယ့် ပုံမပေါ်တော့ဘူး။]
[ဟေ ဟေး။ ငါက အိပ်ရာထဲမှာနော်။ ငါမြင်ပြီးသွားပြီ။ ငါတော့ ဒီည သေချာပေါက် အိပ်ရာထဲက မထတော့ဘူး။]
[သူဌေးမုက အဲ့အခြေပနေဆိုပေမယ့် သူက ညီမရွှီကို အိပ်ရာထဲကတော့ ထခိုင်းလောက်ဦးမှာ။ အထင်သေးမိလို့ တို့ကို အပြစ်လာမတင်နဲ့နော်။]
ရွှီယန်ယုသည် ထိုစာကိုတင်ပြီးနောက် ကောမန့်နေရာမှ မုချောင်ယွင်၏ စာကို ရုတ်တရက် မြင်ခဲ့သည်။ သူမရဲ့ပုံစံမှာ ထူးဆန်းလာခဲ့သည်။ သူမ အဲ့ဒါကို တွေးနေတုန်းမှာပဲ အခန်းတံခါးခေါက်သံကို ကြားခဲ့ရသည်။
တစ်ဖက်လူရဲ့ တံခါးခေါက်သံမှာ အလွန်ကြမ်းတမ်းပြီး အားကြီးလှပြီး ထိုအသံမှာ သူမရဲ့နှလုံးခုန်သံများ မြန်လာကာ သူမရဲ့ သိချင်တဲ့စိတ်ကို ဘယ်လိုမှ ထိန်းမရပေ။ ဒါကဖြစ်နိုင်ပါ့မလား?
အခန်းတံခါးကို ဖွင့်ပြီးနောက်တွင် ခန့်ညားသော အမျိုးသားတစ်ယောက် ဝင်လာကာ သူ၏မျက်နှာမှာ စင်္ကြံလမ်းပေါ်မှ မီးရောင်ကြောင့် အရိပ်ကျလျက်ရှိနေသည်။
နံရံပေါ်က ဖန်သားမီးဆိုင်းမှာ ထိုသူ၏မျက်နှာပေါ်သို့ အလင်းပြန်ကာ အရမ်းကို ခန့်ညားလွန်းသည်။ ထိုအချိန်တွင် ရွှီယန်ယု၏ မြင်ကွင်းမှာ တဖြည်းဖြည်း ကျယ်လာကာ မုချောင်ယွင်၏ မျက်နှာအား ရှုထောင့်သုံးခုမှ မြင်နေခဲ့ရသည်။ ထို့ပြင် သူ၏မျက်ဝန်းများမှာ လေးလေးနက်နက်ဖြင့် လူများကို ဆွဲစားတော့မည့်အလား ဖြစ်နေဟန်ရှိသည်။
နောက်စက္ကန့်ပိုင်းလောက်တွင် ရွှီယန်ယုသည် အော်ချဟန်လိုက် ဟန်ချက်ပျက်သွားခဲ့သည်။ တံခါးကို ဖြတ်လာပြီး ချက်ချင်းဆိုသလိုပင် သူမရဲ့ ခန္ဓာကိုယ်ကို သူ့ရဲ့အားဖြင့် တွန်းချလိုက်ကာ သူမလည်း အိပ်ရာပေါ်သို့ လဲကျသွားခဲ့သည်။
တံခါးအပြင်ကို ကြည့်လိုက်လည်း သားရဲကြီးတစ်ကောင်ကို မြင်နေရတယ်လို့ ခံစားရမှာပင်။ အရာအားလုံးက ရုတ်တရက်ဆိုသလို ဖြစ်ပျက်သွားခဲ့ပြီး လူတွေကို လွှမ်းမိုးသွားသလို ခံစားလိုက်ရသည်။ ရွှီယန်ယုလည်း ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်က သူမကို ကြောက်မက်ဖွယ် ခုန်အုပ်သလို ခံစားလိုက်ရသည်။
ထို့အပြင် တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီးနောက် အစပိုင်းတွင် ဘာတုန့်ပြန်မှုမှ မရှိခဲ့ပေ။ ထို့နောက်တွင် သူ့ရဲ့ခန္ဓာကိုယ်မှာ အလွန်သက်တောင့်သက်သာဖြစ်ကာ ဇိမ်ရှိလှသည့် အိပ်ရာကြီးပေါ်သို့ လှဲချခဲ့သည်။ ထိုခံစားချက်မှာ ဘယ်လိုထူးဆန်းလို့ ထူးဆန်းနေမှန်း မသိပဲ စိတ်လှုပ်ရှားဖို့ကောင်းနေသည်။
ရွှီယန်ယုသည် ဘာစကားမှ မပြောခဲ့သော်လည်း တည်ငြိမ်စွာဖြင့် အသက်ပြင်းပြင်း ရှုခဲ့သည်။ ထိုအချိန်တွင် သူမ အနားယူဖို့ စီစဥ်ထားသော်လည်း ဧည့်သည်တစ်ယောက်က မဖိတ်ခေါ်ပဲ ရုတ်တရက် ရောက်လာမည်ကိုတော့ သူမ မမျှော်လင့်ခဲ့ပေ။
ထိုလူကြီး၏ အသက်ရှူသံ ပြင်းပြင်းကြီးမှာ ရွှီယန်ယု၏ လည်တိုင်သို့ လာထိနေခဲ့သည်။ ထို့ကြောင့် သူမလည်း မရိုးမယွဖြစ်လာကာ သူ့အား တွန်းထုတ်ခဲ့သည်။
“အဲဲ့ဒါကြီးက အရမ်းယားတာပဲ။”
ရွှီယန်ယုက မုချောင်ယွင်အား အဝေးကို တွန်းထုတ်ပြီး သိလိုက်ရသည်မှာ သူသည် အစောတလျင် လာသည့်အတွက် သူ့အင်္ကျီမှာ ကြေမွနေပြီး သူ့အင်္ကျီကော်လာမှ အပေါ်ဆုံးကြယ်သီးမှာ ပြုတ်နေခဲ့သည်။
ပုံမှန်မဟုတ်တဲ့ တောက်ပနေသော အနီရောင် ဓားတစ်ချောင်းရဲ့ အစွန်းက ထွက်လာကာ ထိုအရာကြောင့် သူ့ရဲ့ခက်ထန်နေသော မျက်နှာမှာ ထိုတိုက်ပွဲကို ရင်ဆိုင်ရဲတဲ့ သတ္တိအပြည့်နှင့် ပုံစံမျိုး ဖြစ်လာစေသည်။
ရွှီယန်ယုလည်း ပြုံးလိုက်ကာ မုချောင်ယွင်က သူ့ရဲ့အမူအရာတွေကို မှီခိုပြီး ဒီလိုနေနိုင်တာပဲဟု တွေးနေခဲ့သည်။ အဲ့လိုမျက်နှာထားမျိုးရှိတဲ့ ယောက်ျားတစ်ယောက်က လေးစားခံရတဲ့အခါ သူ့ရဲ့ ဝေဖန်ခံမှုတွေက အလွယ်တကူ သက်ရောက်နိုင်သည်။
သူမက ခန့်ညားတဲ့လူတွေကို သဘောကျပေမယ့်လို့ သူတို့ရဲ့ ဆွဲဆောင်မှုရှိနေတာတွေကိုတော့ စွဲလမ်းနေမှာမဟုတ်ပေ။
ထို့နောက် သူမသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ မေးခဲ့သည်။ “ ဒီလောက်နောက်ကျတော့မှ ကျွန်မကို လာတွေ့ချင်တာက ဘာကိစ္စရှိလို့လဲ။”
ထို့နောက် သူမသည် တဖြည်းဖြည်း အဝတ်လဲစင်နားသို့ ရုတ်တရက် လျှောက်လာခဲ့ကာ မှန်ရှေ့တွင်ရပ်ပြီး သူမရဲ့ နူးညံ့ပြီး လှပတဲ့ မျက်နှာကို ကြည့်လျက် စျေးကြီးသော မျက်နှာလိမ်းခရင်ဗူးကို ယူလိုက်ကာ သူ့မျက်နှာတွင် အသာအယာ လိမ်း၍ စကားပြောခဲ့သည်။ ထိုကိစ္စတစ်ခုလုံးသည် ပုံမှန်အတိုင်း ဖြစ်နေဟန်ရှိသော်လည်း မုချောင်ယွင်က သတိထားမိနေဆဲ ဖြစ်သည်မှာ ထိုအမျိုးသမီးသည် ကိစ္စတစ်ခုကို ရှောင်ချင်နေခဲ့သည်ကို ဖြစ်သည်။
မုချောင်ယွင် ရွှီယန်ယုဘေးသို့ တဖြည်းဖြည်း လျှောက်လာကာ မှန်ထဲရှိ သူမအား ကြည့်လိုက်ကာ တီးတိုးပြောခဲ့သည်။ “မင်းက ဘာလို့ မသိတာလဲ။”
သူမသည် လူမှုကွန်ယက်ပေါ်တွင် ပုံတစ်ပုံကို တင်ခဲ့ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေသည်။ အဲ့ဒါက ဘယ်လိုလုပ် ဒီလောက် လွယ်နေရမှာလဲ? ရွှီယန်ယုလို မိန်းမမျိုး၏ ပုံစံကို သိနေခဲ့ကာ တစ်ခါတစ်လေ သူမသည် ပြောချင်တာကတစ်ခု ဆိုလိုတာကတစ်ခု ဖြစ်နေတတ်သည်။
သူမက မီးစမွှေးလိုက်သည့် သူဖြစ်သည်မှာ အရမ်းသိသာလွန်းသော်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့သည်။
ရွှီယန်ယုသည် သူမရဲ့ပေါင်နှင့် မျက်နှာလေးကို ညင်သာစွာ နှိပ်နယ်ခဲ့ကာ “ရှင် ကျွန်မကို ရှင်းရှင်းလင်းလင်း မပြောပြရင် ကျွန်မ ဘယ်လိုလုပ် သိပါ့မလဲ။ ရှင် ဘာလုပ်ချင်လဲဆိုတာ ပြောမှပေါ့။ ရှင် မပြောပဲ ရှင်ဘာတွေ တွေးနေလဲဆိုတာ ကျွန်မက ဘယ်လိုလုပ်သိနိုင်မှာလဲ။”
“…..”
မုချောင်ယွင်သည် ရွှီယန်ယုက သူတွေ့ဖူးသမျှ မိန်းမတွေထဲတွင် နားလည်ရအခက်ဆုံးဟု ခံစားခဲ့ရသည်။ သို့သော် ထိုကဲ့သို့သော မိန်းမမျိုးကသာလျှင် ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။
သူသည် ဘာမှမပြောနိုင်ခဲ့ဘဲ သူ့၏အလုပ်ဖြင့်သာ ချက်ချင်းပဲ သက်သေပြခဲ့သည်။ သူလည်း မျက်နှာလိမ်းခရင်ကို ယူလိုက်ကာ မှန်ရှေ့ရှိ ရှီယန်ယု၏ နူးညံ့သော မျက်နှာပေါ်သို့ ညင်သာစွာ ပွတ်ပေးလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ပွတ်ကာ လူးပေးရင်း သူမရဲ့ နူးညံ့ချောမွေ့သော အသားရည်လေးကို ခံစားမိနေခဲ့သည်။
ထို့နောက် တစ်ချိန်တည်းမှာပဲ သွယ်လျတဲ့ လက်ကလေး တစ်စုံဟာ မျက်နှာလိမ်းခရင်ကို ယူပြီး သူ၏မျက်နှာသို့ လိမ်းပေးခဲ့သည်။ ထို့နောက် တဖြည်းဖြည်းချင်း သူ၏ လည်ပင်း အနောက်သို့ ရောက်လာခဲ့သည်။ ထိုနီးကပ်သော အထိအတွေ့လေးကြောင့် သူ့အရေပြားပေါ်ရှိ ချွေးပေါက်လေးများကတောင် သူမ၏ နွေးထွေးမှုကို အသေချာ ခံစားခဲ့ရသည်။
မုချောင်ယွင်၏ ကြေမွနေသော ရှပ်အင်္ကျီသည် မြေပေါ်သို့ ကျသွားပြီး မျက်နှာလိမ်းခရင်ကိုလည်း သူ့နောက်ကျောတပြင်လုံးကို လူးခဲ့သည်။
ထို အငြိမ်အနေသော လက်သေးသေးလေးများသည် လှပညင်သာစွာ လှုပ်ရှားနေဆဲဖြစ်သည်။ ထိုကဲ့သို့ လှုပ်ရှားနေသည်မှာ ထိုလက်ကလေးများက မှော်အစွမ်းဖြင့် အခြားလူများအား သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်အောင် ပြုလုပ်နေသလို ဖြစ်နေသည်။
မုချောင်ယွင်သည် သူ၏ကျောမှ ရုတ်တရက်ဆိုသလို ဆစ်ခနဲဖြစ်သွားသည့် နာကျင်မှုမျိုးကို ခံစားလိုက်ရကာ ထိုနာကျင်မှုကို ပြောပြခဲ့သည်။ ထိုနာကျင်မှုမှာ ချွန်ထက်နေသော လက်သည်းများမှ သူ၏ အရည်ပြားကို ထိုးမိနေခြင်း ဖြစ်သည်။
ဘယ်လိုတောင် ရက်စက်တဲ့ မိန်းမလဲ။
ငါလှည့်ကြည့်လိုက်တော့ ကိုယ့်ကိုကိုယ် ကျေနပ်ပြီး ချစ်စရာကောင်းအောင် ပြုံးပြနေတဲ့ အမျိုးသမီးလေးကို ငါတွေ့လိုက်ရတယ်။ သူမရဲ့ နူးညံ့ပြီး လှပလွန်းတဲ့ မျက်လုံးလေးတွေက ကျီစယ်နေတဲ့ ပုံရိပ်ယောင်လေးဖြစ်ပြီး “ရှင် ဘာလုပ်နိုင်လဲ” ဆိုပြီး ပြောနေသလိုပဲ။
ထိုအရာက မုချောင်ယွင်ရဲ့ သူမကို ထိန်းချုပ်ချင်တဲ့ ဆန္ဒကို ကိုပြီး လုံးဝ ဖြစ်လာစေခဲ့သည်။ ဘယ်လိုဖြစ်မလဲဆိုတာကို ဘယ်သူမှ မသိခဲ့ပေမယ့် ခနလေးအတွင်းမှာပဲ သူမရဲ့ ညအိပ်ဝတ်စုံလေးက တစ်စစီ ဖြဲခံခဲ့ရသည်။ ထို့နောက် ရူးသွပ် ပြင်းထန်ပြီး ချစ်စိတ်တွေ ပြင်းပြနေတဲ့ အနမ်းမိုးတွေ ရွာလာခဲ့ကာ ထိုအနမ်းများက သူမကို အရည်ပျော်စေခဲ့ဟန် ရှိသည်။
အမျိုးသမီးလေးသည် ညည်းသံလေးထွက်လာကာ သူမကို တစ်ခုခုက ဆွဲနေခဲ့သလို ခံစားခဲ့ရသည်။
ရွှီယန်ယု၏ ကျက်သရေရှိလှတဲ့ ခန္ဓာကိုယ်လေးမှာ အလွန် နူးညံ့ကာ ပျော့ပျောင်းလှသည်။ ထို့နောက် ချက်ချင်းဆိုသလို သူမအပေါ်ကို တက်လာမည့် တစ်စုံတစ်ယောက်အား မစောင့်နိုင်တော့ပါ။ သို့သော် သူမရဲ့ ပျင်းရိနေတဲ့ ပုံစံဟာ သူ့မရဲ့မျက်လုံးများနှင့် လုံးဝကို ရှေ့နောက်မညီတော့ပေ။ ထိုပုံစံကပဲ သူမကို အရိုင်းဆန်ပြီး ထိန်းမရတဲ့ ကြောင်လေးတစ်ကောင်နှင့် တူနေတော့သည်။
မုချောင်ယွင်၏ လှုပ်ရှားမှုများမှာ ထိပ်ထိပ်ပျာပျာ ဖြစ်လာကာ လူများအား ပိုပြီး ရှက်သွေးဖြာကာ ရင်ခုန်သံများ ပိုမြန်လာတော့သည်။ တစ်ခန်းလုံးလည်း စွဲမက်ဖွယ်ကောင်းပြီး မရေမရာဖြစ်နေသည့် ခံစားချက်မျိုးနှင့် ပြည့်နေခဲ့သည်။ ထိုအခန်းရဲ့ အနှစ်သာရမှာ ချစ်သူနှစ်ယောက်ရဲ့ အဆုံးမရှိ ပိုင်ဆိုင်ထားတဲ့ အချစ်တွေကို ဖြန့်ကျက်စေခဲ့ပြီး အချစ်ရဲ့ အငွေ့အသက်များမှာ အလွန်ပြင်းထန်လှပြီး လူတွေကို သေချင်အောင်တောင် ပြုလုပ်နိုင်သည်။
ထိုအချိန်မှာပဲ တံခါးခေါက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုအသံက အချင်းချင်း ရင်းရင်းနှီးနှီး အတူရှိနေကြတဲ့ သူတို့နှစ်ယောက်ကို ရူးချင်သလို ဖြစ်သွားခဲ့သည်။
ငယ်ရွယ်သော ကောင်လေးတစ်ယောက်မှ မဝံ့မရဲဖြင့် ပြောလိုက်သည်။ “အမေ့၊ သား မုရှောင်ပါ။”