အခန်း (၄၂)
Vol. 4 Ch. 42
အခန်းပြင်မှ အသံကို ကြားပြီးသည့်နောက် သူတို့နှစ်ယောက်လည်း နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားကြသည်။ ရွှီယန်ယုမှာလည်း အနည်းငယ် ရှက်နေခဲ့သည်။ မုချောင်ယွင်၏ ခန္ဓာကိုယ်မှာလည်း ပိုပြီးတောင့်တင်းလာခဲ့သည်။ ထိုအချိန် သူရဲ့ခံစားချက်များ မကောင်းနေခဲ့သည်ကို သူမလည်း လုံးဝခံစားမိနေသည်။
ရွှီယန်ယုသည် မြန်မြန်ထကာ သူမ အင်္ကျီများကို ပြန်ဝတ်ခဲ့သည်။ သူမ မျှော်လင့်ထားသလိုပဲ မုချောင်ယွင်၏ မျက်နှာမှာ မှုန်သုန်သုန်ဖြစ်ကာ ခံစားချက်များ မကောင်းသည်မှာ သိသာနေခဲ့သည်။
အကြောင်းမှာ မုရှောင်သည် အင်မတန်မှ မသင့်တော်သော အချိန်တွင် ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် အချိန်မှာလည်း အရမ်းနောက်ကျကာ သူဘာကြောင့် ရောက်လာသည်ကိုလည်း ဘယ်သူမှမသိပေ။
မုချောင်ယွင်၏ မျက်နှာမှာ စိတ်ပျက်နေပြီး ထွက်သွားဖို့အတွက် ထလိုက်သောအခါ ရွှီယန်ယုက တစ်ခုခုကို ရုတ်တရက် တွေးမိလိုက်ဟန်ဖြင့် တားခဲ့သည်။
ရွှီယန်ယုက သူ့ကို အပြင်ထွက်ဖို့အတွက် တားခဲ့သည်မှာ တကယ်လို့ မုချောင်ယွင်က ဒီအချိန်ကြီး အင်္ကျီအပြဲများနှင့် ဒီတိုင်းထွက်သွားခဲ့ရင် ထိုအရာများကို မုရှောင်က သေချာပေါက် မြင်သွားလိမ့်မည်။ ထိုအခါတွင် ကလေးကို မကောင်းသည့် အကျင့်များ သင်ပေးသလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် အခု သူထွက်သွားလို့မရနိုင်ပါ။
ရွှီယန်ယုသည် ညင်သာစွာဖြင့် သတိပေးလိုက်သည်။ “ခနလောက် ပုန်းနေလိုက်။”
“……”
မုချောင်ယွင် ပထမဆုံး တွေးလိုက်သည်မှာ သူတို့က တရားဝင် စုံတွဲတွေမလား? ဘာလို့ပုန်းနေရမှာလဲ? ဘာလို့သူများ သားမယား စော်ကားတဲ့ကောင်ကို ဖမ်းနေကြသလို ခံစားနေရနေရတာလဲ? သူက ရွှီယန်ယုရဲ့ လေးနက်တဲ့ မျက်နှာကို မြင်ပြီး အရမ်း တွန့်ဆုတ်သွားပေမယ့် အခန်းထဲကို နောက်ထပ် လာချင်နေဆဲ ဖြစ်သည်။
သို့သော် ဒီအချိန်ကြီး မုရှောင် ရောက်လာသည်မှာ တကယ့်ကို မသင့်တော်ဘူးဟု ရွှီယန်ယု ခံစားမိခဲ့သည်။ ထို့ပြင် သူမကို တွေ့ဖို့ ဘာကြောင့် ဒီအချိန်ကြီး ဘာကြောင့် ရောက်လာခဲ့သည်ကိုလည်း မသိခဲ့ပါ။
ရွှီယန်ယုလည်း အဝတ်အစားလဲပြီးနောက် တံခါးကို ဖွင့်လိုက်သောအခါ တံခါးနားမှာ ရပ်နေတဲ့ မုရှောင်လေးကို တွေ့ခဲ့ရသည်။ သူ့ကြည့်ရတာ အခက်အခဲတစ်ခုခု ကြုံနေရဟန် ရှိသည်။
“ဘာကိစ္စရှိလို့လဲ?”
“အမေ ဒီအပတ် သားတို့ကျောင်းမှာ မိဘ ဆရာ တွေ့ဆုံပွဲလုပ်မှာတဲ့။ သား အမေ့ကို အနှောက်ယှက် ဖြစ်စေမှန်းတော့ သိပေမယ့် အမေ့ရဲ့အကူအညီကို တကယ် လိုနေလို့ပါ။”
မုရှောင် ပြောဖို့ရန် တုံ့ဆိုင်းနေခဲ့သည်မှာ သူသည် နှစ်တိုင်း မိဘ ဆရာ တွေ့ဆုံပွဲကို မသွားခဲ့ပါ။ သို့သော် ဒီတစ်ခေါက်မှာ အကြောင်းအချို့ကြောင့် အခက်အခဲ နည်းနည်း ရှိနေခဲ့သည်။ ထို့အပြင် နှစ်တိုင်း ဒီအချိန်ကို ရောက်တိုင်း သူ့ရဲ့အတန်းဖော်များက သူ့မိဘတွေရော လာကြမှာလားလို့ အမြဲတမ်း မေးလေ့ရှိကြသည်။
အခြားကျောင်းသားများ၏ မိဘများမှာ အနည်းနှင့် အများတော့ လာကြမှာဖြစ်သည်။ သူတို့က လူချင်းမဟုတ်ရင်တောင် အနည်းဆုံး ဗီဒီယိုဖြင့် တွေ့ဆုံကြသည့်ပွဲတွင် ရှိကြလိမ့်မည် ဖြစ်သည်။ ဒါပေမယ့် သူ့ရဲ့မိသားစုမှာ ပိုပြီးရှုပ်ထွေးကာ အရင်ထဲက ကျောင်းနှင့် မိဘများမှာလည်း ဘာ အဆက်အသွယ်မှာ မရှိခဲ့ပေ။
ပြီးတော့ အရင်ဘဝတုန်းကဆို သူ့မိထွေးက ကျောင်းက ဒီလိုပွဲတွေဆိုရင် လုံးဝ ဝင်ပါမှာ မဟုတ်ပေ။ ဒါပေမယ့် ဒီတစ်ခေါက် အခြေနေကတော့ အရင်ကနဲ့ မတူချေ။ သူတို့ တကယ် သူပြောတာကို လက်ခံပေးမလား ဆိုတာတော့ သူလည်း မသေချာပေ။
သို့သော် မုရှောင်သည် အချိန်အတော်ကြာ တုန်လှုပ်နေခဲ့ပြီး ထပ်ပြောပြီး ကြိုးစားကြည့်ဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ သူသည် ရွှီယန်ယု၏ တံခါးနားသို့ လျှောက်သွားကာ သူမအား ထိုကိစ္စကို ပြောပြခဲ့သည်။ သူ့ရဲ့ ခွန်အားတွေအကုန်သုံးပြီး ပြောခဲ့သည်။ သူသည် ထိတ်လန့်နေမှုကို မထိန်းနိုင်ဘဲ သူ့ရဲ့ လက်ချောင်းလေးများကိုလည်း တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ရွှီယန်ယုသည် မိဘတွေ့ဆုံပွဲ ဖိတ်စာကို ယူလိုက်ကာ ခနတာ ကြည့်ပြီးနောက် “ အမေသိပြီ။ သား အခုတော့ သွားတော့။”
မုရှောင်သည် အရာအားလုံးကို မျိုသိပ်ကာ ပြန်သွားခဲ့ပြီး သူပြောစေချင်ခဲ့သည်မှာ ရွှီယန်ယုက လာမှာလား မလာဘူးလား ဆိုသည့်စကား ဖြစ်သော်လည်း သူမက ဘာတစ်ခုမှ မပြောခဲ့ပေ။ သူမက မုရှောင်အား ထွက်သွားဖို့သာ ပြောခဲ့သည်။ သူမ ဘာတွေ တွေးနေလဲဆိုတာကို ခန့်မှန်းဖို့ ခက်ခဲသည်။
သူလည်း တစ်ခုခုကို စိတ်ပျက်စွာဖြင့် ခေါင်းငြိမ့်ပြပြီး “ဟုတ်ကဲ့။” ဟုသာ ပြောသွားခဲ့သည်။
မုရှောင်ထွက်သွားပြီးနောက်တွင် မုချောင်ယွင်လည်း မကျေနပ်သော မျက်နှာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။ သူလည်း မိဘ ဆရာ တွေ့ဆုံပွဲ ဖိတ်စာကို မြင်လိုက်ရသောအခါ မျက်ခုံးများကို ပင့်ကာ သူ့မျက်နှာသည်လည်း ထိန်းမရဘဲ ပိုပြီး သုန်မှုန်လာခဲ့သည်။
ရွှီယန်ယု အကူအညီ မဲ့နေခဲ့သည်။ တကယ်လို့ မုရှောင်က မုချောင်ယွင်အား တစ်ခုခု သွားပြောခဲ့ရင် သူက ဘာမှ တုံ့ပြန်မည် မဟုတ်ပါ။ ထို့အပြင် မုရှောင်က သူပြောချင်တာကို အရင်ထဲက လာပြောသင့်သည်ဖြစ်ကာ အခုချိန်ထိ စောင့်နေဖို့ရန် မလိုအပ်ပေ။
သို့ရာတွင် သူတို့ရဲ့ဆက်ဆံရေး အနည်းငယ် အဆင်ပြေလာပြီးနောက်တွင် မုရှောင်က သူမကို အရမ်း အတိုက်အခံ မလုပ်တော့ပါ။ ထို့နောက် ဖိတ်စာကို ယူလာကာ ထိုကိစ္စအကြောင်း ပြောခဲ့သည်မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ဒီအချိန်လောက်မှ ဆက်ဆံရေး အဆင်ပြေဖို့ အားကုန်ထုတ်တာက အရာမရောက်ဖြစ်မှာ မဟုတ်လောက်ဘူးလို့ သူထင်နေခဲ့သည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် မုချောင်ယွင်က ပြောခဲ့သည်။ “ မိဘ ဆရာ တွေ့ဆုံပွဲကို ပါဝင်ဖို့ကလည်း မိဘတွေရဲ့ တာဝန်တစ်ခုပဲ။”
“…...”
ဒါဟာ မုချောင်ယွင်က မုချောင်ကို ပထမဆုံး မွေးစားခဲ့သည့် နေ့လားဆိုတာကို ရွှီယန်ယုသိချင်နေခဲ့သည်။ သူတို့ သားအဖသည် တကယ်ကို ဟန်ဆောင်နေကြခြင်း ဖြစ်သည်။
နဂိုမူလ ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် မုရှောင်ယွင်သည် အမြဲလိုလို နိုင်ငံခြားကို ရောက်နေကာ ဖိတ်ကြားသမျှပွဲတိုင်းကိုလည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပါ။ သူ ရုတ်တရက် ဒီလိုအပြုအမူမျိုး ဖြစ်သွားသည်မှာ တကယ်ကို ထူးဆန်းလှသည်။ သူက သဝန်တိုနေတာများ ဖြစ်နိုင်မလား?
တိုတိုပြောရရင် မုချောင်ယွင်ရဲ့ အပြုအမူတွေက တဖြည်းဖြည်း ထူးဆန်းသည်ထက် ထူးဆန်းလာခဲ့တာကို သူမ ခံစားမိနေသည်။ သူအရင်က ဒီလိုကိစ္စမျိုးတွေဆို စိတ်မဝင်စားဘဲ သူတို့လုပ်ချင်တာ လုပ်ဆိုပြီးပဲ လွှတ်ထားတတ်တာပင်။
အခုသူက ပြောင်းလဲသွားပြီဆိုတာ ဖြစ်နိုင်ပါ့မလား? ဒါက မယုံနိုင်စရာကောင်းလိုက်တာ။
မုချောင်ယွင်နှင့် ရွှီယန်ယုတို့ ရန်ဖြစ်ထားကြသည်မှာ လူပြောများသော ခေါင်းစဥ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ထိုညမှာပဲ အဲ့ဒါက ချက်ချင်း ပျောက်သွားခဲ့သည်။ ထို့ပြင် အဲ့ခေါင်းစဥ်မှာ ကြည့်ပြီးတာနှင့် ပျောက်သွားခဲ့သည်။
#ရွှီယန်ယုနဲ့ မုချောင်ယွင်တို့ ပြန်သင့်မြတ်သွားပြီ#
#ရွှီယန်ယုက ပို့စ် တစ်ခုကိုတင်ပြီး ပြောသွားတာ#
#မုချောင်ယွင်ရဲ့ ပြန်စာ#
ထို လူပြောများသော ခေါင်းစဥ်သုံးခု၏ ရှာဖွေမှုများကို တစ်ချိန်တည်း ဝယ်ယူသွားခဲ့သည်။ ပထမ ခေါင်းစဥ်မှာ သူတို့ရန်ဖြစ်တာက မဟုတ်ဘူးဆိုတဲ့ အကြောင်းဖြစ်သည်။ ထိုရေပန်းစားသော ခေါင်းစဥ်တစ်ခုကို ဝယ်ဖို့ရန် ပျမ်းမျှ ယွမ် ၅၀၀,၀၀၀ လောက် ကုန်ကျမည်ကို အင်တာနက် အသုံးပြုသူများက သိနေခဲ့ပြီး ဖြစ်သည်။
ထို့ပြင် လူကြိုက်များပြီး ရှာဖွေနေကြသော ခေါင်းစဥ်မျိုးကို ဖယ်ရှားဖို့အတွက်လည်း အဲ့လောက် ကုန်ကျမည် ဖြစ်သည်။ အဲ့ထက်တော့ မနည်းနိုင်ပါ။ ဒီလိုမျိုး ရှာမရတော့အောင် တစ်ညထဲနှင့် ယွမ် ၂ မီလီယံကျော်ကို သုံးခဲ့သည်။ ထိုအရာမှာ တကယ်ကို ချဲ့ကားလွန်းပြီး လူအများကို သက်ပြင်းသာ ချစေခဲ့တော့သည်။
ထိုကိစ္စ ပြီးသည့်နောက်တွင် သူတို့ လင်မယား နှစ်ယောက်၏ ဆက်ဆံရေးအပေါ် သက်ရောက်နေသည့် လူတွေရဲ့အမြင်များအား ဘယ်သူမှ မထိန်းပေးနိုင်ကြောင်းကို အင်တာနက် အသုံးပြုသူများလည်း ခံစားမိလာသည်။ အခြားသူများအပေါ် ဆိုးဆိုးရွားရွား ပြောဆိုပြုမူကာ ရေပန်းစားနေသည့် ခေါင်းစဥ်များကို ဝယ်ယူကာ ထို မကောင်းပြောနေသည့် သူများကို သူတို့ရဲ့ နည်းလမ်းကို ပြန်သုံးကာ ပါးပါးနပ်နပ်ဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
အင်တာနက် အသုံးပြုသူများလည်း စိတ်လျှော့ကာ ထိုကိစ္စအကြောင်း ပြောခဲဲ့ကြသည်။
[ သူဌေးမုကတော့ တကယ်ကို ခပ်ကြမ်းကြမ်းပဲ။ သူတို့လင်မယားကြားက ကိစ္စကို သူတို့ပဲ သိကြလိမ့်မယ်။ ငါတို့က သူတို့အကြောင်းကို ဒီတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောနေရင်က ကိစ္စမရှိဘူး။ ဒါပေမယ့် အဲ့ဒါက လူပြောများတဲ့ဟာဖြစ်လာရင်တော့ ဒီကိစ္စက လုံးဝ ပြောင်းလဲသွားလိမ့်မယ်။]
[ သူက မင်းအကြောင်းတွေ ဂရုစိုက်တယ်ဆိုတာ သက်သေပြပြီးနေပြီလေ။ သူက မင်းနဲ့ ပတ်သတ်သမျှ အရာအားလုံးကို တွေးနေတော့မှာ။ အခုဆိုလေ မစ္စတာမုက တော်တော်လေး ပြောင်းလဲသွားတာပဲ။ ညီမရွှီ နစ်နစ်နာနာ ပြောဆိုခံနေရတာကို သူက ဘယ်လိုမှကို မကြည့်နေနိုင်ဘူးပဲ။]
[သူတို့နှစ်ယောက် ရန်ဖြစ်ကြတယ်ဆိုတဲ့ လူပြောများတဲ့ ရှာဖွေမှုတွေကလည်း တော်တော်လေးတော့ ထူးဆန်းသလိုပဲ။ သူတို့က အဲ့ဒါကို ဝယ်ချလိုက်ရင်တောင်မှ ဥက္ကမုက အဲ့ခေါင်းစဥ်တွေကို မြန်မြန်တော့ ဖယ်လို့ရမှာ မဟုတ်ဘူး။]
[ အဲ့ဒါက ကျန်းချင်ယွင်နဲ့ ရှန်ဖန့်တို့ တော်တော်လေး အထိနာသွားခဲ့ကြလို့များ ဖြစ်မလား။ အဲ့ဒါကြောင့်မလို့ သူတို့က ရွှီယန်ယုနဲ့ အခြားသူတွေကို ပိုပြီး အာရုံစိုက်အောင် လုပ်လိုက်တာနေမယ်။]
[သူ့ရည်ရွယ်ချက်ကလည်း တော်တော်ဆိုးဆိုးပဲ။ သူတို့ရိုက်တဲ့ ရုပ်ရှင်က မကောင်းဘူးဆိုတာ သူတို့လည်း သိနေရဲ့သားနဲ့ လူတွေကို ဘာမှမပြောစေချင်ဘူး။ သူတို့သာ အရည်ချင်းရှိရင် အဲ့ဒါကို ထုတ်ပြသင့်တယ်မလား။ ပြီးတော့ အဲ့ဒါကို တစ်နိုင်ငံလုံး ပြခဲ့တာလေ။ ဒီလိုရုပ်ရှင်မျိုးသာ အောင်မြင်သွားရင် နေကပါ အနောက်က ထွက်လာလိမ့်မယ်။]
[အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဘာကိစ္စမှရှိတယ်လို့တော့ ငါ မမြင်မိပါဘူး။ ငါတော့ ရုပ်ရှင်လက်မှတ်ဖိုးအတွက်ပဲ စိတ်မကောင်းဖြစ်နေတယ်လို့ ခံစားနေရတာ။]
[အဲ့ဒါကလေ ကြည့်ရတာ တော်တော်လေး ဆိုးတယ်။ အဲ့ဒါကို သွားကြည့်တဲ့သူတွေက တုံးအနေတာပဲ ဖြစ်ရမယ်။]
ကျန်းချင်ယွင်သည် အွန်လိုင်းပေါ်မှ ကောမန့်များကို မြင်ပြီးတဲ့နောက် အတော်လေး ဒေါသထွက်ခဲ့ရသည်။ သူမ ကြိုးစားပြီး ရိုက်ထားတဲ့ အကြောင်းအရာက အင်တာနက် အသုံးပြုသူတွေရဲ့ အပြစ်တင်တာ ခံရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါ။ ထို့အပြင် ထို အင်တာနက် အသုံးပြုသည့် သူများသည် အလှတရားကို ခံစားတတ်တဲ့စိတ်မျိုး လုံးဝမရှိကြဘဲ အမြင်ကျဥ်းကြသူများသာ ဖြစ်သည်။
ထို့ကြောင့် ဒီကိစ္စသည် တကယ်ကို နားမလည်နိုင်ဘဲ အထူးသဖြင့် လက်မှတ်ရောင်းတဲ့ နေရာနှင့် သူတို့ပြောခဲ့ကြသော စကားများမှာ အတော်လေးကို ဆိုးရွားလှပြီး ဘာအကြောင်းပြချက် ရေရေရာရာမှ မရှိပါ။ ရှန်ဖန့်ရဲ့ သရုပ်ဆောင်မှုများမှာ အနည်းငယ် ဆိုးရွားသော်လည်း သူ့ကို ဒီလောက် ပြင်းပြင်းထန်ထန်တော့ အပြစ်မတင်ခဲ့သင့်ပါ။
ယေဘူယျအားဖြင့် ထိုသူများသည် ရှန်ဖန့်တို့အပေါ် များစွာ မျှော်လင့်ထားခဲ့ကြသဖြင့် ထိုအရာကြောင့် လူတွေက သူတို့ရဲ့ အတွေးတွေကို နားမလည်နိုင်ဘူးလို့ ခံစားစေခဲ့ရသည်။
ကျန်းချင်ယွင်သည် ရလဒ်ကို ဘယ်တော့မှ လက်မခံဘဲ ဂုဏ်ယူတတ်သည့် လူမျိုးဖြစ်သည်။ အထူးဖြင့် ရွှီယန်ယုနှင့် မုချောင်ယွင်တို့က အရမ်း အောင်မြင်နေကြတဲ့အခါ အဲ့လို ရှုံးနိမ့်မှုများကို လက်ခံဖို့မှာ သူမအတွက် အင်မတန် ခက်ခဲလှသည်။
သူမ ချမ်းသာသည်မှာ ကိစ္စမရှိပေ။ တကယ်လို့ လက်မှတ်ရောင်းတဲ့ ဌာနက မကောင်းဘူးဆိုရင် ထိုနေရာကို သူမ ပိုက်ဆံပေးပြီး ဝယ်ပစ်နိုင်သည်။ အနည်းဆုံးတော့ ထိုမှတ်တမ်းတွေကို လက်ခံနိုင်ပြီး သူမကို ဘယ်သူမှ အထင်မသေးရဲတော့ပါ။
ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့ ရိုက်ကူးထားသော ရုပ်ရှင်မှတ်တမ်းကို ရှန်မိသားစုတစ်ခုလုံးကလည်း သိနေခဲ့ကြသည်။ ရှန်ရဲ့ အဖေနဲ့ အမေက သူ့ရဲ့သားနှင့် ချွေးမတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လွန်စွာ အားပေးကြသဖြင့် ဆွေမျိုးများအား ရုပ်ရှင်ကြည့်ဖို့အတွက် ပြင်ဆင်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
ရှန်ဖန့်သည် အင်တာနက်ပေါ်တွင် သူတို့၏ရုပ်ရှင်၏ ဂုဏ်သတင်း မကောင်းသည်ကို သိသွားတဲ့အခါ ထိုကိစ္စနှင့် ပတ်သတ်ပြီး အနည်းငယ် စိတ်မပါတော့ပေ။ သို့သော်လည်း သူ့ထက် အကြီးများ၏ တောင်းဆိုမှုကိုလည်း မလွန်ဆန်နိုင်ခဲ့ပေ။ ထိုကိစ္စကြောင့် သူသည်လည်း အတော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
ကျန်းချင်ယွင်သည် ထိုကဲ့သို့သော အရာမျိုးတွေ လုပ်ရတာကို အရမ်းသဘောကျတယ်လို့ သူ အရင်က တွေးခဲ့ဖူးသည်။ အခုအခါတွင် သူမသည် လက်မှတ်ရောင်းသည့် နေရာတွေကို ဝယ်ဖို့ ကြိုးစားနေသည်မှာတော့ တကယ်ကို လွန်လွန်းခဲ့တော့သည်။
သူမရဲ့ ချစ်သူတစ်ယောက် အနေဖြင့် သူ့အတွက် ဒီလိုအရာများကို လျစ်လျူရှုဖို့ရန်မှာ မဖြစ်နိုင်ဘဲ နောက်ဆုံး ရလဒ်အနေဖြင့် သဘောတူလိုက်တော့သည်။
ရှန်ဖန့်တွင် မုရှောင်နှင့်ကျောင်းတူသော ရှန်ချင်လီဟုခေါ်သည့် တူလေးတစ်ယောက်ရှိသည်။ ရှန်ချင်လီနှင့် မုရှောင်တို့သည်လည်း အမြဲတမ်းလိုလို အဆင်မပြေမှုတွေရှိကာ ရန်ဖြစ်လေ့ရှိကြသည်။ ထို့အပြင် မုရှောင်ရဲ့ မိဘများကိုလည်း အရင်နှစ်တွေက မိဘဆရာ တွေ့ဆုံပွဲတွင် တစ်ခါမှ မတွေ့ဖူးခဲ့ကြပေ။
မစ္စတာမုက သူ့ရဲ့မွေးစားသားကို သဘောမကျလို့ မုမိသားစုက ကောင်းကောင်း မဆက်ဆံဘူးဟူသည့် သတင်းစကားလည်း ရှိနေခဲ့သည်။ သို့ရာတွင် သိပ်မကြာခင်က သူ့ရဲ့မိထွေးဖြစ်သူနှင့် ဆက်ဆံရေးမှာ တိုးတက်လာသည်ကို အတန်းဖော်များအား ပြောပြခဲ့ကာ ထိုအရာကို ရှန်ချင်လီက မယုံနိုင်ခဲ့ပေ။
အရင်နှစ်တွေတုန်းက မုရှောင်ရဲ့အခြေနေတွေက အရမ်း ဆိုးရွားတယ်လို့ ငါကြားထားတာ။ ချမ်းသာတဲ့ မိသားစုက ကလေးတွေက မုရှောင်ရဲ့အကြောင်းကို တစ်ခါတစ်လေ ဟာသလုပ်ပြီး သူ့မှာ ဘယ်သူမှဂရုမစိုက်တဲ့ ဘဝမျိုးရှိနေတာဆိုပြီး ပြောနေခဲ့ကြတာလေ။ သူ့ရဲ့မွေးစားအဖေက သြဇာညောင်းပေမယ့်လို့ သူကတော့ ဆင်းရဲသားတစ်ယောက်လို နေနေရတုန်းပင်။
ရှန်ချင်လီ အဖြေရှာမရတဲ့ အကြောင်းပြချက် နှစ်ခု ရှိနေခဲ့သည်။ တစ်ခုမှာ လွန်ခဲ့တဲ့ နှစ်လတုန်းက မုရှောင်က အမြဲတမ်း သိမ်ငယ်နေတာကနေ ရုတ်တရက်ဆိုသလိုပဲ သူ့ဒေါသတွေက ထိန်းမရ ဖြစ်လာခဲ့သည်။ ဒုတိယတစ်ခုက သူမိသားစုထဲက သတင်းတွေဖြစ်တဲ့ သူ့မိထွေးနဲ့ သူ့ရဲ့ဆက်ဆံရေး ကောင်းလာတာကလည်း အရမ်း ထူးဆန်းနေခဲ့သည်။
မုရှောင်နဲ့ အိမ်ပြန်နေတဲ့လမ်းမှာ ရှန်ချင်လီနဲ့ သူ့သူငယ်ချင်းတွေက သူတို့ရှေ့ကရပ်လိုက်ပြီး မထိန်းနိုင်ပဲ မေးလိုက်သည်။ “မင်း မိဘတွေက ဒီတစ်ခေါက် မိဘတွေ့ဆုံပွဲကိုလည်း ထပ်ပြီး မလာကြပြန်ဘူးမလား။ အရင်တစ်ခေါက်က မင်းရဲ့မွေးနေ့မှာ ATR အဖွဲ့ကို ဖိတ်လိုက်တုန်းကကျ အဲ့သတင်းတွေက အရမ်းပြန့်သွားခဲ့ပြီး အခု မိဘတွေ တွေ့ဆုံရမယ့်ပွဲမျိုး ရောက်လာတော့ အချိန်ကျတော့ အဲ့သတင်းတွေက ဘာတစ်ခုမှ မရှိတော့ဘူး။”
ရှန်ချင်လီက ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်ကာ သူစကားပြောနေတုန်း တွန်းထုတ်လိုက်သည်။ သူ တိုက်ကွမ်ဒို လေ့ကျင့်ပြီးနောက်ပိုင်းတွင် သူက လက်ရဲဇက်ရဲ ရှိလာခဲ့သည်။ သူ့ရဲ့လှုပ်ရှားမှုများမှာ အရမ်းမြန်လှသည့်အတွက် ဆရာများကလည်း သူ့ကို ကမ္ဘာ့ထိပ်တန်း ချန်ပီယံပွဲတွင် ဝင်ပြိုင်ဖို့အတွက်လည်း စီစဥ်ပေးခဲ့ကြသည်။ လက်ရှိ မုရှောင်မှာလည်း အရင်လို အားနည်တဲ့သူတစ်ယောက် မဟုတ်တော့ပါ။
တစ်ဖက်လူက တွန်းလိုက်တဲ့အခါ မုရှောင်ကလည်း လျင်လျင်မြန်မြန်ပဲ လှုပ်ရှားလိုက်ကာ ရှောင်လိုက်ရုံသာမက ရှန်ချင်လီကို သူ အချိန်အတော်ကြာ ရပ်နေရာကနေ ယိုင်ထိုးသွားအောင် တွန်းခဲ့လိုက်သည်။
“မင်းကများ ငါ့ကို တွန်းရဲတယ်ပေါ့။”
တကယ်တော့ သူအကြာကြီး လေ့ကျင့်ထားသလို မုရှောင်ကလည်း တစ်စုံတစ်ယောက်နှင့် လေ့ကျင့်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူမှ သူ၏ လေ့ကျင့်ဖော် မဟုတ်ခဲ့ပါ။ သူက ရှန်ချင်ယွင်ကို တွန်းလိုက်သည့် သူ့ရဲ့ ခွန်အားကို ရုတ်တရက် ကြည့်လိုက်မိခဲ့သည်။
လေ့ကျင့်တာက ဘယ်လောက် အသုံးဝင်လဲဆိုတာ နောက်ဆုံးတော့ သူ သေချာသိလိုက်ရပြီပင်။ ရွှီယန်ယုက သူ့ကို ဒီလိုအတန်းတွေပို့တာ မုန်းလို့လုပ်တယ်လို့ ထင်နေခဲ့တာ။ ဒါပေမယ့် အခုတော့ သူ အမှားကြီး လုပ်လိုက်မိတယ်လို့ ခံစားရတယ်။ ဒီအရည်အချင်းတွေက ကိုယ့်ကိုကိုယ် ကာကွယ်တဲ့နေရာမှာ သုံးဖို့အတွက်ပဲ။
ဒါက တကယ်ကို အရေးကြီးတာပဲ။
ရှန်ချင်လီက ဒေါသတကြီးဖြင့် သူ့ရဲ့အခြားသူငယ်ချင်းတွေကို မုရှောင်အား “ ပညာပေးလိုက်ကြတာပေါ့” ဟုပြောခဲ့သည်။ တကယ်တော့ ဒီလိုကိစ္စမျိုးသည် အရင်ကလည်း ရံဖန်ရံခါ ဖြစ်လေ့ရှိကြသည်။ အစပိုင်းတွင် မုရှောင်ကို ကာကွယ်ဖို့အတွက် သက်တော်စောင့်များ ရှိခဲ့ကြသော်လည်း သူ့မိထွေးက များစွာသော အကြောင်းများကိုတွေးမိခဲ့ပြီး သူ့ကို ကျောင်းကြိုရန် ကျောင်းပို့ရန်အတွက် ကားမောင်းပေးတဲ့သူ တစ်ယောက်ကိုသာ ထားရှိခဲ့သည်။
ထို့အပြင် မုရှောင်ရဲ့ စရိုက်တွေကို ပိုပြီး လှု့ဆော်ပေးနိုင်ခဲ့ရင် သူကပိုပြီး အလျှော့မပေးဖြစ်လာပြီး သူကအနိုင်ကျင့်ခံရလည်း ထုတ်ပြောတော့မှာ မဟုတ်ပေ။ ထို့နောက်တွင် သူ၏ပုံစံမှာ တိုးတက်လာမည် ဖြစ်သည်။
အပေါ်ယံမှာတော့ သူက ချမ်းသာတဲ့မိသားစုမှ သားတစ်ယောက်ဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း သူက အချမ်းသာဆုံးသော လူတစ်ယောက်မှ မွေးစားခဲ့သော သားလည်း ဖြစ်သည်။ သို့သော် သူ့ရဲ့ဘဝသည် ကြောက်စရာကောင်းသော အခက်အခဲများကြားတွင် ရှိနေကာ သူ့မိထွေးနဲ့လည်း ခွဲမရပေ။
ထို့အပြင် တစ်ခါတစ်ရံ အစေခံများကလည်း ရွှီယန်ယုရဲ့ အပြုအမူများအတိုင်း လိုက်လုပ်ကြသည်။ ထို့နောက် မုရှောင်လေး ငယ်စဥ်ကတည်းကပင် လျစ်လျူရှုမှုများသည် တစ်ချိန်လုံး ခြယ်လှယ်နေခဲ့ခြင်း ဖြစ်သည်။
ယေဘူယျအားဖြင့် ပြောရရင် ရွှီယန်ယုက မုရှောင်အား သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် တိုက်ကွမ်ဒိုကို သင်ခိုင်းခဲ့သည်ကို သေချာ သိရှိခဲ့တော့သည်။
မုရှောင် ရှန်ချင်လီနှင့် အခြားသူများကို ရန်ဖြစ်ဖို့ ဟန်ပြင်နေသည့် တစ်ချိန်တည်းမှာပဲ အမဲရောင် ဝတ်စုံနှင့် သက်တော်စောင့်များက အနောက်ကနေ ထွက်လာကာ များစွာသော အထက်တန်း ကျောင်းသားလေးများ၏ ပြဿနာများကို ချက်ချင်း ဖြေရှင်းပေးခဲ့သည်။
ထိုသက်တောင်စောင့်များ၏ ပုံစံမှာ အရမ်း ကြောက်ဖို့ကောင်းသဖြင့် မုရှောင်မှာ အံ့ဩခဲ့ရသည်။ ထိုလူများသည် အမဲရောင် ဝတ်စုံများ ဝတ်ထားကြသော်လည်း သူတို့ဟာ လူကောင် အရမ်းကြီးပြီး သူတို့တွင် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများလည်း ရှိနေခဲ့သည်။ သူတို့သည် သာမန်လူများနှင့် မတူကြပါ။
လူတွေအများကြီးကို မေးမြန်းပြီးနောက်မှာ သူတို့က ကြေးစားများ ဖြစ်တယ်ဆိုတာကို အံ့ဩဖွယ် သိရှိခဲ့ရတယ်။
ဇိမ်ခံကားပေါ်သို့ တက်သွားပြီးနောကတွင် ထိုလူကြီးများဟာ တကယ်ကြီး သူ့ကို ကာကွယ်ဖို့အတွက် ရောက်လာသည်ကို မုရှောင်တစ်ယောက် သိရှိခဲ့ရသည်။ ထိုလူကြီးများက သူ့ကို သခင်လေးဟု ခေါ်ကာ “ သခင်လေးကို စောင့်ရှောက်ပေးဖို့အတွက် ကျွန်တော်တို့ကို မဒမ်စီစဥ်ခဲ့တာပါ။”
မုရှောင်က ပိုပြီးစိတ်ရှုပ်သွားကာ အနည်းငယ် ပြုံးခဲ့သည်။ သူ့ကို ကာကွယ်ပေးဖို့အတွက် ဒီလောက်လူတွေ အများကြီးက တကယ်ရော လိုအပ်လို့လား?
မုချောင်ယွင်နှင့် ရွှီယန်ယုတို့သည် မကြာခင်မှာပဲ ထိုကိစ္စကို သိရှိခဲ့ကြသည်။ သူတို့အတွဲလည်း ခနလောက် တိတ်ဆိတ်သွားကာ ဒီလိုကျောင်းကိစ္စတွေကို သူတို့ဝင်ပါဖို့အတွက် အဆင်မပြေဘူးဟု တွေးနေခဲ့ကြသည်။ သို့သော် သူတို့သည် မုရှောင်နှင့် ကျောင်းသားများကြားက ပြဿနာကိုလည်း ဘယ်လိုမှ လျစ်လျူမရှူနိုင်ကြပေ။
အဲ့ကိစ္စတွေကို ဝင်ပါဖို့အတွက် မသင့်တော်ပေမယ့်လည်း အဲ့ ကျောင်းကြီးကို ငါတို့ရဲ့ ကိုယ်ပိုင်ကျောင်းအဖြစ် ဝယ်လိုက်မယ်ဆိုရင် အဆင်ပြေသွားနိုင်မယ် မဟုတ်လား?
ထိုဆုံးဖြတ်ချက်ကို ကြားပြီး ဘေးနားတွင် ရပ်နေခဲ့သော မုရှောင် -“….”