အခန်း (၄၃)
Vol. 4 Ch. 43
မုရှောင်သည် အရင်က ထိုကဲ့သို့ တစ်ခါမှ တန်ဖိုးထားတာ မခံရဖူးဘူးလို့ ခံစားခဲ့ရသည်။ ထို့အပြင် အရင်က ကျောင်းတစ်ကျောင်းလုံးကို ဝယ်ဖို့အကြောင်းကိုလည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ထို့ကြောင့် သူတို့တွင် ဒီလိုအကြံမျိုး ထွက်လာတာက တကယ့်ကို ထိတ်လန့်စရာ ဖြစ်သည်။
ဟိုင်ယု အလယ်တန်းကျောင်းသည် မြို့ A တွင် အဓိက တန်ဖိုးအကြီးဆုံး ကျောင်းဖြစ်သည်။ ထိုကျောင်းကြီးမှာ ဥရောပတိုက်ရှိ နန်းတော်ကြီးနှင့် တူသည်။ ထိုကျောင်းရှိ ဌာနများနှင့် စာသင်ကြားသည့် အဆင့်အတန်းများမှာလည်း ထိပ်တန်း အဆင့်တွင်ရှိသည်။ သို့သော် ယခုအခါတွင် ထိုကျောင်းကြီးအား မုမိသားစုမှ ဝယ်ယူသွားခဲ့ပြီ ဖြစ်သည်။
ထိုကျောင်းတွင် ညတွင်းချင်း ကြီးမားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်သွားခဲ့သည်။ ဆရာ၊ ဆရာမများ အားလုံးတို့သည် မုမိသားစုမှ စီစဥ်ထားသော သူများနှင့် အစားထိုးခံခဲ့ရသည်။ ထိုရုတ်တရက် ပြောင်းလဲမှုကြီးနှင့်အတူ ကျောင်းအတွင်းရှိ အသွင်အပြင်များမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။
မုရှောင်သည် အချိန်အတန်ကြာ သူ့လက်ထဲမှ များပြားလှသော စာရွက်စာတမ်းများကို ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် သက်ပြင်းလိုက်ကာ ထိုအရာများကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့သည်။
“ ဒီကျောင်းက ငါ့နာမည်အောက်မှာ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ နောက်ဆိုရင် ငါပိုင်တဲ့ကျောင်းမှာ အတန်းတွေအများကြီး ရှိလာတော့မယ်။ #ငါက ကျောင်းရဲ့ ပိုင်ရှင် ဖြစ်လာပြီကွ#”
မုချောင်ယွင်က ကျောင်းကို ဝယ်ပြီးတဲ့နောက် ရွှီယန်ယုနှင့် တိုင်ပင်ခဲ့ပြီး ချက်ချင်း မုရှောင်ကိုပေးဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ပေးခဲ့ရသည့်အကြောင်းမှာ တကယ်လို့ သူတို့သာ မုရှောင်ကို ဂရုစိုက်ဖို့အတွက် အချိန်မရှိခဲ့ရင် သူ့ရဲ့ပြဿနာတွေကို သူကိုယ်တိုင် ဖြေရှင်းဖို့အတွက် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်သည်။
ထို့အကြောင်းကို ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ ထိုအရာကို အင်တာနက် အသုံးပြုတဲ့သူတွေ မြင်လိုက်ရတဲ့အခါ တုန်လှုပ်သွားခဲ့ကြသည်။ အကြောင်းမှာ ထိုအရာသည် ပုံမှန် တော်ဝင်မိသားစုတွေ နေကြတဲ့ နေရာမျိုးမဟုတ်ပဲ အရမ်းကို အားကျစရာ ကောင်းလှသည်။ ဒီကမ္ဘာမှာ ဒီလို လွတ်လပ်မှု၊ သြဇာရှိမှု နဲ့ ဘဝမှာ ဒီလို အခွင့်အရေးတွေ ရတဲ့လူက ဘယ်နှစ်ယောက်လောက် ရှိနိုင်လို့လဲ။
မုရှောင်သည် အသက် ၁၅နှစ်သာ ရှိသေးပြီး သူ့တွင် လူအများစုရဲ့ ဘဝမှာ ထိပ်ဆုံးဆိုတဲ့ နေရာမျိုးမှာ ရှိနေနှင့်ပြီးသား ဖြစ်သည်။ ကျောင်းတစ်ကျောင်းကို ပိုင်ဆိုင်ထားပြီး အဲ့ကျောင်းရဲ့ သူဌေးဖြစ်လာဖို့ဆိုတာက လူအများစု သူတို့ငယ်စဥ်ဘဝမှာတုန်းက ရှိခဲ့ကြတဲ့ အိပ်မက်မျိုး ဖြစ်သည်။ အခြားအကြောင်းအရာများနှင့် ဘာမှမဆိုင်ဘဲ အဓိကလုပ်ရမည်မှာ ကိစ္စတစ်ခုကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ပြင် ပတ်ဝန်းကျင်တွင်လည်း ဩဇာအာဏာ ပိုရှိလာမည် ဖြစ်သည်။
ထို့ကြောင့် မုချောင်ယွင်သည် မုရှောင် စာသင်ကြားနေသည့် ဟိုင်ယု အလယ်တန်းကျောင်းကို ဝယ်ပေးခဲ့သည်။ ထို့နောက် သတင်းများတွင် အင်တာနက်တစ်ခွင်ပေါ်တွင် မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့သည်။
[ သူဌေးမုနဲ့ ညီမရွှီတို့က သူတို့ကလေးကို တကယ်ချစ်တာမှ တုန်နေတာပဲ။ အဲ့ဒါကလေ မုရှောင်က အဲ့က ကျောင်းသားဟောင်းတွေနဲ့ ရန်ဖြစ်ခဲ့တယ်ဆိုပြီး ငါကြားထားတာ။ ပြီးတော့ သူတို့က အဲ့လိုအရာတွေကို မျက်နှာချင်းဆိုင်တွေ့ပြီး ဝင်ပါဖို့ကလည်း အဆင်မပြေဘူးဆိုပြီး ခံစားရလို့ ဒီကျောင်းကို ချက်ချင်း ဝယ်လိုက်တာတဲ့။ ဒီနည်း သူတို့ရော ကျောင်းဘက်ကရော မျက်နှာပူဖို့ မလိုတော့ဘူး။ ပြီးတော့ မုရှောင်ကလည်း ပိုကောင်းတဲ့နေရာမှာ စာသင်လို့ရပြီ။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကို ပစ်လိုက်တာပဲ။]
[ ဘယ်လိုတောင် ကောင်းလိုက်တဲ့ အကြံလဲ။ ဒါဆို အဲ့ကျောင်းကို ဝယ်ပြီးသွားရင် သူတို့က မုရှောင်ကို ပေးလိုက်မယ်။ ပြီးရင် မင်းကိုယ်တိုင် အဲ့ကျောင်းကို စီမံပေါ့ ဟုတ်တယ်မလား။]
[ငါလေ တကယ် မုရှောင်ကို အားကျလိုက်တာ။ သူ့တက်တဲ့ကျောင်းမှာ သူက တကယ့် သူဌေး ဖြစ်လာပြီ။ နောက်နောင်မှာ သူက ကျောင်းထဲမှာ ဘုရင်တစ်ပါးလိုပဲ လျှောက်ပတ်နေလို့ရတယ်။ နောက်ပြီး ဆရာတွေ ကျောင်းသားတွေ အကုန်လုံးကလည်း သူ့မျက်နှာက အရိပ်အကဲကိုပဲ ကြည့်ရတော့မယ်။]
[မစ္စတာမုနဲ့ မစ္စရွှီတို့ ကလေးတွေ ထပ်မွေးစားချင်သေးလား။ ငါတကယ် မုရှောင်ကို အားကျလိုက်တာ။ သူ့ကို အခွင့်အရေးတွေ အများကြီးပဲ ပေးထားတာ။ ဒါမျိုးက အခြားမိသားစုတွေမှာတောင် မြင်ရမှာ မဟုတ်ဘူး။]
[ဒီဖြေရှင်းကတော့ အကောင်းဆုံးပဲလို့ ပြောလို့ရတယ်။ မင်းရဲ့ဂုဏ်က သူများထက် နိမ့်လည်း မနိမ့်ကျနေသလို သူများတွေက အနိုင်ကျင့်ဖို့လည်း ပေါ်လာမှာ မဟုတ်ဘူး။ မစ္စတာမုနဲ့ သူ့ဇနီးက တကယ်ကို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မြင်နိုင်တာပဲ။ ဒီလိုနည်းနဲ့ ကိစ္စတွေကို ဖြေရှင်းပြလိုက်တာက သူတို့ရဲ့ သန်မာမှုတွေကို လက်တွေ့ပြလိုက်ရုံတင်မကဘူး။ ဘာမှလည်း သိပ်အားစိုက်ထုတ်စရာလည်း မလိုဘူး။ တစ်ဖက်ကလူကတော့ သူ့အတွက် ဘယ်ဟာက ကောင်းလဲဆိုတာကို သိရင် ကျောင်းမြန်မြန် ထွက်လိုက်သင့်တယ်။ အဲ့လိုမှမဟုတ်ရင် နောက်ပိုင်း သူ့မှာ အခုလို ကောင်းကောင်းမွန်မွန် ဘဝမျိုးမှာ မနေရဖို့က သေချာတယ်။]
[ဟုတ်ပါ့။ မင်း မုရှောင်ရဲ့ ဘယ်လိုလူလဲဆိုတာ မမြင်ဘူးလား။ သူကပဲ အမှားလုပ်လို့ရတဲ့ တစ်ယောက်တည်းသော သူမလား။]
[မုရှောင်နဲ့ ပြဿနာတက်ခဲ့တဲ့ ကောင်လေးက တကယ်တော့ ရှန်ဖန့်ရဲ့တူဆိုပြီး ပြောနေကြတာတွေ ရှိတယ်။ သူက ရှန်မိသားစုကတဲ့။ သူတို့မှာ မကောင်းတဲ့ စရိုက်တွေရှိမယ်လို့ ထင်တောင် မထင်ထားဘူး။ ရှန်မိသားစုရဲ့ ကလေးတွေကလည်း အဲ့လိုမျိုး ပုံမှန်စရိုက်တွေက ရှိမှာပါပဲလေ။]
[ဒီနည်းနဲ့ပဲ အကောင်းဆုံး အဆုံးသတ်နိုင်လိမ့်မယ်။ ဒါက အကောင်းဆုံးနည်းပဲ။]
မုရှောင်က သိပ်မကြာခင်မှာပဲ ရှန်ချင်လိနှင့် သူ့သူငယ်ချင်းကောင်း တစ်ယောက်က အခြားကျောင်းကို ပြောင်းတော့မယ်ဆိုတဲ့ သတင်းကို မြန်မြန်ပဲ ကြားသိခဲ့ရသည်။
သတင်းကို ကြားပြီးသည့်နောက်တွင် မုရှောင်က ထိုသတင်းအတွက် မပျော်ဘူးဟု ပြောဖို့ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ သူ ရှန်ချင်လိကို သိပ်သဘောမကျခဲ့ဘဲ သူ့ကို မုန်းတယ်ဟုတောင် ပြောခဲ့သည်။ အတိတ်က သူတို့နှစ်ယောက်မှာ မပြေလည်မှုတွေ များစွာရှိခဲ့သည်။ ထို့ပြင် သူ့ရဲ့အတိတ်ဘဝဆိုသည်မှာလည်း သူ့အတွက် ဒုက္ခတစ်မျိုးပင် ဖြစ်သည်။
ရှန်ချင်လိသည် ဘာအကြောင်းပြချင်မှ မရှိဘဲ ပြဿနာရှာရတာ ကြိုက်သည့်သူမျိုး ဖြစ်သည်။ ဘာပြဿနာမှ ကြီးကြီးမားမား မဖြစ်သော်လည်း သူတို့ကသာ တကယ့်ကို စိတ်ညစ်စရာများဖြစ်ကြသည်။ ထို့နောက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပြီးသွားသလို ခံစားခဲ့ရသည်။ “ လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” ဧည့်သည့်များ၏ လက်ဆောင်ပေးကြသည့် အပိုင်းတွင် လူအများ အနှစ်သက်ဆုံးသော အတွဲသည် နောက်ဆုံး မဲပေးသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
ကျန်းချင်ယွင်သည် ယွမ် ၆၀၀ မီလီယံကျော် အကုန်ကျခံပြီး လက်မှတ်ရောင်းဌာနဘက်မှ အွန်လိုင်းပေါ်တွင် စာရေးကာ ပိုစ့်တင်ခဲ့သည်မှာ “အားလုံးရဲ့ ထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဘက်မှ အလုပ် ပိုကြိုးစားပါ့မယ်။”
အင်တာနက် အသုံးပြုသူများကို ထစ်ငေါ့ကာပြောသော စကားအရိပ်အမြွက်များစွာ ရှိခဲ့သည်။ ထိုရုပ်ရှင်သည် အချိန်တိုအတွင်း စိတ်ပျက်စရာကောင်းလာသည်မှာ သူတို့သည် အမြင်မရှိကြဘဲ ရုပ်ရှင်ကားများကို ဘယ်လို အသိအမှတ်ပြုရမည်ကို မသိကြခြင်းကြောင့် ဖြစ်သည်။ ဂုဏ်သတင်းမှာ ဘယ်လိုပဲ ဆိုးရွားနေပါစေ ကိစ္စမရှိဘဲ လက်မှတ်ရုံကသာ လက်ခံလျှင် လူတိုင်းကိုလည်း ပါးစပ် ပိတ်သွားစေလိမ့်မည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချင်ယွင်သည် အင်တာနက် အသုံးပြုသူများ၏ သည်းခံနိုင်မှုကို လျှော့တွက်ခဲ့သည်။ လက်မှတ်ရုံ၏ ရောင်းအားမြင့်မှုကို မြင်ရသောအခါတွင် သူတို့လည်း ခနလောက် စိတ်ရှုပ်သွားခဲ့ကြသည်။
[ ဒီလို ဆိုးရွားတဲ့ ရုပ်ရှင်အတွက် လက်မှတ်ရုံတွေက ၆၀၀ မီလီယံလောက် ရောင်းရတာက ယုတ္တိမရှိလိုက်တာ။ အဲ့ဒါကို ဘယ်သူကများ ကြည့်နိုင်တာလဲ။]
[ဟုတ်ပါ့။ သူတို့ရုပ်ရှင်က တကယ့်ကို စိတ်ပျက်စရာပါပဲ။ ဘယ်သူကများ ဘယ်လိုကြည့်နိုင်ကြတာလဲ။ တော်တော်လေး လက်တွေ့မဆန်လိုက်တာ။]
[အဲ့စာရင်းတွေက တကယ်လား။ အဲ့လက်မှတ်တွေကို ဘယ်သူက ကြည့်ဖို့ ဝယ်နေတာလဲ။ အဲ့စာရင်းတွေက ဘာလို့ ဒီလောက်များနေလဲဆိုတာကို ငါတော့ နားကို မလည်နိုင်တော့ဘူး။]
[ဒီမေးခွန်းကို ငါသိတယ်။ မင်း သရဲရုပ်ရှင်ရုံအကြောင်း ကြားဖူးလား။ အရင်က ငါ့သူငယ်ချင်းတစ်ယောက် ရုပ်ရှင်ကြည့်ဖို့ သွားတုန်းက website တွေမှာလည်း လက်မှတ်ဝယ်ဖို့က ပြည့်နေပြီ။ ဒါပေမယ့် ကြည့်နေတဲ့သူကျ တစ်ယောက်မှ ရှိမနေဘူး။ တကယ့်ကို သရဲတွေပဲ။]
[ မင်းပြောတာကို ငါမှတ်မိပြီ။ ငါတို့မြို့မှာလည်း “ထိုအတိတ်မှ နှစ်များဆီသို့” ဆိုတဲ့ကားအတွက် လက်မှတ်တွေက ပြည့်နေပြီဆိုတဲ့ သတင်းကို ငါလည်းသိခဲ့ရတယ်။ ဒါကြီးက အဓိပ္ပါယ်မှ မရှိတာ။ ဒီကိစ္စက တစ်ချိန်တည်း ဖြစ်စရာအကြောင်း မရှိဘူး။]
[ ငါက ရုပ်ရှင်ရုံက ဝန်ထမ်းပဲလေ။ ဒီရုပ်ရှင်အတွက် လက်မှတ်တွေက ပြည့်နေတယ်ဆိုပေမယ့်လည်း အဲ့ကားကို ကြည့်ဖို့ လာကြတဲ့သူဆိုတာက ကြုံတောင့်ကြုံခဲ့ပဲ။ အဲ့ဒါကို လက်မှတ်တွေ ရောင်းရတဲ့ စာရင်းက များနေတယ်ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။]
[ ဒီလို သရဲအကြောင်းတွေကတော့ တကယ့်ကို စိတ်ပျက်စရာပါကွာ။ ဒီလိုနည်းနဲ့ပဲ ရုပ်ရှင်တွေ အများကြီးက လက်မှတ်ရောင်းတာတွေကို အတုလုပ်တာ ငါကကြားဖူးပြီးသား။ ကျန်းချင်ယွင်က ဘယ်လိုမှ အရှုံးမခံနိုင်ဘူးဆိုတာလည်း သေချာပေါက်ကို သိနေတာပဲလေ။ အဲ့ဒါကြောင့်ပဲ သူမက ရုပ်ရှင်လက်မှတ်တွေကို ဝယ်ဖို့ သုံးခဲ့တာလေ။]
[ ဒါကြီးက တော်တော်လေးကို အထင်သေးဖို့ ကောင်းလိုက်တာ။ ဒီလိုကိစ္စတွေက မပေါ်လာနိုင်ဘူးလို့ သူမက ထင်နေတာလား။ ဒီလိုအရာတွေက အင်တာနက်ပေါ်က လူတွေအကုန် မသိခင်ကတည်းက ဖြစ်နေတဲ့ ကိစ္စတစ်ခုပဲလေ။]
[ငါတော့ ကျန်းချင်ယွင်ကို တော်တော် စိတ်ပျက်သွားပြီကွာ။ သူက လူတွေကြောင့် တော်တော်လေး အောင်မြင်လာခဲ့ပြီးမှ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ငါထင်တောင် မထင်ထားခဲ့ဘူး။ ဒီချိန်မှာတော့ သူနှစ်တွေ အကြာကြီး တည်ဆောက်ထားခဲ့ရတဲ့ ဂုဏ်သတင်းတွေက ပျက်စီးသွားပြီပဲ။]
[ အခုကနေစပြီးတော့ ကျန်းချင်ယွင် လုပ်တာတွေကို ငါမကြည့်တော့ဘူး။ သူမ လုပ်ထားတဲ့ အရာတွေက အဆင်မပြေဘူးဆိုတာကိုတောင် အခြားသူတွေကို ပြောခွင့်မပေးဘူးလေ။ ပြီးတော့ လက်မှတ်ဝယ်စာရင်းတွေကိုတောင် အတုလုပ်လိုက်သေးတာ။ အတုက အတုလို့ပဲ ပြောနိုင်တော့တယ်ဟယ်။ ဒီရွှံ့တောထဲကနေ ကယ်ဖို့က ဘာနည်းလမ်းမှကို မရှိတော့တာ။]
ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့ ရိုက်ကူးခဲ့ကြသော ရုပ်ရှင်ကားသည် လက်မှတ်ဝယ်သည့် ပြဿနာများကြောင့် လျင်မြန်စွာဖြင့် လူပြောများသော ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။ ဆိုရိုးစကားများအရ အမှန်တရားမှာ အနှေးနှင့်အမြန် ပေါ်ထွက်လာမည် ဖြစ်သည်။ ထိုပြဿနာများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် မကောင်းပြောခံရသည့်သူများ ဖြစ်လာခဲ့ကြသည်။
သူတိုနှစ်ယောက်လုံးသည် တစ်ချိန်လုံး ဘာမှ မတုံ့ပြန်ခဲ့ဘဲ ထိုကိစ္စနှင့် ဘာမှမပတ်သတ်သလို ခပ်အေးအေးပဲ နေခဲ့ကြသည်။ ထိုလက်မှတ်ရုံတွင် လက်မှတ်အတုဝယ်သည့် ကိစ္စဟာ အတုဖြစ်သည်ကို သူတို့ဘဝတစ်လျှောက်လုံး ဝန်ခံဖို့အတွက် မဖြစ်နိုင်ခဲ့ပါ။ ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ၊ လက်မှတ်ရုံကိစ္စမှ ၆၀၀မီလီယံဟာ ဒီတိုင်းပဲ ဖြစ်နေပါလိမ့်မည်။
လက်မှတ်ရုံ ကိစ္စကြောင့် ကျန်းချင်ယွင်သည် အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများစွာ ဖြစ်ခဲ့သည်။ သို့သော် ဘာတုံ့ပြန်မှုမှ ပြန်မလုပ်စဥ်ကတည်းက ဒီကိစ္စကို မြန်မြန်ပဲ ကျော်လွှားသွားနိုင်ခဲ့သည်။ သို့ပေမယ့် သူမမှာ လူတွေရဲ့ အမြင်တွေကြောင့် ဒီလို အခြေနေတွေ ရောက်သည်အထိ ဘယ်တုန်းကမှ တွန်းအားပေးခံရတာမျိုး မရှိခဲ့ဖူးပါ။ သူမရဲ့ မျက်နှာမှာလည်း လုံးဝ မောက်မာကာ ချေမိုးနေခဲ့သည်။
ကျန်းချင်ယွင်သည် ဒီတစ်ကြိမ်မှာတော့ တကယ်ကို စိတ်ဆိုး ဒေါသထွက်နေခဲ့သည်။ ထို့အပြင် ရွှီယန်ယုနှင့် မုချောင်ယွင်တို့မှာ လက်ဆောင်ပေးသည့် ကဏ္ဍတွင် အကောင်းဆုံး အတွဲအဖြစ် ပထမရခဲ့သည့်အတွက် ထိုအရာကပဲ သူမရဲ့ ရှုံးနိမ့်မှုကို လက်ခံရန်အတွက် ပိုမို ခက်ခဲစေခဲ့သည်။ သူမသည် ရွှီယန်ယု၏ တွန်းအားပေးမှုများကြောင့် သံသယ လွန်ကဲလာသည်ဟုတောင် ခံစားခဲ့ရသည်။
အပေါ်ယံမှာတော့ တစ်ဖက်လူက သူမအပေါ် စိတ်ရင်းအတိုင်း ဆက်ဆံနေခြင်း မဟုတ်သော်လည်း တကယ်တော့ သူမကသာ တစ်ဖက်လူကို နေရာတိုင်း လိုက်ကာ ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်ကို သူမကိုယ်တိုင်က လက်မခံနိုင်ခဲ့ပေ။
“လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” ၏ နောက်ထပ် တိုက်ရိုက် ထုတ်လွှင့်မည့် အကြောင်းအရာမှာ ခင်ပွန်းနှင့် ဇနီးဖြစ်သူတို့က တစ်ယောက်ကို တစ်ယောက် ကိုယ်တိုင် ဝတ်စုံ ဒီဇိုင်းများ ရွေးပေးရမည့် အစီစဥ်ဖြစ်သည်။ ထို့အပြင် တစ်ယောက်ကို တစ်ယောက် ဝတ်စုံများ ကိုယ်တိုင် ဝတ်ဆင်ပေးကာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း ထုတ်ဖော် ပြသနိုင်လိမ့်မည်။
[ဟီးဟီးဟီး၊ ဒါက ငါတွေးခဲ့သလိုပဲမလား။ စုံတွံအစစ်တွေ ဖြစ်ရတာက ရင်ခုန်စရာ ကောင်းနေရောပဲ။ သူကရော ဝတ်စုံတွေဝတ်ဖို့အတွက် တကယ် ကူညီပေးမှာလား။ ဒါကအရမ်း မိုက်နေမှာပဲ။ မစ္စတာမုက မစ္စရွှီရဲ့အဝတ်တွေ ကူလဲပေးနေတာကို အခုချက်ချင်း မြင်ချင်နေပြီ။ အခုချက်ချင်းနော်။]
[ငါတော့ ဒီထပ်ကြာကြာ ထပ်မစောင့်နိုင်တော့ဘူး။ မင်းတို့နှစ်ယောက် အဝတ်တွေ မြန်မြန် ချွတ်လိုက်ကြပါတော့။ နောက်ထပ်ပြမယ့် live ကို ငါတော့ အခုတည်းက ကြည့်ချင်နေပြီ။]
“လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” က အခုလေးတင် နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်မယ့် အကြောင်းအရာကို ကြေညာသွားခဲ့ပြီး အင်တာနက် အသုံးပြုသူများထံမှလည်း တက်တက်ကြွကြွဖြင့် အားပေးထောက်ခံမှုများကိုလည်း ရရှိခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဥ်မှာ လာမည့် စနေနေ့တွင် စတင်တော့မည်ဖြစ်ရာ လူတိုင်းကလည်း ထိုတိုက်ရိုက် live ကို အချိန်မှီ စောင့်မျှော်နေခဲ့ကြသည်။ ရွှီယန်ယုသည် ဒီဇိုင်နာတစ်ယောက်အနေဖြင့် သူမက ဒီတစ်ကြိမ် စုံတွဲဝတ်စုံတွေ ဖန်တီးဖို့အတွက် လက်ပွန်းတတီး ရှိနေသင့်သည့်အတွက် အင်တာနက် အသုံးပြုသူများက ဒီပွဲကို စောင့်မျှော်နေခဲ့ကြသည်။
ကျောက်မင်းဟန်ရဲ့အရှေ့တွင် အဝတ်လဲခန်း တစ်ခန်း ရှ်နေခဲ့သည်။ သူသည် ရိုက်ကူးရေးလုပ်နေကြသည့် မုချောင်ယွင်နှင့် ရွှီယန်ယုတို့ကို မိတ်ဆက်ခဲ့သည်။
“ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ မစ္စတာနဲ့ မစ္စရွှီ။ ဒီအပိုင်းရဲ့ အကြောင်းအရာကို အစ်မတို့အားလုံး သိပြီးကြပြီလို့တော့ ယုံကြည်ပါတယ်။ ပြောရရင် အတွဲတွေက ကိုယ့်ချစ်သူအတွက် ကိုယ်ကြိုက်တဲ့ဝတ်စုံ ရွေးပေးပြီးတော့ တစ်ယောက်ကို တစ်ယောက် ဝတ်ပေးကြရမယ်။ ဒီအဝတ်လဲတဲ့ မြင်ကွင်းကိုတော့ ဒီအစီစဥ်တစ်ခုလုံးမှာ ဖုံးကွယ်ပေးထားမှာဆိုပေမယ့် အစ်မတို့နှစ်ယောက်က မိုက်ခရိုဖုန်းလေးတွေကိုတော့ အသံဖမ်းဖို့အတွက် ဝတ်ရမှာပါ။ အဲ့ဒီ့မှာ ဘာပုံတွေမှ မပြသပဲ အသံသပ်သပ်ပဲ ထုတ်လွှင့်မှာပါ။”
သူတို့နှစ်ယောက်အတွက် ဒီလိုပုံစံမျိုးနဲ့ တွေ့ကြုံရတာက ပထမဆုံးအကြိမ်ဖြစ်ကာ အနည်းငယ် ကို့ရို့ကားရား ဖြစ်နေသည်ဟု ခံစားခဲ့ရသော်လည်း ထိုအရာကို သူတို့သာ အတူတူကောင်းစွာ လုပ်နိုင်ခဲ့မယ်ဆိုရင် ပြဿနာတစ်ခု မဖြစ်ဟုတ်တော့ပါ။
ရွှီယန်ယု၏ အသားရောင်မှာ အနည်းငယ် ပန်းရောင်လေးသမ်းနေခဲ့သည်မှာ သူမဘာကို တွေးနေလဲဆိုတာ ပြောဖို့ရန် ခက်ခဲနေတော့သည်။ သို့သော် ရှက်သွေးဖြာကာ လှနေပသော သူမ၏ မျက်နှာမှာ လွန်စွာ ချစ်စရာကောင်းလွန်းနေခဲ့သည်။
မုချောင်ယွင်၏ မျက်နှာမှာတော့ ခပ်တင်းတင်းဖြစ်ကာ သူ့စိတ်ထဲက အတွေးများကို ခန့်မှန်းဖို့မှာလည်း မဖြစ်နိုင်ပါ။ သို့သော် အင်တာနက် အသုံးပြုသူများသည် မုချောင်ယွင်က ဒီနိုင်ငံထဲတွင် ၂၅ ရက်တာ နေခဲ့သည်ကို ရေတွက်ခဲ့ကာ လွန်ခဲ့သည့် သုံးနှစ်အတွင်း အချိန်အကြာဆုံး နေခဲ့သည့် မှတ်တမ်းကို ချိုးဖြတ်သွားခဲ့သည်။
ဒီဟာကိုဖတ်ပြီးတော့ အလှတရားက လူတွေကို လှည့်စားနိုင်တယ်ဆိုပြီး ဘယ်သူမှ မပြောတော့ဘူးမလား။
[ ကြည့်လိုက်ဦး။ မစ္စတာမုက ရုတ်တရက် သူ့လက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ အဲ့ဒါက သူကအခု စိတ်တွေ မတည်ငြိမ်တော့ဘူးဆိုတာ ပြနေတာပဲ။]
[ ဒါကြီးက တော်တော် ရယ်ရတာပဲ။ သူ့စိတ်ထဲ ဘယ်လောက်တောင်များ ပျော်နေလဲမသိဘူး။ သူ့ပုံစံက ဘာမှမဖြစ်ခဲ့သလိုနဲ့ သူ့မျက်နှာက ဘာခံစားချက်မှကို မပြတာ။]
မုချောင်ယွင်ရဲ့ အပြုအမူတွေက သူ့ရဲ့အတွင်းစိတ်ကို ဆန့်ကျင့်နေခဲ့သည်။ သူတို့နှစ်ယောက်လည်း မဲနှိုက်ကြကာ ပထမတစ်ခေါက်တွင် မုချောင်ယွင်က ရွှီယန်ယုကို ဝတ်စုံအရင် ရွေးပေးပြီး ဝတ်ပေးရမှာ ဖြစ်သည်။
မုချောင်ယွင်က သူ့ရဲ့ဇနီးလေးကို ခေါင်းစ ခြေအဆုံး ကြည့်ကာ ရုတ်တရက်ဆိုသလိုပဲ သူ့ရဲ့အတွေးများ ဝေဝါးသွားခဲ့ရသည်။ အကြောင်းမှာ သူသည် အရင်က ဒီလိုမေးခွန်းမျိုးကို သေသေချာချာ မတွေးခဲ့ဖူးပါ။ ရွှီယန်ယုသည် ဘယ်လို ဝတ်စုံမျိုးနှင့်မဆို လွန်စွာ လှပဟန်ရှိနေခဲ့သည်။
ဒီဟာတွေ မတိုင်ခင်တုန်းက ဒီလိုအရာတွေကို ပိုလို့တောင် လျစ်လျူရှုထားတာ။ ဘာလို့လဲဆိုတော့ တစ်ဖက်လူက ဘယ်လိုပုံစံနဲ့ ကြည့်ကောင်းလဲဆိုတာမျိုး သူ တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးချေ။