← Chapters

အခန်း (၄၄)

Vol. 4 Ch. 44

အခန်း (၄၄)

Vol. 4 Ch. 44

မုချောင်ယွင်သည် ရွှီယန်ယုအတွက် ကွန်ပြူတာပေါ်တွင် ပြသထားသော အဝတ်ဗီရိုထဲမှ အလွန်ဆွဲဆောင်မှုရှိကာ ရှုပ်ထွေးလှသော စကတ်တစ်ထည်အား ရွေးချယ်ခဲ့သည်။ ထိုစကတ်သည် အထပ်တစ့်ရာကျော်ပါရှိကာ စကတ်အောက်ပိုင်းကို အလှဆင်ထားသည်မှာလည်း လွန်စွာ ရှုပ်ထွေးလှသည်။ ထိုစကတ်သည် ဘယ်လိုဝတ်ရမလဲဆိုတာ မသိသော သူများအတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။

[အာ။ အဲ့စကတ်က အရမ်း မိုက်တာပဲ။ အဲ့ဒါကိုသာ ညီမရွှီဝတ်လိုက်ရင် ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေမလဲဆိုတာ ငါ လုံးဝ မြင်ယောင်မိနေပြီ။]

[ဒါကြီးက ရယ်ချင်စရာကြီး။ မစ္စတာမု ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလောက်ရှုပ်တဲ့ဟာကို ရွေးလိုက်တာဖြစ်မယ်။ အဲ့ဒါမှ သူတို့တွေပိုပြီး အသားချင်း ထိလို့ရမှာလေ။ ငါ့အထင် သူက သူ့မိန်းမဆီကနေ အခွင့်အရေး လိုချင်နေတာ ဖြစ်မယ်။]

[ ဒါက ဟာသကြီးပဲ။ ဒီစကပ်က ရွှီယန်ယု ဒီဇိုင်းဆွဲထားတာလေ။ အဲ့တော့ သူမက သူမကိုယ်သူမ ထောက်ချောက်ထဲ အကျခံမှာ မလို့လား။]

[ ရွှီယန်ယုမှ - အဲ့စကတ်က ဒီလောက် ဝတ်ရခက်မယ်မှန်း သိရင် အဲ့ဒီ့ပုံစံကို ငါမထုတ်ခဲ့ဘူး။]

မုချောင်ယွင်သည် ဝတ်စုံများ ရွေးပြီးသည့်နောက်တွင် သူသည် ရွှီယန်ယုကိုဆွဲကာ အဝတ်လဲခန်းထဲသို့ မြန်မြန်ဝင်သွားခဲ့သည်။

[ဟားဟားဟား။ ငါတော့ ရယ်ရတာ သေတော့မယ်။ သူ တကယ်ကြီး စိတ်တွေလောနေတာလား။ သူဘယ်လောက်တောင် ဆန္ဒတွေစောနေလဲဆိုတာ ကြည့်လိုက်ကြပါဦးကွာ။ သူ့ကိုယ်သူ ထိန်းမနိုင်တော့တာများ သိသာလိုက်တာကွာ။]

[ ဘုရားရေ။ စတူဒီယို အခန်းထဲမှာဆိုတာကိုလည်း သတိလေးဘာလေး ကပ်ကြပါဦးလို့။ ရိုက်ကူးရေး လုပ်နေတဲ့အချိန်ကြီး နင်တို့ ကိုယ့်ကိုကိုယ် ထိန်းမနိုင်တော့မှာကို ငါတော့ စိတ်ပူလိုက်တာဟယ်။]

အဝတ်လဲခန်းထဲသို့ သူတို့နှစ်ယောက် ဝင်သွားပြီးနောက် အချိန်အတန်ကြာသည်အထိ ဘာအသံမှ ထွက်မလာခဲ့ပါ။ သို့သော် ဇစ်ဆွဲလိုက်သည့် အသံမျိုးသာ ကြားခဲ့ရသဖြင့် ထိုအသံသည် လူအများ၏ ရင်ခုန်သံကို ပိုမြန်လာစေကာ ပရမ်းပတာ အတွေးများစွာကို ဖြစ်လာစေခဲ့သည်။

အချိန်အတန်ကြာပြီးနောက် အခန်းထဲမှ ညှင်သာစွာ အပြစ်တင်လိုက်သော အသံလေးတစ်သံ ရုတ်တရက်ဆိုသလို ထွက်လာခဲ့သည်။

“ဖြည်းဖြည်းသာသာလုပ်ပါ။ ကျွန်မ နာတယ်လို့။”

တစ်ဖက်ကလည်း ဆွဲဆောင်မှုရှိသော အသံဖြင့် ပြန်ပြောခဲ့သည်။ “ကိုယ်လည်း ဖြည်းဖြည်းသာသာ လုပ်နေတာပဲလေ။ ဒီဇစ်ကိုက အရမ်း ကို့ရို့ကားရား ဖြစ်နေတာ။ နောက်ထပ် နည်းနည်းဆိုရင်တော့ ရပါပြီ။”

[ သေစမ်း။ ကယ်ကြပါဦးကွာ။ ငါတို့ အထင်လွဲနေတာကို မင်းတို့ အပြစ်တင်လို့မရဘူးနော်။ အဲ့ထဲမှာ မင်းတို့နှစ်ယောက်ထဲ ဘာတွေ လုပ်နေကြတာလဲ။ အာ ငါ့ကိုလည်း နည်းနည်း ပြောပြကြပါဦး။]

အဝတ်လဲခန်းထဲမှ အသံများကို ကြားရသောကြောင့် အခြားသူများအား အတွေးများစေခဲ့သည်။ အထဲတွင် ဘာဖြစ်နေလဲဆိုတာကို တွေးကြည့်ဖို့တောင် ခက်ခဲသည်။ အပေါ်က ပြောခဲ့သော စကားကြောင့် အများကြီး မတွေးမိဖို့မှာလည်း ခက်ခဲနေပြန်တော့သည်။

[ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါတကယ် သိချင်လိုက်တာ။ မစ္စတာမုက ရွှီယန်ယုကို ဘယ်လို အဝတ် ကူဝတ်ပေးတာလဲ။ ဒါမှမဟုတ် သူတို့က တကယ်ရော အဝတ်တွေ ဝတ်နေကြတာ ဟုတ်လို့လား။]

[ ဘာတွေဖြစ်နေတာလဲဆိုတာ အင်တာနက် သုံးတဲ့သူတွေကို ပေးမြင်ပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ။ ဒါက အပြင်လူတွေလည်း မဟုတ်ဘဲနဲ့ ဘာလို့ သူတို့က အခန်းကို ပိတ်ထားတာလဲ။]

[အထူးသဖြင့် ဘာမှမမြင်ရရင် သူများတွေက အမှားတွေကို လွယ်လွယ်နဲ့ လျှောက်တွေးနေကြမှာပေါ့။]

[ ငါတို့ကို ဒီလိုပေါက်ကရတွေ မတွေးစေချင်ရင်တော့ သူတို့ အခန်းရဲ့အနောက်မှာ ဖြစ်နေတာတွေကို တစ်ချက်လောက် ကြည့်ခိုင်းလို့ မရဘူးလား။ အဲ့ဒါကို ကြည့်ရဖို့ ပိုက်ဆံပေးဆိုလည်း ပေးပါ့မယ်။ အဲ့လောက်နဲ့ မလုံလောက်သေးဘူးလား။]

ရွှီယန်ယုသည် သူမရှေ့ရှိ အထပ်များစွာပါသော စကတ်ကိုကိုင်ကာ ဘယ်လိုလုပ်ရမလဲ မသိသော လူတစ်ယောက်အား ကြည့်နေခဲ့ပြီး အကူညီမဲ့နေသလို ခံစားခဲ့ရသည်။

တကယ်တော့ အစတုန်းက အဲ့ကို့ရို့ကားရားဖြစ်နေတဲ့ စကတ်ကို သူမ ဝတ်ကြည့်ချင်နေတာ။ အဲ့ဒါကြောင့် သူမ အခုဝတ်ထားတဲ့ အင်္ကျီတွေကို ချွတ်ရတော့မယ်။

သို့သော်လည်း သူမဝတ်ထားသော အင်္ကျီမှာလည်း အလွန် ရှုပ်ထွေးလှသည်။ တကယ် အဝတ်အစား ဝတ်တဲ့နေရာတွင် ကျွမ်းကျင်သည့် သူသာလျှင် ထိုအဝတ်များကို ခက်ခက်ခဲခဲ ပြန်ချွတ်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် မုချောင်ယွင်သည် ထိုအဝတ်အစားများကို အပိုင်းပိုင်း ဖြဲပစ်ချင်သည့်စိတ်အား အောင့်ကာနေခဲ့ရသည်။ ထို့နောက် ရွှီယင်ယု၏ အနောက်ဘက်ရှိဇစ်အား ဖြည်းဖြည်းချင်း ဖြုတ်ကာ သူမ၏ သေးသွယ်သော ခါးမှ တဖြည်းဖြည်း ဆွဲချခဲ့ရသည်။ ထိုဝတ်စုံ၏ အပေါ်ပိုင်းမှာတင် ဇစ်သုံးခု ရှိသည်ကို တွေးကြည့်ဖို့တောင် ခက်ခဲလှသည်။ သူ့လက်မှ အထိအတွေ့များမှာ အနည်းငယ် ကြမ်းတမ်းသဖြင့် ရွှီယန်ယု၏ နူးညံ့အိစက်သော အရေပြားကို ထိလိုက်သောအခါ သူမသည် နာကျင်မှု အနည်းငယ်ကို ခံစားခဲ့ရသည်။

ထို့ပြင် မုချောင်ယွင်က သူမ၏ အဝတ်များကို ဆွဲချွတ်ပေးသည်မှာလည်း တကယ့်ကို ညင်သာမှု မရှိခဲ့ပါ။ ထို့ကြောင့် ရွှီယန်ယုက အနည်းငယ် မျက်မှောင်ကြုပ်ကာ သူ့အား ပိုပြီး ညင်ညင်သာသာ လုပ်ပေးဖို့အတွက် ပြောခဲ့ခြင်း ဖြစ်သည်။

ယောက်ျားများသည် နူးညံ့ညင်သာမှုဟူသော အဓိပ္ပါယ်က ဘာလဲဆိုတာတောင် မသိကြပါ။ ထို့ပြင် အထဲက ထိုနေရာ ကျဥ်းကျဥ်းလေးတွင် အသံရှူသံများ မြန်နေကြသည်ကို တစ်ယောက်နှင့် တစ်ယောက် ကြားနိုင်သည်။ ထိုကဲ့သို့သော ရသစုံရှိုးမျိုးသည် စိတ်ပျက်စရာလည်း ကောင်းသလို ပျော်စရာလည်း ကောင်းသည်။ ထို့ပြင် ထိုပွဲများသည် အတော်လေး စိန်ခေါ်မှုများသော ပွဲမျိုးလည်း ဖြစ်သည်။

မုချောင်ယွင်၏ လက်ကြီးများသည် သေးသွယ်သော ခါးလေးပေါ်တွင် ဟိုရွေ့ဒီရွေ့လုပ်နေခဲ့သည်။ သူ၏ လက်ထဲရှိ ပြည့်စုံလှသော သူမ၏ ကောက်ကြောင်းလေးမှာ အတော်ပင် နှစ်လိုဖွယ် ကောင်းလှသည်။ သူသည် အချိန်အတန်ကြာ ပွတ်သပ်ပြီးနောက်တွင် သူ့ရဲ့စိတ်များသည် အဝတ်လဲပေးရမည့်အပေါ်တွင် လုံးဝ မရှိတော့ပါ။

ရွှီယန်ယုက သူ့ကိုတစ်ချက်ကြည့်ကာ သတိပေးသည်အထိပင်။ “ရှင် ထိလို့ ဝပြီလား။”

ထိုအသံကို ကြားလိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း အပြင်ဘက်ရှိသူများ၏ အတွေးများမှာ ထိန်းချုပ်မရတော့ပေ။

[ ဘာကိုထိလို့ ဝသွားတာလဲ။ ဘယ်လိုထိလိုက်လို့ လုံလောက်သွားရတာလဲ။ ဒါကြီးက လုံးဝ မဖြစ်နိုင်ဘူးနော်။]

[ အာ…။ မင်းတို့ ဘာတွေကို ထိနေကြတာလဲ။ ငါတော့ မုချောင်ယွင်ကို မနာလိုလိုက်တာ။ ငါတို့လည်း ထိပါရစေကွာ။ အဲ့ဒါက ခံစားလို့ ကောင်းလို့ဖြစ်မယ်။ ပြီးတော့ အဲ့ဒါက မွှေးကြိုင်ပြီးတော့ အိစက်နေမှာပဲ။]

[ ရွှီယန်ယုက အသားရည်ကို ထိန်းသိမ်းဖို့ ဒေါ်လာကို မီလီယံနဲ့ချီပြီး သုံးထားတာလေ။ အဲ့ဒါကိုမှ ထိလို့မကောင်းဘူးဆိုရင်တော့ ဒါက ထူးဆန်းနေတော့မှာပေါ့။ ဝိုး ဝိုး ဝိုး သူတို့က တကယ့် အတွဲတွေပဲ။ အဲ့တော့ သူတို့က တစ်ယောက်ကို တစ်ယောက် ထိတွေ့တာက ယဥ်ကျေးမနေတော့ဘူးလေ။]

[ မစ္စတာမုရေ၊ မင်း ကိုယ့်ကိုကိုယ် ထိန်းဖို့လိုနေပြီနော်။ ရှိုးမှာ အရမ်းကြီးလည်း ရဲတင်းမနေနဲ့ဦး။ မင်းတို့နှစ်ယောက်က တကယ်ကို ကြည်နူးနေကြပေမယ့် ငါတို့က မင်းကို အရမ်း မနာလိုဖြစ်ရတယ်ကွ။]

နောက်ဆုံးမှာတော့ မုချောင်ယွင်က ရွှီယန်ယုရဲ့ အဝတ်များကို ချွတ်ပေးခဲ့သည်။ ထိုအချိန်တွင် သူသည် အမျိုးသမီးများ၏ အဝတ်အစားများက လွန်စွာ ရှုပ်ထွေးသည်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ ဘောင်းဘီမှာ တစ်ထည်တည်းမှာတင် အပေါက် ၆ ပေါက်နှင့် ဇစ် ၂ ခု ပါရှိနေခဲ့သည်။

ခြေသလုံးရှိ ဒီဇိုင်းမှာတော့ အလွန် ကျပ်နေသည့်အတွက် သူ အဲ့ဒါကို ဆွဲချွတ်သည့်အခါ ရွှီယန်ယု၏ ခန္ဓာကိုယ်ကို မထိဖို့ရန်မှာ ခက်ခဲလှသည်။ နောက်ဆုံးမှာတော့ သူမ၏ အဝတ်များကို ချွတ်ပေးပြီးသောအခါ သူ့အရှေ့မှာရှိတဲ့ နှင်းလို ဖြူဖွေးနေသော အသားအရည်မှာ ထပ်မံ ဖမ်းစားသွားခဲ့သည်။ အဲ့ဒါမှာ အရမ်းလှပလွန်းသည့်အတွက် သူ့ရဲ့မျက်လုံးများကိုတောင် မလွှဲနိုင်တော့ပေ။

နောက်ပြီး ဒီမြင်ကွင်းကို အခု သူပဲမြင်နိုင်တာ။ အခုက အချိန်လည်း သိပ်မကျန်တော့ဘူး။ ဒါပေမယ့်လည်း ဒါက လူတွေကို ဆာလောင်အောင် လုပ်ဖို့က လုံလောက်နေတာပဲ။ ဒါက တကယ့်ကို လှလွန်းတယ်။ အဲ့အလှကပဲ လူတွေကို ဆွံ့အသွားပြီး သက်ပြင်းတွေပဲ ချနိုင်တော့တယ်။

မုချောင်ယွင်က သူမ နားနားကပ်ကာ ယန့်ကို လေးလေးနက်နက်နဲ့ ချီးကျူးခဲ့သည်။ “မင်းက တကယ့်ကို အလှလေးပဲ။”

ထိုအသံမှာ စိတ်လှုပ်ရှားစွာဖြင့် အမှန်တိုင်းပြောခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ချီးကျူးလိုက်တဲ့ အပြုအမူကလည်း သူ့ကိုယ်သူ သက်သေပြလိုက်ခြင်း ဖြစ်ကာ သဘောကျ၊ နှစ်သက်ဖွယ်ကောင်းပြီး ရင်သပ်ရှုမောဖွယ်ရာ အပြည့်နှင့် အလှနတ်ဘုရားမ ဗီးနပ်စ်ကို မြင်လိုက်ရသည်ဟု စိတ်ထဲက တွေးနေမိခဲ့သည်။ ထိုလေးနက်သည့်အသံမှာ အရင်က ပုံမှန်ပြောနေသော အသံနှင့် လုံးဝ ကွာခြားလှသည်။ ထို့ပြင် အဲ့အသံကပဲ လူတွေကို ချက်ချင်း စိတ်ကျေနပ်စေခဲ့သည်။

[အာ ဘယ်လိုတောင် လှနေတဲ့ သူမက ဥက္ကဌမုကို အရူးအမူးဖြစ်သွားအောင် လုပ်နိုင်ရတာလဲ။ မင်းရဲ့မိန်းမကို ငါနဲ့ မျှမသုံးချင်ဘူးလား။]

[ ဒီလောက် လှပြီး မွှေးကြိုင်နေတဲ့ မိန်းမမျိုးကို ဘယ်သူက ဝေမျှချင်မှာလဲလို့။ မင်းက မစ္စတာမုကို ပိုခက်ခဲအောင် လုပ်နေတာပဲ။ ဒါပေမယ့် အဲ့ဒါကြောင့်ပဲ မစ္စတာမုရဲ့အသံကတောင် ပြောင်းလဲသွားတာနော်။ ညီမရွှီလို မှင်သက်သွားစေတဲ့ အလှမျိုးကပဲ တစ်ချိန်လုံး သူ့ရဲ့ခံစားချက်တွေကို နှိုးဆွပေးနိုင်တာလေ။]

[ ဒီလို မြင်ရခက်တဲ့ မြင်ကွင်းမှာ မစ္စတာမုရဲ့အသံက အရင်နဲ့မတူပဲ တကယ်ကြီး ကွဲပြားနေတာကိုတော့ ငါကြားလိုက်တယ်။ အဲ့အသံက ခံစားချက်တွေနဲ့ လေးနက်တဲ့ အပြုအမူတွေ ရှိနေမယ်ဆိုတာတော့ သေချာတယ်။ အာ၊ လူတစ်ယောက်က ခံစားချက်တွေ များလာလေ၊ သူက ပိုပြီး ခန့်ညားလာလေပဲတဲ့။ သူရဲ့အသံကတောင် ကြားရတာ အရမ်းမိုက်တယ်။ အဲ့ဒါက ငါ့ရင်ထဲမှာတောင် အရမ်းကြည်နူးဖို့ ကောင်းနေပြီ။]

ရွှီယန်ယုက သူမရဲ့အဝတ်အစားတွေကို ခက်ခက်ခဲခဲနှင့် ဝတ်နေခဲ့ရတဲ့အချိန်မှာ သူမအနောက်က လူကြီးရဲ့လက်က အလွန် မရိုးသားစွာဖြင့် သူမရဲ့ အသားကို ယားကျိယားကျိဖြစ်အောင် လုပ်နေသည်ကို သူမခံစားမိခဲ့သည်။ သူမသည် မျက်ခုံးကို ပင့်လိုက်ကာ သူမရဲ့စိတ်ထဲတွင် ရုတ်တရက်ဆိုသလို အကြံတစ်ခု ရလာခဲ့သည်။

သူမက မုချောင်ယွင်၏ လက်ကိုကိုင်ကာ ဒီလိုရှုပ်ထွေးတဲ့ အမျိုးသမီးဝတ်စုံတွေကို ဘယ်လိုဝတ်ရမလဲဆိုတာ သင်ပေးခဲ့တော့သည်။

မုချောင်ယွင်ရဲ့ အကြောတွေထောင်နေပြီး အားကောင်းတဲ့ လက်ကြီးကို သူမရဲ့ သေးသွယ်တဲ့ လက်ကလေးဖြင့် တဖြည်းဖြည်း နေရာရွှေခဲ့သည်။ သူမရဲ့လက်တွေကို ရွှေ့ပြီး သူ့ရဲ့လက်ဖဝါးကို သူမရဲ့လက်သည်းများနှင့် ညင်သာစွာ ခြစ်နေခဲ့သည်မှာ မရိုးမယွဖြစ်ကာ စိတ်ကို နိုးကြွစေခဲ့သည်။

သူ့မိန်းမရဲ့ အဓိပ္ပါယ်ပါတဲ့ လှောင်ပြုံးလေးကို မြင်လိုက်ရသဖြင့် သူမဘာတွေနေသည်ကို မုချောင်ယွင် သိလာခဲ့တော့သည်။ သူမကို သူ့ကို လေးလေးနက်နက် သင်ပေးနေတာလား။ သူက ဘယ်လိုမှ ထိန်းမရပေမယ့်လည်း သံသယများစွာ ရှိနေသည်ကိုသာ ခံစားခဲ့ရသည်။

ရွှီယန်ယုက မုချောင်ယွင်ရဲ့ လက်ကိုယူကာ သူမစကတ်က ခါးနေရာရှိ ချိန်းကြိုးလေးပေါ်တွင် ညင်သာစွာ ထားပေးလိုက်သည်။ သူတို့၏ လက်ချောင်းများကို အတူတကွထားကာ တစ်ဆင့်ပြီး တစ်ဆင့် အပြန်အလှန် လှုပ်ရှားရင်း ကြိုးများကို ချည်နေခဲ့သည်။ အကယ်၍ တတိယမြောက် လူတစ်ယောက်က ထိုမြင်ကွင်းကို မြင်ခဲ့ပါက သူသည် သက်ပြင်းကို လေးလေးနက်နက်ဖြင့် ချလိမ့်မည် ဖြစ်သည်။ ထို့နောက် လက်ကိုဆွဲကာ နှုတ်ဆက်လိုက်ရုံဖြင့် ဘယ်လိုတောင် ဆွဲဆောင်မှု ရှိနိုင်လွန်းသည်ကိုလည်း သိချင်နေလိမ့်မည်။

အဝတ်လဲခန်းထဲရှိ အသက်ရှူသံများမှာ စတင် လေးလံလာခဲ့သည်။ အင်တာနက် အသုံးပြုသူများကို ထိုအသက်ရှုသွင်း ရှူထုတ်သံများက အတော်လေး ဆွဲဆောင်နေခဲ့သည်။ ထိုအသံမှာ ရာနှုန်းပြည့် မြန်ဆန်ကာ ပြင်းထန်တဲ့ အဖြစ်အပျက်မျိုးလည်း ဖြစ်သည်။ ထိုကဲ့သို့သော လေးလံလှသည့် အသံမျိုးကို သာမန်အခြေနေမျိုးမှာ ကြားဖို့က ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

အဲ့ဒါကို မင်းတို့ ဘယ်လိုပဲတွေးတွေး ကိစ္စတော့မရှိပါဘူး။ ဒါက မူမမှန်ဘူးလို့ ခံစားရပေမယ့် အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာတော့ သူတို့တွေက မမြင်နိုင်ဘူးလေ။ အဲ့ဒါကပဲ သူတို့ကို မရိုးမယွဖြစ်ပြီး သည်းမခံနိုင်တော့ဘူးလို့ ခံစားမိစေတာပဲ။

ရွှီယန်ယုက မုချောင်ယွင်ရဲ့ လက်ကိုကိုင်ပြီး သူမရဲ့စကတ်က ကြိုးများကို ခါးပေါ်မှာ တစ်ခုချင်း တစ်ခုချင်း နေရာ အတည်တကျဖြစ်အောင် ချည်နေခဲ့သည်။ ကြိုးတွေထဲက တစ်ချောင်းက သူ့ရဲ့ ခါးမှာ ချည်ရမည်ဖြစ်သော်လည်း သူမက ရုတ်တရက်ဆိုသလို အဲ့ကြိုးကို သူမ ပေါင်မှာ ချည်ချင်ခဲ့သည်။

မုချောင်ယွင်ကို သူမက သတိပေးခဲ့သည်။ “ ရှင် ထိုင်ပြီး ကျွန်မကို ကူညီပေး။”

သူမဘာလုပ်ချင်သည်ကို မုချောင်ယွင်က ခန့်မှန်းလို့ မရခဲ့ပေမယ့်လည်း အဲ့နည်းအတိုင်းပဲ သူလုပ်ပေးခဲ့သည်။ သေချာသည်မှာ စက္ကန့်ပိုင်းအတွင်းရှိ အခြားသူတစ်ယောက်၏ အပြုအမူမှာ သူ့ရဲ့တည်ငြိမ်နေတဲ့ အနေအထားကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ သူ့ရဲ့ ရင်ခုန်သံများမှာ တဒုန်းဒုန်းဖြစ်လာကာ သွေးခုန်နှုန်းများ မတည်ငြိမ်တော့သည့်အတွက် ရီဝေဝေ ဖြစ်လာသည်ကိုတောင် ခံစားခဲ့ရသည်။

အကြောင်းမှာ သူသည် ရွှီယန်ယု၏ ပေါင်တွင် အလှဆင်မည့်ကြိုးကို ကူချည်ပေးရန် ဒူးထောက်လိုက်သောအခါ ရွှီယန်ယုက သူ့မရဲ့ ခြေထောက်များကို သူ၏ ပုခုံးပေါ်သို့ ချက်ချင်း တင်ခဲ့လိုက်သည်။ မုချောင်ယွင်သည် ထိုကဲ့သို့ နှစ်သက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် သူ့မှာ ချက်ချင်းဆိုသလို မူးဝေလာခဲ့သည်။

ထိုကြောင့် ဒီအခြေနေမှာ သူ့အတွက် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ အကြောင်းမှာ သူ့ရဲ့နေရာမှ မကြည့်သင့်သည့် နေရာကို ချောင်းကြည့်နိုင်ပြီး သူမရဲ့ အသားရည်ကို အတားဆီးမရှိ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထိုနေရာသည် ရွှီယန်ယု၏ ခန္ဓာကိုယ်တွင် အလှဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံး နေရာလည်း ဖြစ်သည်။

သူက အစောတလျင်ဖြင့် ပြောခဲ့သည်။ “ဘာလို့ ဒီလိုပုံစံ နေနေတာလဲ။”

“ဘာလို့ဆို ကျွန်မ ကြိုက်လို့လေ။”

ရွှီယန်ယုမှ စနောက်သလို ပြန်ဖြေပြီးနောက်တွင် ထိုအဝတ်လဲခန်းရှိ လေထုကြီးမှာလည်း ပိုမို လေးလံလာခဲ့သည်။ မုချောင်ယွင်၏ မျက်ဝန်းများမှာ မဲနက်လာကာ အခြေနေမှာလည်း မရေမရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် အခုအချိန်တွင် သူတို့နှစ်ယောက်ကြားရှိ ဆွဲဆောင်ရှိသော မြင်ကွင်းမှာ ထူးခြားနေခဲ့သည်။ ထိုအနေအထားမှာ တကယ်မိုက်နေပြီး အဲ့လိုပုံစံကို သူမှတ်မိပါလိမ့်မည်။

[ သေရော။ မင်းတို့နှစ်ယောက် အဲ့ထဲမှာ ဘာတွေပြောပြီး ဘာတွေ လုပ်နေကြတာလဲ။ မင်းတို့ တစ်ခုခု ကြီးကြီးမားမား လုပ်ကြတော့မလို့လား။ ငါလည်း အများကြီး မတွေးချင်ပေမယ့် အဲ့အသံတွေကြောင့် ဘယ်လိုမှ မတွေးဘဲ နေလို့မရဘူး။ အဲ့မှာ ဘာပုံမှ မရှိနေတာကြီးက တကယ် ဝမ်းနည်းဖို့ ကောင်းလိုက်တာကွာ။]

[ပိုက်ဆံပေးရင်ရော ငါ မကြည့်ရတာတွေကို ကြည့်လို့ ရမှာလား။ အာ၊ ဘာတွေ ဖြစ်ကုန်တာလဲ။ အဲ့လို ဆွဲဆောင်နေတဲ့ စကားတွေက ဘယ်လိုဖြစ်လို့ ထွက်လာတာလဲ။ ငါ ဥက္ကဌမုကို ဗီဒီယိုတစ်ခုနဲ့အရင် အစပျိုးပေးမယ်လေ။]

[ မင်းတို့က နှစ်ယောက်တည်း သပ်သပ်နေနေတာက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်ပေါ့။ ဒီည အဝတ်လဲခန်းရှေ့မှာ မင်းတို့ပြောလိုက်တဲ့ စကားတိုင်းက ပညာရှိဆိုရိုးစကားတွေ ဖြစ်လာနေဦးမယ်။]

[ ငါအခုချိန် ဖြစ်ချင်တာ တစ်ခုက အဲ့အခန်းကို မြန်မြန်လေး ဖွင့်ပါတော့လို့။ စက္ကန့်ပိုင်းလေးတောင် ငါတော့ ထပ်မစောင့်ချင်တော့ဘူး။ အဲ့မြင်ကွင်းကို မြင်ရဖို့အတွက် ပြီးတဲ့ထိလည်း မစောင့်နိုင်တော့ဘူး။ အဲ့ဒါ ခန်းဆီးရဲ့နောက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါမြင်ချင်နေပြီ။]

[ ညီမရွှီက ဒီလိုနေရာမှာတော့ တကယ် တော်တာပဲ။ သူက ဥက္ကဌမုတင်မကဘူး ငါတို့ကိုပါ မရိုးမယွနဲ့ မခံစားနိုင်အောင် လုပ်သွားတာ။ သူမက အဲ့နေရာမှာ တကယ်တော်တယ်လို့တော့ ပြောရတော့မှာပဲ။ အချစ်နဲ့ ပတ်သတ်ရင် သူမက တကယ့် ဆရာ့အဆင့်ပဲ။]

All Chapters