← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

မုချောင်ယွင်က ရွှီယန်ယုရဲ့အရှေ့မှာ ဒူးထောက်ထိုင်နေပြီး သူ့ရဲ့ပုခုံးတစ်ဖက်က လေးနေကာ သူမရဲ့ နှင်းလို့ ဖြူဖွေးပြီး နူးညံ့နေတဲ့ အသားရည်ကိုလည်း ခံစားမိနေသည်။

အဲ့ဒါက ဒီလိုပဲ ဖြစ်နေမယ်ဆိုရင် သူတို့ လုံးဝ ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ပေ။ အဓိကကတော့ ရွှီယန်ယု ဒီလို နေနေတာက မရိုးသားချေ။ သူမက နူးညံ့နေတဲ့ သူမရဲ့ပေါင်ကို သုံးပြီးတော့ မုချောင်ယွင်ရဲ့ မျက်နှာကို ညင်ညင်သာသာနဲ့ သွားပွတ်နေတာ။ သူမရဲ့ အထိမခံတတ်တဲ့စိတ်က မုချောင်ယွင်ရဲ့ မျက်နှာရှိ မုတ်ဆိတ်မွှေး အတိုလေးတွေကြောင့် နည်းနည်း ကြမ်းနေတာကိုတောင် သူမ ခံစားမိနေသည်။

အဲ့ဒါနဲ့ ဖြည်းဖြည်းချင် ထိရင်တောင်မှ ရွှီယန်ယုရဲ့ အသားတွေက နီရဲလာမယ်ဆိုတာကို သိသင့်သည်။ ဒီလို ပုံမှန်အတိုင်း ပွတ်လိုက်တာတောင် သူမရဲ့အသားရည်ကို ချက်ချင်းဆိုသလိုပဲ ပန်းရောင်သန်းနေပြီ။ ဒီလိုအထိအတွေ့မျိုးကို မိန်းမတစ်ယောက်က ဘယ်လိုမှ မထိန်းနိုင်ပဲ ညည်းသံတိုးတိုးလေး ထွက်လာလိမ့်မည်။

တိုက်ရိုက် ထုတ်လွှင့်ခန်းထဲမှ ထိုအသံ ထွက်လာသည်ကို အင်တာနက် အသုံးပြုသူများက ကြားလိုက်ရသောအခါ အဲ့အသံသည် အတော်လေး ဒွိဟဖြစ်စေသည့် အသံမျိုးဖြစ်သဖြင့် သူတို့ရဲ့ နှလုံးခုန်သံများမှာ ထပ်မံ မြန်ဆန်လာခဲ့ပြန်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ထွက်လာတဲ့အသံတွေက သူတို့ကို အကြိမ်များစွာ ရင်ခုန်အောင် ပြုလုပ်နိုင်ခဲ့သည်။

နောက်ဆုံးတွင် ထိုအတွဲ အဝတ်လဲခန်းထဲမှ မထွက်လာခင်မှာပဲ အားလုံးက ခန့်မှန်းရတာ ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

ရွှီယန်ယု အဝတ်လဲပြီးသည့်နောက် အဝတ်လဲခန်းထဲမှ ထွက်လာသောအခါ သူမက အားလုံး၏ စိတ်ဝင်စားမှုများကို မြန်မြန်ပဲ ဖမ်းစားနိုင်ခဲ့သည်။ အင်တာနက် အသုံးပြုသူများသည် သူမ၏ အလှတရားထဲတွင် နစ်မြောသွားကြသည်။ ထိုဝတ်စုံမှာ အဖြူရောင်လေးဖြစ်ပြီး ဘော်ကြယ်များ၊ ကြိုးများနှင့် အလှဆင်ထားသည်။ ထိုဘော်ကြယ်များမှာ မီးရောင်၏ အောက်တွင် ရေသူမလေးများအလား ဖြစ်နေခဲ့သည်။ ရွှီယန်ယုသည် အလွန်လှပသဖြင့် လူအများကို သက်ပြင်းများချရုံသာ တတ်နိုင်ခဲ့သည်။ ထို့ပြင် သူမသည် ဖန်ဆင်းရှင်မှ ဖန်တီးထားသော ဂန္တဝင်မြောက်သည့် အလှလေးတစ်ပါးပင် ဖြစ်ရမည်။

အင်တာနက် အသုံးပြုသူများ၏ စူးရှသော မျက်လုံးများသည် ရွှီယန်ယု၏ အသွင်အပြင်မှာ အများကြီး မပြောင်းလဲသွားသော်လည်း သူမ၏ မျက်နှာနှင့် နားများမှာ အနည်းငယ် နီရဲနေသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုအရာမှာ လူအများအား သံသယစိတ်များကို ဖြစ်လာစေခဲ့သည်။

သို့သော် သံသယဖြစ်ဖွယ် အကောင်းဆုံးအရာမှာ သူမ၏ ပေါင်များမှာ တစ်ခုခုဖြင့် ပွတ်ခဲ့သလို နီရဲနေခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ အတော်လေး နီရဲနေကာ လူအများကို ဘာတွေဖြစ်ခဲ့လဲဆိုတာကို သံသယမဝင်ဘဲ မတွေးဘဲဖြင့် မနေနိုင်တော့ပါ။ ဘာလို့ သူမရဲ့ခြေထောက်က နီရဲနေရတာလဲ။

[ မြန်မြန်လေး ဆုံးဖြတ်ကြပါဦးလို့။ ခြေထောက်ပေါ်မှာ အနီရောင် အစက်တွေဖြစ်နေတာက တော်တော်လေးကို ပုံမှန်ဟုတ်မနေဘူး။ ညီမရွှီရေ၊ သူ ညီမကို ဘာတွေလုပ်ခဲ့လဲဆိုတာကို ငါတို့ကို တိုးတိုးလေး ပြောပြလေ။]

[ ဒီလို အသားရည်က ပန်းရောင်ဖြစ်နေတာက အနောက်ကွယ်မှာ ကိစ္စတစ်ခုခု ရှိကိုရှိရမယ်။ သူဌေးမုက ထိလိုက်လို့ ရဲသွားတာဖြစ်မယ့်။ ဘာလို့ အဲ့လောက်တောင် အားတွေသုံးလိုက်ရတာလဲလို့။]

[သူဌေးမု ကြည့်ရတာတော့ တော်တော်လေး ငြိမ်နေတာပဲ။ သူတို့ရှေ့မှာသာ အလှပဂေးလေးတစ်ယောက်ကို ရပ်ခိုင်းလိုက်ရင်တော့ သူတို့တွေ သေချာပေါက် ထိန်းနိုင်တော့မှာ မဟုတ်ဘူး။]

[ ညီမရွှီက အရမ်းဆွဲဆောင်မှုရှိတာပဲ။ ပြီးတော့ သူမက အခြားသူတွေကိုတောင် သွေးဆောင် ဖြားယောင်းနိုင်တယ်။ သူက သူ့ကိုယ့်သူ မထိန်းနိုင်ဘူးဆိုတာက ပုံမှန်ပဲလေ။ တကယ်လို့ သူမသာ တကယ် လျှိုရှားဟွေ့လို ဖြစ်လာခဲ့ရင် ဥက္ကထမုက ကျန်းမာပါဦးမလားလို့ ငါတော့ သံသယဝင်မိတယ်။]

[ ဥက္ကဌမုရဲ့မျက်နှာက ရဲနေတာကိုတော့ ငါတော်တော်လေး ရယ်ချင်တယ်။ ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ဒီလိုနည်းနဲ့ ဒါကိုသာ တောင့်ခံနေလို့ကတော့ တော်တော် ပင်ပန်းမှာပဲ။]

အင်တာနက် အသုံးပြုသူများသည် ဒီလိုသိမ်မွေ့နေတဲ့ ပြောင်းလဲမှုမျိုးကို ရွှီယန်ယုသာမကပဲ မုချောင်ယွင်ကပါ ပြောင်းလဲနေသည်ကို တွေ့ရှိခဲ့ကြပြီး အဝတ်လဲခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့ကြလဲဆိုတာကို ဆုံးဖြတ်နေကြသည်။ ဒီလို ပါးနပ်တဲ့ အကဲခတ်တာတွေ ပြီးတဲ့နောက်မှာ အဲ့ဒါတွေကို သူတို့ပိုတွေးမိလေလေ၊ အဲ့ဒီ့မှာ တစ်ခုခုက သေချာပေါက် မှားနေတာကို ပိုပြီးခံစားမိလေလေ ဖြစ်သည်။

ရွှီယန်ယုက သူမအတွက် မုချောင်ယွင် ရွေးပေးထားသည့် ဝတ်စုံကို ပြသခဲ့သည်။ ထိုအရာမှာ တကယ်ကို လှပလွန်းသည်။ သူမက အလွန်လှသည်ကိုသာ ပြောလို့ရပြီး ထိုဝတ်စုံ၏ ထူးခြားသော ဒီဇိုင်းသည် သူမအား ပိုမိုလှပသွားစေခဲ့သည်။

ထို့အပြင် ခါးနားတွင်လည်း ချိန်းကြိုးများစွာ ရှိနေပြီး ချိန်ကြိုးများ၏အောက်တွင် ဘာအဝတ်စမှ မခံထားပါ။ ချိန်းကြိုးများနှင့်သာ အဝတ်စနှစ်စကို အတူတကွ တွဲထားခြင်း ဖြစ်သည်။ ဒါ့ကြောင့် ထိုဝတ်စုံက ဘာကြောင့် ဝတ်ရခက်လဲဆိုသည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိပြီး လှပသော ကောက်ကြောင်းလေးမှာ ကင်မရာရှေ့တွင် ပြည့်စုံစွာ ရှိနေခဲ့တော့သည်။

[ ဘုရားရေ၊ ဒါက မစ္စတာမုရဲ့ အရမ်းမိုက်တဲ့ အတွေ့အကြုံပဲ ဖြစ်မယ်။ ငါတို့ကိုလည်း မင်းမိန်းမရဲ့ လှပတဲ့အရာတွေကို မြင်ခွင့်ပေးလို့ ကျေးဇူးပါ မစ္စတာမုရေ။ မင်းက အဝတ်အစားရွေးတဲ့နေရာမှာ တကယ်တော်တာပဲ။]

[ မစ္စတာမုရဲ့ အလှအပပေါ်ကို မြင်တဲ့အမြင်က တကယ်ကို မိုက်တာပဲ။ ရွှီယန်ယု ဒီဝတ်စုံကို ဝတ်ထားတာ ငါတောင် ခံစားချက်တစ်ခုဖြစ်လာတယ်။ အဲ့ဒါက မကြာခင်မှာပဲ အသည်းစွဲစရာလေး ဖြစ်လာတော့မယ်။ အဲ့ဝတ်စုံကို ညီမရွှီက လက်ခံလိုက်တာနဲ့ အဲ့ဒါက ရောင်းအားအကောင်းဆုံး ဝတ်စုံ ဖြစ်လာတော့မှာ။]

[ သူ့မိန်းမရဲ့ ခန္ဓာကိုယ်မှာ ဘယ်နေရာက အလှဆုံးလဲဆိုတာ သူကတော့ သိနေတဲ့ပုံပဲ။ ပြီးတော့ သူက သူမရဲ့ ကောက်ကြောင်းတွေကို အကောင်းဆုံး ပေါ်လွင်စေမယ့် ဝတ်စုံမျိုးကို ရွေးပေးလိုက်တာပဲ။ လာပြီး ဝိုင်းတွေးပေးကြပါဦး။ မစ္စတာမုက ဒါတွေကို တစ်ယောက်တည်း တိတ်တိတ်လေး လေ့လာနေတာလား။]

[ သူ ဒါတွေအားလုံးကို သိနေပုံထောက်ရင် အဲ့ဒါကို သူတစ်ယောက်တည်း ဘယ်နှစ်ခါလောက် ပြန်ကြည့်ထားလဲဆိုတာ ငါလည်း မသိတော့ဘူး။ သူဘာမှ လုပ်စရာမရှိတဲ့ အချိန်တိုင်း ရွှီယန်ယုရဲ့ ပုံတွေ ဗီဒီယိုတွေကို ထုတ်ကြည့်နေတာ ဖြစ်နိုင်လောက်တယ်။ ဥက္ကဌမုရေ၊ သူ့ကို အရမ်း မချစ်မိစေနဲ့ဦးနော်။ သူမအကြောင်းတွေလည်း သိရဲ့သားနဲ့။]

ရွှီယန်ယုရဲ့ ဝတ်စုံက ပိုလှလေလေ၊ မုချောင်ယွင်က သူမရဲ့ပုံစံကို ပိုသိလေလေလို့ ပြောလို့ရလေပဲ။ ဒီအခြေနေကြီးက တကယ်ကို နားလည်ဖို့ မလွယ်ဘူးပဲ။ အကြောင်းက သူက လှပတဲ့ အဝတ်အစားတွေနဲ့ သူမရဲ့ ခန္ဓာကိုယ်အသေးစိတ်ကို သေချာဖော်ပြလိုက်တာပင်။ သူ့ကြည့်ရတာ သူမကို တော်တော်ချစ်တဲ့ပုံပဲ။ အဲ့လိုမှမဟုတ်ရင် ဒီလိုတွေ လုပ်ပေးဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လူတစ်ယောက်ကို ချစ်တယ်ဆိုတာက သူစကားတွေကို ဘယ်လို ကြည်ဖို့ကောင်းအောင်ပြောလဲ ဆိုတာတွေအပေါ်မှာ မူတည်တာမျိုး မဟုတ်ဘဲ သူလုပ်တဲ့ အရာတွေအပေါ် အသေးစိတ် ဘယ်လို အာရုံစိုက်ပေးနိုင်လဲဆိုတာပဲလို့ ပြောလို့ရသည်။ ဒါကို မုချောင်ယွင်က အပြည့်အဝ ဖော်ပြသွားပြီးပြီ။

အခုကစပြီး သူပြောသမျှ အရာအားလုံးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကတိပေးပြီး ဖြည့်ဆည်းပေးတော့မယ်။ ဒီလိုအရာတွေ သူလုပ်ပေးနေတာကိုကြည့်ပြီး ဆုံးဖြတ်ပေးရရင် သူက ဒီလို အောင်မြင်တဲ့ နေရာတစ်နေရာကို ရောက်လာတယ်ဆိုတာက တကယ့်ကို မထင်မှတ်ပဲ ရောက်လာတာမျိုး မဟုတ်ပေ။

ကျောက်မင်းဟန်သည်လည်း ရွှီယန်ယု၏ လက်ရှိပုံစံကြောင့် အလွန် အံ့ဩသွားခဲ့ရသည်။ အထူးသဖြင့် ဥက္ကဌမု ရွေးပေးထားသော ဝတ်စုံကို ဝတ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။ သူသည် ဒီလိုကိစ္စမျိုးကို အရင်က ရိုက်ကူးမိခဲ့ဖူးသည်။ အခြားသော အတွဲများသည် ဥက္ကဌမုနှင့် သူ့ဇနီးကို မသိခဲ့ကြသဖြင့် သူတို့၏ အလှတရားကို ခံစားတတ်သည့် စိတ်မှာ အလွန် ကောင်းနေခဲ့ခြင်း ဖြစ်သည်။

“မစ္စရွှီ၊ ကျေးဇူးပြုပြီး မစ္စတာမုအတွက် အဝတ်အစားလေး ရွေးပေးပါ။”

ရွှီယန်ယုသည် ထိုအရာကို အစကတည်းက တွေးခဲ့ပြီးသား ဖြစ်သည်။ သူမသည် ကျောက်မင်းဟန် ကမ်းပေးသော ကွန်ပြူတာကို မယူခဲ့ပါ။ ဆိုလိုသည်မှာ သူမသည် ရိုက်ကူးရေးအဖွဲ့မှ စီစဥ်ပေးထားသော ဗီဒိုထဲမှ အဝတ်အစားများကို ရွေးဖို့အတွက် ရည်ရွယ်ချက် မရှိပါ။

ရွှီယန်ယုသည် ခါတိုင်း သူမအလုပ်ထဲတွင် သုံးလေ့ရှိသော ဓာတ်ပုံ အယ်လ်ဘမ်တစ်ခုကို ထုတ်ခဲ့လိုက်သည်။ အင်တာနက် အသုံးပြုသူများ အားလုံးတို့သည် ထိုစာအုပ်မှာ တီထွင်ဖန်တီးမှုများကို စတင်ကွန့်မြူးသည့် နေရာ အရင်းအမြစ် ဖြစ်သည်ကို သိရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူမတွင် စိတ်ကူးအသစ်အချို့ ရှိနေလားဆိုတာကို မသိချင်ပဲ မနေနိုင်ခဲ့ပေ။

ရွှီယန်ယုသည် ထိုစာအုပ်ကို ထုတ်လိုက်ကာ ခေါက်ခဲ့သည်။ သူမသည် ပုံဆွဲထားသည့် စာရွက်များထဲမှ တစ်ရွက်ကို လှန်လိုက်သောအခါ အင်တာနက် အသုံးပြုသူများသည် သူတို့ကို အံ့အားသင့်မှုများက ဝန်းရံနေသည်ကို ခံစားမိခဲ့သည်။

မျှော်လင့်ထားခဲ့သလိုပဲ၊ အဲဲ့ဒါကို ဖွင့်လိုက်သည့်အခါ အင်တာနက် အသုံးပြုသူများသည် ထပ်မံ၍ အံ့ဩခဲ့ရပြန်သည်။ သူတို့ရှေ့တွင် တွေ့လိုက်ရသည်မှာ သွေးနီရောင်လ ပုံစံတစ်ခု ဖြစ်သည်။

ထိုနေရာတွင် လကို အပြည့်ပုံစံနှင့် တစ်ဝက်ပုံစံဟူ၍ လုံးဝကွဲပြားသော ဒီဇိုင်းနှစ်ခု ရှိသည်။ ထိုလနှစ်စင်းပေါ်တွင် ခေတ်နောက်ပြန်ဆွဲသော ဒီဇိုင်းများစွာ ရှိနေခဲ့သည်။ ထို ဒီဇိုင်းများမှာ ရုပ်စုံမှန်ပြောင်းထဲရှိ ပုံစံများနှင့် အနည်းငယ် တူနေခဲ့သည်။

သို့ရာတွင် လ၏ နှစ်ဖက်လုံးပေါ်တွင် လူမျက်နှာတစ်ခုစီ ရှိနေသည်မှာ အံ့သြဖို့ကောင်းစရာ ဖြစ်နေခဲ့သည်။ အပြုံးမှာလည်း ထူးဆန်းသော လူပြက် တစ်ယောက်လို ကြောက်လန့်ဖွယ် မကောင်းဆိုးဝါးလိုနှင့် သွေးဖုံးနေသော ပြစ်မှုများ ကျူးလွန်ထားသလိုပုံစံနှင့် အနည်းငယ် တူနေသည်။ ထိုစဥ်တွင် အခြားတစ်ဖက်ရှိ အပြုံးမှာ အလွန်ကြင်နာတတ်ပြီး ဖြူစင်သည့် အပြုံးတစ်ခု ရှိသည်။ ထိုအရာမှာ လွဲမှားနေသော သနားကရုဏာ ရှိသည့် အရိပ်အမြွက်မျိုးဖြစ်သည်။

သို့သော် နှစ်ခုလုံးသည် လုံးဝ ကွဲပြားနေသော ပုံစံများရှိကာ ထို ပန်းချီထဲတွင် လုံးဝ မတူညီသည့် အရာမျိုးအဖြစ် ပုံဖော်ထားခဲ့သည်။ ထိုပုံစံနှစ်ခုကို အချိန်အတန်ကြာ ကြည့်ပြီးသည့်နောက်တွင် သူတို့တွင်လည်း မတူညီသည့် စရိုက်များ ရှိကြသည်ကို ခံစားမိကြလိမ့်မည်။

ထိုလမှာ မကောင်းဆိုးဝါးနှင့် နတ်သမီးလေးတို့၏ ပေါင်းဆည်းမှုတစ်ခုဟု ပြောနိုင်သည်။ သို့သော် ထိုအရာများကို ကောင်းကောင်းမွန်မွန်နှင့် အံ့အားသင့်ဖွယ် ပေါင်းစပ်ထားခြင်းမှာ ပို၍ မှင်သက်ဖွယ် ကောင်းစေခဲ့သည်။

ထိုအရာမှာ နဂိုကတည်းက ရွှီယန်ယု၏ ဘောပင်ကို ဖြတ်ပြီး ပြည်စုံစွာ ပေါင်းစပ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင် ထိုအရာများသည် အကောင်းရော အဆိုးရော ပါရှိသည့် လူတို့၏ သဘော သဘာဝအတိုင်း ရှုပ်ထွေးနေသည်ဟု ထင်ရသည်။

[ ဒီလက်ရာက တကယ်တုန်လှုပ်စရာကောင်းပြီး တွေးစရာတွေ အပြည့်ပဲ။ ငါတော့ တစ်ခုခုကို တွေးမိနေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် အဲ့ဒါကို ငါ့စိတ်ထဲမှာလည်း သိပ်မရှင်းဘူး။]

[ ဒါက အတွဲတစ်တွဲအနေနဲ့ သူတို့တွေ ပေါင်းစည်းသွားကြတာကို တင်စားထားတာမလား။ ဒါက အရမ်း ဓိပ္ပါယ်ရှိတာပဲ။ ငါ့အထင် သူတို့က ဒီလို မတူညီနဲ့ ပုံစံ နှစ်မျိုး ရှိနေပြီး ရူးနေတဲ့ သူတွေလိုပဲ ဖြစ်မယ်။]

[ ဒီပုံကနေတစ်ဆင့် အရာတွေအများကြီးကို ငါလေ့လာလိုက်ရတယ်။ ပြီးတော့ ဒီပုံကို စိတ်ဝိဉာဥ် တစ်ခုလို့တောင် ခံစားလိုက်ရတယ်။ ရွှီယန်ယုက ဒါမျိုးတွေနဲ့ ထိုပ်တန်ပါတယ်ကွာ။ ဒီစီးရီးက နောက်ထပ် ဂန္တဝင်မြောက်တဲ့ လက်ရာတစ်ခုပဲ။ ဒါက တကယ်ကို မိုက်တယ်။]

ရွှီယန်ယုသည် ဟိုးအရင်ကတည်းက DID Luna စီးရီးကို ဒီဇိုင်းဆွဲထားခဲ့ပြီး ဖြစ်သည်။ DID ၏ နာမည်အပြည့်အစုံမှာ မူမမှန်သော အတွေးများဖြစ်ကာ လူအများက အတွေးများ ပုံမှန်မဟုတ်ပဲ ကစဥ့်ကလျားဖြစ်ကာ စိတ်နှစ်ခွဖြစ်နေခြင်းဟု သိထားကြသည်။ ထိုစိတ်အခြေနေကို ထုတ်ဖော်ပြောပြရာတွင်လည်း သူရဲ့ နာမည်အတိုင်းပဲ ကွာခြားမှုမရှိပါ။

တကယ်တော့ ထိုကဲ့သို့သော လက်ရာကောင်းများသည် စိတ်ဝိဉာဥ်ကို ထုတ်ဖော်ကာ ပြောပြနိုင်လိမ့်မည်ဟု သူမအမြဲ ယုံကြည်နေခဲ့သည်။ ဒီ DID ၏ မူလ လနတ်ဘုရားကို ပုံဖော်ရာတွင် လ၏ မျက်နှာပြင် နှစ်ဖက်တွင် ရှိနေသော အပြုံးက သူမဖော်ပြလိုသော အရာကို သေချာ ဖော်ပြနိုင်သည်။ ပထမဆုံးကြိမ်အဖြစ် ထိုအရာကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားခဲ့ရပြီး ထိုအရာမှ ယူဆောင်လာသော ရောင့်ရဲမှုတို့ကိုလည်း ရရှိလာလိမ့်မည်။

စိတ်ပိုင်းဆိုင်ရာ ရောင့်ရဲမှုသည် အပြောနှင့် မတူ ကွဲပြားခြားနားလှပြီး နှလုံးသားတစ်ခုလုံးကိုပင် တုန်လှုပ်နိုင်သည်။

ရွှီယန်ယုက မိတ်ဆက်ခဲ့သည် - “ ဒီနေ့မှာတော့ ရလာတဲ့ ဒီအခွင့်အရေးကိုယူပြီး ကျွန်မရဲ့ ပစ္စည်းအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုဆိုရင်တော့ ဒီစီးရီးက ယောက်ျားဝတ်ပဲ ရှိသေးတဲ့အတွက် မစ္စတာမုကို အစမ်း ဝတ်ကြည့်ပေးဖို့အတွက် စီစဥ်ထားပါတယ်။”

မုချောင်ယွင်သည် ခနတာလောက် မှင်သက်သွားခဲ့ပြီး ကျန်တဲ့သူများလည်း တိတ်ဆိတ်နေခဲ့သည်။ အကြောင်းမှာ ရွှီယန်ယု၏ အစီအစဥ်မှာ သူ တွေးထားတာထက်ကို ပို၍ ရှင်းနေသည်ဟု သူ ခံစားခဲ့ရသည်။

ထိုအရာကို အင်တာနက် အသုံးပြုသူများ ကြားလိုက်ရသောအခါ ရယ်ရတာ သေလုနီးပါး ဖြစ်ခဲ့ရသည်။

[ ညီမရွှီက မလိုအပ်ဘဲ ဘာလှုပ်ရှားမှုမျိုးမှ မလုပ်ဘူးဆိုတာကို ငါသိနေတယ်လေ။ သူမရဲ့ ဘရန်းက ယောက်ျားဝတ် အင်္ကျီစီးရီးကို ထုတ်ချင်နေတာ ဖြစ်မယ်။ ပြီးတော့ ဒီကမ္ဘာမှာ ဥက္ကဌမုကို ယှဥ်လို့ရတဲ့ ယောက်ျားလေးမော်ဒယ်ဆိုတာ ရှိမှာ မဟုတ်ဘူး။]

[ မင်းအတွက် ဒီလို ချမ်းသာလွန်းတဲ့ မော်ဒယ်မျိုး ရှိနေတာက တကယ် အံ့သြဖို့ကောင်းတာပဲ။ မင်းရဲ့ ကံကြမ္မာကြီးတစ်ခုလုံးကို ပုံအောလိုက်ရင်တောင် ဒီလို အဆင့်မျိုးရှိတဲ့ လူတစ်ကို မင်း ငှားလို့မရနိုင်ဘူး။]

[ ညီမရွှီက တကယ်တော်တာပဲ။ ဒါက ရှိုးကို ရိုက်ကူးနေရုံ သပ်သပ်မဟုတ်ပဲ သူတို့ ကိုယ်ပိုင် အတွေးတွေကိုပါ ယူဆောင်လာတဲ့ ပွဲမျိုးဆိုတာ ငါသိသားပဲ။ စီးပွားရေးလား ယောက်ျားလား ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ ပြောကြည့်ပါဦးလား။]

[ မိုက်လှချည်လား။ ဒီလိုမေးခွန်းမျိုးက မမေးရင် ပိုကောင်းမယ် ထင်တယ်။ ဥက္ကဌမုကတော့ ဝမ်းနည်းသွားတော့မှာပဲ။ ဒါကြီးက တကယ်လည်း ရယ်ရတာပဲ။]

ရွှီယန်ယုက သူမရဲ့လက်ထောက်ကို ဥက္ကဌမုရဲ့ ကိုယ်တိုင်းအရ ချုပ်ထားတဲ့ DID Luna စီးရီးက အမျိုးသား ဝတ်စုံကို မြန်မြန်သွားယူခဲ့ဖို့ ခိုင်းစေခဲ့သည်။

ထိုဝတ်စုံမှာ ပုံမှန် ဝတ်စုံမျိုးဖြစ်သည်။ အောက်ခံအရောင်မှာ အမဲနှင့် သွေးနီရောင် ပန်းထိုးထားသော ချည်စများကိုသုံးကာ DID လနတ်ဘုရားပုံကို ဝတ်စုံပေါ်တွင် အလွန် ထူးခြားစွာ ကွန့်ညွန့်ထားခဲ့သည်။ အင်္ကျီလက်အနားရှိ ကြယ်သီးကို သွေးနီရောင် လပုံစံ စိန်ဖြင့် အလှဆင်ထားခဲ့ပြီး သွေးနီရောင် မြနှင့် ပလက်တီနမ်များ စိန်များ စသော အရာများကိုလည်း အသုံးပြုခဲ့သည်။

ရင်ဘက်မှလည်း သွေးနီရောင် စိန်များဖြင့် ပြုလုပ်ထားသော ကျောက်မျက်ရတနာ ရင်ထိုးတစ်ခုက ရှိနေသည်။ ထိုပုံစံမှာ ဒီစီးရီး၏ ဒီဇိုင်းနှင့် အတူတူပင် ဖြစ်သည်။ ဖြတ် ညှပ်ထားသော ပိတ်စများရှိ တံဆိပ်များမှာလည်း ပြည့်စုံလှသည်။ ထိုနေ့တွင် မုချောင်ယွင် ဝတ်ဖို့ရန် ရည်ရွယ်ချက်ဖြင့် အချို့သော အပိုင်းများကို ရွှီယန်ယုကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရွှီယန်ယုတွင် သူမ၏ ကိုယ်တိုင် အစီအစဥ်များ ရှိသော်လည်း အဝတ်လဲခန်းထဲသို့ ပုံမှန်အတိုင်း ဝင်သွားခဲ့သည်။ အကြောင်းမှာ သူမသည် ကိုယ်တိုင် မုချောင်ယွင်ကို အဝတ်များ ဝတ်ပေးလိမ့်မည် ဖြစ်သည်။

ဒီအချိန်မှာတော့ ရွှီယန်ယုသည် မုချောင်ယွင်ကို သူမကိုယ်တိုင် အဝတ်လဲပေးတော့မည် ဖြစ်သည်။

ဒါဟာ သူမအတွက် ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်ကို အဝတ်အစား လဲပေးခြင်း ဖြစ်သည်။

မကြာမီမှာပဲ သူမ၏အသံမှာ အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။

“ မလှုပ်နဲ့။ ကျွန်မ ရှင့်ရဲ့ ခါးပတ်ကို ကူပြီး ချွတ်ပေးမယ်။”

[ ညီမရွှီက အဲ့လောက်တောင် ရဲလွန်းတာလား။ သူမက ဝင်ပြီးတာနဲ့ စောင့်တောင် မစောင့်နိုင်တော့ဘူး။]

[ အဲ့စကားတစ်ခွန်းထဲနဲ့ ငါတို့အားလုံးကို ရူးသွားအောင် လုပ်လိုက်တာပဲ။ အဲ့လို အသံလေးကို ကြားလိုက်တာနဲ့ ဘယ်ယောက်ျားသားမဆို ဘာမှ မတုံ့ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးနော်။]

All Chapters