အခန်း (၄၆)
Vol. 4 Ch. 46
ရွှီယန်ယု၏ စကားများမှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထိုကဲ့သို့သော စကားမျိုးကို ကြားပြီးသည့်နောက် ဘယ်သူကများ မရူးပဲ နေပါ့မလဲ။ ထိုစကားကို ကြားပြီး အပြင်က သူများကတောင် မျက်နှာများ နီရဲလာကာ သူတို့၏ နှလုံးခုန်သံများ မြန်လာခဲ့သည်ကို ခံစားမိလာကြသည်။ ထိုအထဲတွင် ဝင်နေကြသော သူတို့၏ ရင်ခုန်သံများမှာလည်း ယောက်ယက်ခတ်နေခဲ့ကြသည်။
မုချောင်ယွင်သည် ဘာတစ်ခွန်းမှ မပြောပဲ ရွှီယန်ယု၏ အလှတရားနှင့် ချစ်စရာကောင်းသော ပုံစံလေးကိုသာ ကြည့်နေခဲ့တော့သည်။ ထိုအချိန်မှာပဲ သူ့ကို ဆွဲဆောင်မှုရှိသော နတ်သမီးလေးတစ်ပါးကလည်း ပြန်ကြည့်နေခဲ့သည်။ သူမ၏ ပုံမှန် အကြည့်လေးကြောင့်တောင် စိတ်များ မထွေပြားသွားစေဖို့ရန် တကယ် ခက်ခဲလှသည်။
ရွှီယန်ယုလို မိန်းမမျိုးသည် စကားများစွာ ပြောနေသည့် မျက်ဝန်းတစ်စုံ ရှိနေဟန်တူသည်။ တစ်ခါတစ်ရံတွင် သူမသည် ချစ်စရာ ယုန်ငယ်လေး တစ်ကောင်ကဲ့သို့ ဖြူစင်ကာ တစ်ခါတစ်ရံ တွင်လည်း မြေခွေး တစ်ကောင်ကဲ့သို့ ဉာဏ်နီဉာဏ်နက် များလွန်းပြန်သည်။ အထူးသဖြင့် တိတ်ဆိတ်သော နေရာမျိုးတွင် သူမကို ကြည့်လိုက်သည့်အခါ သူမ၏ အပြုအမူများမှာ တော်တော်လေး သိသာနေလိမ့်မည်။ သူမသည် ညှို့အားကောင်းပြီး ဆွဲဆောင်မှုရှိသော ပုံစံမျိုးနှင့် မွေးဖွားလာခဲ့သည်။ ထို့ကြောင့် သူမ၏ ဖမ်းစားမှုကို မခံရဖို့မှာ မဖြစ်နိုင်လှပေ။
ထို့အပြင် သူမသည် အလွန်ဆိုးသွမ်းသော အမျိုးသမီး တစ်ယောက်ဖြစ်သည်။ လူတစ်ယောက်ကို ဆွဲဆောင်ပြီးနောက်တွင် သူမသည် အချိန်တိုင်း အကျိုးအမြတ်ကိုသာ ရယူလိမ့်မည် ဖြစ်သည်။
လူတို့သည် ကြိမ်ဖန်များစွာ အကျိုးအမြတ်များကို ခံစားရပြီးသည့်အခါ သူတို့၏ ဦးနှောက်များသည် အမြဲလိုလို ဒိုပါမင်နှင့် အန်ဒိုဖင်းကဲ့သို့သော လူကို ပျော်ရွှင်စေသည့် ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးသည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်ယောက်ယောက်က အချိန်တိုအတွင်း ထိုခံစားချက် နှစ်ခုလုံးကို ခံစားခဲ့ရပါက သူတို့သည် စိတ်ရော ကိုယ်ပါ ကျေနပ်စေသည့် တစ်စုံတစ်ခုကို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုလိုလေ့ရှိကြသည်။
သို့သော် ရွှီယန်ယုလို အမျိုးသမီးတွင် ထိုဟော်မုန်း နှစ်ခုလုံးကို အသုံးပြုပြီး လူသားများကို ဆုလာဘ်အဖြစ် ပေးသည့် နေရာတွင် သေချာပေါက် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လှသည်။
ယောက်ျားတစ်ယောက်ကို ထိုဟော်မုန်းနှစ်ခုလုံး ထုတ်လွှတ်နိုင်အောင်နှင့် သူတို့၏ ဗီဇများ နိုးထလာအောင် ဘယ်လို လုပ်ရမလဲဆိုတာ သူမ ကောင်းကောင်းသိနေခဲ့သည်။ သူမသည် ဒိုပါမင် ဟော်မုန်းဓာတ်ကို ထုတ်ကောင်း ထုတ်နိုင်သော်လည်း အန်ဒိုဖင်း ဟော်မုန်းဓာတ်ကိုတော့ ဘယ်တော့မှ မထုတ်နိုင်ပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ သူမက ဒိုပါမင်နှင့် အန်ဒိုဖင်းဓာတ်ကို မင်းဆီက မြန်မြန်ပဲ ယူဆောင်သွားလိမ့်မည်။ ရလဒ်အနေနဲ့ မင်းက အမြဲတမ်း အရမ်းကို အထီးကျန်ပြီး ဘာမှမရှိတော့တဲ့ ခံစားချက်မျိုးတွေက မင်းရဲ့ အရိုးထဲထိ စိမ့်ဝင်သွားပြီး မင်းရဲ့ ကိုယ်ခန္ဓာ လုပ်ဆောင်မှုတွေ၊ အပူချိန်တွေ၊ နှလုံးခုန်နှုန်းတွေနဲ့ အသက်ရှူတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကတောင် သူမ မျှော်လင့်ထားသလိုပဲ ဖြစ်လာလိမ့်မည်။
အဲ့ဒါကြောင့် သူမရဲ့ လက်ခုပ်ထဲက ရေဖြစ်ဖို့ကတော့ လွယ်လွယ်လေးပင်။ သူမ ပြုလုပ်ထားတဲ့ ထောင်ချောက် လှလှလေးတွေထဲကို တဖြည်းဖြည်းနဲ့ တဆင့်ချင်းစီ နစ်ဝင်လာလိမ့်မည်။ တကယ်လို့ မင်းက အသိ သတိကပ်ပြီး နေရင်တောင် မင်းက သူဆွဲဆောင်တာကို ခံနေရတုန်းပဲ။ ပြီးတော့ အဲ့ဒါကို ကိစ္စတွေ အများကြီးမှာတောင် ရှောင်လို့မရပေ။
ထို့ကြောင့် အခြားသူများ၏ အသံနှလုံးကို ထိန်းချုပ်နိုင်သည့် ထိုကဲ့သို့သော မိန်းမများအတွက် ဆုတ်ခွာခြင်းကနေ ရရှိလာတဲ့ အလှတရားက သားကောင်အတွက် ထောင်ချောက်ထဲ နောက်တစ်ကြိမ် ပြုတ်ကျဖို့ ပိုပြီး လွယ်ကူသွားအောင် လုပ်ပေးရန် ရည်ရွယ်တာလည်း ဖြစ်ပါ့လိမ့်မည်။
မုချောင်ယွင်သည် သူ့ရဲ့ ဆင်ခြင်တုံတရားမှာ ကြောက်စရာကောင်းတယ်လို့ အမြဲတမ်း ခံစားခဲ့ရသည်။ ထိုအရာသည် အခြားအရာများတွင် တကယ် အကျိုးရှိကောင်း ရှိနိုင်လိမ့်မည်။ သို့သော် တစ်စုံတစ်ယောက်က အဲ့ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာကို သိလိုက်ရတဲ့အခါ သူက တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေပေမယ့် အဲ့ထဲကိုတော့ နစ်မြုပ်နေဆဲ ဖြစ်သည်။ သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ စိတ်ခံစားချက်တွေက အမြဲတမ်း အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲခံရမှာဖြစ်ပြီး သူက ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ပါ။ နောက်ဆုံးမှာ သူရတဲ့ ခံစားချက်က တကယ်ကို မေ့မရနိုင်တော့ပေ။
ထိုနည်းအကြောင်း ပြောရရင် ထိုကဲ့သို့ တူညီသော နည်းလမ်းများကို အရင်ကတည်းက စျေးဝယ်စင်တာများတွင် အသုံးပြုခဲ့ကြပြီး ဖြစ်သည်။
မုချောင်ယွင်သည် အမျိုးသမီးတစ်ယောက်၏ လက်ထဲရှိ ခွန်အားကို ခံစားမိခဲ့သည်။ သူသည် ရွှီယန်ယုလည်း ဒိုပါမင်နှင့် အန်ဒိုဖင်းတို့မှ ယူဆောင်လာသည့် ခံစားချက်မျိုးကို ခံစားသင့်ပြီး ထို့နောက်တွင် ဆုံးရှုံးရသည့် ခံစားချက်မျိုးသည် ပြင်းပြင်းထန်ထန် ပေါ်ထွက်လာကာ ခံစားကြည့်သင့်ဟု တွေးနေခဲ့တော့သည်။
ရွှီယန်ယုသည် ထိုလူ၏ တဖျပ်ဖျပ် ဖြစ်နေသည့် မျက်လုံးကိုကြည့်ကာ သူသည် ထိုအရာများကို မစွဲလမ်းဘဲ တစ်ခုခု အကြံထုတ်နေသည်ကို သူမ သိနေခဲ့သည်။
တူညီသောပုံစံများရှိကြသော သူများသည်သာ တစ်ယောက်ကို တစ်ယောက် အကောင်းဆုံး နားလည်ကြသည်ဟု ပြောနိုင်သည်။ အခြားသူ တွေးသည့်အရာကို မင်းလည်း တွေးနိုင်ပြီး မင်းတွေလိုက်သည့် အရာသည်လည်း တစ်ဖက်လူ၏ အတွေးများထဲမှ လွတ်မြောက်နိုင်ဟန် မရှိပါ။
သူမကို တစ်ဖက်လူက ဘာတွေးနေသည်ကို ပေးသိလိုက်လျှင် ထိုသူမှာ သားရေ ခါးပတ်ကြိုးတွင် အချည်ခံပြီး မြေပြင်ပေါ်သို့ သေသေသပ်သပ်လေး အပြစ်ချခံရမည် ဖြစ်သည်။
ရွှီယန်ယုသည် သူမ၏ တက်ကြွနေသော အပြုအမူများသည် ရုတ်တရက်ဆိုသလို လျှော့သွားကာ မုချောင်ယွင်အား အဝတ်များကို ပစ်ပေးကာ အဝတ်လဲခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ခဲ့သည်။ ထို့နောက်တွင် ညင်သာသော အသံလေးဖြင့် ညည်းညူခဲ့တော့သည်။
“ ကျွန်မ ပင်ပန်းသွားပြီ။ ရှင့်ဘာသာပဲ အဲ့ဒါတွေ ချွတ်လိုက်တော့။”
“…..”
မုချောင်ယွင်၏ စိတ်ထဲတွင် ပေါ်လာသော အတွေးများသည် ရုတ်တရက်ဆိုသလို လေထဲတွင် ပျောက်ကွယ်သွားကာ အနည်းငယ် တွေဝေသွားခဲ့သည်။ သူ့မိန်းမက တွေးတော့တစ်ခု လုပ်တော့ တစ်ခုဟု သူလည်း ခံစားမိခဲ့သည်။ ထို့ပြင် သူသည် တစ်ဖက်လူက ဘာတွေ တွေးနေလဲဆိုတာကို ဘယ်တုန်းကမှ မခန့်မှန်းနိုင်ခဲ့ပါ။
မုချောင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြ သူမကို ကြည့်လိုက်ကာ ဆုံးရှုံးရသည့် ခံစားချက်မျိုး ထပ်မံ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူသည် အကြောင်းပြချက်နှင့်အတူ မြန်မြန်ပဲ လက်ခံလိုက်ကာ ဘာစကားမှ မပြောဘဲ ရွှီယန်ယု၏ ခါးကို ညင်သာစွာ ဆိတ်လိုက်သည်။ ထို့နောက် သူမကို ကြည့်နေကာ သူ့၏ အမူအရာမှာလည်း လွန်စွာ ပြောရဆိုရ ခက်နေခဲ့သည်။ သူမက ထိုအဝတ်အစားများကို ရွေးထားခဲ့ပြီးပြီမှာ သိသာနေတယ်ဟု သူပြောနေသကဲ့သို့ တကယ်တမ်းတွင်လည်း သူမသည် ဒီအဝတ်အစားများကို သူမကိုယ်တိုင် ဝတ်ပေးချင်ခဲ့ခြင်း ဖြစ်သည်။ ရွှီယန်ယု၏ ဇွတ်တရွတ်နိုင်မှုများ ပေါ်ထွက်လာပြီး သူမရဲ့လက်နဲ့ပဲ ပစ်လိုက်တော့ကာ သူမသည် ဒါကို မလုပ်ဘူးဟု ပြောလျှင် တကယ်လည်း သူမ မလုပ်ပါ။ သူမသည်လည်း ဘယ်လိုမှ ခန့်မှန်းမရပါ။
သူမက လေးလေးနက်နက်ဖြင့် ပြောခဲ့သည်။ “ကျွန်မ အရမ်းကို ပင်ပန်းနေပြီ။ အဲ့ဒါကြောင့် လှုပ်တောင် မလှုပ်ချင်တော့ဘူး။”
တိုက်ရိုက် ထုတ်လွှင့်တဲ့ အခန်းထဲက သူတွေက ထိုအသံကို ကြားလိုက်ရသည်။ “အဲ့မှာ မင်းတို့ ဘာလုပ်ခဲ့ကြလို့လဲ။ မင်းက အရမ်း ပင်ပန်းနေတယ်ဆိုတော့ အဲ့ဒါက ကာယအလုပ်တွေ မလို့လား။”
[ မင်းတို့ တကယ်ပဲ ပင်ပန်းနေကြတာလား။ ဘာလုပ်လို့ ပင်ပန်းနေကြတာလဲ။ ငါ့ကို အသေးစိတ်လေး ပြောပြလို့ရလား။]
[ သူဌေးမု၊ မင်းရောပဲ။ မြန်မြန်လေး မင်းအဝတ်တွေ ချွတ်လိုက်ပါတော့။ ငါတို့ညီမရွှီက ဒီလို ပင်ပန်းတဲ့ အလုပ်တွေကို မလုပ်ချင်ဘူးလေ။ မင်းရဲ့ရင်ထဲမှာရော ညီမရွှီကို ဒီလိုအကြာကြီး စောင့်ခိုင်းထားချင်စိတ် ရှိလို့လား။]
မုချောင်ယွင်သည် မလှုပ်ဘဲ ရွှီယန်ယုနှင့်အတူ ရှေ့တိုး နောက်ဆုတ်မရသည့် အခြေနေတွင် ပိတ်မိနေခဲ့သည်။ သို့သော် ရွှီယန်ယုသည် ထိုအခြေနေမျိုးထဲတွင် သူနှင့်အတူ မပိတ်မိချင်ခဲ့ပါ။
ထို့နောက် သူမလုပ်ခဲ့သည့် လှုပ်ရှားမှုတစ်ခုက သူ့ကို တုန်လှုပ်စေခဲ့သည်။
သွယ်လျသော လက်တစ်စုံသည် ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ခါးကနေ ဘောင်းဘီထဲသို့ ဘာတုန်လှုပ်မှုမှ မရှိဘဲ ချက်ချင်းဆိုသလို ရောက်လာခဲ့သည်။ လက်၏ အပူချိန်မှာ အလွန်အေးကာ သူ့ခန္ဓာကိုယ် အပူချိန်ထက် သုံး လေး ဒီဂရီလောက် လျော့နေခဲ့သည်။ သို့သော် ထို အေးစက်နေသော အထိအတွေ့ကပဲ သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များ အားလုံးကို ထိန်းချုပ်ခဲ့သည်။
ရွှီယန်ယုသည် ကိုင်လို့ကောင်းသော သူ့ဝမ်းဗိုက်ရှိ ကြွက်သားများကို ထိတွေ့ခဲ့သည်။ သူ့အရေပြားသည် တင်းတင်းကြီးဖြစ်ကာ ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေခဲ့သည်။ သူသည် ကိုယ့်စည်းကမ်းနှင့်ကိုယ် နေတတ်လွန်းသူ ဖြစ်သည်။ ယခုခေတ်တွင် ထိုကဲ့သို့ ကိုယ့်ကိုကိုယ် ထိန်းနိုင်သည့် သူသည် များများစားစား မရှိတော့ပါ။
သူ့အသားက အရမ်းနွေးပြီး ပါးလွှာနေတာက အရည်ပြား အောက်မှာရှိတဲ့ သွေးကြောတွေက ဖြည်းဖြည်းချင်း သွေးစီးနေတာကိုတောင် သူမ ခံစားလို့ရသည်။ ဒါက အရမ်းကို စွဲမက်စရာကောင်းတဲ့ ခံစားချက်ပင်။ ထိုဟာက မသင့်တော်ဘူး ဆိုရင်တောင်မှ ခနလောက်တော့ ဒီလိုလေး တကယ် နေချင်သေးသည်။
ရွှီယန်ယုသည် အစတုန်းက မြန်နေသည့် မုချောင်ယွင်၏ နှလုံးခုန်နှုန်းမှာ လျင်မြန်စွာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်ကို ခံစားခဲ့ရသည်။ သူသည် တကယ်စိတ်ရှည်သည်ကို သူမ သိခဲ့ရသည်။ ထို့အပြင် ထိုလူသည် အသိတရားနှင့် သတိလွတ်မှုတို့ကြား ဗျာများနေခဲ့ရသည်။ ထိုအခိုက်အတန့်တွင် သူ့ကို အသိတရားကသာ လွှမ်းမိုးသွားခဲ့သည်။
မှင်ကဲ့သို့ နက်မှောင်သော မျက်ဝန်းများနှင့် သူမသည် ဒီလူက တကယ့်ကို ဆင်ခြင်တုံတရားရှိတဲ့ သူတစ်ယောက်ပဲဟု တွေးနေခဲ့သည်။ သူသည် ဘာရွေးချယ်မှုမှ မရှိဘဲနှင့် တမင်တကာ ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို တစ်ခုခုကို ဖြဲလိုက်တဲ့ အသံတစ်ခု ကြားလိုက်ရသည်။
ထိုအသံသည် အဝတ်များကို အပိုင်းပိုင်း ဖြဲလိုက်သည့်အသံနှင့် တူဟန်ရှိသည်။ ထိုအသံကို ကြားလိုက်ရသော တိုက်ရိုက် ထုတ်လွှင့်ခန်းထဲရှိ ပရိတ်သတ်များအား ကြက်သီးမွေးညင်းများ ထသွားအောင် ပြုလုပ်နိုင်ခဲ့သည်။
[ အဲ့ဒါက တကယ်ရော ဟုတ်ရဲ့လား။ အဝတ်တွေ အဖြဲခံလိုက်ရတာလေ။ အာ့၊ ဒါက တကယ်ကို ကြမ်းလှချည်လား။ ဘယ်သူ အဝတ်တွေကို ဖြဲလိုက်တာလဲ။ အဲ့ဒါက သေချာပေါက် အဝတ်တွေ ဖြဲပစ်လိုက်တဲ့ အသံပဲ။]
အဝတ်လဲခန်းထဲတွင် ရွှီယန်ယုက လက်စွပ်ရဲ့ အစွန်းလေးကို ညင်သာစွာ ထိလိုက်ပြီးနောက် မုချောင်ယွင်ရဲ့ ရှပ်အင်္ကျီကို တဖြည်းဖြည်း ဖြဲချလိုက်သည်။ အားထုတ်စရာ မလိုဘဲ မချွတ်ရသေးသော အင်္ကျီပေါ်တွင် ပြဲရာကြီးတစ်ခုကို သူမပြုလုပ်ခဲ့သည်။
တကယ်တမ်းတွင် အင်္ကျီချုပ်ထားသော အစမှာ အတော်လေး ကောင်းလှသည်။ သို့သော် ဘယ်လောက်ပဲ ကောင်းသော အထည်စ ဖြစ်နေပါစေ ချွန်ထက်သော အရာဝတ္ထုများဖြင့် ဖြတ်သည့် အခါတွင်တော့ ခံနိုင်မည် မဟုတ်ပါ။ ထပ်ပြောရရင်တော့ သူမသည် အင်္ကျီကို ရည်ရွယ်ချက်ရှိရှိ ဖြဲပစ်လိုက်ခြင်းဖြစ်ပြီး ထိုအရာသည် တခနလေးအတွင်း ဖြစ်သွားခဲ့သည်။
မုချောင်ယွင်၏ ရင်ဘက်ကြီးတစ်ခုလုံး ပေါ်သွားခဲ့သည်။ ထိုအချိန်တွင် ရွှီယန်ယုက သူ့ပုံစံကို လုံးဝ သတိမထားမိဘဲ သူမ၏ မျက်ဝန်းအိမ်များမှာ တော်တော်လေး ကျုံ့လျက်ရှိနေသည်။
ရွှီယန်ယုသည် သူမလိုချင်သည့် အရာကို ရရှိလိုက်သည့်အတွက် အတော်လေး စိတ်ကျေနပ်နေခဲ့သည်။ သို့သော် သူ့မ၏ အတွေးများက ထိုစိတ်လှုပ်ရှားမှုများသည် အစသာ ရှိသေးသည်ဟု ညွှန်းဆိုနေခဲ့သည်။
မင်း တကယ်ကြီး အဲ့လောက်တောင်ပဲ တည်ငြိမ်နေတာလား။
တကယ်ရော အသိတရား ရှိသေးရဲ့လား။
သူမမှာ မရှိဘူး ထင်တာပဲ။
ရွှီယန်ယုသည် မုချောင်ယွင်၏ ရင်ဘက်ကို မြန်မြန်နဲ့ ညင်သာစွာ နမ်းရှိုက်ခဲ့သည်။ နူးညံ့ပြီး နွေးထွေးတဲ့ ထိုအထိအတွေ့လေးသည် သူ့ရဲ့ခန္ဓာကိုယ် အပူချိန်ကို ချက်ချင်းဆိုသလိုပဲ မြင့်တက်သွားစေခဲ့သည်။ သူသည် ထိုအနမ်းလေးကြောင့် ရှိပြီးသား သူ့ရဲ့ အပူချိန်မှာ အရင်ကထက်တောင် ပိုပူလာတယ်လို့ ခံစားနိုင်ခဲ့သည်။
မုချောင်ယွင်၏ ရင်ခုန်သံမှာ ဘယ်လိုမှ ထိန်းမရဘဲ မြန်လာခဲ့တော့သည်။ ထိုကဲ့သို့ အလိုလျောက် တုန့်ပြန်မှုမျိုးသည် ထိန်းချုပ်ဖို့ရန် ခက်ခဲလှသည်။ တကယ်လို့များ သူ့မှာ လူတွေရဲ့ သဘာဝမျိုး မရှိခဲ့ပါက သူ့ကို ယောက်ျား တစ်ယောက်လို့တောင် သတ်မှတ်နိုင်ပါဦးမလား။
မင်းရဲ့ အသက်ရှူနှုန်းတွေက မြန်လာပြီဆိုရင် မင်းက မိနစ်တိုင်း စက္ကန့်တိုင်းမှာ အတော်လေး တက်ကြွနေတယ်လို့တောင် ခံစားရလိမ့်မည်။ မင်းကိုယ်မင်း ထိန်းချုပ်နိုင်စွမ်းကလည်း အချိန်မရွေး ဆုံးရှုံးသွားလိမ့်မည်ပင်။
သိပ်မကြာမီ ရွှီယန်ယု ပြုလုပ်လိုက်သော အပြုအမူကြောင့် သူလည်း လုံးဝ ရူးလောက်အောင် ဖြစ်သွားခဲ့သည်။ သူမရဲ့ စိုစွတ်ပြီး ပန်းရောင်သန်းနေသော လျှာလေးနှင့် သူရဲ့အသားကို တယုတယဖြင့် ကြည်စရာကောင်းအောင် ထိခဲ့သည်။ ထိုအရာမှာ ပေါက်ကွဲတော့မည့် စနက်တံဖြုတ်လိုက်သော အရာတစ်ခုနှင့် တူသည်။ သူ့ရဲ့ခေါင်းထဲမှာလည်း ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲထွက်သွားသည့်အလားပင် ဖြစ်နေတော့သည်။
သူ့ရဲ့အသားကို လျှာဖြင့်ထိလိုက်သောအခါ ခန္ဓာကိုယ်ရှိ ချွေးပေါက်လေးများမှာ တကယ်ကို ထုံကာ မရိုးမယွ ဖြစ်နေသည်ဟု ခံစားရအောင် ပြုလုပ်ပေးခဲ့သည်။ သို့သော် မုချောင်ယွင်၏ အထိမခံသော အာရုံကြောများမှာ စက်တစ်ခုကို စတင်နှိုးလိုက်သည်နှင့်တူကာ ချက်ချင်းဆိုသလို သူ့ဦးနှောက်ကို ထိန်းချုပ်ဖို့အတွက် လုံလောက်နေခဲ့သည်။ ထိုအရာမှာ ဆင်ခြင်တုံတရားပင် ဖြစ်ကာ အချိန်အတော်ကြာ သည်းခံပြီး ထိန်းသိမ်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် ထိုဆင်ခြင်နိုင်မှုမှာ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။
သူ့ရဲ့ တည်ငြိမ်ပြီး အလျှော့မပေးတတ်သည့် စိတ်မှာ ပျက်ဆီးသွားခဲ့သည်။ မုချောင်ယွင်သည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရွှီယန်ယုကို မာန်ပါပါ နမ်းရှိုက်ခဲ့တော့သည်။ မုချောင်ယွင်သည် သူမကို လုံးဝမလွှတ်ပေးချင်ဘဲ သူ့ရဲ့အလိုအတိုင်းပဲ လိုက်ချင်နေခဲ့သည်။ ထိုအမျိုးသမီးလေးကို သူက သင်ခန်းစာတစ်ခုခု ပေးတော့မည် ဖြစ်သည်။
ထိုအနမ်းကြောင့် ရွှီယန်ယုသည် မွန်းကြပ်လုနီးပါး ဖြစ်လာခဲ့သည်။ ရှိုက်သံလေးတစ်သံသည် မိုက်ခရိုဖုန်းထဲမှ ထွက်လာခဲ့သည်။ ထိုအသံသည် ကြောက်စရာကောင်းအောက် ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်၏ ပါးစပ်ထဲမှ ထွက်လာသော အားနည်းသည့် တိရိစ္ဆာန်လေးတစ်ကောင်၏ ကူကယ်ရာမဲ့ကာ သနားဖွယ်ကောင်းသည့် အသံလေးဖြစ်သည်။ ထိုအသံကို ကြားလိုက်ရသူများသည် သွေးများ ဆူပွက်လာကာ သူတို့ကိုယ်သူတို့လည်း ထိန်းမရတော့ပါ။ ထို့နောက် တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အသက်ရှူနှုန်းများသည်လည်း မြန်ဆန်လာခဲ့သည်။
[ အာ၊ ညီမရွှီက ဘာလို့ ဒီလို ညည်းသံမျိုးလေး လုပ်နေတာလဲ။ ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်ပြီလဲ။]
[ မစ္စတာမုကတော့ ဘယ်လိုမှ မထိန်းနိုင်ဘဲ ရူးသွားနိုင်တယ်နော်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ့နဂို ဗီဇတွေ ထွက်လာတော့မယ်ဆိုတာ ငါသိနေတယ်။]
[ ဒီလောက် ဆွဲဆောင်မှုရှိတဲ့ မိန်းမမျိုးနဲ့ တွေ့ရင် ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်အဖြစ်ကို မပြောင်းသွားဖို့က တကယ်ခက်ခဲတယ်လေကွာ။ သူက အဲ့ဒါကို တောင့်ခံနိုင်တယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုလွဲနေလား ဆိုတာတော့ ငါသိချင်မိတယ်။]
[ ဟားဟားဟား၊ မစ္စတာမုလို ချမ်းသာတဲ့ သူမျိုးက သူ့စိတ်သူ ကျန်းမာအောင် ဂရုစိုက်နိုင်ပါတယ်ကွာ။ ဟုတ်ပြီလား။]
ထိုအနမ်းလေးဟာ ဘယ်လောက်ကြာသွားမှန်း ဘယ်သူမှ မသိခဲ့ပါ။ သို့သော် ရွှီယန်ယုသည် သတိလေးကပ်ကာ သူ့ကို မြန်မြန်ပဲ တွန်းထုတ်ခဲ့သည်။ အဲ့လိုမှ မဟုတ်ရင် ထိုပွဲကို ဒီနေ့ ဆက်လုပ်နိုင်မည် မဟုတ်ပါ။
သေချာသည်မှာ မုချောင်ယွင်သည် ထိုရှပ်အပြဲကိုဝတ်ကာ သေချာပေါက် အပြင်ထွက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူသည် ထိုအရာကို ချွတ်မလား ဝတ်လား တစ်ခုခုလုပ်ရမည် ဖြစ်သည်။ နောက်ဆုံးမှာတော့ သူလည်း မောလာကာ အသိစိတ်လေးအချို့ ပြန်ကပ်လာခဲ့သည်။
ဒီတစ်ခေါက်လည်း သူ့ကိုယ်သူ ကောင်းကောင်း မထိန်းချုပ်နိုင်ပြန်ဘူး။ ထပ်ပြီး ဒီမိန်းမကို ထိန်းချုပ်ခွင့် ပေးလိုက်ရပြန်ပြီ။