အခန်း (၄၇)
Vol. 4 Ch. 47
သူတို့အတွဲ အဝတ်စားလဲပြီး အခန်းထဲမှ ပြန်ထွက်လာကြသောအခါ အင်တာနက် အသုံးပြုသူများ၏ မျက်လုံးများသည် X-rays များအတိုင်း သူတို့နှစ်ယောက်ကို သေသေချာချာနဲ့ စေ့စေ့စပ်စပ် ကြည့်နေခဲ့သည်။
သူတို့ကို အနီးကပ် သေချာကြည့်လည်း ကိစ္စမရှိပေမယ့်လည်း စဝင်သွားတုန်းကနဲ့ မတူတော့သည်ကို ချက်ချင်း သိနိုင်မည် ဖြစ်သည်။
ပထမဦးစွာ ဥက္ကဌမုက Luna စီးရီးရဲ့ ဝတ်စုံကို လဲလိုက်တာကနေ စပြောကြရအောင်။ ဒီဝတ်စုံရဲ့ ပုံစံက တကယ့်ကို တခမ်းတနားရှိကာ ဘယ်သူမဆို အဲ့ဒါကို ဝတ်လို့ရတယ်လို့တောင် ပြောနိုင်သည်။ အကြောင်းမှာ သွေးနီရောင်နှင့် အမဲရောင်တို့ရဲ့ ပေါင်းစပ်ထားတဲ့ ထိုဝတ်စုံမှာ တကယ့်မကောင်းဆိုးဝါးနှင့် အတော်လေး တူလှသည်။
ထိုအချိန်မှာပဲ မုချောင်ယွင်၏ နဂိုကတည်းက ဖြူပြီး လေးထောင့်ကျတဲ့ မျက်နှာမှာ ရှက်သွေးဖြာသွားခဲ့သည်။ ထိုပုံစံမှာ သူ့ရဲ့ပုံမှန် အေးတိအေးစက်ဖြစ်ကာ ရက်စက်တတ်သော မျက်ဝန်းများနှင့် လုံးဝ ကွာခြားသွားခဲ့သည်။ အခုဆိုရင် သူ၏ မဲနက်နေသော မျက်ဝန်းများတွင် ဘယ်လိုမှ ဖယ်ရှားလို့ မရတော့တဲ့ ဆန္ဒတစ်ခုနှင့် ကြင်နာယုယမှုတို့မှာ ရောယှက်လာခဲ့တော့သည်။
သူက သာမန်အချိန်မျိုးမှာတောင် အရမ်းခန့်ညားနေသော်လည်း သူက ကြင်နာတတ်တဲ့ အချိန်မျိုးမှာဆို ပိုလို့တောင် ခန်ညားနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကြင်နာယုယမှုများ အပြည့် ရှိနေသော မျက်ဝန်းများနှင့် မုချောင်ယွင်၏ ပုံစံမှာ အခန့်ညားဆုံးပင် ဖြစ်သည်။ ဒီလောက် ခန့်ညားပြီး လှပတဲ့ အမျိုးသားမျိုးကို ဘယ်သူကမှ မခုခံနိုင်ပေ။ သူ့ကို တစ်ခါကြည့်လိုက်ရုံဖြင့် လုံးဝ ချစ်မိသွားလိမ့်မည် ဖြစ်သည်။
စကားလုံး တစ်လုံးတည်းသာလျှင် - တပ်မက်မှု။
[ အာ၊ ဒီကမ္ဘာမှာ ဘာတွေ ဖြစ်ကုန်တာလဲ။ အဲ့ဒါက သူအခုမှ အိပ်ရာထဲက ထွက်လာတဲ့ပုံနဲ့။]
[ သူ့ကို တစ်ချက်လေးပဲ ကြည့်လိုက်ပြီးတာနဲ့ သူ့ကို ပြေးဖက်ချင်တဲ့ စိတ်ကို ဘယ်လိုမှ ထိန်းမရတော့ဘူး။ သူက အရမ်းကို ကြင်နာတတ်တာပဲ။ သူ့ရဲ့ အဖက်မလုပ်တတ်တဲ့ ပုံစံသာ မရှိတော့ရင် ဒီလောက် ခန့်ညားနေဦးမယ်လို့ ငါထင်တောင် မထင်ထားဘူး။]
[ သူ့ရဲ့ အေးတိအေးစက်နိုင်တာတွေ ရက်စက်တတ်တာတွေကို ခဝါချသွားပြီး နှစ်ပေါင်းများစွာရှိနေတဲ့ ရေခဲတုံးကြီးကို အရည်ပျော်သွားအောင် လုပ်ပေးနိုင်တာလည်း ရွှီယန်ယုပဲ ရှိတယ်။]
[ အဲ့ဒါက ဘယ်လိုဖြစ်လို့ ပျောက်သွားတာလဲဆိုတာ ငါတို့ကို အသေးစိတ်လေး ပြောပြပေးပါလား။ ဘာကိုများ အသုံးချလိုက်လို့ အဲ့ဒါက ပျောက်ကွယ်သွားတာလဲ။ ညီမရွှီရဲ့ နှုတ်ခမ်းနီတွေ မရှိတော့တာကို ငါမြင်လိုက်တယ်။ အဲ့ဒါ မစ္စတာမုက စားလိုက်လို့ မရှိတော့တာလား။]
[ အရင်က စခရင်ရှော့တွေနဲ့ ပြန်ပြီး ယှဥ်လိုက်ရင် သူမ စဝင်သွားတုန်းက နှုတ်ခမ်းနီတွေက ရှိသေးတယ်။ ဒါပေမယ့် အခုက မရှိတော့ဘူး။ ဒါက လျှပ်စီးလက်ပြီး မီးပွားတွေ ထွက်လာသလိုပဲ။ ရုတ်တရက် အမှတ်မထင် သေနတ် ပစ်ချလိုက်သလိုပဲလေ။]
[ အဲ့ကိစ္စကို ဖြေရှင်းရရင် အဖြေက - အဲ့ဒါတွေကို သူ့ပါးစပ်နဲ့ ဖယ်လိုက်တာလေ။]
ရွှီယန်ယုရဲ့ပုံစံက အရမ်း မတည်ငြိမ်နေတာကို မြင်နိုင်တာပဲ။ ဒါပေမယ့် သူမမျက်နှာပေါ်က အပြုံးကတော့ တည်ငြိမ်နေဆဲပင်။ အဲ့ဒါက သူမတို့ တကယ့် ကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်းကို ပြောပြနေတာဖြစ်သည်။ ဒါပေမယ့် ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူမက တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးကို မြင်ခွင့် ပေးနေတာ။
သူမရဲ့ ရည်ရွယ်ချက်မှာ ပရိတ်သတ်တွေရဲ့ အာရုံကို ဝတ်စုံပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆွဲယူလိုခြင်း ဖြစ်သည်။ သူ့ရဲ့သွယ်လျပြီး တောင့်တောင့် ဖြောင့်ဖြောင့်ရှိတဲ့ ပုံစံမှာ DID Luna စီးရီးဝတ်စုံနှင့် လိုက်ဖက်ပြီး တကယ်ကို သင့်တော်သည်။ ထိုဝတ်စုံ၏ ဒီဇိုင်းကို ထပ်ပြီး တွေးကြည့်မယ်ဆိုရင် အားထုတ်မှုနှင့် ထိုက်တန်ခဲ့သည်။ ပွဲပြီးသည့်အခါ ထိုအရာသည် ရေပန်းစားမည့် အရာတစ်ခု ဖြစ်လာမည်မှာ သေချာပေါက် စိတ်ကူးယဥ်မှု တစ်ခု မဟုတ်ပါ။
ရွှီယုန်ယု၏ အကြံဉာဏ်မှာ မှန်ကန်ခဲ့သည်။ မုချောင်ယွင်၏ စိတ်မှာ အတော်လေးကို ထူးခြားသည်။ ထိုအချိန်တွင် သူ၏ အေးတိအေးစက် ခံစားချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပိုပြီး နီးစပ်လာသလို ခံစားခဲ့ရသည်။ သူ့ကို ပထမဆုံး ကြည့်လိုက်သည့်အခါမှာ လူတွေက သဘောကျသွားအောင် ပြုလုပ်နိုင်သည့် ပင်ကိုစရိုက်တစ်ခု သူ့မှာ ရှိနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသည့်နောက်တွင် ရွှီယန်ယုသည် လျိုယွိဆီမှ တင်ပြချက်တစ်ခု ရရှိခဲ့သည်။ ထိုအရာမှာ အွန်လိုင်းပေါ်တွင် God's Prophecy က မှာယူမှုအသစ်များစွာ ရရှိခဲ့သည့်အကြောင်း ဖြစ်သည်။ ထိုမှာယူမှု အားလုံးတို့မှာ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် သူတို့နှစ်ယောက် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ ဖြစ်သည်။
မုချောင်ယွင် ဝတ်ဆင်ထားသော ဝတ်စုံမှာ ယွမ် ၂၁၀,၀၀၀ တန်ကြေးရှိပြီး သူမ၏ ဝတ်စုံမှာ ယွမ် ၁၆၀,၀၀၀ လောက်သာ ဖြစ်သည်။ ထိုစျေးနှုန်းသည် ဇိမ်ခံဝတ်စုံ၏ စျေးနှုန်းများထဲတွင် သေချာပေါက် ပထမတန်းထဲ၌ ရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ဝတ်စုံများကို စိန်ဆိုင်ထဲတွင် ခင်းကျင်း ပြသထားပြီး ထိုဝတ်စုံကို ဝတ်ဆင်သော သူများသည် တန်ဖိုး မဖြတ်နိုင်ကြသူများ ဖြစ်သည်။ လူကြိုက်များသော အတွဲ၏ သက်ရောက်မှုကြောင့် ထိုဝတ်စုံသည် အင်တာနက်ပေါ်တွင် လူကြိုက်များသော ရှာဖွေမှုတစ်ခု ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ ထိုအရာသည် သေချာပေါက်ကို လွတ်လပ်ပြီး အားစိုက်ထုတ်စရာ မလိုသည့် စျေးကွက်စီးပွားရေးတစ်ခု ဖြစ်သည်။
[ ညီမရွှီက တကယ်ကို အံ့သြစရာပဲ။ သူတို့က တစ်ညထဲနဲ့ အထည် တစ်သောင်းကျော်လောက် ရောင်းထွက်သွားခဲ့တာပဲ။ ဒီလောက် ချမ်းသာတဲ့သူတွေ အများကြီး ရှိနေမယ်လို့ ထင်တောင် မထင်ထားဘူး။]
[ အဓိကကတော့ကွာ ဒီအတွဲက တော်တော်လေးကို ကောင်းအောင် ဝတ်ပြထားတော့ လူတွေကို မဆွဲဆောင်နိုင်ဖို့က ခက်တာပေါ့ကွာ။ မင်း နိုင်ငံတကာက အပတ်စဥ် သတင်းတင်ဆင်တဲ့ဟာကို မကြည့်ဖူးဘူးလား။ မနေ့က live မှာတင်ပဲ အဲ့အကြောင်းကို ပြောသွားတာက ခြောက်မျက်နှာလောက်ရှိတယ်။ အဲ့ဒါတောင်မှ ရေပန်းမစားဘူးဆိုရင်တော့ အထူးအဆန်းတွေ ဖြစ်နေမှာပေါ့။]
[ ရွှီရဲ့ပုံစံက အခုဆို တော်တော်လေး လူကြိုက်များနေပြီ။ ဘာပဲဖြစ်ဖြစ် ရွှီယန်ယု ဝတ်ထားတဲ့ဟာက နောက် နှစ်ရက်လောက်နေရင် ရောင်းကုန်သွားလိမ့်မယ်။ နောက်ဆုံး တစ်ခေါက်တုန်းက ဘရန်းတောင်မသိတဲ့ ကလစ်လေး တစ်ခုကတောင် အချိန်တိုအတွင်းပဲ ရောင်းကုန်သွားတာလေ။ အဲ့ဒါ ဘယ်လောက် လူကြိုက်များလဲ ဆိုတာကိုတော့ ပြောမနေနဲ့တော့။]
[ အခုဆို ညီမရွှီက trend တွေကို အစဖော်တဲ့ လူတစ်ယောက်ပဲ။ လူတိုင်းက သူမရဲ့ပုံစံကိုပဲ အတုယူနေကြတာ။ ဒါ့အပြင် အင်တာနက်ပေါ်က လူကြိုက်များတဲ့သူတွေရော မီဒီယာပေါ်က blogger တွေကရော သူမရဲ့စတိုင်ကနေ ဘယ်လို ဆွဲဆောင်မှုရှိအောင် လုပ်ရမလဲဆိုတာကို အကုန်လုံးက သိနေကြပြီ။ အဲ့တော့ သူမအောင်မြင်ဘူးဆိုတာက ဘယ်ဖြစ်နိုင်ပါ့လဲ။]
[ အပေါ်ကတစ်ယောက် ပြောသွားတာက မှန်တယ်နော်။ သူတို့အတွဲ မနေ့ကဝတ်တဲ့ ဝတ်စုံတွေကို ငါသွားကြည့်ပြီးပြီ။ အဲ့ဒါတွေက အကုန် ရောင်းထွက်သွားပြီတဲ့။ သူတို့က ဒေါ်လာတွေကို ရာနဲ့ ထောင်နဲ့ချီပြီးကို အကုန်ကျခံသွားတာ။ အဲ့ဝတ်စုံတွေက ကားတစ်စီးစာလောက်ကို ရှိတာ။ အဲ့ဒါကြီးက တကယ်ကို လူကြိုက်များနေတဲ့ ပုံပါပဲကွာ။]
တကယ်တော့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသည့်နောက်တွင် မုချောင်ယွင်နှင့် ရွှီယန်ယုတို့ စုံတွဲသည် မဂ္ဂဇင်းတစ်ခုတွင် နှစ်ယောက်တွဲကာ နောက်ထပ် ကြေညာမှုတစ်ခုရိုက်ဖို့်တွက် အပြေးအလွှားဖြစ်ခဲ့ကြသည်။
အကြိမ်များစွာ သူတို့နှစ်ယောက်၏ စီးပွားရေး စျေးကွက်သည် တစ်ယောက်သော သူထက်ကို သိသိသာသာ ပိုကြီးမား လာခဲ့သည်။ ရေပန်းစားမှုနှင့် ဆွေးနွေးမှုများကြောင့် ရည်ရွယ်ထားသော ဝယ်ယူသူများကို ဆွဲဆောင်နိုင်ပြီး တွေးထားသည်ထက်ကို ပိုမို အောင်မြင်လာခဲ့သည်။
မုချောင်ယွင်သည် စီးပွားရေး လောကတွင် အတော်လေး အောင်မြင်နေသူ ဖြစ်သည်။ သို့သော် အကြိမ်တိုင်းတော့ အဆင်ပြေ ချောမွေ့နေခဲ့ခြင်းတော့ မဟုတ်ပေ။ ထိုလမ်းကြောင်း၏ အချို့ နေရာများသည် အရမ်း မသာယာဘူးဟုတောင် ပြောနိုင်သည်။ အခုဆို အခြားအပိုင်းသည် သူတွေးထားသည်ထက် ပိုမို အကျိုးအမြတ်ရနေသည်ဟု သူခံစားခဲ့ရသည်။ အလွန် တော်သော လက်တွဲဖော်နှင့်အတူ သူတို့အတွဲသည် ၁ နှင့် ၁ ပေါင်းလိုက်သည့်အခါ ၃ ထက်ပိုကြီးသော ဝင်ငွေနှင့် အောင်မြင်မှုမျိုးကို သေချာပေါက် ရယူနိုင်မည် ဖြစ်သည်။
များများ မြှပ်နှံလေ များများ ပြန်ရလေ ဖြစ်သည်။ ရွှီယန်ယုသည် စျေးအကြီးဆုံး အဆောက်အဦးအဖြစ်* Diandshop ဂရင်းနစ်ဆုကို ရှရှိခဲ့သည်။ ထိုဆုရသည့် မှတ်တမ်းရှိ စိန်အများစုကို လက်ဝတ်ရတနာများနှင့် လက်မှုပစ္စည်းများတွင် အသုံးပြုခဲ့သည်။
* တင်စားတာပါ
ထပ်ပြောရရင် နိုင်ငံတကာ လက်မှုပညာဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်သည့် ဖိတ်ကြားလွှာကိုလည်း ရရှိခဲ့သည်။ ထိုအရာအားလုံးသည် ဘာမှမရှိသော အောင်မြင်မှုတစ်ခုအား တိုးချဲ့ခြင်းများပင် ဖြစ်သည်။ အကျိုးတူ ပူပေါင်း လုပ်ဆောင်သည့် ရလဒ်အနေဖြင့် ပိုများသည့် အကျိုးအမြတ်များ၊ ပိုက်ဆံများကို ရရှိနိုင်ခဲ့သည်။ ထို့ပြင်ညတစ်ချိန်တည်းမှာပဲ သူ့ရဲ့ အောင်မြင်မှုမှာ တစ်ဟုန်ထိုး မြင့်တက်လာလိမ့်မည်။ ယခုအချိန်နွင် ထိုအတွဲသည် အဖွဲ့အစည်းတစ်ခု၏ စိတ်ဝင်စားမှုကို ခံရလိမ့်မည်ဟုသည့် အတွေးမျိုး ဘယ်သူမှာမှ မရှိခဲ့ပါ။
အစပိုင်းတွင် မုချောင်ယွင်လည်း ထိုကဲ့သို့သော အတွေးမျိုးကို မတွေးခဲ့သော်လည်း ရွှီယန်ယု၏ အောင်မြင်မှုနှုန်းသည် ပိုပြီး မြန်ဆန်လာပြီး သူ့ထက်တောင် ပိုမြန်လာခဲ့သည်ကို ဝန်ခံရမည် ဖြစ်သည်။
အဝတ်လဲခန်းထဲတွင် “လက်ထပ်တာက အရင်၊ အချစ်က နောက်မှ” ရသစုံရှိုး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အခြားဧည့်သည်များ၏ အခြေနေများမှာလည်း စိတ်ဝင်စားဖို့ ကောင်းလှသည်။ သို့သော် သူတို့အများစုသည် ရိုးရှင်းသော အဝတ်များကိုသာ ပြောင်းလဲ ဝတ်ဆင်ခဲ့ကြသည်။
ကျန်းချင်ယွင်သည် ရှန်ဖန့်ရဲ့ဝတ်စုံအတွက် သူမ၏ ဒီဇိုင်နာများထဲမှ တစ်ယောက်နှင့် ဆွေးနွေးခဲ့သည်။ တိုက်ရိုက် ထုတ်လွှင့်မှုတွင် သူတို့နှစ်ယောက်သည် ရုပ်ရှင်လက်မှတ် ရောင်းသည့်ကိစ္စနှင့်ပတ်သတ်၍ မကောင်းသော မှတ်ချက်အချို့ ရှိခဲ့သည်။ သူတို့နှစ်ယောက်သည် တိတ်တဆိတ်နေကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေကြသည်။ သူတို့သည် ထိုကိစ္စကို မြန်နိုင်သမျှ မြန်အောင် ပျောက်သွားချင်ပြီ ဖြစ်သည်။
' ဒီတစ်ကြိမ်မှာလည်း live ထဲမှာရှိတဲ့ မိနစ်တိုင်းကလည်း တိုက်ရိုက်ပြသနေခဲ့တာပဲလေ။ သူမ ဘာအောင်မြင်မှုမှ မရခဲ့ပေမယ့် အဆုံးသတ်မှာက သိက္ခာကျခဲ့ရတာပဲ ရှိတယ်။ အဲ့ဒါကို ပြန်တွေးလိုက်ရင် အဲ့ဒါတွေက သူမနဲ့မထိုက်တန်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ သူမ အံကြိတ်ပြီး live ကို ဆက်လုပ်ခဲ့ရတယ်။ ရွှီယန်ယုရဲ့ live မှာက ပိုက်ဆံတွေ အများကြီးရတာ၊ အောင်မြင်မှု၊ ချမ်းသာမှုတွေ အများကြီးရတာတွေကို မြင်ခဲ့ရတယ်။ အပတ်စဉ် သတင်းတင်ဆက်တဲ့ မီဒီယာတွေ အများကြီးကလည်း ရူးလောက်အောင်ကို သတင်းတွေ တင်နေခဲ့ကြတယ်။ များစွာသော ရေပန်းစားတဲ့ ရှာဖွေမှုတွေမှာနဲ့ သူတို့ ချစ်နေတာကို မြင်ခဲ့တဲ့ အင်တာနက် အသုံးပြုတဲ့သူတွေကလည်း တော်တော်လေး ကျေနပ်နေကြတယ်။ အဲ့တော့ ကောင်းတဲ့ အရာတွေ အကုန်လုံးကို သူမ ရသွားပြီဆိုတာပဲလေ။ '
ကျန်းချင်ယွင်သည် ဒါကိုလက်ခံဖို့အတွက် တကယ်ကို ဆန္ဒမရှိခဲ့ပါ။
ကျန်းချင်ယွင်နှင့် ရွှီယန်ယုတို့ နှစ်ယောက်တွဲ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံသည် မြို့ A မှာရှိတဲ့ Provence Fashion Plaza က စခရင် အကြီးကြီးပေါ်မှာ ကြေညာခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ ထက်မြက်လှတဲ့ မျက်နှာ အသွင်အပြင်တွေ၊ ချောမောလှပမှုတွေ၊ ဖက်ရှင်အမြင် ရှိပုံတွေနှင့် ပင်ကိုစရိုက်တွေကိုက ဖြတ်သွားတဲ့သူများကို ဓာတ်ပုံရိုက်ဖို့ ကြည့်သွားဖို့ဆွဲဆောင်ခဲ့သည်မှာ ရူးလောက်အောင်ပင် ဖြစ်သည်။
အတွဲတစ်တွဲက အရမ်းကောင်းတဲ့ CP ခံစားချက်တစ်ခု ရှိတဲ့အခါမှာ သူတို့တွေက ဒီလို စရိုက်မျိုးနှင့် မွေးဖွားလာကြလိမ့်မည် ဖြစ်သည်။ သူတို့ထဲက တစ်ယောက်က အေးတိအေးစက်နှင့် အပျော်အပါး မလိုက်စားတဲ့ အချိန်မှာ တစ်ယောက်က ဆွဲဆောင်မှုရှိပြီး မက်မောစရာ ကောင်းနေလိမ့်မည်။ ဒါမှသူတို့က လိုက်ဖက်တဲ့ စုံတွဲတွေအဖြစ် မွေးဖွားလာတာမျိုး ဖြစ်သည်။
လူနှစ်ယောက်ရဲ့ပုံစံကို မသိဘူးဆိုရင်တောင်မှ သူတို့နှစ်ယောက်က ကံတရားက သတ်မှတ်ထားတဲ့ စုံတွဲတွေဆိုတာကို မြင်လိုက်ရုံဖြင့် ဘယ်သူမဆို ခံစားမိကြလိမ့်မည်။ ကွဲပြားတဲ့ လိင်နှစ်မျိုး၏ အကြားမှာရှိတဲ့ တင်းမာမှုတွေက လွှမ်းမိုးသွားပြီး ကံကြမ္မာက သတ်မှတ်ထားတာကို ပုံတွေချည်းပဲ သပ်သပ်နဲ့တောင် မြင်နိုင်လိမ့်မည်။ တကယ့်လူတွေသာ သူတို့အရှေ့မှာ ရပ်နေကြမယ်ဆိုရင် သူတို့ဖန်တီးထားတဲ့ အခြေနေအတွေကြောင့် အားလုံးက သေချာပေါက်ကို အလန့်တကြား ထအော်ကြလိမ့်မည် ဖြစ်သည်။
ဒီမတိုင်ခင်က ရွှီယန်ယု အလှဆုံး မျက်နှာ ပိုင်ရှင်ဆုကို ရရှိခဲ့သည်ကို လျိုယွိက သူမအား ပြောပြခဲ့သည်။ အကြောင်းမှာ သူတို့ရဲ့ ဖက်ရှင် မဂ္ဂဇင်းက အရမ်းကို ကြီးကြီးကျယ်ကျယ် ဖြစ်နေခဲ့ပြီး သူတို့က SOSO ရဲ့ နှစ်စဥ် ကျင်းပတဲ့ ပွဲတွင် အာရှမှာ လူကြိုက်အများဆုံးနှင့် အကောင်းဆုံး အတွဲဆုကိုလည်း ရရှိခဲ့ကြသည်။
SOSO သည် အာရှတွင် အကြီးဆုံး ဗီဒီယိုအတိုလေးတွေတင်သည့် လူမှုကွန်ရက် software တစ်ခု ဖြစ်သည်။ တကယ်တော့ သူတို့က အတွဲတွေရဲ့ အကောင့်ကနေ လာရောက် ပါဝင်ဖို့အတွက် ဖိတ်ကြားချင်ခဲ့သည်။
အကြောင်းမှာ သူတို့ရဲ့ ဗီဒိီယိုများသည် သူတို့ဘာသာကို အရမ်း ကျော်ကြားနေခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒါ့အပြင် ထိုဆုသည် အရင်ကပေးခဲ့တဲ့ အလှဆုံး မျက်နှာပိုင်ရှင်ဆုနှင့် ကွဲပြားမှုရှိသည်။ ဒီဆုက ပိုခမ်းနားပြီးတော့ ဆုပေးပွဲ အခမ်းအနားလည်း ရှိသည်။
လူမှုကွန်ယက်ပေါ်မှာ အောင်မြင် ကျော်ကြားဖို့သည် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပြီး ထိုအရာက သူတို့ရဲ့ ဘရန်းကို အားကောင်းလာစေမည် ဖြစ်သည်။ မုချောင်ယွင်အတွက်ကတော့ သူတို့သည်လည်း လူစိတ်ဝင်စားတဲ့ အဖွဲ့အစည်း တစ်ခုပဲဖြစ်ပြီး သူ့ဆီကို ချဥ်းကပ်လာသည့် သူတို့ပုံ ပုံစံမျိုးနှင့် အလားသဏ္ဍာန် တူသည်။
ရွှီယန်ယုသည် ပြတ်သားစွာဖြင့် သဘောတူလိုက်ကာ ဖုန်းကို ကောက်ကိုင်ပြီး ရွေးစရာတစ်ခုကိုနှိပ်ကာ ပို့လိုက်သည်မှာ “မု” ဖြစ်သည်။
ဘာမှမဟုတ်ပဲ link တစ်ခုသာ ပို့လိုက်ခြင်း ဖြစ်သည်။
မုချောင်ယွင်သည် ဘာမှ ပြန်စာမှ မပို့ခဲ့ပေ။ သို့သော် software ပေါ်ရှိ သူနှင့်ရင်းနှီးသည့် ဘောင်တစ်ခု လင်းလာသည်ကို မြင်လိုက်ရသောအခါ သူ့ရဲ့စိတ်ထဲမှာတော့ ပျော်ရွှင်သွားခဲ့သည်။
သူတို့နှစ်ယောက်ကြားရှိ စကားပြောထားသည့် မှတ်တမ်းမှာ ဗလာနတ္ထိဖြစ်နေသည်ကို တွေ့မြင်နိုင်လိမ့်မည်။ အကြောင်းမှာ သူတို့သည် အရင်က software ပေါ်တွင် အဆက်အသွယ် မရှိခဲ့ကြပေ။ အခုအခါတွင်လည်း ဘာမှမရှိသည့် software ပေါ်တွင် စာလေးတစ်စောင်သာ ရှိနေသည်။ ထိုစာမှာလည်း တစ်ဖက်လူက စပြီး ပို့လိုက်ခြင်း ဖြစ်သည်။
'သူ တစ်ခုခုနဲ့ အဖြည့်ခံလိုက်ရပြီ ထင်တယ်။ ပြီးတော့ အဲ့စာကို ကြည့်လိုက်ရုံနဲ့ အရမ်း အဆင်ပြေသွားတယ်လို့ ခံစားမိရတယ်။'
လင်အန်းသည် ဘေးနားတွင် လွန်စွာ တိတ်ဆိတ်နေခဲ့သည်။ သူ့သူဌေး၏ ဖုန်းကို လုံးဝ မကြည့်လိုက်သည်ကို ကျိန်ပြောရဲသည်။ ထို့ပြင် အဲ့ဒါကိုလည်း မကြည့်ရဲသည်မှာ အသေအချာပင် ဖြစ်သည်။ သို့သော် သူ့သူဌေးကိုယ်တိုင်ကပင် စခရင်ကို စိုက်ကြည့်နေခဲ့ပြီး ဖြစ်သည်။ ဒီလိုပုံစံမျိုးနဲ့ နေရတာက မပင်ပန်းဘူးလားလို့ သူ မေးချင်မိသည်။ ဒီကမ္ဘာပေါ်က ဘယ်အရာကများ သူ့ကို ဒီလောက် အာရုံစိုက်အောင် လုပ်နိုင်ခဲ့တာလဲ။
အကြောင်းမှာ ဟိုင်ယု အလယ်တန်းကျောင်းမှ အဓိကပြောင်းလဲသွားသည့် ကိစ္စကြောင့် ဖြစ်သည်။ နဂို မိဘဆရာ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းခဲ့ပြီ ဖြစ်သော်လည်း ထိုကဲ့သို့သော ပွဲမျိုးသည် ကျင်းကို ကျင်းပရမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုကျောင်းသည် ယခုအခါတွင် မုရှောင်၏ လက်အောင်တွင် ရှိနေပြီဖြစ်ပြီး အတိတ်မှာ လုပ်နေကြဖြစ်တဲ့ မိဘ ဆရာ တွေ့ဆုံပွဲကို မလုပ်ချင်ဘူးဟု ပြောခဲ့သည်။
ဘာလို့ဆို အဲ့ဒါက သူ့ရဲ့ အဆင်မပြေခဲ့တဲ့ အရာတွေကို ပြန်ပြီး သတိပေးနေသလိုပဲ။ ဒါပေမယ့် အဲ့ပွဲက ကျင်းကို ကျင်းပရမှာ။ အဲ့တော့ ဒီကိစ္စကိုတွေးပြီး သူ့ရဲ့နည်းလမ်းကို ပြောင်းလဲဖို့အတွက် ဆုံးဖြတ်ခဲ့သည်။