အခန်း (၅၅)
Vol. 5 Ch. 55
ညဘက်တွင် ရွှီယန်ယုက အိပ်ရာထဲလှဲရင်း သူမဖုန်းထဲရှိ အကြောင်းအရာများကို ကြည့်လိုက်သောအခါ မတည်မြဲသော ဘဝများကြောင့် သူမ သက်ပြင်းချခဲ့သည်။ ကျန်းချင်ယွင်က သူမ၏ ထောင်ချောက်ထဲတွင် သူမကိုယ်တိုင် ပိတ်မိနေခဲ့သည်။ တကယ်တော့ ဟိုးအရင်ကတည်းက သူမသည် လမ်းမှား ရောက်နေခဲ့တာကြောင့် နောက်ပိုင်းတွင် သူမသည် ပြဿနာများနှင့် ကြုံလာရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေကာမူ ဒီတစ်ခေါက်တွင် အရေးကြီးသည့် ကိစ္စကို မုချောင်ယွင်က သူမအတွက် ဖြေရှင်းပေးလိုက်သည်မှာ အရမ်းကို ရင်ထဲ ထိသွားခဲ့သည်။
တစ်ဖက်လူကို သေချာပေါက် ကျေးဇူးတင်ဖို့အတွက် သူမ ဆုံးဖြတ်ခဲ့သည်။
တစ်ခါတစ်ရံ အရာအားလုံးကို တုံ့ပြန်ဖို့ မလိုအပ်သော်လည်း တစ်စုံတစ်ယောက်အပေါ်ကို ကောင်းပြချင်ပါက ထိုအရာကို သူ့ကို မြင်အောင် ပြသရမည် ဖြစ်သည်။
နောက်နေ့ မနက်အစောပိုင်းတွင် ရွှီယန်ယုက Weibo ပေါ်တွင် ပို့စ်တစ်ခု တင်ခဲ့သည်။
“ ကျွန်မအခန်းကို လာခဲ့ပါဦး။”
ဘယ်သူ့ကိုမှ အတူတွဲ မတင်ထားသော်လည်း အင်တာနက် အသုံးပြုသူများက ထိုပို့စ်ကို မြင်ပြီးတဲ့နောက် မထိန်းနိုင်ဘဲ ရယ်မိခဲ့ကြသည်။ တကယ်လို့ အဲ့လူကို သူတို့သာ မြင်မယ်ဆိုရင် ညီမရွှီက ဘယ်သူ့ကို ခေါ်နေလဲဆိုတာကို သူတို့ သိလိမ့်မည်ဟု ခံစားမိခဲ့ကြသည်။
[ အခုဆို ညီမရွှီက မြှူစွယ်တဲ့ နေရာမှာ တော်တော်ကို ကျွမ်းနေပြီပဲ။]
[ တစ်ဖက်လူက ထောင်ချောက်ထဲ ဝင်လာတဲ့ထိ စောင့်ပါဦး။]
[ အတွဲတွေက လူမှုကွန်ယက်တွေကို သူတို့ရဲ့ သူငယ်ချင်းတွေလို သုံးနေတာကိုတော့ သဘောကျမိသား။]
[ မစ္စတာမုက မီဒီယာတွေကို ဝယ်လိုက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ပေါ်လာပြီပဲလေ။ သူက အင်တာနက် အသုံးပြုတဲ့သူတွေကို အပြင်လူတွေလို မဆက်ဆံချင်လို့လေ၊ ဟုတ်တယ်မလား။ သူက အင်တာနက်ကြီးကို သူ့အိမ်လို သဘောထားနေတာမလား။ အဲ့လိုဆိုရင်တော့ မင်းတို့ ချစ်နေကြတာတွေကို ငါတို့ကို ပြလို့ရလား။]
[ အရင်က လူတွေရဲ့အမြင်တွေနဲ့ ခြိမ်းခြောက်တာတွေ စဖြစ်တော့ ဥက္ကဌမုက အရင်ဆုံး တုံ့ပြန်ခဲ့တာ သူပဲ။ တကယ် လူတွေရဲ့ ရင်ထဲကို ထိသွားတာပဲကွာ။ ဥက္ကဌမုရဲ့ ရိုးသားမှုတွေကြောင့် ညီမရွှီ အံ့ဩသွားမလားဆိုတာကို ငါသိချင်မိတယ်။]
[ တကယ်တော့ ရွှီယန်ယုကို တိုက်ခိုက်နေတဲ့ ကောမန့်တွေကို ကြည့်လိုက်ရင် သူတို့အများစုက ဟိုရောက် ဒီရောက် ပြောနေတာကြီးပဲ။ လူတွေ အများကြီးက အဲ့အချက်တွေကို ဂရုမစိုက်ကြပါဘူးကွာ။ ဒါပေမယ့်လည်း အတည်မပြုရသေးတဲ့ အကြောင်းတွေ ရှိနေတယ်။ အဲ့အကြောင်းတွေကို အသုံးချပြီး သူမကို နာကျင်အောင် တိုက်ခိုက်ဖို့အတွက် သုံးလိုက်ကြစမ်းပါ။]
[ အဲ့တော့ အင်တာနက်ပေါ်မှာ ပျံ့နေတဲ့ ကောလဟာလတွေက တစ်ပြားမှ ပေးစရာမလိုဘူး။ မုချောင်ယွင်နဲ့ ရွှီယန်ယုက အဲ့ဒါကို ကောင်းကောင်းသိပြီးတော့ လူတိုင်းကို ပြောပြနိုင်စွမ်း ရှိတယ်။ ပြီးတော့ ဒီကိစ္စက ငွေကုန်ကြေးကျလည်း များတယ်။ ဒီလိုနည်းက သူတို့ကို မကောင်းပြောနေတဲ့ သူတွေက ကောလဟာလ သတင်းတွေ လိုက်ဖြန့်မိတဲ့ အကျိုးဆက်ကို ကြောက်သွားကြမယ်။ သူတို့ရဲ့ အပြုအမူတွေကို ဘာလို့ မကျေနပ်ရလဲဆိုတဲ့ အကြောင်းပြချက်ကတော့ ဒါကြီး တစ်ခုလုံးပဲ။ ဘာလို့လဲဆို ဒီ ပြန်တိုက်ခိုက်လိုက်တာက တံခါးမရှိ ဓားမရှိ ပြောနေတဲ့ သူတို့တွေကို တကယ် တားလိုက်တာပဲ။]
[ ရွှီယန်ယုကို မကောင်းသတင်းတွေဖြန့်၊ ဆဲဆိုပြီး လိုင်းပေါ်ကနေ ခြိမ်းခြောက်နေတဲ့ သူတို့တွေနဲ့ ယှဥ်လိုက်ရင်တော့ သူတို့က ပိုပြီးတော့တောင် သူတော်ကောင်းလို ဟန်ဆောင်နေကြတာ။ အကြောင်းကကွာ သူတို့က အခြားသူတွေကို သွားမပြောချင်သလို လာပြီး မကောင်းပြောနေတဲ့ သူတွေကိုလည်း ပြန်ပြီး မတိုက်ခိုက်ချင်ဘူး။ ဒါပေမယ့် သူတို့မှာက ဥက္ကဌမုနဲ့ ညီမရွှီတို့လို့ ဂုဏ်တွေဘာတွေလည်း ရှိမနေဘူးလေ။ သူတို့တွေကို အဲ့အတွဲနဲ့ ယှဥ်ရတာ တန်ရော တန်ရဲ့လား။ တကယ်လို့ မင်းက အခြားသူရဲ့ အောင်မြင်မှုရဲ့ တစ်သောင်းမှာ တစ်ပုံလောက်ပဲ ရှိမယ်ဆိုရင်တော့ ဒီကိစ္စကို ပြန်ပြောကြတာပေါ့။]
[ အခြားသူတွေ ဘာတွေးနေလဲဆိုတာတော့ ငါစိတ်မဝင်စားဘူး။ ငါစိတ်ဝင်စားတာက ဥက္ကဌမုက ညီမရွှီရဲ့ အခန်းကို မြန်မြန် သွားတော့မယ့် အကြောင်းပဲ။ အခုက တော်တော်လေး နောက်ကျနေပြီဆိုတော့ သူတို့အတွဲက အိပ်ရာ စောစောဝင်သင့်ပြီ။ နောက်ကျမှ အိပ်တာက ကျန်းမာရေးအတွက် မကောင်းဘူးနော်။]
မုချောင်ယွင်၏ ဖုန်းတွင် အကြောင်းကြားစာတစ်စောင် ရရှိလိုက်သောအခါ ခနတာလောက် ရွှီယန်ယု၏ စာကို ကြည့်ပြီး သက်ပြင်းချခဲ့သည်။
ဒီမိန်းမကို ယူလိုက်ကတည်းက အေးအေးဆေးဆေး နေရတဲ့ ရက်ရယ်လို့ကို မရှိဘူးဆိုပြီး သူ့ဘာသာ တွေးမိသည်။ အရင်ကလည်း အေးအေးဆေးဆေး မနေဘူးဆိုပေမယ့် သူဘကိုလာပြီး ရှုပ်မနေပေ။ အခုတော့ အခြေနေတွေက မတူတော့ဘူး။ တစ်ရက်ပြီးတစ်ရက် သူ့ကို ဆွဲဆောင်ဖို့ နည်းတွေကိုပဲ တွေးနေတာ။ ဘယ်သူက ဒါကြီးကို ခံနိုင်မှာလဲ။
မုချောင်ယွင်သည် ထိုအမျိုးသမီးကို တွေ့ပြီးနောက် အမြဲတမ်း စည်းကမ်းရှိသည့် သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှုတွေကို စတင်ပြီး ပျောက်ဆုံးလာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ထိုအရာများက တကယ့်ကို လှည့်ဖျားလွန်းသည်ဟု ခံစားခဲ့ရသည်။ ထိုအမျိုးသမီးသည် ပျက်စီးမှုတွေ ယူဆောင်လာပြီး လူတွေကို မကောင်းသည့်အရာတွေ ပြုလုပ်ဖို့ ဆွဲဆောင်သည့် နေရာတွင် ကျွမ်းကျင်သော အလှပဂေးလေးပင် ဖြစ်သည်။
သို့သော် အချိန်အတန်ကြာ လေ့လာပြီးနောက် ရွှီယန်ယုက လူတွေကို ဆွဲဆောင်မည့်ဟန် ရှိသည်။ သူမက ဘာနောက်ဆက်တွဲ ပြဿနာကိုမှ တာဝန်ယူမည် မဟုတ်ပါ။ ထို့ကြောင့် ဒီအရာက အလွန်ကို ဒုက္ခရောက်စေသည့် အရာမျိုးဖြစ်သည်။
ငါးစာချပြီးတော့မှ သူမက ဘာကိုမှ တာဝန်မယူဘူးဆိုရင် အဲ့ဒါက လူတွေကို အမြဲ ရူးသွားစေလိမ့်မယ်။
သူကိုယ်တိုင်က ဘာသာမဲ့တစ်ယောက် ဖြစ်သော်လည်း များစွာသော ကိစ္စများကို ယခုထိတိုင် မရှင်းပြနိုင်သေးပါ။ တစ်ခါတစ်ရံတွင် သူသည် ရွှီယန်ယုကို အချိန်အကြာကြီး သိခဲ့သလို ခံစားခဲ့ရသည်။ သူမတွင် ရင်းနှီးသည့် အရှိန်အဝါတစ်ခုကို သူ ရှာတွေ့နိုင်သည်။ ထို့ပြင် သူတို့၏ ပုံစံမှာ တူညီကြသည်ဟု ခံစားရသည်။
ဒါပေမယ့် သူတို့တွေက ဒီလောက် အကြာကြီးလည်း တူတူ ရှိမနေခဲ့ကြဘူးလေ။ ပြီးတော့ ဒီနှစ်ထဲမှာမှ သူမရဲ့ ပြောင်းလဲမှုတွေက စလာတယ်လို့ သူတွေးမိသည်။ အဲ့ဒါကြောင့် အဲ့အကြောင်းပြချက်ကို သူတကယ် သိချင်နေတာပင်။
မုချောင်ယွင်သည် ခနတာ တိတ်ဆိတ်သွားခဲ့ပြီး ထိုအမျိုးသမီးက သူ့ကို ဘာလုပ်ချင်လဲဆိုတာကို သိချင်သည့်အတွက် သွားကြည့်ဖို့ရန် ဆုံးဖြတ်ခဲ့သည်။
ဒါပေမယ့် သူမက သူ့ကို ထပ်ပြီး မြှူစွယ်ဖို့အတွက် ပြင်ဆင်နေလောက်ပြီ။ သူ ဒါကို သိနေတာတောင် ဘယ်လိုမှ ငြင်းမရ ဖြစ်နေသည်။
သူသည် ရွှီယန်ယု၏ အခန်းသို့ နာရီဝက် နောက်ကျမှ ရောက်သွားသော်လည်း အိပ်ခန်းထဲမှ မီးဟာ ဖွင့်ထားဆဲ ဖြစ်ကာ တံခါးကို လုံးဝ မပိတ်ထားဘဲ အနည်းငယ် ဟထားခဲ့သည်။ ထို့ကြောင့် သူမသည် သူအခန်းသို့ လာမည်ကို စောင့်နေခြင်း ဖြစ်သည်။
ခြေသံကို မကြားခဲ့ရခင် ဆွဲဆောင်မှုရှိသည့် အသံကို ကြားခဲ့ရသည်။ “ဘာလဲ။”
ရွှီယန်ယုသည် စာအုပ်တစ်အုပ်ကို ဖတ်ရင်း သူမ၏ အိပ်ရာကြီးပေါ်တွင် လှဲလျောင်းနေခဲ့ကာ သူမ၏ ဖြူဖွေး သွယ်လျသော ခြေတံလေးမှာ လှုပ်လှုပ်ရှားရှားဖြစ်ကာ အရှေ့နောက် လွှဲနေခဲ့သည်။ သူမသည် အလွန် ဆွဲဆောင်မှုရှိသော ညအိပ်ဝတ်စုံ အတိုလေးကို ဝတ်ထားခဲ့သည်။ မုချောင်ယွင် ဝင်လာသောအခါ သူမက သူ့ကို ကျောပေးကာ လှဲနေခဲ့သည်။
ထို့ကြောင့် မုချောင်ယွင်၏ အမြင်ထဲတွင် သူအခန်းထဲကို ဝင်ပြီးတာနှင့် ပထမဆုံး မြင်လိုက်ရသည့် အရာမှာ သူမရဲ့ ဖြူဖွေးကာ ဆွဲဆောင်မှုရှိသော သူမ၏ ခြေထောက်နှင့် လှပနူးညံ့သော သူမ၏ အသားလေးတွေကိုသာ ဖြစ်သည်။
အထူးသဖြင့် သူမ၏ စကတ်မှာ အလွန်တိုပြီး အိပ်ရာထဲတွင် လှဲနေကာ သူမရဲ့အသားအရည်မှာ ရိုးရိုးလေးနဲ့ကို ဝင်းခနဲ ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ၏ ခြေထောက်များက ရှေ့နောက်ကို လွှဲနေပြီး သူမ၏ စကတ်အောက်ရှိ မြင်ကွင်းသည် လွှားခနဲဖြစ်သွားကာ အနည်းငယ် မြင်နေရသည်မှာ အလွန် ဆွဲဆောင်မှု ရှိလွန်းသည်။
သူ့ရဲ့ပထမဆုံး တုံ့ပြန်မှုအနေဖြင့် သူမ၏ အကြည့်များကို ရှောင်နေခဲ့သည်။ အကြောင်းမှာ အကြာကြီး သူမကို ကြည့်မိပါက သူ့ရဲ့သွေးများ အလွယ်တကူ ဆူပွက်လာလိမ့်မည် ဖြစ်သည်။ အဓိကအချက်အနေဖြင့် ရွှီယန်ယု၏ စိတ်ရှည်မှုများမှာ မြန်မြန်ပဲ ကုန်ဆုံးလာတော့မည် ဖြစ်သည်။ ထို့နောက် သူမသည် အစတုန်းကလို ထပ်ပြီး တည်ငြိမ်နေတော့မည် မဟုတ်ပါ။
ထိုအရာအားလုံးတို့မှာ ရွှီယန်ယုက သူ့ရဲ့စိတ်ရှည်မှုများကို တဖြည်းဖြည်း ပျောက်သွားအောင် လုပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ သူမက ဘယ်လိုပဲ ဆွဲဆောင်နေပါစေ သူက ကျရှုံးတော့မည် မဟုတ်ပါ။
“ဒီကိုလာပြီး ကျွန်မနဲ့ စာလာဖတ်ပါလား။ ကျွန်မ နည်းနည်းလေး ကြောက်နေလို့။”
“….”
ဒီမိန်းမက ကြောက်တယ်တဲ့လား။
မုချောင်ယွင်က မနေနိုင်ဘဲ ရွှီယန်ယုကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲတွင် ဘယ်လိုမှ ထိန်းမရဘဲ ဒီကမ္ဘာမှာ သူမကြောက်တယ်ဆိုတဲ့အရာက ရှိသေးတာလားဟု တွေးနေမိခဲ့တော့သည်။
ရွှီယန်ယုသည် အရိုင်းဆန်သော မိန်းမမျိုး ဖြစ်သည်။ အရင်ထက်ကို သူမက ပိုပြီး အတင့်ရဲသည့် အရာများကို လုပ်လာသည်။ သူမသည် ကြောက်နေသည့်ပုံ လုံးဝ မပေါ်ပါ။ ထို့ကြောင့် သူမကို ယုံမိပါက တစ်ခုခုက မှားကိုမှားနေလိမ်မည်။
ရွှီယန်ယုသည် သူမ၏ခေါင်းကို ညင်သာစွာ လှည့်လိုက်ပြီး သူ့ကို ဆွဲဆောင်မှုရှိရှိဖြင့် ကြည့်ခဲ့သည်။ ထိုအကြည့်က သူမကို အလွန် ချစ်စရာကောင်းကာ အတိုင်ထက်အလွန်ကို ဆွဲဆောင်မှုရှိသည်ဟု လူအများက ရှိုက်ကာ ငင်ကာ ပြောခဲ့ကြသည်။ သူမ၏ မျက်နှာမှာ ရေထွက်အောင် ညှစ်ထားသည့်အလား ပါးနှစ်ဖက်တွင် ရဲနေခဲ့သည်။ ထိုနီရဲနေသည့် ပါးလေးသည့် အခွံခွာထားသော မက်မွန်သီးများကဲ့သို့ နူးညံ့နေခဲ့သည်။ ထိုအရာများကြောင့် သူမသည် ဆွဲဆောင်မှု မရှိဖို့အတွက် တကယ်ကို ခက်ခဲလှသည်။
အစပိုင်းတွင် မုချောင်ယွင်သည် လုံးဝ မလှုပ်ချင်ခဲ့ပါ။ သို့သော် သူမကို ငေးကြည့်နေဖို့က ခက်ခဲလှသည့်အတွက် အနားသို့ ကပ်ကာ သူမဘေးကို လမ်းလျှောက်လာခဲ့သည်။ ထို့နောက် သူမ ဖတ်နေသည့် စာအုပ်ကို တစ်ချက် ကြည့်လိုက်သည်။
စာအုပ်ခေါင်းစဥ်ကိုမြင်တော့ သူဘယ်လိုမှ ထိန်းမရဘဲ မျက်ခုံး ပင့်လိုက်မိသည်။ အဲ့စာအုပ်ရဲ့ ခေါင်းစဥ်က စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ “စိတ်ဝိဉာဥ်တို့ သဘောတရား”
ရွှီယန်ယုသည် ခေါင်းငြိမ့်ပြလိုက်ပြီး မှောက်ယက်လေး လှဲနေရာကနေ အိပ်ရာထဲမှ ဖြည်းဖြည်းချင်း ထလာခဲ့သည်။ သို့သော် သူမ လှုပ်လိုက်တာနှင့် သူမရဲ့ စကတ်အတို အပါးလေးကြောင့် ဆွဲဆောင်မှုရှိသော မြင်ကွင်းက အလွယ်တကူပဲ ပေါ်သွားကာ လူတွေကို အသက်ရှူ မှားသွားစေခဲ့သည်။
အထူးသဖြင့် ထိုအရာကို သူမက မသိလိုက်ဘဲ လှုပ်ရှားမိတာမျိုးလား ဒါမှမဟုတ် ထိုပုံစံကို သိရက်နဲ့ တမင်တကာ လုပ်တာလားဆိုတာ သူမလည်း မသိခဲ့ပါ။ သို့သော် သူမရဲ့ ပေါ့ပါးသော ခန္ဓာကိုယ် သွယ်သွယ်လေးက ဆွဲဆောင်မှုရှိသော ပုံစံမျိုးဖြင့် အိပ်ရာပေါ်သို့ တက်လာကာ ထိုအပြုအမူကြောင့် မုချောင်ယွင်သည် ချက်ချင်းဆိုသလို တွေဝေသွားသည်ဟု ခံစားခဲ့ရသည်။ သူသည် ဘာအကူညီမှ ရှာမရဘဲ သူမ၏ ကုတင်ကိုသာ ထိုင်မှီနေခဲ့သည်။
“ဒါနဲ့ ဒီကမ္ဘာမှာ စိတ်ဝိဉာဥ်တွေဆိုတာ ရှိတယ်လို့ ရှင်ရော ယုံလား။ တကယ်တော့လေ ပညာသင်တွေအများကြီးက အဲ့ကိစ္စကို လေ့လာခဲ့ကြတယ်။ အဲ့ဒါက အငြင်းပွားစရာတွေ ရှိနေသေးတယ် ဆိုပေမယ့်လည်း တကယ့်ကို လူတွေအများကြီးက အဲ့လို ကိစ္စတွေကို ယုံကြတယ်။”
“အဲဲဒါက DID Lunar စီးရီးရဲ့ အကြောင်းနဲ့ တူတယ်။ အဲ့အကြောင်းရဲ့ မူလနဲ့ ဘယ်ဟာကို စိတ်ကူးပြီး လုပ်ထားလဲဆိုတာ ရှင်သိလား။”
မုချောင်ယွင်က ခေါင်းငြိမ့်ပြခဲ့သည်။ ရွှီယန်ယုသည် အရင်က သူ့ကို DID က စိတ်တွေ မတည်မငြိမ်ဖြစ်ကာ နှစ်ခွဖြစ်သည်ကို ကိုယ်စားပြုထားသည်ဟု ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် ထိုလက်ရာ၏ စိတ်ကူးမှာ တကယ်တမ်းတွင် စရိုက်နှစ်မျိုး ဒါမှမဟုတ် ပိုပြီး ရှင်းရှင်းပြောရရင် စိတ်နှစ်မျိုးမှ ဖြစ်လာသည့် အရာဖြစ်သည်။ ထိုအရာသည် လုံးဝ ကွဲပြားမှုရှိကာ ဒီလက်ရာကို ပုံပြင်တစ်ပုဒ်အဖြစ် အပြည့်အစုံ ပြောနေသလို ဖြစ်သည်။
ထိုအရာက သူ့ကို သူမပို့လိုက်သည့် စာအား အခွင့်အရေးအဖြစ် အသုံးချဖို့ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး သူက မြန်မြန်ပဲ “ဒီကမ္ဘာပေါ်မှာ စိတ်ဝိဉာဥ်တွေရှိတယ်ဆိုတာ မင်းရော ယုံလား” ဟု မေးခဲ့သည်။
“အင်း။ အဲ့ဒါကို ကျွန်မတော့ ယုံတယ်။ အဲ့ဒါကြောင့် လာပြီး ဒီစာကို ကျွန်မနဲ့အတူ လာဖတ်ပါဆို။”
ရွှီယန်ယုက ခိုင်းစေသည့် အသံမျိုးဖြင့် ပြောခဲ့သော်လည်း သူမရဲ့ အသံမှာ ပျင်းရိနေခဲ့သည်။ သူမသည် ပျင်းပြီး ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိသော ကြောင်လေးတစ်ကောင်ကဲ့သို့ သူမမျက်နှာကို ခေါင်းအုံးပေါ်တွင် တစ်ဖက်စောင်းကာ လှဲနေခဲ့သည်။ ထို့ကြောင့် သူမ၏အသံမှာ လူများကို စိတ်ပါလက်ပါ နားထောင်နေဖို့အတွက် သက်တောင့်သက်သာရှိသည်ဟု ခံစားစေခဲ့ရသည်။
မုချောင်ယွင်သည် အသက်ကို ပြင်းပြင်းရှူကာ သူမဘေးတွင် ထိုင်ချခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ အိပ်ရာပေါ်တွင် ရှိနေသည်။ ဒီအိပ်ရာပေါ်မှာ ရှိနေရတာက သူ့အတွက် ပထမဆုံး မဟုတ်သော်လည်း ထိုအိပ်ရာကို ထိလိုက်သောအခါ အနည်းငယ် သတိထားနေရဆဲ ဖြစ်သည်။
သူအိပ်ရာမှ ထသွားသည်ကို ရွှီယန်ယုက မြင်လိုက်ရသောအခါ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူ့ကို ဖိထားခဲ့ပြီး သက်တောင့်သက်သာနှင့် သက်ပြင်းချကာ သူ့ရဲ့ ကိုယ်ငွေ့နွေးနွေးလေးကို သူမလည်း ခံစားမိခဲ့သည်။ သို့သော် မုချောင်ယွင်က အနည်းငယ် နှိပ်စက်နေသည်ဟု ခံစားနေရချိန်တွင် သူမက သက်တောင့်သက်သာ ရှိနေခဲ့သည်။ သူ့ရဲ့ ညအိပ်ဝတ်စုံမှာ အလွန်ပါးသောကြောင့် ရွှီယန်ယုက မရိုးမသား ဖြစ်လာကာ အရင်အတိုင်း သူ့ကို ပွတ်သပ်နေခဲ့သည်။ သူ့ရဲ့ သွေးကြောများနှင့် အသားများမှာ အနည်းငယ် မနေသာ မထိုင်သာ ရှိလာသည်ဟု ခံစားခဲ့ရသည်။
သို့ရာတွင် ထိုအမျိုးသမီးက သူ့ကို အရင်တစ်ခေါက်ကအတိုင်း ဖြားယောင်းဖို့ ကြိုးစားနေသည်ဟုလည်း ခံစားခဲ့ရသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမသည် အရင်ကလို သေချာပေါက် ရှက်နေတော့မှာ မဟုတ်ပေ။ ရွှီယန်ယုက သူမရဲ့ လက်တွေကို လွှတ်ပြီး စာအုပ်ကို မုချောင်ယွင်အား ပေးခဲ့ကာ သူ့ကို စာရွက် လှန်ပေးဖို့ ပြောခဲ့သည်။ သူမသည် ယောက်ျားတစ်ယောက် ဘေးမှာ ရှိလျက် ထိုကဲ့သို့သော ပင်ပန်းရသည့် အလုပ်များကို လုပ်ရတာမျိုး မနှစ်မြို့ပါ။
သူမ ဘာလုပ်မလဲဆိုတာ မုချောင်ယွင်လည်း တကယ်ကို မတွေးတတ်တော့ပါ။ သူသည် သူမကို ငေးကြည့်နေပေမယ့်လည်း စာအုပ်ကိုယူကာ တစ်ခန်းပြီး တစ်ခန်း လှန်ပေးဖို့ ကူညီခဲ့သည်။
စာဖတ်နေရင်း ရွှီယန်ယုသည် မြွေလိုမျိုး နေတတ်သည့် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ရုတ်တရက်ဆိုသလို မုချောင်ယွင်ရဲ့ ကိုယ်ကို ညင်ညင်သာသာ ဖက်ထားလိုက်ပြီး ဝမ်းနည်းစွာ သက်ပြင်းချခဲ့သည်။
“ဟင်း..”
“????”
မုချောင်ယွင်က သူ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်ကာ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ သူမဘာလို့ သက်ပြင်းတွေ ချနေတာလဲဆိုတာကို သူသိချင်နေခဲ့သည်။ ထိုမိန်းမသည် သူ့အရှေ့တွင် ဘယ်တုန်းကမှ သက်ပြင်း မချခဲ့ဖူးပါ။ သူမသည် အမြဲလိုလို အားအင်အပြည့် ဖြစ်နေကာ အပြင်ပန်းတွင် သူ့ထက်တောင် ပိုပြီး ရူးသွပ်မှု ရှိနေခဲ့သည်။
သက်ပြင်းချတယ်ဆိုတာ သူမရဲ့ပုံစံထဲမှ လုံးဝကို ကွဲထွက်နေကာ ထိုအရာက အဆိပ်ပြင်းသော မြွေတစ်ကောင်က ငိုနေသလို ဖြစ်နေသည်။
ဒီနေ့ကျမှ သူမ ဘာဖြစ်နေတာလဲ။ ဒီမိန်းမက အရမ်းကို အကြံကြီးတာလေ။ စာအုပ်ဖတ်ဖို့ သပ်သပ်နဲ့တော့ သူ့အခန်းကို လုံးဝ ခေါ်မှာမဟုတ်ဘူး။
သူမပြောချင်တာ တစ်ခုခုတော့ ရှိကိုရှိရမယ်။ ပြီးတော့ အဲ့ပြောမယ့်ဟာက သူမ လက်ခံဖို့ ခက်ခဲတဲ့ အရာတစ်ခုလည်း ဖြစ်ကို ဖြစ်ရမယ်။
မုချောင်ယွင်သည် သူ့စိတ်ထဲတွင် မူမမှန်ဘူးဟု တွေးမိကာ သူမကို ဖယ်ထုတ်လိုက်ပြီး တိုက်ရိုက် မေးခဲ့သည်။
“မင်း ငါ့ကို ဘာပြောချင်လို့လဲ။”
ရွှီယန်ယုက တကယ်ကို ဝမ်းနည်းနေဟန်ရှိကာ ဆူပုပ်လျက် သူ့ကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ ထို့နောက် ရုတ်တရက် ထိုအကြောင်းကို တွေးမိကာ ပြောပြခဲ့သည်။
“DID ရယ် စိတ်နဲ့ဆိုင်တဲ့ သဘောတရားတွေရယ်က ရှင်နဲ့ ပတ်သက်ရင် ဖြစ်လာရတာကြီးပဲ။ ရှင်ကြောက်သွားတာလား။ အဲ့ဒါက စိတ်ပျက်စရာကောင်းတယ်လို့ ရှင်ခံစားမိလား။ အဲ့လိုခံစားမျိုးတွေ ရှိတဲ့သူတွေကရော စိတ်ပျက်စရာလို့ ရှင်တွေးမိလား။”
သူမရဲ့ မျက်ဝန်းများမှာ အတည်ကြီး ပြောနေခဲ့ကာ အရင်ကထက်တောင် ပိုပြီး လေးလေးနက်နက် ရှိနေခဲ့သည်။ မုချောင်ယွင်သည် သူမ၏ မျက်ဝန်းများထဲတွင် အခုလို ဖြူစင်သည့် အကြည့်မျိုးကို အရင်က မမြင်ဖူးခဲ့ပါ။ ဒီနေ့ဟာ ပထမဆုံး အနေဖြင့် သူ့ရဲ့ပုံစံမှာ စတင်ပြီး လေးလေးနက်နက် ဖြစ်လာခဲ့သည်။ ထိုအရာက ရွှီယန်ယုနှင့် ပတ်သက်တယ်လို့ သူခံစားခဲ့ရသော်လည်း သူမ၏ပုံစံ ပြောင်းလဲသွားရခြင်း၏ အဖြေရှာမရတဲ့ ပုစ္ဆာထဲတွင် ထိုအရာက အကြီးမားဆုံး ဖြစ်နိုင်ချေတစ်ခု ဖြစ်သည်။
သို့သော် ဒီကမ္ဘာပေါ်မှာ သူကြောက်တဲ့အရာ တစ်ခုမှ မရှိသည့်အတွက် အခြားသော ခံစားချက်များသာ မရှိပါက ထိုမေးခွန်းများသည် သူ့အပေါ်မှာ ဘယ်လိုမှ သက်ရောက်နိုင်မည် မဟုတ်ပါ။