အခန်း (၅၇)
Vol. 5 Ch. 57
ရွှီယန်ယုသည် မုချောင်ယွင်ကို ထိုလက်စွပ်ကို သူ့ရဲ့လက်တွင် ပြန်ဝတ်ရန်အတွက် ချော့ရင်း ဖြောင်းဖျနေခဲ့သည်။ ထို့နောက် သူရဲ့နားနားသို့ကပ်ကာ တီးတိုးပြောခဲ့သည်။
“အရင်ကတော့ ရှင့်ကို ကျွန်မ လိမ်ပြောမလို့ပဲ။ ဒါပေမယ့် ဒီအချိန်မှာတော့ မဟုတ်ဘူး။ ဒီလက်စွပ်က တစ်ခါပဲ ချွတ်လို့ရတာ။ ဒုတိယအကြိမ် ပြန်ပြီးဝတ်လိုက်ရင် အန္တရာယ်ဖြစ်စေတဲ့ အရာတွေက စပြီး အသက်ဝင်လာလိမ့်မယ်။ အဲ့တော့ ဒီလက်စွပ်ကို ဝတ်ပြီးတာနဲ့ ချွတ်ဖို့ အခွင့်အရေးက တစ်ခါပဲရှိတာ။ အနာဂတ်မှာ ဒီလက်စွပ်ကို ချွတ်ဖို့အတွက် အခွင့်အရေးက မရှိတော့ဘူး။ အခုကစပြီး ရှင် ကျွန်မနဲ့ပဲ အတူရှိရတော့မယ်။ ရှင် အံ့ဩသွားလား။ လန့်သွားတာလား။ ရင်ထဲကို ထိသွားတာလား။”
“….”
ထိုအခိုက်အတန့်တွင် မုချောင်ယွင်သည် သူ့ရဲ့ ခံစားချက်များကို ဖော်ပြဖို့အတွက် ခက်ခဲနေခဲ့သည်။ သူမက အရမ်း မဆိုးပါဘူးဟု ပြောပြီးသည့်နောက်တွင် သူ့ကိုယ်သူ့ ပါးရိုက်မိလိုက်သည်။ ထိုမိန်းမသည် သူထင်ထားတာထက်ကို ပိုပြီး လွဲမှားနေခဲ့သည်။ အဓိကကတော့ သူမသည် ထပ်ပြီး လှည့်စားခဲ့ပြန်ပြီ ဖြစ်သည်။
သူသည် ထိုမိန်းမထံ၌ မရေမတွက်နိုင်အောင် ကျရှုံးခဲ့ရပြီး ဖြစ်သည်။ သူ့အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါ။
ထို့ကြောင့် သူသည် ဒေါသတကြီးဖြင့် သူမကို အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူသည် သူမကို အိပ်ရာထဲသို့ ထပ်ပြီး တွန်းချလိုက်ကာ မနေ့ညက လုပ်ခဲ့သလို ထပ်ပြီး လုပ်ခဲ့သည်။
ရွှီယန်ယုသည် မနေ့ညကတည်းက ခြေကုန်လက်ပန်းကျလုနီးပါး ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမသည် ထိတ်ထိတ်လန့်လန့်ဖြင့် “ယောက်ျား၊ ကျွန်မ ဒါကိုထပ်ပြီး မလုပ်နိုင်တော့ဘူး” ဟု မြန်မြန် အော်ပြောခဲ့သည်။
မုချောင်ယွင်သည် ထိုကဲ့သို့ ခေါ်သံကို ကြားလိုက်ရပြီး ခပ်မိုက်မိုက် ပြုံးလိုက်ကာ သူလည်း အရမ်း ပျော်သွားခဲ့သည်။ ထိုအသံသည် ကြားဖူးသမျှထဲမှာ အလှပဆုံး ဖြစ်နေခဲ့သည်။ ထိုခေါ်သံမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ခေါ်သံလေး ဖြစ်ခဲ့သည်။
သို့သော် သူသည် ခေါင်းမာစွာဖြင့် ပြန်ပြောခဲ့သည်မှာ “ကိုယ်ကို ယောက်ျားလို့ ခေါ်နေလည်း ဘာမှထူးမှာ မဟုတ်ဘူး။ ဒါက မင်း ကိုယ့်ကို လှည့်စားခဲ့တဲ့ တန်ရာတန်ကြေးကို ပြန်ပေးရတာပဲ။ မင်း ကိုယ့်ကို အလျော်ပြန်ပေးရမယ်။”
ရွှီယန်ယုသည် ငိုမလို ဖြစ်နေသော်လည်း မျက်ရည်တော့ မကျခဲ့ပါ။ သူမသည် ကူကယ်ရာ မဲ့နေသလို ခံစားခဲ့ရသည်။ ဒီတစ်ခေါက် သူမက ဘာလို့ လက်စွပ်ကို ချွတ်ပေးဖို့ ရွေးခဲ့ရတာလဲ။ သူမက အဲ့ဒါကို နောက်မှ ရွေးလိုက်သင့်တာ။
တကယ်တော့ သူမက မုချောင်ယွင်ကို ထပ်ပြီး ဆွဲဆောင်ဖို့ ဖြစ်သည်။ အစကတည်းက သူ့မက သူ့ကို မခွဲခွာနိုင်ခဲ့ပါ။ သို့သော် သူက သူမကို ရသွားပြီးနောက်မှာမှ သူ့ကို ပြောပြဖို့ ရွေးချယ်ခဲ့သည်။
သို့သော် ထိုလက်စွပ်ကို ထပ်ပြီး ဝတ်မည်ဆိုပါက လက်စွပ်က အန္တရာယ် ရှိလာလိမ့်မည် ဖြစ်သည်။ သူတို့သည် တကယ့်ကို အစွန်းရောက်ပြီး လိုက်ဖက်သည့် စုံတွဲဖြစ်သည်။ သူတို့ထက် ပိုပြီး လိုက်ဖက်တဲ့ စုံတွဲဟူ၍ မရှိတော့ပါ။
နောက်နေ့ နေ့လည် ရောက်သည်အထိ မုချောင်ယွင်သည် ဘာအလုပ်မှ လုပ်ဖို့ အချိန် မရှိပါ။ ထိုကဲ့သို့သော အရာမျိုးသည် အလုပ်ကြိုးစားသည့် သူမျိုးအတွက်တော့ လုံးဝ မဖြစ်နိုင်ပါ။ လက်ထောက်လင်းသည် အံဩတကြီးဖြစ်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ဥက္ကဌမုအတွက် အလုပ်ထက် ဘယ်အရာကများ ပိုပြီး အရေးကြီး သေးလို့လဲ။
ထို့နောက် သူသည် သူ့သူဌေးမှ မှာခိုင်းထားသည့် နှင်းဆီပန်းများကို ကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။
နေ့လည် ၂ နာရီ ထိုးသည့်အခါ အင်တာနက် အသုံးပြုသူများသည် ပန်းမှာနွမ်းသွားသည့် အချိန်ထိတိုင် စောင့်နေခဲ့ကြသည်။
မနေ့ညက မစ္စတာမု ရွှီယန်ယုရဲ့ အခန်းကို သွားခဲ့တာလားဆိုတာ သူလည်းမသိသေးပေ။
ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းသည် ဘယ်လိုမှထပ်ပြီး မနေနိုင်တော့ဘဲ ဥက္ကဌမုက လူမှုကွန်ယက်ပေါ်တွင် တင်ထားသည့် “ကျွန်မအခန်းကို လာပါဦး။” ဆိုသည့် ပို့စ်ကို like ပေးထားသည်ကို ရုတ်တရက် တွေ့ခဲ့သည်။
[ ငါလည်း တကယ်ကြီး အဲ့ကို သွားချင်တယ်။]
[ ဘုရားရေ။ မစ္စတာမုရဲ့ အချိန်ဇယားတွေက အရမ်း စောတယ်ဆိုတာ မင်းတို့ သိသင့်တယ်။ တစ်ခါတစ်လေ သူ့ကို မနက်ပိုင်း လိုင်းတက်နေတာကို တွေ့ရတယ်။ ဒီနေ့ သူ့ရဲ့ အချိန်ဇယားက နေ့လည်ပြောင်းသွားတာက ပုံမှန်တော့ မဟုတ်ဘူး။]
[ ညီမရွှီရဲ့ ကိုယ်က နေ့လည်အထိ အဲ့ဒါကို လုပ်ဖို့ ခံနိုင်ပါ့မလား။ ညီမရွှီက ပိန်ပိန်လေးလေ။ ညီမရွှီတော့ သနားပါတယ်။]
[ အခုတော့လေ မနက်ဖြန် live မှာ ညီမရွှီရဲ့ ကိုယ်က ဘယ်လို အခြေအနေ ဖြစ်နေမလဲဆိုတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။ သူမအိပ်ရာထဲက မထနိုင်တော့ဘူးလားဆိုတာ သိချင်လိုက်တာ။]
[ သူမက အဲ့ဒါကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာမလို့လဲ။ ဥက္ကဌမုကတော့ ရူးသွားတော့မှာပဲ။ သေချာတယ်၊ သူ့ကို အိပ်ရာထဲက ထခိုင်းမှာ မဟုတ်လောက်ဘူး။]
ထိုအချိန်ကို လေ့လာပြီးနောက် အင်တာနက် အသုံးပြုသူများသည် ထိုကိစ္စကို ဘယ်လိုမှ မေးမရတော့ဘူးဟု ခံစားခဲ့ရသည်။ ထိုကိစ္စကို သူတို့ပိုတွေးမိလေလေ၊ သူတို့နှစ်ယောက်က တစ်နေ့လုံး အတူရှိနေမယ်လို့ ခံစားမိလေ ဖြစ်သည်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်လို့ ဒီချိန်ကျမှ ပို့စ်ကို like ပေးတာလဲ။ အဲ့လိုဆိုရင် သူတို့ကြားမှာ သေချာပေါက် ပြဿနာတစ်ခုတော့ ရှိနေလိမ့်မည်။
“လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” ရသစုံ ရှိုးပွဲကိုလည်း အပြီးသတ်တော့မည် ဖြစ်သည်။ နောက်ဆုံးအပိုင်းသည် ထိုရှိုး၏ နောက်ဆုံးနေ့ ဖြစ်သည်။ ထိုပွဲ၏အစတွင် အတွဲလေးတွဲ ပါဝင်ခဲ့ပြီး အခုဆိုရင် သုံးတွဲသာ ကျန်ရှိတော့သည်။
အရင်က ကောမန့်များကို ပြန်ကြည့်လျှင် ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့ အတွဲသည် လူကြိုက်အများဆုံး အတွဲဖြစ်ခဲ့သည်မှာ သိသာသည့်အတွက် ဒီလိုရလဒ်မျိုး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါ။
ကျန်းချင်ယွင်၏ အဝတ်အစားဘရန်းသည် ပိတ်ပစ်ဖို့အတွက် အမိန့်ထုတ်ခံခဲ့ရသည်။ အကြောင်းမှာ သူမ၏ အထည်များတွင် ဓာတုပစ္စည်း ပါဝင်မှုများသည် သတ်မှတ်သည်ထက် ကျော်လွန်နေခဲ့သည်ကို တွေ့ရှိခဲ့ရပြီး ထိုအရာက လူတွေရဲ့ ကိုယ်ခန္ဓာကို အန္တရာယ် ဖြစ်စေသည်။
လွန်ခဲ့တဲ့ တစ်ပတ်တုန်းက သူတို့နှစ်ယောက် ကွာရှင်းဖို့အတွက် သဘောတူညီမှုကို လျှောက်ထားတဲ့အကြောင်း ကြားခဲ့ရသည်။ အဲ့ဒါကြောင့် သူတို့တွေ ရသစုံရှိုးပွဲကနေ အစောကြီး ထွက်သွားကြတာ။ ရှန်ဖန့်ရဲ့ အခြေနေကတော့ သိပ်မဆိုးပါဘူး။ သူ့ရဲ့ဂုဏ်သိက္ခာတွေကို ထိခိုက်လာပေမယ့်လည်း သူ့ကို နှလုံးသားမရှိတဲ့ သူတစ်ယောက်လို့ သတ်မှတ်ကြတော့မယ်။ တကယ်တော့ သူက တစ်ဖက်လူကို တကယ် မလိုအပ်ဘဲနဲ့ မကွာရှင်းချင်ခဲ့ပေ။ သို့သော် ရှန်မိသားစု၏ ဖိအားများကြောင့် သူတို့မှာ ခွဲခွာရတော့မည်ဖြစ်ကာ ထိုကိစ္စနှင့် ပတ်သက်ပြီးလည်း ဘာမှလုပ်လို့ မရပါ။
ရှန်ဖန့်အတွက် ဆုံးဖြတ်ချက် ချဖို့မှာလည်း အရမ်း ခက်ခဲလွန်းသည်။ သို့သော် သူသည် အရာအားလုံးကို လျစ်လျူရှုနိုင်သည့်သူမျိုး မဟုတ်ပါ။ ထို့အပြင် ကျန်းချင်ယွင်နှင့် သူတို့ ဆက်ဆံရေးမှာလည်း စိတ်လျှော့ထားဖို့ လိုအပ်နေခဲ့သည်။ တကယ်တမ်း သူတို့နှစ်ယောက်ကြားမှာ ဟိုးအရင်ကတည်းက ပြဿနာကြီးများ ဖြစ်နေခဲ့သည်။ သို့သော် အရင်က ထိုကိစ္စများကို စိတ်ထဲတွင် မထားခဲ့ကြပါ။ သူတို့သည် အမှားတွေကို ထပ်ခါထပ်ခါ လုပ်မိခဲ့ကြသည်။ သူတို့သည် ကျန်းချင်ယွင်၏ ထိုကဲ့သို့သော ကောက်ကျစ်သည့် အကြံမျိုးကို ခွင့်မလွှတ်နိုင်ခဲ့ကြပါ။
မှားယွင်းသော ခြေလှမ်းတစ်လှမ်းသည် နောက်ထပ်အမှားများကို ဦးတည်သွားခဲ့သည်။ အခုတော့ ပြဿနာကြီးတစ်ခုက ဖြစ်လာကာ သူမရဲ့ ဂုဏ်သတင်းကို ဖျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာမှာ တကယ့်ကို ဝမ်းနည်းဖို့ကောင်းပြီး ဖျော်ဖြေရေးလောကထဲတွင် ထပ်ပြီး အခြေချဖို့မှာ သူမအတွက် မဖြစ်နိုင်တော့ပါ။
အခုချိန်တွင် သူမဘရန်းမှ တာဝန်ယူဖို့အတွက် မကြေညာသေးဘဲ ဖျော်ဖြေရေးလောကတွင် ပြဿနာရှိနေသော အနုပညာရှင်များအား လက်မခံကြပါ။ ထို့ကြောင့် ကောင်းမွန်သော အထက်တန်းစားများအကြား သူမအတွက် နေရာတစ်ခု မရှိတော့ပါ။ ထို့ကြောင့် သူမသည် အင်တာနက်မှ တိတ်တဆိတ် ထွက်ခွာကာ ရေပန်းစားနေခြင်းကို ရှောင်ရှားနိုင်သည်။
အောင်မြင်ကျော်ကြားပြီး ဂုဏ်သတင်းမွှေးနေသော လူကြိုက်များသော အနုပညာရှင် တစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုအခါတွင် သူမသည် လူတိုင်းရိုက်ချင်နေသော လမ်းဘေးက ကြွက်စုတ်တစ်ကောင်လို ဖြစ်နေတော့သည်။ ကုန်လွန်သွားသော နှစ်လတာအတွင်းမှာ ကိစ္စတွေအများကြီး ဒီလောက် ပြောင်းလဲသွားခဲ့တာကို ယုံကြည်ဖို့က ခက်ခဲလှသည်။
[ ဒီအပိုင်းက မကြာခင် ပြီးတော့မယ်ဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်လတုန်းက တရားဝင် ဘလော့ရဲ့အောက်မှာ ကောမန့်တွေကို မြင်လိုက်သေးတယ်။ အခုတော့ နည်းနည်း အမြင်နဲ့ အခြားစီ ဖြစ်နေတယ်။ အစကတော့ မုချောင်ယွင်နဲ့ ရွှီယန်ယုတို့က ဟန်ဆောင်နေကြတဲ့ အတွဲတွေဆိုပြီး ထင်ခဲ့ကြတာ။ အခုတော့ အဲ့ကောမန့်တွေက အရမ်း ရယ်စရာ ကောင်းနေတာ။]
[ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အစပိုင်းမှာတော့ တကယ်ကို အဆင်မပြေဘူး။ အချိန်တစ်ခုကြာတဲ့အထိ ညီမရွှီက တစ်ယောက်တည်း live တွေ လုပ်နေတာ။ အဲ့ဒါက အရမ်း စိတ်သက်သာရာ ရတယ်ဆိုပေမယ့် တစ်ခါတစ်လေ ဥက္ကဌမုက အဲ့မှာရှိနေတာကိုတောင် မေ့တော့မလို့ပဲ။]
[ အခုတော့ သူတို့နှစ်ယောက်က တကယ်ကို ခွဲလို့မရတော့ဘူး။ သူတို့က ပရိတ်သတ်တွေ ကြိုက်တာအနည်းဆုံးကနေ အကြိုက်ဆုံး အတွဲ ဖြစ်လာပြီ။ သူတို့ရဲ့ ဆက်ဆံရေးကို တကယ် အားကျလိုက်တာ။]
တိုက်ရိုက်ထုတ်လွှတ်မှုရဲ့ အပိတ်အနေဖြင့် ရှိုးနဲ့ပတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေကို တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြောပြကြတာတွေ၊ ပရိတ်သတ်တွေရဲ့ ကောမန့်တွေကို လူတွေရဲ့အရှေ့မှာ ဖတ်ပြပြီး ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုတွေအရ မဲနှိုက်ပြီး ကျပန်း တွေ့ဆုံရမည့် အစီအစဥ်မျိုး ဖြစ်သည်။
ရွှီယန်ယုနဲ့ မုချောင်ယွင်တို့ရဲ့ CP ပရိတ်သတ်တွေက သူတို့ကို ချောင်ယုအတွဲဟု ခေါ်ကြသည်။ သူတို့မှာ ထူးခြားတဲ့ ပင်ကို စရိုက်တွေ ရှိသည့်အတွက် မရေမတွက်နိုင်သည့် ပရိတ်သတ်တွေကိုလည်း ဆွဲဆောင်ခဲ့သည်။ သိပ်မကြာခင်ကမှ “လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” ရသစုံရှိုး ပြီးခါနီးတွင် နောက်ထပ် ရသစုံရှိုး အသစ်တစ်ခုက ရွှီယန်ယုကို ပါဝင်ဖို့အတွက် ဖိတ်ကြားခဲ့သည်။ ထိုရှိုးမှာ အမျိုးသမီးများ၏ ရင်းနှီး မြှုပ်နှံမှုနှင့် တီထွင် ဖန်တီးနိုင်မှုအကြောင်းဖြစ်ကာ ထိုပွဲကို သူမကလည်း အတော်လေး စိတ်ဝင်စားသည်။ သူမသည် သူတို့နှင့် အဆက်အသွယ် ရှိနေဆဲဖြစ်ကာ မကြာခင် သတင်းများ ကြားရကောင်း ကြားရလိမ့်မည်။
“လက်ထပ်တာက အရင်၊ အချစ်ကနောက်မှ” ရသစုံရှိုး၏ နောက်ဆုံး တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပရိတ်သတ်များက သူတို့ကို လက်လွှတ်ဖို့ ဝန်လေးနေခဲ့ကြသည်။ သူတို့သည် နောက်ပိုင်းတွင် ထိုအတွဲကို မမြင်ရလောက်တော့ဘူးဟု ခံစားနေခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အနည်းငယ် ဝမ်းနည်းနေကြသည်။
သို့သော် ဝမ်းနည်းမှုနှင့် ဝန်လေးနေမှုများကို ဘေးခနထားပြီး ထို နောက်ဆုံး တိုက်ရိုက် ထုတ်လွှတ်မှုမှာ အဆုံးသတ်ဖို့ရန် မလွယ်ကူလှပါ။ ပရိတ်သတ်များနှင့် ပါဝင်သူတို့၏ အကြားရှိ ဆက်ဆံရေးမှာ အရမ်းပင် မရိုးရှင်းနိုင်ပါ။ ပရိတ်သတ်များသည် ပြဿနာများဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်ထားခဲ့ကြသည်။
ရွှီယန်ယုနှင့် မုချောင်ယွင်တို့သည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် ထိုင်ကာ ပွဲစီစဥ်သူ၏ လက်ထဲရှိ ပရိတ်သတ်နှစ်ဦး ပေးပို့ထားသော စာများကို ကိုင်ထားကာ ပြောနေသည်ကို နားထောင်နေခဲ့ကြသည်။ ထိုစားများသည် သူတို့နှစ်ယောက်သည် live ထဲမှ လူအများထံသို့ ဖတ်ပြရမည့် စာများဖြစ်သည်။
ရွှီယန်ယုက တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် ပေါ်လာသောအခါ အင်တာနက် အသုံးပြုသူများသည် သူမသည် လိပ်ပုံစံ လည်ပင်းရှိသည့် ဆွယ်တာတာအား ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ သူမသည် ခေါင်းစ ခြေအဆုံးကို အင်္ကျီကျပ်ကျပ်များသာ ဝတ်ဆင်လာသည်။ ဆောင်းဦးနှင့် ဆောင်းတွင်းကို ရောက်နှင့်နေပြီ ဆိုသော်လည်း အဝတ်အစားများမှာ အလွနအထူနေခဲ့သည်။ ထိုပုံစံကပဲ သူမဝတ်နေကြ ပုံစံမဟုတ်သည်ကို သိသာစေခဲ့သည်။
ပထမဆုံး တုံ့ပြန်မှုမှာ ထိုပွဲတွင် အရေးကြီးသည့်အရာ တစ်ခုခု ရှိနေမည် ဖြစ်သည်။
အင်တာနက် အသုံးပြုသူတိုင်း၏ မျက်လုံးများမှာ X-rays ကဲ့သို့ ကောင်းလွန်းနေခဲ့သည်။ သူတို့ရဲ့ မျက်လုံးများနှင့် ရွှီယန်ယု၏ ခန္ဓာကိုယ်ကို သေသေချာချာ ကြည့်ခဲ့ကြသည်။ နောက်ဆုံးတွင် သူမသည် ရေသောက်ဖို့အတွက် ဘေးကို လှည့်လိုက်သည့်အခါ သူမ၏လည်ပင်းတွင် ဒဏ်ရာအချို့ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ သူမ၏ အသားဖြူဖြူလေးရှိ စိမ်းဖျော့ဖျော့ အမှတ်များမှာ အတော်လေးကို သိသာနေခဲ့သည်။
ထိုမြင်ကွင်းမှာ ခနသာ ပေါ်သွားသော်လည်း ထိုဒဏ်ရာများကို အင်တာနက် အသုံးပြုသူများက မြင်သွားခဲ့သည်။ လူတိုင်းလည်း မျက်လုံးများ ပြူးသွားကြကာ ဗီဒီယိုမှ စခရင်ရှော့များ ရိုက်ယူထားကာ အဏုကြည့် မှန်ပြောင်းများဖြင့် အထပ်ထပ် အခါခါ လေ့လာနေခဲ့ကြသည်။
[ သေစမ်း။ ဒီအခြေအနေကြီးက တော်တော်လေးကို ကြီးသွားပြီ။ ဒါက ဝမ်းနည်းစရာပဲ။ မစ္စတာမုက ဘာကို သွားစုပ်လိုက်တာလဲ။]
[ ဒါကတော့ တော်တော်လေး အားပါသွားပြီ။ အဲ့အရာတွေကို ကြည့်ပြီးတော့ သူမက ရူးနေတယ်လို့တောင် ပြောလို့ရတယ်။ ဒါတွေက အထင်မှားနေတာလားတော့ ငါလည်း မသိပါဘူး။ ဒါပေမယ့် ညီမရွှီ ထိုင်လိုက်တုန်းက သူ့လှုပ်ရှားမှုတွေက နည်းနည်းလေး တောင့်တောင့်ကြီး ဖြစ်နေသလိုပဲ။ ပြီးတော့ အရမ်းလည်း ပင်ပန်းနေသလိုပဲ။]
[ လူငယ်တွေကြားမှာ ပိုပြီး ပြင်းထန်လာတော့ရော ဘာဖြစ်လဲ။ ခနလောက် ဒီလိုမျိုးတွေ ပြန်ဖြစ်တယ်ဆိုတာက ပုံမှန်ပဲလေ။ ဒါပေမယ့် မစ္စတာမုကတော့ သူ့ရဲ့ အပေးအယူက တည့်သွားပုံပဲ။ သူ့ရဲ့ ကျေနပ်နေတဲ့ အကြည့်ကို ကြည့်လိုက်ဦး။ သူ့ကြည့်ရတာ တစ်လောကလုံးကို သိစေချင်နေတဲ့ပုံပဲ။]
မုချောင်ယွင်ကြည့်ရတာ ဒီနေ့ စိတ်ကောင်းဝင်နေတာ သိသာတယ်။ သူက ခါတိုင်းနဲ့မတူဘဲ လုံးဝကို ကွဲထွက်နေတယ်။ ပြီးတော့ ပိုပြီးတော့တောင် ခန့်ညားနေသေးတယ်။
သူ့ရဲ့မျက်နှာက အရင်နဲ့ တူသလို ရှိသော်လည်း သူက ဘာလို့ပိုပြီး ခန့်ညားပြီး ဆွဲဆောင်မှု ကောင်းနေလဲဆိုတာကို ရှင်းပြဖို့ ခက်ခဲသည်။ တကယ်တော့ သူ့ရဲ့ ဆွဲဆောင်မှုရှိနေခြင်းမှာ သူ့ကိုယ်ထဲမှ ဖြာထွက်နေခဲ့သည်။ သူက အရင်နဲ့ကို လုံးဝမတူဘဲ ကွဲထွက်နေခဲ့သည်။
ထိုအရာမှာ နွေရာသီတွင် ရေခဲတုံးကြီး အရည် ပျော်သွားသလိုဖြစ်ကာ လူတစ်ယောက်၏ စိတ်နေ စိတ်ထားမှာ လုံးဝကို ပြောင်းလဲသွားသည်။ ထိုအရာကို live စလွှင့်ထဲက အင်တာနက် အသုံးပြုသူများက မြင်ခဲ့ကြကာ အရမ်းကို သိသာနေခဲ့သည်။
မုချောင်ယွင်သည် ရွှီယန်ယု၏ ညာဘက်တွင် ထိုင်နေခဲ့သည်ကို အင်တာနက် အသုံးပြုသူများက တွေ့ရှိခဲ့ကြသည်။ သူသည် သူမ၏ မျက်ဝန်းများကို ဆယ်စက္ကန့်တစ်ခါလောက် ကြည့်နေကာ မိနစ်တိုင်းလိုလို သူမ၏ အခြေနေကို လေ့လာနေသည်။ သူသည် သူမကို တစ်ကြိမ်ထက်မနည်း မကြည့်မိပါက သူမ ပျောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။
[ ဘုရားရေ။ ဒါကြီးက အရမ်းကို ရိုးအီနေပြီ။ မင်း တစ်ချက်လောက် မကြည့်လိုက်တာနဲ့ သူမက ထွက်ပြေးသွားမှာ မလို့လား။ ကိုယ့် အကြည့်တွေကိုလည်း ထိန်းပါဦးဟ။]
[ ကျွန်မလည်ပင်းကို အဲ့လိုကြီး ကြည့်နေတာက တစ်ခုခုများ မှားနေလို့လား။ live ပြီးရင်တော့ ဆရာဝန်ကို သွားပြဖို့ လိုနေပြီ ထင်တယ်။]
[ ဒါကြီးက အရမ်း ရယ်ရတာပဲ။ သူ့ရဲ့ စိတ်အခြေအနေကလည်း ငါတို့နဲ့ တကယ်ကို အတူတူပါပဲကွာ။]
[ ကြည့်ရတာ မစ္စတာမုက စခရင်ကိုဖွင့်ပြီး သူ့မိန်းမကို ဆွဲဆောင်ပြတော့မယ် ထင်တယ်။]
ပွဲစီစဥ်သူသည် ထိုအခြေအနေကို ကြားဖြတ်ပြီး အစောတလျင်နှင့် မစ္စတာမုအား ကောမန့်များကို ပေးလိုက်ကာ ထိုစာများကို ဖတ်ပြဖို့အတွက် တောင်းဆိုခဲ့သည်။
မုချောင်ယွင်သည် သတိပြန်ဝင်လာကာ အနည်းငယ် မူမမှန်သော အမူအရာဖြင့် ထိုအကြောင်းအရာကို ဖတ်ပြခဲ့သည်။ သို့သော် သူသည် ရွှီယန်ယုကို ကြည့်ကာ ဖတ်နေခဲ့ခြင်း ဖြစ်သည်။
“ငါ့ချစ်သူလေး၊ ငါချစ်ရတဲ့ သူလေးရယ်။”
?
ရွှီယန်ယုက သူ့ကို ဖျက်ခနဲ ကြည့်လိုက်ပြီး သူမရဲ့ အမူအရာမှာ ထူးဆန်းလာကာ စာကို ဆက်ဖတ်နေခဲ့သည်။
“လွမ်းလိုက်တာ၊ ငါမင်းကို လွမ်းတယ်ကွာ။ ငါတကယ် မင်းကို လွမ်းနေလို့ပါကွာ။”
တစ်စုံတစ်ယောက်က သူ့ဇနီး၏ အကြောင်းအား တွေးနေသည်ကို ကြားလိုက်ရသောအခါ သူ့မျက်နှာမှာ ချက်ချင်းဆိုသလို ခက်ထန်သွားခဲ့သည်။ ထို့နောက် သူသည် နောက်ထပ် စိတ်ပျက်စရာကောင်းသော ကောမန့်များကို ဆက်ဖတ်လိုက်ပြီး နောက်ဆုံးတွင် ထိုကောမန့်များကို ဖတ်လို့ ပြီးသွားခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ သူတို့အတွဲအတွက် အင်တာနက် အသုံးပြုသူများ မဲပေးခဲ့ကြသော ဆန္ဒကို ဖြည့်စည်းပေးဖို့အတွက် အပြင်မှာ လူချင်းနမ်းတာကို မြင်ချင်နေကြပြီ ဖြစ်သည်။
ထိုကောမန့်ကို ကြားလိုက်ရသောအခါ သူတို့နှစ်ယောက်လည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် ထိုကိစ္စမှာ သူတို့အတွက် ခက်ခဲသည့် အရာတစ်ခု မဟုတ်ပေ။
မုချောင်ယွင်သည် သူမ၏ပုခုံးကို ကိုင်ကာ သူမရဲ့ မျက်နှာကို သဘာဝကျကျလေး နမ်းရှိုက်ခဲ့သည်။ သူ့ရဲ့ လှုပ်ရှားမှုများမှာ အရမ်း ကျွမ်းကျင်နေကာ ထိုအရာသည် သာမန် ကိစ္စတစ်ခုလို ဖြစ်နေဟန်ရှိသည်။
[ အာ၊ သူတို့နမ်းသွားပြီ။ သူတို့ နမ်းတာကို မြင်လိုက်ရပြီဆိုတော့ ငါ့ဘဝတစ်လျှောက်လုံးမှာ နောင်တရစရာ ဘာမှ မရှိတော့ဘူး။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် နမ်းလိုက်ကြတာမလား။]