အခန်း (၅၈)
Vol. 5 Ch. 58
ရွှီယန်ယုနှင့် မုချောင်ယွင်တို့သည် ပရိတ်သတ်များက တောင်းဆိုမှုအသစ်များ လုပ်နေကြသည်ကို တွေ့လိုက်ရသောအခါ သူတို့ရဲ့ အမူအရာများမှာ အနည်းငယ် ကတ်သီးကတ်သတ် ဖြစ်သွားခဲ့သည်။
တကယ်တမ်းမှာ ထိုတောင်းဆိုမှုသည် နည်းနည်းလေး ကိုယ်ရေးကိုယ်တာ ဆန်နေပြီး သတ်မှတ်ထားသည့် အတိုင်းအတာကိုလည်း အတော်လေး ကျော်လွန်နေသည်။ တကယ်တော့ အနမ်းပေးသည်မှာ အမြင့်ဆုံး တောင်းဆိုနိုင်သည့် အရာဖြစ်သော်လည်း ပရိတ်သတ်များ၏ တောင်းဆိုမှုများကိုလည်း မျက်ကွယ်ပြုလို့ မရနိုင်ပါ။ အားလုံး ပြီးဆုံးသွားသည့်နောက် ထိုတိုက်ရိုက် ထုတ်လွှင့်မှုသည် အပိတ်ပွဲ ဖြစ်ပြီး အားလုံးကိုလည်း နှုတ်ဆက်ခဲ့ကြသည်။
နောက်ဆုံးတွင် အတွဲများကို ဆော့ကစားခိုင်းမည့် ရင်းနှီးပြီးသား ဂိမ်းတစ်ခုကို ကစားဖို့ သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။ ထိုဂိမ်းသည် ပရိတ်သတ်များကို ငြင်းလို့လည်း မရသလို တောင်းဆိုမှုများလည်း ဆက်လုပ်လို့ မရပါ။
ပွဲစီစဥ်သူသည် တိုင်လေးအချို့ကို ယူဆောင်လာကာ လူနှစ်ယောက်ကြား အကွာအဝေးအတိုင်း လေထဲတွင် ထိုတိုင်များကို ချိတ်ထားခဲ့သည်။ ထို့နောက် “အခု ကျွန်တော်တို့ သိပြီးသား ဂိမ်းတစ်ခုကို ကစားကြမယ်။ ဒီမှာက မေးခွန်းတွေ ရေးထားတဲ့ ကဒ်တစ်ချို့ရှိတယ်။ ဧည့်သည်နှစ်ယောက်က လက်တွေရော အခြား အကူ ပစ္စည်းတွေရော ဘာမှသုံးမရဘဲ ဒီမေးခွန်းကဒ်တွေကို သတ်မှတ်ထားတဲ့ ခြင်းတောင်းထဲကို သွားထည့်ပေးဖို့ လိုတယ်။ အဲ့ကဒ်တွေကို ရွှေ့နေတဲ့ အချိန် အတွင်းမှာလည်း အဲ့မေးခွန်းတွေကို သေသေချာချာ ဖတ်ဖို့ကလည်း လိုအပ်တယ်နော်။ တကယ်လို့ အဖြေမှန်မယ်ဆိုရင် ကျွန်တော်တို့ ရှိုးပွဲက ချီးမြှင့်မယ့် ဆုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု ပြောခဲ့သည်။
အင်တာနက် အသုံးပြုသူများက ထိုဂိမ်းအကြောင်းကို ကြားလိုက်ရသောအခါ သူတို့က တိုက်ရိုက် အနမ်းပေးတာကြောင့် မဟုတ်ဘဲ ထိုဂိမ်းအကြောင်းကို နားလည်နေကြသောကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသည်။
[ ဒါက မိုက်တယ်။ ဒီဂိမ်းက တကယ် ကောင်းတာ။ မင်းတို့ရဲ့ လက်တွေနဲ့ရော အခြား အကူ ပစ္စည်းတွေနဲ့ရော ဘာနဲ့မှ မေးခွန်းကဒ်တွေကို ထိလို့ မရဘဲနဲ့ အဲ့အကြောင်းအရာကို သေသေချာချာ ဖတ်ဖို့ လိုတယ်။ အဲ့ဒါကို မင်းတို့နှစ်ယောက်က မျက်နှာချင်းဆိုင်ပြီး လုပ်ဖို့ လိုတယ်။ အဲ့ကဒ်ပေါ်မှာရှိတဲ့ စာလုံးတွေက တော်တော်လေး သေးတာကို ငါတွေ့လိုက်တယ်။ ဟဟဟဟ ဒါက တကယ့်ကို သိပြီးသား ဂိမ်းပါပဲကွာ။]
မျှော်လင့်ထားသလိုပဲ ထိုလူနှစ်ယောက်က ကဒ်ပေါ်မှာရှိတဲ့ အကြောင်းအရာကို ရှင်းရှင်းလင်းလင်း မြင်ချင်တယ်ဆိုပါက သူတို့ဟာ တစ်ယောက်ကို တစ်ယောက် နားလည်စွာ လှုပ်ရှားပြီး ထိန်းထားဖို့ လိုအပ်ကာ အနိုင်ရဖို့အတွက်လည်း ကဒ်ရဲ့ နှစ်ဖက်လုံးကိုလည်း သူတို့အသားနဲ့ ထိန်းထားရမည်။
မုချောင်ယွင်နှင့် ရွှီယန်ယုတို့သည် ထိုဂိမ်း၏ စည်းကမ်းများကို သေသေချာချာ သိပြီးနောက် သူတို့ နှစ်ယောက်သည် တကယ့်ကို အပြန်အလှန် နားလည်မှုရှိရှိဖြင့် ထိုဂိမ်းကို မတုံ့မဆိုင်းဘဲ စ ကစားခဲ့သည်။
သူတို့အတွဲသည် ဘာစကားမှ မပြောဘဲ မျက်လုံးများဖြင့်သာ ဆက်သွယ်ခဲ့ကြသည်။ ထို့နောက် ရွှီယန်ယုက သူမရဲ့နဖူးဖြင့် သူ့ရဲ့ပါးကို ညွှန်ပြလိုက်ကာ ဒီနည်းဖြင့် ဂိမ်းကို ပြီးအောင် ကစားဖို့အတွက် မျှော်လင့်နေကြသည်။
မုချောင်ယွင်က အလွန် ခန့်ညားစွာ ပြုံးခဲ့သည်။ တကယ်လို့ အင်တာနက် အသုံးပြုသူများမှာ စိတ်လေးလံမှုများ ရှိနေမယ်ဆိုရင် သူတို့သည် ဒီအပြုံးက တကယ့်ကို အကြံအစည် ရှိနေသည်ဟု သူတို့က တွေးနေကြလိမ့်မည် ဖြစ်သည်။
ရွှီယန်ယုက ကဒ်ကို ညင်ညင်သာသာဖြင့် သူမ၏ နဖူးတွင် ထားကာ တစ်ဖက်ခြမ်းကို ဥက္ကဌမု၏ မျက်နှာဘက်သို့ ထားလိုက်သည်။ နောက်ခနအကြာတွင် သူမကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး မုချောင်ယွင်က သူ့မျက်နှာကို သူမဘက်သို့ လှည့်ကာ ကဒ်ကိုကျော်ပြီး သူမရဲ့ နှုတ်ခမ်းလေးများကို နမ်းရှိုက်ခဲ့သည်။
ထိုမေးခွန်းကဒ်ရဲ့ စက္ကူမှာ အလွန်ပါးပြီး မီလီမီတာ၏ ဆယ်ပုံ တစ်ပုံမျှသာ အထူရှိသည်။ တကယ်လို့ မင်းရဲ့ ကိုယ်ခန္ဓာအပူချိန်က မြင့်နေမယ်ဆိုရင် အခြားသူ၏ ကိုယ်အပူချိန်ကိုလည်း ချက်ချင်း ခံစားနိုင်လိမ့်မည်။ သူတို့နှစ်ယောက်ကြားတွင် စာရွက်ပိုင်းလေး တစ်ခုသာ ရှိနေသော်လည်း နူးညံ့တဲ့ အထိအတွေ့ကို ခံစားမိကာ အားလုံးရဲ့ အမြင်မှာဆိုရင်လည်း နှုတ်ခမ်းပါးလေး နှစ်ခုက ရုတ်တရက် ထိလိုက်ကြသောအခါ အဲ့ဒါက ပိုပြီးတော့တောင် ပြင်းထန်မှု ရှိတယ်ဟု ခံစားခဲ့ရသည်။
စာရွက်ရဲ့ အခြားတစ်ဖက်မှာ ရှိနေသည့် မုချောင်ယွင်သည် မကြာခဏဆိုသလို အဲ့ဒါကို ပွတ်နေသည်မှာ စာရွက် အပါးလေးကို ဖြတ်ကာ တစ်ဖက်ရှိ နူးညံ့မှုကို ခံစားမိစေဖို့ ကြိုးစားနေသလို ဖြစ်နေသည်။ စာရွက်တစ်ရွက်က ထိုကဲ့သို့သော ခံစားချက်မျိုး ပေးနိုင်သည်ကို တွေးကြည့်ဖို့တောင် ခက်ခဲသည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်ကြားရှိ အဆုံးမရှိတဲ့ နွေးထွေးမှုကို တစ်ယောက်ယောက်ကတော့ တကယ်ကို ခံစားနိုင်ခဲ့သည်။ ထို့ပြင် သူတို့ရဲ့ ချစ်ခြင်း မေတ္တာများကို ဖန်သားပြင်ကို ကျော်လွန်ပြီးတောင် ခံစားနိုင်ခဲ့ကြသည်။
[ အာ၊ ဒီဂိမ်းကတော့ တကယ်ကို မှန်သွားပြီ။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ကြီး နမ်းသွားပြီ။ မစ္စတာမုရေ ကိုယ့်ကိုကိုယ်လည်း ပြန်ထိန်းပါဦး မင်းကြည့်ရတာ တော်တော် စိတ်မရှည်တဲ့ပုံပဲ။]
[ ဒီအခြေအနေကို ကြည့်လိုက်ပါဦး။ ဥက္ကထမုက စိန်မကျေနပ်ဘဲ တင်းတိမ်မှုမရှိဘူးဆိုတာကို ပြနေတဲ့ အကြောင်းပြချက်တွေမှ အများကြီးပဲ။ သူက ဒီစခရင်ထဲမှာ ရှိနေဖို့တောင်မှ အနိုင်နိုင်ပဲ။]
[ ဝိုး။ ဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ ဒါမျိုးတွေကို ငါပိုက်ဆံမပေးပဲ ကြည့်လို့ရလား။ ဒီအနမ်းလေးက ညှင်သာလိုက်တာကွာ။ ဒီဟာက ကဒ်ကိုကျော်ပြီး ဒီတိုင်းတန်း နမ်းတာထက် ပိုပြီးတောင် စိတ်လှုပ်ရှားပြီး နေမထိ ထိုင်မသာ ဖြစ်နေသေးတယ်။ ငါ့မှာတော့ ဒီပျော်စရာကောင်းတဲ့ မြင်ကွင်းအတွက် စကားလုံးတွေ ထောင်ပေါင်းများစွာ တွေးတောင် တွေးပြီးနေပြီ။ နမ်းတယ်ဆိုတာကလည်း လိင်ဆက်ဆံတာနဲ့ အတူတူနီးပါးပဲလေကွာ။]
ရွှီယန်ယု၏ နားရွက်များမှာ နီရဲနေပြီး သူတို့နှစ်ယောက်ကြားရှိ ဟိုလိုလို ဒီလိုလို အခြေနေလေးမှာလည်း အထွဋ်အထိပ်သို့ ရောက်ရှိနေသည်ကို အင်တာနက် အသုံးပြုသုများက တွေ့ရှိခဲ့သည်။ သူတို့နှစ်ယောက်ကြားတွက် ကဒ်လေး တစ်ကဒ်သာ ရှိသည် ဆိုသော်လည်း သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ခိုင်မြဲသော ဆက်သွယ်မှမျိုး ရှိနေသလို ခံစားခဲ့ရသည်။ ထို့အပြင် သူတို့နှစ်ယောက်ကြားရှိ လေထုမှာလည်း အရမ်းကို နီးကပ်နေကာ ဆွဲလိုက်တော့မလိုကို ဖြစ်နေသည်။ ထိုအရာသည် လူတိုင်းလည်း ခံစားနိုင်ပြီး တကယ့် လက်တွေ့မှာ ဖြစ်နေသည့် နူးညံ့မှုမျိုးဖြစ်သည်။
တစ်ယောက်ယောက်ကို တကယ် ချစ်မိသွားတဲ့အခါ ကိုယ့်မျက်လုံးတွေကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပါ။ ထိုအရာသည် အခုလက်ရှိ မုချောင်ယွင်၌ အထင်းသား မြင်ယောင်နိုင်သည်။ လွန်ခဲ့သော လအနည်းငယ်လောက်က သူနှင့် ယှဥ်ကြည့်ပါက လုံးဝကို မတူညီသော သူတစ်ယောက် ဖြစ်နေသည်။ ချစ်ခြင်းတရားသည် လူတစ်ယောက်ကို လုံးဝ ပြောင်းလဲနိုင်သည်။
သို့သော် တကယ်လိုအပ်သည့် အရာမှာ ချစ်ခြင်းတရားပင် ဖြစ်သည်။ အချစ်မရှိသည့် မုချောင်ယွင်သည် ဘာနှင့်တူသလဲဆိုတာကို အင်တာနက် အသုံးပြုသူများက မြင်ပြီးခဲ့ကြပြီး ဖြစ်သည်။ သူသည် နှလုံးသားမရှိတဲ့ သူတစ်ယောက်လို ဖြစ်နေနိုင်သည်။
[ လွန်ခဲ့တဲ့နှစ်လက မစ္စတာမုရဲ့ပုံနဲ့ အခု မစ္စတာမုရဲ့ပုံကို ကြည့်လိုက်ကြပါဦး။ ဘယ်လိုအရာမျိုးကများ ယောက်ျားတစ်ယောက်ကို ဒီလိုပြောင်းလဲအောင် လုပ်သွားတာလဲ။ ရွှီယန်ယုဆိုနဲ့ မိန်းမမျိုးကတော့ တကယ်ကို သြချလောက်စရာပဲ။]
[ ညီမရေ၊ နှလုံးသားမရှိတဲ့ ယောက်ျားတစ်ယောက်ကို ပြောင်းလဲသည့် သမိုင်းကြောင်း၊ လက်ထပ်တာက အရင် အချစ်ကနောက်မှ၊ ပြီးတော့ အတု အယောင်များမှ အစစ်များ ဖြစ်လာခြင်းဆိုတဲ့ စာအုပ်တွေ ရေးပါလားကွယ်။]
[ ငါ့မှာတော့ ဒီရသစုံရှိုးကို အဆုံးသတ်ဖို့ အင်တင်တင် ဖြစ်နေတယ် ဆိုပေမယ့်လည်း ဒီအတွဲကတော့ ရသစုံရှိုးပွဲရဲ့ အစီအစဥ်တွေနဲ့ တကယ့်ကို အံကိုက်ပဲ။ အရင်က သူတို့က မချစ်ခဲ့ကြဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့ရဲ့ အချစ်စစ်ဆိုတဲ့ အရာက ပေါ်ထွက်လာခဲ့ပြီ။ ချစ်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ငါတောင် တကယ်ကြီး ခံစားလာရတယ်။ ဒီပွဲတစ်လျှောက်လုံး အဲ့အတွဲက အများကြီး ပြောင်းလဲ သွားခဲ့တာပဲ။]
[ အဲ့တော့ ဒါက ဒီပွဲမှာ လူအမြင်သာဆုံး ကိစ္စတစ်ခုပဲပေါ့။ ဒီပွဲက ဘာမှမရှိတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို တစ်ခုခုဖြစ်လာဖို့အတွက် အကူအညီပေးခဲ့တာပဲ။ နှစ်လအတွင်းမှာ သုညကနေ တစ်ကို ရောက်သွားတာပဲ။ ငါတို့ရဲ့ မျက်စိ အရှေ့မှာတင်ပဲ သူတို့က တစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး ကောင်းလာကြတာပဲ။]
မုချောင်ယွင်သည် ထိုခံစားချက်ကို အနည်းငယ် စွဲလမ်းသွားခဲ့သည်။ သူ့စိတ်အားလုံးသည် ထိုကဒ်ရှိ အကြောင်းအရာပေါ်မှာ ရှိနေပုံ မပေါ်ခဲ့ပါ။ အဲ့အစား သူ၏ စိတ်ဝင်စားမှုများသည် ရွှီယန်ယုနှင့် ဆက်သွယ်ဖို့ကိုသာ ပိုပြီး အာရုံစိုက်နေခဲ့သည်။
ရွှီယန်ယုသည် တစ်ဖက်လူ၏ အသက်ရှူသံကို နားထောင်ကာ ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ နီးစပ်လာသလို ခံစားနေခဲ့ရသည်။
သို့သော် ထိုနေရာတွင် တစ်ခုခုတော့ မူမှန်နေပုံရသည်။
ထိုစာရွက်သည် တကယ်ကို အဆင်မပြေပါ။
သူမ၏ ပုံစံအရ မျက်မှောင်ကို ကြုတ်လိုက်ကာ ထုံးစံအတိုင်း စာရွက်ကို ဖယ်ထုတ်လိုက်သည်။
ကြားထဲက ကာထားသော အရာကို ခနလေး အတွင်းမှာပဲ ဖယ်ထုတ်လိုက်ကာ သူတို့နှစ်ယောက်၏ နှုတ်ခမ်းများမှာ နီးနီးကပ်ကပ် ရှိသွားခဲ့ကြသည်။ ထို့နောက် ပိုပြီး လက်တွေ့ဆန်တဲ့ အထိအတွေ့နှင့် နူးညံ့မှုများမှာ အတိုင်းအဆမရှိကို ချဲ့ကားခဲ့ကြသည်။
အင်တာနက် အသုံးပြုသူများသည် အံ့သြခြင်း ကြီးစွာဖြင့် ပါးစပ် အဟောင်းသားများ ဖြစ်သွားခဲ့ကြကာ ညီမရွှီက အထိန်းအကွပ် မရှိသည်ကို အံ့ဩခဲ့ကြရသည်။
မုချောင်ယွင်သည် သူ့၏နှုတ်ခမ်းပေါ်တွင် ချက်ချင်း ပြောင်းလဲသွားသည့် အထိအတွေ့ကို ခံစားမိခဲ့ပြီး သူ့မျက်လုံးများကို လွှဲခဲ့သည်။ နောက်ထပ် အဆင့်တစ်ခု အနေဖြင့် ထိုအနမ်းမှာ ပိုပြီး နက်ရှိုင်းကာ စွဲကျန်ရစ်ခဲ့တော့သည်။ ထိုနှုတ်ခမ်းလေးများ marshmallows မုန့်များကဲ့သို့ အိစက်နေကာ အရမ်းကို ချိုမြိန်ပြီး ထူးခြားသည့် အရသာရှိကာ ဆွဲဆောင်မှု ရှိနေခဲ့သည်။ ထိုခံစားချက်မှာ ကမ္ဘာပေါ်တွင် အလှပဆုံး ခံစားချက်မျိုး ဖြစ်သည်။
ရွှီယန်ယုသည် မုချောင်ယွင်၏ ဒေါသကို ခံစားမိပုံရကာ တိုက်ရိုက်ထုတ်လွှင့်မှုတွင်သာ ရှိသေးသည်ကို သတိပေးကာ ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့အတွက် ပြောခဲ့သည်။ သူမသည် ဘာမှ မတုံ့ဆိုင်းပဲ သူ့ရဲ့ နှုတ်ခမ်းပါးလေးကို ကိုက်ချလိုက်သည်။
သူတို့နှစ်ယောက်ကြားရှိ လူသိပ်သတိမထားမိသည့် ခံစားချက်များကို ကြည့်ကာ အင်တာနက် အသုံးပြုသူများ၏ မျက်လုံးများလည်း နီရဲလာကြကာ အန်ဒရီနလင်း ဟော်မုန်းများလည်း ထွက်လာခဲ့သည်။ သူတို့သည် သူတို့အတွဲ၏ ရူးမိုက်သည့် စိတ်ဆန္ဒများ၊ အချစ်၊ ခံစားချက်များ၊ ပိုင်ဆိုင်လိုစိတ်နှင့် သူတို့ သည်းခံခဲ့ရသော ဒေါသများကို အချိန်အတော်ကြာ ထိန်းထားခဲ့ရသည့် အငွေ့သက်များကို ခံစားခဲ့ရသည်။
ထိုအချိန်မှာပဲ သူတို့သည် ထိုအရာကို ဘယ်လိုမှ ထပ်ပြီး မထိန်းနိုင် မဟန်ဆောင်နိုင်တော့သည့် အကြောင်းအား လူတိုင်းကို ပြောနေသလို ဖြစ်နေသည်။ သူတို့ရဲ့ နှုတ်ခမ်းတွေ ခြောက်သွားအောင်ထိ နမ်းနေတာကို ဘယ်သူကများ မတုံ့ပြန်ဘဲ နေနိုင်မှာလဲ။ တကယ့် အတွဲတွေရဲ့ အပြုအမူတွေကြောင့် အင်တာနက် အသုံးပြုသူများ၏ မျက်လုံးများ ကျွတ်ကျမလိုတောင် ဖြစ်နေသည်။ ထိုအပြုအမူမှာ တကယ့်ကို စိတ်လှုပ်ရှားစရာပင် ဖြစ်သည်ဖယ
[ ဒီည live ကိုကြည့်နေတဲ့ ဘယ် ပရိတ်သတ်မှ အသက်ရှင်မှာ မဟုတ်ဘူး။]
[ ငါတို့က နောက်ဆုံး နမ်းလိုက်တဲ့ အနမ်းကို ပြောနေတာ။ အဲ့အနမ်းကို ငါ့ဘဝ တစ်လျှောက်လုံး သတိရနေတော့မှာ။ သူက သူမရဲ့ ဟိုး အနက်ရှိုင်းဆုံးရင်ထဲ စိတ်ထဲထိကို နမ်းလိုက်တာပဲ။ သူတို့စုံတွဲက နတ်ပြည်ကို ရောက်နေသလိုပဲ။ ဝိုးဟိုးး။ သူတို့နှစ်ယောက် နမ်းနေကြတာကို တစ်သက်လုံး ထိုင်ကြည့်နေချင်လိုက်တာ။]
[ နမ်းဖို့ သင့်တော်တဲ့ ဒီလိုစုံတွဲမျိုးကို ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က မသိရင် အချိန်တွေ အကြာကြီး တစ်ယောက်ကို တစ်ယောက် မတွေ့ကြရဘူးလို့ ထင်ကုန်ကြမှာ။ မနေ့က တစ်နေကုန်လုံး သူတို့ အတူရှိနေကြမယ်လို့တော့ ဘယ်သူက ထင်ပါ့မလဲ။ သူတို့နှစ်ယောက်က ချစ်နေကြရင်တော့ အရမ်းကို ပူးကပ်နေကြတာပဲလေ။]
[ live ထဲမှာ ညီမရွှီနဲ့ ဥက္ကဌမုတို့က “ချမ်းသာသော ရင်းနှီး မြှုပ်နှံကြသူများ” ရသစုံရှိုးကို လက်ခံလိုက်ပြီ ဆိုပြီး ကြေညာသွားတယ်။ ငါ့အထင် သူတို့ကို ထပ်ပြီး တူတူ မြင်ရဦးမယ် ထင်တယ်။ နောက်ထပ် ရသစုံရှိုးမှာရော မင်းတို့ တစ်ယောက်ကို တစ်ယောက် နမ်းပြလို့ ရနိုင်ဦးမလားဟင်။]
အင်တာနက် အသုံးပြုသူ အားလုံးတို့သည် စခရင်ပေါ်တွင် သူတို့ တစ်ယောက်ကို တစ်ယောက် ပြောနေသည့် အကြောင်းအရာများကို အာရုံစိုက်ခဲ့ကြသည်။ ထိုအရာမှာ တကယ်တမ်းတွင် ဉာဏ်စမ်းပွဲ တစ်ခု ဖြစ်ကြောင်းကိုတောင် ပွဲစီစဥ်သူက သတိမပေးခင်အထိ အချိန်အတန်ကြာ မေ့နေကြသည်။ ပွဲစီစဥ်သူမှ ထိုဂိမ်းတွင် ဧည့်သည်များသည် ကဒ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများကို မှန်မှန်ကန်ကန် ဖြေဖို့ လိုအပ်သည်ကို သတိပေးခဲ့သည်။
[ ဒါက အရမ်း ရယ်ရတာပဲကွာ။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲ။ အဲ့နေရာမှာ ငါသာဆိုရင် သေချာတယ် ဘာကိုမှ မြင်နိုင်မှာတောင် မဟုတ်ဘူး။]
[ အခုဖြစ်နေတဲ့ အခြေအနေက တကယ်လို့ ဥက္ကဌမုကသာ အဲ့အကြောင်းရာကို တကယ်ပြန်ပြီး အာရုံစိုက်ရင် သူက လုံးဝကို သွေးအေး ရက်စက်တဲ့ လူတစ်ယောက် ဖြစ်ဦးမှာပဲ။]
လူနှစ်ယောက်သည် ထိုလုပ်ရမည့်အရာများကို ပြီးဆုံးသွားသည့်နောက် ပွဲစီစဥ်သူက မုချောင်ယွင်ကို “မစ္စတာမုရေ၊ ကဒ်ထဲမှာ ဘာကို မြင်လိုက်လဲဆိုတာ ကျွန်တော့်ကို ပြောပြပါဦး။”
မုချောင်ယွင်က မတုံ့မဆိုင်းဘဲ ပြန်ဖြေခဲ့သည်။ “အပေါ်က မေးခွန်းတွေကတော့ အတွဲတွေအတွက် အမေး အများဆုံး ဟာတွေပါပဲ။ ပြီးတော့ အဲ့ဒါတွေက ကျွန်တော်တို့ နှစ်ယောက်တည်း သိတဲ့ အရာတွေပါပဲ။”
ထိုမေးခွန်းကို ဖြေပြီးသည့်နောက် သူသည် ရွှီယန်ယုကို ခနလောက် ခေါင်းစခြေအဆုံး ကြည့်လိုက်သည်။
[ သူဌေးမုကတော့ အံ့သြစရာပါပဲ။ အပေါ်က အကြောင်းအရာကိုတောင်မှ သူက သတိထားမိတာပဲ။ အဲ့ဒါသူက တော်တော်လေး အံ့ဩဖို့ ကောင်းတယ်ဆိုတဲ့ ပုံပဲလေ။]
[ ညီမရွှီရဲ့ ကိုယ်ပေါ်မှာ အများဆုံးရှိတဲ့ အရာက လက်ဝတ် ရတနာတွေပဲလေ။ ဒါဆို သူတို့နှစ်ယောက်ထဲ သိပြီးတော့ အခြားသူတွေ မသိတဲ့ အရာက ဘာများဖြစ်မလဲ။]
မုချောင်ယွင်က မြန်မြန်ပဲ ပြန်ဖြေခဲ့သည်။ “သူမက ဓားတစ်ချောင်းကို အမြဲတမ်း သူမနဲ့အတူ ယူသွားတာ။ ဒီကိစ္စကို သိတာဆိုလို့ သေချာပေါက် ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတာလေ။”
[ အဲဲ့ဒါက ဘယ်လိုအရာကြီးလဲ။ အဲ့ဒါက ဘယ်လို ဓားမျိုးလဲ။ ညီမရွှီ အမြဲဆောင်ထားတဲ့ဓားက ဘာအမျိုးအစားလဲ။ အဲ့ဒါကရော ဘာအတွက် အသုံးချမလို့လဲ။]
[ ရယ်လိုက်ရတာကွာ။ မင်းတို့နှစ်ယောက်ထဲ သိတယ်ဆိုတော့ အကြောင်းအရာတွေ အများကြီး ဖြစ်မယ်လို့ ထင်နေတာ။ အဲ့ဒါက မင်းတို့ရဲ့ လက်ထောက်တွေတောင် မသိတဲ့ ဘာ ကိုယ်ရေးကိုယ်တာ အကြောင်းတွေများ ဖြစ်မလဲလို့ကွာ။]
[ ဒီအတွဲက နှစ်ယောက်ထဲ ကြိတ်ပြီး ပျော်နေကြတာပဲ။ အဲ့ဓားက ညီမရွှီ ဘာအတွက် သုံးမလို့လဲဆိုတာ သိချင်လိုက်တာ။]
[ သေချာတာတော့ အဲ့ဒါက အသီးတွေ အခွံနွှာဖို့တော့ မဟုတ်ဘူး။ သူတို့လို လူမျိုးတွေက အသီးလောက်ကတော့ ကိုယ့်ဘာသာ ခွာစားကြမယ့် သူတွေ မဟုတ်ဘူး။ အဲ့တော့ ဒါက ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းပဲ။ သူတို့မှာလည်း ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိကိုရှိရမယ်။ အဲ့ဓားက ဘာအတွက် သုံးလဲဆိုတာတော့ ငါလည်း မသိဘူး။ အဲ့ဒါက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်လည်း မဖြစ်နိုင်ဘူး။]
[ ငါသိပြီ။ အဲ့ဒါက သူဌေးမုကို ကာကွယ်ဖို့ ဖြစ်မယ်။ မြန်မြန်ပြောပြကြပါကွာ။ နှစ်ယောက်ထဲ ရှိချိန်ဆို မင်းယောက်ျားက ဝံပုလွေကြီး တစ်ကောင်မလို့လား။]
[ ညီမရေ။ ဒီကိစ္စကို ငါတို့ ဖြေရှင်းမှာပါ။ အရင်က မင်းတို့ ပေါ်လာတုန်းက ဥက္ကဌမုရဲ့ လည်ပင်းမှာ ချွန်ထက်တဲ့ ဓားနဲ့ ထိထားတဲ့ အရာတစ်ခု ဖြစ်ဖူးတယ်။ ပြီးတော့ ညီမရွှီရဲ့ နှုတ်ခမ်းတွေကလည်း နီရဲပြီး ရောင်နေတာ။ အဲ့ လူပြောများတဲ့ မြင်းကွင်းကို မှတ်မိကြသေးလား။ အခုက နောက်ကြောင်း ပြန်လှန်ရမယ့် အချိန်ပဲ။ သူ့ရဲ့ ဓားရှရာက ဒီဓားကြောင့်ပဲ။]
[ အဲ့အချိန်တုန်းက ဥက္ကဌမု ဘယ်လို ဒဏ်ရာရလာလဲ ဆိုတာကို ငါသိချင်နေတာ။ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ မင်းတို့နှစ်ယောက်တည်း ရှိတဲ့အချိန်ကျရင်တောင် စာလုံးစီတာလောက်တော့ ကစားနေမှာ မဟုတ်ဘူးမလား။ ဒါကြီးက တကယ့်ကို ရက်စက်တာပဲ။]