← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

လင်းဝမ်ရှုက ပြုံးကာ ပြောခဲ့သည်။ “ကျွန်မက အဝတ်အစား ဘရန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဥ်နေတာ။ ဒီလောကက အရမ်း အဆင်ပြေပြီး တိုးတက်နိုင်တဲ့ အလားအလာကောင်းတွေ ရှိတယ်။ ပြီးတော့ အဲ့ဒါက လွန်ခဲ့တဲ့ ခြောက်လကတည်းက အရှိန်ရနေပြီးတော့ တကယ့်ကိုလည်း အကျိုး အမြတ်တွေ အများကြီး ရှိတယ်လေ။”

ထိုစကားကို ပြောပြီးသည့်နောက် အားလုံး၏ အကြည့်များသည် ရွှီယန်ယုထံ ရောက်ရှိသွားခဲ့သည်။ အခု ရှိနေသည့် သူများသည် ရွှီယန်ယု၏ God's ဘရန်းမှာ အဆင့်မြင့် ဇိမ်ခံပစ္စည်းများ၏ ထိပ်တန်းနေရာတွင် ရှိနေကာ အဆင့်မြင့် ဇိမ်ခံပစ္စည်း လောကမှာလည်း အောင်မြင်နေခဲ့သည်။ တစ်နှစ် မပြည့်ခင်မှာတင် ထိုဘရန်းသည် အတော်လေး ကောင်းမွန်သည့် ရလဒ်များစွာကို ရရှိခဲ့သည်။ ထိုဘရန်း၏ အဓိက ထုတ်ကုန်မှာ အဆင့်မြင့် ဇိမ်ခံ အဝတ်အစားများ ဖြစ်သည်။ ထိုစကားကို ပြောပြီးသည့်နောက် ဦးတည်ချက်မှာ အလွန် ရှင်းလင်းနေကာ သူမပေါ်သို့ အားလုံးက မျက်စိကျလာခဲ့သည်။

“ဟုတ်ကဲ့။ ပြောရရင် မစ္စရွှီက တကယ်ကို အတွေ့အကြုံ ရှိတယ်လို့ ပြောဖို့ကတော့ အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။ သူမက ဒီဇိုင်းဆွဲတဲ့နေရာမှာလည်း အတော်လေးကို ပါရမီပါလွန်းပြီး တကယ့်ကို ဉာဏ်ကြီးရှင် တစ်ယောက်ပါပဲ။ အဲ့အဝတ်စားဘရန်း စထောင်မယ်ဆိုရင် ဘယ်သူကမှ သူမထက် ပိုပြီး အတွေ့အကြုံ မရှိကြဘူး။”

ထိုစကားကြောင့် ရွှီယန်ယုသည် ဘာစကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူမသည် God's၏ အောင်မြင်နေသည့် အကြောင်းအရင်းကို ပြောဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာကို သိသာနေခဲ့သည်။

“မစ္စရွှီကရော ဘယ်လို စီးပွားရေး အပိုင်းမျိုးမှာ ရင်းနှီး မြှုပ်နှံချင်လဲ ဆိုတာတော့ ကျွန်မ သိချင်မိတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောပြပေးနိုင်မလား။ ကျွန်မလည်း အတော်လေး စိတ်ဝင်စားမိလို့ပါ။” ရွှီယန်ယုက ဘာစကားမှ မပြောသည်ကို လင်းဝမ်ရှုက မြင်လိုက်သည့်အခါ ထပ်ပြီး မေးခဲ့သည်။

တစ်ဖက်လူက အလွန် စိတ်ဝင်စားနေဟန် ရှိသည်။ ထိုနေရာတွင် ရှိနေသည့် သူတိုင်းသည် သာမန်လူများ မဟုတ်သော်လည်း သူတို့ထဲက တစ်ယောက်ကမှ နှစ်ဝက်အတွင်းမှာ ဘရန်းတစ်ခုကို တည်ထောင်ပြီး အံ့ဩစရာများကို ဖန်တီးနိုင်မှာ မဟုတ်သည်ကိုတော့ ပြောနိုင်သည်။ ထိုအရာမှာ အချိန်တိုအတွင်း God's ကဲ့သို့ အောင်မြင်သည့် ရလဒ်များ ရရှိဖို့အတွက် မဖြစ်နိုင်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။ အခြားသူ တစ်ယောက်သည် အစတွင် ကောင်းနေခဲ့သော်လည်း စတင်သည့် နေရာမှာ တူညီနေခဲ့ပါက သူတို့သည် သူမလိုမျိုး နိုင်ငံတကာ အဆင့်ထိတော့ ရောက်ရှိနိုင်မည် မဟုတ်ပါ။

ထိုအရာကပဲ လူတွေကို မော်ကြည့်စေခဲ့ခြင်း ဖြစ်သည်။

ရွှီယန်ယုသည် ခနတာလောက် တွေးခဲ့ပြီးနောက် ပြောလိုက်သည်။ “ကျွန်မရဲ့ နောက်ထပ် ခြေလှမ်းက ထိပ်တန်း အဆင့်ရှိတဲ့ အလှကုန်ပစ္စည်းတွေအပြင် အလှအပနှင့် ဆေးဘက်ဆိုင်ရာ သုတေသနနဲ့ တိုးတက်မှုတွေအတွက် ရင်းနှီးမြှုပ်နှံဖို့ပါ။”

“ကျွန်မက အရမ်းကြီးတော့ ယုံကြည်မှု မရှိပါဘူး။ အခုချိန်မှာက အဲ့လို စီးပွားရေးတွေက အများကြီး ရှိနေတာလေ။ အဲ့ဒါတွေက အရမ်း လူကြိုက် များနေပေမယ့်လည်း သူတို့က အကောင်းဆုံးတော့ မဖြစ်လာနိုင်ကြဘူးလေ။ ဘာလို့လဲဆိုတော့ ပထမဆုံး စရမယ့် နေရာက အရမ်းမြင့်နေလို့ပဲ။ ပြီးတော့ သူတို့တွေက လုံခြုံရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေက မထင်သလို ပေါ်လာတတ်တဲ့အပြင် မမြင်ရတဲ့ ပြဿနာကြီးတွေကလည်း ရှိနေသေးတာမလို့ပါ။”

ချမ်းသာတဲ့ သူတွေက ပိုက်ဆံ ရှာချင်တယ် ဆိုပေမယ့်လည်း သူတို့က အားလုံးကိုလည်း ဘေးကင်းစေချင်ကြသည်။ တကယ်တော့ ဒီစီးပွားကေ ပထမဆူံးသော ရွေးချယ်မှုတော့ မဟုတ်ပေ။ တကယ်လို့ တစ်ခုခုသာ လွဲချော်သွားရင် တည်ထောင်တဲ့သူရဲ့ နာမည်ကပါ အလွယ်လေး ပျက်တီးသွားနိုင်သည်။ ပြီးနောက် အဲ့လို နာမည်ဆိုးကို ဖျောက်ဖျက်ပစ်ဖို့က နှစ်ငါးဆယ်လောက် အချိန်ယူရလိမ့်မည်။

အရင်က ဥပမာ သာဓကများစွာ ရှိခဲ့ဖူးပြီး လူတွေက အခုထိကို ဝေဖန်နေကြဆဲ ဖြစ်သည်။

ရွှီယန်ယုသည် ဘာကိုမှ မရှင်းပြဘဲ ပရိုဂရမ် အဖွဲ့သားများကို ကော်ဖီတစ်ခွက် ပေးဖို့အတွက် လက်ယမ်းပြကာ တောင်းဆိုခဲ့သည်။ သူမသည် အလွန် တည်ငြိမ်နေကာ ဒီလောကနှင့်လည်း အရမ်းကို နေသားကျနေသည်မှာ သိသာနေခဲ့သည်။

သူမက ကော်ဖီအကြောင်း ပြောသံကြားလိုက်သောအခါ လျန့်ဖန်ကွေ့သည် ရုတ်တရက် ထပြောခဲ့သည်။ “ခနလေး နေပါဦး။ မစ္စရွှီရဲ့ ကော်ဖီက သကြားပဲ ထည့်မှာ၊ နို့မထည့်ဘူးနော်။ အပူချိန်ကလည်း ၅၅ဒီဂရီလောက်ပဲ ရှိသင့်တာ။ ပြီးတော့ သူမက Molokai ကိုကြိုက်တာ။ ကျွန်တော်က အရင်က သူမရဲ့ live တွေကို ကြည့်ဖူးတော့ သူမရဲ့ အကျင့်တွေကို မှတ်ထားတာလေ။ ဒီရှိုးပွဲအတွက်တော့ Molokai ကော်ဖီကို ကျွန်တော်ကပဲ ဒကာခံပါ့မယ်။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ကျွန်တော်သိတဲ့ ကော်ဖီတွေထဲမှာ ဒါကတော့ အရသာ အကောင်းဆုံးပဲ။ အားလုံးလည်း သောက်ကြည့်လို့ ရပါတယ်။”

ရွှီယန်ယုက သူ့ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီး ခေါင်းငြိမ့်ကာ ပြုံးရင်း ပြောခဲ့သည်။ “ ကျေးဇူးတင်ပါတယ်။”

“ ရပါတယ်ဗျာ။ မင်း ကြိုက်ရင် ရပါပြီ။”

ထိုစကားကို ပြောပြီးသည့်နောက်တွင် အင်တာနက် အသုံးပြုသူများက ပရမ်းပတာ ဖြစ်သွားခဲ့သည်။

[ အား။ မစ္စတာမုရေ။ တစ်ယောက်ယောက်ကတော့ မင်းရဲ့ မိန်းမကို ခိုးချင်နေပြီ။ ညီမရွှီရဲ့ အကျင့်တွေကို မင်းက ဘယ်လိုဖြစ်လို့ သေသေချာချာ မှတ်မိနေရတာလဲ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါတို့ကို ပြောစမ်းပါ။]

[@@ မစ္စတာမု၊ ဒီရှိုးပွဲမှာ မင်းသာ မပါဘူးဆိုရင် မင်းမိန်းမကို အခြားတစ်ယောက်က လုယူသွားတော့မယ်။ ဒါက အန္တရာယ် များလိုက်တာကွာ။ တစ်ယောက်ယောက်ကတော့ မင်းကို အမြင်ကပ်နေလောက်ပြီ။]

ရွှီယန်ယုရဲ့ ကော်ဖီခွက်က စားပွဲပေါ်ကို ရောက်လာတဲ့ထိ စောင့်ကြပါဦး။

လူတိုင်းက ကြည့်နေသည့် အချိန်အတွင်းမှာ ခုံပေါ်ရှိ သူမရဲ့ ဖုန်းမှ ရုတ်တရက်ဆိုသလို ထမြည်လာခဲ့သည်။

ခေါ်ဆိုသူကို အနီးကပ် ကြည့်လိုက်သောအခါ “မစ္စတာမု” ဖြစ်သည်။ သူမ၏ ဖုန်းသံမှာ တစ်စုံတစ်ယောက်က ဖုန်းထဲကနေ ဒေါသတကြီး လိုက်ဖမ်းနေသည့် ရင်တထိတ်ထိတ်နှင့် ကြောက်စရာ အသံမျိုး ဖြစ်သည်။

အင်တာနက် အသုံးပြုသူများက တုန်လှုပ်သွားကာ ကောမန့်များကို စပြီးရေးလာကြသည်။

[ သူဌေးမု ဖုန်းခေါ်တာပဲ။ ရှူရာ ပွဲကတော့ သွားပြီပဲ။]

[ ဒီ live ကို မစ္စတာမုက တစ်ချိန်လုံးများ ထိုင်ကြည့်နေမလားဆိုတာ ငါ သိချင်မိတယ်။ အဲ့လိုမှ မဟုတ်ရင် ဒီဖုန်းက အချိန်ကိုက် ဝင်လာပါ့မလဲ။ သူက ညီမရွှီရဲ့ လုပ်သမျှအားလုံးကို စိတ်ဝင်စားလွန်းနေတာပဲ။ သူက ငါတို့ထက်တောင် ပိုပြီး သဘောကျနေသေးတယ်။]

[ ငါကတော့ မကောင်းတဲ့ ပရိတ်သတ် ဖြစ်နေတုန်းပါပဲ။ ဒီလိုဖြစ်နေတာကို အရမ်း သဘောကျတာပဲ။ ဥက္ကဌမုက ဒီမှာ ရှိမနေသလို သူ့ရဲ့ ဖြစ်တည်မှုကိုလည်း မမြင်ရဘူး။ ဒီရှိုးကတော့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပြီ။ တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းမယ့် ပုံပါပဲ။]

[ ငါ့အထင် မစ္စတာမုတော့ စိုးရိမ်နေရတော့မယ်။ သူကတော့ ရွှီယန်ယုကို မြန်မြန် ခေါ်နေပြီ။ ဘာလို့ဆို သူ့မိန်းမကို သူများလုသွားမှာ ကြောက်လို့လေ]

[ ငါ့အထင်တော့ ဧည့်သည် လျန့်ဖန်ကွေ့နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေပြီ။ ဥက္ကဌမုအတွက်က စိုးရိမ်နေတယ်ဆိုတာက ပုံမှန်ပဲလေ။ ပြီးတော့ သူက ဘီလီယံနာ တစ်ယောက်ဖြစ်ပြီး အရမ်းကို ညှို့အား ကောင်းတယ်လေ။ အဲ့ဒါကြောင့်ပဲ ဥက္ကဌမုက ဘေးကျပ်နံကျပ် ခံစားနေရတာလေ။]

ရွှီယန်ယုသည် ဖုန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေကြားခဲ့သည်။ “ ဟဲလို။”

“ ဒါနဲ့၊ မင်း ဘာတွေလုပ်နေလဲ။”

နောက်ထပ် ဖုန်းတစ်လုံးထဲမှ အလွန် ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ယောက်ရဲ့ အသံတစ်သံ ထွက်လာကာ မုချောင်ယွင်က သူသိပြီးသား အဖြေတစ်ခုကို မေးခွန်း ထုတ်နေသည်ကို ချက်ချင်း သတိထားမိခဲ့သည်။

“ ကျွန်မ ရှိုးတစ်ခုမှာ ရိုက်ကူးရေး လုပ်နေတာလေ။”

မုချောင်ယွင်က ညင်ညင်သာသာဖြင့် ပြောခဲ့သည်။ “ကိုယ် သိပ်မကြာခင်ကပဲ Hawaiian Mao Molokai ကော်ဖီ စိုက်တဲ့ နေရာတွေ အကုန်လုံးကို ဝယ်လိုက်ပြီ။ ကိုယ် မင်း အတွက် ထူးခြားတဲ့ ကော်ဖီ ဘရန်းတစ်ခုကို လုပ်ပေးနိုင်တယ်။ မင်း အဲ့အရသာကို မြည်းကြည့်ရင် ပြီးပြည့်စုံတဲ့ ကမ္ဘာ့ထိပ်တန်း အရသာသာမျိုးကို ခံစားသွားစေရမယ်။ ဒီလိုနည်းနဲ့ မစ္စရွှီက ကြုံလေရာ ကော်ဖီမျိုးကို ကြိုက်တော့မှာ မဟုတ်ဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ ရွှီယန်ယုက ပြုံသွားခဲ့သည်။ သူမရဲ့ လှပတဲ့ မျက်နှာလေးတွင် လေးနက်သော အဓိပ္ပါယ်တစ်ခု ရှိနေခဲ့သည်။ သူမလည်း ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ “ဟုတ်ပါပြီ။”

ထို့နောက် မုချောင်ယွင်သည် စိတ်ကျေနပ်စွာဖြင့် ပြုံးခဲ့သည်။ ဖုန်းချလိုက်ပြီးနောက်တွင် သူသည် အတော်လေး စိတ်အဆင်ပြေသွားသည်ကို ခံစားခဲ့ရသည်။ သူတို့နှစ်ယောက်သည် တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် စကားကြာကြာ မပြောခဲ့ကြသော်လည်း ထိုအရာကို အင်တာနက် အသုံးပြုသူများက စိတ်ဝင်စားခဲ့ကြကာ အတော်လေးလည်း ပျော်ရွှင်နေပုံ ရသည်။

ပြီးတော့ ဒါ ညီမရွှီက ဥက္ကဌမုကို တစ်ခုခု ပြန်ပြီး တုံ့ပြန်လိုက်ပုံရတယ်။ အဲ့ဒါက ဘာများ ဖြစ်နေလဲ။ အဲ့ဒါက အခုလေးတင် ပြောနေကြတဲ့ ကော်ဖီခွက်နဲ့ ရာနှုန်းပြည့် ပတ်သက်နေမယ်လို့ အင်တာနက် အသုံးပြုသူတွေက ထင်နေခဲ့ကြတာ။

ဖုန်းခေါ်လိုက်တဲ့ အကြောင်းပြချက်ကလည်း ဒါကြောင့်ပဲ ဖြစ်မယ်ထင်တယ်။ သူမပြောလိုက်တဲ့ စကားအရ သူတို့က ညီမရွှီရဲ့မျက်နှာကနေ အကြောင်းရာ အချို့ကို ရှာဖွေဖို့ ကြိုးစားနေကြတယ်။

လျန့်ဖန်ကွေ့၏ ပုံစံမှာ ပရိုဂရမ် ရိုက်ကူးရေး အဖွဲ့မှ ယူဆောင်လာသော ကော်ဖီခွက်များကို ကြည့်နေကာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။ ထို့နောက် အခြား ဧည့်သည်များက သောက်သုံးခဲ့ကြသည်။

လင်းဝမ်ရှုက အဓိပ္ပါယ်ပါပါ ပြောခဲ့သည်။ “ ဒီအရသာက ကောင်းလိုက်တာ။ မစ္စရွှီက တကယ့်ကို လှလွန်းတာပဲ။”

လျန့်ဖန်ကွေ့က သူ့ရဲ့ စကားလမ်းကြောင်းကို လွှဲလိုက်သည်။ “မစ္စရွှီလည်း ကော်ဖီကို မြည်းကြည့်ပါ။”

ရွှီယန်ယုက ဘာမှ မတုံ့ပြန်ဘဲ ရုတ်တရက် ပြောခဲ့သည်။ “သူဌေးမုက ပြောတယ်။ သူ ဒီအပိုင်းကို ကြည့်နေတယ်တဲ့။ ပြီးတော့ သူ့ရဲ့ဘဝမှာ ဒီလိုကောင်းတဲ့ အရသာမျိုးကို မြည်းကြည့်ချင်နေသလို ဒီကော်ဖီ စီးပွားရေးထဲမှာလည်း ရင်းနှီးမြှုပ်နှံပြီး ကျွန်မအတွက် ကော်ဖီ ဘရန်းတစ်ခုကိုလည်း လုပ်ပေးချင်နေတာလေ။ ဒီကိစ္စက အခုမှ စီစဥ်နေတုန်းပဲ ရှိပါသေးတယ်။ သူကဒီလောက်ထိ စိတ်ကူး ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

“….”

[ ဘာအသံမှ မထွက်ဘဲနဲ့ သူ့ယောက်ျားနဲ့ သူမကိုယ်သူမ နယ်ပယ်အစုံမှာ ကျွမ်းကျင်တယ်ဆိုတာကို ပြောပြလိုက်တာပဲ။ ညီမရွှီက တော်တော်လေး တော်ပြီး လေးစားဖို့ ကောင်းလိုက်တာ။]

[ မစ္စတာမု မင်း တကယ်ပြောနေတာလား။ မင်းမိန်းမက ကော်ဖီသောက်ရတာ ကြိုက်တယ်ဆိုပြီး သူမကို ပျော်အောင် ဘရန်းတစ်ခု လုပ်ပေးတာပေါ့။ အနာဂတ်မှာ သူမက ကိုယ့်ဘာသာ ကော်ဖီထုတ်ပြီး အလတ်ဆတ်ဆုံးနဲ့ အရည်အသွေးကောင်းတဲ့ ကော်ဖီစေ့တွေကို အချိန်မရွေး နေရာမရွေး သောက်လို့ရပြီလို့ ဆိုလိုလိုက်တာမလား။ ဒါမျိုးက ကော်ဖီကြိုက်တဲ့ သူတွေအတွက်တော့ အတော်လေးကို ပျော်နေရတော့မှာ။]

[ မစ္စတာမုက သူအလိုလိုက်ထားတဲ့ မိန်းမအတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်တာပဲ။ ငါတို့ ဆိုလိုတာက သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ ကမ္ဘာ့အကောင်းဆုံး နေရာကိုသာမက သူ့မိန်းမကိုချစ်တဲ့ အချစ်တွေကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်နေတယ် ဆိုတာပဲ။]

[ မစ္စတာမုရဲ့ လုပ်ရပ်က လူကြီးလူကောင်း တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်မျိုးကို ချက်ချင်းသလိုပဲ မြင့်တက်သွားတာ။ သူ့နဲ့ ချစ်ခြင်းမှာ လာပြိုင်နဲ့သူတွေကို တည်တည်ငြိမ်ငြိမ် သွေးအေးအေးနဲ့ တုံ့ပြန်လိုက်တာမျိုးက လေ့လာရကျိုး နပ်လိုက်တာ။]

ထိုစကားကို ပြောပြီးနောက် သူသည် ဘေးနားက ကော်ဖီခွက်ကို တစ်စက်မှ မထိခဲ့ပါ။ လျန့်ဖန်ကွေ့သည် စကားရဲ့ အဓိပ္ပါယ်ကို နားလည်ပြီးသား ဖြစ်သည်။ သူသည် ဘာခံစားချက်မှ မပြခဲ့သော်လည်း သူသည် ဖုန်းကို မှုန်သုန်သုန်ဖြင့် ကြည့်နေကာ အနည်းငယ် တိတ်ဆိတ်နေခဲ့သည်။

လျှိုကျိတင်းသည် အံ့အားသင့်စွာဖြင့် တီးတိုးပြောခဲ့သည်။ “ ကော်ဖီစီးပွားရေး။ ဥက္ကဌမုက Molokai ကော်ဖီကို အဲ့လောက် မကြိုက်ဘဲနဲ့ ရွှီယန်ယုအတွက် ကော်ဖီဘရန်းတစ်ခု လုပ်ပေးချင်နေတာက အရမ်းကို စိတ်ကူးကောင်းတာပဲ။ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို အားကျဖို့ ကောင်းလိုက်တာ။”

သူ့ဘေးရှိ လူများက စိတ်ရှုပ်စွာဖြင့် ကြည့်နေခဲ့ကာ ဘာတွေးရမလဲတောင် မသိကြတော့ပါ။ လင်းဝမ်ရှုက ရုတ်တရက် ပြောခဲ့သည်။ “ ဒါက တကယ့်ကို တွေးတတ်ပြီး ရင်ထဲကို ထိသွားတာပဲ။ ဒါပေမယ့် ဒါက အရမ်းကြီး သတိလက်လွတ် ဖြစ်မနေဘူးလား။ ကော်ဖီစီးပွားရေးက အမြဲ စီးပွားဖြစ်မဟုတ်ဘဲ ဝါသနာအရပဲ လုပ်ကြတာ။ အခုချိန်မှာ ဒီစီးပွားရေးက အရမ်း အလုပ်မဖြစ်ဘူးလေ။ ဒါက တင်ပို့ဖို့တွေ ထိန်းသိမ်းဖို့တွေက လွယ်တာမဟုတ်ဘူး။ အဲ့မှာသာ မင်း သွားပြီး ရင်းနှီးလိုက်ရင် လွယ်လွယ်လေး အရှုံးပေါ်သွားလိမ့်မယ်။”

“အဲဲဒါအတွက်တော့ စိတ်မပူပါနဲ့ မစ္စလင်းရယ်။”

ရွှီယန်ယုက ထိုစကားကို တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်မှာ အခြားသူတစ်ယောက်၏ စီးပွားရေးကို ဝင်ရောက် စွက်ဖက်ကာ အပြစ် တင်ချင်နေသော လင်းဝမ်ရှုအား ပြန်လည် တုံပြန်ဖို့အတွက် ပြင်ဆင်းပြီးသား ဖြစ်နေသည့် ပုံစံမျိုး ဖြစ်သည်။

လင်းဝမ်ရှုကို ကြည့်ရတာ မပျော်တဲ့ပုံဖြစ်နေကာ အခြား ဧည့်သည်များ၏ အသိမှတ်ပြုခံရဖို့ကို ကြိုးစားနေခဲ့သည်။ သူမသည် လျှိုကျိတင်းကို အရင်ဆုံး ကြည့်လိုက်ကာ “မစ္စလျှို၊ ပြည်တွင်းက ကော်ဖီလုပ်ငန်းစုရဲ့ ခေါင်းဆောင်က ပိုင်တ ကော်ဖီအဖွဲ့က ဖြစ်သင့်တယ်ဆိုတာကို ငါမှတ်မိပြီ။ အဲ့လုပ်ငန်းစုက မင်းတို့ ကုမ္ပဏီနဲ့ ဆက်စပ်ပြီး လုပ်ဖို့ရှိတယ်ဆိုတာ ဟုတ်တယ်မလား။ မင်းကရော ကော်ဖီစီးပွားရေးကို စိတ်ဝင်စားလို့လား။”

လျှိုကျိတင်းက ခေါင်းခါပြလိုက်ကာ။ “ပူးပေါင်း ဆောင်ရွက်ဖို့တွေ ရှိနေရင်တောင်မှ ကျွန်မက ကော်ဖီ စျေးကွက်နဲ့ ပတ်သက်ပြီး ဘာမှ သိပ်မသိဘူးဆိုတော့ ကျွန်မက ဘာကိုမှ ကောက်ချက်ချလို့ မရဘူးလေ။”

ထိုစကားမှ အဆက်အစပ် ရှိသော်လည်း လျှိုကျိတင်းက ဒီလိုစီးပွားရေးမျိုးမှာ ဘယ်တော့မှ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ကြောင်းကို လင်းဝမ်ရှုတစ်ယောက် အလိုလို နားလည်သွားခဲ့သည်။ ထို့အပြင် သူမသည် ထိုစီးပွားရေးအပေါ် လွယ်လင့်တကူ အကောင်းမြင်လာမည် မဟုတ်ပါ။

လင်းဝမ်ရှု ဆက်ပြောခဲ့သည်မှာ “ဒီလို ရင်းနှီး မြှပ်နှံတဲ့ လောကမှာ အတားခံရဆုံး အရာက စိတ်လိုက်မာန်ပါ လုပ်တတ်တာကိုပဲ။ အဲ့ဒါကြောင့် မဆင်မခြင် မလုပ်မိကြမဲ့နော်။ ငွေရေးကြေးရေးကတော့ ပြဿနာ တစ်ခု မဟုတ်ပေမယ့် အဲ့လိုလုပ်ရပ်တွေက မင်းတို့ရဲ့ ဂုဏ်သိက္ခာကိုလည်း လာပြီး သက်ရောက်လိမ့်မယ်။”

ရွှီယန်ယုသည် ဘာစကားမှ မပြောဘဲ သူမကို ကြည့်လိုက်သော်လည်း ရွှီယန်ယု၏ မျက်လုံးများမှာ သူမကို အာရုံမစိုက်နေခဲ့ပေ။ ထို့အပြင် သူမကို အချိန် အတော်ကြာအောင်တောင် ကြည့်မနေခဲ့ပါ။

တစ်ဖက်က ပြောနေသော အရာများသည် ဘာသက်ရောက်မှုမှ မရှိနေပုံ ရသည်။

လင်းဝမ်ရှုသည် အနည်းငယ် ရှက်သွားခဲ့ကာ သူမ၏ မျက်နှာမှာ ပျက်သွားခဲ့သည်။

လျန့်ဖန်ကွေ့က ခနတာ တိတ်ဆိတ်နေပြီး တစ်ယောက်နှင့် တစ်ယောက် ယှဥ်ပြိုင်နေကြဟန် ရှိသည်။ “မစ္စတာမုက အမြင်တော့ရှိသားပဲ။ ကျွန်တော်လည်း ကော်ဖီလုပ်ငန်းတစ်ခုခုမှာ ရင်းနှီးချင်နေတာလေ။ Hawaii ကော်ဖီက နိုင်ငံတကာမှာ အောင်မြင်နေပြီးတော့ နဂိုကတည်းက လူကြိုက်များနေတာလေ။ Molokai ကော်ဖီကတော့ ကမ္ဘာပေါ်မှာ မစ္စရွှီအကြိုက်ဆုံး ကော်ဖီထဲက တစ်မျိုးပဲ။ အဲ့ဒါက အရသာ အကောင်းဆုံး ဖြစ်နေကတည်းက ဘာမှတောင် အားစိုက်ထုတ်စရာ မလိုဘဲ အကောင်းဆုံးဆိုတဲ့ စျေးကွက်ထဲကို ရောက်လာတာလေ။ မစ္စတာမုသာ အဲ့စီးပွားရေးကို အရင်လုပ်ဖြစ်သွားရင် ကျွန်တော်တော့ အဲ့က ရှယ်ယာ တစ်စုလောက်တောင် ရနိုင်ပါဦးမလားဆိုတာ မသိတော့ပါဘူးဗျာ။”

ထို့နောက် သူသည် သူ၏လက်ထောက်ကို ပြည်တွင်းက ကော်ဖီစျေးကွက်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို ပြင်ဆင်ဖို့ ပြောခဲ့ပြီး သူစပွန်ဆာ ပေးထားသော Molokai ကော်ဖီ တင်သွင်းသည့်သူကို ဆက်သွယ်ခဲ့သည်။

[ ဝိုး လျန့်ဖန်ကွေ့က တကယ်ကို ရိုင်းတာပဲ။ သူက စစ်ပွဲကို ကြေညာတော့မလို့လား။ သူက တကယ်ရော ကော်ဖီ စီးပွားရေးထဲမှာ ရင်းနှီးချင်ရုံပဲလား။ သူ့မှာ အခြား ရည်ရွယ်ချက်တွေ ရှိနေတယ်နော်။ သူ့ကြည့်ရတာ လက်လျှော့မယ့်ပုံတော့ မပေါ်နေဘူး။]

[ မစ္စတာလျန့်က စီးပွားရေး လောကမှာ ယှဥ်ပြိုင်ရ ခက်တဲ့ ပြိုင်ဘက် တစ်ယောက်ပဲ။ ဒီစီးပွားရေးထဲကို ပါဝင်လာဖို့ဆိုတာက မဖြစ်နိုင်ပါဘူးကွာ။]

All Chapters