← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

တစ်ချိန်တည်းမှာပဲ လင်အန်းသည် သူ့သူဌေး၏ ဂုဏ်ယုနေတဲ့ အရိပ်အယောင်ကို စိတ်ဝင်မစားဟန်ဖြင့် ကြည့်မိခဲ့သည်။

လက်ထောက်တစ်ယောက်အနေဖြင့် လုပ်ခဲ့ရသည့် သက်တမ်းတစ်လျှောက်တွင် သူ့သူဌေး၏ ပုံစံကို သူ့စိတ်ထဲတွင် အပြန်အလှန် စကားပြောသည့်ပုံစံဖြင့် အလိုလို အကောင်အထည် ဖော်မိခဲ့သည်။

“ဒီလို မင်းကို ဆိုးဆိုးရွားရွား ပြုံးအောင်လုပ်တာက မလုံလောက်သေးဘူး။”

အခြား စီးပွားရေး သဘောတူညီမှုတွေက အောင်မြင်သွားလို့များ ဖြစ်နိုင်မလား။

ဒါပေမယ့် အဲ့လိုပုံစံမျိုးနဲ့လည်း မတူပါဘူး။

လင်အန်းသည် သူ့သူဌေး၏ ပုံစံသည် တစ်ခုခုကို အောင်မြင်ခဲ့သည့် ပုံစံမျိုးဖြစ်သည်ကို ခံစားမိခဲ့သည်။

ရွှီယန်ယုသည် ထိုစာကို ပြန်ပြီးသည့်နောက်တွင် အင်တာနက် အသုံးပြုသူများက ထပ်မံ အထိန်းအကွပ် မဲ့သွားကြသည်။ နောက်ဆုံး တစ်ခေါက်တုန်းက မုချောင်ယွင်မှာ သူမအတွက် စာချန်ခဲ့သူဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ သူမက မုချောင်ယွင်အတွက် စာချန်ခဲ့သူ ဖြစ်သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် လားရာနှစ်ခုလုံးတွင် ပြေးလွှားနေခဲ့ကြသည်။ ဘယ်လို ကြည်နူးဖို့ကောင်းတဲ့ အရာမျိုးကို နေရာတိုင်းမှာ ထားခဲ့ရတာလဲ။

မိဘနှင့်ကလေး အားကစားပွဲနေ့သည် မကြာခင် ရောက်ရှိလာခဲ့သည်။ ထိုပွဲကို ဒီတစ်ပတ် ပိတ်ရက်တွင် အချိန်သတ်မှတ်ထားခဲ့သည်။ စာရင်းသွင်းထားသော မိဘများက သူတို့ကလေးများကို ကြီးကျယ်လှသော ဂေါက်ကွင်းထဲသို့ ဂေါက်ရိုက်ကစားရန် ခေါ်လာခဲ့ကြသည်။

တကယ်တော့ ထို နောက်ခံကောင်းသော မိဘများက အစပိုင်းတွင် စိတ်ဝင်စားမျို မရှိခဲ့ပါ။ သို့သော် ရွှေများဝန်းရံထားသော ဂေါက်ကွင်းအကြောင်းကြောင့် သူတို့အားလုံး အပြေးအလွှား ရောက်လာခဲ့ကြသည်။ ထို့ပြင် မိဘ နှစ်ယောက် သုံးယောက်ရှိသော မိသားစုတွေကလည်း အတူတကွ ရောက်လာခဲ့ကြသည်။

ဒီလို တက်ကြွဖို့ကောင်းတဲ့အရာက မထင်မှတ်ထားလောက်အောင် ကောင်းမယ်လို့ မထင်ထားမိပေ။

တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဝင်ဖို့အတွက်လည်း စတင်ခဲ့သည်။ အင်တာနက် အသုံးပြုသူများ ဝင်ရောက်လာသည့်နှင့် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဂေါက်တံကို အိတ်ထဲမှ ထုတ်လိုက်သည့် ရွှီယန်ယုကို မြင်ခဲ့ရသည်။ ပင်ပေါင် ဘောလုံးအရွယ်ရှိသော ကျောက်စိမ်းကို လက်ကိုင်၏ အဆုံးတွင် ဒီဇိုင်ဖော်ထားသည်။ ဂေါက်တံ၏ အူတိုင်ကို စတီးဖြင့်ပြုလုပ်ထားသော်လည်း အပြင်ပိုင်းကိုတော့ ကျောက်စိမ်းဖြင့် ပြုုလပ်ထားသည်။ ထို တောက်ပလွန်းတဲ့ အစိမ်းရောင်မှာ လွန်စွာ တန်ဖိုးကြီးလှပုံရှိသည်။ အင်တာနက် အသုံးပြုသူများသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဂေါက်တံမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ထိုနေရာတွက် ဂေါက်ရိုက်ရန် ကျောက်စီထားသော အဖွဲ့၊ စိန်စီထားသော အဖွဲ့ စသည်ဖြင့် အသီးသီးဖွဲ့စည်းထားသော ကလပ် သုံးခုရှိသည်။ ဂေါက်သီးကို မရိုက်ခင် ထို ဂေါက်အဖွဲ့များသည် ရတနာများကို ရှာဖွေ စုဆောင်းရမည်။

အင်တာနက် အသုံးပြုသူများသည် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် ကြည့်ကာ ထိုအရာများက သူတို့ကို အသဲကွဲသလို ခံစားရအောင် လုပ်နေခဲ့သည်။ ဒီလို တန်ဖိုးဖြတ်မရတဲ့ ဂေါက်ရိုက်ကလပ်သာ ပျက်ဆီးသွားတာကို မြင်ရရင် ဘယ်လောက်တောင် နာကျင်ဖို့ ကောင်းလိုက်မလဲ။

သူမသည် မုရှောင်နှင့် မုချောင်ယွင်ကို တစ်ဖက်ကကြည့်နေခဲ့ကာ နောက်ဆုံးတွင် မုချောင်ယွင်၏ ပုံစံမှာ တဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့မြင်နေခဲ့ရသည်။ ထို့နောက် မုရှောင်ကို ပြန်ကြည့်ခဲ့သည်။

“ ဒါက သားအတွက်။ ဖွင့်ကြည့်လိုက်ဦး။ ”

“ ကျေးဇူးပါ အမေ။”

မုရှောင်သည် စိတ်လှုပ်ရှားစွာ ယူခဲ့ပြီး ပါဝင်သည့် အရာများကို ဖွင့်ကြည့်ဖို့ရန် မစောင့်နိုင်တော့ပါ။ ထိုအထဲတွင် အကာအကွယ် ပစ္စည်း အပြည့်အစုံကို တွေ့ရှိခဲ့ရသည်။ ပြုလုပ်ထားသော ပစ္စည်းမှာ အလွန်ကောင်းပြီး ထိရတာ သက်တောင့်သက်သာရှိသည်။ ထို့ပြင် ဒီဇိုင်းမှာလည်း အလွန် လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်သည်။

တံဆိပ်၏ ဒီဇိုင်မှာလည်း အတော်လေး ထူးခြားကာ အဖြူရောင် ကြောင်လေးတစ်ကောင်ကာ ပန်းရောင် မက်မွန်သီးတစ်လုံးကို ကိုင်ထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီယန်ယု၏ ဘောပင်အောက်တွင် ကြောင်ပုံစံလေးမှာလည်း အသက်ဝင်လျက် ရှိသည်။ ထိုအရာကပဲ လူအများ၏ နှလုံးသားများကို အရည်ပျော်စေခဲ့သည်။

ဒီကြောင်နဲ့ မက်မွန်သီးပုံစံ ဒီဇိုင်းက ကိုယ့်ဘာသာ ဒီဇိုင်းဆွဲထားတာ ဟုတ်တယ်မလား။ ဒါက ကိုယ်တိုင်လုပ်ထားတဲ့ အရာတစ်ခုပဲ ရောင်းဖို့မဟုတ်ဘူး။

ထိုထဲတွင် လက်ကောက်ဝတ် ပတ်တဲ့ဟာတွေ၊ ခါးပတ်တွေ၊ ဒူးစွပ်တွေ၊ ခြေကျင်းဝတ်စွပ်တဲ့ဟာတွေ ပါရှိသည်။ ကြောင်နှင့် မက်မွန်သီးပုံစံ တစ်ခုချင်းစီတိုင်းတွင် မတူညီသည့် ပုံစံ တစ်မျိုးစီရှိကာ တကယ့်ကို အတွေးကောင်းလှသည်။

ရိုးသားမှုသည် အမြဲတမ်း လူတွေရဲ့ နှလုံးသားကို ဆုပ်ကိုင်နိုင်သည်။

မုရှောင်အတွက် အထူးပြုလုပ်ထားသော ပုံစံကို မုချောင်ယွင်လည်း မြင်ခဲ့သည်။ ထို့နောက် ထိုအားကစားလုပ်ရာတွင် အကာအကွယ်ပေးသည့် ပစ္စည်းများကို သူတို့မွေးထားသော ကြောင်လေး၏ ပုံစံအသေးစိတ်ဖြင့် ပြုလုပ်ထားသည်။

ဒါက အားကစားပွဲထဲမှာပဲ ရှိနေသေးတယ်။

သူက ခနလောက် တိတ်ဆိတ်နေပြီး ရုတ်တရက် ရွှီယန်ယုကို ကြည့်နေခဲ့သည်။

ရွှီယန်ယုက သူ့ကိုကျ ဘာလက်ဆောင်မှ ပေးဖို့အတွက် စိတ်ကူးမရှိတာကို တွေ့လိုက်ရသည်။ ပြီးတော့ သူ့ရင်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေ ရှိနေသည်။ သူမ သူ့ကို ဘာလက်ဆောင်မှ ပေးဖို့ အစီစဥ် မရှိတာက ဖြစ်နိုင်ပါ့မလား။

အင်တာနက် အသုံးပြုသူများလည်း တွေ့ရှိခဲ့ရပြီး ကောမန့်များမှာ ရယ်သံများအဖြစ်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ “ ဒါကြီးက အရမ်းရယ်ရတာပဲ။ ညီမရွှီက သူ့ကို လက်ဆောင်ပေးဖို့အတွက် တကယ်ကြီးကို ဘာအစီအစဥ်မှ မရှိဘူးပဲ။”

ရွှီယန်ယုကိုကြည့်နေသော မုချောင်ယွင်၏ အကြည့်ကြောင့် မုရှောင်သည် ဘေးနားရှိ ပတ်ဝန်းကျင်တစ်ခုလုံးက အေးခဲနေသလို ခံစားနေရသည်။

သူ့အဖေရဲ့ အရှိန်အဝါက တော်တော်လေးကို အေးတိအေးစက်နဲ့ ခပ်တန်းတန်း နေတတ်တဲ့ ပုံစံပင်။ သူ စိတ်မကြည်တဲ့ အချိန်မျိုးဆိုရင်တော့ အန္တရာယ်တော့ များပြီ။ အခုချိန် သူတို့အတွဲ အနောက်မှာ ရပ်နေရတာက အတော့်ကို စိတ်ဆင်းရဲဖို့ ကောင်းတာပဲ။

ရွှီယန်ယုက သူမရဲ့ နူးညံ့ညှင်သာတဲ့ အပြုံးလေးကို ဆက်ထိန်းထားဆဲ ဖြစ်သည်။ အထူးသဖြင့် သူမက မုရှောင်ကို ကြည့်လိုက်တဲ့အခါ သူမရဲ့ မျက်ဝန်းတွေက ကြင်နာနွေးထွးမှုများ ရှိနေခဲ့သည်။ မုရှောင်ယွင်ရဲ့ အေးတိအေးစက် ဖြစ်နေတဲ့ အရှိန်အဝါတွေက သူမအပေါ်ကို သက်ရောက်မှု မရှိသည့်အတွက် ထိုအရာအားလုံးတို့ကို သူမ မခံစားခဲ့ရပါ။

ထို့ကြောင့် မုရှောင်သည် ထိုအရှိန်အဝါ နှစ်ခုကြားတွင် ညပ်နေခဲ့ပြီး စိတ်မသက်မသာ ခံစားနေခဲ့ရသည်။

ထိုအချိန်တွင် သူသည် တစ်ခုခု ပျောက်ဆုံးနေခဲ့သလို ခံစားခဲ့ရသည်။ ထိုအရာမှာ သူ့အမေသည် သူ့အတွက်သာ လက်ဆောင်ပြင်ပေးခဲ့ပြီး သူ့အဖေကိုတော့ ဘာလက်ဆောင်မှ မပေးခဲ့ပါ။

သူမသည် လက်ဆောင်ပေးထားသော အကာအကွယ် ပစ္စည်းဗူးလေးကို ထုတ်ပြီးသည့်နောက် သူမတွင် နောက်ထပ် ဘာလက်ဆောင်မှ ထပ်ထုတ်ဖို့ ရည်ရွယ်ချက် မရှိတော့ပါ။ မုရှောင်သည် ရုတ်တရက်ဆိုသလို အနည်းငယ် တုန်လှုပ်သွားပြီး ဗူးလေးကိုကိုင်ကာ ဘေးနားတွင် ရပ်နေကာ ဘာစကား တစ်ခွန်းမှ မပြောဝံ့တော့ပေ။

မုချောင်ယွင်၏ မျက်နှာတွင် ကြောက်မက်ဖွယ်ပုံစံတစ်ခု ရှိနေခဲ့သည်။ အထူးသဖြင့် ထိုအမျိုးသမီး၏ စိတ်မဝင်စားသည့် ပုံစံကို မြင်လိုက်ရသောအခါ ပိုပြီးတောင် ဒေါသထွက်ခဲ့ရသည်။ ထို့ကြောင့် ရွှီယန်ယုသည် တမင်တကာ လက်ဆောင်တစ်ခုပဲ ပြုလုပ်ကာ မုရှောင်ကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။

ထိုလက်ဆောင်သည် မုချောင်ယွင်အတွက် မလိုအပ်သော်လည်း သူသည် မနေ့က လူမှုကွန်ပေါ်တွင် သူမကို အရိပ်အမြွက် ပြခဲ့ပြီးဖြစ်ကာ သူမကလည်း အဲ့အရာကို ကြိုက်နှစ်သက်သည်ဟု ပြန်ပြောထားခဲ့သည်။ ဘယ်လိုချစ်ခြင်းမျိုးကို သူမက ကြိုက်တာလဲ။ သူမက သဘောကျတယ်ဆိုပြီး ဒီလိုမျိုးပဲ သူ့ကိုပြန်ပြီး ကျေးဇူးဆပ်လိုက်တာလား။

ထိုအချိန်တွင် မုချောင်ယွင်သည် ထိုအကြောင်းအရာအား စာပြန်ထားသည်ကို တွေ့လိုက်ရသောအခါ သူသည် လုံးဝ မပျော်တော့ပါ။ သူသည် ရွှီယန်ယုကို ဆွဲဆောင်ဖို့အတွက် တူညီတဲ့ နည်းလမ်းများကို အသုံးပြုချင်သော်လည်း သူမက အမြဲလိုလို သတိထားမိနေခဲ့သည်။

ရွှီယန်ယုသည် မုရှောင်အား အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်ဖို့ရန် ပြောခဲ့သည်။ မုရှောင်ယွင်ရဲ့ ကြောက်ဖို့ကောင်းတဲ့ ပုံစံကို မြင်နေရသော်လည်း သူမရဲ့ လှပတဲ့မျက်နှာက အပြုံးလေးမှာ ပြောင်းလဲသွားခြင်း လုံးဝ မရှိပါ။ ထို့နောက် သူမသည် မုချောင်ယွင်နား ရုတ်တရက် ချဥ်းကပ်သွားကာ ပြောခဲ့သည်။

“ ရှင်ဘာတွေ တွေးနေတာလဲ။ စိတ်ညစ်စရာ တစ်ခုခုများ ရှိနေတာလား။”

“….”

မုချောင်ယွင်က တိတ်ဆိတ်နေခဲ့ရသည်။ အကြောင်းမှာ သူ့ပုံစံမှာ ပျော်နေသည့်ပုံ လုံးဝမပေါက်ပါ။ ထို့နောက် သူစကားပြောဖို့ ဟန်ပြင်လိုက်သော်လည်း ဘာစကားမှ မပြောနိုင်ခဲ့ပါ။

ငါ ဘာပြောရမလဲတောင် မသိတော့ဘူး။

[ ဟားဟားဟားဟား၊ ငါ့မှာ ရယ်ရတာ သေတော့မယ်။ ဥက္ကဌမုက အရမ်း သနားဖို့ကောင်းတာပဲ။ ညီမရွှီက တော်တော် ဆိုးဆိုးပဲ။ ငါဆို ဒီလိုဆိုးရွားတဲ့ မိန်းမမျိုးနဲ့ အတူရှိနေစရာ ဘာအကြောင်းမှ မရှိဘူး။ နေ့တိုင်း ငါ့မှာ သူမ နှိပ်စက်တာ ခံရမှာ။ အဲ့ဒါက အနာပေးလိုက်၊ ဆေးပေးလိုက်နဲ့။]

[ တကယ်လို့ သူတို့က နည်းနည်းလေးပဲ ညံ့တယ်ဆိုရင်တောင် ရွှီယန်ယုကို အနိုင်ယူလို့ မရနိုင်ဘူး။ ဥက္ကဌမု ဘာလို့ မပျော်လဲဆိုတာကို သူတို့နှစ်ယောက်လုံး သေချာသိနေတာက သိသာနေတာပဲကို။ သူတို့က သိပေမယ့် သပ်သပ်မဲ့ကို မေးနေကြတာလေ။ အဓိကကတော့ သူက အဲ့ဒါကို တည့်မပြောနိုင်လို့ပဲ။ သူက တကယ်ကို ထုံးစံအတိုင်းပဲနေပြီး အဆုံးထိရောက်အောင် လုပ်နေတာလေ။]

[ငါတို့ပြောနေတာက မစ္စတာမု မနေ့က လူမှုကွန်ယက်ပေါ်မှာ မလိုအပ်ဘဲ ကိစ္စအကြီးကြီးတစ်ခု လုပ်လိုက်တယ်ဆိုတဲ့ဟာလေ။ ဒါပေမယ့် အဲ့ဒါကလည်း အဓိကကိစ္စပဲ ဖြစ်မယ်ထင်တယ်။ သူက ညီမရွှီရဲ့အာရုံစိုက်တာကို ခံရအောင် လုပ်တာလို့ ငါခံစားမိတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ညီမရွှီရဲ့ အာရုံစိုက်မှုတွေက မုရှောင်ဆီမှာကြီးပဲ။ ပြီးတောလ သူမကို ဆွဲဆောင်တာ ကျရှုံးသွားပြီဆိုတော့ မစ္စတာမုက အိမ်သာထဲမှာ မူးလဲနေလောက်ပြီ။]

[ ဒါကြီးက တကယ် ရယ်ရတာပဲ။ ဒီနေ့ရဲ့ ကိစ္စကြီးတစ်ခုကလည်း ရွှီယန်ယုအတွက် ပြင်ဆင်ထားတာလေ။ သူက ညီမရွှီ သဘောကျပြီး ချီးကျူးတာခံရမယ်လို့ ထင်နေတာလား။ အခုတော့ အဲ့ဒါက အသုံးမဝင်တဲ့ပုံပဲ။]

[ ပြီးတော့ သူက တိတ်ဆိတ်နေတယ်ဆိုရင် ရွှီယန်ယုရဲ့ ထိန်းချုပ်မှုအောက်ကို ထပ်ရောက်သွားတာပဲ။ သူမက သူ့ကို တော်တော်လေးကို ထိန်းချုပ်ထားတာပဲ။]

မုချောင်ယွင်သည် ဘာစကားမှလည်း မပြောခဲ့သလို ရွှီယန်ယုကိုလည်း ဘာအာရုံမှ မစိုက်ဘဲ တိတ်တဆိတ်သာ ရပ်နေခဲ့သည်။

ရွှီယန်ယုကတော့ သာသာယာယာ ပြုံးနေဆဲ ဖြစ်သည်။ မုချောင်က သူမကို ဂရုမစိုက်လည်း ဘာပြဿနာမှ မရှိပါ။ သူမကသာ သူ့ကို အရင်ဆုံး စကားစပြောဖို့ ပြုလုပ်ခဲ့သည်။

ပြီးတော့ မုချောင်ယွင်က ပိုတိတ်ဆိတ်ပြီး စိတ်ညစ်နေတဲ့ပုံကို ကြည့်ရတာ ပွင့်ပွင့်လင်းလင်းပြောရရင် သူက အရမ်းချစ်ဖို့ကောင်းတယ်လို့ ငါတော့ထင်မိတယ်။

သွေးအေးပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူကတောင် စိတ်ဆိုးနေတဲ့ အချိန်မျိုးဆို ချစ်စရာကောင်းတဲ့ ပုံစံလေးရှိတဲ့ အကြောင်းကို ဒီအချက်တွေက သက်သေပြသွားပြီ။

အေးတိအေးစက်မျက်မှာနှင့်လူကို သူမက စိုက်ကြည့်နေကာ သူ့ရဲ့အနားကို ဆက်ပြီး ကပ်သွားခဲ့သည်။ သူမရဲ့ နူးညံ့အိစက်သည့် လက်မောင်းများမှာ ထိလိုက်တဲ့အခါ အရမ်းနူးညံ့သည်ကို ခံစားရပြီး မုချောင်ယွင်၏ သန်မာသော လက်မောင်းကို ချက်ချင်းပဲ သွားဖက်ခဲ့သည်။

ထို့နောက် သူမက သူ့ကို ဘယ်လောက် တွယ်ကပ်နေခဲ့သည်ကို သူမသိခဲ့ပါ။ တကယ်လို့ မုချောင်ယွင်က ဘာအသံမှမထွက်ဘဲ တိတ်တဆိတ် ထွက်သွားချင်ရင်တောင် သူဘာမှ မလုပ်နိုင်တာကို တွေ့ရှိခဲ့သည်။ သူသည် ဉာဏ်နီဉာဏ်နက်များသည့် အမျိုးသမီးကိုသာ အေးတိအေးစက် မျက်နှာဖြင့် ထပ်မံကာ ကြည့်နေခဲ့သည်။

သူ့ရဲ့ ခန္ဓာကိုယ်သည် နွေးထွေးပြီး နူးညံ့မှုကို ခံစားရကာ သူ့ရဲ့လက်မောင်းကို နူးညံ့ပြီး မရိုးသားသော အထိအတွေ့လေးက ဆက်တိုက် ပွတ်သပ်နေခဲ့ကာ ဆွဲဆောင်မှုရှိသော အမျိုးသားကို ယားကျိယားကျိ ဖြစ်စေခဲ့သည်။ တစ်ယောက်ကိုတစ်ယောက် ထိတွေ့လာကြသည့် ကြိမ်နှုန်းမှာ ပိုများလာကာ မုချောင်ယွင်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပါ။ ထိုအထိ အတွေ့များသည် သူ့ရဲ့ အသက်ရှူနှုန်းနှင့် ရင်ခုန်သံများကို သက်ရောက်စေခဲ့သည်။

ဒီလိုမိန်းမမျိုးနဲ့ ပတ်သက်ဖို့က တကယ်ကို ဘာအကြောင်းမှ မရှိဘူးလေ။ သူမက ဒါမျိုးကို ထပ်လုပ်နေပြန်ပြီ။

မုချောင်ယွင်သည် သူမကို အဝေးသို့ တွန်းထုတ်ရန် ကြိုးစားခဲ့သည်။ သို့သော် ရွှီယန်ယုမှာ သူနှင့် ပိုမိုနီးကပ်လာခဲ့သည်။ ထို့နောက် သူမကို အဝေးသို့ တွန်းထုတ်ချင်သည်ကို သိလိုက်ရသောအခါ သူ့အား သနားဖို့ကောင်းသော မတရားခံရသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်နေခဲ့သည်။ ထိုကဲ့သို့သော မျက်ဝန်းများကြောင့် သူမကို ငြင်းပယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါ။

ဒါပေမယ့် ဘယ်သူက မှားနေတာလဲ။

သူ ဘာလက်ဆောင်မှ မရတာတောင် သူ ဘာပြောနေခဲ့မလို့လဲ။

[ ဟ ဟ ဟ ဟ၊ ဘုရားဘုရား၊ ဒါကြီးက အရမ်း ရယ်ချင်စရာကောင်းတယ်။ ညီမရွှီကတော့ တစ်ခုခုတော့ တော်တော်လေး သနားဖို့ကောင်းနေပြီ။ သူမကို ဘယ်လိုနှလုံးသားမျိုးနဲ့ အဝေးကို တွန်းထုတ်ရက်တာလဲ။]

[ အဲ့နေရာမှာ ငါသာဆိုရင် ငါ့ကိုယ်ငါလည်း ထိန်းနိုင်မှာမဟုတ်ဘဲ သူမကို ဖက်လိုက်မိမှာ။ ပြီးရင် နမ်းမယ်။ မစ္စတာမု မင်းလုပ်နိုင်တယ်ဆိုရင်လည်း မြန်မြန်လုပ်လိုက်တော့။]

[ မစ္စတာမုက စိတ်ညစ်နေတာ။ ဒါပေမယ့် ဒါက စိတ်ညစ်နေဖို့ အချိန်ကောင်းရော ဟုတ်လိုလား။ မင်းမိန်းမကို စနောက်နေတာက ဒီတိုင်းလုပ်ပြလို့ ရနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ အဆိုးဆုံးကတော့ မင်းက အချစ်ကို တွန်းအားပေးနေတာပဲ။ တကယ့် အတွဲအစစ်တွေသာဆိုရင် ညဘက် ကောင်းကောင်း အိပ်လိုက်ပြီး ဖြေရှင်းလိုက်ရင် ဒါက ဘာမှမဟုတ်တော့ဘူး။]

[ အဲ့တော့ နှစ်ရေးလောက် ပြန်အိပ်လိုက်။]

[ ဟဟဟဟ၊ ဒီမှတ်ချက်ပေးတဲ့နေရာကလည်း လူမရှိတဲ့နေရာမျိုး မဟုတ်ပါဘူး။ အင်တာနက် သုံးတဲ့သူတွေရယ် ကိုယ့်ဘောင်းဘီသာ ကိုယ်ပြန်ဝတ်ထားလိုက်ကြပါ]

[ မုချောင်ယွင်ရာ၊ လက်ခံလိုက်စမ်းပါ။ ဒီဘဝမှာတော့ ညီမရွှီရဲ့ လက်ခုပ်ထဲက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။]

အဆုံးမှာတော့ ဥက္ကဌမုသည် ရွှီယန်ယုကို မတွန်းထုတ်ခဲ့ပါ။ သူမကို တွန်းထုတ်ဖို့အတွက် စိတ်မပါတော့တာလား ဒါမှမဟုတ် သူ့ရင်ခုန်သံတွေက အရမ်းပဲ မြန်နေတာလား ဒါမှမဟုတ် ဒီအထိအတွေ့တွေက အရမ်းကို သက်တောင့်သက်သာ ရှိနေတာလားဆိုတာကို သူလည်း မသိတော့ပါ။ တိုတိုပြောရရင် သူ့ရဲ့စိတ်ထဲမှာ လွန်ဆွဲနေခဲ့ရသည်။

ရွှီယန်ယုသည် သူ့နားထဲသို့ ဖြည်းညှင်းစွာ လေမှုတ်ပြီးနောက် တိုးရှသော အသံလေးတစ်သံ ထွက်လာခဲ့သည်။ “ မစ္စတာမု၊ ကျွန်မကလေ ဂေါက်ဘယ်လိုရိုက်ရမလဲဆိုတာ မသိဘူး။ ကျွန်မကို သင်ပေးလို့ ရမလားဟင်။”

“….”

မုချောင်ယွင်သည် သူ့နှလုံးခုန်နှုန်းများ မြန်လာသည်ကို ဘယ်လိုမှ ထိန်းမရတော့ပါ။ တစ်ခုခုက သူ့နှလုံးသားကြီးတစ်ခုလုံးကို ပေါက်ထွက်အောင်လုပ်နေပြီး သူ့ရဲ့ သတ္တိကို တော်တော်လေး အကဲစမ်းနေခဲ့သည်။ ထို တိုးရှသော အသံလေးသည် ဆွဲဆောင်မှုရှိကာ ထိုအသံကို နားထောင်လိုက်သောအခါ ဘယ်လိုမှ မတုံ့ပြန်ဘဲ နေဖို့ရန် မဖြစ်နိုင်ခဲ့ပါ။

သူ့စိတ်က ရွှီယန်ယု ဂေါက်မရိုက်တတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးဆိုပေမယ့် သူမ ဒီလိုအားကစားမျိုး ကစားတာကိုလည်း တစ်ခါမှ မမြင်ဖူးသေးဘူး။ သူမ တကယ် မလုပ်နိုင်ဘူးလို့တော့ သူမထင်ပေ။

သို့သော် ရွှီယန်ယုက ထိုစကားကို ပြောပြီးသည့်နောက်တွက် သူပြန်တုံ့ပြန်ခဲ့သည်။ “ မင်းတကယ် မလုပ်နိုင်တာလား။”

“ တကယ် မရိုက်တတ်ပါဘူးဆို။ တကယ်လို့ ရှင် ကျွန်မကို မသင်ပေးချင်ရင်လည်း မုရှောင်ကိုပဲ သင်ခိုင်းလိုက်တော့မယ်။”

ရွှီယန်ယုက မုချောင်ယွင်၏ လက်ကိုဖယ်ပြီး ထွက်သွားဖို့ လုပ်ခဲ့သော်လည်း နောက်စက္ကန့်အကြာမှာ သူမရဲ့ ဖြူဖွေးပြီး သေးသွယ်သော လက်တစ်ချောင်းလုံးကို အားပြင်းပြင်းဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ခြင်းခံခဲ့ရသည်။ ထိုအရာမှာ လှောင်အိမ်သဖွယ် ဖြစ်ကာ သူမကို ဖမ်းချုပ်လိုက်သလို ခံစားခဲ့ရသည်။ ထိုအပြုအမူမှာ အရမ်းအထက်စီးဆန်ကာ အတော်လေး ပိုင်ဆိုင်တာကို ပြချင်နေခဲ့ကာ သူမက ငါ့အပိုင်ပဲဟုဆိုကာ လူတိုင်းကို ကြေညာနေခဲ့သည်။

ခနလေးအတွင်းမှာပဲ သူတို့နှစ်ယောက် လုပ်လိုက်သည့် အပြုအမူကို အားလုံးက တုံ့ပြန်ခဲ့ပြီး မုရှောင်ကလည်း မှင်သတ်နေခဲ့သည်။ live ထဲရှိ ပရိတ်သတ်များသည်လည်း တုန်လှုပ်နေခဲ့ကြသည်။

ငါလည်း စခရင်ကို ဆွဲလိုက်ပြီး အဲ့အခန်းကို ကမန်းကတန်း ကြည့်လိုက်တာ။

[ ဘုရားရေ။ အဲ့အချိန်ကို သတိရပြီ။ အဲ့ဒါက စာအုပ်ကြီးအတိုင်းပဲ။ မင်းတို့ နားလည်ကြလား။ အဓိက့အချက်က ဒီလိုကွာ - ညီမရွှီက ပွဲစီစဥ်တဲ့သူ ဖြစ်လာတာပဲ။]

[ အဲ့ဒါတော့ ဟုတ်တယ်လေ မစ္စတာမုက အခုလေးတင် ညီမရွှီရဲ့ လက်ကို ခုခံနေတာ။ ဒါပေမယ့် အခုက သူ့လက်ကိုပဲ ထပ်ကိုင်ထားဖို့ ပြောနေပြန်ပြီ။ ပြီးတော့ သူမ ထွက်သွားချင်ရင်တောင် သူက ထွက်သွားခွင့်မပေးဘူးလေ။]

[ သူမက တကယ်ကို တော်တာပဲ။ စာအုပ်ထဲက ချစ်အောင်လုပ်တဲ့ ဟာပဲ။ ဘာမှ ထပ်မပြောနေပါနဲ့တော့။ ရွှီယန်ယုရယ် ကျေးဇူးပြုပြီး စာအုပ်ပါ ထုတ်ပါတော့။ အဲ့ဒါက သေချာပေါက် ရောင်းကုန်မှာပဲ။]

[ နာခံမှုမရှိတဲ့ ယောက်ျားကို ဘယ်လို ယဥ်ကျေးအောင် လုပ်ရမလဲဆိုရင် သူ့ကို နာခံပြီး တွယ်ကပ်အောင်သာ လုပ်ထားလိုက်။ ညီမရွှီက မစ္စတာမု အချစ်နွံထဲနစ်သွားအောင် လှည့်ကွက်လေး သုံးခုပဲ သုံးသွားတာ။ ပြီးတော့ သူ့မျက်လုံးတွေက ကွဲပြားသွားတာနော်။]

[ ဒီလိုဆက်ဆံရေးမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးသေးဘူး။ မင်းရဲ့နည်းတွေက အရမ်းမိုက်တာပဲ။ မစ္စတာမုက မင်းကို ဘယ်လိုလုပ် ထားခဲ့နိုင်မှာလဲ။ ဒါက အစပဲရှိသေးတာ။ နောက်ဆိုရင် ဒီထပ်တောင်ပိုပြီးတော့ လူကပ်ဦးမှာ။]

[ အခုလေးတင် သူ့ရဲ့လက်ကို ကိုင်ဖို့ ငြင်းနေတဲ့ပုံကို စခရင်ရှော့ ယူထားကြနော်။ ပြီးရင် အခု သူ့လက်ကို အားနဲ့ ဆွဲထားတဲ့ပုံနဲ့ ပြန်ယှဥ်ကြည့်။ ဥက္ကဌမုရဲ့ အတွင်းစိတ်က ဘယ်လိုတောင် ပြင်းထန်လာလဲဆိုတာ မြင်ရလိမ့်မယ်။ ပြီးတော့ ဒါက မိနစ် နှစ်ဆယ်လောက်တောင် မရှိဘူး။ ဒီလို တည်ငြိမ်တဲ့ ယောက်ျားမျိုးကို သူ့ခြေဖျားအောက် ရောက်သွားအောင်လုပ်ပြီး သူမရဲ့ တက်ကြွတဲ့ ထိချက်တွေက လမ်းပြသွားတာမျိုးက တကယ်ကို အံ့ဩစရာပဲ။]

All Chapters