← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

မုချောင်ယွင်နဲ့ ရွှီယန်ယုတို့က တစ်ယောက်နဲ့တစ်ယောက် အပြုအမူတွေ ပြောင်းလဲသွားကြတာကို သိသိသာသာပဲ သတိထားမိခဲ့ကြသည်။ အကြောင်းမှာ အခုမြင်လိုက်ရတဲ့ မြင်ကွင်းက တကယ်တမ်းမှာ မသိစိတ်ကနေ လုပ်လိုက်တဲ့ အပြုအမူမျိုးဖြစ်သည်။ ယောက်ျားတစ်ယောက်က သူ့ကို ပြုံးပြနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ချိုမြိန်လှတဲ့ အပြုံးမျိုးကို မြင်လိုက်ရတဲ့အခါမှာ သူမက ထပ်ပြီး အောင်မြင်သွားပြီဆိုတာကို သူကသိလိုက်သည်။ ပြီးတော့ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီးရင် သူလည်း တကယ်ကို ဘာမှ မလုပ်နိုင်တော့ပေ။

ဒီလိုမိန်းမမျိုးကို တွေ့ပြီး သူမကို ထိန်းချုပ်ချင်တာက ကောင်းကင်ကို တက်တာထက်တောင် ခက်သေးသည်။ ပြီးတော့ မင်းသာ ဂရုမပြုမိရင် သူမကတော့ မင်းကို ထိန်းချုပ်ဖို့ အလွယ်လေးပဲ။

ရွှီယန်ယုက အောင်မြင်စွာပဲ မုချောင်ယွင်ရဲ့ကိုယ်ပေါ်ကို သူမလက်ကို တင်ထားလိုက်သည်။ သူတို့နှစ်ယောက်လုံးက လက်တွဲထားပြီး အရမ်း ရင်းနှီးနေကြပုံရှိသည်။

ဒီအာကစားတွေ့ဆုံပွဲမှ ဘာမှ တင်းကြပ်တဲ့ ပွဲတွေမရှိတော့ပါ။ အကြောင်းမှာ ဂေါက်ကွင်းရဲ့ ဒီဇိုင်းပုံစံမှာ တကယ့်ကို သီးသန်ဆန်လွန်းသည်။ အာမခံချက်တွေနဲ့ ကွင်းရဲ့ အကျယ်အဝန်းက အရမ်းကို လျှို့ဝှက်လွန်းသည်။ ထိုအရာများသည် မိဘတစ်ယောက်ချင်းဆီတိုင်းကို ကာကွယ်ပေးထားသည်။ သေချာသည်မှာ အဖွဲ့လိုက် ကစားနည်းများကို ပါဝင်ချင်တဲ့သူတွေက သက်ဆိုင်ရာ ဂေါက်ကွင်းတွေကို သွားပြီး ပါဝင်ကစားနိုင်သည်။ အကျဥ်းချုပ်ပြောရရင် သက်ဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေက လမ်းပြပေးလိမ့်မည်။ ထိုလမ်းညွှန်ပေးမှုသည် ပတ်ဝန်းကျင်ကိုလည်း တကယ် သက်တောင့်သက်သာဖြစ်ပြီး အဆင်ပြေစေလိမ့်မည်။

မုချောင်ယွင်၊ ရွှီယန်ယုနှင့် မုရှောင်တို့ မိသားစုသုံးယောက်မှာ အထူး VIP အခန်းထဲရှိ ဝန်ဆောင်မှုပေးထားတဲ့ ကွင်းတွေထဲက တစ်ခုထဲသို့ လမ်းလျှောက်ဝင်သွားခဲ့ကြသည်။

မုရှောင်သည် မက်မွန်သီးကိုင်ထားသော ကြောင်ပုံလေးသည့် ဒူးစွပ်နှင့် လက်ကောက်ဝတ်စွပ်များကို ဝတ်ဆင်ပြီးနောက် သူ့အဖေရဲ့ စူးရှတဲ့ မျက်ဝန်းများက သူ့ကို အကြိမ်များစွာ မျက်စိဒေါက်ထောက်ပြီး ကြည့်နေသလို ခံစားခဲ့ရသည်။ အကယ်၍ ဒါတွေဝတ်ထားတာက အဆင်မပြေဘူးဆိုရင် ချွတ်လိုက်ပြီးတော့ အိမ်ပြန်ယူပြီးသွားပြီး အိမ်ရောက်မှ ပြန်ပြီးဝတ်ကြည့်လိုက်မည် ဖြစ်သည်။ ထိုကိစ္စသည် တကယ့်ကို အလွန်နာကျင်ရသည်။

အမေပေးတဲ့လက်ဆောင်က လက်ခံဖို့ မလွယ်ပုံရတယ်။

ဒါပေမယ့် သူမရဲ့ ဂရုစိုက်မှုကြောင့် မုရှောင်သည် သူ့စိတ်ထဲတွင် အလွန်နွေးထွေးပြီး ပျော်ရွှင်ခဲ့ရပြီး သူ့အဖေရဲ့ အရှိန်အဝါကို ထပ်ပြီး မကြောက်တော့ပါ။

မုချောင်ယွင်တွင် အချိန်ရသည့်အခါ သူက ရွှီယန်ယုကို ဂေါက်ဘယ်လို ရိုက်ရမလဲဆိုတာကို တစ်ယောက်ချင်း သင်ပေးခဲ့သည်။ သူတို့နှစ်ယောက် အတူတူရပ်နေသည့် ပုံစံမှာ တကယ့်ကို ရင်းနှီးလွန်းပြီး မရေမရာ ဖြစ်နေခဲ့သည်။ အထူးသဖြင့် သူတို့၏ ဂေါက်ရိုက်နေသည့် ပုံစံကြောင့်ဖြစ်သည်။

အမျိုးသမီး၏နောက်တွင် အမျိုးသားက ရပ်နေကာ သူ့လက်က ကျောက်စိမ်းဂေါက်ရိုက်တံကို ကိုင်ထားခဲ့သည်။ ထို့နောက် သူ့ခြေထောက် အောက်တွင်လည်း ရွှေရောင်မြက်ခင်းကြီးက ရှိနေခဲ့သည်။ မြက်ခင်းပြင်ကြီးသည် လွန်စွာ ထူးခြားကာ ပရိတ်သတ်များကလည်း မျက်လုံးများ ကျိန်းသွားခဲ့ရသည်။ များစွာသော အင်တာနက် အသုံးပြုသူများ၏ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။ ရွှေအတိဖြင့် ပြုလုပ်ထားသော ဂေါက်ကွင်းကြီးကို မြင်လိုက်ရသောအခါ ဘယ်လိုမှ မထိန်းနိုင်ဘဲ သက်ပြင်းများသာ ချခဲ့ကြသည်။ ထိုထူးခြားပြီး အံ့ဩစရာကောင်းသည့် အရာကြောင့် အားလုံးလည်း ပြောစရာစကားမရှိ ဖြစ်ခဲ့ကြသည်။

လူများစွာတို့သည် ဒူဘိုင်းရောက်သွားသလိုကို ခံစားခဲ့ရသည်။ ထိုကဲ့သို့သော နန်းတော်ကဲ့သို့ အဆောက်အဦးကြီးကို အရင်က မမြင်ဖူးခဲ့ပါ။ သို့သော် ဒီလို ထူးခြားပြီး အဖိုးတန်လှသည့် ဂေါက်ကွင်းကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ တကယ့်ကို အံံဩစရာဖြစ်သည်။

ရွှီယန်ယုကို သင်ကြားပေးနေသည့်အခါ မုချောင်ယွင်သည် လွန်စွာ အာရုံစိုက်နေခဲ့သည်။ ရွှီယန်ယုက တကယ် ဂေါက်မရိုက်တတ်သည်ကို မမျှော်လင့်ထားခဲ့ပါ။ သို့သော် အလွန်တော်ပြီး အတတ်မြန်ခဲ့သည်။

မကောင်းသော အရာတစ်ခုမှာ သူမက အတတ်မြန်ခြင်းဖြစ်သည်။ သူမက အစပိုင်းတွင် ဘယ်လိုကစားရမလဲ မသိသော်လည်း သူမရဲ့အနေအထားမှာ အတော်လေး မှန်သည်။ သို့သော် သူမ ရိုက်တတ်သွားပြီးနောက်တွင် အရာအားလုံးသည် စတင်ပြီး စိတ်ပျက်စရာကောင်းခဲ့သည်။

အထူးသဖြင့် ရွှီယန်ယု ခါးကိုင်းလိုက်သောအခါ သူမ၏ ထိုစွဲမက်ဖွယ် ကောက်ကြောင်းလေးကို မကြည့်ရတော့မည်မှာ မုချောင်ယွင်အတွက် တကယ်ကို ခက်ခဲခဲ့သည်။သူမ၏ စွဲမက်ဖွယ် ကောက်ကြောင်းများမှာ အလွန်ပြည့်စုံပြီး အနီးကပ်သူ့ကို ထိထားသည့်အတွက် နှစ်ယောက်ကြားရှိ ဖြစ်ပေါ်လာသော ပွတ်တိုက်မှုသည် အတော်လေး သိသာနေခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်လုံးနှင့်လည်း အချင်းချင်း ပွတ်သပ်မိနေခဲ့သည်။ ဘယ်သူကများ အဲ့လိုအရာကို တောင့်ခံနိုင်ပါ့မလဲ။

ဘယ်လိုရိုက်ရလဲဆိုတာကို ရွှီယန်ယု သင်ယူပြီးသည့်နောက်တွင် သူမကို လွှတ်ပေးလိုက်သည့်အခါ ရုတ်တရက်ဆိုသလို အနောက်ကို ပြန်လဲကျသွားခဲ့သည်။ ထို့နောက် မုချောင်ယွင်သည် လက်ကနေ တစ်ဆင့်ချင်းတက်ကာ သူမ၏ခါးကို ထိတွေ့လာခဲ့သည်။

ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်သွားခဲ့ပြီး အင်တာနက် အသုံးပြုသည့် သူများ၏ မျက်လုံးများလည်း ကျယ်သွားခဲ့ရသည်။

[ ဘာကြီးလဲဟ။ ဘယ်လိုတောင်လဲ။ ညီမရွှီရဲ့လက်ထားထားတဲ့ နေရာကြီးက။ သူမက သူ့အင်္ကျီထဲကိုလက်ထည့်ပြီး သူ့အထဲကို ထိနေခဲ့တာ။ ပြီးတော့ သူ့လက်ထဲမှာ တစ်ခုခုကို ကိုင်ထားတယ်။]

ထိုအရာသည် ခနတာသာ ဖြစ်သွားခဲ့သော်လည်း အင်တာနက် အသုံးပြုသူများသည် ရွှီယန်ယုက မစ္စတာမု၏ အင်္ကျီထဲသို့ တစ်ခုခုကို ကိုင်ထားသည်ကို ချက်ချင်း တွေ့ခဲ့ရသည်။ လူတစ်ယောက်ရဲ့မျက်လုံးက လိမ်မပြောဘူး။

သူက ဒီအပြုအမူကိုပဲ ကျေနပ်နေခဲ့သည်။

[ သေစမ်း။ ကြည့်လိုက်ဦး၊ သူဘယ်လောက် ပျော်နေလဲဆိုတာကို။]

အင်တာနက် အသုံးပြုသူများသည် ရွှီယန်ယု၏ အပြုအမူများကြောင့် တုန်လှုပ်သွားခဲ့ရကာ သူမ ဒီလောက် လက်ရဲဇက်ရဲရှိသည်ကို ဘယ်လိုမှ မယုံနိုင်ကြပါ။ သို့သော် သူ့မ၏ ပင်ကိုစရိုက်ကို ပြန်တွေးကြည့်လိုက်လျှင် ဒါက နားလည် နိုင်ဟန်ရှိသည်။

[မုချောင်ယွင်ရဲ့ မျက်နှာက ပြောင်းလဲမှုတွေကို သတိထားမိလိုက်တာ ငါ သူ့အတွက် တော်တော်လေး စိတ်ပူသွားတယ်။ ဒီလောက် ရင်ခုန်စရာကောင်းတဲ့ အခြေအနေမျိုးကို သူ တောင့်ခံနိုင်ပါ့မလား။]

[ မစ္စတာမုက ကြည့်တော့သာ တည်ငြိမ်နေတာ၊ သူ့စိတ်ထဲမှာတော့ တော်တော်လေး ပျော်နေမှာ။]

[ အဲ့လိုသာ အလှပဂေးလေးတစ်ယောက်သာ ငါ့အရှေ့မှာ ရှိနေလို့ကတော့ အဲ့တစ်ချိန်တည်းမှာပဲ နာလည်းနာကျင်ရပြီး ပျော်လည်း ပျော်နေရမှာ။ မစ္စတာမုလို ခေါင်းမာတဲ့သူမျိုးမှာသာ သူမလိုလူက ရှိနေနိုင်တာ။ အခြားသူတွေက အဲ့လောက် ပျော်ဖို့အတွက် ကံကောင်းမနေဘူးလေ။]

[ ပတ်ဝန်းကျင်ကြီးက အရမ်းပူလွန်းလို့ အဲ့ဒါကို ကြည့်နေရင်းနဲ့တောင် ချွေးတွေထွက်နေပြီ။ ဥက္ကဌမုက ဘယ်လိုခံစားနေရမလဲဆိုတာကို ငါတကယ် သိချင်လိုက်တာ။]

[ မစ္စတာမုရဲ့ ကျောက်ကပ်တွေကရော ဘယ်လိုနေသေးလဲ။ မင်းရဲ့ အန်ဒရီနလင်းတွေကို ထုတ်ပေးဖို့အတွက်ရော အင်အားရှိနေရဲ့လား။ မင်း ကိုယ့် ခန္ဓာကိုယ်ကို ပြန်ပြီး အားဖြည့်ဖို့အတွက် ပိုပြီးများများစားဖို့ လိုအပ်တယ်နော်။]

မုချောင်ယွင်ရဲ့ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့ကို အနီးကပ် ကြည့်လိုက်တဲ့အခါ အခြေအနေတွေကို ရိပ်စားမိနိုင်သည်။ အကြောင်းမှာ သူ့ရဲ့ အရင်က သွေးအေးတဲ့ မျက်လုံးတွေက စတင် နူးညံ့လာခဲ့ပြီး ဒီပြောင်းလဲမှုတွေက သိသာနေသည်။ အထူးသဖြင့် မုရှောင်ကို လက်ဆောင်ပေးတုန်းက အချိန်တုန်းက ဖြစ်သွားတဲ့ သူ့ရဲ့အမူအရာနဲ့ နှိုင်းယှဥ်ကြည့်ရင် သူ့ရဲ့ခံစားချက်တွေက ပိုပြီး ကောင်းလာတယ်ဆိုတာကို ပြောနိုင်သည်။

မမြင်ရတဲ့ နေရာတစ်ခုတွင် ကြီးမားတဲ့ လက်တစ်စုံက အမျိုးသမီးရဲ့ခါးကို မြန်မြန်ပဲ လှမ်းဆွဲလိုက်သည်။ သူ့ရဲ့အားမှာ လွန်စွာ သိသာလွန်းပြီး အားနည်းနည်းနဲ့ပဲဆိုရင်တောင် အခြားသူရဲ့စိတ်ကို သတိထားမိနိုင်သည်။

ရွှီယန်ယုသည် သူ့ရင်ထဲက ပြောင်းလဲမှုတွေ၊ ပိုင်ဆိုင်လိုစိတ်တွေ ပြင်းပြနေတာတွေကို လေးလေးနက်နက်နဲ့ကို ခံစားမိခဲ့ရသည်။ သူ့အဝတ်အစားအောက်ကိုရောက်ပြီး သူ့အသားကို ထိလိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ ကိုယ်အပူချိန်က တဖြည်းဖြည်း မြင့်တက်လာတာကို သူမ ခံစားမိခဲ့သည်။ ထို့ပြင် သူမရဲ့ လက်ချောင်းထိပ်များမှ အပူချိန်မှာလည်း အတော်ကို ပူနေခဲ့သည်။

ဒါက အမျိုးသားတစ်ယောက် သူ့ဆန္ဒတွေ ထိန်းထားရတာ ဂိတ်ဆုံးရောက်နေပြီဆိုတာကို ပြဖို့က လုံလောက်နေပြီ။ ပြီးတော့ ထိန်းချုပ်ထားရတာက သတ်မှတ်ထားတာထက်ကို ကျော်နေပြီ။ ဒီလူက ဘယ်လောက်တောင် သည်းခံနိုင်မလဲဆိုတာ သူမ တကယ် သိချင်နေပြီ။

တကယ်တမ်းတွင် ရွှီယန်ယုက ဒီလောက်ရဲတင်းပြီး လူကြားထဲမှာ ဒီလောက် အတင့်ရဲတဲ့ ကိစ္စမျိုးကို လုပ်နိုင်မယ်လို့ မုချောင်ယွင်လည်း မမျှော်လင့်ထားခဲ့ပါ။ ဒီအမျိုးသမီးသည် တကယ်ကို ဂနာမငြိမ်လှပါ။

သူသည် ထိတွေ့လိုက်သော အနည်းငယ်နွေးထွေးသည့် နူးညံ့တဲ့ လက်တစ်စုံကို ခံစားလိုက်ရပြီး သူ့အရေပြားမှာလည်း အလွန် နူးညံ့သွားသည်ကို ခံစားမိခဲ့သည်။ သို့သော် ရွှီယန်ယုရဲ့လက်ထဲတွင် ဘာကိုင်ထားသည်ကို သူလည်း မသိခဲ့ပါ။ ထိုအရာသည် ချိန်းကြိုးတစ်ခု ဖြစ်ဟန်ရှိပြီး အလွန်လည်း အေးစက်နေခဲ့သည်။

အဲ့အချိန်မှာပဲ ကိုယ်အပူချိန်နှစ်ခုက အချင်းချင်း ပွတ်တိုက်နေပြီး အဲ့အပူချိန်နှစ်ခုမှာ တစ်ခုက ပူပြီး၊ တစ်ခုက အေးနေကာ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းနေခဲ့သည်။

တကယ်လို့ အဲ့မြင်ကွင်းက တကယ် စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့ရင် အဲ့ခံစားချက်ကို တကယ် ခံစားရတဲ့သူက ပိုပြီးတောင် ခံစားချက် ပြင်းပြနေလိမ့်မယ်။

ရွီယန်ယုက သူ့လက်ထဲမှာရှိတဲ့ ငွေရောင်ချိန်းကြိုးကို အသုံးပြုကာ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို တဖြည်းဖြည်း လျှော့သွားအောင် ပြုလုပ်ခဲ့သည်။ သေးငယ်တဲ့ အဆက်ကလေးတစ်ခုစီက သူ့ရဲ့ ချွေးပေါက်များကို ပွတ်မိခဲ့ပြီး ဘာမှမရှိတဲ့အခန်းထဲကို အဆုံးမရှိတဲ့ အတွေးတွေနဲ့ ပြည့်နှက်သွားစေခဲ့တော့သည်။

မုချောင်ယွင်က အသက်ကို ပြင်းပြင်းရှူလိုက်ကာ ရွှီယန်ယုရဲ့ လက်ထဲတွင် ကိုင်ထားမှာ လည်ဆွဲတစ်ကုံး ဖြစ်မည်ဟု ခံစားမိခဲ့သော်လည်း အဲ့လိုအရာနှင့် မတူနေခဲ့ပါ။ ဒီအမျိုးသမီး ဘာလုပ်နေသည်ကို သူတကယ် မသိတော့ပါ။ သူမသည် အချိန်တိုင်းကို နားလည်ဖို့ ခက်ခဲလှသည်။

သို့သော် မကြာမီ ရွှီယန်ယုရဲ့ ရည်ရွယ်ချက်ကို သိရှိခဲ့ရသည်။ ရွှီယန်ယုသည် သူ့အင်္ကျီအောက်ဆုံးရှိ ဒုတိယမြောက် ကြယ်သီးကို တန်းလန်း ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ သတ္တုပစ္စည်း တစ်ခုဖြစ်ကာ အပြားတစ်ခု တွဲလောင်းချထားသည်နှင့် တူပြီး လွန်စွာ လေးသည်ဟု ခံစားခဲ့ရသည်။

ထိုအချိန်တွင် အဲ့အရာက ဘာလဲဟု မုချောင်ယွင် စဥ်းစားနေခဲ့ကာ အမျိုးသမီး၏ အသံကို ကြားခဲ့ရသည်။ “ ဒါက ရှင့်အတွက် လက်ဆောင်။”

“…..”

ရွှီယန်ယုသည် စကားပြောပြီးသည့်နောက် သူ့ကို ပြုံးပြီး ကြည့်လိုက်ကာ ဒီလောက် အရေးကြီးတဲ့အရာကို သူဘယ်လို မေ့နိုင်ရတာလဲဟု ပြောချင်နေခဲ့သည်။ ထို့နောက် အခုလေးတင် သူ့ရဲ့ မကောင်းတဲ့ပုံစံကို သတိပေးနေခဲ့သည်။

ထိုအချိန်မှာပဲ မုချောင်ယွင်၏ပုံစံမှာ တခနအတွင်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ ရွှီယန်ယုက သူ့ကို ဒီလိုနည်းမျိုးနဲ့ လက်ဆောင်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ အိပ်မက်တောင် မမက်ဖူးခဲ့ပါ။

ဒီမိန်းမက တကယ့်ကို မနိုင်စိန်ပဲ။ သူမ သူ့ကို ဒီလိုနည်းနဲ့ လက်ဆောင်ပေးမယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဒါက တကယ့်ကို ထူးခြားတာပဲ။

အစက ပွင့်ပွင့်လင်းလင်းနဲ့ မုရှောင်ကို လက်ဆောင်ပေးတုန်းကနဲ့ ယှဥ်ကြည့်ရင် အခုလိုနည်းကမှ ရွှီယန်ယုရဲ့ပုံစံနဲ့ ပိုပြီး ထပ်တူကျနေတာ။ တကယ်လို့ တစ်နေ့နေ့ သူမက လက်ဆောင်ကို ဒီလို ပွင့်ပွင့်လင်းလင်း ပေးလိုက်မယ်ဆိုရင် အဲ့ဒါက သူမဟုတ်လောက်ဘူးလို့ ဆိုလိုတာပဲ။

အင်တာနက် အသုံးပြုတဲ့သူတွေကလည်း မုချောင်ယွင်ကို ရွှီယန်ယု ဘာပေးလိုက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး ဘာတွေ ထပ်ဖြစ်တော့မည်ကိုလည်း ရုတ်တရက် သိသွားခဲ့သည်။

[ ညီမရွှီက တကယ်ကို အဲ့လိုနေရာမှာ တော်တာပဲ။ သူမက သူ့ကို အရင် ဘယ်လို ဖမ်းစားရမလဲဆိုတာကို သိနေတာပဲ။ ပြီးမှ သူ့ကို လက်ဆောင်ပေးလိုက်တာ။ ဒီလို ပစ္စည်းမျိုးတွေက လွယ်လွယ်ရသွားရင် အဲ့ဒါကို တမြတ်တနိုး ထားမှာမဟုတ်တာ သေချာတယ်။ ဒီလိုမျိုး နည်းနဲ့သာပေးနိုင်လိုက်ရင် အဲ့ဒါက အမှတ်တရအဖြစ်ဆုံး ဖြစ်နေတော့မှာပဲ။]

[ ငါတော့ တစ်ခုခုကို သိလိုက်ရတယ်။ အဲ့လိုအရာတွေမှာ မင်းကိုယ်တိုင် ဝင်ပါလို့မှ သူ့စိတ်ထဲ အမှတ်တရ ဖြစ်မနေဘူးဆိုရင် ဒါက ထူးဆန်းနေမှာ။ ဒီနည်းက စစ်ပွဲတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုမျိုးနဲ့ ယှဥ်လို့ရတယ်ဆိုတာ မင်းတို့သိသင့်တယ်။ ဒါက ပြိုင်ဖက်ရဲ့ သေချာစီစဥ်ပြီးလုပ်ထားတဲ့ အစီအစဥ်ထဲကို မပြုတ်ကျသွားဖို့ကတော့ တကယ် ခက်ခဲလိမ့်မယ်။]

[ အဲ့လိုပြောရရင် အချစ်ကို သူတို့ ဘယ်လိုမြင်လဲဆိုတာ တကယ် သိချင်မိတယ်။ ဘာလို့လဲဆိုတော့ အချစ်နဲ့ပတ်သတ်ရင် သူတို့နှစ်ယောက်ရဲ့ အပြုအမူတွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့သာ အချိန်တွေအကြာကြီး တစ်ယောက်ကို တစ်ယောက် ချစ်သွားကြရင်း ပိုပြီး နက်နက်နဲနဲ ချစ်လာကြမှာ။ သူတို့က တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ချစ်သူက မျက်မှောင်လေးကြုတ်ပြီး ပြုံးပြလိုက်တဲ့ ခံစားချက်တွေက ဘယ်လိုမှ ယှဥ်နိုင်စရာတွေ မရှိဘဲ နက်နဲပြီး ခိုင်မြဲတယ်။]

[ ဒါက တော်တော် ရယ်ရတယ်။ ညီမရွှီ ဒီလိုလုပ်နေရင် ဥက္ကဌမုကတော့ သူ ညဘက် အိပ်တဲ့အခါကျရင် ဒီနေ့ သူတို့ကြားထဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ တွေးနေတော့မယ်။]

[ အခြား အတွဲတွေအတွက်ကတော့ အချိန်တွေကြာလာရင် သူတို့ရဲ့ ခံစားချက်တွေက မှေးမှိန်လာလိမ့်မယ် ဆိုပေမယ့် ရွှီယန်ယုနဲ့ မုချောင်ယွင်တို့ အတွက်ကတော့ အဲ့လို ဖြစ်ရမယ့် အရာတွေက မရှိတော့သလောက် ဖြစ်လာလိမ့်မယ်။ ဒီဆယ်စုနှစ်တွေအတွက် သူတို့တွေ အရမ်း စိတ်လှုပ်ရှားနေတော့မယ်ဆိုတာကို ငါတော့ စိတ်ကူးယဥ်ကြည့်လို့ ရနေပြီ။ ငါတော့ ဥက္ကဌမုရဲ့ ကျန်းမာရေးအတွက် တကယ် စိုးရိမ်လိုက်တာ။]

[ အခု မင်းတို့ငယ်ရွယ်တုန်းလေး လေ့ကျင့်ခန်းကို မြန်မြန် လုပ်သင့်တယ်နော်။ အဲ့လိုမှမဟုတ်ရင် အဲ့လိုမှမဟုတ်ရင် မင်းတို့ ခန္ဓာကိုယ်တွေက ထင်သလောက် လုပ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒါက ပြဿနာတက်ဖို့ အလွယ်လေး ဖြစ်လာလိမ့်မယ်။ ဟဟဟဟ။]

[ အတိအကျဆို အဲ့လက်ဆောင်က ဘာလဲ။ အဲ့ဒါက ချိန်းကြိုးနဲ့တော့ တူတယ်။ တကယ့်အတွဲတွေက ဒီလို ဝေ့ဝိုက်တဲ့နည်းနဲ့ ချိန်းကြိုးကို ပေးလိမ့်မယ်။ အဲ့နည်းက လူတွေကို တကယ် ရှက်အောင်လုပ်ပြီး သူတို့ရဲ့ နှလုံးခုန်နှုန်းတွေက ပိုမြန်လာပြီ။]

[ ညီမရွှီက ချိန်းကြိုးကို ဘယ်နား ကိုင်ထားလဲဆိုတာ စိတ်ဝင်စားနေတာက ငါတစ်ယောက်ထဲလား။ အဲ့ဒါက ဆွဲပြားနဲ့လည်းတူပြီး အလေးချိန်စီးမယ့်ပုံပဲ။ အဲ့ဆွဲသီးက ခါးကိုကျော်ပြီး ဘောင်းဘီဂွကြားကို ဆင်းသွားပြီ။]

[ ??? သေစမ်း။ ဒါက အမှန်ပဲလား။ ဒါကတကယ့်ကို မစ္စတာမုရဲ့ အင်္ကျီကနေ ဘောင်းဘီထဲကို တစ်ခုခုက လျှောကျလာတာပဲ။]

[ အဲ့ချိန်းကြိုးက ဘယ်လောက်ရှည်လဲဆိုတာ မြန်မြန် အဖြေရှာကြည့်ကြပါ။ အဲ့ဒါက ဘောင်းဘီထဲထိတောင် တွဲလောင်ကျနေပြီး မထိသင့်တဲ့နေရာကို ထိနေတာ။]

[ ဒါကအရမ်း ရယ်ရတာပဲ။ ဒီလို ညီမရွှီရဲ့ အချစ်တွေကို ဥက္ကဌမုက တကယ် ကိုင်တွယ်နိုင်ပါ့မလား။]

[ ငါအခုတင် အသေးစိတ်ပြောထားတဲ့ စခရင်ရှော့တစ်ခုကို တွေ့ခဲ့တယ်။ ငါလေ့လာကြည့်တော့ အဲ့ချိန်းကြိုးက ၆၀ စင်တီမီတာရှည်တယ်လို့လည်း တွေ့ခဲ့တယ်။ အဲ့ဒါကိုသာ တွဲလောင်းချလိုက်ရင် ဟိုနေရာကို တကယ် သွားထိလိမ့်မယ်။]

[ အဲ့ဆွဲပြားက ဟိုဘက်ဒီဘက်ကို လွှဲနေပြီးတော့ မကြာခနဆိုသလိုပဲ အဲ့နေရာကို တိုက်မိနေတယ်။ အဲ့ဒါက ငါ့စိတ်ကို ခံစားလို့ ကောင်းအောင် လုပ်နေတယ်ဆိုပေမယ့် ငါ့ခန္ဓာကိုယ်က ပိုပြီးတော့တောင် ခံစားလို့ ကောင်းနေတယ်။]

[ ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဌမုက အဲ့ဒါကို တကယ် ယူနိုင်မှာလားတော့ ငါမသိဘူး။ ငါတို့ကိုသာ ဒီထက်ရန်လာစနေရင် ငါတို့လည်း နှာခေါင်းသွေးလျှံကျပြီး အဲ့ဒါကို ယူနိုင်မှာ မဟုတ်ဘူး။]

မုချောင်ယွင်မှာလည်း အင်တာနက် အသုံးပြသူများနှင့် တူညီသည့် အတွေးများ ရှိနေခဲ့သည်။ သူ့ကို ဒုက္ခပေးနေသည့် ရွှီယန်ယုအား စူးစူးစိုက်စိုက် ကြည့်ခဲ့သည်။ သူဒုက္ခရောက်သည့် အချိန်တိုင်း ထိုမိန်းမနှင့် တိုက်ရိုက် ပတ်သတ်နေခဲ့သည်။

ကံကောင်းစွာဖြင့် ထိုအခိုက်အတန့်မှာ သိပ်မကြာခဲ့ပါ။ သူသည် ရွှီယန်ယု၏ လက်ဆောင်ကို ထုတ်လိုက်ကာ သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထိုအရာမှာ အလွန် ထူးခြားသည့် အိတ်ဆောင် နာရီဖြစ်သည်။ အနောက်ဘက်တွင် စိန်ဖြင့် အလှဆင်ထားသော အဖုံးရှိပြီး ငွေရောင်ကြိုးလေးမှာ ချောမွေ့နေသည်။

ထို့အပြင် ထိုအိတ်ဆောင်နာရီသည် DID Moon စီးရီးမှ ထုတ်လုပ်ထားသည်။ အဓိကကတော့ ဒီအမျိုးသမီးမှာ အလွန် လျှို့ဝှက်လွန်းသည်။ ဒီနေ့အတွက် လက်ဆောင်ကို အချိန်ဘယ်လောက်တောင်ပေးပြီး သေချာ ပြင်ဆင်ထားတာလဲ။

သူမသည် မုရှောင်ကို တမင်တကာ အသုံးချကာ သူ့ကို နှိုးဆွခဲ့ပြီးနောက် ဒီလိုထူးခြားတဲ့ နည်းလမ်းမျိုးနဲ့ အိတ်ဆောင်နာရီကို ထုတ်ပြခဲ့သည်။

ရွှီယန်ယုက မုချောင်ယွင်ကိုကြည့်ပြီး သူက ဟိုလိုလို ဒီလိုလို ဖြစ်စေသည့် အနေအထားမျိုးကို ချက်ချင်း ငြင်းပယ်ခဲ့သည့်အခါ ရွှီယန်ယုက သူ့နားကိုကပ်ပြီး တီးတိုးစွာ ပြောခဲ့သည်။ “ ဒါလေးကိုတောင် ရှင်ဘာလို့ တောင့်မခံနိုင်ရတာလဲ။ အနာဂတ်မှာ ဒီထက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတွေ ရှိနေသေးရင် ရှင် အဲ့ဒါတွေကို ခံနိုင်လောက်မှာ မဟုတ်လောက်ဘူး။”

သူမပြောခဲ့သလိုပဲ အိတ်ဆောင်နာရီဖြင့် သူ့ရဲ့ကိုယ်ပေါ်တွင် စက်ဝိုင်းတစ်ခုကို ဖြေးဖြေးလေး ဆွဲခဲ့သည်။ ထိုလုပ်ရပ်တစ်ခုလုံးသည် မိုက်ကာ ဆွဲဆောင်မှု ရှိနေခဲ့သည်။ ထို့နောက် သူမ၏ လှုပ်ရှားမှုများမှာ အလွန် ဂရုတစိုက်ရှိကာ ဘာအသေးစိတ်ကိုမှ မလွတ်သွားစေခဲ့ဘဲ ထိုအရာက လူတွေရဲ့ နှလုံးသားကို နိုးထလာစေခဲ့သည်။

“ ရှင် အဲ့ဒါကို ဝတ်ပြီး လိုက်ဖက်အောင် သေချာပြင်လိုက်။”

အင်တာနက် အသုံးပြုသူများသည် မှတ်ချက်များ စတင်ပေးကြကာ သူတို့သည် တကယ်ကို ပွင့်ပွင့်လင်းလင်း မေးချင်နေခဲ့သည်။

[ အာ၊ မင်းတို့ ဘာကို လိုက်ဖက်အောင် လုပ်နေကြတာလဲ။]

All Chapters