အခန်း (၅၁)
Vol. 5 Ch. 51
မုချောင်ယွင်သည် ရွှီယန်ယု၏ ပွင့်လင်းသော စကားများကို ကြားလိုက်ရသောအခါ သူ့ရဲ့ မျက်လုံးတွေက နက်မှောင်လာခဲ့ပြီး သူ့ရဲ့မျက်နှာမှာ အန္တရာယ်အပြည့်နဲ့ ဖြစ်နေခဲ့သည်။ သူက သတိပေးသည့် ပုံစံဖြင့် သူမရဲ့မေးစေ့လေးကို လက်ဖြင့် ဖြည်းဖြည်းလေး ဆိတ်လိုက်သည်။ ထိုအမျိုးသမီးမှာ တဖြည်းဖြည်း ပိုပိုပြီးတော့ ရဲတင်းလာခဲ့သည်။ သူက သူမကို ထိမှာမဟုတ်ဘူးလို့ တကယ် တွေးထားတာလား။
သူက ရွှီယန်ယုရဲ့မျက်နှာကို ညှစ်လိုက်သော်လည်း သူမက လုံးဝ ပြန်မခုခံခဲ့ပါ။ သူ့ရဲ့လက်ပေါ်မှာတောင် သူမမျက်နှာကို ကြောင်လိုမျိုး ပွတ်ခဲ့မှာ အရမ်း ချစ်ဖို့ကောင်းသည်။
သူမနဲ့ပတ်သတ်ရင် ဘာမှမလုပ်ဖို့ဆိုတာက တကယ်ကို ခက်ခဲလှသည်။ ထိုအမျိုးသမီးက နူးညံ့တဲ့နည်းရော ခက်ထန်တဲ့ နည်းတွေကိုသုံးပြီး အလျှော့ မပေးရုံသာမက အခြေနေနဲ့လိုက်ပြီး ထိုနည်းမျိုးစုံကို အသုံးချတဲ့ နေရာမှာလည်း တော်သည်။ သူမသည် အရမ်း ဉာဏ်နီဉာဏ်များ များဟန်ရှိပြီ တကယ့်ကို အဖြေရှာဖို့လည်း မလွယ်လှပေ။
အတွဲကြားရှိ “ချစ်ခြင်းတရား” ရဲ့ အပြန်အလှန် တုံ့ပြန်မှုတွင် အကြီးမားဆုံး အလင်းရောင်လေးမှာ မုရှောင် ဖြစ်လာခဲ့သည်။ ထို့ပြင် မိဘနှစ်ပါးက ဖန်တီးထားတဲ့ တင်းမာတဲ့ အခြေနေတွေကြောင့်လည်း နာကျင်ခဲ့ရသည်။ ထို့ကြောင့် သူတို့ရဲ့ “ ရင်းနှီးမှု”ပွဲကို အကွာအဝေး တစ်ခုကနေသာ ကြည့်နိုင်ခဲ့တော့သည်။
ကံကောင်းစွာဖြင့် ထိုအတွဲမှာ ငြင်းခုံနေခဲ့ပြီး နောက်ဆုံးတွင် သူတို့မှာ သားတစ်ယောက် ရှိသေးသည်ကို သတိရခဲ့ကြသည်။ ထိုအတွဲသည် မုရှောင်ကို အလေးထားကြောင်း စတင်ပြသဖို့အတွက် သူနှင့်အတူ ဘက်စကတ်ဘောကစားရန် မူလနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
တစ်ဖက်မှာတော့ ရွှီယန်ယု၏ နူးညံ့တဲ့ အမျိုးသမီး အသံမျိုးဖြစ်သည်။ “ မုရှောင် ဒီလိုဟာတွေက အတူပါဝင်ဖို့အတွက် ဖြစ်လာတာပဲလေ။ အဲ့ဒါကြောင့် ဒီတစ်ကြိမ်တော့ အမေတို့ တူတူလုပ်ကြရအောင်။”
နောက်တစ်ဖက်မှာတော့ အနည်းငယ် မာနကြီးသော ယောက်ျားတစ်ယောက် အသံဖြစ်သည်။ “မုရှောင်၊ သား ဘာလို့ ထပ်ပြီး မဆော့တော့တာလဲ။ ဒီဂေါက်ကွင်းကို မကြိုက်လို့လား။”
ပထမဆုံးအနေနဲ့ မုရှောင်သည် သူ့မိဘရဲ့ အချစ်တွေက အလွန် ကြီးမားလေးလံလှသည်ကို ခံစားမိခဲ့သည်။ ဒါတွေသာ အမှန်ဖြစ်ခဲ့ရင် သူ့အတွက် အလယ်မှာ နေဖို့က အရမ်းကို ခက်ခဲလိမ့်မည်။ အမြဲ အကွာအဝေး တစ်ခုမှ ရှိနေခြင်းကသာလျှင် သက်တောင့်သက်သာ အရှိဆုံး အရာတစ်ခု ဖြစ်ဟန်ရှိကာ တကယ်လည်း သူ့ကို ကယ်တင်နိုင်ခဲ့သည်။
ထို့ကြောင့် သူသည် အနာဂတ်တွင် မီးလုံးလေးတစ်ခု မဖြစ်လာရဘူးဟု သူ့စိတ်ကို ပြင်ဆင်ထားခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးသည် သူနှင့် တကယ်ကို မလိုက်ဖက်လှပါ။
ပင်ပန်းသည့် တစ်ရက်တာ ကုန်ဆုံးပြီး နောက်ဆုံးတွင် မုရှောင်သည် ဒုက္ခပင်လယ်ထဲမှ လွတ်မြောက်ခဲ့ရသည်။ သူသည် ထိုကဲ့သို့သောပွဲမျိုးကို နောက်ဘယ်တော့မှ ထပ်ပြီး မကျင်းပတော့ပါ။ သူဘယ်လိုပဲ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါစေ တကယ့်ကို အရာမထင်ခဲ့ပါ။
မု လုပ်ငန်းစုက တည်ဆောက်ထားသော ရွှေရောင် ဂေါက်ကွင်းပေါ်တွင် ရွှီယန်ယုနှင့် မုချောင်ယွင်တို့ ကစားနေရင်း ဖြစ်လာသည့် သူတို့ရဲ့ တုံ့ပြန်မှုများသည် အွန်လိုင်းပေါ်တွင် လူပြောများသည့် ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။ လူရှာများသည့် ထိပ်တန်း ခေါင်းစဥ် ဆယ်ခုလုံးသည် အခြေခံအားဖြင့် ထိုနေ့ကဖြစ်ခဲ့သည့် အကြောင်းအရာများနှင့် ဆက်နွယ်နေခဲ့သည်။
အထူးသဖြင့် live ဗီဒီယိုကို ပြန်လည် ပြသကတည်းက အင်တာနက် အသုံးပြုသူများသည် သူတို့နှစ်ယောက် တရင်းတနှီးရှိနေသည့် စခရင်ရှော့များကို တင်ခဲ့ကြသည်မှာ ပါရှိသည့် အကြောင်းအရာများသည် အလွန် ထူးခြားနေခဲ့ခြင်းကြောင့် ဖြစ်သည်။ အကုန်လုံးကို ရိုက်ယူထားခဲ့ကာ တစ်ပုံချင်း တစ်ပုံချင်းစီကို လေ့လာနေခဲ့ကြသည်။
အင်တာနက် အသုံးပြုသူများ၏ စွမ်းအားမှာ အမြဲလိုလို အသန်မာဆုံး ဖြစ်နေခဲ့သည်။ သူတို့သည် တစ်ပုံမှ မလွတ်သွားသည့်အတွက် ဒီနည်းဖြင့် များစွာသော ကိစ္စများကို မြင်နိုင်သည်။
အံ့သြစရာ ကောင်းတာတစ်ခုက ရွှီယန်ယုသည် မုရှောင်ကို ဒူးပတ်ပေးနေတဲ့အချိန်မှာ သူ့မျက်နှာက မုရှောင်ကို ပြုံးပြနေခဲ့ပေမယ့် အဲ့အချိန်အတွင်းမှာပဲ သူမက လက်ဆောင်ကို ထုတ်ပေးပြီးတာနဲ့ သူမရဲ့ မျက်လုံးတွေက မုရှောင်ယွင်ရဲ့ မျက်နှာကို တမင်တကာလား မတော်တဆလား မသိရဘဲ သွားသွားကြည့်နေခဲ့သည်ကို အင်တာနက် အသုံးပြသူများက တွေ့ရှိခဲ့ကြသည်။
အဲ့မြင်ကွင်းလေးက စက္ကန့်အနည်းငယ်ပဲ ကြာမြင့်တယ် ဆိုပေမယ့် အဲ့ဒါကို ရိုက်ကူးမိကြဆဲ ဖြစ်သည်။ ထိုအရာကနေ မုချောင်ယွင်ရဲ့ပုံစံ ပြောင်းလဲသွားတာတွေကို လေ့လာနေခဲ့ကြရင်း သူ့မှာ မတူညီတဲ့ အကျင့်တွေရှိတယ်ဆိုတာ သိနေကြဟန် ရှိသည်။
[ ညီမရွှီက အစကတည်းက သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကို လှည့်လာပြန်ပြီ။ ပထမဆုံး သူရဲ့ ရည်ရွယ်ချက်က လက်ဆောင်ကို မပြင်ဆင်လာဘူးဆိုတာ ဥက္ကဌမုကို ဂရုစိုက်မိအောင် လုပ်ဖို့ပဲ။]
[ တကယ့်လို့ ဥက္ကဌမုကသာ အဲ့ဒါကိုသာ အာရုံစိုက်မိရင် သူရဲ့ ယှဥ်ပြိုင်ချင်တဲ့ စိတ်တွေက ဖြစ်လာလိမ့်မယ်။ ပြီးရင်သူ့ကို နောက်ထပ် စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်လေးတွေဆီကို ထပ်ခေါ်ဆောင်သွားတာက နောက်ထပ် လက်ဆောင်ပေးဖို့ အကြံဉာဏ်ပဲ။ ဒီလိုနည်းကပဲ သူ့ကို လက်ဆောင်အပေါ်မှာ ပိုပြီး အာရုံစိုက်မိလာလိမ့်မယ်။]
[ လွယ်လွယ်နဲ့ရတဲ့ လက်ဆောင်တွေဆို သိပ်ပြီး အလေးမထားကြဘူးလေ။ ရတနာတွေလိုပဲ ဒီလိုအရာတွေကမှ ရဖို့မလွယ်ဘူးလို့ သတ်မှတ်လာကြမှာ။ အဲ့ဒါကြောင့် ညီမရွှီရဲ့ ရည်ရွယ်ချက်က ဥက္ကဌမုရဲ့ လက်ထဲမှာ အဲ့လက်ဆောင်က ပိုပြီးတန်ဖိုးရှိအောင် လုပ်ပေးလိုက်တယ်ဆိုတာ လက်ခံလို့ရသွားပြီ။]
[ ဟုတ်ပါပြီ။ ငါ့မှာ မေးစရာတစ်ခု ရှိတယ်။ ညီမရွှီရဲ့အိမ်က အဝတ်ဘီဒိုကြီးကို မြင်ဖူးကြလား။ တတိယထပ်က အခန်းက မီတာတစ်ရာ ပတ်လည်လောက် ရှိနေပြီး အဲ့ထဲမှာလည်း ရိုးရိုး ပစ္စည်းတွေနဲ့ အပြည့်ပဲလေ။ ဒါပေမယ့် သူမ အရင်က ဝယ်ခဲ့တဲ့ ဇိမ်ခံပစ္စည်းတွေအကြောင်းကို ခနလေးနဲ့ တွေးနိုင်ဖို့က မလွယ်လောက်ဘူးနော်။]
[ သူဌေးမုရဲ့လက်ထဲမှာတော့ ပစ္စည်းကောင်းတွေ အများကြီးပဲ။ သူ့ရင်ထဲက ထူးခြားတဲ့ အရာကို လိုချင်ရင်တော့ လျှို့ဝှက်ကြံစည်ထားမှ ဖြစ်မယ်။ အခုဆို ရွှီယန်ယုက အဲ့ဒါကို လုပ်ပြီးပြီဆိုတော့ သေချာပေါက် အဲ့အရာကို ဂရုစိုက်မှာပဲ။ သူမက တကယ့်ကို အကြံအဖန်များတာကို ငါတော့ သက်ပြင်းပဲ ချမိတော့တယ်။]
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသည့်နောက်တွင် SOSO ဗီဒီယိုအတိုတွေတင်တဲ့ ကွန်ယက်ပေါ်က အာရှမှာ အကောင်းဆုံး အတွဲဆုကို ပေးမယ့်အချိန်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ မကြာသေးမီက ဂေါက်ကွင်းရှိ သူတို့ရဲ့ဗီဒီယိုမှာ ညနေပိုင်းမှာတင် လူသိများသွားခဲ့ပြီး သူတို့အတွဲရဲ့ အောင်မြင်မှုမှာ များစွာ မြင့်တက်ခဲ့သည်။
SOSO ဗီဒီယို ပလက်ဖောင်းပေါ်မှာ တရားဝင်အကောင့်ကို စာရင်းသွင်းလို့ရမည့် အခွင့်အရေးကို ရယူခဲ့ကာ ထိုပလက်ဖောင်းကို တရားဝင် ပါဝင်ခဲ့သည်။ မထင်မှတ်ထားသည့် အရာမှာ သူတို့သည် အကောင့်စ ဖွင့်ဖွင့်ချင်း နေ့မှာတင်ပဲ ဖော်လိုဝါ ၅၀၀,၀၀၀ ကျော် ရရှိခဲ့ကြသည်။ အင်တာနက် တစ်ခုလုံးတွင် အောင်မြင်နေသည့် အတွဲအနေဖြင့် အင်တာနက် အသုံးပြုသူများက ကမန်းကတန်းနဲ့ သူတို့ကို တွဲကာ ဒီပလက်ဖောင်းပေါ်မှာ ပါဝင်ဖို့အတွက် အတွဲဗီဒီယိုတွေ ရိုက်တင်ဖို့ကို ပြောခဲ့ကြသည်။
SOSO သည် အင်တာနက် တစ်ခုလုံးတွင် အကြီးဆုံး ဗီဒီယို website တစ်ခုဟုတောင် ပြောနိုင်သည်။ များစွာသော အောင်မြင်သည့် ဗီဒီယိုတွေ ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် ရွှီယန်ယုနှင့် မုချောင်ယွင်တို့ ပထမဆုံးအကြိမ် စတင် ကြည့်ရှုခဲ့သည့်အခါ သူတို့နှစ်ယောက်က ဘယ်သူ ဘယ်ဝါဖြစ်ကြောင်းကို အတည်ပြုခဲ့ကြရသည်။ မည်သို့ပင် ဖြစ်စေကာမူ ဆုရရှိသည့် ဧည့်သည်များအနေဖြင့် သူတို့ရဲ့ အကောင့်များတွင်လည်း ဗီဒီယိုများ ရှိနေရမည်။
ထိုနည်းဖြင့် ဆုပေးပွဲမပြီးခင် ဗီဒီယိုတိုတစ်ပုဒ်တော့ ထိုကွန်ယက်ပေါ်တွင် ရိုက်ကာ တင်ကြရမည် ဖြစ်သည်။ အင်တာနက် အသုံးပြုကြသူများသည် “လက်ထပ်တာက အရင် အချစ်က နောက်မှ” အခြား ဧည့်သည်များ၏ SOSO အကောင့်များကို ကြည့်ရှုခဲ့ကြသည်။ ဥပမာအနေဖြင့် ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့သည် သူတို့ရဲ့ လှုပ်ရှားမှုများကို တိုးမြှင့်ဖို့အတွက် တစ်ခါတစ်ရံ နှစ်ယောက်တွဲ ဗီဒီယိုများကို တင်ခဲ့ကြသည်။ သူတို့နှစ်ယောက်ကို ကြည့်လိုက်သည့် အချိန်တိုင်း အလွန်ကျက်သရေရှိကာ တစ်ယောက်ကို တစ်ယောက် တုံ့ပြန်တတ်သည့် စိတ်ချင်း ချိတ်ဆက်မှုမှာလည်း အလွန် ကြည်နူးဖို့ကောင်းသည်။ သူတို့ကို ကြည့်နေရုံဖြင့် အတွေးများစွာ ဖြစ်လာသည်ကို ခံစားလို့ ရနိုင်သည်။
အထူးသဖြင့် သူတို့အရင်က ကခဲ့သည့် စုံတွဲအကဖြင့် ထိုအတွဲသည် SOSO ရဲ့ ထိပ်တန်း ရေပန်းစားသည့် စာရင်းထဲတွင် ပါဝင်ဆဲဖြစ်သည်။ ထို့နောက်ပိုင်းတွင် အခြား ဘယ်အတွဲမှ သူတို့ရဲ့ ဗီဒီယိုလောက် ရေပန်းမစားခဲ့ကြတော့ပါ။
ပရိတ်သတ်တစ်ယောက်မှ ရွှီယန်ယုထံ စာတစ်စောင် ပေးပို့ခဲ့သည်။ “ညီမရွှီရေ၊ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ကြည့်လိုက်ပါဦး။ ညီမနဲ့ ညီမအမျိုးသားလည်း ဒီလိုကနေတဲ့ ဗီဒီယိုမျိုး ရိုက်လို့ရမလား။ ကျွန်မ ဘဝတစ်လျှောက်မှာ အဲ့လိုဗီဒီယိုလေး မြင်ရမယ်ဆိုရင် သေရင်တောင် ဘာနောင်တမှ ရမှာမဟုတ်ပါဘူး။”
ရွှီယန်ယုက ထိုသီးသန့်စာကို တကယ်ရရှိခဲ့သည်။ ထို့နောက် ကျန်းချင်ယွင်နှင့် ရှန်ဖန့်တို့ရဲ့ ရေပန်းစားနေတဲ့ ဗီဒီယိုကို ကြည့်ပြီးသည့်နောက်တွင် ထိုအရာက သူတို့နှင့် မသင့်တော်ဘူးဟု ခံစားခဲ့ရသည်။ ထို့ပြင် ထို့ကဲ့သို့သော် တီထွင်မှုမျိုးကိုလည်း သူတို့ သဘောမကျခဲ့ကြပါ။ အချို့သော အရာများသည် ထူးခြားမှုရှိဖို့သာ လိုအပ်သည်။
တစ်ဖက်လူရဲ့ ကနေတဲ့ ဗီဒီယိုက ကောင်းတယ်လို့ သူမ တော့ မထင်ပါပေ။ တကယ်လို့ သူမ ဗီဒီယို ရိုက်ချင်တယ်ဆိုရင်တောင် သူမနည်းသူမဟန်နဲ့ပဲ ရိုက်မှာပင်။
ရွှီယန်ယုက အချိန်ကိုကြည့်လိုက်သည့်အခါ ည ၁၁ နာရီရှိနေပြီ ဖြစ်သည်။ ခါတိုင်းတွင် ဒီချိန်ဆို သူမသည် ညအိပ်ဝတ်စုံဝတ်ကာ အိပ်ရာဝင်နေပြီ ဖြစ်သည်။ အခု သူမက ညအိပ်ဝတ်စုံ ဝတ်ထားသော်လည်း အိပ်ရာဝင်မည့်အစား ဗီဒီယို ရိုက်ဖို့အတွက် မုချောင်ယွင်၏ အခန်းသို့ သွားတော့မည် ဖြစ်သည်။
ကင်မရာနှင့် ထောက်တံကိုကိုင်ကာ စင်္ကြံလမ်းရဲ့ အဆုံးမှာရှိတဲ့ မုချောင်ယွင်ရဲ့ အခန်းသို့ မြန်မြန် လမ်းလျှောက်သွားခဲ့သည်။ သူမက တံခါးကို ညင်ညင်သာသာနဲ့ နှစ်ခါခေါက်ခဲ့ပေမယ့် ဘယ်သူကမှ ပြန်မဖြေခဲ့ပါ။
တဖက်လူက အစောကြီး အိပ်ရာဝင်သွားလားကို ရွှီယန်ယုက သိချင်နေခဲ့သည်။
သူမလည်း တံခါးကိုဖွင့်ကာ မှောင်မဲနေသော အခန်းထဲသို့ဝင်ကာ မုချောင်ယွင်ရဲ့ အိပ်ရာနားသို့ ခြေတစ်လှမ်းချင်း လှမ်းသွားခဲ့သည်။
တကယ်တော့ မုချောင်ယွင်က သူမ ဝင်လာကတည်းက နိုးနေသော်လည်း လုံးဝ မလှုပ်ခဲ့ပါ။ ထို့အပြင် သူ့အိပ်ရာပေါ်သို့ တစ်ခုခုက ဖြေးဖြေးချင်း တက်လာကာ သူ့ဂွမ်းကပ်စောင်ကို ဆက်ခနဲ ဆွဲယူသွားဟန်ရှိသည်။
တစ်ဖက်လူ၏ နူးညံ့တဲ့ ခန္ဓာကိုယ်သေးသေးလေးက စောင်ထဲကို ဝင်လာပြီးနောက် သူ့နောက်ကျောလည်း ရုတ်တရက် တွန့်သွားခဲ့သည်။ အကြောင်းမှာ သူမ၏ လက်သေးသေးလေးများသည် ပလာယာများကဲ့သို့ သူ့ပေါ်တွင် ညှပ်ချလိုက်ခြင်းကြောင့် ဖြစ်သည်။
မုချောင်ယွင်သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အနောက်ကိုလှည့်ကာ သူမကို ဖက်လိုက်တော့သည်။ သူ့ဆံနွယ်မှ သင်းပျံ့တဲ့ရနံ့လေးကို ညှင်သာစွာ နက်ရှိုင်းပြီး သူ့ရဲ့နှုတ်ခမ်းပါးလေးဖြင့် သူမရဲ့နှဖူးကို ဖြေးညှင်းစွာ နမ်းရှိုက်လိုက်သည်။ အနည်းငယ် မယိုးမရွ ဖြစ်သွားသည်ဟု ခံစားခဲ့ရသို့သော်လည်း ထိုအရာမှာ အလွန် ညင်သာပြီး မပြတ်မသား ဖြစ်နေခဲ့သည်။
တကယ်လို့ မင်းအဲ့အကြောင်းကို တွေးမိခဲ့ရင် ဒီလူဟာ သူ့တစ်ဘဝလုံးမှာ ထိန်းထားခဲ့ရတဲ့ နူးညံ့မှုမျိုးကို ဒီအချိန်မှာ ထုတ်ပြနေတယ်လို့ ခံစားရလိမ့်မယ်။
ရွှီယန်ယုက စောင်ထဲကထွက်ဖို့ ရုန်းကန်နေခဲ့ပြီး တစ်ခုခုကို အလိုလိုက်သည့်ပုံစံဖြင့် ပြောခဲ့သည်မှာ “ဗီဒီယိုရိုက်ဖို့ ကျွန်မကို အရင် စောင့်ပါဦး။ ပြီးမှ အဲ့ဒါကို အင်တာနက်ပေါ် တင်လိုက်မယ်။”
“…..”
မုချောင်ယွင်သည် အိပ်ရာဘေးရှိ ကင်မရာအား မြင်ခဲ့သည်။ အမျိုးသမီးက မှန်ပြောင်းကိုဖွင့်ကာ အဲ့ဒါကို ညှိလိုက်ပြီးနောက် ဖြည်းဖြည်းလေး လှဲချလိုက်သည်။ အမျိုးသား၏ လက်မှာ တောင့်တောင့်ကြီး ဖြစ်နေဟန်ရှိကာ ကင်မရာရှေ့တွင်မှာတောင် သရုပ်မဆောင်နိုင်ခဲ့ပါ။
ရွှီယန်ယုက သူ့ရဲ့နှုတ်ခမ်းကို မဲ့ပြုံးဖြင့် ပြုံးပြခဲ့ကာ သူမ၏ မျက်နှာက ချစ်စရာကောင်းသော ပုံစံလေးဖြင့် သူ့ကို ရုတ်တရက် တင်းကြပ်စွာ ဖက်လိုက်သည်။ သူမသည် သူ့ဘောပင်၏ ထိပ်ကို ညင်သာစွာထိပြီး သူ့ကိုယ်ပေါ်က သစ်ကတိုးနှင့် သားရေအနံ့ကို ခံစားမိခဲ့သည်။
သူမလည်း သူ့ရဲ့ခေါင်းကို တယုတယု ထွေးပွေ့လိုက်ကာ မုချောင်ယွင်၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားခဲ့သည်။ အကွာအဝေး ကျဥ်းကျဥ်းလေးမှာ သူ့ရဲ့ အကြည့်တွေကို ဘယ်မှ မရွေ့နိုင်တော့ဘဲ သူမကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုအရာမှာ အန္တရာယ်ရဲ့ အငွေ့အသက်ဖြစ်ကာ သားကောင်ကို မဖမ်းခင် ပစ်မှတ်ထားခြင်းမျိုး ဖြစ်သည်။ သူတို့လည်း တဖြည်းဖြည်း တွယ်ငြိကာ ဘယ်လိုမှ ခွဲခွာမရ ဖြစ်နေခဲ့သည်။
အင်တာနက် အသုံးပြုသူများသည် သူတို့ရဲ့ဖုန်းက ညလယ်ခေါင်ကြီးတွင် ဒင် ဆိုသည့် အသံ တစ်သံကို ကြားလိုက်ရသောအခါ ထကြည့်ခဲ့ကြသည်။
သင် ဖော်လိုးလုပ်ထားသော ဘလော့ကာတစ်ယောက်မှ ဗီဒီယိုသစ်တစ်ခုကို တင်ခဲ့သည်။
သူတို့အဲ့ဒါကိုဖွင့်လိုက်တာ အိပ်ရာထဲမှာ ချစ်သူနှစ်ယောက်က ဟိုလိုလို ဒီလိုလိုနဲ့ တယုတယရှိနေတဲ့ပုံကို တွေ့လိုက်ရတယ်။ အဲ့ဒါက အရမ်းအံ့ဩရလွန်းလို့ သူတို့မျက်လုံးတွေ ကျယ်သွားပြီး တံတွေးတောင် သီးသွားကြသည်။
[ သေစမ်း။ မင်းတို့နှစ်ယောက်က တကယ်ကြီး ဒီလိုဗီဒီယိုမျိုးကို အိမ်မှာ တိတ်တိတ်လေး ရိုက်ထားကြတာပဲ။ အာာာ၊ ဒါက အပြည့်ရိုက်ထားတာ ရှိသေးလား။ တကယ်ကို ရင်ခုန်ဖို့ကောင်းတာပဲ။]
ရွှီယန်ယုတင်ထားတဲ့ ဗီဒီယိုကို ဗီဒီယိုအတိုလေးကို သူတို့ ကြည့်လိုက်တုန်းက ပထမဆုံး တုံ့ပြန်မိတာက ရင်ခုန်သံတွေ မြန်သွားပြီး ရှက်သွားတာပင်။ ရှက်ဖို့ကောင်းတဲ့ မြင်ကွင်းတွေ အများကြီးကို သူတို့စိတ်ထဲ မြင်ယောင်လာမိကြသည်။ မှောင်မဲနေတဲ့ ပတ်ဝန်းကျင်မှာ ဘာမီးမှလည်း မဖွင့်ထားတာက အရမ်းကို ဆွဲဆောင်မှုရှိပြီး လူတွေကို အဆုံးမရှိတဲ့ စိတ်ကူးယဥ်ဆန်မှုတွေကို ပေးလိုက်တာပင်။
အိပ်ရာထဲမှာ သူတို့နှစ်ယောက်က အတူတူ ထွေးပွေ့ထားပြီး အမှောင်ထဲမှာ တစ်ယောက်ကို တစ်ယောက် အနွေးဓာတ်ပေးနေသလိုပဲ။ တယုတယနဲ့ ထွေးပွေ့ထားတာက သူတို့တွေ ပိုပြီး နီးကပ်နေသလို ခံစားရသည်။
ထိုအချိန်မှာပဲ အင်တာနက် အသုံးပြုသူများက ထိုတိတ်ဆိတ်နေတဲ့ ဗီဒီယိုကို ကြည့်ကာ အခြား ဘာကိုမှ စိတ်မဝင်စားဘဲနဲ့ ပြင်းပြတဲ့ ခံစားချက်တွေကို ခံစားမိနေကြသည်။ ထိုခံစားချက်က တကယ်ကို အဖိုးတန်ပြီး အလွန်ရှားပါးတဲ့ ခံစားချက်မျိုးဖြစ်သည်။ လူတစ်ယောက်ရဲ့ ဂုဏ်ရှိန်က နိမ့်ပြီး အနေအထားက ပိုမြင့်လေလေ၊ ဒီလို ဖြူစင်တဲ့ ခံစားချက်တွေက လေ့လာဖို့ ပိုခက်လေလေပဲ။ ဒါ့ကြောင့် သူတို့အတွဲက ဒီပတ်ဝန်းကျင်မှာ အရမ်း ထူးခြားနေရတာပဲ။ ပြီးတော့ သူတို့ကို ကြည့်နေရတာကပဲ လူတွေကို အတော်လေး မနာလိုသည့် ခံစားချက်ကို ဖြစ်စေလိမ့်မည်။
[ ဒီပုံက အရမ်း မှုန်နေတယ်ဆိုပေမယ့်လည်း တကယ်ကို လှတာပဲ။ တစ်ဖက်လူရဲ့ ကိုယ်အပူချိန်ကိုရော ခံစားမိရဲ့လား။ ညီမရွှီရဲ့ ဖြူဖွေးတဲ့ လည်တိုင်ကိုတောင် မြင်နေရတယ်။ သူက အဝတ်အစားတွေရော ဝတ်ထားရဲ့လား။]
[ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စောင်ခြုံထားတယ်ဆိုရင် ငါတို့အားလုံးကတော့ အဝတ်ဗလာတွေနဲ့လို့ ထင်မိမှာပဲလေ။ ငါ့လက်ထဲကို ဒီလိုနွေးထွေးပြီး နူးညံ့တဲ့ ကျောက်စိမ်းလေးသာ ရောက်လာလို့ကတော့ ငါတစ်ခုခု လုပ်မိမှာ။]
[ မင်းက ဘာမှသာမလုပ်ဘူးဆို မစ္စတာမု မင်း ပုံမှန် ယောက်ျားရော ဟုတ်သေးရဲ့လား။ ဒီထပ်ပိုပြီး စိတ်မရှည်နေနဲ့တော့။ ဒါက မင်းစိတ်ရှည်ရမယ့် အချိန် မဟုတ်ဘူးနော်။]