အခန်း (၅၂)
Vol. 5 Ch. 52
ရွှီယန်ယုက သူမရဲ့ ဖုန်းကိုပိတ်ကာ ဘေးပစ်ချလိုက်သည်။ မှိန်နေတဲ့အခန်းလေးက ထပ်ပြီး မှောင်မဲသွားခဲ့ပြန်သည်။ အကြောင်းမှာ သူမက အအေး ကြောက်ကောင်းကြောက်လိမ့်မည်။ သူမ ထပ်ပြီး ကသိကအောက် ဖြစ်သွားခဲ့သည်။ သူမရဲ့ဘေးက သက်တောင့်သက်သာရှိတဲ့ ထွေးပွေ့မှုလေးက အရမ်းနွေးထွေးသွားသလို ခံစားခဲ့ရသည်။ သူမသည် အမျိုးသား၏ လက်ထဲတွင် ထပ်ပြီး ကျုံ့သွားကာ အတော်လေး သက်တောင့်သက်သာရှိသည်ဟု ခံစားနေခဲ့ရသည်။
မုချောင်ယွင်က အလွန်ပါးသော ညအိပ်ဝတ်စုံကိုသာ ဝတ်ထားခဲ့ကာ အလွန် တိတ်ဆိတ်နေခဲ့သည်။ ညဘက် အမှောင်ထဲတွင် သူ့အသက်ရှူသံကို အခြားတစ်ယောက်ကတောင် ကြားနေခဲ့ရကာ သူကတကယ် အိပ်ပျော်နေခဲ့သလို ဖြစ်နေခဲ့သည်။
သူ့ရဲ့နှလုံးခုန်သံကို ရွှီယန်ယုတောင် ကြားနိုင်ခဲ့သည်။ သူ့ရဲ့ အသက်ရှူသံမှာ ပုံမှန်အတိုင်းဖြစ်ကာ အရှိန်မြန်လာသည့် လက္ခဏာမျိုးလည်း မရှိပါ။ ထိုအရာမှာ သူမကို အလွန် စိတ်မကျေမနပ် ဖြစ်စေခဲ့သည်။ သူ့ရဲ့လက်ပေါ်မှာ ခနတာ လှဲနေပြီးနောက်တွင်လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါ။
ရဲတင်းတဲ့ လှုပ်ရှားမှုတစ်ခုက ရုတ်တရက် ဖြစ်သွားခဲ့သည်။
မုချောင်ယွင်၏ လက်ထဲရှိ သူမကို စောင်ဖြင့် ခြုံထားပြီး အဝတ်တွေ တစ်ထည်ချင်းချွတ်ကာ သူမရဲ့ နူးညံ့ချောမွေ့တဲ့ အသားရည်လေးကို ပြနေခဲ့သည်။ အမှောင်ထဲမှာတောင် မုချောင်ယွင်က သူမရဲ့အထိအတွေ့တွေက ထူးခြားပြီး နူးညံ့ချောမွေ့နေတာကို ခံစားမိနေဆဲ ဖြစ်သည်။
ထိုအချိန်မှာပဲ မုချောင်ယွင်သည် တစ်ခုခု မှားနေသည်ဟု သိလိုက်ရသည့်အခါ အဲ့ဒါက အလွန် နောက်ကျသွားခဲ့သည်။ ဇာညဝတ်အင်္ကျီမှာ စောင်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“….”
မုချောင်ယွင်သည် သူ့ကိုယ်သူ ကောင်းကောင်း ထိန်းချုပ်နိုင်ကာ သူ့ရဲ့စိတ်ရှည်မှုကိုလည်း အရမ်း ယုံကြည်ထားသည်။ တကယ်တော့ ထိုအမျိုးသမီးက ညလယ်ခေါင် သူ့အခန်းထဲသို့ ဝင်လာသောအခါ သူမတွင် ရည်ရွယ်ချက် ကောင်းကောင်းမရှိဘဲ ဗီဒီယိုတစ်ပုဒ် ရိုက်ချင်သည်ကို သူသိနေခဲ့သည်။
သူမရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို ထပ်ပြီး တားဖို့က သူမကို လစ်လျူရှူထားပြီး ဓာတ်ပုံ ရိုက်ခိုင်းလိုက်ရုံပင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိန်းမက ဒီလောက်တောင် ထပ်ပြီး တက်ကြွလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ရွှီယန်ယုဆိုတဲ့ ဒီမိန်းမက သူ့ကို တစ်ဆင့်ပြီး တစ်ဆင့် တကယ်ကို တွန်းအားပေးနေတာပဲ။
အကြောင်းမှာ သူက လုံးဝကို ကိုယ်လုံးတီးကြီး ဖြစ်နေကာ ခံစားနေရတဲ့ အထိအတွေ့တွေအားလုံးက တော်တော်လေးကို မြင့်တက်သွားခဲ့သည်။ အဲ့မတိုင်ခင် သူက သူမရဲ့ကောက်ကြောင်းလေးများကို တွေးနေတာ ဒါမှမဟုတ်ရင် အချို့ ဆွဲဆောင်မှုရှိတဲ့ နေရာတွေကိုပဲ ထိနိုင်မယ်လို့ စိတ်ကူးယဥ်နေခဲ့သည်။
ဒါပေမယ့် အခုတော့ သူ့ရဲ့အတွေးထဲမှာ လုံးဝ စီးမျောခံစားနိုင်ခဲ့ပြီး သူက အတောမသတ်နိုင်တဲ့ ယှက်နွယ်မှုတွေကို လွှတ်ချလိုက်တော့သည်။ သူ့စိတ်ရဲ့ အနက်ရှိုင်းဆုံး နေမှာရှိတဲ့ ဆန္ဒတွေကို လွှတ်ချလိုက်တာက အထဲမှာရှိတဲ့ မကောင်းဆိုးဝါးကို လွှတ်ပေးဖို့ မကောင်းတဲ့တံခါးအား ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
တိတ်ဆိတ်သော အခန်းထဲတွင် အမျိုးသားတစ်ယောက်က ရုတ်တရက်ဆိုသလို အသက်ကို ပြင်ပြင်း ရှူသွင်းခဲ့သည်။
ထိုအသံကို ကြားပြီးတဲ့နောက်မှာ ရွှီယန်ယုက သူ့နှလုံးခုန်သံတွေက သိပ်ပြီး ပုံမှန်မဟုတ်တာကို ကြားခဲ့ရသည်။ တကယ်တော့ သူ့ရဲ့နှလုံးခုန်သံများမှာ အနည်းငယ် ပရမ်းပတာ ဖြစ်လာခဲ့သည်။ ထို့နောက် ရင်ခုန်သံများမှာလည်း အရင်ကထက် ပိုမြန်လာခဲ့သည်။
သူက အရင်ထဲက တကယ် တည်ငြိမ်နေတာ မဟုတ်လောက်ပေ။ ဒါပေမယ့် အခုတော့ သူ တကယ်ကို စတင်ပြီး ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့သည်။ သူ့ရဲ့နှလုံးသားက သူမအတွက် ခုန်နေသည်သာ ဖြစ်ပြီး သူမကြောင့်ပဲ လုံးဝ မရပ်တန့်တော့ပါ။
ရွှီယန်ယုသည် သူ့ရဲ့ စွဲမက်စရာကောင်းတဲ့ နှလုံးခုန်သံကို ကြားရပြီး အလွန် ပျော်နေသည်ဟု ခံစားခဲ့ရသည်။ သူမဘေးက သူရဲ့ နှလုံးခုန်သံကြောင့် ဒီည သူမ ငြိမ်းငြိမ်းချမ်းချမ်း အိပ်လို့ရအောင် လုပ်ပေးတယ်လို့တောင် ခံစားခဲ့ရသည်။
လေဟာနယ်ထဲမှာ ရှိနေတဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးဟာ လိုက်လျောညီထွေ နေတတ်တဲ့ ရေသူမလေးအလား ဖြစ်ကာ အလွန် ဂနာမငြိမ် ဖြစ်နေခဲ့သည်။ ထို အနည်းငယ် လှုပ်ရှားမှုတွေက မုချောင်ယွင်ကို သွားပြီး ပွတ်နေမိကာ သူ့ရဲ့ တည်ငြိမ်မှုကို နှောက်ယှက်နေခဲ့သည်။ ရုတ်တရက် ဒီလို ခံစားမှုမျိုးအောက်မှာ သူ ရူးတော့မလိုတောင် ဖြစ်နေခဲ့သည်။
မုချောင်ယွင်က အတော်လေး ပူလာသည်ကို ခံစားခဲ့ရကာ နောက်ထပ် မလှုပ်ရှားစေလိုသည့်အတွက် ရွှီယန်ယုရဲ့ ခန္ဓာကိုယ်ကို ရုတ်တရက် ထဖက်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမကိုယ်ပေါ်က ညအိပ်ဝတ်စုံကို တစ်ခုချင်း ချွတ်ချကာ ဖရိုဖရဲဖြင့် အိပ်ရာအောက်သို့ ပစ်ချခဲ့သည်။ စောင်တစ်ထည်လုံးမှာလည်း ဘဲဥပုံစံ ဖြစ်သွားခဲ့သည်။ သူက သူမရဲ့ခန္ဓာကိုယ်ကို မာန်ပါပါ နမ်းရှိုက်ခဲ့ပြီး သူမရဲ့ ပြည့်စုံလှတဲ့ ခန္ဓာကောက်ကြောင်းများဟာ သူ့ရဲ့ စိတ်ဆန္ဒကို နှိုးဆွပေးနေသည့် အရင်းအမြစ်ပင် ဖြစ်သည်။
မုချောင်ယွင်၏ ပိုင်ဆိုင်လိုစိတ်များမှာ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအရာကို ထပ်ပြီး သည်းခံနိုင်စွမ်း မရှိတော့ပါ။ သူသည် ထိုအမျိုးသမီးကို အရှင်လက်လက် မျိုချချင်နေခဲ့ပြီး သူမကို လုံးဝ လိုချင်နေပြီ ဖြစ်သည်။
ဒီအခိုက်အတန့်မှာပဲ သူသည် ထိုရှုပ်ထွေးမှုများကြောင့် ဒုက္ခရောက်ကာ ညှင်းဆဲခံနေခဲ့ရသည်။ ထို့အပြင် သူသည် ရွှီယန်ယုကြောင့် အကြိမ်များစွာ အခွင့်အရေးတွေကို ဆုံးရှုံးသွားခဲ့ရသည်ဟု ခံစားခဲ့ရသည်။ ဒီတစ်ကြိမ်မှာတော့ သူအောင်မြင်လိမ့်မည် ဖြစ်သည်။ ထိုအမျိုးသမီးကို သူသည် ပိုက်ဆံပေးကာ သူမရဲ့ ဖျားယောင်း သွေးဆောင်နေတာရဲ့ အကျိုးဆက်များသည် တောင်ခံထားဖို့ မလွယ်ကူသည်ကို သူမ သိရှိအောင် ပြုလုပ်မည် ဖြစ်သည်။
နောက်ထပ် သူမက စည်းမရှိ ကမ်းမရှိ ရေလာမြောင်းပေး လုပ်ရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့။
အဲ့ဒါက ဂေါက်ကွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စပဲ။ သူမက အစကတည်းက ရည်ရွယ်ပြီး ထိုကိစ္စကို လုပ်ခဲ့တာပဲ။ အရာအားလုံးက သူမ မျှော်လင့်ထားသလိုပဲလေ။ သူ အဲ့ဒါကို တွေးမိတိုင်း၊ ပိုပြီး ဒေါသထွက်ရတယ်။
သူ ဒေါသထွက်နေတဲ့အခါမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးတောင် ထိပ်ထိပ်ပျာပျာ ဖြစ်နေခဲ့သည်။ ရွှီယန်ယုကလည်း သူ့ကြောင့် အသက်တောင် မရှူရဲ ဖြစ်နေခဲ့သည်။ သူမက နှစ်ခါလောက် အသက်ရှူပြီး နောက်ဆုံးမှာတော့ သူမရဲ့ အားတွေအကုန်ကို သုံးကာ သူ့ရဲ့နှုတ်ခမ်းတွေကို တားမြစ်ထားတဲ့ နေရာတွေဆီကို ထားပေးလိုက်တော့သည်။
တကယ်တော့ ထိုအချိန်မှာ ဘောင်းဘီတွေ အကုန်လုံးကိုလည်း ချွတ်ထားခဲ့ကြပြီး ဖြစ်သည်။ သူတို့နှစ်ယောက်က ပုံမှန်အတိုင်းပဲ တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိနေခဲ့ကြသည်။ သူတို့သည် အရင်က ဒီလို အဝတ်ဗလာမျိုးဖြင့် တစ်ခါမှ မနေဖူးခဲ့ကြဘဲ သူတို့ကြားထဲတွင် အတွင်းခံလေး တစ်ထပ်သာ ခြားနေခဲ့သည်။
ရွှီယန်ယု အသက်မရှူရဲဘဲ ပြောလိုက်သည့် အရာတစ်ခုက ခံစားချက်အားလုံးကို ဖျက်ဆီးသွားခဲ့သည်။
“ ဒီနေ့ ကျွန်မ ရာသီလာနေတာ။ နောက်ရက်မှ အဲ့ဒါကို လုပ်ကြတာပေါ့။”
“…..”
ထိုအချိန်မှာပဲ သူလည်း ဘယ်လိုမှ မထိန်းနိုင်ဘဲ အံကိုသာ ကြိတ်ထားခဲ့ကာ သွေးများ ဆူပွက်လာပြီး မွန်းကျပ်လာခဲ့သည်။ ထိုအရာမှာ တကယ့်ကို နာကျင်လွန်းလှသည်။
ထိုမိန်းမမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေသာ ရှိနေတာကို မုချောင်ယွင် သိနေခဲ့သည်။ သူ့ကို ဖျားယောင်းဖို့အတွက် ညလယ်ခေါင်ကြီး သူ့အခန်းထဲကို ပြေးဝင်လာသည်။ ဒီလိုအကျင့်မျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူတို့နှစ်ယောက် ထိုညက ရိုက်ထားသည့် အိပ်ရာထဲက ဗီဒီယိုသည် SOSOရဲ့ ကွန်ယက်ပေါ်မှာ ချက်ချင်းပဲ ပျံ့နှံ့သွားခဲ့ကာ အဲ့ဒါကို တင်လိုက်ပြီး တစ်နာရီ မပြည့်သေးခင် တစ်ညတည်းမှာပဲ ကြိုက်နှစ်သက်သူ ၅၀၀,၀၀၀ ကျော် ရရှိခဲ့သည်။ အစတုန်းက အောင်မြင်နေတဲ့ ကျန်းချင်ယွင်နဲ့ ရှန်ဖန့်တို့ရဲ့ ဗီဒီယိုတွေနေရာမှာ သူတို့က နေရာယူသွားခဲ့သည်။ သူတို့ရဲ့ အောင်မြင်မှုမှာ အရမ်းမြင့်မားပြီး ရေပန်းစားနေတဲ့ စာရင်းမှာရှိတဲ့ ဘယ်ဘလော့ကာကိုမဆို ဖြုတ်ချပစ်နိုင်သည်။
ပုံမှန်အခြေနေများတွင် တစ်ရက်တည်းအတွက် သူတို့တွေ အကောင့်ကို ဖွင့်ဖို့ဆိုတာ ယုံဖို့ခက်ခဲကောင်း ခက်ခဲနိုင်လိမ့်မည်။ ဒါပေမယ့် သူတို့က ဒီအကောင့်ကို ဖွင့်မှာသာ ထိပ်တန်းစာရင်းကို ကြီးစိုးနိုင်မည်။ အတိတ်မှာ ဘလော့ကာတွေက ဘယ်လိုပဲ အောင်မြင်နေကြပါစေ သူတို့နဲ့ဆိုရင်တော့ အဲ့လို ဘယ်တော့မှ ဖြစ်မလာတော့ပါဘူး။ ဒီလောက်နဲ့တင်ပဲ သူတို့ ဘယ်လောက် အောင်မြင်နေလဲဆိုတာကို ပြသဖို့အတွက် လုံလောက်နေပြီ ဖြစ်သည်။
ထိုဗီဒီယို အတိုကို ရွှီယန်ယုရဲ့ အကောင့်ကို အသုံးပြုကာ တင်ခဲ့လိုက်ခြင်း ဖြစ်သည်။ မုချောင်ယွင်ရဲ့ အကောင့်မှာတော့ ဘာတစ်ခုမှ မတင်ခဲ့ပါ။ ဒီအလုပ်ကဏ္ဍနှင့် ပတ်သတ်ပြီး ဘာမှ မတင်ထားသော်လည်း သူ့ပရိတ်သတ်များ၏ ကြီးမားလာသော စွဲလမ်းမှုများကို လုံးဝ သက်ရောက်မှု မရှိခဲ့ပါ။
[ အခုက မစ္စတာမု ပို့စ်တွေတင်ဖို့ အလုပ်အရမ်းရှုပ်နေတာ ဖြစ်မယ်။ သူ့လောက် အလုပ်ရှုပ်တဲ့သူ မရှိဘူးလေ။ အဲ့ဗီဒီယိုက အရမ်း အကျဥ်းတန်တာပဲ။ သူ့အကောင့်ထဲကိုဝင်ပြီး အလုပ်တွေကို တင်ဖို့က သူ့မှာ အချိန်လုံးဝ မရှိလို့ဖြစ်မယ်။]
[ ဟဟဟ၊ အကောင့်သစ် ဖွင့်ပြီးတုန်းက သီးသန့် စာပို့တဲ့ဟာကို ပိတ်ဖို့တောင် လုံးဝ အချိန်မရှိဘူးဆိုတော့ မစ္စတာမုကို အဲ့ညက ဘာတွေတွေးနေတာလဲလို့ ငါတို့မြန်မြန် သွားမေးကြရအောင်။ တကယ်လို့ သူကိစ္စတစ်ခုလုံးကို အသေးစိတ် ပြောရင်လည်း ပြောပြနိုင်တယ်နော်။]
[ ဗီဒီယိုရိုက်ပြီး ဘာတွေ ဆက်ပြီးဖြစ်သွားလဲဆိုတာ ငါ အရမ်း သိချင်မိတယ်။ အဲ့ဒါက တော်တော်ကို စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။ သူတို့နှစ်ယောက်လုံး အိပ်ပျော်သွားကြလိမ့်မယ်လို့ ငါထင်တယ်။]
အင်တာနက် အသုံးပြုသူများသည် ဗီဒီယိုကို ကြည့်ပြီးသည့်နောက် ထိုအတွဲက သေချာပေါက် ဂနာမငြိမ် ဖြစ်နေကာ သူတို့ရဲ့ ချစ်ခြင်း မေတ္တာတွေကို ပြသလိမ့်မယ်လို့ ထင်ကြေးပေးနေခဲ့ကြသည်။
သို့သော် ဥက္ကဌမုအတွက် အလွန် နာကျင်ခဲ့ရသော ညတစ်ည ဖြစ်နေမယ်ဆိုတာကိုတော့ သူတို့ လုံးဝ မသိခဲ့ကြပါ။ သူ့လက်ထဲတွင် နူးညံ့ပြီး နွေးထွေးလှတဲ့ အလှပဂေးလေး တစ်ယောက် ရှိနေခဲ့သည်။ သူမကို ထိလို့ရတယ်၊ နမ်းရှိုက်လို့ရတယ်၊ သူမကို သူ့လက်ထဲမှာ ဖက်ထားပြီး သူ့ကိုယ်အပူချိန်ကို ညင်ညင်သာသာနဲ့ ခံစားလို့ရခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်မှ နွေးထွေးတဲ့ ခံစားချက်နှင့် ရနံ့သင်းသင်းလေးတွေ၊ သူမရဲ့ နူးညံ့တဲ့ အထိအတွေ့တွေကို သူခံစားခဲ့ရပြီး သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို သူမနဲ့ အနီးကပ်ဆုံး ရှိနေခဲ့သည်။
သို့သော် ထိုအရာကပဲ သေချာပေါက် သူ့ကို နှိပ်စက်နေသည့် အဓိက အရာဖြစ်သည်။ သူရဲ့ အာရုံစိုက်မှု အများစုတို့မှာ ပျက်သွားခဲ့ရသည်။ မိနစ်တိုင်း စက္ကန့်တိုင်းမှာ ချိုမြိန်လှတဲ့ အဆိပ်တွေနဲ့ ရစ်ပတ်နေခဲ့သလို သူခံစားခဲ့ရကာ အမြဲတမ်း သူ့စိတ်ကို ထိန်းမရတော့ဘဲ အဲ့ထဲမှာ မွေ့လျော်စေခဲ့သည်။ ထိုအရာမှာ တကယ့်ကို အန္တရာယ်များတဲ့ ဖြားယောင်းမှုမျိုးဖြစ်သည်။
မုချောင်ယွင်သည်လည်း သူ့ရဲ့နှလုံးခုန်နှုန်းများ အလွန် မြန်လာသည်ကို ခံစားမိခဲ့သည်။ ဒီတစ်ကြိမ်က သူ့ဘဝမှာ ထိန်းလို့မရဆုံး အခိုက်အတန့် တစ်ခု ဖြစ်လိမ့်မည်။ သူအရင်က ဒီလို အထိန်းအချုပ်မဲ့တာမျိုး မဖြစ်ခဲ့ဖူးဘဲ ဒီလို ခက်ခဲတဲ့ မိန်းမမျိုးနဲ့မှသာ ကျရှုံးခဲ့ရခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူသည် ဒီမိန်းမကို နောက်ပိုင်းကျရင် အပြစ်ပေးမယ်လို့ သူ့စိတ်ထဲမှာ ကြိုတွေးထားခဲ့သော်လည်း သူမ အိပ်နေချိန်မှာ သူမရဲ့ အသက်ရှူသံလေးကို ကြားလိုက်ရရုံဖြင့် သူ့ရဲ့ ထိုခံစားချက်များမှာ ကူကယ်ရာမဲ့သွားခဲ့ရသည်။
ရွှီယန်ယုက သူ့ကို နှိပ်စက်ပြီးနောက် သူ့လက်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူမရဲ့ကိုယ်အပူချိန်မှာ အရမ်းမများတော့ဘဲ အနွေးဓာတ်ရဖို့ သူ့ရင်ဘက်ထဲသို့ ပိုပြီး တင်းတင်းကြပ်ကြပ်နှင့် ကွယ်နေခဲ့သည်။ သူ့ရင်ဘက်ထဲသို့ အတင်းတိုးဝှေ့ကာ သူ့ရဲ့ မြန်နေတဲ့ ရင်ခုန်သံတွေကို နားထောင်နေခဲ့သည်။ ထိုအသံကပဲ သူမကို ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်အောင် လုပ်ပေးနေဟန်ရှိကာ တကယ်လည်း အဲ့အတိုင်းပင် ဖြစ်သည်။
တော်တော် ကြင်နာတရား မရှိတာဘဲ။
ဒီလိုအခြေနေမှာတောင် သူမက ဘယ်လိုလုပ် အိပ်ပျော်နိုင်ရတာလဲ။
ဘယ်လိုပဲဖြစ်ဖြစ် မစ္စတာမုသည် တစ်ညလုံး အိပ်မပျော်ဘဲ အိပ်ရေးပျက်ခဲ့ရသည်။ သူ တကယ့်ကို စိတ်ဓာတ်ကျနေသော်လည်း သူ့ဘေးရှိ အမျိုးသမီးက နှစ်ခြိုက်စွာ အိပ်ပျော်လေလေ၊ သူ့ရဲ့ခံစားချက်တွေက ပိုပြင်းထန်လာလေ ဖြစ်သည်။
ဖြစ်နိုင်ရင် ရုပ်ဆိုးဆိုးနဲ့ အိပ်နေတဲ့ သူမရဲ့ပုံကို အင်တာနက်ပေါ် တင်လိုက်ချင်တာ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ဘဲ သူမအိပ်နေတာက ရုပ်မဆိုးနေဘဲ တော်တော် ချစ်ဖို့ကောင်းတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမိန်းမရဲ့ နှိပ်စက်နေတဲ့ အပြုအမူတွေက တကယ်ကို ပြင်းထန်တဲ့ အပြစ်ပေးမှုတွေနဲ့ ထိုက်တန်တာပဲ။
မုချောင်ယွင်က တစ်ညလုံး နှိပ်စက်ခံခဲ့ရပြီး နောက်ဆုံး မနက် ငါးနာရီ ထိုးချိန်တွင် နာရီတစ်လုံးနှင့် ပင်ပန်းနေသည့် အဖြူအမဲ ပုံတစ်ပုံကို တင်ခဲ့သည်။
ထိုပုံမှာ အင်တာနက်ပေါ်က ပုံတစ်ပုံ ဖြစ်သော်လည်း တင်ထားသော ပင်ပန်းနေသည့် အမူအရာမှာ သူ့စိတ်အတွင်းရှိ ခံစားချက်များကို အတိအကျ ဖော်ပြနေခဲ့သည်။ သူသည် တစ်ညလုံး အလုပ်လုပ်လို့ ပင်ပန်းသည်ထက်ကို ပိုပင်ပန်းနေခဲ့သည်။ ဒီလို ခံစားချက်မျိုးကို ဘယ်သူကများ နားလည်နိုင်ပါ့မလဲ။ ဒီလို နှိပ်စက်တာကို ခံစားနေမည့်အစား အလုပ်သွားနေရတာမှ ပိုကောင်းသေးသည်။
ထိုကဲ့သို့သော အရာမျိုးသည် သာမန်ယောက်ျားတစ်ယောက်၏ ဘဝတွင် တကယ့်ကို အကြီးမားဆုံးသော စမ်းသပ်မှုမျိုး ဖြစ်သည်။
ပင်ပန်းနေသည့်ပုံကို သူ၏ လူမှုကွန်ယက်ပေါ်တွင် တင်ပြီးသောအခါ SOSO ဗီဒီယိုကို ကြည့်ပြီး ကြည်နူးနေကြသော များစွာသော အင်တာနက် အသုံးပြုသူများသည် သွေးကို မြင်လိုက်ရသော ခြင်များကဲ့သို့ အာရုံရကာ ချက်ချင်းဆိုသလို ရောက်လာခဲ့ကြသည်။
သို့သော် သူတို့ရဲ့ ပထမဆုံးတုံ့ပြန်မှုမှာ အချိန်ခနလောက် မှင်သက်နေခဲ့ကြပြီး ချက်ချင်း ပြောခဲ့ကြသည်မှာ “သေစမ်း၊ ဒီအချိန်ထိတောင် မအိပ်ကြသေးပဲ၊ အဲ့ဒါကို လုပ်နေကြတုန်းလား။”
[ ဘုရားရေ၊ မစ္စတာမုက သွေးစုတ်ဖြူလျှော့နေတော့မယ်။ သူတင်ထားတဲ့ ပုံကိုလည်း ကြည့်လိုက်ကြဦး။ သူက ပင်ပန်းနေတဲ့ပုံပဲဟ။]
[ ဟဟဟဟ၊ ဒါက အရမ်းကို လေးစားဖို့ ကောင်းသွားပြီ။ ဒါပေမယ့် ဒီဟာက သူ ကျန်းမာရေး သိပ်မကောင်းဘူးလို့ ပြောချင်နေတာပဲ။ သူ ပင်လယ်မျှော့တို့ ကမာကောင်တို့ အဆုတ်အတွက် ဆေးတွေဘာတွေလည်း သောက်ဖို့လိုနေပြီ။ အဲ့လိုမှ မဟုတ်ရင် ဒီနှုန်းနဲ့ဆို သူ့ရဲ့ သက်လုံအားကို ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး။]
[ သစ်ခြောက်တွေနဲ့ အရှိန်တဲ့မီးတွေက တကယ် ကြောက်စရာပါလား။ အဲ့ဒါက လေးနာရီကျော်လောက်မယ်။ တကယ့်ကို အံ့ဩစရာပါလားဟေ့။]
[ အချိန်တွေက ကြာတယ်ဆိုပေမယ့် မစ္စတာမုမှာ ဒီလို အားပြည့်တဲ့ ကျောက်ကပ်မျိုး ရှိနေရင် ပိုပြီးတောင် ပြည့်စုံသွားလိမ့်မယ်။]
မုချောင်ယွင် - “….”
ထိုအကြောင်းကို သူတင်ပြီးနောက် ထိုကဲ့သို့သော ကောမန့်များက လူပြောများနေသည်ကို သူ တွေ့ခဲ့ရသည်။ သူသည် တကယ့်ကို တိတ်ဆိတ်နေခဲ့သည်။ အင်တာနက် သုံးတဲ့သူတွေက ဘယ်လိုတောင် သူ့ကို ဒီလိုမျိုး နားလည်မှု လွဲသွားခဲ့ရတာလဲ။
တကယ်သာ အဲ့လိုဖြစ်ခဲ့ရင်က ဒီလိုတွေ ပြောခံရတာ အဆင်ပြေတယ်ဆိုပေမယ့် တကယ်က ဘာမှမဖြစ်ခဲ့လို့ သူ တကယ်ကို ဒေါသထွက်ရသည်။
နောက်တစ်ညတွင် သူတို့အတွဲသည် SOSO ဆုပေးပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဒီလိုမျိုး အွန်လိုင်းပေါ်က ကွန်ယက်မျိုးအတွက် တက်ရောက်လာကြတဲ့ ဧည့်သည်အများစုမှာ အင်တာနက်တွင် ရေပန်းစားနေကြသူများနှင့် ဘလော့ကာများ ဖြစ်သော်လည်း ထိုပွဲတွင် အောင်မြင်နေကြသူများစွာ ရှိနေသည်။ ရွှီယန်ယုနှင့် မုချောင်ယွင်တို့ ပေါ်လာသည့်အခါ အင်တာနက် အသုံးပြုသူများသည် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုနှင့် အရှိန်အဝါကို ကောင်းကောင်း ခံစားမိခဲ့ကြသည်။
သူတို့နှစ်ယောက်၏ အရှိန်အဝါမှာ သူတို့ ပေါ်လာသည့် အခါတိုငိး ပရိတ်သတ်အားလုံးကို သေချာပေါက် လွှမ်းမိုးနိုင်သည်။ သတင်းထောက်များကတောင် သူတို့နှစ်ယောက်ကို အင်တာဗျူးဖို့အတွက် ကြောက်ရွံ့နေခဲ့ကြသည်။ ထိုခံစားချက်မှာ အရမ်းကို နေရထိုင်ရ ခက်နေခဲ့သည်။ ထို့ကြောင့် အခြားသော ဧည့်သည်များက သူတို့ကို တွေ့သည့်အခါ ထုံးစံအတိုင်းပဲ သူတို့ကို ပြန်ကြည့်ခဲ့ကြသည်။ တကယ်လို့ သူတို့နှစ်ယောက်နှင့်အတူ အခြားသူများက ပုံတွဲရိုက်ချင်ရင်တောင် သူတို့မှာ အဲ့လို လုပ်ဖို့အတွက် သတ္တိမရှိနေပါ။ သူတို့မှာ ဒီလိုလုပ်နိုင်သည့် အနေအထားတစ်ခု ရှိမရှိကို မသိခဲ့ကြပါ။
တိုတိုပြောရရင် ဖိနှိပ်ထားသည့် ခံစားချက်မှာ အလွန် ပြင်းထန်လွန်းလှသည်။ လူအများသည် ရွှီမုတို့ အတွဲကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ သူတို့ရဲ့ အရှိန်အဝါက လူအများအပေါ် လုံးဝ လွှမ်းမိုးသွားခဲ့သည်။
သူတို့က ဘယ်ကိုပဲသွားသွား အမြဲတမ်း အဓိက အာရုံစိုက်ခ့ရတဲ့သူ ဖြစ်နေလိမ့်မည်။ ထိုကဲ့သို့သော အရာမျိုးကို လျစ်လျူရှုဖို့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။
သူတို့အတွဲသည် ယနေ့တွင် အဖြူရောင်ဝတ်စုံနှင့် ဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်။ ထိုအရာမှာ အထူးအဆန်းတော့ မဟုတ်ပေမယ့် အင်တာနက် အသုံးပြုသူများသည် သူတို့နှစ်ယောက် လူမသိသူမသိ ချစ်ခင်နေကြသည်ကို ထပ်ပြီး တွေ့ရှိခဲ့ကြသည်။ သူတို့သည် တကယ်ကြီး စုံတွဲဝတ်စုံကို ဝတ်ဆင်ထားကြသည်။
ရွှီယန်ယုနှင့် မုချောင်ယွင်တို့ ဝတ်ဆင်ထားသော စုံတွဲဝတ်စုံ၏ ဒီဇိုင်းမှာ အလွန် ရိုးရှင်းသည်။ အမျိုးသမီးဝတ်စုံမှာ ပုံခုံးပေါ်တွင် ရွှေချည်ကြိုးများဖြင့် ချုပ်လုပ်ထားသော ဝတ်စုံဖြစ်ပြီး စကပ်၏ ရွှေချည်အနားသတ်တွင် ဆူးနှင်းဆီကို ပန်းထိုးထားခဲ့သည်။ သူမသည် နှင်းဆီပန်းပုံစံ ဆွဲကြိုးကို သူမလည်တိုင်တွင် ဝတ်ထားကာ နှင်းဆီပုံစံ စိန်နားကပ်များကို ဝတ်ဆင်ထားသည်။
သူမ၏ဆံပင်ပုံစံမှာ ပြင်သစ်ပုံစံ ဆံမြိတ်ချထားပြီး ဘေးဘက်ရှိ ဆံပင်ကိုလည်း အနည်းငယ် ကောက်ထားသည်မှာ အလွန်လှပပြီး ကျက်သရေရှိလှသည်။ သူမ၏ပုံစံမှာ အလွန်အေးဆေးပြီး လှပကျက်သရေရှိသော အမျိုးသမီးနှင့် တူသည်။ ပုံစံတစ်ခုချင်းစီမှာလည်း အလွန် ထူးခြားလှသည်။
မည်သို့ပင် ဖြစ်စေကာမူ ဝတ်စုံ၏ အထူးခြားဆုံး ဒီဇိုင်းမှာ သူမ၏ခြေသလုံးတွင် ဝတ်ထားသော နှင်းဆီပုံစံ ချိန်းကြိုးလေး ဖြစ်သည်။ နှင်းဆီပုံစံတစ်ခုလုံးသည် ရွှေထည်ဖြင့် ပြုလုပ်ထားပြီး အဝေးမှ ကြည့်လျှင် သူမ အရည်ပြားပေါ်တွင် နှင်းဆီပုံစံ တက်တူးထိုးထားသကဲ့သို့ ဖြစ်နေသည်။ ထိုဒီဇိုင်းသည် အလွန်လှပပြီး သူမ၏ ခြေသလုံးကို နတ်ဘုရားတစ်ပါး၏ ဒဏ္ဍာရီလာပုံစံတစ်ခုနှင့် တူနေသည်။
ထိုဗီဒီယိုထဲတွင် မုချောင်ယွင်သည် ထိုအရာကိုပဲ သူ၏လက်တွင် ဝတ်ထားသည်။ သူဝတ်ထားသော ဒီဇိုင်သည် မိန်းမဝတ်ပုံစံနှင့် အနည်းငယ် ကွဲပြားမှုရှိသည်။ သို့သော် ဝတ်စုံနှင့် အတူဝတ်ထားသောအခါ သူသည် တကယ့်ကို ခန့်ညားလွန်းသည်။