အခန်း (၅၃)
Vol. 5 Ch. 53
အစီစဥ်တင်ဆက်သူမှ အကောင်းဆုံး အတွဲဆုကို ကြေညာလိုက်သည်။ “SOSO Platform အတွက် တစ်နှစ်တာ လူကြိုက်များတဲ့ အကောင်းဆုံး အတွဲဆုကို ရရှိသွားတဲ့ အတွဲကတော့ မစ္စတာ မုရှောင်ယွင်နှင့် မစ္စ ရွှီယန်ယုတို့ဖြစ်ပါတယ်။ ဆုလက်ခံရရှိရန်အတွက် စင်မြင့်ပေါ်သို့ ကြွလာပါရန် ဖိတ်ခေါ်လိုက်ပါတယ်။”
ဘေးပတ်လည်မှ သောင်းသောင်းပြပြနှင့် လက်ခုပ်သံများစွာ ပေါ်ထွက်လာခဲ့ပြီး မုချောင်ယွင်၏ ပထမဆုံး တုံ့ပြန်မှုမှာ ရွှီယန်ယု၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်အတူ စင်ပေါ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။
ကိစ္စတစ်ခုလုံးသည် အတော်လေး ရှည်ကြာခဲ့ပြီး ထိုနေရာကို ရောက်ဖို့အတွက် အချိန်များစွာ ကြာခဲ့သည်။ ထို့အပြင် သူတို့နှစ်ယောက် အတူကုန်ဆုံးခဲ့သည့် အချိန်မှာလည်း အလွန် တိုတောင်းခဲ့သည်။ သို့သော် ဒီအခိုက်အတန့်သည် ဒီအချိန်ကို ရောက်ဖို့ရန်အတွက် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသည့် စိတ်ခံစားချက်မျိုး ဖြစ်နေဟန်ရှိသည်။
သူမ၏လက်ကို ကိုင်လိုက်သည့် အခိုက်အတန့်တွင် သူသည် အလွန် သြဇာရှိပြီး လုံခြုံလှသည်။ ထိုအပြုအမူသည် ဘာတုံ့ဆိုင်းမှုမှမရှိပဲ ဖြစ်သွားခဲ့သည်မှာ အနာဂတ်တွင် ဘာတွေပဲ ဖြစ်လာဖြစ်လာ သူမကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် ဘာကတိ သစ္စာမှ မရှိခဲ့ပါ။ မည်သို့ပင် ဖြစ်စေကာမူ ဒွိဟဖြစ်စေသည့် အရေးကြီးဆုံး တားမြစ်ထားသည့်အရာမှာ အကြာကြီး မတားမြစ်ထားခြင်းနှင့် အကြီးဆုံး အတားအဆီးမှာလည်း အကြာကြီး မတားဆီးထားခြင်းပင် ဖြစ်သည်။
ထိုအရာအားလုံးသည် စိတ်ထဲရှိ လိုအင်ဆန္ဒ၊ စစ်မှန်သော မှီခိုမှုနှင့် အနားကပ်ကာ ကာကွယ်ပေးလို့သည့် ပင်ကိုစိတ်ပင် ဖြစ်သည်။ မီးရောင်အောက်တွင် ဆဋ္ဌဂံပုံလေး တောက်တောက်ပပ ဖြစ်နေကာ ထိုအရာကို ဘယ်ဘာသာစကားမှ မလိုအပ်ဘဲ အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်နေသည်။
အနာဂတ်တွင် သူတို့သည် အတူရှိနေမည် ဖြစ်သည်။
ထိုဆုပေးပွဲ အခမ်းအနားကို ကြည့်နေစဥ် အင်တာနက် အသုံးပြုသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြတာ ငိုမလိုပါ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ပွဲတစ်ခုလုံးအတွင်း မုချောင်ယွင်က ရွှီယန်ယု၏လက်ကို လုံးဝ မလွှတ်ခဲ့ပါ။ ရွှီယန်ယုက သူ့ရဲ့စမြိတ်ကို ပြင်ချင်ခဲ့လာပြီး လွတ်လွတ်လပ်လပ် နေဖို့ ကြိုးစားနေဟန် ရှိသော်လည်း မစ္စတာမုက သူမကို ခပ်သွပ်သွပ်ပဲ တင်းတင်း ဆုတ်ကိုင်ထားခဲ့သည်။
မြင်ကွင်းတစ်ခုလုံးတွင် ဥက္ကဌမုက သူမကို လက်လှုပ်ဖို့၊ သူ့ကိုနမ်းဖို့နှင့် အသားချင်းထိဖို့အတွက် တွန်းအားပေးနေခဲ့သည်။ ထိုအရာကို ကြည့်ရှုနေကြသော ပရိတ်သတ်အကုန်လုံးသည်လည်း လုံးဝ မှင်သတ်နေခဲ့ကြသည်။
[ တစ်ခါလေး သွားလည်လိုက်ရုံနဲ့ မစ္စတာမုက အသားချင်းထိတဲ့ အာသီသက ဒီလောက် မြန်မြန်ဖြစ်လာတာ ဖြစ်နိုင်ပါ့မလား။ ညီမရွှီက အံ့ဩစရာပါပဲကွာ။ သူမက အခုချက်ချင်းတောင် အတန်းတွေ ဖွင့်သင့်တယ်။]
......
ဆောင်းရာသီ ရောက်လာသောအခါ ရွှီယန်ယုသည် God's Prophecy ဘရန်းရဲ့ “ အထီးကျန်ခြင်း” ဟူသော ဆောင်းရာသီ ဖက်ရှင်ရှိုးပွဲကို အစပျိုးဖို့ စီစဥ်နေခဲ့သည်။ နှစ်ကုန်ခါနီးပြီ ဖြစ်သည့်အတွက် ထိုအဝတ်အစားဘရန်းက ဒီနှစ်အတွင်းမှာ ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့လျှင် ပြည်တွင်းမှာရှိတဲ့ အထက်တန်းစားတွေရဲ့ စျေးကွက်ထဲမှာလည်း ဖွင့်လှစ်နိုင်မည်။ ထို့အပြင် အခြားသူတွေနဲ့ မတူညီတဲ့ အစီအစဥ်တွေနှင့်အတူ ဇိမ်ခံပစ္စည်းတွေရဲ့ ထိပ်ဆုံး ဖြစ်လာရမည့် ရည်မှန်းချက်မှာလည်း သိပ်မကြာခင် အောင်မြင်တော့မည် ဖြစ်သည်။
တကယ်တော့ တန်ဖိုးကြီး ဇိမ်ခံပစ္စည်း ဘရန်းအားလုံးကို စုပေါင်းပြီးတော့ ထိပ်တန်း ဇိမ်ခံပစ္စည်းဟု ခေါ်ဆိုနိုင်သော်လည်း သူတို့အားလုံးတွင် ကွာခြားချက်ကိုယ်စီ ရှိနေခဲ့ကြသည်။ ဆယ်စုနှစ်များစွာ ထိပ်တန်း ဇိမ်ခံပစ္စည်းများ အားလုံးတို့အနက် ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး အခြားဘရန်းတွေက အောက်တွင်သာ ရှိနေခဲ့သည်။ တရားဝင် အဆင့်သတ်မှတ်ထားသည့် စာရင်းမျိုး မရှိသော်လည်း ထိုလုပ်ငန်းတွင် ရှိနေသော စျေးကွက်ထဲကရှိ အမြင်များကို အခြေခံကာ သတ်မှတ်ထားကြသည်။
ဒါ့ကြောင့် မင်းက လူတွေရဲ့စိတ်ထဲမှာ ထိပ်တန်း ဇိမ်ခံဘရန်းတစ်ခု ဖြစ်လာချင်ပြီး မင်းရဲ့ လက်ရှိနေရာကနေ တိုးတက်ချင်ပါက လူတွေကြားမှာလည်း မြင့်မားတဲ့ အောင်မြင်မှုတစ်ခုလည်း ရှိကိုရှိရမည်။
ထိပ်တန်း ဇိမ်ခံ ဘရန်းတစ်ခုအဖြစ်သို့ တက်လှမ်းလာနိုင်သည့် God's Prophecy ၏ ပထမဆုံး နည်းလမ်းမှာ ရောင်းအားနှင့် ဒုတိယတစ်ခုမှာ ရေပန်းစားခြင်းတို့ ဖြစ်သည်။
တကယ်လို့ အဲ့ ထိပ်တန်း ဝတ်စုံသည် တော်ဝင်မိသားစုဝင်များမှ ဝင်ဆင်သော ဝတ်စုံသာ ဖြစ်ခဲ့လျှင် နိုင်ငံထဲမှာရှိတဲ့ လူ တစ်ဘီလီယံကျော့်က ထိုဘရန်းကို မသိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ တကယ်တော့ ပြည်တွင်းက လူကြိုက်များမှုကိုပဲ ပြောချင်တယ်ဆိုပါက လူတော်တော်များများကို ထိုဘရန်းအကြောင်း ပိုသိအောင် ကြော်ငြာသင့်သည်။ ရောင်းအားများ မြင့်တက်လာပြီး ဘရန်းက လူသိများလာသောအခါ ပြည်တွင်းရှိ လူကြိုက်များမှုမှာလည်း မြင့်တက်လာလိမ့်မည်။
နောက်နှစ်သစ်အတွက် ရွှီယန်ယုတွင် သူမ၏ ကိုယ်ပိုင် ဘရန်းအတွက်သာမက အခြားသူများ၏ အစီအစဥ်များအတွက်ပါ အလုပ်နှင့်ပတ်သတ်သော အကြံများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏အလုပ်များကို ပိုပြီးထိထိရောက်ရောက်နှင့် ပြီးမြောက်အောင် လုပ်ကိုင်နိုင်ဖို့ကို မျှော်လင့်ထားသည်။ ထို့ပြင် စိတ်ကူးထားသော အရာများကိုလည်း ယေဘူယျအားဖြင့် ကြိုတင် ပြီးမြောက်ထားဖို့ရန် လိုအပ်သည်။
ထိုအရာမှာ အနည်းငယ် ကြီးကျယ်သလို ရှိသော်လည်း သူမသည် နောက်နှစ်တွက် ဖက်ရှင်ပွဲ ၁၂ ပွဲလုပ်ဖို့အတွက် ပြင်ဆင်ရသည်မှာ မလွယ်ကူလှပေ။ ထို့ပြင် ရှိုးတစ်ခုစီ၏ ရောင်းအားနှင့် အောင်မြင်မှုတို့သည်လည်း တွေးထာသည့်အတိုင်း ဖြစ်ဖို့အတွက် သေချာအောင် ပြင်ဆင်ထားသင့်သည်။
ထို “အထီးကျန်ခြင်း” ဆောင်းရာသီ ဖက်ရှင်ရှိုးပွဲသည် အရမ်း အရေးကြီးသည်။ ထိုပွဲသည် ဒီတစ်ကြိမ်တွင် အရမ်း အောင်မြင်ခဲ့ပါက နောက်ပွဲတွေအတွက်လည်း အခွင့်အရေးများ ရှိလာလိမ့်မည်။ သို့သော် ထိုပွဲကသာ မကောင်းခဲ့ပါက လူအများက နောက်ပွဲတွေအတွက်လည်း အခွင့်အရေးများ ပေးတော့မည် မဟုတ်ပါ။
ထို့ကြောင့် ဆောင်းတွင်းတွင် ပြုလုပ်မည့် အထီးကျန်ခြင်း ရှိုးပွဲ တစ်ခုလုံးသည် နောက်နှစ်၌ ဘရန်း၏ တိုးတက်မှုများအတွက် လုံးဝ သက်ရောက်မှု ရှိနေလိမ့်မည်။
ရွှီယန်ယုသည် ဒီဇိုင်းများကို မြန်မြန်ရေးဆွဲကာ ဆောင်ရာသီ ဖက်ရှင်ပွဲမှ အထည်ထုတ်လုပ်ရေးဘက်သို့ ပြောင်းသွားခဲ့သည်။ တကယ်တမ်းတွင် ထုတ်ပြီးသွားသော ကုန်ပစ္စည်းများမှာ အလွန် ထူးခြားလှပြီး သူမ၏ အရင်က ဒီဇိုင်းပုံစံများနှင့်လည်း လုံးဝ ကွဲပြားနေခဲ့သည်။
“Yuncha Moonlight” စီးရီးနှင့် ပတ်သတ်ပြီး ကြေညာသည့် ပိုစတာကို God's Prophecy နှင့် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ ကျန်းချင်ယွင်သည် သူမ၏ဖုန်းတွင် ထူးခြားသော သတိပေးချက်တစ်ခု ရရှိခဲ့သည်။ သူမဘေးရှိ အတွင်းရေးမှုးက တစ်ချက်ကြည့်လိုက်သည့်အခါ သူ့သူဌေးက သူမ အရမ်းမုန်းသော အောင်မြင်နေသည့် ဘရန်းတစ်ခုကို အထူး အာရုံစိုက်လိမ့်မည်ကို တွေးကြည့်ဖို့တောင် ခက်ခဲသည်။
ကျန်းချင်ယွင်က ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာမှာ ထပ်ပြီး ဖြူဖျော့သွားခဲ့သည်။ နောက်ဆုံး လက်မှတ် လိမ်လည်သည့် ကိစ္စ ဖြစ်ပြီးကတည်းက သူတို့အတွဲသည် အရမ်း လူမသိ သူမသိ နေခဲ့ကြသည်။ အကြောင်းမှာ သူတို့ ရသစုံရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်သည့်အခါတိုင်းတွင် အင်တာနက် အသုံးပြုသူများက live ထဲတွင် သူတို့ကို လက်မှတ် လိမ်လည်သည့် ကိစ္စနှင့် ပတ်သတ်ပြီး လှောင်ပြောင်ခဲ့ကြသည်။ ထိုကိစ္စသည် သူတို့ဘဝတွင် ဘယ်တော့မှ ဖျက်လို့မရသည့် အမဲစက်တစ်ခုကဲ့သို့ ရှိနေဟန်တူသည်။
အခု သူမလည်း အတော်လေး နောင်တရနေခဲ့ပြီပင်။ သူမရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး နောင်တရစေမယ့် ကိစ္စတစ်ခုကို ပြုလုပ်ပြီး သူ့သိက္ခာသူ ထိန်းပြီးနေဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကျန်းချင်ယွင်သည် ဒီရက်ပိုင်းအတွင်း များစွာ ခံစားခဲ့ရပြီး တစ်ချိန်တည်းမှာပဲ ရွှီယန်ယုက SOSO တွင် ကောင်းမွန်သော အပြုအမူမျိုးဖြင့် အကောင်းဆုံး စုံတွဲဆုကို ရရှိခဲ့သည်ကို မြင်နေခဲ့ရသည်။ သူမရဲ့ အမည်ခံပဲရှိတဲ့ ယောက်ျားနဲ့ ချစ်ပြနေတဲ့ ဗီဒီယိုကြောင့် စာရင်း၏ ထိပ်တွင်ရှိနေသော သူမနှင့် ရှန်ဖန့်တို့၏ ဗီဒီယိုနေရာကို ယူဆောင်သွားသည်မှာ တကယ့်ကို နောက်ထပ် အမုန်းတရားကို သယ်ဆောင်လာခဲ့သလိုပဲ ဖြစ်သည်။
ထိုဟန်ဆောင်စုံတွဲက ဘာတွေများ အရမ်းကောင်းနေလဲဆိုတာကို သူမလည်း နားမလည်နိုင်တော့ပါ။ အခုဆိုလျှင် အင်တာနက် အသုံးပြုသူများ အားလုံးတို့သည် သူတို့နှစ်ယောက်ကို သဘောကျနေကြသည်။ သူမနဲ့ ရှန်ဖန့်လို့ စုံတွဲအစစ်တွေက သူတို့ကို မဆွဲဆောင်နိုင်ဘူးလား။
ကျန်းချင်ယွင်သည် ရွှီယန်ယုအပေါ်မှာ အငြိုးထားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူမသည် တစ်ဖက်လူ၏ အလုပ်အသစ်ကို မြင်လိုက်ရသောအခါ သူမ၏ပုံစံသည် အနည်းငယ် မပျော်နိုင်တော့ပါ။ ထို့နောက် သူမသည် ထိုအရာနှင့် ရင်းနှီးနေကာ ထိုအရာကို အရင်က တစ်နေရာရာမှာ မြင်ဖူးခဲ့သလို ရုတ်တရက် ခံစားခဲ့ရသည်။ ဟိုးအရင်တုန်းက သူမ၏ဒီဇိုင်နာ လိပိုင်က ဆွဲခဲ့ဖူးသော ပုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့ပြီး ထိုပုံစံနှင့် အနည်းငယ် တူဟန်ရှိသည်။
တကယ်တော့ သူတို့က လုံးဝကြီး တူနေတာမျိုး မဟုတ်ဘဲ သူတို့အပေါ်ရှိ ပုံစံများကသာ တူနေခြင်း ဖြစ်သည်။ ထူးခြားသော ဒီဇိုင်းများတွင် အမြဲလိုလို သူတို့၏ ကိုယ်ပိုင်ပုံစံ ရှိကြသည်။ ထို့ပြင် ရွှီယန်ယု၏ ပုံစံမှာလည်း အတော်လေး ထူးခြားသိသာသည်။ သို့သော် ဒီတစ်ခေါက် သူမ၏ပုံစံမှာ အရင်က ပုံစံများနှင့် ကွဲထွက်နေသည်မှာ အလွန် သိသာနေသည်။
အံ့အားသင့်စွာဖြင့် လိပိုင်၏ လက်ရာမှာ ထိုအရာနှင့် တူနေသည်ကို ယူဆရင်း ထိုအရာကို တွေးနေမိတော့သည်။ ကျန်းချင်ယွင်သည် အလွန် ဖြစ်နိုင်ချေရှိသည့် အရာတစ်ခု ရှိနေသည်ဟု ခံစားမိခဲ့သည်။
ထိုအရာမှာ ရွှီယန်ယုက လိပိုင်ရဲ့လက်ရာကို တစ်နေရာရာမှာများ တွေ့မိခဲ့ပြီး အဲ့ထဲကအတိုင်း အသေးစိတ် ကူးချလိုက်တာလား။
ဒီဇိုင်းလောကမှာက ဒီလိုကူးချတယ်ဆိုတာက တားမြစ်ထားတဲ့ အရာတစ်ခုဆိုတာကို သူမ သိသင့်သည်။ အထူးသဖြင့် God's Prophecy က နိုင်ငံတကာမှာ လူသိများတဲ့ ဘရန်းတစ်ခု ဖြစ်လာနေပြီ။ ကမ္ဘာမှာ တစ်ခုပဲရှိတဲ့ စိန်ဆိုင်ကြီးကလည်း ရွှီယန်ယုကို လူသိများအောင် လုပ်ပေးခဲ့တာပဲ။
တကယ်လို့ ဒီတစ်ကြိမ်မှာ သူမက ကူးချထားတယ်လို့ စွပ်စွဲခံလိုက်ရရင် သူမ အရင်က လုပ်ထားသမျှ အရာတွေ အကုန်လုံးက ပျက်ဆီးဖို့အတွက် လုံလောက်သွားပြီ ဖြစ်သည်။ ထို့အပြင် ထိုအရာကလည်း ကျန်းချင်ယွင် အမြင်ချင်ဆုံး အရာတစ်ခု ဖြစ်သည်။
လက်မှတ်လိမ်လည်တာက သူမဘဝမှာ အမဲစက်တစ်ခု ဖြစ်နေပေမယ့်လည်း အဲ့ဒါက အနှေးနဲ့အမြန် ပျောက်သွားလိမ့်မည်။ ထို့အပြင် အဲ့ဒါက သူမရဲ့ စီးပွားရေး ဘရန်းအပေါ် မသက်မှု မရှိပါ။ ရွှီယန်ယုရဲ့ ကူးချတာသာ ပေါ်သွားခဲ့ရင် သူမကို ဖျက်စီးဖို့အတွက် လုံလောက်သွားပြီ ဖြစ်သည်။
အခုချိန်မှာ အဲ့ဒါက ပိုပြီး ခမ်းနားကြီးကျယ်လာလေလေ၊ နောက်ပိုင်းမှာ ပိုပြီးတော့ သနားဖို့ ကောင်းလေလေပဲ။
ပြီးတော့ သူတို့က ဆောင်းရာသီ ရှိုးပွဲကို မကျင်းပတော့ဘူးလား။ သူတို့က နောက်နှစ်ထဲမှာ ရှိုးပွဲ ၁၂ ပွဲကျင်းပဖို့ အစီစဥ်ချထားတာပဲ။ အဲ့ဒါက တကယ့်ကို ဟာသကြီးပဲ။ သူမ စိတ်ပူတာတော့ အဲ့ပွဲက မစခင်မှာ ဖျက်သိမ်းခံရမှာကိုပဲ။
ကျန်းချင်ယွင်သည် သူများ ပြိုလဲပျက်စီးရမည့် အပြောင်းအလဲတွေကို တွေးမိပြီး အတော်လေး ပျော်ရွှင်ခဲ့ရသည်။ သူမရဲ့ လုပ်ငန်းခွင်မှာ အောင်မြင်မှု ရရှိတာထက်ကို ပိုပြီး ပျော်ရွှင်နေခဲ့သည်။
ရွှီယန်ယုက လိပိုင်ဆီက ကူးချသည်ကို အတည်ပြုပြီးနောက် သက်ဆိုင်ရာ အထောက်အထားတွေက ဖော်ထုတ်ပြီး ရှေ့နေထံသို့ ချက်ချင်း လွှဲပြောင်းပေးခဲ့သည်။ ရှေ့နေက စာကို အကြမ်းရေးထားပြီး တကယ်လို့ တစ်ဖက်လူက ဘာမှ လုပ်ဆောင်ခြင်း မရှိပါက ထိုစာကို တရားခွင်သို့ တိုက်ရိုက် တင်သွင်းမည်ဖြစ်ကာ ထိုအမှုကြောင့် တစ်ဖက်သူကို မြန်မြန်ပဲ ဂုဏ်သိက္ခာ ညှိုးနွမ်းစရာတွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။
နောက်နေ့မနက်တွင် အင်တာနက်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ရေပန်းစားသော ရှာဖွေမှုတစ်ခုဟာ ပျ့နှံ့သွားခဲ့သည်။ ထိုခေါင်းစဥ်၏ ခေါင်းစီးပိုင်းမှာ အလွန် ကြီးမားလှပြီး ရှာဖွေမှုစာရင်းတွင်လည်း ထိပ်ဆုံးက ဖြစ်နေခဲ့သည်။
ထိုအရာမှာ # ရွှီယန်ယုက ကူးချထားတာ။#
ရေပန်းစားနေသော ခေါင်းစဥ်ကို နှိပ်ကြည့်လိုက်သောအခါ ရွှီယန်ယုရဲ့ လရောင်စီးရီးပုံစံက နာမည်ကျော် ဒီဇိုင်နာ လိပိုင်ရဲ့ဟာကို ကူးချထားတာဟု ပေါ်လာခဲ့သည်။
ရှေ့လအစောပိုင်းတုန်းက ဒီလက်ရာပုံစံကို ရေးဆွဲပြီး သူ့ရဲ့ နိုင်ငံခြားက လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ “ Cloud Tea Moonlight” ကြေညာလိုက်သည့် ပိုစတာကို ဝေဖန်မှုများမှာ ထိုလက်ရာနှစ်ခုသည် အတော်လေး တူညီနေသည်။ ထို့ကြောင့် လိပိုင်၏လက်ရာကို အရင်မြင်ပြီးနောက်မှ ရွှီယန်ယုက ဒီ“Cloud Tea Moonlight” ကို ရေးဆွဲခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။
[ ပိုင်ကျင်နဲ့ Yuncha Moonlight တို့လက်ရာနှစ်ခုက တော်တော်ကို တူတာပဲ။ အထူးသဖြင့် သူတို့ရဲ့ပုံစံတွေက တိတိကျကျကြီးကို တူနေကြတာ။ ဘယ်သူက ဘယ်သူ့ကို ကူးချထားတာလဲ။]
[ ရွှီယန်ယုရဲ့ ပစ္စည်းတွေကို ငါယုံပေမယ့်လည်း Yuncha Moonlight က အရင်က ရွှီယန်ယုရဲ့လက်ရာတွေနဲ့ မတူနေဘူး။ ပြောချင်တာကကွာ ပုံစံတွေက ကွဲပြားနေတယ်။ ပြီးတော့အခုက လိပိုင်က အရင်က ထုတ်ပြထားတာဆိုတော့။ တကယ်လို့ ရွှီယန်ယုက ဒါကိုအရင် ဆွဲထားတာဆိုတဲ့ အသေးစိတ်ဆွဲထားတဲ့ သက်သေတိတိကျကျကိုသာ မပြဘူးဆိုရင် နောက်ပိုင်း အခြေနေတွေက အခုလောက် သဘောကျစရာ ကောင်းမနေတော့ဘူး။]
[ ဘာလို့လဲဆိုတော့ အထူးဖြင့်ကွာ ကောလဟာလတွေက တော်တော် မြန်မြန်ကြီးကို ပျံ့သွားတာ။ ပြီးတော့ ဒီကိစ္စက အမှန်မဟုတ်ဘူးဆိုရင်တောင် လူတွေရဲ့ ပတ်သတ်မှုတွေ အချိန်မှီ မတားနိုင်ရင် လူတော်တော်များများက ရွှီယန်ယုကို ယုံကြမှာ မဟုတ်တော့ဘူး။ လူတွေအများကြီးကလည်း အဲ့ကောလဟာလတွေကို ပိုပြီးတောင် ယုံကြမှာ မဟုတ်ဘူး။]
[ အဲ့ဒါကြောင့် လူတွေက မသိစိတ်ကနေပဲ အဲ့အဆိုးဆုံးအရာကို ယုံကြတော့မယ်။ သူမသာ အဲ့ဒါကို ကောင်းကောင်း မဖြေရှင်းနိုင်ရင် သူ့ရဲ့ဂုဏ်သတင်းတွေက လုံးဝကို ပျက်စီးသွားလိမ့်မယ်။]
[ God's Prophecy ဘရန်းကို ငါက အရမ်းယုံထားတာဆိုတော့ အခုချိန်မှာ ဘာကိုမှ လွယ်လွယ်နဲ့ ကောက်ချက် မချရဲဘူး။ စောင့်ကြည့်နေတာက ပိုကောင်းမယ်ထင််တယ်။ တကယ်သာ ရှုံးသွားခဲ့ရင် တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းမှာပဲ။]
ရွှီယန်ယုသည် ထိုကိစ္စကို ပထမဆုံး သိသိလိုက်ချင်းမှာပဲ လူထုနဲ့ ပြောဆိုမှုများကို ချက်ချင်း ပြုလုပ်ခဲ့သည်။ သို့သော် မထင်မှတ်ထားဘဲ တစ်စုံတစ်ယောက်က ထိုပြဿနာကို သူမထက် မြန်မြန် ဖြေရှင်းခဲ့ပြီး ဖြစ်သည်။
မုချောင်ယွင်သည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံလောက်ကို သုံးကာ အွန်လိုင်းပေါ်က လူတွေရဲ့ ထင်မြင်ချက်များအတွက် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။ ထိုကောလဟာလများကို စတင်ပြီး ချေပကာ ထိုကိစ္စကိုလည်း တစ်ကမ္ဘာလုံး မပျံ့နှံ့သွားအောင် မြန်နိုင်သမျှ အမြန်ဆုံး တားဆီးဖို့အတွက် ကြိုးစားခဲ့သည်။
ထိုကောလဟာလများ ပျောက်ကွယ်သွားဖို့ သုံးရမည့် နည်းလမ်းမှာ အလွန် ရိုးရှင်းသည်။ တကယ်တော့ Yuncha Moonlight စီးရီးပုံစံသည် ရွှီယန်ယုက အရင် ဒီဇိုင်းဆွဲခဲ့သည်ကို သက်သေပြဖို့အတွက် သက်သေခိုင်ခိုင်မာမာ ရှိနှင့်ပြီးသား ဖြစ်သည်။
ထိုသက်သေကို အင်တာနက်ပေါ်တွင် မှတ်တမ်းတင်ပြီးသား ဖြစ်သည်။ ထိုအရာမှာ တစ်ဖက်လူအပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့အပြင် သူတို့ကို ကူးယူသည့်အတွက် ပြန်ပြီး တရားစွဲဆိုနိုင်မည် ဖြစ်သည်။
တစ်ခုတည်းသော ပြဿနာက ငါတို့ ဒီမကောင်းတဲ့ သတင်းတွေကို ဒီထပ်ပိုပြီး မပျံ့သွားစေဖို့ပင်။ အဲ့ပြဿနာတွေက ပိုပြီး ကျယ်ပြန့်လာရင် ဘာပြဿနာမှ မရှိရင်တောင် အခြားပြဿနာတွေ ထပ်ပြီး ပေါ်လာလိမ့်မယ်။ ပြီးတော့ အဲ့ဒါတွေက ဘရန်းအပေါ်မှာ သက်ရောက်မှုရှိလာပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာ ပြူပြင်မရတွေ ဖြစ်ကုန်လိမ့်မည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရွှီယန်ယုကို တုန်လှုပ်သွားစေတာက ဘာလို့ သူက ဒေါ်လာ ၃ ဘီလီယံကို သုံးခဲ့တာလဲ ဆိုတာပဲ။
သူမ အဲ့ဒီ့ဟာကို နားလည်သွားတော့ ပိုပြီးတောင် အံ့သြသွားရသည်။
မုချောင်ယွင်သည် နိုင်ငံထဲက လူမှုကွန်ယက်တွေပေါ်မှာ ရှိနေတဲ့ များစွာသော လူတွေရဲ့ အမြင်တွေကို ချက်ချင်းဆိုသလိုပဲ တွေ့ရှိခဲ့ရသည်။
စိတ်အဆင်မပြေဖြစ်စေသည့် ကောမန့်များကို မိနစ်ပိုင်းအတွင်း ဖျက်ပစ်ခဲ့ကြသည်။
နောက်ပိုင်းတွင် အွန်လိုင်းပေါ်က ကွန်ယက်တွေက သူတို့အပိုင်တွေ ဖြစ်လာတော့မည်။ မကောင်းတဲ့ ဆောင်းပါးတွေကို ဘယ်လို အပြစ်ပေးမှာလဲ။ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ မကောင်းသော လူပြောများသည့် ရှာဖွေမှုများကို စိတ်ဆိုးကာ ပြဿနာများဖြစ်ခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ထို့အပြင် ထိုလောကသည် လွန်စွာ အကျိုးအမြတ်ရှိသည်။ ထိုအရာများ၏ နောက်ကွယ်မှ သူဌေးကို ပြောင်းလဲလိုက်ပါက လူအများစုအပေါ် ဘာသက်ရောက်မှုမှ ရှိတော့မည် မဟုတ်ပါ။ သူတို့အတွဲနှင့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာအတွက် မကောင်းသည်ထက် ကောင်းသည့်အရာများက ပိုများသည်။ ဘာလို့များ ပိုက်ဆံနည်းနည်းလေး ပိုမသုံးနိုင်ရမှာလဲ။
ဒါပေမယ့် ဒါက ကိစ္စသေးသေးလေးအတွက်တော့ အရမ်း များလွန်းတဲ့ ပမာဏပဲ။
ရွှီယန်ယု အတော်လေးကို တုန်လှုပ်သွားခဲ့ရသည်။