← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

ဥက္ကဌမုက ရွှီယန်ယုတွင် တိတ်တဆိတ် ဖွက်ထားတာကို ဖွင့်ပြောပြခဲ့ပြီးနောက် စုံတွဲတွေရဲ့ ကိုယ်ပိုင်ဘဝမျိုးမှာ ထိုဓားကို သုံးခဲ့ကြသည်ကို အင်တာနက် အသုံးပြုသူများက သိရှိခဲ့ကြကာ တုန်လှုပ်သွားခဲ့သည်။ သူတို့ရဲ့ စရိုက်များသည် ထပ်တူကျကာ အမြဲကို စိတ်လှုပ်ရှားဖို့ ကောင်းနေခဲ့သည်။

ဒီတစ်ခေါက်က ကဒ်ထဲတွင် ဘာမြင်ခဲ့ရလဲဆိုတာကို ရွှီယန်ယုမှ ပြောပြရမည့် အလှည့်ဖြစ်သည်။

“အကြောင်းအရာက စုံတွဲတွေရဲ့ အတွင်းရေး လျှို့ဝှက်ချက်ကို ပြောရမယ့် အကြောင်းပါ။”

ရွှီယန်ယုသည် ထိုအကြောင်းကို တွေးလိုက်ပြီး သူမနှင့် မုချောင်ယွင်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ကို သိရှိခဲ့ကာ အများစုမှာ ပြောလို့မရသည့် အရာများ ဖြစ်သည်။ သို့သော် ထိုမေးခွန်းမှာလည်း မခက်ခဲပါ။ ထိုအကြောင်းရာကို တွေးကြည့်ပြီးနောက် အရမ်းကြီး အတွင်းရေးမဆန်သည့် အရာတစ်ခုကို ပြောပြခဲ့သည်။

“မစ္စတာမုက ပြင်းထန်ပြီး အိပ်မရတဲ့ရောဂါ ခံစားနေရတာ။ အချိန်တွေအကြာကြီး ကောင်းကောင်း အိပ်ပျော်ဖို့အတွက် ဆေးတွေ သောက်နေရတာ။ ပြီးတော့ အဲ့ဆေးတွေက သူ့ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတယ်။ သူ့ရဲ့အိပ်ချိန်တွေကို ညှိယူနိုင်ပြီး စောစော အနားယူနိုင်ဖို့ကို ကျွန်မ မျှော်လင့်မိတယ်။”

သူမ စကားပြောပြီးသည့်နောက် မုချောင်ယွင်က ရုတ်တရက် သူမကို စိုက်ကြည့်ကာ ရွှီယန်ယုရဲ့ အရှေ့မှာ ဆေးသောက်ဖူးလို့လားဟု ပြန်တွေးနေခဲ့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူမ၏ အရှေ့မှာ ဘယ်တုန်းကမှ ဆေးမသောက်ခဲ့ဖူးကြောင်းကို သတိရသွားခဲ့သည်။ ဒါကို သူမက ဘယ်လို သိသွားခဲ့ရတာလဲ။

သူက အိပ်ပျော်ဖို့အတွက် ဆေးသောက်နေရသည့် အကြောင်းကို လင်အန်းတစ်ယောက်သာ သိနေခဲ့သည်။ သို့သော် လင်အန်းကတော့ သူမကို ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ရွှီယန်ယု ဘယ်လို သိနေသည်မှာ အရမ်းကို သံသယဖြစ်ဖွယ် ကောင်းနေခဲ့သည်။

မုချောင်ယွင်သည် သူမ ထိုကိစ္စကို စုံစမ်းသိရှိခဲ့မည်ဟု မထင်ထားခဲ့သလို သူ့ရဲ့ ဒီလို အတွင်းရေး ကိစ္စများကို သိရှိနေမည်ဟုလည်း မထင်ထားခဲ့ပါ။

အဲ့ဒါကြောင့် ရုတ်တရက်ဆိုသလိုပဲ ရွှီယန်ယုမှာ အခြား လျှို့ဝှက်ချက်တွေ ရှိနေဦးမယ်လို့ သူ ခံစားလိုက်ရသည်။ သူမ ငါ့ကို အရင်ကပြောခဲ့တဲ့ ကိစ္စကိုပါ ထပ်ပြီး ပေါင်းထည့်လိုက်ရင် သူက အခြားဟာတွေကိုလည်း သိနေဦးမှာပဲ။

ရွှီယန်ယုသည် မုချောင်ယွင်က သူမအား ကြည့်နေခဲ့သည်ကို သတိထားမိခဲ့ကာ သူ့ကို စစနောက်နောက်ဖြင့် မျက်စပစ်ပြခဲ့သည်။ ထို့ကြောင့် သူမက အများကြီး သိနေသေးသည်ဟု ပြောလိုက်သလို ဖြစ်နေသည်။

မုချောင်ယွင်သည် ဘာစကားတစ်ခွန်းမှ မပြောခဲ့ဘဲ သူ့ရဲ့ မျက်လုံးများတွင် ရန်လိုစိတ်များ ပြည့်နေခဲ့သည်။ ထို့ပြင် သူ့ရဲ့အကြည့်များကို ရွှီယန်ယုထံမှ တစ်ဖဝါးမှ မခွာခဲ့ပါ။ သူသည် ဘာတစ်ခွန်းမှ မပြောဘဲ နေနေသော်လည်း သူ့ရဲ့မျက်လုံးထဲတွင် အရာအားလုံး ပြောနေသလို ဖြစ်နေခဲ့သည်။

ရွှီယန်ယု၏ အဖြေထဲတွင် အချက်အလက်များစွာ ပါဝင်နေခဲ့သည်ကို အင်တာနက် အသုံးပြုသူများကလည်း သတိထားမိခဲ့ကြသည်။

[ ငါတော့ သူတို့နှစ်ယောက်က နေ့တိုင်းအတူတူ live လုပ်နေကြတယ်လို့ ခံစားနေရတယ်။ အဲ့လိုမှ မဟုတ်ရင် ဘယ်လိုလုပ် သူတို့တွေ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း သိနိုင်ကြမှာလဲ။ အဲ့ဒါကြောင့် သူက အိပ်ရာမဝင်ခင်မှာ ဆေးသောက်တယ်ဆိုတာကိုတောင် ကောင်းကောင်း မှတ်မိနေကြတာပေါ့။]

[ ငါ့အထင် အဲ့ဒါ သူက အားအင်တွေ ပြည့်ဝနေလို့ ဖြစ်မယ်။ ညီမရွှီက သူ ကောင်းကောင်း အိပ်ပျော်နိုင်အောင်လို့ သူ့ရဲ့ အားအင်တွေကို အသုံးချဖို့ ကြိုးစားနေတာပေါ့ကွာ။]

[ မနေ့ တနေ့က ညတွေတုန်းကတော့ ငါကောင်းကောင်း အိပ်ပျော်ခဲ့တာ။ ပြီးတော့ မနေ့က နေ့လည်ကထိလည်း အိပ်လို့ ကောင်းတုန်းပဲ။ ကြည့်ရတာ ညီမရွှီရဲ့ နည်းလမ်းတွေက ထိရောက်တဲ့ပုံပဲ။]

[ ဟီးဟီးဟီး၊ ငါလည်း တစ်ခုခုကို ထုတ်ပြောလို့ရရင် သိပ်ကောင်းမှာပဲလို့ ခံစားမိတယ်။]

[ ဒါက အရမ်းကို သက်ရောက်မှုရှိတဲ့ နည်းလမ်းပဲ။ ပုံမှန် လူတွေသာဆိုရင် ဒီလိုဓားမျိုးကို တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး။]

နောက်ဆုံး တိုက်ရိုက် ထုတ်လွှင့်မှုကို အားပေးကြသည့် နှုန်းထားမှာ အရမ်းကို မြင့်သွားခဲ့သည်။ ရွှီယန်ယုနှင့် မုချောင်ယွင်တို့သည် အင်တာနက် အသုံးပြုသူများ၏ မလိုလားသော အကြည့်များကြားမှ တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့ကြသည်။ သူတို့သည် ပရိတ်သတ်များထံမှ ပို့စ်ကဒ်များကို လက်ဆောင်အဖြစ် ရခဲ့ကာ နှစ်ယောက်လုံးကလည်း ထိုပို့စ်ကဒ်များကို တိတိကျကျ ပြန်ကြားခဲ့သည်။ ထို live ကို အင်တာနက် အသုံးပြုသူများက အဆုံးမသတ်ချင်သော်လည်း အခြား ရသစုံရှိုး တစ်ခုတွင်သာ ပြန်မြင်နိုင်မည် ဖြစ်သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ ထို့ကြောင့် ပရိတ်သတ်များက သူတို့အတွဲကို ထပ်ပြီး မြင်ရဖို့အတွက် စောင့်မျှော်နေခဲ့ကြသည်။

နောက်တစ်နေ့တွင် God's မှ “အထီးကျန်မှု” ဆောင်းဦးနှင့် ဆောင်းရာသီ ဖက်ရှင်ပွဲကို ကြေညာခဲ့သည်။ ထိုပွဲကို လကုန်ရက်တွင် ကျင်းပမည် ဖြစ်သည်။ Yuncha moonlight အပြင် အခြားသော ပစ္စည်း အသစ်များကိုလည်း ထိုပွဲတွင် ပြသလိမ့်မည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အထီးကျန်မှု ဖက်ရှင်ရှိုးပွဲကို ကျင်းမပမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ဒီအချိန်မှာတော့ ပွဲကျင်းပမည့် နေရာမှာ God's ရဲ့ စိန်ဌာနချုပ်ကြီး၌ ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသည့် နေရာမျိုးမှာ ရှိုးပွဲတစ်ပွဲ ကျင်းပမည်မှာ အလွန်ကို သင့်တော်သည်။ ထို့အပြင် ထိုအဆောက်အဦမှာ ကမ္ဘာပေါ်တွင် စျေးအကြီးဆုံး အဆောက်အဦ ဖြစ်သည်။ ထိုအရာမှာ ဒီဘရန်း၏ တစ်ခုတည်းသော အမှတ်အသားလည်း ဖြစ်သလို ထို ဘရန်း၏ သင်္ကေတလည်း ဖြစ်သည်။ ထိုအရာမှာ တကယ့်ကို အထင်ကြီးစရာ ဖြစ်သည်။

ထိုရှိုးပွဲ၏ နောက်ခံ တေးဂီတမှာ အလွန်ကို အေးအေးလေးနှင့် နူးနူးညံ့ညံ့လေး ဖြစ်ကာ ကြားလိုက်ရသူအဖို့ နားတွင် ပဒါသ ဖြစ်စေသည်။ စင်အနောက်ဘက်မှ နိုင်ငံတကာ စူပါမောဒယ်များ လမ်းလျှောက် ထွက်လာကြသောအခါ ကြည့်နေကြသူများသည် အတော်လေး တုန်လှုပ်သွားကာ သူတို့ ဝတ်ထားသော ဝတ်စုံ အသစ်များကို ချက်ချင်းဆိုသလို မှာယူချင်စိတ် ဖြစ်လာခဲ့ကြသည်။

Yuncha moonlight အပြင် ပိုင်ယွဲ့ ကျူးတုံမင်နှင့် ရှန်မော့ ကျူးလင် ဟူသည့် အထည်များလည ပါဝင်သည်။ ထိုဝတ်စုံများ၏ ဆေးခြယ်သထားသည့် ပုံစံများမှာ အလွန် ရိုးရိုး ယဥ်ယဥ်လေးဖြစ်ကာ သုံးထားသော ပစ္စည်းများမှာလည်း တရုတ် ရိုးရာဆန်ဆန်လေး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုလေးမျိုးရှိ ပုံစံများမျာ တကယ်တမ်းတွင် DID လနတ်သမီးမှ ကွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအရာများ၏ စတိုင်များမှာ လုံးဝကို ကွဲထွက်နေပြီး တစ်ခုချင်းစီမှာလည်း အလွန် လှပကျက်သရေ ရှိသည်။

ပွဲတွင် ရွှီယန်ယု ဝတ်ဆင်ထားသော ဝတ်စုံသည် ရှန်မော့ ကျူးလင်မှ Cheongsam ဝတ်စုံကို ပြန်လည် ဆန်းသစ်ထားသော ဝတ်စုံဖြစ်သည်။ ထိုဝတ်စုံမှာ ချောင်ဆမ် ရဲ့ ရိုးရာဝတ်စုံ ပုံစံမျိုးတော့ မဟုတ်ပါ။

ဝတ်စုံ၏ အနားသတ်တွင် ဝါးရွက်လွှာ စကတ်ဖြစ်ကာ အလွှာ တစ်ထပ်ချင်းစီမှာလည်း သစ်ရွက်ပုံစံလေးတွေ ပါရှိသည်။ ထိုထူးခြားသည့် ဒီဇိုင်းသည် သူမ၏ ပုံစံကို ပိုပြီး သေးသွယ်သွားကာ ပညာရှိ မိသားစုမှ ဆင်းသက်လာသော အမျိုးသမီး တစ်ယောက်အဖြစ် ကျက်သရေ ရှိနေခဲ့သည်။

“ဆေးမှင်ရောင်အောက်က ဝါးရုံတော” စီးရီး၏ အရောင်မှာ အမဲရောင် ဖြစ်သည်။ ထိုစီးရီးကို မှင်ဖြင့် ရေးဆွဲထားသော ပန်းချီကားထဲမှ ဝါးရုံတောလေးကဲ့သို့ ကဗျာဆန်လှသည်။ ဝတ်စုံ၏ ကော်လံဒီဇိုင်းမှာ ခြုံထည် ပုံစံမျိုးဖြစ်ပြီး ထိုဒီဇိုင်းက အမျိူးသမီးတစ်ယောက်၏ ပခုံးကို သွယ်လျသွားစေကာ သူမကို ပိုပြီး လှပ ကြော့ရှင်းစေသည်။ နောက်ထပ် အရေးကြီးသည့် အရာတစ်ခုမှာ ထိုဝတ်စုံ၏ ခါးပုံစံဖြစ်ကာ တကယ့်ကို ပါးပါးချပ်ချပ်လေး ဖြစ်နေသည်။ ထိုနေရာတွင် ချောင်ဆမ် ရိုးရာ ကြယ်သီးများ တပ်ထားကာ ခါးတွင် အဆီတစ်စက်မှ မရှိမနေပါ။ ထိုဝတ်စုံမှာ အလွန့် အလွန်ကို လှပသေသပ်လွန်းသည်။

ရွှီယန်ယုသည် ပရိတ်သတ်များ အကြား၌ ထိုင်နေသည် ဆိုသော်ငြားလည်း လူတိုင်း၏ အာရုံစိုက်မှုများသည် သူမဆီကိုသာ ဦးတည်နေခဲ့သည်။ သူမ ထွက်လာပြီး သုံးမိနစ်တောင် မကြာသေးခင်မှာပဲ သူမဝတ်ထားသော ဝတ်စုံနှင့် တူညီသည့် အထည်များမှာ ရောင်းကုန်သွားခဲ့သည်။ တစ်နာရီကြာပြီးနောက် တူညီသည့် စီးရီးများမှ ဝတ်စုံများသည်လည်း ရောင်းကုန်သွားခဲ့သည်။ တရားဝင် website တွင်လည်း ပစ္စည်းများ ကုန်သွားကြောင်းကို ကြေညာခဲ့သည်။ ထို့နောက် ကောင်းသော အရာအားလုံးကို လုပ်ဆောင်နိုင်သည့် သူမ၏ ကြောက်စရာ အရည်အချင်းက လူတွေကို တုန်လှုပ်သွားစေခဲ့သည်။

ရွှီယန်ယု ဝတ်သည့်ပုံစံအတိုင်း ဝတ်ဖို့ကို ဘယ်သူကမှ ငြင်းနိုင်ကြမည် မဟုတ်ပါ။ အကြောင်းမှာ သူမသည် ထိုဝတ်စုံဖြင့် အတော်လေး လှနေခဲ့သည်။ လူအများသည် သူမလို အလှမျိုး မပိုင်ဆိုင်သော်လည်း သူမဝတ်သလို တူညီသည့် ဝတ်စုံမျိုးကိုတော့ ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။ ထို့အပြင် God's စီးရီးရှိ ဝတ်စုံများမှာ အလွန်ကို လှပသည်။ အလှအပကို လိုက်စားသည့် သူများသည် ထိုကဲ့သို့သော ဝတ်စုံများကို တကယ် ငြင်းနိုင်ကြမည် မဟုတ်ပါ။

အခြား စီးရီးများမှ ဝတ်စုံများ၏ ပုံစံများမှာလည်း အလားတူ အံ့မခန်းပင် ဖြစ်သည်။ မော်ဒယ်များသည် စင်အနောက်ဘက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီးနောက် ဝတ်စုံ ဒီဇိုင်းများစွာသည် မြန်မြန်ပဲ ရောင်းထွက်သွားခဲ့သည်။ ဒီတစ်ကြိမ်တွင် ပစ္စည်း စာရင်းများကို ယွမ် ၂၀၀ မီလီယံဖိုး ပြင်ဆင်လာခဲ့သော်လည်း ထိုပစ္စည်းများသည် ပွဲစပြီး နှစ်နာရီအတွင်းမှာပဲ အကုန်လုံး ရောင်းထွက်သွားခဲ့သည်။ ပြည်တွင်း၌ မှာယူမှုများစွာ ရရှိသည့်အပြင် ပြည်ပမှ ဝယ်ယူမှုများစွာကိုလည်း ရရှိခဲ့သည်။ အကယ်၍ သူတို့မှာ ပစ္စည်းများ ရှိနေသေးပါက ဒီထက်မက ရောင်းရဦးမည် ဖြစ်သည်။

ထိုအရာမှာ မယုံနိုင်စရာ ဖြစ်နေသော်လည်း ပုံမှန် ဖြစ်ရိုး ဖြစ်စဥ်တစ်ခုသာ ဖြစ်သည်။ God's သည် ဇိမ်ခံ ပစ္စည်းများ၏ ထိပ်တစ်နေရာသို့ ရောက်လာဖို့အတွက် အချိန် ယူရလိမ့်မယ်ဟု လူတိုင်းက ထင်ကြေး ပေးခဲ့ကြသည်။

ရှိုးပွဲ ပြီးသွားသည့်အခါ များစွာသော ပရိတ်သတ်များက ဗီဒီယိုများ ရိုက်ကူးခဲ့ကြကာ မုချောင်ယွင်၏ကားက ရွှီယန်ယုကို လာကြိုသွားသည်ကို အင်တာနက် အသုံးပြုသူများက တွေ့ရှိခဲ့ကြသည်။ ထိုအရာမှာ ဝယ်ယူ အားပေးသူ အားလုံးကို နှုတ်ဆက်ပြီးနောက် သူတို့အတွဲက ထပ်ပြီး အတူတူ ဖြစ်သွားကြကာ လူများကို သက်ပြင်းချသွားစေခဲ့သည်။ သူတို့သည် ခနလေးတောင် ခွဲခွာဖို့အတွက် မဖြစ်နိုင်ပါ။

ပွဲပြီးသည့်နောက်တွင် အင်တာနက်ပေါ်တွင် တင်ထားသော ပုံအများစုက သူတို့အတွဲ၏ ပုံဖြစ်သည်။ ထို့နောက် သူတို့အတွဲသည် တဖြည်းဖြည်းနဲ့ အချိန်တိုင်းလိုလို ပိုပြီး ကပ်တွယ်နေကြသည်ကို အင်တာနက် အသုံးပြုသူများ တွေ့ရှိခဲ့ကြသည်။ သူတို့သည် အရင်တုန်းက အခြေအနေနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

သူတို့သည် လွန်ခဲ့သော လအနည်းငယ်လောက်က ကွာရှင်းခါနီး အတွဲတစ်တွဲ ဖြစ်ခဲ့သည်ကိုတောင် တွေးကြည့်ဖို့က ခက်ခဲနေသည်။ သူတို့၏ လက်ရှိ အခြေနေမှာ မယုံနိုင်စရာ ကောင်းနေခဲ့သည်။

“ချမ်းသာသော ရင်းနှီး မြှုပ်နှံကြသူများ”၏ ပရိုဂရမ် အဖွဲ့သည် တရားဝင် website ပေါ်တွင် ပါဝင်မည့် ဧည့်သည်စာရင်းကို ထုတ်ပြန်ခဲ့သည်။

ရွှီယန်ယုနှင့် မုချောင်ယွင်အပြင် သူတို့လို ချမ်းသာသည့် ဧည့်သည် စုံတွဲများစွာလည်း ပါဝင်သည်။ ထိုပရိုဂရမ်တွင် အဓိက ဧည့်သည်နှင့် ခနတာ လာရောက်သည့် ဧည့်သည်ဟူ၍ နှစ်ပိုင်းခွဲထားသည်။ ပရိုဂရမ် အဖွဲ့မှ ရွှီယန်ယုကို အဓိက ဧည့်သည်အဖြစ် ကြေညာခဲ့ပြီး ဥက္ကဌမုသည် သူ့၏ အလုပ်များကြောင့် အဓိက ဧည့်သည်အဖြစ် ပါဝင်လာလိမ့်မည် မဟုတ်ပါ။ သုသည် ခနတာ လာရောက်သည့် ဧည့်သည်အဖြစ် အပိုင်း နှစ်ပိုင်းတည်းသာလျှင် ပါဝင်လာလိမ့်မည်။

ထိုကြေညာချက်ကြောင့် အင်တာနက် အသုံးပြုသူများသည် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။ အဲ့လိုသာ ဖြစ်ခဲ့မယ်ဆိုရင် တစ်နေရာထဲမှာ သူတို့အတွဲ အတူရှိမည့် အချိန်က နည်းသွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူတို့သည် ရွှီယန်ယုတို့ အတွဲ၏ ကြင်ကြင်နာနာ ရှိနေသည့် ဆက်ဆံရေးမျိုးကို မြင်ရမည့် အချိန်က နည်းသွားလိမ့်မည်။

ပထမပိုင်းတွင် ရွှီယန်ယု တစ်ယောက်တည်းသာ ပါဝင်ခဲ့သည်။ အခြားသော ဧည့်သည် လေးယောက်မှာ အမျိုးသမီး ဘီလီယံနာ သူဌေးမကြီး လင်းဝမ်ရှု၊ လျှိုကျိတင်း၊ ပိုင်မိသားစု၏ မင်းသားတစ်ပါးဖြစ်သူ ပိုင်တင်းယွင်နှင့် နိုင်ငံတကာတွင် လူသိများသော စီးပွားရေး လုပ်ငန်းရှင် လျန့်ဖန်ကွေ့တို့ ပါဝင်ကြသည်။

ရွှီယန်ယုက ဧည့်သည်စာရင်းကို တွေ့လိုက်ရသောအခါ အလွန် ရှုပ်ထွေးသော အချက်အချို့ကို သူမရဲ့ စိတ်ထဲတွင် ရုတ်တရက်ဆိုသလို သတိရသွားခဲ့သည်။ သူမသည် ထိုအရာကို သေသေချာချာ နားလည် သဘောပေါက်သွားပြီးနောက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

ထိုကဲ့သို့ ဖြစ်ရသည်မှာ သူမသည် အခြားဘဝတစ်ခုမှ ရောက်လာသော စိတ်ဝိဉာဥ်တစ်ခုဖြစ်ပြီး ဒီကမ္ဘာမှာ လုံးဝ ထပ်တူမကျသေးလို့လည်း ဖြစ်နိုင်သလို သူမက အမြဲလိုလို အရံနေရာမှသာ ဇာတ်ညွှန်းများကို ပေးခံရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူမသည် ကျန်းချင်ယွင်၏ ဇာတ်လမ်းထဲမှ သူမကိုယ်သူမ လွတ်အောင် လုပ်နိုင်ခဲ့သော်လည်း သူမသည် ဇာတ်လမ်း အသစ်ထဲသို့ ရောက်ရှိခဲ့ပြန်သည်။

ဒီဇာတ်လမ်းတွင် အဓိက ဇာတ်ဆောင်မှာ လင်းဝမ်ရှုဖြစ်ကာ သူမသည် အလွန် ချစ်စရာကောင်းပြီး လူကြိုက်များသော ဇာတ်ဆောင်အဖြစ် ဖော်ပြခံရသည်။ ထို့ကြောင့် ဒီရှိုးရှိ အမျိုးသား ဧည့်သည်များသည် သူမ၏ ဆွဲဆောင်ခြင်းကို ခံရတော့မည်ဖြစ်ကာ ဇာတ်လမ်း ဇာတ်ကွက်သည်လည်း ရှူရ နယ်ပယ်ထဲသို့ ပြောင်းလဲသွားသည်။

အမျိုးသမီး ဧည့်သည်များ အားလုံးတို့သည် အလွန် သနားဖို့ ကောင်းပြီး သူတို့သည် ရှိုးပွဲ၏ သားကောင်များ ဖြစ်လာဟန် ရှိသည်။ ထိုအကြောင်းကို ပြန်တွေးနေရင်း ရွှီယန်ယုသည် သူမ၏အမျိုးသား မုချောင်ယွင်၏ နာမည်ကို ထိလိုက်ကာ အခုအခါတွင် သူမသည် တစ်ယောက်တည်း မဟုတ်တော့ဘဲ နှစ်ယောက် ဖြစ်နေသည့်အတွက် သက်ပြင်းချနေခဲ့သည်။

တကယ်တမ်းတွင် သူတို့နှစ်ယောက်သည် ဒီလို ဇာတ်လမ်းထဲမှ လွတ်မြောက်ဖို့အတွက် အလွန် ခက်ခဲလှသည်။

ရွှီယန်ယုသည် အရမ်းကြီးတော့ စိတ်မဝင်စားခဲ့ပါ။ ထိုဇာတ်ညွှန်းက ဘယ်လိုပဲ ကောင်းနေပါစေ၊ သူမက ထိုအရာကို ဘယ်တော့မှ အလေးထားမည် မဟုတ်ပါ။ သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကာ သူမ ကြုံတွေ့ခဲ့ရသည့် ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် သူမအပေါ် အသုံးဝင်မည် မဟုတ်ပါ။

ဧည့်သည်တွေ တစ်ယောက်ပြီး တစ်ယောက်က တိုက်ရိုက် ထုတ်လွှင့်မှုထဲ၌ ပေါ်လာခဲ့သည်။ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှုသည် ဧည့်သည် ငါးယောက်က ရင်းနှီးမြှုပ်နှံသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးနေကြသည့် စကားဝိုင်းအကြောင်း ဖြစ်သည်။

ရွှီယန်ယုသည် စကားအနည်းငယ်သာ ဝင်ပြောပြီး စကားတစ်ခွန်း ပြောဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့သည်။ ဒီနေ့ သူမ ဝတ်ဆင်ထားသည့်ပုံစံမှာ အတော်လေး သိုသိုသိပ်သိပ် ဖြစ်လွန်းသည့် အမဲရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူမသည် အလွန် လုပ်ဆောင်နိုင်စွမ်း ရှိပုံရကာ သူမ၏ ဆံပင်ကို နားအနောက်သို့ သပ်ထားသည့် ပုံစံက သူမကို အရမ်း သွေးအေးသည့်ပုံစံ ဖြစ်နေစေသည်။ သို့သော် သူမ၏ အလှတရားနှင့် အရှိန်အဝါတွေကို လျစ်လျူရှုဖို့မှာတော့ တကယ်ကို ခက်ခဲလှသည်။

ဒီကနေ့တွင် လင်းဝမ်ရှုသည် အဖြူရောင် ရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသည်။ သူမက သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်ထားသော်လည်း သူမတွင် အလုပ်လုပ်နိုင်သော အမျိုးသမီးတစ်ယောက်၏ ဉာဏ်ပညာ အလှတရားမျိုး ရှိနေခဲ့သည်။ သူမ၏ လှပသော မျက်နှာတွင် အနည်းငယ် မှိုင်းတိုင်းတိုင်း ဖြစ်နေသော မိတ်ကပ်မျိုးကို လူးထားသည်။ အရှိန်အဝါ တောက်ပနေသော ရွှီယန်ယု၏ ဘေးတွင် ထိုင်ကာ အလွန် သိသာသော ကွဲပြားမှုမျိုးကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သူမကို အနီးကပ် ကြည့်ကြည့်ပါက သူမသည် အဲ့လောက်လည်း သိသာမည် မဟုတ်ပါ။

လျှိုကျိတင်း၏ ဝတ်စုံမှာ အခမ်းနားဆုံး ဖြစ်နေခဲ့ကာ အရောင်များမှာလည်း အထင်းသား ဖြစ်နေခဲ့သည်။ ယနေ့တွင် သူမသည် အဝါရောင်တောက်တောက် ဝတ်စုံနှင့် အရောင်အသွေး စုံနေသော အသုံးအဆောင်များကို ဝတ်ဆင်လာခဲ့သည်။ သူမ ဝတ်ထားသည်မှာ ကြည့်ကောင်းသော်လည်း အနည်းငယ် ရှုပ်ပွနေခဲ့သည်။ ထို့အပြင် မြင်နေရသူအဖို့ အဆင်ပြေမနေခဲ့ပါ။

အခြား အမျိုးသား ဧည့်သည်နှစ်ယောက်မှာ ပိုင်တင်းယွင်နှင့် လျန့်ဖန်ကွေ့တို့ ဖြစ်ကြကာ နှစ်ယောက်လုံးက အလွန် ခန့်ညားပြီး ဒရမ်မာများထဲမှ အမျိုးသား ဇာတ်ဆောင်များနှင့် တူနေခဲ့သည်။ သူတို့ရဲ့ အရှိန်အဝါများမှာ ထူးခြားကာ တစ်ယောက်ယောက်က သူတို့ကို တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့် ထူးခြားသော ဂုဏ်ပုဒ်များ ရှိသည်ကို ပြောနိုင်လိမ့်မည်။

All Chapters