အခန်း (၆၁)
Vol. 6 Ch. 61
လျန့်ဖန်ကွေ့သည် Molokai ကော်ဖီကို အရင် တင်သွင်းသူ ဖြစ်သော သူ့လက်ထောက်ဆီမှ ဖုန်းအဝင် တစ်ခုကို ရရှိပြီးနောက် သူ့ရဲ့စကားကို လက်စသတ်ခဲ့သည်။
ဖုန်းပြောပြီးသည့်နောက်တွင် Hawaiiကျွန်းတွင် စိုက်ပျိုးထားသော Molokai ကော်ဖီ ထုတ်ကုန်များကို မုချောင်ယွင်မှ သိမ်းပိုက်လိုက်ကာ စန်တာ အင်း နှင့် အက်စမာရယ်ုဒါ ကော်ဖီကဲ့သို့ အခြား ထိပ်တန်း မျိုးကွဲများမှာလည်း အလားတူ ဖြစ်ကာ တစ်ခုခုတော့ ဖြစ်နေပြီ ဆိုသည့် အကြောင်းက ထွက်ပေါ်လာခဲ့သည်။
ဆိုလိုသည်မှာ တကယ်လို့ နောက်ပိုင်းမှာ လူတွေက ထိုကဲ့သို့သော ထိပ်တန်း ကုန်ပစ္စည်းများကို ဝယ်ယူချင်ပါက ဥက္ကဌမု ဖွင့်ထားသော ချန်နယ်များမှ တစ်ဆင့်သာ ဝယ်ယူနိုင်မည် ဖြစ်ပြီး အဲ့လိုမှ မဟုတ်ရင် ထိုပစ္စည်းများကို ဝယ်ယူဖို့က မဖြစ်နိုင်တော့ပါ။
လျန့်ဖန်ကွေ့၏ မျက်နှာမှာ ကြည့်ရတာ အတော်လေး အကျဥ်းတန်နေခဲ့သည်။ မုချောင်ယွင်သည် အထက်စီးဆန်ကာ ထင်တိုင်း ကြဲသည်ဟု သူ့စိတ်ထဲတွင် တွေးနေခဲ့သည်။ တစ်ဖက်လူက ဒီလောက်မြန်မြန် ပြုမူနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ သူက ထိုကဲ့သို့သော ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့သည်။ ဒီပြိုင်ဘက်မှာ တကယ့်ကို မလွယ်ကူပါ။
ပိုင်တင်းယွင်သည် မနေနိုင်ဘဲ မေးခဲ့သည်မှာ “မစ္စတာလျန့် ဘာဖြစ်လို့လဲ။ ခဗျားကြည့်ရတာ ဘာလို့ တော်တော်လေး အဆင်မပြေတဲ့ပုံ ဖြစ်နေရတာလဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား။”
လျန့်ဖန်ကွေ့က မသာမယာ ဖြစ်နေသော ပုံစံဖြင့် ပြန်ပြောခဲ့သည်။ “ဥက္ကဌမုက ငါ့ထက်တောင် မြန်မြန် လှုပ်ရှားသွားမယ်လို့ မထင်ထားခဲ့ဘူးကွာ။ သုက ထိပ်တန်း ကော်ဖီမျိုးစိတ်တွေကိုတောင် အပိုင် သိမ်းပြီးသွားပြီ။ ငါသာ ရွေးချယ်မယ်ဆိုရင် အရည်အသွေး မကောင်းတဲ့ ဟာတွေကိုပဲ ရွေးလို့ရတော့မှာ။ အဲ့ကုန်ပစ္စည်းတွေက စျေးကွက်ထဲမှာဆို ဘယ်လိုမှ သူ့ပစ္စည်းတွေနဲ့ ယှဥ်လို့ကို ရမှာမဟုတ်ဘူး။”
[ သူဌေးမုက တော်တော်လေး အင်အား တောင့်တာပဲ။ အဲ့ဒါကြောင့် သူ့က ထိပ်တန်း စီးပွားရေးတွေကို သိမ်းပိုက်နိုင်တာပေါ့။ ထိပ်တန်း အလုပ်တွေ အကုန်လုံးက သူ့လက်အောက်မှာကြီးပဲ။ အခြားသူတွေက အဲ့အလုပ်တွေကို ဘယ်လိုပဲ လုလု ကိစ္စမရှိတော့ဘူး။ အဲ့တော့ လျန့်ဖန်ကွေ့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။]
ပိုင်တင်းယွင်က မုချောင်ယွင်ကို ဆန့်ကျင်လို့ ဘာအကျိုးမှ မရနိုင်ဘူးဆိုတာကို တွေးနေရင်း အနည်းငယ် ပီတိဖြစ်သွားခဲ့သည်။ ထိုနမူနာကို သူက လေ့လာခဲ့ပြီးပြီ မဟုတ်ပါလား။
သူသည် ဘယ်သူ့ကို စော်ကားပြီး ဘယ်သူ့ကိုတော့ မစော်ကားသင့်ဘူး ဆိုတာကို သိနေသော်လည်း မကောင်းသော အတွေးအချို့ကတော့ ရှိနေသင့်သည်။ အကြောင်းမှာ သူသည် တစ်ဖက်လူနှင့် ယှဥ်ပြိုင်သည့်အခါ အနိုင်ရနိုင်ချေ မရှိပါ။
သူ့နဲ့ပတ်သက်ပြီး ဘာပြောရမလဲတောင် ငါမသိတော့ဘူး။ သူက အခုထိကို အသိတရား မရသေးဘူး။
“ကော်ဖီ စီးပွားရေးက မအောင်မြင်ဘူး ဆိုရင်တောင် မစ္စတာလျန့်က အခြား စီးပွားရေးတွေပေါ်မှာ အာရုံစိုက်လို့ ရပါသေးတယ်။ အဲ့ကနေ မထင်ထားတဲ့ အကျိုးအမြတ်တွေ ရကောင်း ရနိုင်တာပဲလေ။”
လင်းဝမ်ရှုက အစောတလျင်နှင့် ဝင်ပြောခဲ့သည်။ “ဟုတ်တာပေါ့။ အခြားတစ်ယောက်ရဲ့ အချစ်တွေကို ဘယ်လို ယူသွားလို့ ရမလဲ ဆိုတာမျိုးပေါ့။ မစ္စတာမုက ဒီစီးပွားရေးကို ရင်းနှီးမြှုပ်နှံခဲ့တာက ပိုက်ဆံလိုချင်လို့ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတို့က အပျော်အနေနဲ့ ဆိုရင်တော့ သွားပြီး ပတ်သက်လို့ မရဘူး။ ဒီမှာက တစ်ခြား သင့်တော်ပြီး ကောင်းတဲ့ လုပ်ငန်းတွေလည်း အများကြီး ရှိနေသေးတာပဲ။ ငါတို့ တစ်ခြား စီးပွားရေးတွေကိုလည်း လိုက်ကြည့်လို့ ရပါတယ်။”
လင်းဝမ်ရှု၏ များစွာသော ပရိတ်သတ်များသည် တားဆီးထားသည့် ကြားထဲမှ ထိုကဲ့သို့သော စကားများကို ပြောခဲ့ကြသည်။
[ အမှန်ပဲကွာ။ မုချောင်ယွင်က ဒီလုပ်ငန်းထဲမှာ ရင်းနှီး မြှုပ်နှံဖို့ အရမ်းကို လောနေတာပဲ။ ရွှီယန်ယုက ဒီကော်ဖီကို ကြိုက်တယ်ဆိုပြီး ပြောလိုက်တာနဲ့ သူက သဝန်တိုသွားပြီး အဲ့ဟာကို သိမ်းပိုက်လိုက်တာပဲ။ အလှတရားဆိုတာက ဒုက္ခတစ်မျိုးပါပဲကွာ။ သူက ချမ်းသာနေရင်တောင်မှ အဲ့ဒါကို အနှေးနဲ့ အမြန် ဆုံးရှုံးသွားရလိမ့်မယ်။ ဒီလုပ်ငန်းက အဲ့လောက်လည်း အကျိုးအမြတ် ရတာမှ မဟုတ်တာ။]
[ ဘယ်လို လုပ်ငန်းမျိုးကများ တစ်နာရီလောက်ထဲနဲ့ ရင်းနှီးလို့ ရတာလဲ။ မင်းရဲ့ ဝါသနာကို စီးပွားရေးလို လုပ်မနေနဲ့။ အဲ့လိုမှ မဟုတ်ရင် အဲ့ကော်ဖီစေ့တွေ မှိုတက်သွားသည့်တိုင်အောင် ရောင်းမရပဲ ဖြစ်နေလိမ့်မယ်။]
[ အခုဆို သူတို့က ထပ်တန်း ချမ်းသာတဲ့ သူတွေပဲလေ။ အဲ့တော့ သူတို့က ဂုဏ်သိက္ခာတွေ ထိခိုက်မှုကို စိတ်မပူကြတော့ဘူး။ သူတို့က ရသစုံ ရှိုးတွေမှာတောင် ပေါ်လာကြတာပဲ။ သူတို့အတွက် ရင်းနှီး မြှုပ်နှံတဲ့ လုပ်ငန်းဆိုတာ အဓိပ္ပါယ်မရှိဘူးဆိုပြီး ဘာလို့ ခံစားမိကြမှာလဲ။]
[ အပေါ်က တစ်ယောက်ရဲ့ အမြင်ကိုတော့ ငါသဘောမတူဘူး။ ငါ့အထင် ဒါကြီးက အရမ်း ရယ်ချင်စရာကြီး။ အဲ့အတွဲရဲ့ နာမည်တွေကို ရှာပေးလို့ ရမလားဟင်။ သူတို့က သာမန်လူတွေလို့ရော ထင်ကြလား။ သူတို့ကို ဒီလို သာမန်အတွေးတွေနဲ့ သတ်မှတ်မယ် ဆိုရင်တော့ ရူးမိုက်ရာ ကျသွားပြီ။]
[ မစ္စတာမုနဲ့ မစ္စရွှီတို့ စီးပွားရေး အမြင်ရှိပုံကတော့ သာမန်လူတွေထက်ကို ကျော်လွန်နေပြီ။ သူတို့ကို ကျော်တက်သွားနိုင်ဖို့ဆိုတာက မဖြစ်နိုင်လု နီးပါးပဲ။ အဲ့အစား ကိုယ့်အင်အားကို ချွေတာလိုက်တာက ပိုကောင်းပါတယ်။ မင်းသာ ဉာဏ်မမှီဘူး ဆိုရင်လည်း မင်းရဲ့ အမြင်တွေ ကျယ်လာဖို့ စာတွေ ပိုပိုပြီး ဖတ်သင့်တယ်။ အရမ်းကြီး ရူးမိုက်မနေစမ်းပါနဲ့။]
မစ္စတာမု ရင်းနှီးမြှုပ်နှံထားသည့် Molokai ကော်ဖီ ဘရန်းသည် လူအများ၏ အရှေ့သို့ ပေါ်ထွက်လာကာ ထိုဘရန်း၏ အမည်မှာ “အချစ်စစ်” ဖြစ်သည်။
“အချစ်စစ်”ကော်ဖီကို ကြေညာမည့် အစီအစဥ်မှာ စစ်မှန်သည့် ချစ်ခြင်းဖြင့် ချစ်နေကြသော စုံတွဲများအဖို့ တစ်သက်လုံး အတူနေဖို့အတွက် ဖြစ်သည်။ ထိုအရာမှာ ဒီကော်ဖီနှင့် ပတ်သက်သည့် အကြောင်းရာ ဖြစ်သည်။ ထို့အပြင် ထိုအကြောင်းရာမှာ ဒီကော်ဖီ ကုမ္ပဏီကို တည်ထောင်ချင်သည် မုချောင်ယွင်၏ ပထမဆုံး အကြံလည်း ဖြစ်သည်။ အားလုံး သိကြတဲ့အတိုင်း သူသည် ဒီဘရန်းကို ရွှီယန်ယုအတွက် ဖန်တီးပေးခဲ့တာ ဖြစ်ပြီး သူမကို ပေးမည်ဆိုသည့် အကြောင်းကို တိုက်ရိုက် ထုတ်လွှင့်မှုထဲရှိ ထောင်နှင့်ချီသော အင်တာနက် အသုံးပြုသူများ အရှေ့တွင် ပြောခဲ့ခြင်း ဖြစ်သည်။
[ ဟယ်။ မစ္စတာမုက သူ့ရဲ့ အချစ်စစ်ကို ညီမရွှီကို ပေးလိုက်ပြီ။ ဒါက ကော်ဖီဘရန်း တစ်ခုသာမက သူ့ရဲ့ အချစ်တွေကို တစ်ဆင့်ခံ ထပ်ပြီး ပေးလိုက်တာပဲ။ အရမ်းကို ကြည်နူးဖို့ ကောင်းတာပဲ။ ဒီလူက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် တော်နေရတာလဲ။]
[ အဲ့ဒါဆို ဒီ Molokai ကော်ဖီက တကယ့်ကို အဓိပ္ပါယ်အပြည့်နဲ့ပဲပေါ့။ ဒီကမ္ဘာမှာ သူနဲ့ ယှဥ်လို့ရတဲ့ ယောက်ျားဆိုလို့ တစ်ယောက်မှ မရှိဘူး။]
[ မင်းသာ ကော်ဖီကို တကယ်ကြိုက်တယ်ဆိုရင် မင်းက အများကြီး ဝယ်သောက်ရမှာ။ အခု ဒီကိစ္စကို ဥက္ကဌမုက စိတ်လိုက်မာန်ပါ လုပ်လိုက်တာ မဟုတ်ဘူးဆိုတာ မြင်နိုင်တယ်နော်။ ဒီလို အန္တရာယ်များတဲ့ လက်စွပ်မျိုးကိုတောင် ဝတ်ရဲတဲ့သူက ဒီလို မာန်ပါတဲ့ အရာမျိုးကို ဘယ်လိုလုပ် မလုပ်နိုင်ပဲ နေပါ့မလဲ။ နောက်ထပ် အောင်မြင်ဦးမယ့် ကုမ္ပဏီတစ်ခုကတော့ ထောင်လိုက်ပြန်ပြီလို့ ခံစားမိနေပြီ။]
ရွှီယန်ယုသည် သူမ၏ လက်ထဲတွင် ကျောက်ဖြင့် လုပ်ထားသော ကော်ဖီကြိတ်စက်ကို ကိုင်ထားခဲ့ပြီး အထဲမှာလည်း ကော်ဖီစေ့များကို ကြိတ်ထားသည်။ လက်လက်ဆတ်ဆတ်ဖြင့် လှော်ထားသော ကော်ဖီစေ့များမှ သစ်ပင် ပန်းမန်များကဲ့သို့ ရနံ့ သင်းသင်းလေးဖြင့် ပြည့်စုံနေခဲ့သည်။ ထိုအနံ့ကို သေသေချာချာ ရှူကြည့်ပါက ခရင်မ် အပြည့် ဖြစ်နေသော အရသာကို ခံစားနိုင်မည် ဖြစ်သည်။ ထိုအရသာမှာ တကယ့်ကို ပြီးပြည့်စုံပြီး ကြည်နူးစရာကောင်းတဲ့ အရသာမျိုး ဖြစ်သည်။
ကော်ဖီစေ့တွေကို ကော်ဖီစက်ထဲထည့်ပြီး ကော်ဖီအနှစ်တွေ ထွက်လာတာကို ကြည့်ရင်းနဲ့ သူ့ရင်ထဲမှာ အရင်က တစ်ခါမှ မရခဲ့ဖူးတဲ့ ငြိမ်းချမ်းမှုမျိုးကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်က သူ့ဘဝမှာ စိတ်သက်သာရာ အရဆုံးနဲ့ အပျော်ရဆုံး အချိန်ဖြစ်လိမ့်မည်။ သူ တကယ့်ကို အရမ်း သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။
မုချောင်ယွင်က ကော်ဖီလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်ကို ရွှီယန်ယုက ယုံကြည်မှု ရှိခဲ့သည်။ ဒီဘရန်းရဲ့ အကြောင်းအရာက ရုတ်တရက် အကြံပေါ်လာတာလား ဒါမှမဟုတ် သူက အဲ့ဒါကို ဟိုးအရင်ကတည်းက တွေးထားခဲ့တာလားဆိုတာကို သူမလည်း မသိခဲ့ပါ။ သို့သော် ထိုဘရန်းသည် ကောင်းမွန်နေဆဲ ဖြစ်သည်။
“အချစ်စစ်” ကော်ဖီ ဘရန်းကို သူမအား လွှဲပေးခဲ့သည့်အတွက် ယခုအခါတွင် သူမသည် ထိုဘရန်း၏ မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့သည်။
ရွှီယန်ယုသည် ရွေးချယ်စရာမရှိဘဲ မုချောင်ယွင်၏ အရှိန်အား တကယ်ကို လေးစားခဲ့ရသည်။ သို့သော် သူတို့က လင်မယား ဖြစ်သော်လည်း သူမသည် ဒီလို ကောင်းမွန်လှသည့် ဘရန်းတစ်ခုကို အလကား ယူဖို့အတွက်ကတော့ အဆင်မပြေခဲ့ပါ။
ထို့ကြောင့် သူမသည် နောက်ထပ် လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီး မုချောင်ယွင်ကို ပေးဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ အများကြီး တွေးပြီးသည့်နောက်တွင် သူမသည် AR ဂိမ်းပစ္စည်းဆိုင်၊ မိုးလုံလေလုံ ဂိမ်းခန်းမများနှင့် 3D ရုပ်ရှင်ရုံ လုပ်ငန်းများကဲ့သို့ အော်င်မြင်နေသည့် လုပ်ငန်းများတွင် ရင်းနှီးဖို့ကာ ပြဿနာအားလုံးကို ဖြေရှင်းဖို့အတွက် ကော်ဖီ ရောင်းချသည့် ဆိုင်အနည်းငယ်ကိုလည်း ဖွင့်ဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့သည်။
ရွှီယန်ယုက အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ ဥက္ကဌမုကို ပေးခဲ့သည် ဆိုသည့် အကြောင်းများမှာ အင်တာနက် အသုံးပြုသူများအကြား ရေပန်းစားသော အကြောင်းအရာများ ဖြစ်လာခဲ့သည်။
အရင်က လျှော့တွက်ခဲ့သည့် သူများမှာလည်း အခုထိကို လျှော့တွက်နေကြဆဲ ဖြစ်သည်။
[ ငါတို့ကို လာနောက်နေတာလား။ သူတို့ လက်ဝါးကြီး အုပ်ထားတဲ့ ကော်ဖီမျိုးစေ့တွေကလည်း အရမ်း စျေးကြီးတယ်ဆိုပြီး ပြောခဲ့ကြတယ်မလား။ ပြီးတော့ အဲ့ဒါက တစ်ပေါင်ကို စတာလင်ပေါင် ရာနဲ့ချီပြီး ယွမ် ထောင်ပေါင်းများစွာနဲ့ ညီမျှတယ်လို့ ပြောတယ်မလား။ ဒီလောက် စျေးကြီးတဲ့ ကော်ဖီမျိုးကို ဘယ်သူကများ ဝယ်မှာမလို့လဲ။ ဒီလောက် ရူးမိုက်နေတဲ့ လူချမ်းသာဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲကွာ။]
[ ဒါက သာမန်လူတွေ အတွက်မှ မဟုတ်တာ။ ဒါက အရမ်း စျေးကြီးလွန်းလို့ ငါတို့လည်း မတက်နိုင်ဘူး။ ပြီးတော့ ညီမရွှီ ရင်းနှီး မြှုပ်နှံလိုက်တဲ့ တိုးတက်ကာစ လုပ်ငန်းကို ငါတော့ သိပ်မယုံချင်ဘူး။ ဖျော်ဖြေရေး ကဏ္ဍတွေက အစားသောက်၊ အဝတ်အစား၊ နေထိုင်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေးလောက် မကောင်းဘူးလေ။]
[ သူတို့က အရမ်း ချမ်းသာလွန်းလို့ တစ်ယောက်ကို တစ်ယောက် ဘရန်းတွေကို လက်ဆောင်အဖြစ် ပေးနေတာ။ ဒီလို လုပ်ငန်းမျိုးကို ငါ့ဘဝမှာ တစ်ခါမှ မြင်တောင် မမြင်ဖူးပါဘူးကွာ။]
[ ဒီဟာက မစ္စတာမုရဲ့ အချစ်စစ်က မမှားဘူးလို့ ပြောသွားတာပဲ။ သူလုပ်လိုက်တဲ့ ကောင်းတဲ့ အရာတွေက ညီမရွှီအပေါ်မှာ သွားပြီး သက်ရောက်မှု ရှိနေတာပဲ။ တစ်ယောက်ယောက်က မင်းအကြောင်းကို တွေးပြီး ဂရုစိုက်နေပြီဆိုရင်တော့ အဲ့လူကလည်း မင်းအကြောင်းကို တွေးနေမှာပဲ။ ဒါက တကယ့်ကို အဖိုးတန်တဲ့ အရာလေးပဲ။ အချစ်စစ်ဆိုတဲ့ ကော်ဖီက သူ့နာမည်နဲ့ ကွက်တိပဲ။]
ဆိုင်ပြင်ဆင်တာတွေ နေရာရွေးတဲ့ အဆင့်တွေကို ကျော်ပြီး တစ်လခွဲ မပြည့်ခင်မှာဘဲ ချက်ချင်းဆိုသလို ဆိုင်ဖွင့်တဲ့ အဆင့်ကို ခုန်သွားလို့ ရနိုင်သည်။ အကြောင်းမှာ ဆိုင်ခန်းတွေ၊ လိပ်စာတွေနှင့် အလွယ်တကူ ထားလို့ရတဲ့ ပရိဘောဂ ပစ္စည်းတွေကလည်း အစကတည်းက ရှိနှင့်ပြီးသား ဖြစ်သည်။
သူတို့ အတွဲ၏ နာမည်အောက်မှာ ဆိုင်တွေ ထောင်နှင့်ချီ ရှိနေပြီ။ ဒါက သူတို့ရဲ့ စုတတ်ဆောင်းတတ်တဲ့ အလေ့ အကျင့်နဲ့လည်း ဆိုင်လိမ့်မည်။ သူတို့က သူတို့ကြိုက်တဲ့ ပစ္စည်းတွေကိုသာမက သူတို့ သဘောကျတဲ့ ဆိုင်တွေ မြေတွေကိုပါ ဝယ်လိမ့်မည်။ သူတို့မှာ စီးပွားရေး လုပ်ငန်းတွေ အများကြီး ရှိနေတာဆိုတော့ အဆင်ပြေတဲ့ နေရာ နည်းနည်းရှာကာ အပြောင်းအလဲ အချို့လုပ်ပြီး ဖွင့်ဖို့အတွက် စီစဥ်နိုင်သည်။
ထို့အပြင် အချစ်စစ် ကော်ဖီနှင့် AIလို ဂိမ်းဟောတွေနဲ့ ပတ်သက်ပြီး ရွှီယန်ယု၏ လက်ထောက် လျိုယွိက အချစ်စစ် ကော်ဖီဆိုင် ဘေးပတ်လည်မှာ ဗီဒီယို အတိုများကို ရိုက်ကူးပြီး ဖန်တီးထားသော ဗီဒီယိုများ အတွက် SOSO ပေါ်တွင် အွန်လိုင်း ဗီဒီယို ပြိုင်ပွဲတစ်ခုကို စတင်ခဲ့သည်။ ပထမရရှိသူမှာ သန်းပေါင်းမှားစွာသော ဆုကြေးငွေများကို ရရှိနိုင်မည် ဖြစ်သည်။
ထိုသတင်းများ ထွက်လာပြီး မကြာခင်မှာပဲ အင်တာနက် တစ်ခုလုံးပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။
ဒီလိုအရာမျိုး ဖြစ်လာလိမ့်မည်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပါ။
ပိုပြီး မထင်မှတ်ထားသည့် အရာတစ်ခုမှာ အင်တာနက်ပေါ်ရှိ ရေပန်းစားနေသူများသည် ထိုဆုကြီးကို ရရှိဖို့အတွက် ပါဝင်လာကြသည်။ သူတို့ ရိုက်သမျှ ဗီဒီယိိုတိုင်းသည် ရေပန်းစားလာခဲ့ကာ သူတို့ ဖန်တီးလိုက်သည့် ရုပ်ရှင်များမှာလည်း လူသိများလာခဲ့သည်။
ဘာတွေပဲ ဖြစ်နေပါစေ ကိစ္စမရှိဘဲ အင်တာနက်ပေါ်တွင် အောင်မြင်နေသော သူများသည် လက်ထပ်တာက အရင် အချစ်က နောက်မှ ရှိုးတွင် ရွှီယန်ယုနှင့် မုချောင်ယွင်တို့ သရုပ်ဆောင်ခဲ့ကြသည့်အတိုင်း ပေါ်ထွက်လာကြသည်။
အင်တာနက် အသုံးပြုသူများသည် သူတို့နှစ်ယောက် အကြောင်း ရိုက်ကူးထားသည်ကို သဘောကျနေကြသည်။ ထို့အပြင် ထိုဇာတ်လမ်းကို အခြေခံထားသည့် မည်သည့် ရုပ်ရှင်မဆို အောင်မြင်လာမည်ဟု ယုံကြည်ခဲ့ကြသည်။
[ အာ၊ ဥက္ကဌမုကို ပြန်ပြီး ခုခံဖို့အတွက် ရွှီယန်ယုက ဓားကိုင်ထားတဲ့ အခန်းကို ကြည့်ချင်လိုက်တာ။ တစ်ယောက်ယောက်ကများ အဲ့အပိုင်းကို ရိုက်မယ်ဆိုရင် ငါက အချစ်စစ် ကော်ဖီ အကုန်လုံးကို ဝယ်လိုက်မှာ။]
[ သူတို့ အဝတ်လဲခန်းထဲမှာ တစ်ယောက်ကို တစ်ယောက် ဘယ်လို အဝတ်လဲပေးလဲဆိုတာကို မြင်ချင်တဲ့သူက ငါတစ်ယောက်တည်းလားဟ။ အဲ့အခန်းကလည်း အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်နော်။]
[ ဝိုးး။ ငါကတော့ ရွှေဂေါက်ကွင်းထဲမှာ သူတို့ နှစ်ယောက်ကြားမှာ တရင်းတနှီးနဲ့ အပြန်အလှန် ဆက်ဆံမှု ရှိနေတဲ့ အခန်းကို ကြည့်ချင်တာ။ အဲ့ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။ အင်တာနက်ပေါ်က ရေပန်းစားနေတဲ့ သူတွေနဲ့ ဘလော့ကာတွေရေ ဆက်ရိုက်ပေးကြပါ။ မင်းတို့ သရုပ်ဆောင်တဲ့ စကေးတွေက ကောင်းတယ်။]
[ ညီမရွှီက မစ္စတာမုကို အခန်းထဲလာဖို့ ပြောပြီး သူတို့ နေ့ရော ညပါ အခန်းထဲမှာ ကုန်ဆုံးခဲ့တဲ့ အခန်းကိုသာ ရိုက်နိုင်မယ်ဆိုရင် ငါမင်းတို့ကို ဒူးပါ ထောက်လိုက်မယ်။]
ရွှီယန်ယုနှင့် မုချောင်ယွင်တို့သည် SOSO ဗီဒီယို အတိုတင်သည့် ကွန်ယက်ပေါ်တွင် ဗီဒီယိုအတိုပြိုင်ပွဲ ခေါင်းစဥ်နှင့် ပတ်သက်ပြီး ဗီဒီယိုသစ်တစ်ပုဒ်ကို တင်ခဲ့သော်လည်း ထိုပြိုင်ပွဲကိုတော့ ဝင်ရောက် ယှဥ်ပြိုင်းခြင်း မရှိဘဲ အင်တာနက်တွင် ရေပန်းစားနေသူများနှင့် ဘလော့ကာများကိုသာ ရိုက်ကူးဖို့အတွက် အကြောင်းအရာကို ပေးဖို့ သပ်သပ်သာ ဖြစ်သည်။ ထိုကော်ဖီ၏ အနံ့မှာ ကောင်းပြီး ခရင်မ်အပြည့် ဖြစ်နေကာက တကယ့်ကို ပျော်ရွှင် ကြည်နူးဖို့ ကောင်းသည်။
[ ရိုးရိုးသားသားနဲ့ ဝန်ခံရရင် အချစ်စစ် ကော်ဖီက တကယ်ကို အရသာ ရှိတာ။ ပြီးတော့ သူ့ရဲ့ အရသာကလေ အခြားဆိုင်တွေနဲ့ လုံးဝကို မတူဘူး။ ကော်ဖီစေ့ တစ်ပေါင်ကို ယွမ်ထောင်ကျော် ပေးရတာက တကယ် တန်ပါတယ်ကွာ။ မစ္စတာမုက ဒီစျေးကွက်ကို သိမ်းပိုက်လိုက်ရင် စျေးတွေက ထိုးကျသွားလိမ့်မယ်လို့ မထင်ထားဘူး။ ဘာလို့ဆို ဒီလုပ်ငန်းက သူ့ရဲ့ စီးပွားရေးပဲလေ။ သူက ကြားလူတွေကို ဖယ်လိုက်ပြီး အရင် စျေးနှုန်းတွေကို ကြေညာလိုက်တော့ စျေးက ကြီးသွားရော။ အဲ့ဒါတွေအပြင် အဲ့ကော်ဖီရဲ့ အရသာနဲ့ အရည်အသွေးက တစ်ခြား ကော်ဖီတွေထက်ကို ပိုကောင်းတယ်။ ဒီတစ်ကြိမ်မှာတော့ အဲ့ကော်ဖီကို ငါတော်တော်လေး ကြိုက်တယ်။ တကယ် ကောင်းတာ။]
[ အချစ်စစ် ကော်ဖီကလေ အခုဆို တော်တော်လေး လူကြိုက်များနေပြီ။ ကုမ္ပဏီက လုပ်ဖော် ကိုင်ဖက်တွေလည်း အဲ့ကော်ဖီကို ဝယ်သောက်ကြတယ်။ ငါလည်း အခုကစပြီး အဲ့ကော်ဖီကို ဝယ်သောက်တော့မယ်။ အဲ့ဒါက အလုပ်သမားတွေ သူတို့ကိုယ်သူတို့ လန်းဆန်းသွားအောင် လုပ်ပေးနိုင်တဲ့ တကယ် ကောင်းတဲ့ အရာတစ်ခုပဲ။]
[ အဲ့ဒါအပြင် သူတို့မှာ အမြင်ရှိတယ်ဆိုပြီး ဘာလို့ ငါတို့ပြောလဲ သိလား။ သူတို့ ရင်းနှီး မြှုပ်နှံလိုက်တဲ့ လုပ်ငန်းက ငွေမဝင်ဘူးဆိုရင် အဲ့မှာ ပုံမှန်မဟုတ်တဲ့ မေးခွန်း ထုတ်စရာတွေ ရှိကို ရှိရမယ်။]
[ သူတို့ပိုက်ဆံတွေ အရှုံးပေါ်မယ်လို့ ပြောတဲ့သူတွေက တကယ်ကို ဟာသပဲဟေ့။ အဲ့ဒါကလေ ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။]
[ အဲ့ဒါကြောင့် သူတို့တွေရဲ့ အနေအထားက မတူပါဘူးဆို။ ဒီလို ချမ်းသာတဲ့ လူတွေရဲ့ ငွေရှာနိုင်တဲ့ အရည်အချင်းကတော့ တကယ်ကြီး အံ့ဩစရာပါကွာ။ ဒီလို ဆုံးဖြတ်ချက်တစ်ခု ချဖို့က မစ္စတာမုအတွက် မိနစ်ပိုင်းပဲ လိုတယ်ဆိုတာလည်း မေ့မနေကြနဲ့ဦး။ ပြီးတော့ သူက အောင်မြင်ပြီး အမှတ်ရနေစေမယ့် ကော်ဖီဘရန်းတစ်ခုကို မိနစ်ပိုင်းအတွင်း ဖန်တီးပြသွားတာကလည်း တကယ့်ကို သြချလောက်စရာပါပဲကွာ။]
[ ညီမရွှီက ဥက္ကဌမုရဲ့ ဒီစီးပွားရေးကို လုပ်ဖို့အတွက် နှိုးဆော်ပေးလိုက်တာ မဟုတ်လား။ ဒါက ညီမရွှီ သဘောကျတဲ့ ဝါသနာနဲ့ သူမဘဝမှာ ခံစားရတဲ့ အရသာတွေထဲက တစ်မျိုးပဲလေ။ သူတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ပိုပိုပြီး ကောင်းလာဆိုတာ ဒီ ကော်ဖီဘရန်းက အကောင်းဆုံး သက်သေပဲလေ။]
[ ညီမရွှီက ဥက္ကဌမုကို ပေထားတဲ့ ပုံရိပ်စစ်နဲ့ ဆော့လို့ရတဲ့ ဂိမ်းခန်းမတိုင်းကလည်း အချစ်စစ် ကော်ဖီဆိုင်နဲ့ ဘေးချင်းကပ် မဟုတ်ရင် မျက်နှာချင်းဆိုင် ရှိနေကြတာကြီးပဲ။ ဒါက စစ်မှန်တဲ့ ချစ်ခြင်းတရားရဲ့ သက်သေပဲမလား။ ဘာလို့ဆို အဲ့ဒါက စုံတွဲဘရန်း တစ်ခုပဲလေ။ ဒီစီးပွားရေးက တော်တော်လေးကို မိုက်တာပဲ။ သူတို့က တကယ်ကို ဉာဏ်ကောင်းကြတယ်လို့ ပြောကို ပြောသင့်ပါတယ်ကွာ။]