အခန်း (၆၂)
Vol. 6 Ch. 62
ချမ်းသာသော ရင်းနှီး မြှုပ်နှံကြသူများ ပရိုဂရမ်၏ အပိုင်းသစ် တစ်ပိုင်းကို ပြသပြီးနောက် ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းများသည် မြို့ထဲက ကော်ဖီ စျေးကွက်ထဲတွင် ရွှီယန်ယု၏ အချစ်စစ်ကော်ဖီ ရှယ်ယာ ရောင်းရသည့် ရောင်းအားကို စခရင်ပေါ်မှတစ်ဆင့် ရေတွက်ခဲ့သည်။ ကော်ဖီဆိုင်က ဖွင့်ပြီး တစ်ပတ်အကြာမှာပဲ ပုံမှန် ကော်ဖီ ဝယ်နေကြဖြစ်သော လူများ၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို မြန်မြန်ပဲ သိမ်းပိုက်နိုင်လိုက်သည်ကို လူတိုင်းက တွေ့ရှိခဲ့ကြပြီး အံ့သြသွားခဲ့ကြသည်။ ထို့ပြင် ထိုရှယ်ယာမှာလည်း မြင့်တက်နေဆဲ ဖြစ်သည်။
တစ်ပတ်တည်းနဲ့ ဒီလို အံ့သြစရာ အရှိန်မျိုး ရလာတယ် ဆိုတာက ယုံကြည်ဖို့တောင် ခက်ခဲသည်။ ထိုဘရန်းက သိပ်မကြာသေးခင်ကမှ စတင် တည်ထောင်ခဲ့တဲ့ ဘရန်းတစ်ခုသာသာပဲလေ။ အဲ့ဒါ တည်ထောင်ပြီး မြန်မြန်နဲ့ အတည်တကျဖြစ်ပြီး ဘာ မကောင်းသတင်းမှ မရှိဘဲနဲ့ တိုးတက်လာမယ်လို့ ငါ့မှာထင်တောင် မထင်ထားခဲ့ပေ။ ဒါကြီးက အံ့သြစရာ တစ်ခုလိုတောင် ခံစားလိုက်ရသည်။
လင်းဝမ်ရှုက ခြုံငုံသုံးသပ်ချက် ရလဒ်များကို မြင်လိုက်သောအခါ အတော်လေးကို တုန်လှုပ်သွားခဲ့သည်။ ဒီလို ပေါ့ပျက်ပျက် ဘရန်းတစ်ခုက အရမ်း အောင်မြင်လာလိမ့်မည်ဟု သူမ လုံးဝကို မမျှော်လင့်ထားခဲ့ပါ။ အကြောင်းမှာ တကယ်လို့ အဲ့ဒါက အောင်မြင်ရင်တောင် သူတို့က ငွေဝမရဘဲ အရှုံးပေါ်သွားလိမ့်မည် ဖြစ်သည်။ သူတို့က ရှယ်ယာစျေးကွက်၏ အကောင်းဆုံး အနေအထားကို အခုထိ မရောက်ရှိသေးပုံရကာ သူတို့ အောင်မြင်ဖို့အတွက် အခန်းကဏ္ဍတွေများစွာ ကျန်ရှိနေသေးသည်။ ထို့ကြောင့် ဒီရလဒ်က အမှန်ရော ဟုတ်ပါလိမ့်မလား။
ဒါက အရမ်းကို မယုံနိုင်စရာ ကောင်းသည်။
လျန့်ဖန်ကွေ့က အပေါ်ယံမှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေသော်လည်း စိတ်ထဲမှာတော့ မတည်ငြိမ်နိုင်ခဲ့ပါ။ အကြောင်းမှာ အဲ့နေရာမှာ သူသာဆိုရင် ဒီလို ရလဒ်တွေ ရရှိသည့် ဘရန်းတစ်ခုကို တည်ဆောက်ဖို့ လွယ်ကူသော်လည်း ဒီလောက် အချိန်တို အတွင်းမှာတော့ အောင်မြင်မှု ရရှိဖို့က မဖြစ်နိုင်ပါ။ ထိုအရာမှာ ဘေးလူများ၏ မျက်လုံးများထဲတွင် တကယ့်ကို အံ့သြစရာ ဖြစ်နေခဲ့သည်။ သို့သော် အထဲက သူများ၏ အမြင်မှာတော့ မတူနေခဲ့ပါ။
သူ၏ အရောင်းအဝယ်စျေးကွက် အဖွဲ့၏ ကျွမ်းကျင်သော ရှုထောင့်မှ ကြည့်လျှင်လည်း ရွှီယန်ယုနှင့် မုချောင်ယွင်တို့၏ အခုစျေးကွက်မှာ အတော်လေးကို အောင်မြင်နေခဲ့သည်။ သူတို့သည် လူကြိုက်အများဆုံး ဗီဒီယိုအတိုလေးများကို အသုံးပြုကာ ဘရန်းအပေါ် မြန်မြန် သက်ရောက်မှု ရှိအောင် ပြုလုပ်ခဲ့သည်။ ထိုခက်ခဲသည့် အပိုင်းမှာ မြန်မြန် ငွေရှာနိုင်ပြီး နောက်ပိုင်းတွင် အခြားသော ဘရန်းများတွင် ထပ်ပြီး ရင်းနှီးမြှုပ်နှံကာ ဆက်လက် ဆုဆောင်းနိုင်သည်။ ထိုအရာမှာ တစ်သမက်တည်း တိုးတက်လာရံသာမက ရေရှည် တိုးတက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းလည်း ဖြစ်သည်။
ထို့ကြောင့် သူတို့အသိုင်းဝိုင်းရှိ သူများကတောင် သူတို့ရဲ့ စီးပွားရေး အမြင်ရှိမှုအပေါ် ရှက်ကြောက်သလို ခံစားလာခဲ့သည်။
သို့သော် လျန့်ဖန်ကွေ့သည် အလွယ်တကူ အရှုံးပေးတတ်သည့်သူမျိုး မဟုတ်ပါ။ အရှုံးပေးမည့်အစား ဒီအဖြစ်အပျက်က သူ့ရဲ့ ပြိုင်ဆိုင်ချင်စိတ်ကို နှိုးဆွကာ တစ်ဖက်လူကို ပိုပြီးတော့တောင် စိန်ခေါ်ချင်စိတ်တွေ ဖြစ်လာသည်။ သူ့အတွက် ဘဝဆိုသည်မှာ လွယ်လွယ်ကူကူ အရှုံးပေးဖို့က မဖြစ်နိုင်ပါ။ လူတိုင်းက အသက်ရှင်နေစဥ်အတွင်း အောင်မြင်မှု ရဖို့အတွက် ကိုယ့်ကိုကိုယ် စိန်ခေါ်ရမည် ဖြစ်သည်။
လျှိုကျိတင်းနှင့် ပိုင်တင်းယွင်တို့ကလည်း သိပ်ပြီး မတည်ငြိမ်ခဲ့ကြပါ။ ထိုလုပ်ငန်းက အောင်မြင်မှာလားဆိုသည့် သူတို့ရဲ့ အမြင်တွေကို ထုတ်မပြောခဲ့ကြသော်လည်း သူတို့ နှစ်ယောက်လုံးသည်လည်း ကျွမ်းကျင်သော ရင်းနှီး မြှုပ်နှံကြသူများ ဖြစ်သည်။
သူတို့သာ အဲ့နေရာမှာဆိုရင် ကော်ဖီလုပ်ငန်းမှာ အရမ်း ကြီးမားသည့်အတွက် ထိုကဲ့သို့ မဆင်မခြင် ဆုံးဖြတ်ချက်မျိုးချကာ သိမ်းပိုက်ဖို့ မဆိုထားနှင့် ထိုလုပ်ငန်းတွင် ဘယ်တော့မှ ရင်းနှီးမြှုပ်နှံလိမ့်မည် မဟုတ်ပါ။ တကယ်လို့ သူတို့သာ အကြံတူနေမယ်ဆိုရင် ဆုံးဖြတ်ချက် မချခင်မှာ လေ့လာမှု များစွာနှင့် သေသေချာချာ အကဲဖြတ်ပြီးမှသာ ပြုလုပ်လိမ့်မည် ဖြစ်သည်။
အရင်တစ်ပတ်တုန်းက အချစ်စစ် ကော်ဖီကို ဥက္ကဌမုက ရင်းနှီးမြှုပ်နှံလိုက်တာကို ကျွန်တော် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ မသိစိတ်ထဲမှာတောင် ကျွန်တော်က ဒီလို အလားတူ ကိစ္စမျိုးကို လုပ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားမိခဲ့ရတယ်။ တကယ်တော့ ဒါက လုပ်သင့်တဲ့ အရာလို့လည်း ကျွန်တော် မတွေးမိခဲ့ဘူး။
ပြောလိုက်သည့်အတိုင်း သူတို့အတွဲ ရင်းနှီးမြှုပ်နှံလိုက်သည့် လားရာမှာ မှန်ကန်ခဲ့သည်သာမက ထိုလုပ်ငန်းမှာလည်း ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ပိုပြီး တုန်လှုပ်စရာ ကောင်းသည့် အရာတစ်ခုမှာ သူတို့သည် ဒီလုပ်ငန်းကို ဘယ် ကျွမ်းကျင်သည့် အဖွဲ့အစည်း၏ မှတ်ချက်များမှ မပါဘဲ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဘယ်သူကများ မအံ့သြဘဲ နေနိုင်ပါ့မလဲ။
သူတို့အားလုံး လွန်စွာ အံ့အားသင့်ခဲ့ကြသည်။
လူအများက အံ့ဩခဲ့ကြရသော်လည်း သူတို့သည် ထိုအရာကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့သည်။ သူတို့က ပိုပြီး တုန်လှုပ်ပြလေလေ၊ သူတို့ မြင်နိုင်တာက ပိုပြီး နည်းသွားလေလေ ဖြစ်သည့်အတွက် သူတို့က သိပ်ပြီး စိတ်မဝင်စားသလို ပြုမူခဲ့ကြသည်။
ချမ်းသာသော ရင်းနှီးမြှုပ်နှံကြသူများ ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းများက ရလဒ်များကို စုဆောင်းခဲ့ပြီးနောက် သူတို့က ရွှီယန်ယုကို ရိုရိုသေသေ လေးလေးစားစားဖြင့် ဂုဏ်ပြုပေးခဲ့ကြသည်။ “မစ္စရွှီ၊ အချစ်စစ် ကော်ဖီက အောင်မြင်မှုတွေ အများကြီးကို ရရှိခဲ့တဲ့ပုံပဲ။ ဂုဏ်ယူပါတယ်။”
ဒီပရိုဂရမ်က အဓိကက ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ ပရိုဂရမ် ဖြစ်တယ်ဆိုတာကို မင်းတို့ သိသင့်တယ်။ ရွှီယန်ယုနဲ့ သူ့အမျိုးသားက ပထမအပိုင်းမှာကတည်းက ဒီလို ရလဒ်မျိုးတွေကို ရသွားပြီ။ အကြောင်းက ဥက္ကဌမုက ပေါ်မလာခင်မှာတောင် သူတို့က လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်ပြီးပြီ။ ဒီရှယ်ယာ စျေးကွက်က ကွက်တိ အသုံးချပြသွားတဲ့ သူတွေရဲ့ ရလဒ်ပဲလေ။ လူတွေရဲ့ အမြင်တွေကြောင့် အကျပ်ရိုက်ပြီး ဒီရှယ်ယာစျေးကွက်က မကျဆင်းသွားဘူးဆိရင် ဒါက အရမ်းကို အတည်တကျ ဖြစ်နေတော့မှာ။ ဒါက ဒီတိုင်း သုံးနေတဲ့ သာမန် အသုံးပြုတဲ့ သူတွေကို သစ္စာရှိတဲ့ အသုံးပြုသူတွေအဖြစ် ပြောင်းလဲပေးလိုက်တဲ့ ပုံပါပဲ။
ဒါက တစ်လနှစ်လ အတွင်းမှာပဲ ဒါက ကော်ဖီ စျေးကွက်ထဲကို ဝင်ရောက်လာပြီး အခြား ဘရန်းတွေကို သုံးနေတဲ့ သူတွေကိုလည်း ဆွဲခေါ်နိုင်မယ်လို့ သူယုံသည်။ ဒီလို ရလဒ်ကောင်းတွေက တကယ့်ကို ချီးကျူးဖို့ ကောင်းသည်။
ရွှီယန်ယုသည် အချစ်စစ်ကော်ဖီ၏ လုပ်ဆောင်မှုများကို အရမ်းကြီး အလေးအနက် မထားသည့် ပုံစံမျိုးဖြင့် ပေါ့ပါးစွာ ပြုံးခဲ့သည်။ တကယ်တော့ တိတိကျကျ ပြောရရင် ကော်ဖီ လုပ်ငန်းတွင် ရင်းနှီးဖို့အတွက် အကြံပေးခဲ့သည်မှာ သူမ မဟုတ်ခဲ့ပါ။ သူမသည် ကျေးဇူးတင်သည့် အနေဖြင့် မုချောင်ယွင်အား လုပ်ငန်းအချို့ကို ပြန်ပေးခဲ့သည်။
သူက စျေးကွက် စီးပွားရေးတွေထဲမှာ ဝင်ပါတယ် ဆိုပေမယ့်လည်း သူ အခုထိ တရားဝင် ရင်းနှီးမြှုပ်နှံမှု တစ်ခုကိုမှ မလုပ်ရသေးပေ။
သူမသည် ခနတာ တွေးခဲ့ပြီးနောက် ဝန်ထမ်းများကို ပြောခဲ့သည်။ “အချစ်စစ်ကော်ဖီက အခုချိန်မှာ အတော်လေး ငြိမ်နေတယ် ဆိုပေမယ့် ကျွန်မ သဘောကျတဲ့ လုပ်ငန်းကို အခုထိ မရင်းနှီးရသေးဘူး။ ကျွန်မပြောခဲ့သလိုပဲ အခုချိန်မှာ အလှအပနဲ့ ဆေးဝါးနဲ့ ဆိုင်တဲ့ အသားအရည် ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို တိုးတက်စေချင်တယ်။”
ထိုစကားကို ကြားလိုက်ရပြီးနောက် ထုတ်လွှင့်သည့် အဖွဲ့ကလည်း တုန်လှုပ်သွားခဲ့ရသည်။ ဒီရလဒ်က တကယ့် အမှန်မဟုတ်ဘူးလို့ ယူဆမယ်ဆိုရင် ဘယ်ဟာက အမှန်လဲ။ ဒီထက်ပိုပြီး တုန်လှုပ်စရာ ကောင်းနိုင်သေးလို့လား။ မင်းမှာက အရည်ချင်း ရှိတယ် ဆိုပေမယ့်လည်း အရမ်းကို နှိမ့်ချနေတယ်။ မင်းတို့နှစ်ယောက်လုံးက တကယ့်ကို ထောင်လွှားနေဖို့ ထိုက်တန်ပါတယ်ကွာ။
[ ဒါက အရမ်းကို ရယ်ရတာပဲ။ ညီမရွှီရယ် ကျေးဇူးပြုပြီး နှိမ့်ချနေတာကို ရပ်လိုက်ပါတော့။ ဒီအချစ်စစ် ဘရန်းရဲ့ အကြောင်းက မင်းနဲ့ မင်းရဲ့ချစ်သူတို့အကြားက စစ်မှန်တဲ့ ချစ်ခြင်းအကြောင်းပဲလေ။ ဒီလို အောင်မြင်မှုမျိုးကို မင်း ဘယ်လိုမှ သဘောမထားဘူးလား။ တကယ့်ကို အံ့သြဖို့ ကောင်းတာပဲ။]
[ ငါတို့ ဘာလုပ်သင့်လဲ။ ငါတို့ အိုင်ဒေါက အရမ်းကို နှိမ့်ချပြီး နေလွန်းတယ်။ ဒီဘရန်းက ဒီလိုရလဒ်ကို ရဖို့အတွက် လွယ်နေတယ် ထင်တယ်။ ဒါပေမယ့်လည်း ဒီလို အချိန်တိုအတွင်းမှာ ကောင်းကောင်း လုပ်နိုင်ဖို့က မဖြစ်နိုင်ဘူးလေ။ ဒါက အပြင်လူတွေရဲ့ အမြင်မှာတော့ တကယ့်ကို အံ့သြစရာဆိုပေမယ့် အဲ့ထဲက လူတွေ အတွက်ကတော့ မတူဘူးလေကွာ။]
လျှိုကျိတင်းနှင့် ပိုင်တင်းယွင်တို့သည် အရမ်း မတည်ငြိမ်နိုင်ကြတော့ပါ။ သူတို့သည် အစပိုင်းတွင် သူတို့၏ အမြင်များကို ထုတ်မပြောခဲ့ကြသော်လည်း “မစ္စရွှီ၊ ညီမရဲ့ အောင်မြင်မှုရခဲ့တဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့အတွက် ပြန်ပြီး ဝေမျှပေးလို့ ရနိုင်မလား။ ကျွန်တော် ညီမကို တကယ် လေးစားမိလို့ပါ။”
ဝန်ထမ်းတစ်ယောက်မှ ထိုစကားကို ပြောပြီးနောက် အခြေနေများမှာ ပိုပြီး ကောင်းလာခဲ့သည်။ လျန့်ဖန်ကွေ့သည် ရွှီယန်ယုကို ပိုပြီး စိတ်ဝင်စားလာပြီး သိချင်စိတ်များ ပြင်းပြကာ မေးခဲ့သည်။
“တကယ်တော့ ကျွန်တော်လည်းပဲ မစ္စရွှီရဲ့ အောင်မြင်လာတဲ့ အကြောင်းကို ကြားဖူးချင်နေတာ။ မစ္စရွှီက ပြောပြချင်ပါ့မလား သိပါရစေ။ တကယ်လို့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ် လုပ်လို့ရရင် သိပ်ကောင်းမှာပဲ။ ဒီလို စိတ်ရင်းနဲ့ပြောတဲ့ အကြံဉာဏ်မျိုးကို မငြင်းဘူးလို့ မျှော်လင့်ပါတယ်ဗျာ။”
ထိုစကားကို အတော်လေး ရိုကျိုးစွာ ပြောခဲ့ပြီး လျန့်ဖန်ကွေ့လို ဂုဏ်ရှိသည့် ဘယ် လူချမ်းသာ တစ်ယောက်ကမှ ထိုကဲ့သို့သော ရိုကျိုးသည့် အမူအရာမျိုးဖြင့် ဘယ်တော့မှ ပြောမည် မဟုတ်ပါ။ အင်တာနက် အသုံးပြုသူများသည် ဒါက ပုံမှန်မဟုတ်ဘူးဟု တွေးခဲ့ကြသည်။
[ ဒီလူ့မှာ ဘာအကြံစည်မှ မရှိဘူးလို့ ပြောခဲ့ကြပေမယ့် မကောင်းတာက တစ်ခုခု ဖြစ်ကို ဖြစ်တော့မယ်။ ဒါကြီးက အရမ်းကြီး သိသာမနေဘူးလား။ ဘယ်သူမဆို မြင်နိုင်နေတာကြီးကို။]
[ ညီမရွှီရေ၊ သူ့ကို သဘောမတူလိုက်နဲ့နော်။ ဒီလို ကိစ္စတွေကို သူနဲ့ သွားပြီး မဆွေးနွေးနဲ့။ တကယ်လို့ နင့်မှာ အောင်မြင်တဲ့ အတွေ့အကြုံတွေ ရှိနေရင်တောင် အဲ့အရာတွေကို ဘယ်လိုလုပ် အခြားသူတွေဆီ ဝေမျှပေးလို့ ရနိုင်မှာလဲ။ သေချာပေါက် သူ့မှာ ကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမနေဘူးနော်။]
လင်းဝမ်ရှုက မီးလောင်ရာ လေပင့်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ရွှီယန်ယုက ဘယ်လို ကျွမ်းကျင်သည့် အတွေ့အကြုံများနှင့် အောင်မြင်လာခဲ့လဲဆိုတာကို သူမ သိချင်သောကြောင့် ဖြစ်သည်။ တကယ်လို့ အဲ့ဒါကသာ ကောင်းတဲ့ အရာဆိုပါက သူမက ထိုအရာကို ထုတ်ပြောနိုင်မည် ဖြစ်သည်။ တကယ်လို့ အဲ့ဒါကသာ မကောင်းတဲ့ အရာဖြစ်မည် ဆိုပါက သူမက ကံကောင်းပြီး သူမရဲ့ အောင်မြင်မှုကလည်း တိုက်ဆိုင်မှု တစ်ခု သပ်သပ်သာ ဖြစ်သည်ကို သူမက ဘေးကနေ ပြောခဲ့ခြင်း ဖြစ်သည်။
“မစ္စတာလျန့်ရဲ့ အပြုအမူက အရမ်းကို နှိမ့်ချလွန်းတာပဲ။ မစ္စရွှီကသာ ဒါကို ငြင်းလိုက်ရင် သူ့ကို သေချာပေါက် မလေးစားသလို ဖြစ်သွားလိမ့်မယ်။ မစ္စရွှီက စိတ်နဲ့ပတ်သက်ရင်လည်း တကယ်ကို ဉာဏ်ကောင်းတဲ့ သူတစ်ယောကိလို့ ကျွန်မ သိထားတယ်။ ကြည့်ရတာတော့ သူက အားလုံးကို စိတ်ပျက်စေတော့မယ် တူပါရဲ့။”
ရွှီယန်ယုက တကယ်ကို ဘာစကားမှ မပြောပါက သူက လျန့်ဖန်ကွေ့ကို ဘာမျက်နှာသာမှ မပေးဘူးဆိုတာ သိသာနေခဲ့သည်။ သူမကိုယ်တိုင်က ဒါတွေကို စိတ်မဝင်စားဘူး ဆိုသော်လည်း အင်တာနက် အသုံးပြုသူများက အခုအခြေနေသည် တကယ့်ကို ရှက်ဖို့ ကောင်းသည်ဟု ခံစားခဲ့ကြသည်။
တကယ်လို့ ရွှီယန်ယုကသာ ငြင်းလိုက်မယ်ဆိုရင် သူမသည် သေချာပေါက်ကို နာမည်ပျက်စာရင်းထဲ အထည့်ခံရမည် ဖြစ်သည်။ ထို့အပြင် ဒါက လူပြောများသော ခေါင်းစဥ်တစ်ခု ဖြစ်လာနိုင်ပြီး တိုက်ရိုက် ထုတ်လွှင့်မှု ပြီးသည့်နောက်တွင် လူအများက သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်လာလိမ့်မည် ဖြစ်သည်။ ဒီလို အခြေအနေမျိုးသည် တစ်ခါတစ်ရံ ဖြစ်လာတတ်ပြီး လူအများက ထိုကဲ့သို့သော လူအများအပေါ် အဆင်ပြေအောင် တုံ့ပြန်နိုင်သည့် အရည်အချင်းကို ရံဖန်ရံခါ စမ်းသပ်ချင်ကြခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ပရိတ်သတ်များကလည်း ရွှီယန်ယု ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိကြသည့်အတွက် အတော်လေးကို စိုးရိမ်နေခဲ့ကြသည်။
လူအများသည် ရွှီယန်ယုက သဘောမတူဘူးဟု တွေးခဲ့ကြသော်လည်း တကယ်တမ်းတွင် သူမက ခေါင်းငြိမ့်ပြခဲ့သည်။ “ကောင်းပြီလေ။ ဒီလိုမျိုး ဝေမျှပေးရတဲ့ ကိစ္စမျိုးတွေမှာ ကျွန်မက တွန့်တိုနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်မရဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘူးလို့ ပြောခဲ့တာဆိုတော့ ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို သိချင်ရင် မစ္စတာမုကိုပဲ သွားမေးသင့်တယ်။ အဲ့ဒါကြောင့် ကျွန်မ သူ့ရဲ့ဖုန်းနံပါတ် အကို့ကို ပေးလိုက်ပါ့မယ်။ သူနဲ့ လူချင်းတွေ့ပြီးလည်း မေးလို့ရတယ်။ သူက အကို့ရဲ့ ဖုန်းကို ဖြေဖို့ ဆန္ဒရှိတယ်လို့ ကျွန်မယုံတယ်။”
“….”
လျန့်ဖန်ကွေ့၏ မျက်နှာသည် ထူးထူးဆန်းဆန်း ဖြစ်သွားကာ သူ့ခေါင်းထဲ၌လည်း စိတ်ပျက်သွားရသည့် ခံစားချက်ကို မထိန်းနိုင်ခဲ့ပါ။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း ရွှီယန်ယုက တကယ် သူမကိုယ်သူမ ပိုင်ဆိုင်ထားပြီး အတော်လေးကို ပါးနပ်သည်။ မုချောင်ယွင်သည် အသက်ရှင်နေချိန်မှာ အခြားသူတွေ သူ့ကို လုပ်ကြံလိမ့်မည်ကို မကြောက်ဘူးလားဟု မေးချင်နေခဲ့သည်။
[ ဟဟဟဟ၊ ငါ့မှာ ရယ်ရတာ သေတော့မယ်။ ညီမရွှီက တကယ်ကို တော်တာပဲ။ လျန့်ဖန်ကွေ့က ထောင်ချောင်ထဲကို ကျသွားမယ်ဆိုပြီး ငါတို့ ပြောနေကြတာမလား။ သူဌေးမုကတော့ သူ့ကို တော်တော်လေး ဒေါသထွက်နေတော့မယ်။ သေချာတာကတော့ သူ့ကို လက်လွတ်ပြီး အရှုံးပေးလိုက်တာက အကောင်းဆုံးပါပဲကွာ။]
[ ရွှီယန်ယုကတော့ ကောင်းနေရောပဲ။ ဒါက တကယ်တမ်း သူမရင်းနှီးတာ မဟုတ်ဘူးလေ။ သူ့ယောက်ျားကိုပဲ အောင်မြင်ရတဲ့ လျှို့ဝှက်ချက်ကို မေးလိုက်ပါ။ လျန့်ဖန်ကွေ့က အရမ်းကြီးက ကြိုးစား မနေဘူးလား။ အခု မင်းရဲ့ အားတွေကို သုံးလို့ ရပြီ။ မင်း မစ္စတာမုကို သူအောင်မြင်ခဲ့ရတဲ့ အတွေ့အကြုံတွေ သွားမေးလို့ရပြီ။ သေချာပေါက် ဒါက လမ်းကြောင်း တစ်ခုတည်းပဲလေ။]
[ ဟဟဟ၊ တကယ် ရယ်ရတဲ့ဟာပဲ။ ညီမရွှီက ဒီလောက် ရယ်ရတဲ့ ဟာသမျိုးကို လုပ်ရတာ ကြိုက်မယ်လို့ မမျှော်လင့်ထားဘူး။]
[ လျန့်ဖန်ကွေ့က သူ့ပြဿနာကို သူသယ်လာတာပဲ။]
ရွှီယန်ယု စကားပြောပြီးသည့်နောက် ပြဿနာကိုပါ တစ်ခါတည်း ရှင်းပြီးသား ဖြစ်သွားခဲ့သည်။ သူမရဲ့ အတွေ့အကြုံကို ဘယ်သူကမှ ထပ်ပြီး မမေးရဲတော့ပါ။ ကိုယ့်ဘဝကိုယ် အရဲစွန့်ပြီး မုချောင်ယွင်အား မေးရဲသည့် ဘယ်သူမဆို မနက်ဖြန် နေထွက်သည်ကို မမြင်ရတော့မှာကို ကြောက်ရွံ့သွားကြသည်။
သူတို့အားလုံးတို့သည် အရင်က စီးပွားရေး လောကရှိ သူများ ဖြစ်ကြသည့်အတွက် အရင်က မုချောင်ယွင်သည် ဘယ်လို နည်းလဲများ အသုံးပြုခဲ့သည့် အကြောင်းကို ကြားချင်ခဲ့ကြသည်။ အားလုံးက သူ့ကို မကြောက်ကြသော်လည်း သူနှင့် သဘောတူညီမှု ရဖို့အတွက် အတော်လေး ခက်ခဲသည်။ ထို့အပြင် သူတို့ကိုယ်သူတို့ ပြဿနာရှာနေသလို ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။
အားလုံးလည်း ထပ်ပြီး ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း အကြောင်းကိုသာ စတင် ဆွေးနွေးခဲ့ပြန်သည်။ ရွှီယန်ယု ရင်းနှီးမည့် လုပ်ငန်းကို အခြားသူများက သိနှင့်ပြီး ဖြစ်သည်။ ဒီနေ့တွင် လင်းဝမ်ရှု ရင်းနှီး မြှုပ်နှံချင်သည့် လုပ်ငန်းကိုလည်း ပထမဆုံးအကြိမ် ထုတ်ပြောမည် ဖြစ်သည်။ သူမက ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးချင်ခဲ့သည်။
လျှိုကျိတင်းနှင့် ပိုင်တင်းယွင်တို့တွင် တစ်ယောက်က အိမ်ခြံမြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပြီး အခြားတစ်ယောက်က အစားအသောက် လုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံချင်ခဲ့သည်။
အခုအခါတွင် လျန့်ဖန်ကွေ့က လောင်စာဆီ လုပ်ငန်းတွင် ရင်းနှီးဖို့အတွက် အာရုံစိုက်နေသည်။ တိတိကျကျ ပြောရရင် လီသီယံ ဘက်ထရနီနှင့် ဘက်ထရီပစ္စည်းများ ဖြစ်သည်။ သူစကားပြောပြီး သိပ်မကြာခင်မှာပဲ အခြားသူတွေရဲ့ မျက်လုံးများ ကျယ်သွားခဲ့ကာ ထိုလုပ်ငန်းသည် အတော်လေး ကောင်းသည်ဟု ခံစားခဲ့ကြရသည်။
ထို့နောက် အချို့သော လုပ်ငန်းများမှာ အတော်လေး အလားအလာကောင်းကာ အကျိုးအမြတ်များသည်ဟု အသံများ ထွက်နေခဲ့ကာ ထိုလုပ်ငန်းများသည် ဘယ်တော့မှ ခေတ်မကုန်သွားဘဲ အမြဲ ဝယ်ချင်သူများ ရှိနေသည်။ ထိုစကားများ ထွက်လာသည့်အခါ လူတိုင်းက လျန့်ဖန်ကွေ့၏ ရင်းနှီးသည့် လုပ်ငန်းသည် အလားအလာ အကောင်းဆုံးဟု ခံစားခဲ့ကြရသည်။
“မစ္စတာလျန့်ကတော့ မစ္စတာလျန့်ပါပဲကွာ။ ဒီ လီသီယံ ဘက်ထိရီ လုပ်ငန်းက တကယ် အလားအလာရှိတယ်။ နောက် နှစ်ပေါင်း တစ်ရာလောက်အထိတော့ ဆုံးရှုံးရမှာကို စိတ်ပူနေစရာ မလိုဘူး။ တကယ်ကို အမြင်ရှိတာပဲ။”
ဒီလိုမျိုး လုပ်ငန်းတွေ များများရှိရင် ရင်းနှီးတဲ့ သူတွေကလည်း ပိုများလာပြီး အရဲစွန့်ရတာတွေလည်း အများကြီး ရှိလာလိမ့်မယ်။
အကျိုးအမြတ်ကတော့ သူတို့တွေ အတွေ့အကြုံ ရပြီး မကောင်းတာက ဒါက အသစ်ထွင်ဖို့အတွက် ခက်ခဲလိမ့်မယ်။ ဒါ့ကြောင့် ကန့်သတ်ချက်တွေကတော့ အရမ်းများတယ်။ လုပ်ငန အသစ်တွေက ကောင်းတာတွေလည်း ရှိသလို မကောင်းတာကတော့ စျေးကွက်ထဲကို ထိုးဖောက် ဝင်ရောက်ဖို့ မလွယ်ဘူး။ သို့သော် သူတို့က အရမ်းကို ယုံကြည်မှု ရှိတုန်းပဲ။
လင်းဝမ်ရှုက ထိုအကြောင်းကို တွေးကာ ရုတ်တရက် ပြောခဲ့သည်။ “ငါတို့ထဲမှာ မစ္စတာလျန့်ရဲ့ ရင်းနှီး မြှုပ်နှံမှုက အလားအလာ အရှိဆုံးပဲ။ ငါတို့အားလုံးက လုပ်ငန်း အဟောင်းတွေထဲမှာချည်းပဲ။ ငါတို့က ရလဒ်တွေ ထွက်လာရင် မစ္စတာလျန့်က ပိုပြီး အောင်မြင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က အကြီးဆုံးပဲ။”
ထိုစကားကို ကြားပြီးနောက် အခြားသူများက ခေါင်းငြိမ့်ခဲ့ကြသည်။ “ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ တကယ့် အိမ်ခြံမြေတွေနဲ့ အလှကုန် ပစ္စည်းတွေက တကယ့်ကို နည်းနည်းလေး ခေတ်နောက်ကျနေပြီ။ ပြီးတော့ လက်ခံတဲ့ နှုန်းထားကလည်း အရမ်းမြင့်ပြီးသား။ ဒါပေမယ့် ဒီ လုပ်ငန်းတွေက ထုံးစံအတိုင်းပဲ ပိုပြီးလုပ်ရခက်တဲ့ လုပ်ငန်းတွေပဲ။”