အခန်း (၆၃)
Vol. 6 Ch. 63
ရွှီယန်ယု ပြဿနာတစ်ခုကို တွေးမိခဲ့သည်။ အကြောင်းမှာ လင်းဝမ်ရှုက ထင်ရှားတဲ့ လူဖြစ်နေတဲ့ အကြောင်းက သူက သေချာပေါက် ပြဿနာတွေကို ပိုပြီး ရှာတတ်လို့ပဲ ဖြစ်ရမယ်ဟူ၍ ဖြစ်သည်။ အခြေခံအားဖြင့် ပွဲထဲတွင် သူမပြောလိုက်သည့် စကားများမှာ အမှန်တကယ် ဖြစ်လာသည်။ အကြောင်းမှာ အောင်မြင်စ ပြုနေဆဲ လုပ်ငန်းများက ငွေပိုဝင်ပြီး အောင်မြင်လိမ့်မည်ဟု သူမ ပြောခဲ့သည်။ လုပ်ငန်းဟောင်းများမှာ တကယ်တော့ ပိုပြီး ခက်ခဲပြီးရင်း ခက်ခဲလာခဲ့သည်။ နောက်ပိုင်းတွင် အခြား ရင်းနှီး မြှုပ်နှံသူများက သူမနှင့်အတူ အတွေ့အကြုံများ ဖလှယ်ချင်ကြကာ သူမရဲ့ ဆွဲဆောင်မှုဖြင့် မြန်မြန်ပဲ အနိုင်ယူနိုင်ခဲ့ပုံရသည်။
ဒါပေမယ့် ဒါကြီးက တကယ်တော့ စိတ်ပျက်ဖို့ ကောင်းတာပဲ။ ခေတ်မှီ စီးပွားရေး လုပ်ငန်များက မလွယ်ကူဘူးဆိုတာ မှန်တယ် ဆိုပေမယ့် ဘယ်ဟာက လွယ်တာ ရှိလို့လဲ။
စီးပွားရေး လုပ်တဲ့အခါမှာ လွယ်ကူနေတယ် ဆိုတာမျိုးက လုံးဝ မရှိပါ။ တကယ်လို့ မင်းက အဲ့လိုဖြစ်ဖို့ လုပ်နေတယ်ဆိုရင် အရဲစွန့်ရမည့် အရာတွေကို ကြိုမြင်ထားရပြီး အဲ့အရာကို မလုပ်ခင် သူ့ရဲ့ အကျိုးဆက်များကိုလည်း ခံနိုင်ရည် ရှိရမည်။
ထို့နောက် ဘယ်အရာကမှ သီးခြားမဖြစ်ပါဘူး။ ထိုကဲ့သို့ အောင်မြင်ကာစ လုပ်ငန်းမျိုးတွင် သူတို့ရဲ့ ကံတရား အားလုံးကို ပုံအပ်ထားကြသည့် သူများလည်း ရှိသည်။ ထိုသူက အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသည့် သူများအပေါ်တွင်သာ မူတည်ပြီး လုပ်ငန်းပိုင်းပေါ်တွင် မတည်တူနေခဲ့ပါ။
လုပ်ငန်းက ဘယ်လောက်ပဲ ဆိုးနေပါစေ ကိစ္စမရှိဘဲ အောင်မြင်ခဲ့ပြီးသော သူများလည်း ရှိနေခဲ့သည်။ ထို့ကြောင့် မျက်နှာကျက်က ဘယ်လောက်ထိ မြင့်လဲဆိုသည့် အပေါ်မှာပဲ မူတည်သည်။
ရွှီယန်ယုသည် ခနတာလောက် တွေးလိုက်ပြီး တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း သူမရဲ့ပထမဆုံး ချေပသည့် စကားကို ပြောခဲ့သည်။ “လုံးဝ မလိုအပ်ဘူးလေ။ မစ္စလင်းက တစ်ခါတစ်လေ စကားတွေ အရမ်းကျွံတာပဲ။ ဒါက ကျွမ်းကျင်တဲ့ ရင်းနှီး မြှုပ်နှံတဲ့သူတစ်ယောက် ပြောရမယ့် စကားမျိုး မဟုတ်ဘူးနော်။ အခုတည်ထောင်ထားတဲ့ လုပ်ငန်းတွေက ပိုပြီးပိုက်ဆံကုန်ပြီး အရဲစွန့်ရတယ် ဆိုရင်လည်း မစ္စလင်းက အချက်အလက် တိတိကျကျနဲ့ ပြောပြသင့်တယ်။ အလောတကြီးနဲ့ မှားယွင်းတဲ့ မှတ်ချက်တွေကို ပေးတယ်ဆိုတာက တကယ်တမ်းမှာ တော်တော်လေးကို တာဝန်မဲ့တာပဲ။ ဒီဟာက လိုင်းပေါ်မှာ ကြည့်နေတဲ့ ရာနဲ့ထောင်နဲ့ ချီနေတဲ့ လူတွေကို နှိုးဆော်ပေးနိုင်တဲ့ ပရိုဂရမ်တစ်ခုပဲ။ အဲ့ဒါကြောင့် သူတို့ လက်ခံနိုင်ပြီး တိကျတဲ့ အချက်အလက်တွေကို ပေးဖို့ လိုအပ်နေတာပဲ။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒါက အတွေးတွေမှားပြီး လူတွေက အခုမှ စပြီးလုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံကုန်လိမ့်မယ်။ တကယ်လို့ သူတို့သာ အရှုံးပေါ်ခဲ့ရင် အဲ့အရာတွေကို မစ္စလင်းက တာဝန်ယူနိုင်လား။”
ထိုစကားကြောင့် ဖန်သားပြင်ရှေ့တွင် ကြည့်နေသော သူများက ရုတ်တရက်ဆိုသလို နိုးကြားသွားခဲ့သည်။ ထိုစကားများမှာ အကောင်းဆုံး ရေခွက်ကဲ့သို့ ဖြစ်နေကာ ထိုအချိန်တွင် စိတ်ရှုပ်နေကြသူများကတောင် အသိစိတ် ကပ်သွားခဲ့ကြသည်။
[ ရွှီယန်ယုရဲ့ စကားတွေက အားလုံး နားလည်အောင် ပြောသွားခဲ့တာပဲ။ ဒါက အထင်မှားနေကြတဲ့လား။ ပြီးတော့ ဒီလုပ်ငန်းရဲ့ မမြင်ရတဲ့ နေရာတွေ အများကြီး ရှိနေသေးတာပဲ။ အောင်မြင်ကာစ လုပ်ငန်းတွေနဲ့ တည်ထောင်ကာစ လုပ်ငန်းတွေကြားမှာ တိကျတဲ့ ဆက်နွယ်မှုဆိုတာမှ မရှိတာ။ ဘာလို့လဲဆိုတော့ တည်ထောင်စ လုပ်ငန်းတွေက အနှေးနဲ့ အမြန်လိုပဲ အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်လာမှာလေ။]
[ ဒါကြီးက အရမ်း ရယ်ရတာပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက ပို့ဆောင်ရေးလုပ်ငန်းကလည်း လုပ်ငန်း အသစ်တစ်ခုပဲလေ။ ဒါပေမယ့် အခုဆိုရင် အဲ့ဒါက အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပြီပဲ။ အဲ့တော့ ငါတို့က ဘာကိုမှ အရမ်းကြီး တိတိကျကျ ပြောလို့မရဘူး။ လင်းဝမ်ရှုရဲ့ စကားတွေက နည်းနည်းတော့ တာဝန်မဲ့သလိုပဲ။]
[ အဲ့ဒါတော့ အမှန်ပဲ။ ညီမရွှီရဲ့အဖြေက လှလိုက်တာ။]
လင်းဝမ်ရှုသည် ထိုစကားကို ကြားပြီးနောက် သူမရဲ့ မျက်နှာဖြူ ဖြူဖျော့ဖျော့ ဖြစ်သွားသည်။ သူမရဲ့ဘဝမှာ ဒီလောက်ထိ အရှက်မကွဲခဲ့ရဖူးပါ။ ရွှီယန်ယုက ဒီတစ်ကြိမ်မှာတော့ သူမကို အတော်လေးကို အရှက်ခွဲသွားခဲ့ကာ သူမလည်း လုံးဝဆိုသလို မျက်နှာ ပျက်သွားခဲ့ရသည်။
သူတို့က သူမရဲ့ တကယ့် ချက်ကောင်းကို ပြောသွားတာပဲ။ ပြီးတော့ ဒီအဖြစ်အပျက် မဖြစ်ခင်ကတည်းက သူမက အမှားတွေ လုပ်ခဲ့တာ။ အင်တာနက် အသုံးပြုသူတွေက ဒီလောက် တုံးနိုင်ပါ့မလား။ သူတို့က သူမ ဘာပြောပြော ယုံမှာတဲ့လား။
ဦးနှောက်မရှိတဲ့ အပြောအဆိုအချို့နဲ့ ဒီလို လုပ်လိမ့်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါ။ ထိုအရာမှာ ပြဿနာတစ်ခု ဖြစ်ကာ လိုင်းပေါ်တွင် အကြမ်းဖက်မှုကို ဘယ်တုန်းကမှ မလုပ်ဖူးသည့် သူများသည် ထိုအရာများကို တွေးမိလိမ့်မည် မဟုတ်ပါ။
လျှိုကျိတင်းသည် ကိစ္စများ အဆင်ပြေသွားအောင် ကြိုးစားဖို့အတွက် ပြောခဲ့သည်။ “သူဌေးလင်းက အဲ့လိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ သူမက ဒီတစ်ကြိမ် သူဌေးလျန့်မှာ အောင်မြင်ဖို့အတွက် အခွင့်အရေး ပိုရှိတယ်ဆိုပြီး ခံစားလိုက်ရလို့ပါ။ ကျွန်မလည်း အဲ့လိုစိတ်မျိုး ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။ ကျွန်မမှာလည်း သူဌေးလျန့်လို အမြင်မျိုး မရှိပုံရတယ်။ ဒီကိစ္စတွေကို ကျွန်မ လေ့လာဖို့အတွက် လိုအပ်နေပါသေးတယ်။”
ရွှီယန်ယုက ခေါင်းခါပြလိုက်ကာ “တကယ်လို့ ရှင်က ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတစ်ခုရဲ့ အစီအစဥ်တွေထဲမှာ အလွယ်လေး မျောပါသွားရင် အဲ့ဒါက ရှင် ဂရုတစိုက်နဲ့ မတွေးဘူးလို့ ပြောလိုက်တာပဲ။ တစ်ခါတစ်လေ အကြာကြီး အချိန်ယူနေတာက မစ္စလျှိုက အဲ့ကိစ္စကို သေသေချာချာ ဂရုတစိုက်နဲ့ လေ့လာနေတာလို့ မဆိုလိုဘူးလေ။ ဒီပထမဆုံးအချိန်နဲ့ ဒုတိယ အချိန်တွေမှာ မစ္စလျှို ဘာလုပ်နေလဲဆိုတာကို ကျွန်မ တကယ်ကို သံသယ ဖြစ်မိတယ်။ မစ္စလျှို ဒီစျေးကွက်တွေကို သေသေချာချာ လေ့လာပြီးပြီလား။ တကယ်လို့ အလွယ်လေး လှုံ့ဆော်နိုင်တယ်ဆိုရင် ရှင်အဲ့ဟာတွေကို မလေ့လာထားလို့ပဲ။”
ထိုမှတ်ချက်ကြောင့် အခြားသူကို ပိုပြီးတောင် ရှက်သွားစေခဲ့သည်။ ထို့အပြင် ပိတ်ဝန်းကျင် အခြေနေမှာလည်း စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားခဲ့သည်။
လျန့်ဖန့်ကွေ့နှင့် ပိုင်တင်းယွင်တို့ နှစ်ယောက်သာလျှင် အတော်လေး အဆင်ပြေနေပုံရသည်။ အခြား အမျိုးသမီး ဧည့်သည် နှစ်ယောက်၏ အမူအရာများမှာ ဒီတိုင်း ကြည့်ဖို့အတွက်တောင် မဝံ့ရဲကြတော့ပေ။
[ ဒါက အရမ်း ရယ်ရတာပဲ။ အခုဆို ရွှီယန်ယုက စကားပြောပွဲ တစ်ပွဲတောင် သွားလို့ရပြီ။ ညီမရွှီက စကားတစ်ခွန်းကို အလွယ်လေး မပြောဘူး။ ဒါပေမယ့် သူမက လုပ်ပြီဆိုရင်လည်း အရမ်းကိုမာန်ပါပါ လုပ်နိုင်တယ်။]
[ ငါ့အထင်တော့ ညီမရွှီ ပြောသွားတဲ့ အချက်ကတော့ တော်တော်လေး မှန်တယ်။ ပြောသွားတဲ့ အချက်က အရမ်းလွန်သွားလား။ အဲ့အချက်က အတော်လေးလည်း အဓိပ္ပါယ်ရှိတာပဲလေကွာ။]
[ အဲ့ဒါက အဓိပ္ပါယ် ရှိသားပဲ။ သူတို့က ယွမ် တစ်ရာ မီလီယံကျော်တဲ့ လုပ်ငန်းတွေကို လုပ်နေတယ်ဆိုတာ မင်းသိသင့်တယ်။ တကယ်လို့ သူတို့က လွယ်လွယ်လေး တိမ်းစောင်းသွားရင်တောင် ဒါလုပ်နေတာကို အေးဆေးလေး ရပ်လိုက်လို့ရတယ်။ ဒါ့အပြင် ပထမဆုံး live လုပ်တာက လွန်ခဲ့တဲ့ လဝက်လောက် ကတည်းကလေ။ တကယ်လို့ သူတို့သာ အလွယ်လေး တိမ်းစောင်းသွားရင် ဒါကို အကောင်းဆုံး လုပ်မှာ မဟုတ်တော့ဘူး။]
[ ဒါက အရမ်း ရယ်ရတာပဲ။ သူတို့ လဝက်လောက် လုပ်ခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံမှုက ဥက္ကဌမု မိနစ် အနည်းငယ်လောက်နဲ့ ဆုံးဖြတ်ချက် ချခဲ့တဲ့ လုပ်ငန်းလောက် မကောင်းဘူးဆိုပြီး ရုတ်တရက် ဖြစ်လာတာပဲ။ ပြီးတော့ အဲ့လို ပြောရတာကလည်း အရမ်းကြီး သတိလက်လွတ် ဖြစ်နေသလိုပါပဲ။ သူတို့ စိတ်ထဲမှာ ဥက္ကဌမုနဲ့ ညီမရွှီအကြောင်းကို ပြောဖို့က ဘယ်လုပ်ဖြစ်နိုင်မှာလဲကွာ။]
[ ဒါက သူ့တို့ ကြားထဲက ကွာခြားချက်လည်း ဖြစ်နိုင်တာပဲလေ။ ပြီးတော့ မစ္စတာမုက ချမ်းသာတဲ့ စာရင်းထဲကို ဘာလို့ ဝင်ရလဲဆိုတာနဲ့ သူတို့က ဘာလို့ မဝင်နိုင်လဲဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲလေ။]
[ သတိထားတာလည်း မမှားဘူး ဆိုပေမယ့် အရမ်းကြီး သတိထားပြီး နေနေရင် ဘေးက ကြည့်နေတဲ့သူတွေက မင်းကို သဘောကျတဲ့စိတ်တွေ ပျောက်လာကြလိမ့်မယ်။ တကယ်လို့ မင်း အောင်မြင်သွားခဲ့ရင်တောင် အောင်မြင်မှုဆိုတဲ့ အရာမျိုးကို ခံစားလိုက်ရမှာ မဟုတ်ဘူး။ ပြီးတော့ မင်း ကျရှုံးသွားရင်တော့ ပိုပြီး စိတ်ဓာတ် ကျသွားရလိမ့်မယ်။]
“ မစ္စရွှီပြောလိုက်တဲ့ စကားက တကယ်တော့ လိမ်နေတာပဲ။ မင်းရဲ့ စီးပွားရေးသာ ကျရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ အဲ့လောက်ကြီး သေချာမနေနဲ့။ ဒီနေ့ မင်းက တစ်ယောက်ယောက်ကို အရှက်ရအောင် လုပ်လိုက်ရင် မနက်ဖြန်ကျရင် အခြား သူတစ်ယောက်က မင်းကို ပြန်ပြီး အရှက်ရအောင် လုပ်လိမ့်မယ်။”
မျက်နှာကို ဟန်မပျက် ထိန်းထားသော်လည်း လင်းဝမ်ရှုက တင်းမာသော မျက်နှာထားမျိုးနှင့် ပြောခဲ့သည်။
လျှိုကျိတင်းကလည်း ခေါင်းငြိမ့်ပြခဲ့သည်။ သူမက တကယ် မလှုံ့ဆော်ခံခဲ့ရပဲ စကားအဖြစ်သာ ပြောခဲ့ခြင်း ဖြစ်သည်။ အခုဆိုရင် သူမက ရွှီယန်ယုနှင့် ပိုပြီး ဝေးကွာသွားသလို ခံစားခဲ့ရသည်။
ရွှီယန်ယု၏ မျက်နှာမှာ ခံစားချက် မဲ့ပြီး သူမရဲ့ နှုတ်ခမ်း ထောင့်ကသာ ပြုံးပြနေခဲ့သည်။ သူမရဲ့ ခံစားချက်များမှာ မျက်နှာတစ်ဝက်လောက်သာ ရှိနေသည်ကို တွေ့နိုင်ပြီး ထိုကဲ့သို့သော ပုံစံမှာ တကယ့်ကို ထူးဆန်းပြီး အနီးကပ် ကြည့်ကြည့်ပါက သူမက လှောင်ရယ်က ပြောနေခဲ့ခြင်း ဖြစ်သည်။
“အဲ့လို ပြဿနာမျိုးက ကျွန်မအတွက် ရှိလာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျွန်မမှာ အဲ့လို တွေးပူနေတာမျိုး မရှိခဲ့ဖူးဘူး။ ကျွန်မအထင်တော့ ရှင့်ကိုယ်ရှင်ပဲ တွေးပူသင့်တယ်။ ဒါကတော့ သူများရဲ့ ကိစ္စမှာ အရမ်းကြီး ဝင်ပါရာ ကျသွားပြီလေနော်။”
မပြေလည်ခြင်း များစွာဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။ သို့သော် တိုက်ရိုက် ထုတ်လွှင့်မှု၏ သက်ရောက်မှုမှာ အံ့အားသင့်စွာဖြင့် ကောင်းနေခဲ့သည်။ မမြင်ရတဲ့ တင်းမာမှုများကြောင့် ကြည့်ဖို့အတွက် ပိုစိတ်ဝင်စားဖို့ ကောင်းနေခဲ့သည်။ ရင်းနှီး မြှုပ်နှံသူများအကြား တင်းမာမှုများကို ထိုအပိုင်းတွင် ခံစားနိုင်ခဲ့ကြပြီး အတော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းခဲ့သည်။
ရှိုးပွဲကို ထုတ်လွှင့် ပြသပြီးနောက် သတ်မှတ်ချက်များမှာ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး အရင်က အပိုင်းများထက် ပိုပြီး ကြည့်ကောင်းသည်။ မရေမတွက်နိုင်သော ခေါင်းစဥ်များမှာ လူကြိုက်များသော ရှာဖွေမှုများနှင့် ဇယားများတွင် ရှိလာခဲ့သည်။ များစွာသော အင်တာနက် အသုံးပြုသူများသည် ရွှီယန်ယုက အောင်မြင်နိုင်ပါ့မလား ဆို့သည့် အကြောင်းကို အသိချင်ဆုံး ဖြစ်နေခဲ့သည်။
လင်းဝမ်ရှုရဲ့ ပြောသွားတဲ့ အချက်တွေကို အခြား ရင်းနှီး မြှုပ်နှံသူတွေကရော အတည်ပြုပေးနိုင်လား။ အဲ့လိုသာဆိုရင် နောက်ပိုင်း ဂရိုဂရမ်တွေက မတူညီတဲ့ လားရာကိုယ်စီ ရှိနေကြလိမ့်မယ်။ ဒါက တကယ်ကိက လူတွေ မြင်ချင်နေတဲ့ အရာပဲ။
အချိန်တွေက လျင်မြန်စွာပဲ ကုန်လွန်သွားပြီးနောက် များစွာသော ဧည့်သည်များက သူတို့၏ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံချင်သည့် အရာများအတွင် ရန်ပုံငွေများ ထည့်သွင်းခဲ့ကြသည်။
ရွှီယန်ယုက ယွမ် ၂၀၀ မီလီယံခန့်ကို အလှပအရေးရာ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ သူမသည် အခုချိန်တွင် အလှဆီ ထုတ်လုပ်မှုလုပ်ငန်းကို စတင်ဖို့အတွက် ကမ္ဘာ့ထိပ်တန်း သိပ္ပံ ဓာတ်ခွဲခန်းကို ငှားရမ်းခဲ့ပြီး လူသားများ ရှာဖွေ့ခဲ့ အကန့်အသတ်ထဲက ကုန်ကြမ်းများကိုသာ အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့သော အလှအပဆိုင်ရာ ရှာဖွေမှုများသည် လူသားများ အသုံးပြုနိုင်သော သိပ္ပံပညာနှင့်ဆိုင်သည့် ထိပ်တန်း အောင်မြင်မှု တစ်ခုဖြစ်သည်။ ထို့ပြင် သူမ၏ ဘရန်းနှင့် မကိုက်ညီသည့် ထုတ်ကုန် ပစ္စည်းမျိုး ဟူ၍လည်း ရှိလာလိမ့်မည် မဟုတ်ပါ။
ငါတို့လိုချင်တာက ကုန်ပစ္စည်း တစ်ခု ထုတ်လုပ်လိုက်တာနဲ့ အဲ့ပစ္စည်းက ဒီလုပ်ငန်းထဲမှာ ထိတ်တန်းပစ္စည်းတစ်ခု ဖြစ်လာဖို့ပဲ။
အကြောင်းမှာ ထိပ်တန်း အဖွဲ့အစည်းကို သုံးတာက ဒီလို အသားဖြူပြီး အရွယ်တင် နုပျိုစေတဲ့ အဆီကို မြန်မြန်လေး ထုတ်လုပ်နိုင်ဖို့ပဲ။
ရွှီယန်ယုရဲ့ ထုတ်ကုန်ပစ္စည်း နာမည်က စိန် ဖြစ်ကာ တရုတ်လိုဆို “ပြန်လည် မွေးဖွားခြင်း” ဟု အဓိပ္ပါယ်ရသည်။ သူမသည် ထိုအလှကုန်ပစ္စည်းများ ထုတ်လုပ်ဖို့အတွက် ထိပ်တန်း သုတေသီများကို ငှားခဲ့ပြီး ဘဝတစ်သက်သာမှာ မပြည့်စုံခဲ့တဲ့ အသားအရည်ကို ဖြည့်ဆည်းပေးကာ နဂိုအလှကို ထိန်းသိမ်းနိုင်ဖို့အတွက် မျှော်လင့်ထားခဲ့သည်။
စိန် အဆီကို သုံးလိုက်တာနဲ့ တိုးတက်လာမှုများက ၂၁ ရက်အတွင်း သိသာလာသည်။ ထိုပစ္စည်းကို အသုံးပြုနေသမျှကာလ တစ်လျှောက်လုံးမှာ သိသာတဲ့ ပြောင်းလဲမှုများကို သိသာစွာ မြင်နိုင်လိမ့်မည်။ အကြောင်းမှာ အသုံးပြုသူများက မှော်ဆန်သော အရာများ ဖြစ်ပျက်နေသည်ကို တွေ့ရှိလာလိမ့်မည်။
ထိုအလှကုန်ပစ္စည်း၏ အကျိုးသက်ရောက်မှုကို စစ်ဆေး အတည်ပြုဖို့အတွက် ရွှီယန်ယုသည် အထူး စမ်းသပ်ပြရန် တိုက်ရိုက် ထုတ်လွှင့်မှုကို ပြုလုပ်ခဲ့သည်။ သူမသည် အင်တာနက် အသုံးပြုသူ ဆယ်ယောက်ကို ကျပန်း ရွေးချယ်လိုက်ကာ ကုန်ပစ္စည်းများကို အလကား သုံးစွဲခွင့်ပေးပြီး သူတို့ အသုံးပြုသည့် အဆင့်များ အားလုံးကို ရိုက်ကူး၍ အွန်လိုင်းပေါ်တွင် တင်ပေးခဲ့ကာ ထိုပစ္စည်းများကို သုံးသဖြင့် ရလာသော ပြောင်းလဲမှုများကို လူထုအား ပြသခဲ့သည်။ အကြောင်းမှာ ကြေညာက ဘယ်လောက်ပဲ ကောင်းနေပါစေ ကိစ္စမရှိဘဲ လူကိုယ်တိုင် သုံးပြသည်လောက် ယုံနိုင်စရာ မရှိပေ။
ရွှီယန်ယုက လျိုယွိအား ထိုသတင်းများကို ထုတ်ပြန် ကြေညာဖို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် ထိုကိစ္စသည် အင်တာနက်ပေါ်တွင် လူပြောများသော အကြောင်းအရာ တစ်ခု ဖြစ်လာခဲ့သည်။
[ ဒီပစ္စည်းက အဲ့လောက်တောင် မှော်ဆန်တာလား။ ၂၁ ရက်တွင်းမှာ အမဲစက်တွေက ၃၀ ရာခိုင်နှုန်းလောက် ပါးသွားပြီး မှဲ့ခြောက်တွေကလည်း ၂၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ဒါကို တကယ်ကြီး ကြေညာလိုက်တာဆိုရင် သေချာပေါက် ဒီပစ္စည်းက ထိပ်တန်း အသားအရည် ထိန်းသိမ်းတဲ့ ထုတ်ကုန်ပဲ။ ဒါပေမယ့် တကယ်ရော အဲ့လို မှော်ဆန်လို့လားကွာ။]
[ ဒါကသာ အမှန်ဆိုရင် လှဖို့အတွက် ခွဲစိတ်နေတာထက် ပိုပြီးတောင် ထိရောက်မှု ရှိလိမ့်မယ်မလား။ ရွှီယန်ယုက တကယ်ပဲ အံ့ဩစရာတွေကို ဖန်တီးနိုင်တာလား။ ဒီကိစ္စက တကယ်ရော ဟုတ်ရဲ့လား။]
[ တကယ်ဆို ဒီအသားရည် ထိန်းသိမ်းတဲ့ ပစ္စည်းက အပြင်ပိုင်း အတွက်ပါပဲကွာ။ တကယ်လို့ အဲ့က ပါဝင် ပစ္စည်းတွေက ထိရောက်တယ်ဆိုရင်တောင် ဒါတွေက ခွဲစိတ်မှုတွေ၊ အလှအပရေးရာ ပစ္စည်းတွေနဲ့ ဆေးထိုးပြီး ဖြည့်တဲ့ဟာတွေကို သွားယှဥ်လို့ မရဘူး။ သေချာတာတော့ အဲ့ဒါက ဗန်းပြသပ်သပ်ပါပဲ။]
[ ငါက ညီမရွှီကို ယုံပေမယ့်လည်း ဒီအလှဆီရဲ့ သက်ရောက်မှုကို မယုံဘူး။ အဲ့ဒါက သာမန် အသားရည် ထိန်းသိမ်းတဲ့ ပစ္စည်းတွေနဲ့ အတူတူပဲဆိုရင် ဒီလိုမျိုး ကြေညာနေရတာတွေက နားလည်ပေးလို့ ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက် အသုံးပြုတဲ့သူတွေ ဝယ်တဲ့အခါမှာ သတိတော့ထားသင့်တယ်။ ၅၀ မီလီလီတာ တစ်ဗူးကို ယွမ် ၃၀၀၀ လောက် ပေးရတယ် ဆိုတာက တော်တော်လေးကို စျေးကြီးတယ်။ တစ်ခုလုံးသာ ဝယ်မယ်ဆိုရင်တော့ အဲ့ဒါက ယွမ် ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြား ပေးရလိမ့်မယ်။]
[ တကယ်ကို စျေးကြီးတဲ့ စကင်ကဲ ပစ္စည်းတွေပဲ။ တကယ်လို့ သူတို့က ဟန်ပြသပ်သပ် ဆိုရင်တောင် တကယ့်ကို စျေးကြီးလွန်းပြီး လုံးဝ မလိုအပ်တဲ့ ဟာပါပဲ။ အဲ့စျေးလောက်ဆို လှဖို့ ဆေးဘက်ဆိုင်ရာ ကုသမှုပဲ ခံယူလိုက်တော့မယ်။ အနည်းဆုံးတော့ သက်ရောက်မှုကို ချက်ချင်း မြင်ရတယ်လေ။ ဒီကြေညာက သေချာပေါက် တကယ် သက်ရောက်မှု မရှိတဲ့ ဟာမျိုးမလို့ ကိုယ့်ဘာသာ ဆင်ခြင်ပြီး သုံးကြပေါ့။]
[ ဘာပဲဖြစ်ဖြစ်ပါ။ ရွှီယန်ယုရဲ့ စီးပွားရေး အမြင်ရှိပုံက သေချာပေါက် သံသယဖြစ်စရာကို မရှိဘူး။ ဒီပစ္စည်းတွေက ပြန်လည် နုပျိုစေတဲ့ အရမ်း အဆင့်မြင့် ပစ္စည်းဆိုပေမယ့်လည်း ဒါတွေက ငွေရပေါက်တစ်ခု ဖြစ်နေပြီးတော့ လူချမ်းသာ အသိုင်းအဝိုင်း အတွက်ပဲလေ။ သာမန်လူတွေကတော့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်တာပေါ့။]