← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

ရွှီယန်ယု ရင်းနှီး မြှုပ်နှံလိုက်သည့် အသားရည် ထိန်းသိမ်းသည့် ထုတ်ကုန်ပစ္စည်း ဘရန်းသည် အင်တာနက်ပေါ်တွင် ရေပန်းစားသော အကြောင်းအရာ ဖြစ်လာခဲ့သည်။ အင်တာနက် အသုံးပြုသူများက သူရင်းနှီးလိုက်သော ဘရန်းသည် စျေးကြီးပြီး စီးပွားရေးအတွက် အခွင့်ကောင်း တစ်ခု ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ထို့အပြင် အသုံးပြုလိုက်သည့် ထိရောက်မှုကိုလည်း ဘယ်သူကမှ မသိကြသေးပါ။ ထို့ကြောင့် သူတို့သည် ထိုပစ္စည်းက လူကြိုက်များမှာ မဟုတ်ဘူးဟု ခံစားခဲ့ကြသည်။ သို့သော် အများစုမှာ စောင့်ကြည့်နေကြဆဲ ဖြစ်ကာ အချို့ကတော့ ထိုဘရန်းအပေါ် အကောင်း မမြင်ခဲ့ကြပါ။

ထို့ကြောင့် ဒီကိစ္စသည် ပုံမှန်အားဖြင့် အချစ်စစ် ကော်ဖီလောက် အလားအလာမရှိဘဲ ထိုလုပ်ငန်း နှစ်ခုမှာလည်း အခြေခံအားဖြင့် လုံးဝကို ခြားနားသည်။ ကော်ဖီတစ်ခွက်သည် အသုံးပြုသူများအတွက် နေ့စဥ် မရှိမဖြစ် အရာတစ်ခုဖြစ်သည်။ အရည်အသွေးက ကောင်းပြီး စျေးနှုန်း အနေအထားက မြင့်နေရင်တောင် သူတို့က ထုံးစံအတိုင်း ထိုဘရန်းကိုပဲ ရွေးကြလိမ့်မည်။

သို့သော် အသားရည် ထိန်းသိမ်းသည့် ထုတ်ကုန်များမှာတော့ မတူကြပေ။ ရွေးချယ်စရာ ဘရန်းများစွာ ရှိပြီး စျေးကလည်း အတော်လေးကို များလွန်းသည်။ သူတို့မျှော်လင့်ထားသလို သက်ရောက်မှုမျိုး မရှိပါက လူများသည် သူတို့ရဲ့ ငွေကို ဖြုန်းမိကြသည်ဟု ခံစားရလိမ့်မည်။ ထို့အပြင် ရွှီယန်ယု၏ ဘရန်းက စပြီးအခြေကျကာစဖြစ်ကာ ထိုဘရန်း၏ အောင်မြင်မှုနှင့် ယုံကြည်မှုမှာလည်း အခြားသော ဘရန်းများလောက် မမြင့်မားသေးပါ။ သူမ ရရှိနိုင်သည့် စျေးကွက် အနေအထားမှာ အတော်လေး ကျဥ်းနေဟန်ရှိသည်။

လင်းဝမ်ရှုသည် သူမ၏ လက်ထောက်ထံမှာ စာတစ်စောင် လက်ခံရရှိခဲ့သည်။ သူမက ရွှီယန်ယု၏ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းကို သူမလက်ထောက်အား လေ့လာစေပြီး တစ်ဖက်လူ ဖြန့်ချီထားသော စကင်ကဲ ပစ္စည်းမျာမှာ ဟန်ပြများသာ ဖြစ်ကြောင်းကို တွေ့ရှိခဲ့သည်။ အသားရည်က ၂၁ရက်အတွင်း ၃၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကမ္ဘာ့ထိပ်တန်း စကင်ကဲ ပစ္စည်းများမှာတောင် အချိန်တိုအတွင်း အရည်ပြားဆိုင်ရာ ပြဿနာများကို ပြောင်းလဲပေးဖို့အတွက် မဖြစ်နိုင်ပါ။

ထိုအရာက အချိန် အတိုင်းအတာ တစ်ခုအထိသာ အချိန်ဆွဲထားလိမ့်မည်။ ထို့ကြောင့် ဒီတစ်ခေါက် ရွှီယန်ယု ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းမှာ သူမကိုယ်သူမ အောက်ခြေသို့ ရေုာက်အောင် ရိုက်ချလိုက်သလို ဖြစ်နေခဲ့သည်။ လူတိုင်းက သူမကို စီးပွားရေးလုပ်တာ မတော်ဘဲ ကံကောင်းရုံ သပ်သပ်သာ ဖြစ်သည်ဟု ပြောခဲ့ကြသည်။

အချစ်စစ်ကော်ဖီ၏ အောင်မြင်မှုမှာ မုချောင်ယွင်ကြောင့် ဖြစ်ပြီး ရွှီယန်ယုကတော့ စီးပွားရေးကို ဘယ်လို လုပ်ရမလဲဆိုတာကို မသိခဲ့ပါ။ လင်းဝမ်ရှုက ရွှီယန်ယု သူမကိုယ်သူမ အရူးဖြစ်အောင် လုပ်သည်အထိ ထိုင်စောင့်ကာ သူမ သတိလက်လွတ် ပြောခဲ့သော စကားများကို ပြန်ပေးဆပ်ဖို့အတွက် စီစဥ်ထားခဲ့သည်။

ဟိုတယ်လုပ်ငန်းတွင် လင်းဝမ်ရှုက fast ဟိုတယ်၌ ရင်းနှီး မြှုပ်နှံခဲ့သည်။ သူမသည် ချက်ချင်းပဲ အခြားသူများ၏ လုပ်ငန်းများတွင် ရင်းနှီးခဲ့ကာ ရှယ်ယာအစုများကို လက်ဝယ် ကိုင်ဆောင်ထားခဲ့သည်။ သူမ ရင်းနှီးမြှုပ်နှံခဲ့သည့် ဟိုတယ်အမည်မှာ Kit ဟိုတယ် ဖြစ်သည်။ သူမက ထိုရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်ဖို့အတွက် သူတို့ရဲ့ အဖွဲ့က အသေးစိတ် လေ့လာမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ချက် ချခဲ့သည်။

Kit ဟိုတယ်သည် နောက်ထပ် ဟိုတယ် အသစ်တစ်မျိုး ဖြစ်သည်။ စာရင်းသွင်းသည့် နေရာသည် ပုံမှန် ဟိုတယ်နှင့် တူတူပဲ ဖြစ်သည်။ သို့သော် ပုံမှန် ဟိုတယ်၏ အရွယ်အစားထက် နှစ်ဆလောက်ရှိသည်။ ထိုဟိုတယ်တွင် အလကား အဝတ်လဲလို့ရသည့် အခန်းများ၊ အင်တာနက်၊ KTV၊ ဘားနှင့် ဖျော်ဖြေရေး ကိစ္စများစွာကို အလကား ထည့်သွင်းပေးထားသည်။ ထိုကဲ့သို့သော ဟိုတယ်မျိုးတွင် ပုံမှန်ဟိုတယ်ကဲ့သို့ ပတ်ဝန်းကျင် အနေအထား ရှိကာ ပုံမှန်ဟိုတယ်များ၌ မရှိသော ဝန်ဆောင်မှုများနှင့် ဆန်းသစ်သော အတွေ့အကြုံများလည်း ရှိသည်။ ထို့ကြောင့် ထိုကဲ့သို့ ဟိုတယ်ပုံစံ အသစ်မျိုးသည် သေချာပေါက် စျေးကွက်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

ထို့အပြင် ထိုလုပ်ငန်း၏ အဓိကအရာမှာ ဝန်ဆောင်မှုပင် ဖြစ်သည်။ ဝန်ဆောင်မှုက ကောင်းလျှင် ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းမှာ တစ်ဝက်က အောင်မြင်ပြီးသား ဖြစ်သည်။

[ လင်းဝမ်ရှု ရင်းနှီးမြှုပ်နှံလိုက်တဲ့ ဟိုတယ်ကို မင်းတို့ မြင်ပြီးကြပြီလား။ အဲ့ဒါကလေ အရမ်းကို ဆန်းသစ်ပြီး ငါလေ အဲ့မှာ တကယ်ကို နေချင်လိုက်တာ။ အဲ့ဒါက ငါအမြဲတမ်း စိတ်ကူးယဥ်ခဲ့ရတဲ့ အကြိုက်ဆုံး အိမ်ရာမျိုးပဲ။]

[ ဒီတစ်ခေါက် လင်းဝမ်ရှု ရင်းနှီးမြှုပ်နှံလိုက်တဲ့ လုပ်ငန်းက တကယ်ကို ကောင်းတဲ့ပုံပဲ။ အဲ့ဒါကို ကြည့်လိုက်ရုံနဲ့တင် ငါ့ကို အားပေးချင်အောင် လုပ်သွားတာ။ အဲ့ဒါက အားပေးတဲ့သူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်။ ပြီးတော့ သေချာပေါက် ဝင်ငွေကောင်းဦးမှာ။]

ပိုင်တင်းယွင် ရင်းနှီးမြှုပ်နှံလိုက်သည့် စားသောက်ဆိုင် လုပ်ငန်းမှာ သာမန် တရုတ် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။ သို့သော် ထိုဆိုင်သည် အဆင့်မြင့် တရုတ် စားသောက်ဆိုင် အသစ်ကဲ့သို့ လမ်းကြောင်း ဖောက်နေသည်။ ကြေညာ ဗီဒီယိုမှာ အတော်လေး အထက်တန်းစား ဆန်သော်လည်း သုံးထားသည့် ငွေ အရင်းအနှီးမှာတော့ အနည်းငယ် များပြားသည်။ ထို့ပြင် ထိုအကြောင်းနှင့် ပတ်သက်ပြီးလည်း အွန်လိုင်းပေါ်တွင် ပြောနေကြသူများလည်း သိပ်မရှိဘြဲ လူတွေရဲ့ စိတ်ဝင်စားမှု တိုးလာအောင် လုပ်ဖို့အတွက် ကျရှုံးခဲ့သည်။

လျှိုကျိတင်း ရင်းနှီးခဲ့သည့် အိမ်ခြံမြေ လုပ်ငန်းမှာ မြို့Aရှိ များစွာသော ဇိမ်ခံ တိုက်ခန်းများနှင့် ဗီလာများစွာ ဖြစ်သည်။ ပတ်ဝန်းကျင်နေရာမှာ ကောင်းသော်လည်း စျေးနှုန်းများမှာ တုန်လှုပ်စရာကောင်းစွာကို မြင့်တက်နေခဲ့သည်။ အင်တာနက် အသုုံးပြုသူများက သူမ လုပ်ထားသော ကြေညာ စာတမ်းများကိုသာ မြင်နိုင်သည်။ သူမရဲ့ အိမ်ခြံမြေ ရောင်းရန် ကြေညာများကို များစွာသော မီးရထား လမ်းများပေါ်မှာ ကြေညာထားခဲ့သည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုမှုများစွာ ရှိသော်လည်း စျေးနှုန်းမှာ အနည်းငယ် များနေပုံရသည်။ လူများက ထိုအိမ်ကို ကြည့်ချင်လို့ သွားကြသော်လည်း ကိစ္စအနည်းငယ်သာ ပြီးမြောက်ခဲ့သည်။ နေရာချထားသည့် ပြဿနာမှာလည်း ရှိနေခဲ့သည်။ ကြည့်ရတာ အဆင့်မြင့် ဇိမ်ခံပစ္စည်းဟု ဆိုသော်လည်း တကယ်တမ်းတွင် ဇိမ်ခံအိမ်များ၏ အဆင့်အတန်းနှင့် မကိုက်ညီနေပါ။

သို့သော် အတော်လေးကို စျေးကြီးသည်။ ချမ်းသာသူများသည် ထိုအိမ်များကို ကြည့်လိုက်ရုံဖြင့် အထင်သေးသွားကြပြီး သာမန်လူများကလည်း ဝယ်ယူဖို့ မတတ်နိုင်ကြပါ။ အတိုချုပ် ပြောရရင် စျေးနှုန်းက မြင့်လွန်းတယ်ဟု ပြောနေကြသော်လည်း အိမ်အနေအထားမှာလည်း အဆင်ပြေပုံ မရပေ။

ရွှီယန်ယု ကျင်းပသည့် အင်တာနက် အသုံးပြုသူများ၏ ၂၁ရက်တာ အသုံးပြုသည့် ပွဲအတွင်း “ချမ်းသာသော ရင်းနှီးမြှုပ်နှံကြသူများ” ပရိုဂရမ် အဖွဲ့က ဧည့်သည် တစ်ယောက်ချင်းစီအတွက် အွန်လိုင်း အင်တာဗျူး တစ်ခုကို စီစဥ်ပေးခဲ့သည်။ ထို့နောက် သတင်း တင်ဆက်သူများကလည်း ဒီတစ်ကြိမ် သူတို့ ရင်းနှီး မြှုပ်နှံခဲ့ကြသည့် လုပ်ငန်းများအကြောင်းကို မေးမြန်းနေခဲ့သည်။

ရွှီယန်ယု တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပါဝင်လာသည်နှင့် သတင်းတင်ဆက်သူက သူတို့ ပြင်ဆင်လာသော အကြောင်းရာများကို စတင် မေးမြန်းခဲ့ကြသည်။ “မစ္စရွှီ၊ အစ်မရဲ့ ဘရန်းက စိန်အလှဆီရဲ့ သက်ရောက်မှုက အပြင်မှာ ကြေညာထားတဲ့ သက်ရောက်မှုနဲ့ ကိုက်ညီရဲ့လားလို့ မေးပါရစေ။ အဲ့ဒါက ကြေညာထားသလိုရော မှော်ဆန်ရဲ့လား။ အဲ့ဒါက ဟန်ပြသပ်သပ်လား တမင် ကြေညာထားတာလား။”

ရွှီယန်ယုက ထိုမေးခွန်းကို ကြိုပြီး တွေးထားခဲ့ပုံရသည်။ “ဒါ ဟန်ပြသပ်သပ် မဟုတ်ဘူးဆိုတာ သေချာတာပေါ့။ ကျွန်မတို့ ကြေညာခဲ့တဲ့ ရလဒ်က အမှန်ပါပဲ။ တမင် ကြေညာတာလည်း မဟုတ်ပါဘူးရှင်။ တကယ်လို့ ရှင်တို့ စိတ်ဝင်စားတယ်ဆိုရင် ၂၁ ရက် အသုံးပြုသူ လှုပ်ရှားမှုထဲ ဝင်ပါလို့ရပါတယ်။ ပြီးမှ ကိုယ့်ရဲ့ ရလဒ်နဲ့ ကိုယ်ပြန်ပြီး သက်သေပြလို့ရပါတယ်။”

“မစ္စရွှီ ဒီ ကြီးမားတဲ့ ရလဒ်တွေအတွက် အခြေခံပြီး လုပ်ထားတဲ့ အရာတွေရော ရှိလား။ အစ်မရဲ့ ပြောဆိုချက်တွေကိုရော ဘယ်အရာတွေက ထောက်ခံပေးထားတာလဲ။ အဲ့ဒါကို သက်သေပြနိုင်မယ့် သိပ္ပံဆိုင်ရာ သုတေသနတွေရော ရှိလား။”

ရွှီယန်ယုက ခနတာတွေးတောပြီးနောက် ပြန်ပြောခဲ့သည်။ “ တကယ်တော့ ဒီအချက်က ကျွန်မတို့ ဘရန်းရဲ့ အဓိက ဖော်မြူလာဖြစ်လို့ လျှို့ဝှက်ထားရမှာ ဖြစ်ပြီး ဒီလိုမျိုး ပြောပြလို့တော့ မရပါဘူးရှင့်။ ဒါပေမယ့် ကျွန်မ ရင်းနှီး မြှုပ်နှံထားတဲ့ ဒီ သုတေသန အဖွဲ့က စမ်းသပ်ချက်များစွာကို ဖြတ်ကျော်လာပြီးမှ ဒီလို အသားဖြူပြီး အရွယ်တင် နုပျိုစေတဲ့ ရလဒ်ကောင်းမျိုးတွေကို ရရှိလာတာလို့တော့ ကျွန်မ ပြောပြနိုင်ပါတယ်။ ဒီပစ္စည်းတွေက အရည်ချင်း ပြည့်မှီပါတယ်ဆိုတဲ့ စမ်းသပ်ချက်တွေ အများကြီးကို ကျော်ဖြတ်ပြီးမှ လူတွေရဲ့ ရလဒ်တွေနဲ့အတူ ပြန်ပြီး သက်သေပြဖို့အတွက် တိကျသေချာတဲ့ အချက်အလက်တွေလည်း ကျွန်မတို့မှာ ရှိပါတယ်။ အဲ့တော့ ထုံးစံအတိုင်းပဲ ဒီပစ္စည်းတွေက ဟန်ပြသပ်သပ်တော့ မဟုတ်ပါဘူး။”

“အစ်မဘရန်းရဲ့ စစ်ဆေးမှု မှတ်တမ်းကို ကြည့်လို့ရမလား။”

ထိုမေးခွန်းမှာ အတော်လေး ဉာဏ်နီဉာဏ်နက် များသည်။ ရွှီယန်ယုက ခေါင်းခါပြကာ ပြောခဲ့သည်။ “ကျွန်မအဲ့ဒါကို နောက်ပိုင်းကျရင် ကြေညာပေးပါ့မယ်။ ပြီးတော့ အသုံးပြုသူတွေကလည်း အဲ့ဒါကို သေချာပေါက် မြင်ရလိမ့်မယ်။ ဒီဘရန်းကို ကျွန်မ အာရုံစိုက်တယ်ဆိုတာထက် ပိုပြီး အာရုံစိုက်နေတဲ့သူတွေ အများကြီး ရှိနေမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ပုံမှန်အတိုင်းပဲ သူတို့ကို ကျွန်မက စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး။”

သတင်းထောက်လည်း အနည်းငယ် ပြောစရာ စကားမရှိ ဖြစ်သွားခဲ့ရကာ သူက ရွှီယန်ယုကို မကျေနပ်ဘူးဟု ပြောနိုင်သည်။ ထိုအရာသည် အသုံးပြုသူများကို သက်သေပြဖို့ဆိုပြီး ဟန်ဆောင်ကာ ငြင်းပယ်ခဲ့ခြင်း ဖြစ်၍ သူမကို အခက်အခဲဖြစ်အောင် တမင်တကာ ပြုလုပ်သည့် သူများကို သက်သေပြဖို့ရန် မလိုအပ်နေခဲ့ပါ။ ထို့ကြောင့် သူမသည် စစ်ဆေးမှု အောင်မြင်ကြောင်း လက်မှတ်ကို အသုံးပြုသူများထံ လူသိရှင်ကြား ပြသမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

“မစ္စရွှီ၊ ညီမရဲ့ ပစ္စည်းက ကြေညာထားသလို ရလဒ်မျိုး မရလာခဲ့ရင် အဲ့ကိစ္စအပေါ်ကို ညီမ ဘယ်လို တုံပြန်မလဲ။”

ရွှီယန်ယုက လေးလေးနက်နက်ဖြင့် ပြန်ပြောခဲ့သည်။ “ဒီလို အခြေနေမျိုးက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ လူတွေအသုံးပြုပြီး ရရှိလာတဲ့ ရလဒ်ကလည်း မအောင်မြင်မှာ မဟုတ်ဘူး။ အစ်ကိုတို့ ပြောသွားတဲ့ အရာအားလုံးက ယူဆချက်တွေပါပဲ။ အဲ့ဒါတွေက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲ့တော့ အစ်ကိုတို့က ကျွန်မကို ဘယ်လို တုံ့ပြန်စေချင်လို့လဲ။”

ထိုစကားကို ပြောပြီးနောက် သတင်းထောက်မှာ ထပ်ပြီး ဆွံ့အသွားခဲ့ရပြန်သည်။ ထိုကျေနပ်စရာမရှိသည့် အင်တာဗျူးမှာ မြန်မြန်ပဲ အဆုံးသတ်သွားခဲ့သည်။

[ ညီမရွှီရဲ့ စကားတွေက အရမ်းကို ယုံကြည်မှု ရှိတာပဲ။ အဲ့ဒါက တကယ်ရော အကျိုးရှိပါ့မလား။]

[ ဒီစကားတွေက မှန် မမှန် သိချင်တယ်ဆိုရင် ဘာလို့ အင်တာနက် အသုံးပြုတဲ့သူတွေ သုံးပြနေတဲ့ live ကို သွားမကြည့်ကြတာလဲ။ အင်တာနက်ပေါ်က လူတွေ အကုန်လုံးက ရလဒ်ကို မျက်မြင်တွေ့ချင်တယ်ဆိုပြီး ပြောနေကြတာလေ။ အဲ့မှာ စာရင်းသွင်းထားတဲ့ သူတွေရဲ့ မြင်ကွင်းတွေကို သွားပြီး ကြည့်လို့ရတာပဲ။ အဲ့ဒါဆို အချိန်ကျလာတဲ့အခါ ဒီစကားတွေက အမှန်လား အမှားလားဆိုတာ မင်းတို့ သိလာကြမှာပဲ။]

[ ဒီစကားတွေကြောင့် ငါတော့ ရွှီယန်ယုကို ယုံသွားပြီ။ သူမက တော်တော်လေးကို ယုံကြည် စိတ်ချတဲ့ပုံပဲ။]

လူတွေအများဆုံး သိချင်နေကြသည့် မေးခွန်းမှာ အွန်လိုင်းပေါ်က ရွှီယန်ယုရဲ့ ပစ္စည်းများက တကယ်ပဲ သက်ရောက်မှု ရှိပါ့မလားဆိုသည့် အကြောင်းပင် ဖြစ်သည်။ မကြာခင် ထိုလုပ်ဆောင်ချက်များကို စတင်ခဲ့ပြီး အင်တာနက် အသုံးပြုသူ ဆယ်ယောက်ကို အသုံးပြုသူများအဖြစ် ရွေးချယ်ခဲ့သည်။ သူတို့ရဲ့ အသုံးပြုသည့် မှတ်တမ်းများနှင့် အစီအစဥ် တစ်လျှောက်လုံးရှိ သူတို့ရဲ့ အတွေးများကို ဖမ်းယူထားခဲ့သည်။

ရှေ့ရက်တွက် ဘာမှ ပြောင်းလဲမှု များများစားစား မရှိခဲ့ပါ။ အစမ်းသုံးခဲ့ကြသည့် သူများတွင် အသားရည်နှင့်ဆိုင်သော ပြဿနာ အနည်းနဲ့ အများဆိုသလို ရှိနေခဲ့ကြပြီး အသားရည် မွဲခြောက်ခြင်း၊ အမဲစက်များ၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် ချွေးပေါက်များလည်း ရှိနေခဲ့သည်။ အတိုချုပ် ပြောရပါက အပြစ်အနာဆာ အမျိုးမျိုး ရှိနေသည့် သူများကို လူအများရှေ့တွင် ပြသထားခဲ့သည်။

အချို့က ပိုပြီး လေးလေးနက်နက် ဖြစ်လာတာ အချို့ကလည်း သူတို့ကို တကယ်ပဲ ပြောင်းလဲပေးနိုင်မှာလားဆိုသည့် သံသယများ ဝင်လာခဲ့သည်။

သို့သော် တစ်ပတ် အစမ်းသုံးသည့် ရလဒ်များက မကြာခင် ထွက်ပေါ်လာခဲ့သည်။ ခုနှစ်ရက်မြောက်နေ့ ရောက်သည့်အခါ သူတို့ကို ပထမစသုံးသည့် နေ့က ပုံနှင့် ယှဥ်ပြလိုက်သောအခါ အင်တာနက် အသုံးပြုသူများ၏ မျက်လုံးများ ပြူးသွားခဲ့ရသည်။ အသုံးပြုသူများ၏ အသားရည် ပြောင်းလဲမှုများကြောင့် သူတို့လည်း တုန်လှုပ်သွားခဲ့ရသည်။

[ ဘုရားရေ၊ ဒါကို ငါ့မျက်စိနဲ့သာ မမြင်ခဲ့ကို ဒါက လူတစ်ယောက်တည်းရဲ့ အသားရည်ဆိုတာကို ယုံမှာတောင် မဟုတ်ဘူး။ အဲ့ဒါက ဖြတ်ညှပ်ကပ် လုပ်ထားသလိုပဲ။ အသုံးပြုသူ ၁ ရဲ့ မျက်နှာက တစ်ပြင်လုံး ဖြူသွားပြီးတော့ သူ့မျက်နှာမှာ အရေးကြောင်းက နည်းနည်းပဲ ရှိတော့တယ်။ ပြီးတော့ ဒါက အချိန်တိုလေးအတွင်း ဖြစ်သွားတာပဲ။ ငါက ဒါကို စသုံးကာစပဲ ရှိသေးတယ် ရလဒ်တွေက တော်တော် သိသာတာပဲ။]

[ အသုံးပြုသူ ၂ က ပိုပြီးတောင် မိုက်သွားသေးတယ်။ သူ့မျက်နှာပေါ်က အမဲစက်တွေ အများစုက ပျောက်တောင်သွားပြီ။ သူသာ အဲ့ဒါကို ဆက်ပြီး သုံးလို့ကတော့ သူ့အသားရည်က ပိုပိုပြီး ကြည်လင်လာတော့မှာ။]

[ အသုံးပြုသူ ၃ ရဲ့ မျက်လုံးနားက အရေးအကြောင်းတွေကလည်း နည်းနည်းလေး ပျောက်သွားသလိုပဲ။ ပြီးတော့ သူက အရင်ကထက်တောင် ပိုပြီး ငယ်သွားသလိုပဲ။ ပြီးတော့ ဒါက တစ်ပတ်ပဲ ရှိသေးတယ်။ ဘာမှော်ပညာတွေကိုများ သူတို့တွေ ထုတ်သုံးလိုက်လဲ မသိဘူး။ ဒါက မယုံနိုင်စရာပါပဲကွာ။]

တစ်ပတ်တာ အသုံးပြုပြီးနောက် အသုံးပြုသူများ၏ မျက်နှာမှာ ထိုကဲ့သို့ ပြောင်းလဲသွားရသည်ကို အင်တာနက် အသုံးပြုသူများက မယုံနိုင်ခဲ့ကြပါ။ သူတို့သာ ၁၅ ရက် ဒါမှမဟုတ် ၂၁ ရက်သာ သုံးခဲ့ကြရင် ဘယ်လို ဖြစ်သွားကြမလဲ။ သေချာပေါက် ရလဒ်များကို ကိုယ့်ဘာသာ သက်သေပြခဲ့ပြီး ဖြစ်သည်။

ထိုအချိန်မှာပဲ လူအချို့က စိန်အလှဆီ ရောင်းအားမှာ စတင်ပြီး မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ကြပြီး အရာအားလုံးက အစကောင်းခဲ့ကြသည်။

ရွှီယန်ယုက အချိန်ကောင်း ဖြစ်သည်ကို ခံစားခဲ့ရပြီး သူမက ထိုအခွင့်အရေးကို အရယူကာ ပစ္စည်းကြေညာအား ရိုက်ကူးခဲ့သည်။ သူမသည် အရင်က ရိုက်ကူးဖို့အတွက် ဘာ ပြောရေးဆိုခွင့် ရှိသူရော မော်ဒယ်ရောကို မငှားခဲ့ဘဲ ကုမ္ပဏီကို ကြေညာဖို့အတွက်တော့ ငှားရမ်းခဲ့သည်။

ငါတို့တွေ ကြေညာဗီဒီယိုကိုရိုက်ဖို့ ဘာဇာတ်ကြောင်းမှ မထုတ်ရသေးဘူး။ ဒါပေမယ့် အချိန်က အရမ်း အလျင်လိုနေပြီ။ အချို့ကလည်း အလောတကြီး ဖြစ်ကုန်ပြီ။ ပြီးတော့ အချိန်အများစုက ပစ္စည်းတွေနဲ့ ဒီကိစ္စတွေ ပြင်ဆင်ဖို့အတွက် သုံးလိုက်ရတာ။

နောက်ဆုံးတော့ ငါ့မှာ အားတဲ့အချိန်လေး နည်းနည်း ရလာပြီ။ ထုံးစံအတိုင်း ကြေညာပိုင်းအတွက် ငါအာရုံစိုက်ရဦးမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အဲ့ဒါကို တွေးပြီးရင် ငါ့ဘရန်းအတွက် ဘယ်သူ့ကို ပြောရေးဆိုရေး ရှိတဲ့သူအဖြစ် သွားမေးရမလဲ ဆိုတာကိုလည်း ခုထိ မသိသေးဘူး။

ရွှီယန်ယုက အကြပ်ရိုက်နေချိန် ရုတ်တရက်ဆိုသလို သူမရဲ့ လက်ဖဝါးတွင် နွေးထွေးပြီး အထိအတွေ့ တစ်ခုကို ခံစားခဲ့ရသည်။ ထို့နောက် နူးညံ့သည့် အထိအတွေ့ တစ်ခုက သူမရဲ့ နူးညံ့တဲ့ လက်ကို လာပြီး ရစ်ပတ်လိုက်သည်။

“မစ္စတာမု ဒီမှာ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်အဖြစ်က ရှင့်ထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူး။”

ရွှီယန်ယုက သူမဘေးရှိ လူကို ကြည့်ပြီး ညှင်သာစွာ ပြုံးပြခဲ့သည်။ ထိုအနောက် သူမရဲ့ သွယ်လျတဲ့ လက်ချောင်းလေးများက ရုတ်တရက်ဆိုသလို သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာကို ထိလိုက်သည့်အခါတွင် လျောကျသွားသလို ခံစားနေခဲ့ရသည်။

တကယ်တော့ ထိုလူ၏ မျက်နှာအသားရည်မှာ အတော်လေး ကောင်းပြီး သူမရဲ့ အသားရည် ထိန်းသိမ်းသည့် ပစ္စည်းအတွက် ပြောရေးဆိုခွင့် ရှိသည့် ပုဂ္ဂိုလ်အနေဖြင့် သူသည်သာ အသင့်တော်ဆုံး ဖြစ်သည်။

သူမပြောခဲ့သလို သူမရဲ့ လက်ချောင်းလေးများသည် သူရဲ့ ခါးပတ်ဆီသို့ လျောကျသွားကာ ဖြည်းဖြည်းချင်း မသိမသာ ဖြုတ်လိုက်ပြီး အထဲသို့ လျောကျလာသလို ဖြစ်နေခဲ့သည်။ ထို့နောက် ထိုအမျိုးသမီးက စနောက်သည့် အသံမျိုးဖြင့် ဝိုးတိုးဝါးတား ပြောခဲ့သည်။

“ရှင့်ရဲ့ မျက်နှာက ချောသားပဲ။…. တော်တော်လေး ချောတာပဲ။”

All Chapters