အခန်း (၆၅)
Vol. 6 Ch. 65
မုချောင်ယွင် ထိုစကားကို ကြားလိုက်သည့်အခါ သူ့မျက်လုံးများက တဖြည်းဖြည်း လေးနက်သွားပြီး ရုတ်တရက်ဆိုသလို ရွှီယန်ယုကို ကြည့်နေတဲ့ သူ့အကြည့်တွေမှာ အန္တရာယ်များသော အချက်အလက်တွေနဲ့ ပြည့်နေခဲ့သည်။
သူ့ကိုယ်သူ တွေးမိသည်။ သူမရဲ့ စကားတွေက အရမ်းကြီး ရဲတင်းလွန်းတယ်ဆိုတာ မသိဘူးလား။ သူမက အချိန်တိုင်း သူ့ကို မသိမသာလေး လာလာစနေတာ။ အဲ့ဒါတွေက သူ့ကို အလွယ်လေး စိတ်လိုက် မာန်ပါဖြစ်အောင် လုပ်နိုင်တာပဲ။
သူရဲ့ သန်မာတဲ့လက်ကို ဆန့်ထုတ်ပြီး ရွှီယန်ယုရဲ့ခါးကို ကိုင်လိုက်သည်။ ဒီနေ့မှာတော့ သူမက စကတ်ပါးပါးလေးကို ဝတ်ဆင်ထားခဲ့သည်။ အမြဲ ဒီလိုအချိန်ရောက်တိုင်း သူက ခါးမှာ ဒီလို ထူးခြားတဲ့ ခပ်ပွပွရှိတဲ့ ဒီဒိုင်းမျိုးကို အင်မတန် နှစ်သက်သည်။
အကြောင်းမှာ ထိုနည်းဖြင့် သူသည် သူမရဲ့ နူးညံ့ချောမွေ့တဲ့ အသားနှင့် သူမရဲ့ ကိုယ်အပူချိန်ကို ခံစားနိုင်ပြီး သူမကို ထိလိုက်ရသည့် အခိုက်အတန့်တွင် သူမကိုယ်က ကိုယ်သင်းနံ့လေးကို သေသေချာချာ နမ်းရှိုက်မိကာ ထိုအရာသည် တကယ်ကြီး စိတ်ထဲတွင် စွဲထင်နေမည့် ခံစားချက်မျိုးကို ဖြစ်စေခဲ့သည်။
သို့သော် မုရှောင်ယွင်ရဲ့အသားက ပိုပြီး ပွတ်သပ်နေတဲ့ ခံစားချက်ကြောင့် ရွှီယန်ယုက သူ့ရဲ့ အပြုအမူတွေကို မြန်မြန် ရပ်ခိုင်းကာ လေးလေးနက်နက် ပြောခဲ့သည်။
“ရှင်က ဒီထုတ်ကုန်ပစ္စည်းတွေအတွက် ပြောရေးဆိုခွင့် ရှိတဲ့သူ ဖြစ်နိုင်တယ်နော်။ ကျွန်မအထင် ရှင့်အသားရည်က အရမ်း ကောင်းတယ်ဆိုတော့ အဲ့ဒါက ရှင်နဲ့ဆို ကွက်တိပဲလေ။”
မုချောင်ယွင်က မှင်သက်သွားကာ ရွှီယန်ယုရဲ့ ရည်ရွယ်ချက်က ဒီကိစ္စ ဖြစ်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါ။ ထိုအကြောင်းကို တွေးပြီးသည့်နောက် ရုတ်တရက် သူက ရွှီယန်ယုအနားသို့ ပိုပြီး ကပ်သွားခဲ့သည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးမှာ အရမ်းကို နီးကပ်နေပြီး အခြားသူ၏ မျက်နှာပေါ်ရှိ အရေးကြောင်းများကိုတောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
အကြောင်းမှာ မျက်နှာ အနေအထားနှင့် အလှတရားမှာလည်း အနီးကပ် ဖြစ်နေ၍ တစ်ယောက်ရဲ့ အသက်ရှူသံကို တစ်ယောက်က နားထောင်ကာ နှလုံးခုန်နှုန်းများကို ခံစားနေရသည်မှာ အတော်လေးကို နွေးထွေးကြည်နူးဖို့ ကောင်းသည်။
မုချောင်ယွင်က ရွှီယန်ယု၏ ကြာမျက်လုံးလေးများကို ကြည့်ကာ သူ့မျက်နှာသူ လက်ညှိုးထိုးပြီး လေးနက်စွာ မေးခဲ့သည်။ “မင်းက တကယ်ကြီး ပြောနေတာလား။ ငါက ကြည့်ကောင်းတယ်လို့ မင်းတကယ် ထင်နေတာလား။”
ရွှီယန်ယုသည် စောနက သူမ၏ စနောက်နောက် ပုံစံကို ဘေးဖယ်လိုက်ကာ လေးလေးနက်နက်ဖြင့် ပြန်ပြောခဲ့သည်။ “ သေချာတာပေါ့။ ရှင်က အရမ်း ခန့်ညားတယ်လို့ ကျွန်မထင်တယ်။ ဒီမျက်နှာက အရမ်း နှစ်လိုဖွယ်ကောင်းပြီးတော့ ဆွဲဆောင်မှုရှိတယ်။ ရှင့်မှာ ကြည့်ကောင်းတဲ့ မျက်နှာရှိတယ်ဆိုတာက ကျွန်မ ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူး။”
ထိုစကားကို ကြားပြီးနောက် မုချောင်ယွင်သည် အင်မတန် တန်ဖိုးကြီးသည့် အရာတစ်ခုကို ကြည့်နေသည့်အလား ရွှီယန်ယုကို တွေဝေစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်မှာ တကယ့်ကို နူးညံ့ပြီး ကြင်နာလွန်းနေခဲ့သည်။ သူ့မျက်ဝန်းများမှာ အတော်လေး ပျော်နေပုံရကာ အနည်းငယ်လည်း စိတ်လှုပ်ရှားနေဟန် ရှိသည်။
မုချောင်ယွင်ကို ရွှီယန်ယု ထိုကဲ့သို့သော ခံစားချက်မျိုးဖြင့် ကြည့်ကာ သူဘာကြောင့် ဒီလောက်ထိ အံ့ဩနေခဲ့ရသည်ကို သူမ မသိခဲ့ပါ။ မုချောင်ယွင်သည် ချီးကျူးဂုဏ်ပြုသည့် စကားများကို ကြားခဲ့ရသည်မှာ ဒီတစ်ခါက ပထမဆုံးအကြိမ်လည်း မဟုတ်ဘဲနဲ့ သူဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရပါလိမ့်။
“ရှင့်ကို ဘယ်သူကမှ မချီးကျူးခဲ့ဖူးဘူးလား။ အဲ့လောက်တောင် ပျော်နေရလား။”
“မဟုတ်ပါဘူးကွာ။”
မုချောင်ယွင်၏ အနည်းငယ် သွေးအေးသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့ပြီး သူသည် တကယ်ကို စိတ်ကောင်းဝင်နေဟန် ရှိနေခဲ့သည်။
ရွှီယန်ယုက ထိုအရာကို မယုံကြည်ခဲ့ပါ။ သူပြောခဲ့သည့် အကြောင်းအရာမှာ သူသည် ထိုလူများက ပြောသည့် စကားများကို မကြားချင်ဘူးဟူ၍ ဖြစ်သည်။
ရုတ်တရက်ဆိုသလို မုချောင်ယွင်က အလွန် လေးနက်စွာ ပြောခဲ့သည်။ “မင်းရဲ့ ချီးကျူး ဂုဏ်ပြုတဲ့ စကားတွေကပဲ ဘာဖုံးကွယ်မှုမှ မရှိတဲ့ အကြောင်းမျိုးနဲ့ ငါ့ကို ပျော်ရွှင်ကြည်နူးပြီး တကယ်လို့ ခံစားရစေတာ။ မင်းရဲ့ အသိအမှတ်ပြုတာကို ခံရတဲ့အတွက် ငါတကယ် ကြည်နူးမိတယ်လို့ ခံစားရတယ်။”
ရွှီယန်ယုက ပြုံးကာ ပြောခဲ့သည်။ “တကယ်လို့ ရှင်သာ ကျွန်မရဲ့ ပြောရေးဆိုခွင့် ရှိတဲ့သူအဖြစ် သဘောတူပေးမယ်ဆိုရင် ရှင့်ကို နေ့တိုင်းတောင် ချီးကျူးပေးနိုင်တယ်။ ပြီးတော့ ရှင်လိုချင်သမျှ အရာအားလုံးကိုလည်း ကျွန်မက ရှင့်စိတ်ကြိုက် လုပ်ပေးနိုင်တယ်။”
မုချောင်ယွင်က သူမရဲ့ မေးစေ့လေးကို ပင့်ကာ လေးလေးနက်နက် ပြောခဲ့သည်။ “ကိုယ့်ကို တစ်ခြား အကျိုးအမြတ်တွေရော ပေးဦးမှာလား။”
ရွှီယန်ယုရဲ့ အမူအရာမှာ အနည်းငယ် ဒွိဟဖြစ်သွားပြီး မသာမယာ ပြုံးပြီးပြောခဲ့သည်။ “ကောင်းပြီလေ။ အရင်ဆုံးတော့ ကျွန်မရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ လုပ်ဖို့ သဘောတူပေးရမယ်။ ပြီးမှ ရှင့်ကို ကျွန်မကိုယ်တိုင် လိုချင်တာ ဖြည်းဆည်းပေးမယ်။”
မုချောင်ယွင်က အတော်လေး ဆွဲဆောင်ခံခဲ့ရသော်လည်း စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေဖြင့် သေသေချာချာ စဥ်းစားပြီး လေ့လာခဲ့သည်မှာ ရွှီယန်ယုက သူမရဲ့ ပန်းတိုင်ကို ရရှိဖို့အတွက် သူ့ကို မက်လုံးပေးဖို့ ကြိုးစားနေတာဟူ၍ ဖြစ်သည်။
သို့သော် သူမပေးသည့် မက်လုံးကို ငြင်းဖို့မှာ ခက်ခဲသလို အခြေနေတွေက ဘယ်လိုတွေ ဖြစ်နေပြီလဲ ဆိုတာ သိချင်တဲ့ စိတ်ကိုလည်း ခုခံထားဖို့ကလည်း ခက်ခဲနေသည်။ ထို့ကြောင့် ထိုအမျိုးသမီး၏ လူတွေအပေါ် ထိန်းချုပ်နိုင်သည့် အရည်အချင်းမှာ ပိုပိုပြီး ကျွမ်းကျင်လာဟန် ရှိသည်။
“ကောင်းပြီလေ။ ဒါပေမယ့် မင်း ကိုယ်လိုတာကို ဖြည်းဆည်းပေးဖို့အပြင် ကိုယ်နဲ့လည်း အတူရှိနေရမယ်။ ဒီပွဲပြီးသွားရင် အချိန်ခနလောက် မင်း ကိုယ်နဲ့အတူ နိုင်ငံခြားကို လိုက်ခဲ့ရမယ်။ မင်းကို ကိုယ် သုံးရက်နဲ့ သုံးညလောက်ကြာတဲ့ နေရာတစ်ခုဆီကို ခေါ်သွားမှာမလို့။”
အခုချိန်တွင် ရွှီယန်ယုက အလုပ်များနေပြီး သူမ၏ အလုပ်ချိန်ဇယားမှာ အပြည့်ဖြစ်နေကာ သူမအတွက် ကိုယ်ပိုင်ချိန်ဟူ၍ မရှိသလောက် ဖြစ်နေသည်။ ထို့ကြောင့် မုချောင်ယွင်က ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
ရွှီယန်ယုက ထိုအကြောင်းကို တွေးကာ ခေါင်းငြိမ့်ပြခဲ့သည်။ “ဟုတ်ပြီလေ။ ကျွန်မက ရှင့်ကို ကတိပေးတယ်။ ပြီးရင် ကျွန်မတို့ စီးပွားရေးအတွက် ကြေညာကို အတူရိုက်ပြီး အလုပ်ကိစ္စတွေ ပြောကြတာပေါ့။ ကျွန်မအထင် ဒီရလဒ်က တော်တော်လေး ကောင်းတယ်ထင်တယ်။”
မုချောင်ယွင်လည်း ထိုကဲ့သို့ တွေးနေမည်မှာ အသေအချာပင် ဖြစ်သည်။ ရွှီယန်ယုက သူမရဲ့ ဒီဘရန်းကို အောင်မြင်အောင် လုပ်ကိုင်ချင်သည့်အတွက် သူကလည်း သေချာပေါက်ကို အပြည့်အဝ ထောက်ပံ့မှု ပေးရမည် ဖြစ်သည်။ ထို့အပြင် ပရော်ဖက်ရှင်နယ် တစ်ယောက်အနေဖြင့် လူပြောများတဲ့ ရလဒ်မျိုး ရရှိလာသည့်အခါ အတွဲတစ်တွဲက ထိုအကျိုးအမြတ်ကို အကောင်းဆုံး အသုံးချပြီး ပြောခွင့်ဆိုခွင့်ရှိသူ ဖြစ်လာကြသည်မှာ ပုံမှန်အရာတစ်ခု ဖြစ်သည်။
ရွှီယန်ယုက မုချောင်ယွင်ကို သူမ၏ အဖွဲ့သားများမှ ပြင်ဆင်ထားသည့် ကြေညာအစီစဥ်ကို မြန်မြန်ပဲ ပေးလိုက်သည်။ ထိုကြေညာ အစီအစဥ်ကို ထိပ်တန်း ကုမ္ပဏီတစ်ခုမှ စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်မှာ စိန်အလှဆီ ထုတ်ကုန်၏ အကြောင်းကို ကြေညာရန် ဖြစ်ပြီး စက္ကန့်များစွာ ကြာသည့် ဗီဒီယိုတစ်ခုနှင့်တော့ သူမ ထုတ်ကုန်၏ အကျိုးအာနိသင်ကို သက်သေ မပြချင်ခဲ့ပါ။
စိန်အလှဆီ ထုတ်ကုန်ပစ္စည်းများသည် “ပြန်လည် မွေးဖွားခြင်း”ဟူသော ဘရန်းနာမည်ဖြင့် ထုတ်လုပ်ဆဲ ဖြစ်သည်။ ထို့ကြောင့် ရိုက်ကူးသည့် နောက်ခံမှာ ကိုယ့်ရဲ့အရှေ့မှာရှိသည့် လက်တစ်စုံကို မမြင်နိုင်ဘဲ အမှောင်အတိ ဖုံးနေသည့် နေရာကိုသာ ရွေးချယ်ခဲ့သည်။ သူတို့သည် အမှောင်ထုကို ဖြိုခွင်းဖို့အတွက် အလင်းနှင့် ပြန်လည် ပြုပြင်သည့် အရာများကို အသုံးပြုခဲ့ပြီး ပျော်ရွှင်မှုများက တစ်ဖန် မွေးဖွားလာခဲ့သည်။ ထိုအရာမှာ ကြေညာရဲ့ နောက်ခံဖြစ်ပြီး ဘရန်း၊ ပြန်လည် ပြုပြင်ခြင်းနှင့် ပြန်လည် မွေးဖွားခြင်းတို့၏ အချိန်အဆက် တစ်ခုလည်း ဖြစ်သည်။
မုချောင်ယွင်သည် ထိုအကြံဉာဏ်က အရမ်းကို ဆန်းသစ်သည်ဟု တွေးခဲ့သည်။ ထို့ကြောင့် သူလည်း ချက်ချင်းဆိုသလို သဘောတူခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် သူတို့လည်း ကြေညာရိုက်ဖို့ အချိန်ယူခဲ့ကြသည်။ အရာအားလုံး အဆင်ပြေပြေပြီး ရိုက်ကူးရေး အစီစဥ်သည်လည်း အလွန် ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။ သို့သော် ရိုက်ကူးရေး နောက်ဆုံးရက်တွင် မုချောင်ယွင်က ပြဿနာတစ်ခု ကြုံခဲ့ရသည်။
တကယ်တမ်းတွင် ရွှီယန်ယုရဲ့ ထုတ်လုပ်ရေး မန်နေဂျာက စုံတွဲဝတ်စုံအတွက် ပန်းရောင်နှင့် အပြာရောင်အား ထုတ်ယူလာခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုအထုပ်မှာ တကယ်တမ်းမှာ သူတို့ စုံတွဲအတွက်ဖြစ်ပြီး ဟိုးအရင်ကလည်းက ပြင်ဆင်ထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
မုချောင်ယွင်သည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
ထုတ်ကုန်ပစ္စည်းကို စုံတွဲတွေ ကြေညာပေးဖို့ကို ရွှီယန်ယုက စီစဥ်ခဲ့တာလား။ စုံတွဲ အစီစဥ်က အဆင်သင့်ပဲလေ။ ပြီးတော့ ကြေညာရိုက်တာက ပြီးသွားပြီလေ။ ငါနဲ့အတူ နိုင်ငံခြားသွားဖို့ ပြောတုန်းက ရွှီယန်ယုက သူမအဲ့ဒါကို မမှတ်မိဘူးတဲ့။ နောက်ပြီး ဒီလထဲ သူမက အရမ်း အလုပ်ရှုပ်နေလို့ အချိန် မရှိဘဆို။
ဒီလို စစ်တုရင် ဂိမ်းမျိုးကို ဆော့နေရတာက တကယ် ဒေါသထွက်ဖို့ ကောင်းတာပဲ။ ဘာကတိမှ မတည်ပေးနိုင်ဘဲ ကတိကြီးတွေ လာပေးသွားတာ။
ဥက္ကဌမုလည်း တဖြည်းဖြည်း အထီးကျန်လာရသည်။ ဝန်ထမ်းရဲ့ ပြောစကားအရ သူသည် ရိုက်ကူးရေးကို ဒေါသတကြီးနဲ့ ထွက်သွားခဲ့ပြီး ဘယ်သူ့ကိုမှလည်း မမြင်ချင်ဘူးဟု ပြောသွားခဲ့သည်။
သူတို့အတွဲသည် တစ်ယောက်ကို တစ်ယောက် မမြင်လိုက်ရဘဲ တစ်ရက်တာ ကုန်ဆုံးသွားခဲ့သည်။ ထိုအရာမှာ လင်အန်းသည် သူ့ဌေးနှင့် သူ့ဇနီးတို့ နီးကပ်တဲ့ ဆက်ဆံရေး ရှိလာပြီးကတည်းက အလွန် မြင်ရခဲသည့် အရာတစ်ခု ဖြစ်သည်။
ရွှီယန်ယုသည် အရေပြား တင်းတင်းရင်းရင်း ရှိစေရန် နှိပ်ပေးသည့်စက် ဘရန်းတစ်ခုကို ယူလာခဲ့ပြီး ထိုပစ္စည်းကို စမ်းသုံးဖို့အတွက် မုချောင်ယွင်က ကူညီပေးခဲ့သည်။
အစပိုင်းတွင် မုချောင်ယွင်က အနည်းငယ် ဒေါသထွက်နေခဲ့သော်လည်း သူ့ဒေါသမှာ အချိန်အတန်ကြာပြီးနောက် ပြေလျော့သွားခဲ့သည်။ သို့သော် သူသည် ထိုမိန်းမကိုတော့ အာရုံမစိုက်ချင်ခဲ့ပါ။ မည်သို့ပင် ဖြစ်စေကာမူ တစ်ဖက်လူက သူ့ကို ခန္ဓာကိုယ် တင်းရင်းစေသည့် နှိပ်စက်ကို အသုံးပြုဖို့ ကူညီစေလိုသော အသံကို ကြားလိုက်ရသောအခါ သူက ခန္ဓာကိုယ် တင်းအောင် နှိပ်တဲ့စက် ဟုတ်လားဆိုပြီး သိချင်သွားခဲ့သည်။
ဘယ်သူက ဘယ်သူ့ကို တင်းရင်းစေတာလဲ။
ဘယ်ကသူရော ဘယ်သူ့ကို နှိပ်ပေးမလို့လဲ။
ရွှီယန်ယုက မုချောင်ယွင်၏ ရုံးခန်းတံခါးကို ခေါက်ပြီး ဗူးများကိုသယ်ကာ လမ်းလျှောက် ဝင်သွားခဲ့သည်။ ဥက္ကဌမုက အလုပ်ကို အာရုံစိုက်ကာ လုပ်နေသည်ကို တွေ့ရှိခဲ့သည်။ သူသည် ခေါင်းတောင် မမေ့ဘဲ အလုပ်ကို လုပ်နေခဲ့ကာ သူမ ဝင်လာသည်ကိုတောင် သတိမထားမိခဲ့ပါ။ သူသည် သူမကို တကယ်ကို မမြင်လိုက်ပုံရသည်။
သို့သော် သူသည် ဖြည်းဖြည်းချင်း မျက်လွှာချကာ သူ့စိတ်ထဲက အတွေးများက ပေါ်လာနေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မုချောင်ယွင်သည် သူထင်ထားသလို မတည်ငြိမ်နေဘူးဆိုတာ သိသာနေခဲ့သည်။ ရွှီယန်ယုက သူ့အနားကို တစ်လှမ်းပြီး တစ်လှမ်း ချဥ်းကပ်လာသည်ကို သတိထားမိပုံရကာ သူက တည်ငြိမ်သလို ဟန်ဆောင်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ရွှီယန်ယုက လေသံ တိုးရှရှလေးဖြင့် ပြောခဲ့သည်။ “ကျွန်မက ရှင့်ကို အကူအညီ တောင်းချင်လို့ လာခဲ့တာ။ ဒီ အသားရည် တင်းရင်းစေတဲ့ စက်ကလေးကို စမ်းဖို့အတွက် ကျွန်မကို ကူညီပေးနိုင်မလား။”
မုချောင်ယွင်က သူ့ခေါင်းကိုတောင် မမော့ကြည့်ဘဲ လေသံမာမာဖြင့် ပြန်ပြောခဲ့သည်။ “အခုတော့ ကိုယ့်မှာ အချိန်မရှိသေးဘူး။”
ရွှီယန်ယုလည်း ခနလောက် တွေးကာ ပြန်ပြောခဲ့သည်။ “ဒါက ရှင့်ရဲ့အချိန်တွေကို မယူပါဘူး။ ရှင်က ရှင့်အလုပ်ရှင် ဆက်လုပ်ပြီး ကျန်တာက ကျွန်မဘာသာ ဆက်လုပ်လိုက်မယ်လေ။”
မုချောင်ယွင်က ရုတ်တရက် မျက်လုံးများပင့်ကာ သူမကို ကြည့်ပြီး အေးတိအေးစက် လေသံဖြင့် ပြန်ပြောခဲ့သည်။ “ကိုယ် အလုပ်ရှုပ်နေတယ်လို့ ပြောပြီးပြီ။ မင်း နားမလည်ဘူးလား။ အဲ့စကားကို မင်းက ဒုတိယအကြိမ် ထပ်ပြီး ကိုယ့်ကို ပြောစေချင်နေတာလား။”
အဲ့စကားကို ပြောပြီး ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားတဲ့အတွက် သူလည်း လန့်ဖြန့်သွားခဲ့သည်။
လွန်ခဲ့တဲ့ နှစ်လလုံး မုချောင်ယွင်က အဲ့လိုလေသံမျိုးနဲ့ စကားပြောတာကို သူမတစ်ခါမှ မကြားဖူးဘူးလို့တောင် ပြောလို့ရသည်။
ရွှီယန်ယုလည်း ဘယ်လိုမှ ထိန်းမရကာ သူမရဲ့ မျက်လုံးများကို မှေးကာ ကြည့်ခဲ့သည်။ သူမရဲ့ မျက်ဝန်းများထဲတွင် အန္တရာယ်ရှိသည့် အရိပ်အယောင် တစ်ခု ဖြတ်ခနဲ ဖြစ်သွားသည်။ သူမရဲ့ ပုံစံက အေးတိအေးစက် ဖြစ်သွားကာ သူမရဲ့ သြဇာအာဏာက သူစိမ်းတစ်ယောက်အလား ဖြစ်သွားခဲ့သည်။ သူ့မဘေးရှိ ပတ်ဝန်းကျင် အခြေအနေမှာ ခနလေးအတွင်း ဝမ်းနည်းသွားသလို ဖြစ်လာခဲ့သည်။
ထိုနေရာမှာ မူလပိုင်ရှင်သာဆိုရင် သေချာပေါက် ငိုပြီး ထွက်ပြေးသွားလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ အခြေနေမျိုးသည် အရင်က ဖြစ်ခဲ့ဖူးသည်။ နဂိုမူလ ပိုင်ရှင်က မုချောင်ယွင်အား သူမကို ချော့စေချင်သော်လည်း သူမက အရမ်းပဲ တွေးနေခဲ့သည်။ ထိုလူ၏ စရိုက်တွင် မသေချာသည့် အရာများစွာ ရှိနေခဲ့ပြီး သူနှင့်အတူ ယှဥ်ပြိုင်ကာ ပြောဖို့မှာ တကယ်ကို ခက်ခဲလှသည်။
ရွှီယန်ယု၏ အမူအရာမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ မုချောင်ယွင်လည်း သူပြောခဲ့သည့် စကားအတွင် နောင်တရသွားခဲ့သည်။ ထိုအရာမှာ တကယ့်ကို အခြေနေအရ အလိုလို တုံ့ပြန်လိုက်မိခြင်း ဖြစ်သည်။ သူသည် တကယ် ဒေါသထွက်နေခဲ့ပြီး သူ့ရဲ့ ခံစားချက်များ အားလုံးကို မထိန်းချုပ်နိုင်ခဲ့ပါ။
ပုံမှန်ဆို သူသည် ဘယ်တော့မှ စကားကို အဲ့လိုမပြောဘဲ ဘယ် စိတ်မကျေနပ်သည့် အရာကိုမှလည်း ထုတ်ပြလိမ့်မည် မဟုတ်ပါ။ သို့သော် သူသည် ရွှီယန်ယုကို မြင်လိုက်ရသောအခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တောပါ။ ထို့ကြောင့် သူ့ရဲ့ မျက်ဝန်းများတွင် နောင်တရနေသည့် အရိပ် အယောင်တစ်ခုက မထင်မှတ်ဘဲ ဖြစ်ပေါ်လာခဲ့သည်။
ပထမနေရာတွင် မုချောင်ယွင်လို ယောက်ျားမျိုးကတောင် စည်းကမ်းရှိဖို့ လိုအပ်ပြီး အစကနေ အဆုံးထိတိုင် သူသည် အလွန် အန္တရာယ်များကာ ကိုင်တွယ်ရခက်သည့် သဘာဝမျိုးရှိသည့် ဝံပုလွေတစ်ကောင် ဖြစ်နေခဲ့သည်။ လွန်ခဲ့သော နှစ်များစွာကတည်းက သူ့ရဲ့စရိုက်မှာ ထိုကဲ့သို့ ဖြစ်နေကာ အခုမှ သူ့ကို ပြောင်းလဲပေးဖို့မှာ မဖြစ်နိုင်ပေ။
တစ်ယောက်ယောက်ရဲ့ နဂိုမူလစရိုက်ကို ပြောင်းလဲပေးဖို့အတွက် ဘယ်လောက် ခက်ခဲကြောင်းကို ရွှီယန်ယု ကိုယ်တိုင်ကလည်း သိနေခဲ့သည်။ သူမကိုယ်တိုင်ကလည်း ခေါင်းမာသော စရိုက်ရှိသည့်အတွက် ထိုအရာကို လက်ခံပေးဖို့ ခက်ခဲသည်ကို တွေ့ရှိခဲ့ရသည်။
ရွှီယန်ယုမှာ ဘာခံစားချက်မှ မရှိသလို ဘာစကားမှလည်း မပြောခဲ့ပါ။ သူမသည် ဗူးကိုဖွင့်ကာ အထဲရှိ စကင်ကဲ ပစ္စည်းများနှင့် စက်ကို ထုတ်ပြီး မုချောင်ယွင်အနားသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
တကယ်တမ်းတွင် မုချောင်ယွင်သည် သူ့လေသံမှာ အနည်းငယ် ခက်ထန်သွားသည်ကို ခံစားမိသည့်အတွက် သူလည်း တိတ်ဆိတ်နေခဲ့သည်။ သူတို့ နှစ်ယောက်လုံးမှာ အသီးသီး တိတ်ဆိတ်နေခဲ့သည်။
ထိုတိတ်ဆိတ်မှုကို ပထမဆုံး ကျော်လွန်ခဲ့သည်မှာ ရွှီယန်ယုဖြစ်ကာ ထိုကဲ့သို့သော အခြေနေမျိုးသည် သူမအတွက် မဖြစ်သင့်သောကြောင့် ဖြစ်သည်။ သူမသည် မုချောင်ယွင်ရှေ့သို့ လမ်းလျှောက်သွားကာ သူ့ခုံပေါ်တွင် ရဲတင်းစွာ တက်ထိုင်ခဲ့သည်။ ဒီကနေ့တွင် သူမသည် နှင်းဆီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမရဲ့ ပေါင်နှင့် သွယ်လျသော ခြေထောက်တွင် အဖြူရောင် အသားကပ်များ ဝတ်ထားပြီး သူ့ရှေ့တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်မှာ ညှို့အားကောင်းပြီး ဆွဲဆောင်မှု ရှိနေခဲ့သည်။
သို့သော် သူမရဲ့ ခံစားချက်မှာ လှုပ်ရှားများ အတိုင်းတော့ တက်တက်ကြွကြွ ရှိမနေခဲ့ပါ။ ထိုအစား သူတို့နှစ်ယောက်ကို ထူးခြားပြီး အနည်းငယ် အေးတိအေးစက် ဖြစ်နေသည်ဟုတောင် ခံစားခဲ့ကြရသည်။ သူမရဲ့လက်ကို ထုတ်ကာ လိုးရှင်းဗူးကို ယူပြီး အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူ့ရဲ့ ပါးပေါ်သို့ ဖြည်းဖြည်းချင်း လောင်းချခဲ့သည်။
အကြောင်းမှာ ရွှီယန်ယုသည် အမြင့်တစ်နေရာတွင် ထိုင်နေသည့်အတွက် သူမလက်ကို အသာလေး မြှောက်လိုက်ရုံဖြင့် အရာအားလုံးကို လုပ်နိုင်ခဲ့သည်။ အကြည်ရောင် အရည်များက သူ့မျက်နှာမှ အဝတ်အစားတွေပေါ်သို့ တဖြည်းဖြည်း ကျကုန်ကာ သူ့ရဲ့ ရှပ်အင်္ကျီက စုပ်ယူသွားပြီး အပေါ်ပိုင်း တစ်ခုလုံးတောင် စိုသွားခဲ့သည်။
ထိုအရည်များက သူ့ပေါ်သို့ မြန်မြန် ကျမသွားဘဲ ခနလောက် အကြာတွင် အခန်းထဲရှိ အခြေအနေ တစ်ခုလုံးမှာ ချွေးပြန်ကာ ကျဥ်းထဲကျပ်ထဲ ရောက်နေသည့် အခြေနေကဲ့သို့ မှားယွင်းလာခဲ့သည်။
အတော်လေး အေးတိအေးစက် ဖြစ်နေသည့် သဘောထား ကွဲလွဲနေသည့် အခြေနေသည် အခုလေးတင် အနည်းငယ် အရည်ပျော်သွားခဲ့သည်။ အကြောင်းမှာ မုချောင်ယွင်သည် ထုံထိုင်းလာကာ သူစကားပြောသည့်အခါ အရမ်း ဖိအားများလာသလို ခံစားခဲ့ရသည်။ သို့သော် ထိုအကြောင်းမှာ သူက စိတ်မကျေမနပ် ဖြစ်နေသည့် ခံစားချက်ကြောင့်သာ ဖြစ်သည်။
အကြောင်းမှာ ရွှီယန်ယုက သူ့ကို မက်တပ်ရပ်ခိုင်းပြီး အချိန်တိုင်းလိုလို သူ့ကို တမင်တကာ ဆွဲထားဖို့ ကြိုးစားခဲ့သည်။ သူသည် ထိုအရာကို သေသေချာချာ အစီစဥ် ချထားသော်လည်း သူမသည် ထိုအရာများမှ ရှောင်သွားခဲ့ခြင်းကြောင့် သူ့ရဲ့ ခံစားချက် အများစုမှာ ပြုသမျှ နုနေရဆဲဟု ခံစားနေခဲ့ရသည်။
ဒါ မုချောင်ယွင်က ရွှီယန်ယုကို မကျေနပ်ရတဲ့ အကြောင်းရင်းပဲလေ။ သူက သူမကို အရမ်း အလိုလိုက်ထားသည့်အတွက် သူမက ဘာအကြောက်တရားမှ မရှိဘဲနဲ့ သူ့ကို အမြဲတမ်း အနိုင်ယူနေသည်ဟုတောင် တွေးနေခဲ့သည်။
ဒါပေမယ့် သူက ဒီအခိုက်အတန့်မှာ မစ္စရွှီကို အဲ့လို တွေးမိလိုက်လို့ နောက်တမရခဲ့ဘူး။ ပြီးတော့ သူက မစ္စရွှီကို အဲ့လို ဘယ်တော့မှ ထပ်ပြီး ရည်ရွယ်ကာ မပြောတော့ဘူး ဆိုပြီးလည်း တွေးမိခဲ့သည်။