အခန်း (၆၆)
Vol. 6 Ch. 66
ရွှီယန်ယုက မုချောင်ယွင်ရဲ့ အင်္ကျီပေါ်ကို လိုးရှင်း တစ်ဗူးလုံးကို လောင်းချခဲ့သည်။ တစ်ဖက်လူက ဘာစကားမှ မပြောခဲ့သော်လည်း သူမကို ဒေါသထွက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်မှာ အတော်လေး ရှုပ်ထွေးပြီး ဖော်ပြမရသော ခံစားချက်မျိုး ဖြစ်သည်။
သို့သော် တစ်ဖက်လူတွင် အားကိုးရာမဲ့ ဖြစ်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။ နောက်ဆုံးတွင် ထိုအရာမှာ ချစ်သူ နှစ်ယောက်ကြားရှိ အပေးအယူ တစ်ခုလိုတောင် ဖြစ်သွားခဲ့သည်။
ဒါက အရမ်းကို ထူးဆန်းတဲ့ အပြောင်းအလဲ တစ်ခုပဲ။ တကယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကများ တစ်ယောက်ယောက်က မုချောင်ယွင်ကို အဲ့လို သွားပြောလိုက်ရင် ဒီလိုတွေ ဖြစ်လာတာတွေက သူ့ရဲ့ အိပ်မက်ထဲမှာ ဆိုရင်တောင် အဲ့ကိစ္စတွေကို သူက ယုံနိုင်မှာတောင် မဟုတ်ဘူး။
ဒါပေမယ့် ကိစ္စတွေ အများကြီးက သေသေချာချာရော ခန့်မှန်းပြီးရော ရှင်းပြလို့ မရသေးဘူး။ ဒါကို မင်းရဲ့ ရင်ထဲကနေသာ အကဲဖြတ်ကြည့်မယ်ဆိုရင် အဲ့ဒါက ဒီအချိန်မှာ တကယ် သူတွေးနေတဲ့ အရာပဲ။
ရွှီယန်ယု၏ သွယ်လျတဲ့ လက်ထိပ်လေးများနှင့် သူ့ရဲ့ အင်္ကျီ ကြယ်သီးများကို ဖြုတ်ကာ သူ့အသားကို ထိခဲ့သည်။ ထိုအချိန်မှာ သူမသည် ဒီကို ဘာလုပ်ဖို့ လာလဲဆိုတာတောင် မေ့သွားခဲ့ပြီး ဖြစ်သည်။ သူမသည် အသားရည် တင်းရင်းသည့် စက်ကိုယူကာ သူ့ရဲ့ အရည်ပြားပေါ်တွင် တင်ခဲ့သည်။
စက်ကို ဖွင့်လိုက်တာနှင့် မုချောင်ယွင်သည် သူအရင်က တစ်ခါမှ မခံစားခဲ့ဖူးသော မယိုးမရွဖြင့် တုန်နေသည့် အရာကို ခံစားမိခဲ့သည်။
ရွှီယန်ယုသည် သူမရဲ့ မျက်လုံးများကို စောင်းကာ မုချောင်ယွင်ကို ကြည့်ခဲ့သည်။ ထို့နောက် ရုတ်တရက် သူမလက်ကို လွှတ်ခဲ့သည်။ သူက ပိုပြီး စွဲလမ်းသွားသည့်အခါ သူမက မက်တပ်ရပ်ကာ ထွက်သွားမလို့ ဟန်ပြင်ခဲ့သည်။ သေချာသည်မှာ သူကို အားကောင်းသော ယောက်ျားတစ်ယောက်ရဲ့ လက်ဖြင့် ရုတ်တရက် ဆွဲဖက်လိုက်ခြင်း ဖြစ်သည်။
ခနလေး အတွင်းမှာပဲ ခုံပေါ်ရှိ စာရွက်စာတမ်းများမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကြဲသွားခဲ့သည်။ သူလည်း သူ့ရဲ့ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်ကို ခုံဖြင့်အပ်ကာ သူမရဲ့ နှုတ်ခမ်းများကို သာသာယာယာ နမ်းရှိုက်ခဲ့ပြီးနောက် ညင်သာစွာ ပြောခဲ့သည်။ “ဆောရီးပါကွာ။ ကိုယ် မှားသွားတယ်။ စိတ်မဆိုးပါနဲ့ကွာ။”
ရွှီယန်ယုသည် သူ့ကို တစ်ချက်ကြည့်ကာ ဘာစကားမှ မပြောဘဲ အဝေးသို့ အနည်းငယ် တွန်းထုတ်ခဲ့သည်။
သို့သော် မုချောင်ယွင်သည် အနားသို့ ထပ်ပြီး ကပ်လာကာ သူ့ရဲ့ အဝတ်စိုစိုကြီးများကို ချွတ်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ သားရေ ရေမွှေးအနံ့ သင်းသင်းလေးမှာ လူတွေရဲ့ ရင်ခုန်သံကို ပိုမြန်လာစေခဲ့သည်။ သူ့ရဲ့ တောင့်တင်းပြီး ကြည့်ကောင်းသော ကြွက်သားများကို ထိုအမျိုးသမီး၏ အရှေ့တွင် ပြသကာ ပိုင်ဆိုင်လိုစိတ် အပြည့်ဖြစ်ကာ သူ့လက်ထဲမှ မလွတ်မြောက်နိုင်ဘူးဟု ပြောခဲ့သည်။
တစ်နာရီလောက် အကြာတွင် လင်အန်းသည် ဥက္ကဌမုမှ ဝတ်စုံအသစ်တစ်စုံကို ရုံးခန်းထဲ ယူလာပေးရန်ဟူသည့် ညွှန်ကြားချက်တစ်ခု ရရှိခဲ့သည်။
သူ အဝတ်ဟောင်းကို ယူလိုက်တော့ အဲ့ဝတ်စုံပေါ်မှာ ရေစိုနေတဲ့ အကွက်ကြီးတစ်ခုကို မြင်လိုက်ရတော့ သူ့မှာ တုန်လှုပ်သွားခဲ့တာ။ သူဌေးနဲ့ သူဌေးကတော်က ရုံးခန်းထဲမှာ တော်တော်လေးကို ကစားနေကြတာလား။
လင်အန်းက သူ့ရဲ့ အဝတ်တွေကို ကြည့်လေလေ၊ ရုံးခန်းထဲမှာ သူတို့နှစ်ယောက် ဖြစ်ခဲ့တဲ့ အရာတွေကို ပိုပြီး သိချင်လေလေ ဖြစ်သည်။ ဘာလို့ သူတို့ နှစ်ယောက်က အဝတ် လဲဖို့အတွက် လိုတာပါလိမ့်။
ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ကို ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ပတ်ဝန်းကျင် အခြေနေတွေက လွဲနေခဲ့သည်။ တကယ်လို့ ဒီဟာက တိတ်ဆိတ်နေမယ်ဆိုရင် သူက အဲ့အရာကို ဘယ်တော့မှ ယုံမှာ မဟုတ်ပါ။
ရွှီယန်ယုက မုချောင်ယွင်ပေါ်တွင် ထိုင်ကာ ခံစားချက်မဲ့နေသာ မျက်နှာဖြင့် အသားရည် ထိန်းသိမ်းသည့် စက်ကို သုံးဖို့ ကူညီပေးနေခဲ့သည်။ တကယ်လို့ သေသေချာချာ မကြည့်မိပါက ထိုယောက်ျား၏ လက်က သူမရဲ့ သွယ်လျတဲ့ခါးကို မရိုးသားစွာဖြင့် ဖက်ထားခဲ့သည်ကို ဘယ်သူမှ တွေးမိကြလိမ့်မည် မဟုတ်ပါ။
အထူးသဖြင့် ထိုလူကို ကြည့်ရတာ အတော်လေး လေးလေးနက်နက် ဖြစ်ကာ သူ့ရဲ့ ထိုအမူအရာဖြင့် ဘာတွေ တွေးနေလဲဆိုတာကို ပြောဖို့အတွက် ခက်ခဲလှသည်။
အတွေ့အကြုံရှိသူများနှင့် ပတ်သက်သည့် တိုက်ရိုက် ထုတ်လွှင့်မှုမှာ ယခုဆို တစ်လခွဲရှိပြီ ဖြစ်သည်။ အင်တာနက် အသုံးပြုသူ ဆယ်ယောက်၏ အသားရည် ပြောင်းလဲမှုများမှာ အတော်လေးကို အံ့ဩဖို့ ကောင်းသည်။ ပထမဆုံး နေ့ကနှင့် ယဥ်ကြည့်ပါက အခုပုံမှာ လုံးဝကို ကွဲပြားသွားသည်။ တကယ့်ကို တုန်လှုပ်ဖို့ကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။
အင်တာနက် အသုံးပြုသူ တစ်ယောက်သည် သူ ကမ်းခြေ သွားတုန်းက သူရခဲ့သည့် နေလောက်ကွက် အများစုသည် ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သိသာသော နေရာများတွင်လည်း ဘာအပြစ်အနာဆာမှ မရှိတော့ပါ။
ထိုပစ္စည်းကို သုံးလိုက်ခြင်းဖြင့် ရလာသော ရလဒ်မှာ တကယ်ကို အံ့မခန်းပင် ဖြစ်သည်။
မကြာမီ၊ အင်တာနက် အသုံးပြုသူများသည် PayPal ဆိုသည့် နေရာ၌ အွန်လိုင်းပေါ်တွင် သူတို့ အသုံးပြုခဲ့ကြသည့် လုပ်ငန်းစဥ်ကို ဝေမျှခဲ့ကြသည်။
“လွန်ခဲ့တဲ့ရက်တွေတုန်းက သုံးခဲ့တဲ့ ရလဒ်တွေကို အင်တာနက် အသုံးပြုတဲ့သူ အားလုံး ကျွန်မ တကယ် ချပြချင်ပါတယ်။ ပထမဆုံးနေ့က ကျွန်မ အသားအရည်ရဲ့ ပုံတွေကို အားလုံး ကြည့်နိုင်တယ်။ ကျွန်မမှာ နေလောင်ကွက်တွေ၊ အသားရည် ကြမ်းနေတာတွေ၊ ချွေးပေါက် ကျယ်တာတွေ၊ အနီကွက်တွေနဲ့ ဓာတ်မတည့်တာတွေ ရှိခဲ့ပါတယ်။ ကျွန်မမှာ အရေပြား ပြဿနာတွေမှ အများကြီးပါပဲ။ အခုဆို ကျွန်မမှာ ဘာမှ မလူးထားတဲ့ မျက်နှာကိုတောင် အတော်လေး ကျေနပ်မိတယ်။ ဒါတောင် ကျွန်မက အဲ့ပစ္စည်းတွေကို သုံးတာ ၁၅ရက်ပဲ ရှိသေးတာ။ အဲ့ဒါကို တော်တော်လေး သိသာနေပြီ။ တကယ်လို့ ကျွန်မက အဲ့ပစ္စည်းတွေကို ၂၁ ရက် ဒါမှမဟုတ် အဲ့ထက်ကြာအောင် ဆက်သုံးမယ်ဆိုရင် ကျွန်မရဲ့ အသားရည်က ပိုဖြူ၊ ပိုနူးညံ့ပြီး အပြစ်နာဆာ ကင်းလာမယ်လို့ ယုံတယ်။”
ကောမန့်ထဲရှိ အင်တာနက် အသုံးပြုသူများမှာလည်း ထိုပြောင်းလဲမှုကြောင့် မှင်သက်သွားခဲ့ကြသည်။ အားလုံး သိကြတဲ့အတိုင်း သူတို့က ထိုအင်တာနက် အသုံးပြုသူ လုပ်ခဲ့သည့် လုပ်ရိုးအတိုင်း လိုက်လုပ်ပြီး သူမရဲ့ပစ္စည်းကို သက်သေပြခဲ့သည်။ ထိုပြောင်းလဲမှုကြောင့် သူတို့ တကယ်ကို တုန်လှုပ်ခဲ့ကြရသည်။ အခုဆိုလျှင် ဒီရလဒ်က အပြောသပ်သပ်သာ မဟုတ်ဘူးဟု ပြောနိုင်သည်။ ထို့ပြင် လူအများကလည်း ရိုးရိုး အပြောပဲ ရှိသည်ဟု ထင်နေကြသည်။
အသက်အရွယ် တစ်ခုသို့ ရောက်နေပြီဖြစ်သော နောက်ထပ် အင်တာနက် အသုံးပြုသူ တစ်ယောက်သည် သူ့ရဲ့ မျက်နှာတွင် အရေးကြောင်းနှင့် အမဲစက်များ ရှိနေသော်လည်း အခုအခါတွင် ထိုအရာများက အတော်လေး ပျောက်သွားကာ နှစ်ပေါင်းများစွာ ငယ်ရွယ် နုပျိုသွားပုံရသည်။ ထိုပစ္စည်း စပြီး ထုတ်လုပ် ဖြန့်ချီကတည်းက တုန်လှုပ်စရာ ဖြစ်ရပ်များမှာ အချိန်တိုအတွင်း ဖြစ်သွားခဲ့သည်။ ထိုပစ္စည်းကို ဆက်သုံးမည် ဆိုပါက ပိုပြီးတောင် အံ့သြရဦးမည် ဖြစ်သည်။ ထိုပြောင်းလဲမှုများမှာ တကယ့်ကို မယုံနိုင်စရာပင် ဖြစ်သည်။
[ အဲ့ပစ္စည်းကို အသုံးပြုတဲ့ ရလဒ်က တကယ်ကို အံ့သြဖို့ ကောင်းတယ်လို့ ငါ ခံစားမိတယ်။ ရွှီယန်ယု့ လူတွေရဲ့ ရလဒ်တွေက တော်တော်လေးကို အကျိုးရှိတာပဲ။ ဒီပစ္စည်းက အသားရည်ကို ၃၀ ရာခိုင်နှုန်း ပိုကောင်းလာရုံတင် မကဘူး အရေပြား ပြဿနာတွေကိုပါ လုံးဝ ကောင်းသွားစေတဲ့ပုံပဲ။]
[ ဒီသုံးတဲ့သူတွေက လဝက်လောက်ပဲ သုံးပြီးတော့ တော်တော်လေးကောင်းတဲ့ ရလဒ်တွေကို ရသွားတာပဲ။ သူတို့က ဒါကို ဆက်ပြီးသာ သုံးမယ်ဆိုရင် အချိန်တစ်ခု သပ်သပ်ပဲ ဖြစ်နေတော့မှာ။ ကြည်လင် သန့်ရှင်းပြီး အပြစ်အနာဆာ မရှိတဲ့ အသားရည်ကို ပိုင်ဆိုင်ချင်တဲ့ အိပ်မက်က သိပ်ပြီး ကြာမှာ မဟုတ်တော့ဘူး။]
[ အဲ့ပစ္စည်းကို မင်းက မြန်မြန် ဝယ်ရင် မင်း မြန်မြန် ပျော်နိုင်လေ။ အခု ငါကတော့ ပစ္စည်းမှာဖို့ သွားနေပြီ။]
[ ဒါပေမယ့်လေ ဒီပစ္စည်းက ရောင်းကုန်သွားတာ ကြာလှနေပြီတဲ့။ အခုဆို အဲ့မှာ ရောင်းကုန်ပြီဆိုပြီး ပြထားတယ်။ ရှေ့ရက်တုန်းက ရှိနေတဲ့ချိန်မှာ ငါဘာလို့ မဝယ်မိခဲ့တာလဲဆိုပြီး တကယ်ကို နောင်တရမိတယ်။ အခုဆို အဲ့ပစ္စည်းက လုံးဝကို ရောင်းကုန်သွားပြီ။ ငါ တစ်ခါမှ ဒီလောက်ထိ နောင်တ မရဖူးဘူး။]
[ အဲ့ဒါက အရမ်း အသုံးဝင်တယ်ဆိုတာကို ငါသိခဲ့ရင် ပစ္စည်းတွေကို ဒီထက်ပိုပြီး ဝယ်ထားမိခဲ့သင့်တာ။ အဲ့ဒါက ရလဒ်ကောင်းတယ်ဆိုတဲ့ အချိန်မှာပဲ ဒီပစ္စည်းတွေက ရောင်းကုန်သွားလိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့မိဘူး။ ငါတကယ် အဲ့ပစ္စည်းတွေ ဝယ်ချင်လို့ပါကွာ။ ဒီထက်ပိုပြီး ထုတ်ပေးလို့ မရဘူးလားဟင်။]
ဘယ်သူမှ မမျှော်လင့်ထားသည့် အရာမှာ အစမ်းသုံးသည့် တိုက်ရိုက် ထုတ်လွှင့်မှု၏ ရလဒ်ကောင်းကြောင့် ၂၁ရက် မပြည့်ခင်မှာပဲ စိန်အလှဆီသည် ရောင်းကုန်သွားခဲ့သည်။ အခုဆိုရင် ဝယ်ယူသူကို ဝန်ဆောင်မှု ပေးသည့် သူများက ထိုပစ္စည်းများမှာ ရောင်းကုန်သွားပြီး နောက်ထပ် ဆယ်ရက်လောက်နေမှ ပစ္စည်း ပြန်ရမည် ဖြစ်ကြောင်းကို ပြန်လည် ပြောကြားခဲ့ရသည်။
ထိုအလှဆီကို ဝယ်ချင်သည့် အင်တာနက် အသုံးပြုသူများသည် ထပ်မံကာ တိုင်ကြားခဲ့ကြပြီး အထူးတလည် မလုပ်ပေးကြသည့်အတွက် ဝမ်းနည်းသွားခဲ့ကြသည်။ များစွာသော ပစ္စည်း တင်သွင်းသူများနှင့် အပြင်ဆိုင်များကလည်း အတူ ပူးပေါင်း ဆောင်ရွက်ရန် ပြောဖို့အတွက် လျိုယွိထံ ဆက်သွယ်လာခဲ့ကြသည်။ ခနအကြာမှာပဲ ပစ္စည်းပြတ်သွားပြီး ကြိုတင် မှာယူမှုများမှာလည်း အပြည့် ဖြစ်သွားခဲ့သည်။ လူတိုင်းကလည်း ပစ္စည်းများကို ဝယ်ယူဖို့အတွက် အလုအယက် ကြိုးပမ်းနေခဲ့ကြသည်။
ထိုအခြေနေမှာ လွန်ခဲ့သော လဝက်လောက်က ပစ္စည်း၏ အကျိုးရလဒ်ကို မေးခွန်းထုတ်ခဲ့ကြသည့် အခြေနေနှင့် လုံးဝကို ကွဲပြားခြားနားနေခဲ့သည်။
ဒီအချိန် ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ ဒါမှမဟုတ် ဒီအလှဆီပုလင်းရဲ့ ရလဒ်က ဒီလောက်ထိ ကောင်းနေလိမ့်မယ်လို့ မတွေးထားခဲ့မိတာလား။
တကယ်တမ်း ရွှီယန်ယုတွင် ပစ္စည်းများစွာ ရှိသော်လည်း ထိုပစ္စည်းကို ထုတ်ရောင်းသည်ထက် ပစ္စည်းများကို ထပ်ပြီး ဖြတ်တောက်လိုက်တာက ပိုကောင်းသောကြောင့် ဖြစ်သည်။ အခုချိန်တွင် ထိုပစ္စည်းများကို အင်တာနက် တစ်ခုလုံးပေါ်တွင် ဝယ်ယူ၍ မရနိုင်တော့ပါ။ အချို့သူများကလည်း အရင်တစ်ခေါက်က ရောင်းလိုက်သော ပစ္စည်းများကို စျေးတင်ကာ ရောင်းချခဲ့သော်လည်း ထိုအခြေအနေမှာ အတော်လေး ရှားသည်။
ပထမဆုံး စိန်အလှဆီကို ဝယ်ယူဖို့ တက်နိုင်သည့် သုံးစွဲသူများမှာ ငွေလိုနေသည့် သူများ မဟုတ်သည့်အတွက် သူတို့သည် ပိုက်ဆံရှာဖို့အတွက် အထူးတလည် မလိုအပ်ပါ။ ဒုတိယအနေဖြင့် ပစ္စည်း၏ မူလစျေးနှုန်းမှာ အလွန်မြင့်နေပြီ ဖြစ်ကာ စျေးနှုန်းက တက်သွားသည့်အခါ ပိုပြီးတောင် လက်မခံနိုင်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ပြန်လည် ရောင်းချသည့် ကိစ္စမျိုးမှာ သူမအတွက် ဘယ်တော့မှ ဖြစ်လာလိမ့်မည် မဟုတ်ပါ။
ရွှီယန်ယုက သင့်တော်သည့် အချိန်ရောက်ပြီဟု တွေးကာ ပြောရေးဆိုခွင့် ရှိသူများမှတစ်ဆင့် ထိုသတင်းများကို တရားဝင် ကြေညာဖို့အတွက် ဆုံးဖြတ်ခဲ့သည်။ ထိုအရာမှာ သူမအတွက်တော့ အရမ်းကြီးမားသည့် အပေးအယူ တစ်ခုတော့ မဟုတ်ပါ။ အရေးကြီးဆုံး အရာမှာ သူတို့ အရင်က ရိုက်ကူးထားခဲ့သော ကြေညာ၏ ခေါင်းစဥ် ဖြစ်သည်။
ကြေညာဗီဒီယိုထဲတွင် သုံးထားသည့် အလင်းရောင်မှာ အင်မတန် အနုပညာဆန်သည်။ ရွှီယန်ယု၏ ပြစ်မျိုးမှဲ့မထင် မျက်နှာတွင် လင်းထိန်နေသော အလင်းရောင်သည် လူများကို မှင်သက်သွားစေခဲ့သည်။ လူတစ်ယောက်က သူမနောက်ဘက်ရှိ မှောင်ပြပြဖြစ်နေသော အလင်းရောက်ဘက်မှ တဖြည်းဖြည်းချင်း ထွက်လာကာ သူမရဲ့ လက်များကို တင်းကြပ်စွာ ဆွဲကိုင်ထားပြီး သူ့ရဲ့လက်ဖြင့် သူမရဲ့ခါးကို ကိုင်ထားခဲ့သည်။ စိန်အလှဆီပုလင်းမှာ အလွန် နူးညံ့ကာ ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ တောက်ပနေသည်။
ထို့ပြင် ထိုပုလင်းက သူမရဲ့ နှင်းလို ဖြူဖွေးနေသည့် အသားရည်ထက်တောင် ပိုပြီး ဖြူနေပုံ ရသည်။
ကြေညာတစ်ခုလုံး၏ ဇာတ်ညွှန်းမှာ အတော်လေးကို တုန်လှုပ်ဖို့ ကောင်းနေခဲ့သည်။ ထိုကြေညာကို ကြည့်ပြီးနောက် သူတို့အတွဲ၏ အကြည့်များကြောင့် ဖြစ်ပေါ်လာသော ခံစားချက်များသည် အင်တာနက် အသုံးပြုသူများကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ ထိုကဲ့သို့ ရင်းနှီးမှုမျိုးသည် မျက်ဝန်းများမှတစ်ဆင့် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးသာ ထုတ်ပေးနိုင်သည့် ရင်းနှီးမှုမျိုး ဖြစ်သည်။ ထိုဗီဒီယိုကို ကြည့်ပြီးနောက် သူတို့သည် ထိုမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပါ။
[ ဒါက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ သူတို့ရဲ့ ခံစားချက်တွေကို အရမ်းကို ရိုးသားပြီး အဲ့ဒါတွေကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး။ သူတို့ရဲ့ ဘဝတွေထဲမှာ တစ်ယောက်အကြောင်းပဲ တစ်ယောက် ရှိနေတဲ့ ပုံပါပဲ။ ပြီးတော့ သူတို့ အချင်းချင်းပဲ ပြန်ပြီး ကယ်တင်နိုင်တော့မှာ။]
[ တကယ်တမ်းမှာ သူတို့ထဲက တစ်ယောက်က တကယ် သေတော့မှာမှာမလို့ လွမ်းဆွတ်နေတဲ့ ဝမ်းနည်းမှုမျိုးကို ငါတွေ့လိုက်ရတယ်။ သူတို့တွေ တစ်ယောက်ကို တစ်ယောက် တွေ့ရတာ ကံကောင်းတာပဲ။ သူတို့က တကယ်ကို ထူးခြားပြီး မရှိမဖြစ်တဲ့ သူတွေပါပဲ။ သူတို့နှစ်ယောက် အတူပြန်ရှိတဲ့ အခါမှပဲ သူတို့က ပျော်နိုင်တော့တယ်။]
[ အဲ့ဒါကို ဖတ်ပြီးတော့ ပစ္စည်းတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြီး ဖြည့်ပေးရမယ့် ကိစ္စကို ဆွေးနွေးကြတာပေါ့။ အဲ့ဒါကို ဝယ်ချင်တဲ့ သူတွေက သောကတွေရောက်ပြီး သေတော့မယ်။]
အင်တာနက် အသုံးပြုသူများသည် ရွှီယန်ယုထံ စာများ ချန်ထားခဲ့ကြပြီး အားလုံးက ပစ္စည်းများကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဖြည့်ပေးဖို့အတွက် ပြောနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူဌေးကိုယ်တိုင်ကတော့ အလျင်လိုနေသည့်ဟန် ပေါ်မနေခဲ့ပါ။ ထို့အပြင် အသုံးပြုသူများ ထွက်သွားကြမည်ကိုတောင် ပူပန်နေခြင်း မရှိခဲ့ပါ။
အင်တာနက် အသုံးပြုသူများကတောင် ရွှီယန်ယုသည် သူတို့ကို လှည့်စားဖို့ ကြိုးစားနေကြသည်ဟု ခံစားမိခဲ့ကြကာ သူတို့သည် သူမ၏ ခြယ်လှယ်ခြင်းကို ခံနေခဲ့ကြရသည်။
ရွှီယန်ယုသည် ချမ်းသာသော ရင်းနှီးမြှုပ်နှံကြသူများ၏ အပိုင်းသစ်တွင် ပါဝင်ခဲ့သည်။ ဒီတစ်ကြိမ် မတူတော့သည့် အရာမှာ ပတ်ဝန်းကျင် အခြေနေသည် အနည်းငယ် အေးအေးဆေးဆေး ရှိနေခဲ့သည်။
အခြားသော ဧည့်သည်များကလည်း ရွှီယန်ယု၏ ၂၁ရက်တာ အစမ်းသုံးသည့် ပွဲကိုတွေ့ပြီး အတော်လေး တုန်လှုပ်သွားသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့နောက်တွင် ပစ္စည်းများ ပြတ်သွားသည့် အခြေနေသို့ ရောက်ရှိသွားခဲ့သည်။
အထူးသဖြင့် လင်းဝမ်ရှု၏ မျက်နှာမှာ အကျဥ်းတန်ဆုံး ဖြစ်နေဟန် ရှိသည်။ သူ့မ၏ စိတ်ထဲတွင် ခံစားချက်များ ကောင်းမနေခဲ့ပါ။ တစ်ဖက်လူက ပြုလုပ်ခဲ့သည့် အသားရည် ထိန်းသိမ်းသည့် ထုတ်ကုန်မှာ လူများ အကြားတွင် ရေပန်းစားလာလိမ့်မည်ကို သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘဲ ရလဒ်များမှာလည်း တကယ့် အစစ်အမှန်တွေ ဖြစ်နေခဲ့သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလို စွဲလမ်းဖို့ကောင်းတဲ့ ရလဒ်မျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ။
ဒီမှာ သူမက ဘာတွေကို ဘယ်လို လုပ်ခဲ့တာလဲ။
လင်းဝမ်ရှုကြည့်ရတာ အတော်လေး စိတ်မချမ်းမြေ့ပုံ ရသည်။
ပွဲစီစဥ်သူသည် ရွှီယန်ယု၏ စိန်အလှဆီ ရောင်းရသည့် အချက်အလက်များကို ပြသခဲ့ပြီး ထိုသုံးစွဲသည့် အချက်အလက်များနှင့် အင်တာနက် အသုံးပြုသူတို့၏ မှတ်ချက်များကြောင့် အတော်လေး အံ့အားသင့်ခဲ့ရသည်။ အကြောင်းမှာ ရလဒ်များမှာ အတော်လေး ကောင်းကာ တကယ်ကို ဆွဲဆောင်နေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပဲ အဲ့ပစ္စည်းက ဘာလို့ အဲ့လောက်တောင် ကောင်းနေရလဲဆိုတာကို သိချင်မိနေခဲ့သည်။
လူတွေကြားထဲ ရေပန်းစားနေတဲ့ အသားရည် ထိန်းသိမ်းတဲ့ ပစ္စည်းတွေကရော တကယ် လုပ်နိုင်လို့လား။
“မစ္စရွှီရဲ့ အလှဆီတွေက ဘယ်လိုလုပ် ဒီလောက်တောင် သက်ရောက်မှု ရှိနေရတာလဲ။ သေချာပေါက် ဒီပစ္စည်းက အမျိုးသမီးတွေအတွက် သတင်းကောင်းပဲ။ တကယ်လို့ မစ္စရွှီကသာ ဒီလို တည်ငြိမ်တဲ့ ရလဒ်မျိုးကို ထိန်းထားနိုင်မယ်ဆိုရင် လူတွေအများကြီးရဲ့ လေးစားတာကို ခံရတော့မှာပဲ။”
ရွှီယန်ယုက ဘာစကားမှ မပြောဘဲ ပြုံးလိုက်ပြီး စိန်အလှဆီထဲတွင် ပါဝင်သည့် အဓိကပစ္စည်း များစွာကို ကြေညာခဲ့သည်။ “ကျွန်မအထင် အားလုံးလည်း အဲ့ပစ္စည်းတွေနဲ့ ရင်းနှီးပြီးသားလို့ ထင်ပါတယ်။ အဲ့ ပစ္စည်းတွေက တကယ်လည်း အရမ်းကို အာနိသင် ရှိတာပဲလေ။ ကျွန်မရဲ့ အသားရည်အတွက်လည်း အဲ့ပါဝင် ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ စကင်ကဲ ပစ္စည်းတွေကိုပဲ သုံးနေခဲ့တာပါ။ စိန်အလှဆီထဲမှာ အမြင့်ဆုံး ပါဝင်တဲ့ ပစ္စည်းတွေက ကြေးပြာရောင် အမိုင်နိုအက်ဆစ် ဓာတ်ပေါင်းတစ်မျိုးရယ်နဲ့ Bossin ဓာတ်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီပစ္စည်းတွေက အဖိုးအတန်ဆုံးနဲ့ သက်ရောက်မှု အရှိဆုံး ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီပစ္စည်းတွေက အချိန်တိုအတွင်း တည်ငြိမ်တဲ့ ရလဒ်တွေကို ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတဲ့ အကောင်းဆုံး အထောက်ပံ့ ပစ္စည်းတွေလည်း ဖြစ်တယ်။ စျေးနှုန်းကလည်း တစ်ရာ ဂရမ်ကို ဒေါ်လာ ထောင်ပေါင်းများစွာ ပေးရတယ်လေ။ ကုန်ကြမ်း ပစ္စည်းတွေကိုက ကမ္ဘာ့ထိပ်တန်း ပစ္စည်းတွေကိုပဲ သုံးထားတာ။ ပြီးတော့ ကျွန်မ ထိပ်တန်း သိပ္ပံပညာရှင် တစ်ယောက်ကိုလည်း ဖိတ်ထားသေးတယ်လေ။ အဲ့ဒါကြောင့် ဒီပစ္စည်းရဲ့ ရလဒ်က အရမ်းကို ကောင်းနေတာပေါ့။”