← Chapters

အခန်း (၆၇)

Vol. 6 Ch. 67

အခန်း (၆၇)

Vol. 6 Ch. 67

[ ရွှီယန်ယုက သူမရဲ့ live ထဲမှာ တစ်ရက်ထဲနဲ့ အသားရည် ထိန်းသိမ်းဖို့ ဒေါ်လာတွေ မီလီယံနဲ့ချီ အကုန်အကျခံပြီး ဒီပါဝင်ပစ္စည်းတွေ ပါတဲ့ စကင်ကဲတွေကို သုံးပြသွားခဲ့တာ ငါမှတ်မိသေးတယ်။ သူမ ပြောနေတာတွေက အမှန်တွေပဲပေါ့။ ထိပ်တန်း ပစ္စည်းတွေက တကယ်ကို အရမ်း စျေးကြီးလွန်းတာပဲ။ ဒီလို ပစ္စည်းတွေအတွက် ပိုက်ဆံသုံးဖို့က အရမ်း များလွန်းတယ်။ ကုန်ကြမ်းတွေကလည်း တော်တော်လေး ကောင်းတာပဲ။ အဲ့ဒါမှ ဘာသက်ရောက်မှု မရှိရင် နေက အနောက်ကနေတောင် ထွက်သွားဦးမယ်။]

[ တကယ်လည်း ညီမရွှီ လိမ်နေတာ မဟုတ်ဘူး။ သူမ အရင်ကလိုပဲ ရိုးရိုးကုပ်ကုပ်လေး နေနေပြန်ပြီ။ ငါတို့က လူချမ်းသာတွေလို တွေးဖို့ အရမ်းကို နုံအနေတုန်းပဲ ထင်တယ်။ ဒီ စိန်အလှဆီက အရမ်း စျေးကြီးသလို အရမ်းလည်း အကျိုးရှိတယ်လေ။ မင်း မဝယ်ရင်တော့ နောက်ကောက် ကျန်ခဲ့မှာပဲ။ မင်းချက်ချင်း အဲ့ဒါတွေကို ဝယ်ပြီး စင်ပေါ်မှာ သိမ်းထားသင့်တယ်နော်။]

ရွှီယန်ယု၏ ပါဝင်သည့် ပစ္စည်းများကို ပြောပြသည့် တိုက်ရိုက် ထုတ်လွှင့်မှုသည် အင်တာနက် တစ်ခုလုံးနှင့် အခြား ဧည့်သည်များကို တုန်လှုပ်သွားစေခဲ့သည်။ လင်းဝမ်ရှုနှင့် လျှိုကျိတင်းတို့သည် သူမက ရင်းနှီး မြှုပ်နှံဖို့အတွက် အတော်လေး ဆန္ဒရှိနေသည်ကို မမျှော်လင့်ထားခဲ့ကြပါ။ ပုံမှန် စီးပွားရေး လုပ်ငန်းများကို မြင်ပြီးသည့်နောက် သူတို့သည် ရွှီယန်ယုက ဒီတစ်ကြိမ်မှာတော့ အတော်လေး လေးလေးနက်နက်ရှိသည်ကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပါ။

သို့သော် စီစဥ်နေသည့် လုပ်ငန်းတွဲများကို အချိန်အတော်ကြာ ပြင်ဆင်ထားပြီး ဒီတစ်ကြိမ်မှာတော့ သူတို့သည် တကယ့် နေရာကို သတိထားမိခဲ့ကြခြင်း ဖြစ်သည်။

လျန့်ဖန်ကွေ့နှင့် ပိုင်တင်းယွင်တို့သည် ရွှီယန်ယု ဘရန်းရဲ့ မအောင်မြင်သေးသည့် အချိန် တစ်ခုကိုသာ မြင်ခဲ့ကြသည်။ ဒီလိုသာ သိုဝှက်ပြီး မနေဘူးဆိုရင် ဒီအရာတွေက ပိုပြီးကို အောင်မြင်လာလိမ့်မည်။

“ဂုဏ်ယူပါတယ်။”

သူတို့က မရိုးသောစိတ်ဖြင့် ဂုဏ်ပြုပေးပြီးနောက် ရွှီယန်ယုရဲ့အပြုံးက ပုံမှန်လိုမဟုတ်ဘဲ ပျော်နေခဲ့ပုံရသည်။

“မစ္စတာလျန့်၊ မစ္စ လင်း၊ မစ္စလျှို၊ မစ္စ ပိုင်။ အမတို့ရဲ့ အလုပ်တွေကရော ဘယ်လို အခြေနေရှိလဲ။ အခု အိမ်တွေက ရောင်းမထွက်ဘူးလို့ ကြားထားတယ်။ မစ္စလျှိုရဲ့ရင်းနှီးထားတဲ့ လုပ်ငန်းတွေက သိပ်ပြီး အဆင်မပြေဘူးဆို။ အကူညီတွေဘာတွေများ လိုသေးလား။ ကျွန်မက အိမ်ဝယ်ရင် အမြဲတမ်း ယွမ်ကို ၂၀၀ မီလီယံအထက်ပဲဆိုတော့လေ။ စျေးနည်းနေရင် ကျွန်မက တကယ် စိတ်မဝင်စားလို့ပါ။”

ရွှီယန်ယုက စကားပြောပြီးသည့်နောက် လျှိုကျိတင်း၏ မျက်နှာမှာ အတော်လေး အကျဥ်းတန်သွားခဲ့ပုံ ရသည်။ ရွှီယန်ယုပြောသည့် စကားများမှာ မှန်ကန်နေသည့်အတွက် သူမလည်း ငြင်းလို့ မရနိုင်ခဲ့ပါ။

အားလုံးအနက် လျန့်ဖန်ကွေ့ ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းမှာ အတော်လေး ကောင်းသည်။ လင်းဝမ်ရှုက ခနလောက် လူပြောများသွားခဲ့သော်လည်း မကြာခင်ကပဲ အကုန်ငြိမ်သွားကာ လုံးဝကို လူပြော မများတော့ပေ။ ထိုကိစ္စများသည် အလွန် အောင်မြင်နေသည့် ရွှီယန်ယုနှင့် ဘယ်လိုမှကို ယှဥ်လို့ မရနိုင်ပါ။

အင်တာနက် အသုံးပြုသူများသည် အခြား ဧည့်သည်များ အရှက်တကွဲ ဖြစ်ရသည်ကို မြင်လိုက်ရသောအခါ ရယ်မောခဲ့ကြသည်။

[ ညီမရွှီက လူတွေကို ဘယ်လို ဒေါသထွက်အောင် လုပ်ရမလဲဆိုတာ သိတာပဲ။ သူမကို ဘာလို့ အကြောင်းပြချက် မရှိဘဲနဲ့ သွားပြီး ဒေါသထွက်အောင် သွားဆွပေးနေရတာလဲ။ ဒီလူတွေက သူမနဲ့ တစ်တန်းတည်းမှ မဟုတ်နေဘူး။]

မျှော်လင့်ထားသလိုပဲ စိန်အလှဆီ ပစ္စည်းများ စျေးကွက်ထဲကို ပြန်ရောက်လာသောအခါ မရေမတွက်နိုင်သော အင်တာနက် အသုံးပြုသူများက ချက်ချင်းကို ဝယ်ယူခဲ့ကြသည်။ အကြောင်းမှာ အချိန်အတန်ကြာ ပစ္စည်းပျက်နေရာမှ ဖြစ်လာသည့် အခက်အခဲများသည် နောက်ဆုံးတော့ အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။ ပစ္စည်း ၁၀၀,၀၀၀ ကျော်ကို ပြင်ဆင်လာခဲ့သော်လည်း မြန်မြန်ပဲ ရောင်းကုန်သွားခဲ့သည်။

ရွှီယန်ယုသည် သူမလက်ထဲရှိ စာရင်းများ ကုန်သွားသည့်နောက် သူမ အလွန် ပျော်သွားခဲ့သည်။ သူမသည် အလုပ်ရှုပ်နေရာမှ အနားယူနိုင်ပြီ ဖြစ်ကာ နိုင်ငံခြားသို့ သွားမည့် လက်မှတ်နှစ်စောင်ကို ဝယ်ကာ မုချောင်ယွင်၏ ခေါင်းအုံးအောက်တွင် တိတ်တဆိတ် ထားပေးခဲ့သည်။ သူမဒါကို ဘယ်လို လုပ်လိုက်တာလဲ။

နောက်တစ်နေ့ ချမ်းသားသော ရင်းနှီး မြှုပ်နှံကြသူများ ရသစုံရှိုးအတွက် ဥက္ကဌမုက ပြင်ဆင်နေသည့်အခါ သူ့မျက်နှာက အပြုံးကြောင့် ပွဲစီစဥ်သူနှင့် အခြား ဧည့်သည်များသည် ရယ်ချင်လာကြသည်။ ထိုအပြုံးသည် ဖော်ဖော်ရွေရွေ ရှိသလို ကျောခမ်းစရာလည်း ကောင်းနေခဲ့သည်။

အကြောင်းမှာ အချိန်အများစုတွင် သူ့မျက်နှာမှာ အေးတိအေးစက် ဖြစ်နေခဲ့သည်။ သူဒီလိုပြုံးတာ ဘယ်တုန်းကများ မြင်ဖူးလို့လဲ။

ထိုပွဲတွင် မုချောင်ယွင်သည် ခနလာသည့် ဧည့်သည် အဖြစ် ပါဝင်လာခဲ့သည်။ ရွှီယန်ယုသည် သူပါဝင်သည့် အပိုင်းတွင် ရှိမနေသည့်အတွက် အင်တာနက် အသုံးပြုသူများက သူ့ကိုပဲ အာရုံစိုက်ခဲ့ကြသည်။

မစ္စတာမု၏ ခံစားချက်များ ကောင်းနေသည်မှာ အလွန် သိသာသည်။ သူအရင်က အခုလို ခံစားချက်များ မကောင်းနေခဲ့ပါ။ အင်တာနက် အသုံးပြုသူများသည် သူစိတ်ကောင်းဝင်နေရသည့် အကြောင်းမှာ ရွှီယန်ယုနှင့် တိုက်ရိုက် ပတ်သက်နေမည်ဟု ခံစားခဲ့ကြသည်။ အကြောင်းမှာ သူ့ရဲ့ ခံစားချက်များသည် ရွှီယန်ယု တစ်ယောက်တည်းကြောင့်သာ သက်ရောက်မှု ရှိသည်။ သူမသည် အခြား ခံစားချက်များကို ထိန်းနိုင်သည့် သူထက်ကိုတောင် ပိုပြီး သက်ရောက်မှု ရှိနေခဲ့သည်။

[ မစ္စတာမု ပြုံးတာကို မြင်လိုက်ကြလား။ သူက ပြုံးခဲတယ်။ ပြီးတော့ လေးလေးနက်နက်နဲ့ ရှိနေတဲ့ အချိန်အများစုမှာမှ ပြုံးတာလေ။ ဒီလိုမျိုး ပြုံးတာကတော့ ရှားရှားပါးပါးပဲ။ ကောင်းတဲ့အရာ တစ်ခုခုများ ဖြစ်သွားလို့လား။]

ဧည့်သည်များ အားလုံးအနက်တွင် မုချောင်ယွင်သည် အချမ်းသာဆုံးနှင့် ဂုဏ်အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူသည် အံ့သြဖို့ကောင်းသည့် မရေမတွက်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေး လောကထဲတွင် သူ့ကို “ရင်းနှီး မြှုပ်နှံခြင်းရဲ့ နတ်ဘုရား” ဟူသည့် ဂုဏ်ပုဒ်ကိုတောင် ပေးထားခဲ့ကြသည်။ သူလုပ်လိုက်သည့် လုပ်ငန်းတိုင်းမှာ မအောင်မြင်ဘူး ဆိုပြီး မရှိခဲ့ဖူးပါ။ ပြီးခဲ့သော တစ်ခေါက်က လုပ်ငန်းကောင်း တစ်ခုဖြစ်သည့် အချစ်စစ် ကော်ဖီမှာ နမူနာ ကိစ္စတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော လုပ်ငန်းမျိုးသည် အောင်မြင်ဖို့အတွက် မလွယ်ကူပေ။

ထို့ကြောင့် မစ္စတာမု၏ ချဥ်းကပ်ပုံမှာ အတော်လေး လေးစားဖို့ ကောင်းပြီး ဒီတစ်ကြိမ်မှာရော သူသည် ဘယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဦးမလဲဆိုတာကို လူများက မျှော်လင့် စောင့်စားနေကြသည်။

“အောင်မြင်နေတဲ့ လူတစ်ယောက်အကြောင်းကို ကြားပဲ ကြားနေရတာထက် အပြင်မှာ ဆုံတွေ့ရတာက ပိုကောင်းပါတယ်။ မစ္စတာမုက တကယ်ကို အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ သူပဲ။ အဲ့ဒါကြောင့် သူက ဒီလို ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမှာ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေ ရှိကို ရှိလိမ့်မယ်။ မစ္စမုက ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲဆိုတာ သိပါရစေ။”

ပွဲစီစဥ်သူက မျှော်လင့်ချက် ကြီးစွာဖြင့် မေးခဲ့သည်။ မစ္စတာမု မျက်စိကျနေသည့် လုပ်ငန်းတစ်ခုသည် သင့်တော်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ ထိုလုပ်ငန်းမှ ငွေရှာလို့ ရလိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပါ။

အခြားဧည့်သည်များနှင့် အထူးသဖြင့် ရွှီယန်ယုနှင့် မရင်းနှီးသည့် လင်းဝမ်ရှုသည် မုချောင်ယွင်၏ အရှေ့တွင် တော်တော်လေးကို တိတ်ဆိတ်နေခဲ့သည်။ ထို့အပြင် အင်တာနက် အသုံးပြုသူများသည် သူမ စကားသိပ်မပြောသည်ကို သတိထားမိခဲ့ကြသည်။

အခြားသူများမှာလည်း အတော်လေးကို တိတ်ဆိတ်နေခဲ့သည်။ ဥက္ကဌမု၏ သြဇာအာဏာမှာ သိသိသာသာကို လွှမ်းမိုးထားခဲ့သည်။ လျန့်ဖန်ကွေ့ရဲ့ သြဇာကတောင် သူ့ရှေ့ရောက်ရင် မှေးမှိန်သွားခဲ့ပြီး သူက ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုးတောင် ရှိမနေတော့ပါ။

ထို့ပြင် ဒီလို အခြေအနေမျိုးမှာ ပုံမှန်မဟုတ်ဘူးလို့ လူတိုင်းလည်း ခံစားခဲ့ကြရသည်။ ဥက္ကဌမု၏ ဩဇာ အာဏာမှာ ဧည့်သည်အားလုံးကို ခြိမ်းခြောက်ဖို့အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူ့ရဲ့ မျက်လုံးကို ကြည့်ရန် သတ္တိရှိဖို့ လိုသည်။

[ မစ္စတာမုရဲ့ အာဏာစက်က ပြင်းလှချည်လား။ သူ့မိန်းမ ဘေးမှာ ရှိတဲ့ချိန်နဲ့ အခြားသူတွေဘေးမှာ ရှိတဲ့အချိန် သူပြုမူတဲ့ အပြုအမူတွေက လုံးဝကို တစ်ခြားစီပဲ။ တကယ့်ကို ကွာခြားချက်ကြီးပါပဲကွာ။]

[ သူဌေးမုက တကယ့်ကို ကြောင်သူတော် ကြွက်သူခိုးပဲ။ ရွှီယန်ယုအတွက်ပဲ မှန်မှန်ကန်ကန် နေပေးတာ။ အဲ့မတိုင်ခင် စုံတွဲ live မှာတုန်းကကျ အရမ်းကို နူးညံ့ပြီး သူက ဒေါသကို မထွက်ဖူးဘူး။ အခုတော့ သူ့ဘေးက လူတွေက သူ့ကို ကြောက်လွန်းလို့ အသက်တောင် မရှူရဲဘူးလို့ ငါခံစားမိတယ်။]

[ မစ္စတာလျန့်က အဆင်ပြေတယ်လို့ ငါအမြဲ ခံစားမိနေတာ။ ဒါပေမယ့် ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာကျ သူက မစ္စတာမုကို လုံးဝကို ယှဥ်လို့မရဘူး။ သူက တော်တော်လေး နောက်ကောက် ကျန်ခဲ့ပြီလို့ ခံစားရတယ်။

[ သူဌေးမုရဲ့ သြဇာအာဏာက တကယ်ကို့ လွှမ်းမိုးလွန်းတာပဲ။ သူ့ရှေ့ရောက်ရင် ငါလည်း နည်းနည်းတော့ ကြောက်မိတယ်ဟ။]

[ သူ့ရဲ့ စရိုက်က တကယ်ကို ထူးခြားတာပဲ။]

မုချောင်ယွင်က ခနတာ တွေးတောကာ ပြောခဲ့သည်။ “ကျွန်တော်ကတော့ သိပ်မကြာသေးခင်ကမှ ခရီးသွား လုပ်ငန်းကို ရင်းနှီး မြှုပ်နှံချင်လာတာ။ ဒါက အခုချိန်မှာ ကျွန်တော် အလုပ်ချင်ဆုံး အရာပါပဲ။”

ထိုစကားကို ပြောပြီးနောက် ဧည့်သည်များသည် မှင်သက်သွားခဲ့ပြီး ပွဲစီစဥ်သူမှာလည်း ထိုအဖြေကြောင့် အနည်းငယ် အံ့ဩသွားခဲ့ရသည်။ “မစ္စတာမုက ခရီးသွား လုပ်ငန်းမှာ ရင်းနှီး မြှုပ်နှံချင်တာပဲ။ မစ္စတာမုမှာ သေချာတဲ့ အစီအစဥ်ရှိလို့လား။ အဲ့ဒါက ပြည်တွင်း ခရီးသွားလုပ်ငန်းလား။ ပြည်ပ ခရီးသွား လုပ်ငန်းလား။”

“ကျွန်တော် ကမ္ဘာအနှံ့ ခရီးသွားလို့ရတဲ့ လမ်းကြောင်း တစ်ခုကို ဖွင့်ပေးမှာမလို့ အားလုံးကို စာရင်းသွင်းဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ ခရီးသွားတွေရဲ့ တောင်းဆိုချက်တွေအရ ကျွန်တော်တို့က အံ့သြစရာတွေကိုလည်း အထူး ပြုလုပ်ပေးဦးမှာပါ။ တကယ်လို့ တစ်ခုခုကို ကြိုက်လို့ လိုချင်တယ်ဆိုရင် အဲ့အရာကို ခရီးတစ်လျှောက်မှာ အတွေ့အကြုံ ယူသွားလို့လည်း ရပါတယ်။ ခရီးသွားတွေကို အကောင်းဆုံး အတွေ့အကြုံတွေ ပေးဖို့က ကျွန်တော့်ရဲ့ အစီအစဥ်ပါ။”

ထိုစကားကို ကြားပြီးနောက် အခြားများသည် ဒီစကားကို ပြောလိုက်သည့်သူမှာ မုချောင်ယွင်မှ ဟုတ်ရဲ့လားဟု တွေးခဲ့ကြသည်။ သူတို့သည် ထိုကိစ္စက တကယ်ကို တုံးအလွန်းသည်ဟု တွေးကြလိမ့်မည် ဖြစ်သည်။ သို့သော် ထိုအကြောင်းကို တွေးပြီးသည့်နောက်တွင် သူတို့သည် တကယ် မယုံနိုင်စရာကောင်းသည့် အရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။

ထိုကဲ့သို့သော ကိစ္စမျိုးသည် တကယ်ကို စိတ်ကူးယဥ် ဆန်လွန်းသည်။ ထိုလုပ်ငန်းမှာ တကယ်တမ်းတွင် သုံးဖက် သုံးနံရံလုံး၌ ရင်းနှီးမြှုပ်နှံရသည့် လုပ်ငန်းမျိုး ဖြစ်သည်။ ထိုလုပ်ငန်းက မဖြစ်နိုင်ဘူးဟု ခံစားမိခဲ့ကြသည်မှာ ငွေကုန်ကြေးကျ အရမ်းများပြီး အရဲစွန့်ရလွန်းသော အရာတစ်ခုလည်း ဖြစ်သည်။

“မစ္စတာမုက တကယ်ကို အတင့်ရဲတာပဲ။ သူရင်းနှီးခဲ့တဲ့ လုပ်ငန်းကလည်း တော်တော်လေး ထူးခြားတယ်လေ။ အဲ့ဒါကို လူတွေက တွေးမိကြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခရီးသွားလုပ်ငန်းက အရမ်းကို စွန့်စားရပြီး ရင်းနှီးရမယ့် အရာတွေကလည်း အများကြီးပဲလေ။ ပြီးတော့ ဒါက လူတွေ မစမ်းကြည့်ရဲတဲ့ လုပ်ငန်းတစ်ခုပဲ။”

ထိုအသံမှာ အဆင်ပြေပုံရသော်လည်း သေချာ နာထောင်ကြည့်ပါက သူက ခရီးသွား လုပ်ငန်းမှာ ရင်းနှီးဖို့အတွက် ယုံကြည်မှု ရှိမနေဘူးဆိုတာကို တွေ့မြင်နိုင်သည်။

ဒီစကားကို ပြောတဲ့သူက မုချောင်ယွင် မဟုတ်ဘူးဘဲ ဒီလိုအကြံမျိုး အခြား ရင်းနှီးမြှုပ်နှံတဲ့ ဧည့်သည်ဆီကသာ ထွက်လာမယ်ဆိုရင် သူကတော့ ဟိုးအရင်ကတည်း အလှောင်ခံနေရမယ်ဆိုတာကို ငါတော့ ယုံတယ်။

အထူးသဖြင့် လျန့်ဖန်ကွေ့သည် သူ နားကြား မှားသွားလားဟုတောင် ခံစားခဲ့ရသည်။ သူက မုချောင်ယွင်ကို အရမ်းများ မျှော်လင့်ထားခဲ့တာလား။ သူက ဒီလို တုံးအတဲ့ ရင်းနှီး မြှုပ်နှံတဲ့ လုပ်ငန်းကို လုပ်တဲ့ တစ်ယောက်တည်းသော သူလား။ သူ့ရဲ့ လက်အောက်မှာဆိုရင် ဒီလုပ်ငန်းကလည်း အကျိိုးအမြတ် ရကောင်း ရနိုင်သည်။ ထို့ပြင် ထိုလုပ်ငန်းတွင် ပိုက်ဆံများ ဆုံးရှုံးရမှာတော့ မဟုတ်ပေမယ့် ငွေရှာဖို့ကလည်း မဖြစ်နိုင်ပါ။

သာမန် ရင်းနှီး မြှုပ်နှံသူများအတွင် ဝင်ငွေနည်းမည်မှာ ပုံမှန် ဖြစ်သော်လည်း သူတို့လို ချမ်းသာသည့် သူများ အတွက်တော့ အရှုံးများထဲမှ အရှုံးတစ်ခုသာ ဖြစ်သည်။ သူတို့က ရင်းနှီးမြှုပ်နှံမှုတွင် ငွေများစွာ သုံးပြီးမှ ဘာပိုက်ဆံမှ ပြန်မရှာနိုင်ဘူးဆိုရင် တကယ့်ကို ရယ်စရာ ဖြစ်နေလိမ့်မည်။

လျန့်ဖန်ကွေ့က လှောင်ရယ်လျက် “အဲ့လိုဆို ဥက္ကဌမုရဲ့ ရလဒ်တွေကို ကျွန်တော် စောင့်ကြည့်နေပါ့မယ်။”

ထိုစကားကို ကြားလိုက်သည့်အခါ မုချောင်ယွင်က သူ့ကို ရုတ်တရက် ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ ဓားတစ်ချောင်းကဲ့သို့ ချွန်ထက်နေသည်။ သူ့ကို တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူက သူ့လည်ပင်းကို ညှစ်လိုက်သလို ဘာစကားမှ မပြောနိုင်သည့်အလား ဖြစ်သွားခဲ့ရသည်။

“ကိုယ့်အလုပ်ပဲ ကိုယ်စိတ်ဝင်စားပါ။”

ထိုစကားလုံးများမှာ အတော်လေး အေးတိ အေးစက်ဖြစ်ကာ ကျောချမ်းဖို့ ကောင်းနေခဲ့သည်။ ဘယ်သူကမှ စကားမပြောရဲတော့သလို ပြောဖို့လည်း ခွန်အား မရှိကြတော့ပါ။ အကြောင်းမှာ ထိုအခြေအနေတွင် မုချောင်ယွင်၏ သြဇာအာဏာမှာ ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းသည်ကို အင်တာနက် အသုံးပြုသူများက သိနေခဲ့ခြင်းကြောင့် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ထိုချမ်းသာပြီး အထက်စီးဆန်သည့် သူများသည် အထက်တန်းနေရာတစ်ခုတွင် အောင်မြင်နေကြသူများ ဖြစ်သော်လည်း အခုချိန် မုချောင်ယွင်၏ အနားတွင် ဘာအသံတစ်သံကိုမှတောင် မထွက်ရဲခဲ့ကြပါ။ ထို့ကြောင့် အခုအခြေနေမှာ လုံးဝကို ရှင်းရှင်းလင်းလင်း ဖြစ်နေခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဥက္ကဌမုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောခဲ့သည်။ “မင်း ဘာတွေ တွေးနေလဲဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အခုချိန်မှာ မင်း ဘာပြောပြော အလကားပဲ။ အချိန်က ပြောပြသွားလိမ့်မယ်။”

ထိုစကားကို ပြောပြီးသည့်နောက်တွင် တင်းမာနေသည့် အခြေနေမှာ ရုတ်တရက်ဆိုသလို ပြေလျော့သွားခဲ့ပြီး လူတိုင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချခဲ့သည်။

[ တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။ ဥက္ကဌမု ဒေါသထွက်တဲ့ချိန်က တော်တော်လေး ကြောက်စရာကောင်းတယ်။ ဘယ်သူမှတောင် စကား မပြောရဲဘူး။]

[ အဲ့ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်လို့ ခံစားမိတယ်ကွာ။ သေချာတယ်၊ သူရှေ့မှာဆို ငါ ဘာစကားမှ ပြောနိုင်မှာ မဟုတ်လောက်ဘူး။ ညီမရွှီက သူနဲ့ ဘယ်လိုတောင် နေနေတာလဲ။ သူမက မကြောက်ဘူးလား။]

[ သေချာတာပေါ့။ ငါကြောက်တယ်လေ။ အဲ့လိုမှ မဟုတ်ရင် ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် ဓားကို ဆောင်ထားရမှာလဲ။ မစ္စတာမုကတော့ အဲ့လိုတွေကို ကြိုက်ပုံပဲ…]

ရှိုးပြီးသွားသည့်နောက် မုချောင်ယွင်အား ခရီးသွား လုပ်ငန်းအကြောင်းကို မေးချင်သည့် သတင်းထောက် များစွာတို့သည် အပြင်မှာ ရှိနေခဲ့ကြသည်။ ငွေကြေး ချမ်းသာသည့် သူဌေး မုချောင်ယွင်က ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည့် သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ဒီသတင်းကို ဘယ်လိုလုပ် သတင်း မယူဘဲ နေနိုင်ပါ့မလဲ။

သို့သော် မုချောင်ယွင်က သတင်းထောက် အားလုံး ငြင်းဆိုခဲ့သည်။ သူက အချိန်ကိုကြည့်ကာ ကားသမားအား လေဆိပ်သို့ မြန်မြန်မောင်းရန် ပြောခဲ့သည်။

သတင်းထောက်များက သူ အလုပ်ကိစ္စအတွက် လေယာဥ်အမှီ သွားနေသည်ဟု တွေးခဲ့ကြသော်လည်း ထိုအရာကို သူလေဆိပ်ကို ရောက်သည့်အခါ တစ်ယောက်ယောက်က မစ္စတာမု၏ပုံကို မရိုက်ခင် အထိသာ တွေးခဲ့ကြသည်။

ပန်းပွင့်ပုံစံရှိသည့် အရောင်တောက်တောက် ဂါဝန်အရှည်ကို ဝတ်ထားသည့် အလှပဂေးလေးမှာ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသည်။ သူမ၏ ဆွဲဆောင်မှုရှိပြီး နူးညံ့ပုံစံမှာ ဖြတ်သွားသည့် သူတိုင်းကို ဆွဲဆောင်နေသည်။ ရွှီယန်ယု၏ ပုံစံမှာ အတော်လေးကို လှပလွန်းသည်။

ရွှီယန်ယုက ပန်းချီကားထဲမှ ထွက်လာသလို တိတ်တဆိတ် ရပ်နေခဲ့သည်။ သူမ၏ လှပ နူးညံ့သော မျက်လုံးများက မျက်တောင်ခတ်ကာ အနည်းငယ် ထက်မြက်သည့်ပုံစံကို ပြသနေသည်။ အမျိုးသားက သူမဆီ လာဖို့ မစောင့်နိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမရဲ့ နှုတ်ခမ်းများတွင် လှပသည့် အပြုံးလေးတစ်ခုက ပွင့်လန်းလာခဲ့သည်။

နဂိုက မစ္စတာမု၏ ပုံစံမှာ အေးတိအေးစက် ဖြစ်သော်လည်း သူက ရွှီယန်ယုကို မြင်လိုက်သောအခါ ရေခဲတုံးကြီးမှာ ချက်ချင်းပဲ အရည်ပျော်သွားခဲ့သည်။ သူ့ရဲ့ လေးနက်ပြီး သိမ်မွေ့သော မျက်လုံးထဲတွင် သူမက နေရာအပြည့်ယူသွားပြီး သူရဲ့ ညင်သာမှုထဲကို လူတွေအား နစ်ဝင်သွားစေခဲ့သည်။ အခုလေးတင် ရှိုးမှာ ရိုက်ကူးရေး လုပ်နေခဲ့သည့် အချိန်နှင့် ယှဥ်ကြည့်ပါက လုံးဝ မတူညီသည့် လူနှစ်ယောက်လို ဖြစ်နေခဲ့သည်။

အင်တာနက် အသုံးပြုသူများသည် သရုပ်ဆောင်တဲ့သူ အစားထိုး ခံလိုက်ရတယ်ဟုတောင် တွေးမိခဲ့ကြသည်။

ဒါ အရင်က ဥက္ကဌမုနဲ့ တစ်ယောက်တည်းပဲမလား။ အံ့သြဖို့ ကောင်းလိုက်တာ။

ဒီအတွဲက လေဆိပ်မှာ လာတွေ့တယ်ဆိုတာက သူတို့ အတူတူ ခရီးထွက်ချင်နေလို့လေ။ မကြာခင် သူတို့ ထွက်ခွာတော့မည့် လေကြောင်းလမ်းအကြောင်းကို အွန်လိုင်းပေါ်တွင် တင်ခဲ့ပြီး သူတို့ကလည်း မြို့ Y သို့ သွားနေကြပြီ ဖြစ်သည်။

All Chapters