အခန်း (၆၈)
Vol. 6 Ch. 68
ရွှီယန်ယုသည် သူမ၏ ဆိုရှယ်အကောင့်တွင် ပုံတစ်ပုံကို မြန်မြန် တင်လိုက်သည်။ ထို့နောက် အင်တာနက် အသုံးပြုသူများက တကယ်ကြီး သူတို့အတွဲ ခရီးသွားနေသည်ကို တွေ့လိုက်ရသောအခါ အံ့သြခဲ့ကြရသည်။
[ ကယ်ပါဦး။ သူတို့က သူတို့ရဲ့ အချစ်တွေကို ဒီလိုမျိုး ထုတ်ပြနေကြတာလား။ ခရီးသွား လုပ်ငန်းမှာ ရင်းနှီးတာက သမာရိုးကျ မဟုတ်ဘူးဆိုတာ သိလိုက်ပါပြီ။ မိန်းမနဲ့အတူ ခရီးထွက်ချင်လို့ ပိုက်ဆံတွေ သုံးလိုက်တာပဲ။]
[ ဒါကြီးက တကယ်ကို ကြောက်စရာပဲ။ မစ္စတာမုကို ဟင်းသီး ဟင်းရွက်တွေ စားဖိူ့ ပို့ပေးလိုက်ကြပါဦး။ ခရီးလေး တစ်ခုထဲအတွက် ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကြီးမှာ ရင်းနှီးလိုက်တာပဲ။ ငါပြောချင်တာကကွာ ဒီလိုကိစ္စအတွက်က ဒီလောက်ထိ မလိုအပ်ဘူးလေ။]
[ မစ္စတာမု - ငါက ခရီးသွား လုပ်ငန်းမှာ ရင်းနှီးချင်တာ။ ငါ့စိတ်ထဲမှာက ငါ့မိန်းမကို ဖက်ပြီး သူမကို လက်ဆောင်တစ်ခု ပေးချင်လို့ပဲ။ ဟမ်၊ ငါက ငါ့မိန်းမနဲ့အတူ ခရီးထွက်ရတာကို အကြိုက်ဆုံးပဲလေ။]
[ ငါတော့ အဲ့ဒါကို မကြည့်နိုင်တော့ဘူး။ အားး။ ဒါက အရမ်းကို ကြည်နူးဖို့ ကောင်းတာပဲ။ ငါတော့ သေပါပြီဟာ။ ဒီလိုလူက စီးပွားရေး လုပ်နေတဲ့ အချိန်မှာတောင် သူ့မိန်းမကို မမေ့ထားဘူး။]
[ ရိုးရိုးသားသား ပြောရရင် မစ္စတာမုက ရက်စက်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ နည်းလမ်းတွေက သွေးအေးအေးပြီး မဖော်ရွေဘူးလို့ သတ်မှတ်နိုင်တယ်လေ။ ဒါပေမယ့် အခုတော့ သူက ခံစားချက်တွေနဲ့ အသက်ရှင်နေတဲ့ လူကျနေတာပဲ။ သူ့ရဲ့ အလုပ်မှာက အစီစဥ်တွေ ရှိနေတယ် ဆိုပေမယ့် သူ့ဘဝအတွက် အရေးအကြီးဆုံး အစီအစဥ်တိုင်းကတော့ ရွှီယန်ယုပဲနေမှာ။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေက အောင်မြင်သွားတဲ့ အခါမှာတောင် သူ့မိန်းမက သူ့ရင်ထဲမှာ ရှိနေတဲ့ပုံစံမျိုး လုပ်နေတာလေ။ ဒါက အရမ်းကို ကြည်နူးဖို့ ကောင်းတာပဲ။ ဒီလူက တကယ် ကောင်းတဲ့သူပဲ။]
အင်တာနက် အသုံးပြုသူများသည် မုချောင်ယွင်၏ ကြည်နူးစရာများထဲတွင် နစ်မြောသွားကြပြီး ခရီးသွား လုပ်ငန်းနှင့် ပတ်သက်လို့ မစ္စတာမုက ဘာဆက်လုပ်မယ်ကို စောင့်ကြည့်နေကြသည်။ ရွှီယန်ယုက ဘေးနားမှာရှိနေပါက ထိုအရာတွေက သေချာပေါက် အံ့ဩစရာများ ဖြစ်သွားလိမ့်မည်။
နာရီအနည်းငယ် စောင့်ပြီးသည့်နောက်တွင် လေယာဥ် ဆိုက်ကာ သူတို့အတွဲလည်း ဟိုတယ်သို့ ရောက်ရှိခဲ့သည်။
သူတို့နှစ်ယောက်လုံးသည် သူတို့ရဲ့ လူမှုကွန်ယက် အကောင့်များကိုဖွင့်ကာ သူတို့ရဲ့ နေ့စဥ်ဘဝကိုတွေကို ပြသသည့် တိုက်ရိုက် ထုတ်လွှင့်မှုကို စတင်ခဲ့သည်။ သူတို့သည် သူတို့ရဲ့ အထုတ်အပိုးများကို ဖြည်ခဲ့သည်။ ဗီဒီယိုထဲတွင် သူမသည် နေ့စဥ်သုံး ပစ္စည်းများကို သူမရဲ့ ခရီးဆောင်အိတ်ထဲမှ ထုတ်နေခဲ့သည်။ အခန်းမှာ ဇိမ်ရှိအောင် ပြင်ဆင်ထားပြီး အခန်း အပြင်အဆင်မှာ တော်တော်လေးကို ထူးခြားသည်။ သို့သော် အဲ့ဒါက အရေးကြီးသည့် အရာတော့ မဟုတ်ပါ။ သူတို့ရိုက်ကူးနေသည့် ဘေးပတ်လည်တွေ ဆူညံသံအချို့ကို ကြားနေခဲ့ရပြီး အင်တာနက် အသုံးပြုသူများက ထိုအသံမှာ ဥက္ကဌမု ထပ်ပြီး ရိုက်ကူးရေး လုပ်နေသည့် အသံလို့ ထင်နေကြသည်။
ရုတ်တရက်ဆိုသလို ရွှီယန်ယုက သူ့ခရီးဆောင် အိတ်ထဲမှ ဗူးလေးတစ်ဗူးကို ထုတ်လိုက်သည့်အခါ ထိုအထဲမှ ငွေရောင် ပစ္စည်းလေးတစ်ခု ထွက်ကျလာခဲ့သည်။
လူတစ်ယောက်၏ ဆွဲဆောင်မှုရှိသည့် အော်သံတစ်သံမှာ ရုတ်တရက်ဆိုသလို ထွက်လာခဲ့သည်။
စခရင်ပေါ်မှာ မြင်လိုက်ရတဲ့ သူတို့တောင်မှ အံ့ဩသွားသည်။
ပြုတ်ကျသွားသည့်အရာကို အင်တာနက် အသုံးပြုသူများက မြင်လိုက်ရသောအခါ သူတို့ရဲ့ မျက်လုံးများ ထွက်ကျတော့မည့်အလား တုန်လှုပ်သွားခဲ့ကြသည်။ အကြောင်းမှာ ထွက်ကျလာသည့် အရာမှာ လိင်စိတ် နိုးကြွလာစေသည့် လက်ထိပ်တစ်စုံ ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
သူတွေးနေတာက ဒါကို သူဘယ်လို သုံးရမှာလဲ။ ဘယ်သူ့အတွက် သုံးရမှာလဲ။ ဘယ်အချိန်မှာ သုံးရမှာလဲ ဆိုတာပဲ။
အင်တာနက် အသုံးပြုသူများက အံ့အားသင့်စွာ ပြောခဲ့ကြသည်။
[ ဒါကြီးက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ မင်းတို့နှစ်ယောက်က တစ်ကယ့် ကောင်တွေပဲကွာ။]
ငွေရောင်တောက်ပနေသော လက်ထိပ်သည် ကြမ်းပြင်ပေါ်သို့ ဆက်ခနဲ ပြုတ်ကျသွားခဲ့သည်။ အင်တာနက် အသုံးပြုသူများက ထိုလက်ထိပ်ကို စိန်များနှင့် God's ပုံစံ ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့သည်။ ထိုလက်ထိပ်များမှာ နေရောင်ထဲတွင် လွန်စွာ တောက်ပနေသော်လည်း ထိုအခိုက်အတန့်တွင် ပိုပြီးတော့တောင် သိသာနေခဲ့သည်။
သို့သော် အင်တာနက် အသုံးပြုသူများ အံ့ဩခဲ့ရသည်မှာ ထိုလက်ထိပ်ကို သူတို့စုံတွဲ သယ်လာသည့် ခရီးဆောင် အိတ်ထဲမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုပစ္စည်းကို သူတို့ရဲ့ ပျားရည်စမ်းခရီးတွင် သေချာပေါက် အသုံးပြုမည်ကို တွေးကြည့်လို့ ရနိုင်သည်။
[ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ အဲ့လက်ထိပ်တွေက ညီမရွှီလက် အတွက်လား။ သူမကို လက်ထိပ်ခတ်ထားပုံကို တင်ပေးလို့ရလားဟင်။ အဲ့ပုံတွေက အရမ်း ဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေတော့မှာပဲ။]
[ သူတို့က ဘာကိစ္စမှမရှိဘဲ ခရီးထွက်မှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ ပြီးတော့ သေချာပေါက် သူတို့လည်း စုံတွဲတွေလိုမျိုး နှစ်ယောက်ထဲ ပျော်ချင်နေကြမှာပဲလေကွာ။]
[ ငါလေ အဲ့လက်ထိပ်တွေကို မြင်လိုက်တော့ ဒီဟာက မမြင်သင့်တဲ့ မြင်ကွင်းဆိုတာကို သိလိုက်ပြီ။ ငါ့မှာ စကားလုံးပေါင်း ၁၀,၀၀၀ လောက်ကိုတောင် တွေးပြီးသွားပြီ။ ဒါက တော်တော်ကို ဖြစ်နေတာပဲ။]
[ ဟမ်၊ အဲ့ဒါက ညီမရွှီအတွက်ဆိုတာ ဘယ်လိုတောင် ဒီလောက်ထိ သေချာနေကြတာလဲ။ ဥက္ကဌမုအတွက်လည်း ဖြစ်သွားနိုင်တာပဲလေ။ မင်းတို့ အဲ့ဒါကို ဘယ်လိုပဲ ကြည့်ကြည့် ဒါက အရမ်းကို မညှာမတာ ဖြစ်လွန်းတယ်။]
[ မင်းကို အိပ်ရာထဲမှာ ကြိုးချည်ထားမှ သူက လုပ်ချင်တာကို လုပ်လို့ ရမှာလေ။]
[ သူတို့လင်မယားကြားမှာတော့ ဒါက ပျော်စရာကြီးပဲဆိုတာ မင်း နားမလည်ပါဘူးကွာ။ ငါတို့ကိုလည်း ပြပါဦးကွာ။]
ထိုအကြောင်းကို အင်တာနက် အသုံးပြုသူများက ပြောနေခဲ့ကြသော်လည်း မုချောင်ယွင်သည် ရွှီယန်ယု၏ အိတ်ထဲမှ ဒီလိုပစ္စည်းမျိုး ထွက်ကျလာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် အံ့ဩသည့် အရိပ်အယောင်တစ်ခုက ဖြတ်ခနဲ ပြေးသွားခဲ့သည်။ သူနှင့်အတူရှိနေချိန်မှာ ရွှီယန်ယုက ထိုကဲ့သို့သော ပစ္စည်းမျိုးကို ယူလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ဒီမိန်းမရဲ့ ရည်ရွယ်ချက်က အဲ့လောက်ထိ မရိုးရှင်းဘူးဆိုပြီးသာ ဖြစ်သည်။
မုချောင်ယွင်က မတ်တပ်ရပ်ကာ သူမဆီသို့ လမ်းလျှောက်လာခဲ့ပြီး မြေပေါ်သို့ ကျသွားသည့် လက်ထိပ်ကို ကောက်ယူလိုက်သည့်အခါ လက်ထိပ်ပေါ်တွင် အလှဆင်ထားသော အရာများက တချွင်ချွင် မြည်သွားခဲ့ပြန်သည်။ သူသည် လမ်းလျှောက်လာပြီး နက်ရှိုင်းသော မျက်ဝန်းများနှင့် သူမကို ကြည့်လိုက်ပြီး သူ့လက်ကိုမြှောက်ကာ မျက်လုံးဖြင့် အချက်ပြလိုက်သည်။
“ဒါတွေက ဘာအတွက်လဲ။ ကိုယ်က ဒါတွေကို ဘယ်လို သုံးရမှာလဲ။”
ရွှီယန်ယုက ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့သလိုနှင့် တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။ “ဘာမှမဟုတ်ပါဘူး။”
မုချောင်ယွင်က မျက်တောင်ခတ်ပြီး မေးငေါ့ပြကာ မယုံနိုင်သည်မှာ သိသာနေခဲ့သည်။ သို့သော် သူ့ရဲ့ ရင်ထဲမှာတော့ တကယ်ကို အပျော်လွန်နေခဲ့သည်။ သူ့ရဲ့ ခံစားချက်များကို ချဲ့ကားပြောရရင် သူ့ရဲ့ အပျော်ဆုံး အခိုက်အတန့်လို့တောင် ပြောနိုင်သည်။ ထိုမိန်းမက ဘာစကားမှ မပြောခဲ့သော်လည်း သူမရဲ့ အတွေးများမှာ သိသာနေခဲ့သည်။
အစတုန်းက သူမက သူနဲ့အတူ နိုင်ငံခြားသွားဖို့ အချိန်မရှိဘူးဆိုပြီး ပြောခဲ့တာလေ။ ပြီးတော့ သူ့အတွက် အချိန်မရှိဘူးဆိုပြီး တမင်တကာ ပြောခဲ့တာပေါ့။ နောက်ဆုံးတော့ သူမက သူ့ကို ဆွဲထားဖို့ ကြိုးစားနေခဲ့တာပဲ။ သူမက အလုပ်တွေ ရှုပ်နေရင်တောင်မှ သူမမှာ လေယာဥ်လက်မှတ် သွားဝယ်ဖို့အတွက် အချိန်ရှိနေတာပဲလေ။ မင်းတို့ အဲ့ဒါကို ဘယ်လိုပဲ မြင်မြင် သူမရဲ့ ရင်ထဲမှာတော့ သူက အမြဲတမ်း ရှိနေတာပဲ။
မုချောင်ယွင်က ဘယ်လိုလုပ် အပျော်မလွန်ဘဲ နေပါ့မလဲ။ သူက တော်တော်လေးကို ပျော်နေလောက်ပြီ။ ဒီခရီးအတွက်က အဲ့ လက်ထိပ်တွေက မမျှော်လင့်ထားတဲ့ အံ့ဩစရာ လက်ဆောင်တွေများ ဖြစ်နိုင်မလား။
မုချောင်ယွင်က ရွှီယန်ယုကို တစ်ချက် ကြည့်လိုက်ပြီး ဒီမိန်းမက ဘယ်လို ပျော်ရမလဲဆိုတာကို တကယ် သိနေပြီးတော့ အဲ့လိုနေရာတွေမှာလည်း တော်တော်ကို တော်တာပဲဟု တွေးခဲ့သည်။
ရွှီယန်ယုက ထိုလက်ထိပ်များကို အဝေးမှာ ထားကာ ဘာစကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့ အထုတ်များကို ဆက်ဖြည်ခဲ့သည်။ သို့သော် မုချောင်ယွင်ကတော့ သူမကို ပျော်နေသော ပုံစံဖြင့် ကြည့်နေခဲ့သည်။ ထို့ပြင် သူက ဘာတွေ တွေးနေလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ကြပါ။
[ ရယ်ချင်စရာ ကောင်းလိုက်တာ။ အဲ့ဒါက ဘာမှမဟုတ်ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ညီမရွှီက ဒီဟာအတွက် အချိန်တွေ အကြာကြီး စီစဥ်ထားခဲ့တဲ့ ပုံပဲ။ ဒီအတွဲက သူတို့ တစ်ယောက်ကို တစ်ယောက် တမင်တကာ ဆွဲဆောင်ဖို့အတွက် ကြိုးစားနေကြတာပဲ။]
[ အဲ့ဒီ့အကြောင်းကို ပြောပဲပြောမနေကြနဲ့ဦး။ လူတွေအရှေ့မှာ အဲ့ဒါကို ဝတ်ပြတာက အကောင်းဆုံးပဲ။]
နဂိုအတိုင်း ထိုလက်ထိပ်များကို အဝေးတွင် ထားပြီးနောက် ထိုကိစ္စမှာလည်း ပြီးသွားခဲ့သည်။ လူတိုင်းက လွန်စွာ စိတ်လှုပ်ရှားသွားသည်ဟု ခံစားခဲ့ရသော်လည်း ထိုခံစားချက်မှာ ခနသာ ကြာလိုက်သည်။ ရလဒ်အနေဖြင့် ရွှီယန်ယုက သူမရဲ့ ပစ္စည်းများကို ဖြည်နေချိန်မှာ သူမလက်က ရုတ်တရက် ချော်သွားပြီး ပစ္စည်းများ ထွက်ကျသွားခဲ့ခြင်းသာ ဖြစ်သည်။
ဒီတစ်ကြိမ်တွင် ထွက်ကျလာခဲ့သည့် ပစ္စည်းများမှာ အတော်လေး ကြီးပြီး အင်တာနက် အသုံးပြုသူများရဲ့ မျက်လုံးများမှာလည်း အံ့အားသင့်စွာဖြင့် ပြူးသွားခဲ့သည်။ တကယ်တမ်း ထွက်ကျလာသည့် ပစ္စည်းများမှာ ချစ်စရာ ယုန်နားရွက်ပုံစံ ဘီးကုတ်နှင့် ဆွဲဆောင်မှုရှိသော ယုန်ပုံစံ မျက်နှာဖုံး၊ ဆွဲဆောင်မှုရှိပြီး ညှို့ယူအားကောင်းသည့် စကတ်အတိုလေးများ၊ အမွှေးပွ အမြှီးနှင့် ခါးတွင်ဝတ်သည့် ချိန်းကြိုးများဖြစ်ပြီး ထိုအရာများကို ဝတ်လိုက်သည့်အခါ လူတွေကို နှာခေါင်းသွေးတောင် လျှံသွားစေသည်။
[ ဒန်၊ ဒီညတော့ မင်းတို့နှစ်ယောက် အာဝါဟ ဝိဝါဟတော့မှာပဲ။ အဲ့ဒါနဲ့ ပတ်သက်လို့ တစ်ခုခု မလုပ်နိုင်ဘူးဆိုရင် ငါတော့ စိတ်မကောင်း ဖြစ်နေရတော့မယ်။]
[ ဒီ ယုန်ဝတ်စုံလေးက တော်တော် ချစ်စရာ ကောင်းတာပဲ။ ဒါက ဆွဲဆောင်မှုရှိတဲ့ ညဝတ်အင်္ကျီပေါ့။ မစ္စတာမုရေ၊ မင်းဒါကိုတော့ မလုပ်နိုင်လောက်ဘူး။ ဒါတွေကို မင်းခံနိုင်ရည် ရှိပါ့မလား။]
[ သူဌေးမုကတော့ မျက်လုံး ပြူးနေလောက်ပြီ။ မင်းတို့ရော ဘယ်လိုထင်ကြလဲ။ ညီမရွှီက လူတွေကိူ ဆွဲဆောင်တဲ့ နေရာမှာ တကယ် တော်တာပဲ။ သူမကို လက်ထပ်ထားရတာက နေ့တိုင်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပဲ။]
[ နေ့တိုင်း ဒီလို နာကျင်မှုလေးတွေရယ် ခနခန ဖြစ်နေတဲ့ ဆွဲဆောင်မှုရှိတဲ့ အရာလေးတွေရယ်ကို ငါတော့ တောင့်ခံထားရမှာ။ ဒီလို ပျော်ရွှင်မှုမျိုးကို ငါလည်း ခံစားချင်တယ်လေကွာ။ ဥက္ကဌမုကို တော်တော်လေး မနာလိုတော့ဘူး။]
[ ငါတော့ ထပ်ပြီး မထိန်းထားနိုင်တော့ဘူး။ ဒီလို ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံကို ဝတ်ထားတဲ့အကြောင်း တွေးရင်းနဲ့ကို ငါ့မှာ နှာခေါင်းသွေး လျှံလာသလို ခံစားရတယ်။]
မုချောင်ယွင်လည်းပဲ မှင်သက်သွားခဲ့သည်။ ပန်းရောင် ယုန်ဝတ်စုံလေးက သူ့ရဲ့ မျက်လုံးထဲမှာ စွဲကျန်နေပြီး ချည်ဝတ်စုံလေးကလည်း တော်တော်ကို ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူ့ရဲ့စိတ်ထဲတွင် ရွှီယန်ယုက ထိုဝတ်စုံကို ဝတ်ထားသည့် မြင်ကွင်းကို အကြိမ်ကြိမ် တွေးနေခဲ့သည်။
သူ့မှာ ဘာစကားမှ မပြောနိုင်ဘဲ အချိန်အကြာကြီး မှင်သက်နေခ့တာ။
အချိန်အတော်ကြာပြီးနောက် ရွှီယန်ယုက ဝိုးတိုးဝါးတားဖြင့် ပြောခဲ့သည်။ “ဒီဝတ်စုံက တကယ် ကောင်းတယ်။ ရှင်ရော ဝတ်ကြည့်ချင်လား။”
အင်တာနက် အသုံးပြုသူ အားလုံးတို့မှာ တုန်လှုပ်သွားခဲ့ကြသည်။ ထိုအရာကို ရိပ်ခနဲ မြင်ရုံသာ ဖြစ်သော်လည်း အကြည့်တစ်ချက် အတွင်းမှာတင် ထို ဆွဲဆောင်မှုရှိသည့် ပုံစံက သူတို့ကို သွေးဆူလာစေသည်။ ထိုဝတ်စုံက ရွှီယန်ယု သူမဘာသာ ဝတ်ခဲ့ရင်တောင် သူမရဲ့ အရည်အချင်းတွေက အလိုလို ကျဆင်းသွားပြီး သူမရဲ့ စိတ်သည် သေချာပေါက် ရှုပ်ထွေးသွားမည်ကို ပြောပြဖို့တောင် မလိုပါ။
မုချောင်ယွင်၏ မျက်လုံးထဲရှိ စိတ်ဝင်စားမှုမှာ ပိုပိုပြီး ပြင်းထန်လာခဲ့သည်။ ထိုအရာကို သူက အရမ်း လိုချင်နေသည်ကိုတောင် သတိပြုမိနိုင်သည်။ အမြဲတမ်း သံသယ ဖြစ်နေသည့် သူ့ရဲ့မျက်လုံးများမှာ ပိုင်ဆိုင်လိုစိတ် အပြည့် ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူ့အရှေ့တွင် ရွှီယန်ယု လုပ်နေသည့် အပြုအမူတိုင်းသည် အလွန် ဆွဲဆောင်မှု ရှိနေခဲ့သည်။
ရွှီယန်ယုသည် ဖြားယောင်းနိုင်သည့် ပင်ကို အရည်အချင်းနှင့် မွေးဖွားလာသလားဟုတောင် ထင်ရသည်။ ထို့အပြင် သူမ မျက်မှောင်ကြုတ်ကာ ပြုံးလိုက်သည့် အခိုက်အတန့်တိုင်းသည် မုချောင်ယွင်၏ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်။
အခုချိန်တွင် သူမသည် ဘာမှ လုပ်စရာ မရှိတော့ဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။ သူမသည် မုချောင်ယွင်၏ အာရုံစိုက်မှု အားလုံးကို သူမအပေါ်တွင်သာ ရှိနေဖို့ကို လုပ်နိုင်ခဲ့သည်။
မုချောင်ယွင်က အသာအယာ ခေါင်းငြိမ့်ပြခဲ့သည်။
ရွှီယန်ယုက မလှုပ်မရှားဘဲ တွေးနေခဲ့သည်။ “အဲဲဒါကို မေးနေလို့လည်း ဘာမှ မထူးဘူး။ အခု အချိန်ကို ကြည့်လိုက်ဦး။ ဘယ်အချိန်ကတည်းက ရှင်က ဒီလောက်ထိ ရိုင်းသွားရတာလဲ။”
“…”
မုချောင်ယွင်က ထပ်ပြီး ဆွံ့အသွားခဲ့ရပြန်သည်။ သူ ရွှီယန်ယုရဲ့ လှည့်စားတာကို ထပ်ပြီး ခံလိုက်ရပြီ ဆိုတာကို သိသွားခဲ့သည်။ သူမက သူ့ကို ယုန်ဝတ်စုံရယ်၊ လက်ထိပ်ရယ်ဖြင့် ဆွဲဆောင်သွားခဲ့သည်။ သူမ ပြင်ဆင်လာသည့် အရာများကြောင့် အံ့ဩရသည် ဖြစ်စေ မအံ့ဩရသည် ဖြစ်စေ အခုချိန်တွင် သူသည် ထိုဝတ်စုံများကို ဝတ်ဖို့အတွက် အစီစဥ် မရှိနေခဲ့ပါ။ ထိုပစ္စည်းများကို ထုတ်လိုက်ခြင်းမှာ ဘာကြောင့်မှ မဟုတ်ဘဲ သူ့ကို စိတ်လှုပ်ရှားသွားအောင် လုပ်ဖို့သာ ဖြစ်သည်။
[ ဒါကြီးက ရယ်ချင်စရာပဲ။ မစ္စတာမုက ထောင်ချောက်ထဲကို ထပ်ပြီး ကျသွားပြန်ပြီ။ ဟုတ်တယ်မလား။ သူက ညနေလောက်ထိ ဒီ ဆွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေ အကြောင်းကို တွေးနေလောက်တော့မယ်လို့ ငါထင်တယ်။ ညီမရွှီက သူ့ကိုဆက်ပြီး သွားဆွပေးနေရင် သူက တစ်ညလုံး အိပ်ရတော့မှာ မဟုတ်ဘူး။]
[ ညီမရွှီရဲ့ နည်းလမ်းတွေက တော်တော်လေး ထူးခြားတာပဲ။ ပြီးတော့ သူမသုံးတဲ့ နည်းလမ်းတွေက တဖြည်းဖြည်း ပိုပြီးတော့ ဆန်းသစ်လာတယ်။ ကမ္ဘာပေါ်က အထက်မြက်ဆုံး ယောက်ျားကတောင် သူမရဲ့ လက်ထဲက မလွတ်နိုင်ဘူး။]
[ ညီမရွှီကလည်း ကမ္ဘာပေါ်မှာ အတော်ဆုံးနဲ့ အလှဆုံး မိန်းမပဲလေ။ ဘယ်သူက သူ့ကို မကြိုက်ဘဲ ရှိပါ့မလဲကွာ။ သူမက အမြဲတမ်း လှည့်စားတဲ့ နည်းတွေကိုပဲ သုံးနေရင်တောင် လူတွေက သူတို့ရဲ့ ဆန္ဒအရ သူမကို လေးစားလာအောင် အမြဲတမ်း လုပ်နိုင်နေတာပဲလေ။ ဒါမျိုးက အခြား ဘယ်သူကမှ မလုပ်နိုင်တဲ့ အရာမျိုးပဲ။]
[ မင်း မှန်တယ်။ ဥက္ကဌမုက တကယ့်ကို ကတ်သီး ကတ်သတ်နိုင်တဲ့သူပဲ။ ဒီလို လက်တွဲဖော်မျိုးနဲ့ဆို တည်ငြိမ်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။]
တကယ်တော့ သူတို့အတွဲ မြို့ Y ကို လာကြသည်မှာ သူတို့က ကမ္ဘာလှည့်ခရီးရဲ့ ပထမဆုံးနေရာအတွက် ပြင်ဆင်ဖို့ရန် ဖြစ်သည်။ ခရီးသွားလုပ်ငန်းရှိ ခရီးသွား တစ်ယောက်အနေဖြင့် သူတို့က မိသားစု၊ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းများ၊ လုပ်ဖော် ကိုင်ဖက်များနှင့် ခရီးသွားသည့်အခါ သူတို့အားလုံးသည် ထိုခရီးမှ အတွေ့အကြုံကောင်းများကို ရရှိဖို့အတွက် မျှော်လင့်ထားကြသည်။
မုချောင်ယွင် ရင်းနှီးမြှုပ်နှံခဲ့သည့် ထိုလုပ်ငန်းသည် အနာဂတ်တွင် ထိုလုပ်ငန်းသို့ ပါဝင်လာကြသည့် အားပေးသူများအတွင် အင်မတန် အရေးကြီးသည်။ ပထမဦးစွာ ဒီလုပ်ငန်းက အောင်မြင်မှာလား၊ အရည်အသွေး ပြည့်မှီမှာလားနှင့် သူတို့က ခရီးသွားတွေအတွင် မတူညီတဲ့ အတွေ့အကြုံမျိုးကို ယူလာပေးနိုင်မှာလားဆိုသည့် အရာများအပေါ် မူတည်သည်။
ဒီကနေ့ညတွင် သူတို့အတွဲသည် ဟိုတည်တွင် တည်းခဲ့ကြပြီး အရာအားလုံးကလည်း အေးအေးဆေးဆေး ပြီးသွားခဲ့ကာ သူတို့ တွေးထားသည့် ဘာကိစ္စမှလည်း မဖြစ်သွားခဲ့ပါ။ နောက်တစ်နေ့တွင် သူတို့သည် မြို့ Y ၏ အာရုံ စိုက်ခံရသည့် ဥရောပစတိုင် နန်းတော်ကို သွားဖို့ ပြောခဲ့ကြပြီး ထိုနန်းတော်က မစ္စတာမုမှ ရင်းနှီးကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ထိုနန်းတော်သည် တောင်ပတ်လည် ရှိနေသော မြို့တစ်မြို့လုံးတွင် အရေးအကြီးဆုံး အရာတစ်ခု ဖြစ်သည်။ အကြောင်းမှာ ထို နေရာတွင် ပန်းများစွာ အပြည့်စိုက်ထားပြီး ထိုဥယျာဥ်ထဲတွင် လမ်းလျှောက်သည့် မည်သူမဆို သက်ပြင်းချကာ နည်ပြည်သို့ ရောက်သွားသလို ခံစားရခြင်းကြောင့် ဖြစ်သည်။
ထိုနေရာတွင် မှော်ဆန်သည့် ဖြစ်ရပ်တစ်ခု ရှိသည်ဟု ဒဏ္ဍာရီလာတစ်ပုဒ်လည်း ရှိသည်။ နန်းတော်ရှိ ခေါင်မိုးပေါ်က လူတစ်ယောက်သည် ထိုပန်းခြံ၏ ပုံစံကို ကောင်းကင်ယံမှ ကြည့်ရသည် ထိုပန်းခြံ၏ မြင်ကွင်းမှာ မတူညီပါ။
အကယ်၍ အတွဲတစ်တွဲသာ ဖြစ်နေခဲ့မယ်ဆိုရင် ထိုအတွဲတွင် တစ်ယောက်ရဲ့ စိတ်ထဲက တွေးနေသည့် အရာကို တစ်ယောက်က မြင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ မိသားစုနှင့် သူငယ်ချင်းတွေ ဖြစ်မယ်ဆိုရင် ခံစားချက်များကို အချင်းချင်း ပိုနားလည်သည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည် ဖြစ်သည်။ တိုတိုပြောရရင် လူတိုင်းက မတူညီတဲ့ အကြောင်းအရာများကို မြင်နိုင်သည်။ ထိုထူးခြားမှုမှာ ဗန်းပြသပ်သပ် မဟုတ်ဘဲ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က နားလည်နိုင်သည့် လူများကသာ ထို မတူညီသည့် မြင်ကွင်းများကို အမှန်တကယ် မြင်နိုင်မည် ဖြစ်သည်။
[ ဒီကြေညာက မှန်လား၊ မှားလားဟင်။ ငါတို့က တကယ် မတူညီတဲ့ မြင်ကွင်းတွေကို မြင်နိုင်မှာလား။ ဒါက အံ့ဩဖို့ကောင်းတာပဲ။ ဒါက သူတို့တွေကို အထူး ဆက်သွယ်ပေးနိုင်ပါ့လား။ ပြီးတော့ ဒါက သူတို့ ခရီးသွားတွေအတွက် အထူးတလည် ပြင်ဆင်ပေးထားတာလား။]
[ ဒီကိစ္စကို ငါ့ကိုယ်ပိုင် မျက်စိနဲ့ပဲ မြင်ကြည့်ချင်တယ်။ အဲ့မြင်ကွင်းက ဘာနဲ့တူပြီး ဘယ်လို တုန်လှုပ်စရာကောင်းလဲဆိုတာ ငါတကယ် သိချင်မိတယ်။]
[ မနက်ဖြန် မနက်ကျရင် ညီမရွှီနဲ့ ဥက္ကဌမုတို့က အဲ့မှာ စာရင်းသွင်းကြတော့မှာတဲ့။ သူတို့ ဘာတွေ မြင်ရမလဲဆိုတာကို မြင်ချင်လို့ ငါ စောင့်နေတာ။]
[ သူတို့က တစ်ယောက်အတွက် တစ်ယောက်က အရေးအကြီးဆုံးပဲမလား။ သူတို့က ထူးခြားတဲ့ မြင်ကွင်းတစ်ခုကိုတော့ မြင်နိုင်မှာပါ။ အစကတည်းက ဒီလုပ်ငန်းက ဥက္ကဌမု လုပ်နေတာဆိုတော့ ဒီလိုနေရာမှာ ဒါတွေက လွဲချော်မှာ မဟုတ်လောက်ဘူး။]
[ ဒါပေမယ့် သူဌေးတွေကို အတွေ့အကြုံရဖို့ သွားပြောနေတာက သိပ်ပြီး ယုံစရာ ကောင်းမနေဘူး။ အဲ့ဒါက အရမ်း မှင်သက်ဖို့ ကောင်းတယ်ဆိုတာကို မင်း စိတ်ကူးယဥ်ကြည့်လို့ရတယ်။]