အခန်း (၆၉)
Vol. 6 Ch. 69
နောက်တစ်နေ့တွင် သူတို့အတွဲသည် မနက် စောစောမှာတင် နန်းတော်၏ အပေါ်ဆုံး အထပ်သို့ တက်သွားခဲ့သည်။ သို့သော် မုချောင်ယွင်နှင့် ရွှီယန်ယုတို့သည် ထိုဥယျာဥ်၏ ပုံစံကိုရော တစ်ယောက်နဲ့ တစ်ယောက်ကိုရော မြင်ချင်နေခဲ့သည်။ သူတို့သည် နန်းတော်၏ တောင်ဘက်ရော မြောက်ဘက်ရောကို အသီးသီး သွားရောက်ခဲ့ကြသည်။ သူတို့သည် သတ်မှတ်ထားသည့် နေရာမှာ ရပ်မည်ဆိုပါက ကောင်းကင်ယံရှိ လုံးဝ ကွဲပြားသော တိမ်ဆိုင်တိမ်ခဲများကို တွေ့မြင်နိုင်သည်ဟု ပြောခဲ့သည်။
မုချောင်ယွင်သည် ထိုကိစ္စ၏ နည်းလမ်းများကို သိပြီးသား ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ရမည့်အခါ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။
အဓိက အကြောင်းမှာ ထိုအရာက အမှန်ဖြစ်ပြီး တစ်ဖက်လူက ဘာကို မြင်ရလဲဆိုတာကို တကယ် သိရှိနိုင်သည်။
သူသည် ထိုအခိုက်အတန့်တွင် ရွှီယန်ယုက ဘာတွေ တွေးနေမလဲဆိုတာကို မြင်ချင်နေခဲ့သည်။ အကယ်၍ သူက အဲ့အရာကို တကယ် မြင်နိုင်ခဲ့ပါက သူသည် အရမ်းကို ပျော်သွားလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ရွှီယန်ယုက သူ့ရင်ထဲမှာ ရှိသည့်အရာကိုလည်း မြင်နိုင်လိမ့်မည် ဖြစ်သည်။ ထို မှတ်တမ်းတင်သည့် နည်းလမ်းမှာ အတော်လေးကို မှော်ဆန်သည်။ အကြောင်းမှာ ကိုယ်ပိုင် လက်ပတ်လေး တစ်ခုကို နန်းတော်ထဲ မဝင်ခင် ဝတ်သွားရလိမ့်မည် ဖြစ်သည်။
ထိုလက်ပတ်မှတစ်ဆင့် တစ်ဖက်လူရဲ့ ရင်ထဲက အစစ်မှန်ဆုံးသော အရာများကို မြင်နိုင်သည်။ သို့သော် ထိုပုံသည် တိကျသည့် တွက်ချက်မှုများကို ကျော်ပြီးမှ ရရှိလာသည့် ပုံမျိုးပင် ဖြစ်သည်။ လူများသည် ထိုကိစ္စနှင့် ပတ်သက်လို့ သူတို့ကိုယ်တိုင်တောင် တွေးမိကြလိမ့်မည် မဟုတ်ပေ။ သူ့ရဲ့ တကယ့် အတွင်းစိတ်ထဲက အတွေးများကို ဖြတ်ကျော်ပြီးမှ ထိုပုံများကို တွေ့မှသာ သူက ရုတ်တရက်ဆိုသလို သတိရသွားလိမ့်မည် ဖြစ်သည်။
မုချောင်ယွင်သည် ရွှီယန်ယု အမြင်ချင်ဆုံး မြင်ကွင်းကို မြင်ရဖို့အတွက် မစောင့်နိုင်တော့ပါ။ ထို့နောက် တစ်ဖက်ကနေ နန်းတော်ရဲ့ အပေါ်ဆုံး အထပ်သို့ မြန်မြန် လမ်းလျှောက်သွားခဲ့ပြီး ကောင်းကင်ယံမှ တိမ်များကို သတ်မှတ်ထားသည့် နေရာမှ ကြည့်ခဲ့သည်။
ကျယ်ပြောလှသော ကောင်းကင်ပြာကြီးတွင် တိမ်ဖြူလေးများက ဖြည်းဖြည်းချင်း အံ့ဩပြီး နှစ်သက်ဖွယ်ကောင်းသည့် ပုံစံတစ်ခုကို ပုံဖော်ခဲ့သည်။ ထိုအရာမှာ ကြီးမားပြီး လှပသည့် လိပ်ပြာပုံဖြစ်ကာ သူရဲ့ တောင်ပံများမှာ လျှို့ဝှက်မှုများဖြင့် ဖုံးကွယ်ထားပြီး ခက်ထန်၊ ရဲရင့်ပြီး အန္တရာယ်ရှိသည့် ခံစားချက်ကို ပေးနေခဲ့သည်။
မုချောင်ယွင်က မှင်သက်သွားပြီး တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှူနေကြသည့် အင်တာနက် အသုံးပြုသူများကလည်း အချိန်အတန်ကြာ ကြောင်ကြည့်နေခဲ့ကြသည်။ ဒါကသာ အမှန်ဆိုရင် တော်တော် တုန်လှုပ်စရာပဲ။ ဒါက တကယ်ကြီး ရွှီယန်ယု တွေးနေတဲ့ အရာလား။
သူမရဲ့ အတွေးမှာ တော်တော်လေး ထူးခြားသည်။ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာ တစ်ယောက်အနေဖြင့် ဒီလို ထူးခြားသည့် စိတ်ကူးစိတ်သန်းများ ပေါ်လာဖို့ရန်မှာ သူမအတွက်တော့ အလွယ်လေးပဲ ဖြစ်သည်။ သို့သော် ထိုအရာကပဲ သူမသည် အတော်လေး ပါရမီပါကြောင်းကို အင်တာနက် အသုံးပြုသူများက တွေးမိခဲ့ခြင်း ဖြစ်သည်။ ထူးခြားသည့် လက်ရာများကို ဖန်တီးနိုင်သည့် ဒီဇိုင်နာတစ်ယောက်သည် တကယ်ကို ပါရမီ ပါသည့်သူ ဖြစ်သည်။
တစ်ဖက်တွင်လည်း ရွှီယန်ယုသည် မုချောင်၏ စိတ်ထဲရှိ အတွေးများကို မြင်ခဲ့ရသည်။ သူမသည် ကောင်းကင်တွင် သိမ်းငှက်တစ်ကောင် ပျံနေသည်ကို တွေ့ခဲ့သည်။ ထိုအရာမှာ အလွန် ကြီးစိုးသော ပုံဖြစ်ပြီး သူ့ရဲ့ ပင်ကိုစရိုက်နှင့်လည်း ထပ်တူကျသည်။
သူတို့အတွဲသည် ထိုအရာများကို ကြည့်ပြီးနောက် အချိန် အတော်ကြာ မတည်မငြိမ် ဖြစ်ခဲ့ကြသည်။ မုချောင်ယွင်က ရွှီယန်ယု၏လက်ကို တင်းကြပ်စွာ ကိုင်ထားပြီး သူမရဲ့ ကိုယ်အပူချိန်ကို ခံစားမိကာ သူမရဲ့ အနားကို ခြေတစ်လှမ်းတိုး၍ ရပ်နိုင်သည်ကို ခံစားမိခဲ့သည်။
သူတို့နှစ်ယောက်လည်း အခန်းကို ပြန်ကာ သူတို့ မြင်ခဲ့သည့် အရာများကို စတင် ပြောပြခဲ့ကြသည်။ သူတို့က စကားတွေ ပြောလေလေ၊ သူတို့က ပိုပြီး မယုံနိုင်စရာ ကောင်းလာလေလေ ဖြစ်ခဲ့ကြသည်။ အကြောင်းမှာ သူတို့ မြင်ခဲ့သည့် အရာများမှာ သူတို့ရင်ထဲတွင် အမြင်ချင်ဆုံး ပုံရိပ်များနှင့် ထပ်တူကျနေခဲ့သည်။ အထူးသဖြင့် ရွှီယန်ယုသည် မုချောင်ယွင်ပြောသည့် စကားကို နားထောင်ပြီးနောက် သူမရဲ့အထူးအယ်လ်ဘမ်ကို ထုတ်ပြီး စာမျက်နှာတစ်ခုကို လှန်ခဲ့သည်။ ထိုအခါ ဥက္ကဌမုနှင့် အင်တာနက် အသုံးပြုသူများက မယုံကြည်နိုင်စွာဖြင့် သူတို့ရဲ့ မျက်လုံးများ ပြူးသွားခဲ့ကြသည်။ ထိုအရာမှာ သူတို့ မြင်ခဲ့ကြသည့် လိပ်ပြာပုံစံ ဖြစ်သည်။
[ ဒီပေါ်လာတဲ့ဟာက ရွှီယန်ယု အခုထိ မကြေညာရသေးတဲ့ ဒီဇိုင်းစိတ်ကူးပုံစံပဲ။ မြင်ရတာတွေက အမှန်တွေပဲ။ ဒီပုံက သူမရဲ့ စိတ်ထဲမှာ အမြင်ချင်ဆုံး အရာပဲ။ မယုံနိုင်စရာ ကောင်းလိုက်တာ။]
[ ဒီနန်းတော်မှာ စာရင်းသွားဖို့ ငါတော့ မြို့ Y ကို သွားရတော့မယ်။ ငါ့သူငယ်ချင်းရဲ့ စိတ်ထဲမှာ ဘာကို အမြင်ချင်ဆုံးလဲဆိုတာကို သိချင်နေပြီ။ ဒါက အရမ်းကို မိုက်လွန်းတယ်။]
[ ငါလည်း သွားတော့မယ်။ တကယ်လို့ အဲ့နေရာကို နိုင်ငံတကာက ကျောင်းသားတွေအတွက် ဖွင့်မယ်ဆိုရင် ငါတော့ သွားကြည့်တော့မှာ။ ငါတကယ်ကို စိတ်ဝင်စားလို့ပါ။]
တိုက်ရိုက် ထုတ်လွှင့်မှုကို ပိတ်ပြီးနောက် မုချောင်ယွင်က ရွှီယန်ယုကို ကြည့်ကာ ရုတ်တရက် ပြောခဲ့သည်။ “နောက်ပိုင်းကျရင် ကိုယ်တို့တွေ ဒီနေရာကို မကြာခန လာလို့ရတယ်။ မင်းရဲ့ ရင်ထဲကို ဝင်ကြည့်နိုင်ပြီး မင်းနဲ့ ခြေတစ်လှမ်း ပိုနီးစပ်သွားတယ်လို့ ကိုယ်ရုတ်တရက် ခံစားလိုက်ရတယ်”
ရွှီယန်ယုရဲ့ သွယ်လျသည့် လက်ချောင်းများက သူ့ရဲ့ အသားပေါ်က အသာအယာ လျောကျကာ သူမရဲ့ နှစ်ထပ် စကတ်အောက်ရှိ သူမ၏ သေးသွယ်သွယ် ခြေထောက်ကို ဖြည်းဖြည်းချင်း ထိခဲ့သည်။ ပိုးခြုံထည်လေးမှာ သူမရဲ့ ကိုယ်ပေါ်ကနေ ညင်ညင်သာသာ လျောကျသွားခဲ့ပြီး သူမရဲ့ နှင်းလို ဖြူဖွေးသည့် ကိုယ်ကို မြင်ရပြီး သူမရဲ့ ပုံမှာ နှစ်လိုဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိနေသည်။ သူမသည် လိင်စိတ်ကြွစေသည့် လက်ထိပ်တစ်စုံကို တစ်နေရာရာမှ ထုတ်လ်ိုက်ပြီး တချွင်ချွင်အသံမျိုး ပြုလုပ်နေသည်။
ထိုဖြူဖွေးနေသော ခြေထောက်များကြောင့် မုချောင်ယွင်သည် ချာချာလည်သွားခဲ့ပြီး ခနအကြာမှာ ရွှီယန်ယု၏ ဆွဲဆောင်မှုရှိသော အသံကို ကြားလိုက်သည်။
“ရှင်က ကျွန်မရဲ့ နှလုံးသားထဲကိုကျ ချောင်းကြည့်ချင်ပြီး အခြားနေရာတွေကိုရော မချောင်းကြည့်ချင်ဘူးလား။ ဥပမာ….”
သူမ စကားပြောပြီးသည့်နောက် သူမက အကြည့်လွှဲလိုက်သည်။ ထိုလုပ်ရပ်ကြောင့် ချက်ချင်းဆိုသလို မုချောင်ယွင်၏ တပ်မက်စိတ်ကို ပိုပြီး ပြင်းထန်သွားစေခဲ့သည်။
“ဘယ်လိုမျိုးလဲ။”
ရွှီယန်ယုက စကားပြောပြီးသည့်နောက် မုချောင်ယွင်ရဲ့ မျက်လုံးများမှာ နက်မှောင်နေသည်ကို အတော်လေး သတိထားမိခဲ့သည်။ သူက သူမကို ကြည့်နေသည့် ပုံမှာ သူ့ရင်ထဲက ပိုင်ဆိုင်လိုသည့် စိတ်သည် ပိုပြီး ပြင်းထန်လာကာ ထိုကဲ့သို့သော အကြည့်မျိုးသည် သူမကို ပိုင်ဆိုင်လိုစိတ် ပြင်းထန်နေသည့် အကြည့်မျိုး ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မုချောင်ယွင်၏ မျက်လုံးထဲတွင် ရွှီယန်ယု တစ်ယောက်တည်းသာ ရှိနေခဲ့ပြီး သူမကိုသာ မြင်နိုင်ခဲ့သည်။
မုချောင်ယွင်၏ သန်မာသော လက်များက ရွှီယန်ယု၏ လက်မောင်း သွယ်သွယ်လေးကို ညင်သာစွာ ထိလိုက်သည့်အခါ နူးညံ့သော အထိအတွေ့ကို ခံစားခဲ့ရသည်။ လက်ထိပ်များကို သူ့ရဲ့လက်ဖြင့် ကိုယ်တိုင် ခတ်ပေးချင်သော်လည်း ရွှီယန်ယု၏ တားခြင်းကို ခံလိုက်ရသည်။ သတ္တုချိန်းကြိုးမှာ တချွင်ချွင် အသံ ထွက်နေခဲ့သည်။ လက်ထိပ်ရဲ့ တစ်ဖက်ကို သူမရဲ့ သေးသွယ် လှပသော လက်များဖြင့် ဆွဲထားကာ တချွင်ချွင်ဖြစ်နေသည့် အသံမျိုးကို ပြုလုပ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို မုချောင်ယွင်က သူ့ရဲ့ပါးပေါ်တွင် နူးညံ့သည့် အထိအတွေ့ တစ်ခုကို ခံစားလိုက်ရကာ ချိုမြိန်သော ရနံ့ကို ရခဲ့သည်။ ထိုအထိအတွေ့မှာ သူမ၏ အနမ်းတစ်ပွင့် ဖြစ်သည်။ သူမရဲ့ ရနံ့မှာ အလွန် သဘောကျဖို့ ကောင်ပြီး ထိုအရာက သူ့ကို တော်တော်လေး လုံခြုံသည်ဟု ခံစားရစေသည်။
ရွှီယန်ယု၏ အနမ်းမှာ ရင်းနှီးပြီး ဆွဲဆောင်မှုရှိသည့် နူးညံ့ကာ စွဲထင်ရစ်နေသည့် အနမ်းမျိုးဖြစ်ပြီး ငှက်သိုက်မုန့်ကဲ့သို့ ချိုမြိန်သည့် အရသာနှင့်တူကာ စိတ်ကျေနပ်ဖို့ကောင်းသည့် ရနံ့မျိုးလည်း ဖြစ်သည်။ နူးညံ့သော အထိအတွေ့သည် သူ့ရဲ့အသားပေါ်တွင် ပွတ်သီးပွတ်သပ်ဖြစ်ကာ သူ့ရင်ထဲတွင် လှိုင်းများသဖွယ် ဂယက်ထနေခဲ့သည်။ ထိုအရာမှာ ကြည်နူးဖို့ကောင်းသော ခံစားချက်များကို ထုတ်ပေးနိုင်သည့် အချစ်မျိုး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် တစ်ယောက်ကို တစ်ယောက် အတော်လေး လိုအပ်သည်။ အကြောင်းမှာ သူတို့၏ စိတ်၊ ခန္တာ၊ ဝိဉာဥ်နှင့် ပိုပြီး သဟဇာတ ဖြစ်သည့်သူဟု၍ မရှိတော့ခြင်းကြောင့် ဖြစ်သည်။
ဘယ်လိုနည်းနဲ့ပဲ ဖြစ်နေပါစေ၊ သူတို့သည် တစ်ယောက်ကို တစ်ယောက်သာ တကယ် လိုအပ်နေသည်။
မုချောင်ယွင်သည် နူးညံ့ပြီး ချိုမြိန်လှသည့် ထိုအနမ်းကို ပျော်ရွှင် ကြည်နူးကာ သူ့စိတ်ထဲက ခံစားချက်ရော တစ်ဖက်လူရဲ့ ခံစားချက်ရောကိုပါ ခံစားမိနေခဲ့သည်။ အကြောင်းမှာ ရွှီယန်ယုက အင်မတန် နူးညံ့နေဖို့ ဆိုသည်မှာ အတော်လေးကို ရှားပါးလွန်းပြီး သူသည် ထိုခံစားချက်ကို ပိုပြီးတောင် မြတ်နိုးနေခဲ့သည်။
ရွှီယန်ယုသည် သူမ၏ နှုတ်ခမ်းပါးလေးများဖြင့် သူ့ရဲ့ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။ သူတို့သည် တစ်ယောက်ရဲ့ အသက်ရှူသံက ဖြည်းဖြည်းချင်း မြန်လာသည်ကို အခြားတစ်ယောက်က ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ သူ့ရဲ့ ရှပ်အင်္ကျီကိုလည်း ချွတ်ခဲ့လိုက်ပြီး ဖြစ်သည်။ သူမရဲ့ အနမ်းသည် ပါးပေါ်မှတစ်ဆင့် သူ့ရဲ့ ပုခုံးပေါ်သို့ ရောက်သွားခဲ့သည်။
ထိုကဲ့သို့ နမ်းခံရသည့် ခံစားချက်မျိုးသည် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများဖြစ်သော ပါး၊ လည်ပင်း၊ ပခုံးနှင့် ရင်ဘက် စသည့်နေရာများကို နမ်းခံရသည့် ခံစားချက်မျိုးနှင့် လုံးဝကို ကွဲပြားသည်။ ထိုခံစားချက်သည် ဆတ်ဆတ်ထိမခံ အဖြစ်ဆုံး အာရုံကြောများကိုတောင် အလွယ်တကူ နှိုးဆွနိုင်ပြီး ထိုအရာကို ဆွဲဆောင်စေဖို့တောင် လွယ်ကူလှသည်။
ထို့ကြောင့် သတိလက်လွတ်ဖြစ်ကာ ရွှီယန်ယုသည် လက်ထိပ်၏ အခြားတစ်ဖက်ကို မုချောင်ယွင်၏ လက်ထိပ်တစ်ဖက်ဖြင့် ခတ်မိလိုက်ပြီး သူမ၏ ကိုယ်နေဟန်ထား တစ်ခုလုံးမှာလည်း ဆွဲဆောင်မှု ရှိနေခဲ့သည်။ သူမရဲ့ စကတ်ကို ချွတ်လိုက်ကာ နှင်းလို ဖြူဖွေးနေသည့် သူမရဲ့ ပေါင်များဖြင့် မုချောင်ယွင်၏ ခါးကို ခွထားခဲ့သည်။ အရှေ့မှ ကြည့်ပါက မုချောင်ယွင်က အိပ်ရာပေါ်တွင် လှဲနေပုံရပြီး သူမသည် သူ့ပေါ်ကို တက်၍ သူ့ရဲ့လည်ဂုတ်အား သူမလက်ဖြင့် ဖိထားကာ သူ့ပေါ်တွင် အားကုန် သုံးထားပုံရသည်။
အတိတ်တုန်းက မုချောင်ယွင်သည် ကံတရားကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘဲ လူတိုင်းက သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင်သာ ပြောင်းလဲနိုင်သည်ဟု တွေးခဲ့သည်။ သို့သော် သူသည် ရွှီယန်ယုက သူ့ဘဝထဲကို ဝင်လာသည့်အခါ သိပ္ပံပညာဖြင့် ဖော်ပြလို့မရသည့် တစ်စုံတစ်ခုက ဖြစ်သွားခဲ့သည်ဟု တွေးလိုက်သည်။
ဒါပေမယ့် မင်းအဲ့ဒါကို နောက်တစ်နည်းနဲ့ ပြန်တွေးကြည့်ရင် ဒါက ကံကြမ္မာမဟုတ်ဘူး။ ဒါ သူမက သူ့ဆီကို ယူဆောင်လာတဲ့ ကံတရားပဲ။ သူတို့က အတူရှိဖို့အတွက် ကံပါလာပြီးသား။
ရွှီယန်ယု၏ ဖြူဖွေးသော ကျောပေါ်တွင် ချွေးများ စို့လာခဲ့သည်။ သူမသည် မုချောင်ယွင်ပေါ်တွင် လှဲချလိုက်ကာ သူ့ရဲ့ ပြင်းထန်လှသည့် နှလုံးခုန်နှုန်းကို နားထောင်ရင်း သူက သူမအတွက် ယူဆောင်လာသည့် အားအင်တွေကို ခံစားမိကာ ထိုအရာက သူမရဲ့ ခံစားချက်တွေကို ကောင်းလာစေသည်။
သူတို့နှစ်ယောက်လုံး အိပ်ရာပေါ်သို့ လှဲချကာ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြသည်။ အိပ်ရာဘေးက စားပွဲခုံပေါ်တွင် ပန်းရောင် အမွေးပွ ယုန်ပစ္စည်းများ ရှိနေခဲ့သည်။ သွယ်လျသည့် လက်ကလေးက ထိုပစ္စည်းများကို ဆွဲယူကာ ဘေးမှာရှိတဲ့ မုချောင်ယွင်ဆီ ပစ်ပေးလိုက်ပြီး ပျင်းရိစွာ ပြောခဲ့သည်။
“ကျွန်မကို ဒါတွေဝတ်ဖို့ ကူညီပေးပါဦး။”
မုချောင်ယွင်၏ နက်ရှိုင်းသော မျက်လုံးများသည် သူမရဲ့ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ကြည့်ပြီး အတော်လေးကို ရမ္မက်ထပြီး ဆွဲဆောင်မှုရှိသော ဝတ်စုံအား ကြည့်ခဲ့သည်။ သူ့ရင်ထဲသို့ တဟုန်ထိုး ရောက်ရှိလာသော ချစ်စိတ် ပြင်းပြမှုမှာ ပိုပြီးတောင် ပြင်းထန်လာပြီး တစ်ဖက်လူက ထိုဝတ်စုံကို ဝတ်ထားသည့် မြင်ကွင်းကို တွေးကြည့်ရုံဖြင့် သူ့ရဲ့ နှာခေါင်းသွေးများ လျှံလာရသည်။ သူ့လို စိတ်ဓာတ် ပြင်းပြသည့် သူမျိုးကတောင် စိတ်များ ရှုပ်ထွေးကာ မျောပါမသွားဖို့အတွက် တော်တော်လေး သတိကပ်ပြီး နေရမည် ဖြစ်သည်။
သို့သော် သူမသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထိုဝတ်စုံကို ခက်ခဲသည့် လှုပ်ရှားမှုမျိုးဖြင့် အောင်မြင်စွာ ဝတ်ပြီး ပြန်ချွတ်ဖို့မှာ သူမအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။
ရွှီယန်ယုသည် သူမ၏ လှပသော ကိုယ်ခန္ဓာကို ဆွဲဆောင်မှုရှိရှိ ဆန့်ထုတ်လိုက်သည်။ မုချောင်ယွင်က အပေါ်ယံမှုတော့ အတော်လေး စဥ်းစား ဆင်ခြင်တတ်ပုံ ရသော်လည်း သူ့ကို အနီးကပ် ကြည့်ကြည့်ပါက ယုန်ဝတ်စုံကို ကောက်ယူလိုက်ကတည်းက သူလည်း အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ထိုဝတ်စုံကို ယူပြီး ကြည့်နေသည့်အခါ အဲ့ဒါက အောင်အောင်မြင်မြင် ဝတ်ဖို့က သူထင်ထားတာထက် ပိုခက်နေသော်လည်း အတော်လေးကို မိုက်သည်ဟု တွေးနေခဲ့သည်။
ရွှီယန်ယုသည် သူမ၏ ဆွဲဆောင်မှုမှာ အခြားသူတွေထက် ပိုပြီး သာလွန်ကြောင်းကို သိနေခဲ့ပြီး ဖြစ်ကာ သူမရဲ့ပုံစံဖြင့် အကြီးမားဆုံး အကျိုးအမြတ်များစွာကို ယူဆောင်နိုင်သည်။ လူတွေက သူမကို အမြင်အရရော စိတ်ထဲကရောပါ တားနိုင်ကြမည် မဟုတ်ဘဲ သူမရဲ့ ပထမဆုံး အကြည့်မှာတင် သူတို့တွေ ကျရှုံးသွားနိုင်သည်။
ထိုဝတ်စုံမှာ ကွက်တိဖြစ်ပြီး ပုံစံမှာ ဆွဲဆောင်မှုရှိသည်။ မုချောင်ယွင်သည် ဒီဝတ်စုံက ရွှီယန်ယုကိုယ်တိုင် ဒီဇိုင်း ဆွဲထားသည်ကိုတောင် လောင်းရဲသည်။ အကြောင်းမှာ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို သူမသာလျှင် အသိဆုံး ဖြစ်သည်။ ထိုဝတ်စုံသည် မိုက်ပြီး ဆွဲဆောင်မှု ရှိသည်သာမက နေရာလည်း သိပ်မယူပါ။ ထိုဝတ်စုံကို သူမရဲ့ ကိုယ်ပေါ်တွင် ချောချော့မွေ့မွေ့ ပတ်လိုက်ကာ လူတွေကို အသောမသတ်နိုင် စွဲလမ်းသွားစေသည်။ “စစ်မှန်တဲ့ လိုအင်ဆန္ဒ”ဟူသော စကားလုံးကို သူမထက် ဘယ်သူမကမှ ပိုပြီး မသင့်တော်ပါ။ ထိုစကားလုံးက သူမကို ဖော်ကျူးဖို့အတွက် ဖြစ်တည်လာသလားဟုတောင် တွေးထင်ရသည်။
ရွှီယန်ယု၏ နက်မှောင်သော ဆံပင်ရှည်လေးကို အလွန် ချစ်စရာကောင်းသော အမွှေးပွ ယုန်နားရွက်ဖြင့် အလှဆင်ထားပြီး သူမ၏ စကတ်အတိုလေးတွင်လည်း အမွှေးပွ ယုန်အမြှီးလေး ရှိနေခဲ့သည်။ သူမ၏ ရင်ဘက်ရှိ အလှဆင်ထားသည့် အရာမှာ အလွန် ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိနေသည်။ ယုန်လက်ဖဝါးပုံ လက်အိတ်ကိုလည်း သူမလက်တွင် ဝတ်ဆင်ထားသည်။ သူမကို ဘယ်လိုပဲ ကြည့်နေပါစေ သူမသည် အလွန် ဆွဲဆောင်မှုရှိသော ချစ်စရာ ယုန်ကလေး တစ်ကောင်နှင့် တူနေသည်။ သူမသည် မျက်လုံးများကို တချက်ဝေ့လိုက်ပြီး သူမအရှေ့ရှိ ယောက်ျားကို အပြုံးလေး တစ်ပွင့်ဖြင့် ကြည့်ခဲ့သည်။
“သခင်။ သခင့်ရဲ့ ယုန်သူငယ်လေးကို သဘောကျရဲ့လား။”
“ဟမ်…”
မုချောင်ယွင်၏ စိတ်ထဲတွင် တစ်ခုခုက ဝုန်းခနဲ ပေါက်ကွဲသွားပုံရသည်။ နိုးထလာသော သားရဲကြီးသည် သူ့ရင်ထဲတွင် အချိန်အကြာကြီး မျိုသိပ်ထားသည့် အသံတစ်သံကို ကြားလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။ သူသည် သူ့ရဲ့ ယုန်သူငယ်လေးကို စပြီး အနိုင်ကျင့်တော့မည် ဖြစ်သည်။