အခန်း (၇၀)
Vol. 6 Ch. 70
မုချောင်ယွင်နှင့် ရွှီယန်ယုတို့၏ စိတ်ထဲက အတွေးများကို မြင်ခဲ့ရသည့် ရှေးဟောင်း နန်းတော်ကြီးထဲရှိ မြင်ကွင်းကို အင်တာနက် အသုံးပြုသူများက ချစ်သူတွေကြားမှာ စိတ်ချင်း ဆက်သွယ်နိုင်သော ဆက်ဆံရေးဟု ဖော်ပြခဲ့ကြသည်။ အချင်းချင်း အပြန်အလှန် ချစ်ခင်ကြပြီး အတွေးများ ထပ်တူကျမှသာ ထိုအရာကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ နည်းပညာဖြင့် ပြုလုပ်ထားသော မြင်ကွင်းသည် မှင်သက်စရာ ကိစ္စတစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး လူပြောများသော ခေါင်းစဥ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးသည် သိပ္ပံသဘောတရားနှင့် မတူဘဲ သဘာဝအတိုင်း ဖြစ်လာသော ကိစ္စဟု ဘယ်သူကမှ မတွေးခဲ့ကြသော်လည်း ထိုအရာသည် တိုက်ဆိုင်မှုလား ဒါမှမဟုတ် တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က တကယ် သိနိုင်သော ထူးခြားသည့် နည်းလမ်းတစ်ခုလားဆိုတာကို သိချင်စိတ် ဖြစ်လာစေသည်။
မုလုပ်ငန်းစု၏ လက်အောက်ရှိ ခရီးသွားလုပ်ငန်းမှာ မြန်မြန်ဆန်ဆန်ပဲ ပြောခဲ့ကြသည်။ သူတို့သည် လူဦးနှောက်ရှိ ကြိမ်နှုန်းများကို ရှာဖွေ တိုင်းတာနိုင်သော ဦးနှောက်ပိုင်းဆိုင်ရာ စက်တစ်ခုကို ပြင်ဆင်ထားခဲ့သည်။ ထိုကြိမ်နှုန်းများမှတစ်ဆင့် စိတ်ထဲက သဘောအကျဆုံး ပုံရိပ်များကို မြင်နိုင်သည်။ ထိုအရာသည် သူတို့ ကုမ္ပဏီ၏ ကိုယ်ပိုင်အရာတစ်ခု ဖြစ်ပြီး မိမိနှစ်သက်ရာ နေရာများကို လည်ပတ်နေသမျှ ကာလတစ်လျှောက်လုံး ထိုဝန်ဆောင်မှုကို ရရှိနိုင်သည်။
စိတ်ထဲရှိ အတွေးများကို သိမြင်နိုင်သည့်အပြင် လျှပ်စစ် လှိုင်းများသည် မိမိတို့၏ လက်တွဲဖော်၊ သူငယ်ချင်းများ အပြောချင်ဆုံး အရာများကိုလည်း သိမြင်နိုင်သည်။ လာရောက်လည်ပတ်ကြသော ဧည့်သည်များသည် ထိုဝန်ဆောင်မှုအတွက် ကိုယ်ရေးကိုယ်တာ သဘောတူညီချက် တစ်ခုမှာ လက်မှတ် ထိုးရမည် ဖြစ်သည်။
ထိုနေရာတွင် ကန့်သတ်ထားသည့် စည်းမျဥ်းအချို့ ရှိသော်လည်း ထိုထူးခြားသည့် နည်းပညာမှာ အင်တာနက် အသုံးပြုသူများ အကြားတွင် ဆွဲဆောင်မှုရှိကာ လူပြောများနေဆဲ ဖြစ်သည်။
[ အဲ့ဒါဆို ဒီဟာကြီးက ဘာတွေ ဖြစ်နေတာလဲ။ တကယ် မှော်ဆန်တဲ့ အရာတစ်ခုလို့ ခံစားရတယ်။ ငါလည်း ဒီဝန်ဆောင်မှုကို ရဖို့ ငါ့လက်တွဲဖော်ကို ခေါ်သွားချင်လိုက်တာ။]
[ ဟုတ်တယ်။ တစ်ဖက်လူက ဘာတွေ တွေးနေလည်းဆိုတာ ငါတကယ် သိချင်မိတယ်။ အဲ့ဒါက သူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ သွားရင်လည်း ပျော်စရာကောင်းမှာပဲ။]
[ ငါကတော့ ငါ့အမေနဲ့အတူ သွားချင်တယ်။ သူမ သဘောအကျဆုံး မြင်ကွင်းက ဘာလဲဆိုတာ ငါသိချင်မိတယ်။]
[ ပြီးတော့ ငါတို့တွေ အဲ့ကို ကလေးတွေရော ခေါ်သွားလို့ ရလား။ ကလေးက အရမ်း သောင်းကျန်းပြီး သူ ဘာလုပ်တော့မှာလဲဆိုတာကို ခန့်မှန်းဖို့က တော်တော်လေး ခက်လို့ပါ။ ကလေးက ဘာကို သဘောကျလဲဆိုတာ ငါတို့သိသွားရင် သူ့ကို ငါတို့ လိုအပ်သလို သင်ပေးလို့ရပြီလေ။]
[ အခုမှ ရုတ်တရက် ငါသိလိုက်ရတာက ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အရာကို ကြုံကို ကြုံဖူးရမယ်။ ဒါက အရမ်းမိုက်တယ်လေကွာ။]
အင်တာနက်ပေါ်တွင် သောင်းသောင်းဖြဖြ ဖြစ်သွားသည့် ထိုအကြောင်းအရာမှာ ခပ်မြန်မြန်ပဲ ရေပန်းစားလာခဲ့ပြီး သူ့ရဲ့ လွှမ်းမိုးမှုမှာ ပိုပိုပြီး ကျယ်ပြန့်လာကာ ထိုအကြောင်းကို လူပိုသိလာခဲ့သည်။
တရားဝင် ခရီးသွား website တွင် ထိုစက်အတွက် လက်မှတ် ကြိုတင်မှာယူမှုများမှာ တစ်နာရီကို ၁၀,၀၀၀ ကျော်နှုန်းဖြင့် မှာယူနေခဲ့ကြသည်။ နိုင်ငံထဲတွင် ထိုအရာကို စမ်းသပ်ဖို့အတွက် သွားရောက်နိုင်သည့် သိပ္ပံခန်းများမှာ စုစုပေါင်း ၁၂ ခန်း ရှိသည်။ ထိုနေရာ အားလုံးသည် သဘောကျ နှစ်သက်ဖွယ်ကောင်းသော သဘာဝ နေရာများဖြစ်သည်။ အထူးခြားဆုံးတစ်ခုမှာ ထိုအံ့ဩစရာကောင်းသည့် နည်းပညာ စမ်းသပ်ခန်းပင် ဖြစ်သည်။
ထိုအရာမှာ ဒီခရီးသွားလုပ်ငန်းတွင် အရောင်းရဆုံးသော နေရာတစ်ခုဖြစ်သည်။ တိတိကျကျ ပြောရရင် ထိုအောင်မြင်မှုကြောင့် တရားဝင် website ရှိ လက်မှတ် ကြိုတင်မှာယူမှုများမှာ အတော်လေးကို မြင့်တက်လာခဲ့သည်။ ထိုရလဒ်ကို လုပ်ကန်းထဲရှိ လူတိုင်းက မမျှော်လင့်ထားခဲ့ကြပါ။ မုချောင်ယွင် ရင်းနှီးမြှုပ်နှံလိုက်သည့် အသစ်စက်စက် ခရီးသွား လုပ်ငန်းသည် တစ်ညတည်းနှင့် အောင်မြင်လာမည်ကို သူ့ရဲ့ လုပ်ငန်းတူ လုပ်နေသည့် သူများကလည်းတောင် မမျှော်လင့်ထားခဲ့ပါ။ ဒီလို တစ်ဟုန်ထိုး အောင်မြန်မှုမျိုးသည် အရင်က မဖြစ်ဖူးခဲ့သည့်အတွက် ထိုကိစ္စမှာ အထူးအဆန်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် ကိစ္စများသည် ဒီလိုနည်းအတိုင်း ဆက်ပြီး တိုးတက်ကာ မုချောင်ယွင်၏ ဂုဏ်သတင်းများ ပိုပြီး မွှေးနေပါက ထိုစီးပွားရေးသည် သေချာပေါက် ဝင်ငွေကောင်းလိမ့်မည် ဖြစ်သည်။ မုချောင်ယွင်သည် သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွင် ဂုဏ်သတင်း ကျော်ဇောမှု ရှိနေပြီး ဖြစ်ကာ အမြဲတမ်းလိုလို အံ့အားသင့်စရာများကိုလည်း ဆက်လက် ဖန်တီးပြနေဆဲ ဖြစ်သည်။
ထိုခရီးသွားလုပ်ငန်းသည် သူလုပ်ခဲ့သမျှ လုပ်ငန်းများအနက် အထင်ကြီးစရာ အကောင်းဆုံး လုပ်ငန်းတစ်ခု မဟုတ်ပါ။ သရုပ်ပြ ပုံစံငယ်များနှင့် ဆန်းသစ် တီထွင်မှုများမှာ တကယ့်ကို မကြုံစဖူး အရာများ ဖြစ်ပြီး ဒီလို ရောင်းအားမျိုးဖြင့် ဝင်ငွေ ရှာမရ ဖြစ်ဖို့ရန်မှာ ခက်ခဲသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ နောက်ဆုံး စိတ်ချင်း ဆက်သွယ်နိုင်သည့် ထူးခြားသော နည်းပညာ စမ်းသပ်ပွဲကို ဒီလကုန်မှစပြီး ပါဝင် စမ်းသပ်နိုင်တော့မည် ဖြစ်ပြီး များစွာသော အင်တာနက် အသုံးပြုသူများက ထိုအရာကို စမ်းကြည့်ချင်နေကြသည်။
မိုအန်းဟု အမည်ရှိသော အင်တာနက် အသုံးပြုသူ တစ်ယောက်သည် ထိုနေ့က စိတ်ချင်းဆက်သွယ်သည့် စမ်းသပ်မှု ပြုလုပ်သည့် ခရီးမှ ပြန်ရောက်လာပြီးနောက် အွန်လိုင်းပေါ်တွင် သူ့ရဲ့ ခံစားချက်များကို ဆောင်းပါး တစ်ပုဒ်အနေဖြင့် အသေးစိတ် ရေးတင်ခဲ့သည်။
[ ဒီခရီးက သွားရတာ တန်ပါတယ်။ ကျွန်တော့မိန်းမနဲ့ ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် သဘောအကျဆုံး အတောင့်တဆုံး မြင်ကွင်းများကို မြင်ခဲ့ရပြီး ကျွန်တော်တို့ကြားမှာ ရှိနေတဲ့ ကွက်လပ်တွေကိုလည်း နားလည်ခဲ့ရတယ်။ အချင်းချင်း ဆက်သွယ်နိုင်ခဲ့တော့ ကျွန်တော်တို့ရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဒီလောက်ထိ မကောင်းခဲ့ဘူး။ နောက်ပိုင်းကျရင် ကျွန်တော် အလုပ်ကို ကြိုးစားပြီး သူမရဲ့ ရင်ထဲက အမြင်ချင်ဆုံး မြင်ကွင်းတွေ အားလုံးကို မြင်ရဖို့ ဖြည့်ဆည်းပေးသွားမယ်။ ကျွန်တော့်ရင်ထဲက အရာကို ကျွန်တော့ဇနီးက မြင်ပြီးတော့ နောက်ပိုင်းကျရင် သူမလည်း ကျွန်တော့်ကို နားလည်မှုတွေ ပေးပါ့မယ်လို့ ပြောခဲ့သေးတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာလေ ဒီလောက်ထိ တစ်ခါမှ စိတ်တူကိုယ်တူ မဖြစ်ခဲ့ဖူးဘူးဗျာ။]
[ ဒီဟာကို စမ်းကြည့်ဖို့ ငါ့ကလေးကို ခေါ်သွားတော့ ဒီလို လှုပ်ရှားမှုကို သူတော်တော်လေး သဘောကျနေတာ။ ငါ့ရဲ့ အတွေ့အကြုံ အနေနဲ့ကတော့ ငါ့ကလေးရဲ့ အတွေးတွေကို ငါနားလည်ခဲ့တယ်။ ပြီးတော့ ငါ့ကလေးက ဘာလို့ ဒီလောက်တောင် ဆိုးနေတာလဲ ဆိုတာကိုရော နားလည်ခဲ့ရတယ်။ ငါ့ရင်ထဲမှာ အလိုချင်ဆုံး အရာက သူစကားနားထောင်ပြီး သူ့ရဲ့ အိမ်စာတွေကို ကောင်းကောင်း လုပ်ဖို့ပဲ။ ပြီးတော့ သူက လိမ္မာတဲ့ ကလေးတစ်ယောက် ဖြစ်ဖို့ရောပဲလေ။ ဒါပေမယ့် ကလေးရဲ့ စိတ်ထဲမှာက နူးညံ့ပြီး ညင်သာတဲ့ အမေတစ်ယောက်ကို မြင်ချင်တာလေ။ တကယ်တော့ ငါက အဲ့လို မဟုတ်ခဲ့ဘူး။ ကလေးကို ပိုပြီး ကောင်းအောင် ပြောဖို့အတွက်က အခွင့်အရေး မရှိပါဘူး။ ကလေးကို ထိန်းနေရင်း ငါ့ကိုယ်ငါလည်း ထိန်းဖို့ လိုတယ်။ အဲ့ဒါမှ နောက်ပိုင်းကျရင် ငါက ငါ့ကလေးကို ကောင်းကောင်း ဆက်ဆံပေးနိုင်မှာ။]
[ ထူးခြားတဲ့ နည်းပညာ လုပ်ငန်းအကြောင်း ထပ်ပြီး ပြောရရင် ငါနဲ့ ငါ့သူငယ်ချင်းကြားက နားလည်မှု လွဲထားတဲ့ ကိစ္စတွေက ဖြေရှင်းပြီးတာ ကြာလှနေပြီ။ ငါတွေးနေတာ လူတွေက သူတို့မြင်နိုင်တဲ့ အရာနဲ့ ပတ်သက်ပြီးတော့ သိချင်နေကြတာ။ ငါလည်းပဲ မသွားခင်တုန်းကတော့ တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ငါတကယ်လည်း မြင်ရတဲ့အခါကျတော့ ငါ ဘယ်လောက် အမြင်ကျဥ်းလဲဆိုတာ ငါ့ကိုယ်ငါ သိလိုက်ရတယ်။ ငါမြင်လိုက်ရတဲ့ မြင်ကွင်းက သေချာပေါက် လူတိုင်းကို တုန်လှုပ်သွားစေမှာ။]
[ ငါကတော့ အဲ့ဒါကိုမြင်ချင်တာမှ ယွပိုးကို ထိုးနေတာပဲ။ အဲ့ဒါကြောင့် စာရင်းသွင်းပြီး သွားတော့မယ်။]
အွန်လိုင်းပေါ်ရှိ အင်တာနက် အသုံးပြုသူများ၏ များပြားသော ဂုဏ်ယူ ချီးမြောက်မှုများနှင့်အတူ ခရီးသွား စမ်းသပ်ခန်းသည် ခရီးသွား လုပ်ငန်းထဲတွင် လွှမ်းမိုးနိုင်ရန်အတွက် အောင်အောင်မြင်မြင် စတင်ခဲ့ပြီး ဖြစ်သည်။ ထိုလုပ်ငန်းအသစ်သည် ရှယ်ယာ စျေးကွက်များအတွက် သူ့ရဲ့ ယှဥ်ပြိုင်မှုမှာ ရက်စက်ပြီး အခြားသော ခရီးသွား လုပ်ငန်းများမှာ ပြန်ပြီး ပြေးဆွဲဖို့အတွက် လုံးဝကို မဖြစ်နိုင်တော့ပါ။
ချမ်းသာသော ရင်းနှီးမြှုပ်နှံကြသူများ တိုက်ရိုက် ထုတ်လွှင့်မှု အပိုင်းသစ်ကို စတင်လိုက်သည့်အခါ မုချောင်ယွင်၏ ရလဒ်ကြောင့် လူတိုင်းကို ပါးစပ် ပိတ်သွားစေခဲ့သည်။
ရွှီယန်ယုနှင့် မုချောင်ယွင်တို့သည် တိုက်ရိုက် ထုတ်လွှင့်ခန်းထဲတွင် ထိုင်နေခဲ့ကြသည်။ သူတို့အတွဲသည် ရင်းနှီးမြှုပ်နှံမည့် အစီအစဥ်များကို ကြည့်နေရင်း သူတို့ ဘာတွေ ပြောနေခဲ့သည်ကိုတော့ ဘယ်သူကမှ မသိခဲ့ကြပါ။ သို့သော် သူတို့ နှစ်ယောက်သာ အလိုက်ဖက်ဆုံး စုံတွဲဖြစ်သည်ကို လူအများကဘ ခံစားခဲ့ရသည်။
သူတို့နှစ်ယောက်သည် ချမ်းသာသော ရင်းနှီး မြှုပ်နှံကြသူများ နောက်ဆုံးအပိုင်းကို ရိုက်ကူးနေကြသည်။ နောက်ပိုင်းတွင် ဆက်လက် ရိုက်ကူးဖို့အတွက် ဧည့်သည်အသစ်များ ရှိလာလိမ့်မည် ဖြစ်သည်။ သို့သော် သူတို့အတွဲ ရင်းနှီးခဲ့ကြသော ရှယ်ယာ စျေးကွက်များ ဖြစ်သည့် အချစ်စစ် ကော်ဖီဖြစ်စေ၊ စိန်အလှဆီ ဖြစ်စေ၊ ဒါမှမဟုတ်လည်း ခရီးသွား လုပ်ငန်းဖြစ်စေ၊ ထိုအံ့ဩဖွယ်ရာ လုပ်ငန်းများကို ဘယ်သူကမှ မကျော်နိုင်ကြောင်းကို နောက်ဆုံးရ အချက်အလက်များက ပြသခဲ့သည်။ ထို့အပြင် နောက်ပိုင်းတွင်လည်း သူတို့ထက် ပိုကောင်းအောင် ဆောင်ရွက်နိုင်သည့် ဧည့်သည်ဟူ၍ ရှိလာတော့မည် မဟုတ်ပါ။
သူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အရင်က ဧည့်သည်များ ရရှိခဲ့သည့် အောင်မြင်မှုများကို ကျော်နိုင်ခဲ့သည်သာမက သူ့ကို ဘယ်သူကမှ မကျော်နိုင်သော ရလဒ်တစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့သည်။ လူတွေကသာ သူ့ကို မလေးစားကြဘူးဆိုရင် ဒါက ထူးဆန်းသည့် အရာတစ်ခု ဖြစ်နေလိမ့်မည်။
အစပိုင်းတွင် လျန့်ဖန်ကွေ့က ရွှီယန်ယုကို စိတ်ဝင်စားခဲ့သည်။ သို့သော် သူ့ရဲ့ လောင်စာလုပ်ငန်းရှိ ရှယ်ယာ စျေးကွက်မှာ အချစ်စစ်ကောဖီနှင့် ခရီးသွား စမ်းသပ်ခန်းလောက်တော့ အရမ်းကြီး စံချိန် မချိုးနိုင်ခဲ့ပါ။ ထို့ကြောင့် သူ့ရဲ့ လုပ်နိုင်စွမ်းသည် မုချောင်ယွင် လုပ်နိုင်သည့် အနောက်တွင်သာ ရှိနေခဲ့ပြီး တစ်ခုခုကို ပြောဖို့အတွက်လည်း သူ့မှာ ဘာအခွင့်အရေးမှ မရှိတော့ပါ။
လင်းဝမ်ရှုက ရွှီယန်ယုကို လက်ပိုက် မကြည့်နိုင်ခဲ့သော်လည်း သူမ လုပ်နိုင်သည့် အရာဟူ၍လည်း မရှိနေခဲ့ပါ။ ထို့အပြင် သူမက လုပ်နေကျ လုပ်ငန်းမျိုးသည် အကျိုးအမြတ် မရနိုင်ဘူးဟု ပြောခဲ့သည်။ ရလဒ်အနေဖြင့် ရွှီယန်ယုမှလွဲ၍ လုပ်နေကျ လုပ်ငန်းမျိုးတွင် ရင်းနှီး မြှုပ်နှံခဲ့ကြသည့် အခြား ဧည့်သည် သုံးယောက်မှာ ငွေတွေ ဆုံးရှုံးခဲ့ရသည်။
အစပိုင်းမှာ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး သူသိပ်ပြီး မတွေးခဲ့ဘူး။ ဒါပေမယ့် ပိုင်တင်းယွင် ပြောတဲ့ စကားတွေက တကယ် ဖြစ်လာတယ်ဆိုတာကို ကြားလိုက်ရတော့ ဘယ်လိုလုပ် သတိမထားဘဲ နေနိုင်ပါ့မလဲ။ ကြည့်ရတာတော့ မစ္စတာပိုင်က သူမကို တော်တော် အပြစ်တင်ချင်နေတဲ့ပုံပဲ။
“မစ္စတာမုနဲ့ မစ္စမု၊ ပထမဆုံး ပြိုင်ပွဲမှာကိုကတည်းက ခဗျားတို့ နှစ်ယောက်က ရလဒ်ကောင်းတွေကို ရခဲ့ပြီးသားပဲ။ ငါသိချင်တာက ခဗျားတို့ရဲ့ နောက်ထပ် လမ်းကြောင်းက ဘာလဲ ဆိုတာကိုပဲ။ ခဗျားတို့က စကင်ကဲ လုပ်ငန်းကို တိုးတက်အောင် ဆက်လုပ်မှာလား။ ဒါမှမဟုတ် ခရီးသွား လုပ်ငန်းကိုလား။ ခဗျားတို့ရဲ့ အတွေးတွေကို ငါတကယ် မြင်နေပြီ။”
ရွှီယန်ယုက ခနတာ တွေးလိုက်ပြီး ပြန်ပြောခဲ့သည်။ “ပြန်လည် မွေးဖွားခြင်းက နာမည်ရှိပြီးသားပါ။ ဝယ်သုံးတဲ့သူတွေ ပိုပြီး သုံးရတန်အောင် ပြန်မွမ်းမံပြီး ပြောင်မြောက်အောင် လုပ်ဖို့တော့ လိုသေးတယ်လို့ ကျွန်မ ထင်မိတယ်။ အဲ့ဒါကြောင့် ဒီဇိုင်းပိုင်းကတော့ နောက်ထပ် ခြေလှမ်းပါပဲ။ ကျွန်မတို့ နောက်နှစ် ဖက်ရှင်ပွဲအတွက် အရေးကြီးတဲ့ ဒီဇိုင်း ဖန်တီးမှုတွေကို ကြေညာတော့မှာလေ။ ပြီးတော့ ဒီဇိုင်းလက်ရာ အသစ်တွေကိုတော့ ဒီလကုန်လောက်ကျရင် ကျွန်မတို့ဘက်က ထုတ်ပြန် ကြေညာပေးတော့မှာပါ။”
လူတိုင်းသည် ချက်ချင်းဆိုသလို ထိုဆုံးဖြတ်ချက်ကြောင့် အံ့ဩသွားခဲ့ကြသည်။
အကြောင်းမှာ ပြန်လည် မွေးဖွားခြင်း အသားရည် ထိန်းသိမ်းသည့် ထုတ်ကုန် ပစ္စည်းများမှာ အင်မတန် ကောင်းမွန်ပြီး ဘယ်လောက်ပဲ စျေးကြီးနေပါစေ ထိုပစ္စည်းကို ဝယ်ယူမည့် သူကတော့ အမြဲတမ်း ရှိနေလိမ့်မည် ဖြစ်သည်။ ထို့အပြင် ပစ္စည်း၏ ရောင်းလိုအားသည် ဝယ်လိုအားကို အလွယ်တကူ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ အခုအချိန်သည် ပစ္စည်းကို ဆက်လက် မြှင့်တင်ဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်သည်။ ထိုပစ္စည်းများကို ပြည်ပစျေးကွက်နှင့် အပြင်ဆိုင်များတွင် ဖြန့်ချီသင့်သည်။ စျေးကွက်ကို မြှင့်တင်ပေးနိုင်သည့် နေရာများစွာ ရှိနေသည့်အတွက် ဘာလို့များ ဒီဇိုင်းပိုင်းအတွက် မူလနေရာသို့ သွားရတော့မှာပါလဲ။
လူအများက သူမသည် အသားရည် ထိန်းသိမ်းသည့် ဘရန်းတစ်ခုကို ဖန်တီးဖို့အတွက် ဘာလို့များ ဒီလောက်ထိ ကြိုးစားနေရလဲ ဆိုတာကို တွေးနေခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ သူမသည် အဝတ်အထည် ဘရန်းကို ပြန်ပြီး လုပ်ကိုင်ခဲ့သည်။ ထိုအရာက အတော်လေး အောင်မြင်ကာ အထင်ကြီးဖို့ ကောင်းသော်လည်း ထိုအရာမှာ နှမြောစရာ ဖြုန်းတီးမှု တစ်ခုသာ ဖြစ်သည်။
လူတိုင်းက ထိုကဲ့သို့ ခံစားခဲ့ရသည်။
တစ်ခုတည်းသော မျှော်လင့်ချက်မှာ မုချောင်ယွင်သာ ဖြစ်သည်။
တိုက်ရိုက် ထုတ်လွှင့်သည့် အခန်းရှေ့တွင် သူက စားပွဲခုံပေါ်ရှိ ရွှီယန်ယု၏ သွယ်လျသော လက်ကို ကိုင်ထားကာ ညင်သာစွာ ညှစ်လိုက်ပြီး လေးနက်စွာ ပြောခဲ့သည်။
“မင်း ဘာတွေပဲ လုပ်လုပ် အဲ့ဒါက အကောင်းဆုံး အရာတွေပဲလို့ ထင်တဲ့အတွက် ငါမင်းကို ထောက်ပံ့ပေးမယ်။”
[ အာ၊ ငါ့ကို ခြွင်းချက်မရှိ ထောက်ပံ့ပေးမယ့် လက်တွဲဖော်မျိုး ရှိတာ အရမ်းကို ပျော်တာပဲ။]
[ သူဌေးမုက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ သူပဲ။ ဒါက သူ့ရဲ့ ယုံကြည်မှုပဲ။ သူက အချိန်မရွေး နေရာမရွေး အခြားသူတွေရဲ့ အသိအမှတ်ပြုတာကို ခံနေရတာ။ အဲ့ဒါက သူ့ကို လုံခြုံပြီး တာဝန်ယူတတ်တဲ့ စိတ်ကို ပေးထားတာပဲ။ ညီမရွှီက စိတ်ထဲမှုတော့ တော်တော်လေးကို သန်မာတယ်။ ဒါပေမယ့် ချစ်သူတွေကြားမှာ တာဝန်ယူရတာတွေကတော့ ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံးသော အရာပဲ။ သာမန်လူသာဆို မနာလိုဖြစ်ပြီး ငိုနေပြီ။]